ချူချင်း
Vol. 32 Ch. 440
ယောင်ယောင်မှာ ထန်ထန်အား ပွေ့ချီထားလျက် ခန်းမအလယ်တွင် တင့်တယ်လှပစွာ ရပ်နေလေ၏။
ယောင်ယောင်မှာ ဂူနန်းငယ်လေးအား တမ်းတလျက် ဇူယွမ် ပြန်ရောက်နေပြီလား ဟူ၍ တွေးတောနေမိသည်။
“အဟမ်း...”
ယဲ့ကယ်မှ ချောင်းဟန့်ကာ ယောင်ယောင်အား ကြည့်၍ စကားဆိုလိုက်၏။ “ ဒီတစ်ကြိမ်တော့ ဂျူနီယာညီမတော် ယောင်ယောင်ကို ကျေးဇူးတင်ရတော့မှာပဲ။ ညီမတော်ကြောင့်သာ မဟုတ်ရင် မြင့်မြတ်သော နန်းတော်နဲ့ ကောင်းကင်တစ္ဆေကလန်က ရွေးချယ်ခံတွေ လက်ထဲကနေ လွတ်မှာမဟုတ်ဘူး”
“ယဲ့ကယ် မင်းအရိုက်ခံရလွန်းလို့ ဦးနှောက်များ ချောင်သွားသလား” ယဲ့ကယ်၏ဘေးမှ အလွန်ချောမောခန့်ညား၍ မီးသီးတစ်လုံးအလား တောက်ပြောင်နေသော ကတုံးလူငယ်မှ ဝင်ရောက် ပြောဆိုလိုက်သည်။ “သူမသာ ရတနာတွေကို တိတ်တိတ်လေး သွားမခိုးခဲ့ရင် မြင့်မြတ်သော နန်းတော်နဲ့ ကောင်းကင် တစ္ဆေကလန်ကလည်း ပူးပေါင်းပြီး တိုက်ခိုက်မှမဟုတ်ဘူး”
“တကယ်ဆို ကောင်းကောင်း ဆွေးနွေးလို့ရရဲ့သားနဲ့ တိုက်ခိုက်လိုက်ရတာလေ။ အခုတော့ အားလုံး ပင်ပန်းနေပြီမလား”
လူငယ်လေးမှ ပြောင်လက်နေသော ဦးခေါင်းအားပွတ်ကာ ရေရွတ်လိုက်၏။ “စိတ်ပျက်ဖို့ကောင်းလိုက်တာ”
“သူတို့သာ ရတနာတွေကို ခွဲပေးချင်စိတ်ရှိရင် အစ်ကိုတော် ကလန်ကိုတောင် အကူအညီတောင်းနေရမှာ မဟုတ်ဘူး”
ယဲ့ကယ်မှ ခပ်ဖွဖွရယ်မောကာ ဆက်လက် ပြောဆိုလိုက်သည်။ “ဂျူနီယာညီမတော် ယောင်ယောင်က တိတ်တိတ်လေး ခိုးထွက်သွားတယ်ဆိုတာ မှော်စာလုံး အစီအရင်ကို ရေးဆွဲဖို့ပါ။ အခုလည်း ကျွန်တော်တို့အားလုံး အောင်မြင်လာတာပဲမလား”
ချူချင်းမှ ယဲ့ကယ်၏ ပခုံးအားပုတ်ကာ ပြောလိုက်၏။ “ဒါကို အောင်မြင်တယ်လို့ ခေါ်လို့ရရဲ့လား။ သူမက ငါတို့ကို အသုံးချတာသွားတာလေ”
“ဘယ်လိုပဲဖြစ်ဖြစ် အခု အဆင်ပြေနေတာပဲမလား” မည်သို့ပင်ဆိုကောမူ ယဲ့ကယ်မှာ ယောင်ယောင်အား အပြစ်မြင်သည့်ပုံ မရပေ။
ချူချင်းမှ သနားကရုဏာ သက်နေဟန်ဖြင့် စကားဆိုလိုက်သည်။ “ယဲ့ကယ် မင်းကတော့ ကယ်မရတော့ဘူးပဲ။ ဒီမိန်းမက နှလုံးသားမရှိတဲ့ စုန်းမပါလို့ ငါမပြောဘူးလား။ သူမဆီက အသိအမှတ်ပြုမှုကို မင်းဘယ်တော့မှ ရမှာမထင်နဲ့”
ယဲ့ကယ်နှင့် ချူချင်း၏ဘေးတွင် ရှိနေသော ယောင်ယောင်မှာ တိတ်ဆိတ် ငြိမ်သက်နေလျက်သာ ရှိ၏။ ယောင်ယောင်မှာ ယဲ့ကယ်တို့ နှစ်ဦးလုံးအား လျစ်လျူရှုထားဟန် ရှိလေသည်။ သွားရောက် လုပ်ဆောင်ခဲ့ရသော တာဝန်မှာ အမှန်တကယ်ပင် အန္တရာယ်များလှပြီး မြင့်မြတ်သော နန်းတော်နှင့် ကောင်းကင် တစ္ဆေကလန်တို့မှ ရွေးချယ်ခံများသာမက ရှန်ဇူတိုက်ကြီးမှ ရက်စက် ကြမ်းကြုတ်သော ကျင့်ကြံသူများနှင့်ပင် ရင်ဆိုင်ခဲ့ရ၏။
ထို့ကြောင့် ယောင်ယောင်မှာ ယဲ့ကယ်နှင့် ချူချင်အား အသုံးချ၍ မှော်စာလုံး အစီအရင်အား တိတ်တဆိတ် ရေးဆွဲခဲ့ရခြင်း ဖြစ်သည်။ အဆုံး၌ ယောင်ယောင်၏ အစီအရင်ကြောင့်သာ သုံးဦးလုံး လွတ်မြောက်နိုင်ခဲ့ခြင်းပင် ဖြစ်၏။
ယဲ့ကယ်နှင့် ချူချင်းမှာ ခက်ခဲစွာ ရင်ဆိုင် တိုက်ခိုက်ခဲ့ရသောကြောင့် ထိခိုက်ဒဏ်ရာများ အနည်းငယ် ရရှိခဲ့ရလေသည်။
မည်သို့ပင်ဆိုစေကာမူ ယောင်ယောင်မှာ တောင်းပန်လိုစိတ် မရှိပေ။ ယောင်ယောင်၏ အေးစက်စက် အပြုအမူတိုင်းသာဆိုလျှင် ချူချင်းနှင့် ယဲ့ကယ်အားစွန့်ခွာလျက် တစ်ဦးတည်း ထွက်ပြေး လွတ်မြောက်နိုင်သည်ပင် ဖြစ်၏။
ထို့အပြင် ယောင်ယောင်မှာ ချူချင်း၏ သန်မာလှသော စွမ်းအင်များအား အာရုံခံမိခဲ့သည်။ သို့သော် ချူချင်းမှာ ပျင်းရိလှပြီး စွမ်းအင်အပြည့်အဝ ထုတ်သုံးခြင်းမပြုခဲ့ပေ။ ထို့ကြောင့် ယောင်ယောင်မှာ ချူချင်းအား အသုံးချရခြင်းအတွက် အနည်းငယ်မျှပင် စိတ်မကောင်း မဖြစ်မိပါချေ။
သို့သော် ချူချင်းမှာ ယောင်ယောင်အား အကြင်နာတရား ကင်းမဲ့လှသည့်စုန်းမဟု သတ်မှတ်ထားခဲ့၏။
ချူချင်းမှာ ယောင်ယောင်အားကြည့်၍ တွေးတောလိုက်သည်။ “ငါကလန်ထဲမှာ နှစ်တစ်ဝက်လောက် မရှိတာနဲ့ ဒီစုန်းမက ဘယ်ကပေါ်လာရတာလဲ”
ယောင်ယောင်မှာ အံ့အားသင့်ဖွယ် ကောင်းလောက်သော စွမ်းအင်များ ပိုင်ဆိုင်ထားရုံမကဘဲ အံ့သြရလောက်လည်း အေးစက်စက်နိုင်လှ၏။
ယောင်ယောင်မှာ လီချင်းချန်ထက်ပင် အေးစက်စက် နိုင်လေသည်။
လီချင်းချန်မှာ အမြင်အရ အေးစက်ပါသော်လည်း အမှန်တကယ်မှာ နွေးထွေးတတ်သူ ဖြစ်၏။ ယောင်ယောင်မှာတော့ အရာအားလုံးကို အလေးမထားသည့် အလား အေးစက်လှသူ ဖြစ်သည်။
ယောင်ယောင်မှာ အလွန်လှပပါသော်လည်း အနည်းငယ်မျှပင် နွေးထွေးမှုမရှိသူ ဖြစ်၏။ ကောင်းကင်အဆင့် တာဝန်အား အချိန်နှစ်လခန့် အတူတကွ လုပ်ဆောင်ခဲ့ရ ပါသော်လည်း ချူချင်းမှာ ယောင်ယောင်၏ အပြုံးတစ်ပွင့်ကိုမျှ မမြင်တွေ့ခဲ့ရပေ။
“သူမက ဘယ်လိုပြုံးရမယ် ဆိုတာ မသိလို့များလား...” ချူချင်းမှ တွေးတောနေမိသည်။
သို့သော် ချူချင်းမှာ ယောင်ယောင်၏ တက်တက်ကြွကြွ ဖြစ်သွားသောဟန်ပန်ကို မြင်တွေ့လိုက်ရသောကြောင့် အတွေးစများ ပြတ်တောက်သွားရ၏။
ယောင်ယောင်မှာ တမ်းတနေသော တစ်စုံတစ်ခုကို တွေ့ရှိလိုက်ရသည့်အလား နှုတ်ခမ်းထောင့်လေးများ တွန့်ကွေး တက်သွားအောင်ပင် ပြုံးလိုက်သည်။
ယောင်ယောင်၏ အပြုံးကြောင့် ချူချင်းမှာ အသက်ရှူ မှားသွားသလားပင် ထင်မှတ်မိရ၏။
ချူချင်းမှ ယောင်ယောင် ကြည့်နေသည့်နေရာအား ကြည့်ရှုလိုက်သော အခါတွင် လူအုပ်ကြားမှ လက်ဝေ့ယမ်းကာ နှုတ်ဆက်နေသော လူငယ်လေးတစ်ဦးကို တွေ့ရှိလိုက်ရသည်။
ယောင်ယောင်၏ အပြုအမူများ ပြောင်းလဲသွားရခြင်းမှာ ထိုလူငယ်လေးကြောင့်ပင် ဖြစ်၏။
ထိုလူငယ်လေးမှာ ဇူယွမ်ပင် ဖြစ်သည်။
ယောင်ယောင်မှာ ယဲ့ကယ်နှင့် ချူချင်းအား လျစ်လျူရှုလျက် ထန်ထန်အားပွေ့ချီ၍ ဇူယွမ်ထံသို့ လျှောက်လှမ်းလာ၏။
ယောင်ယောင် ပွေ့ချီထားသော ထူးခြားသည့် အကောင်ငယ်လေးမှာ ရင်းနှီးနေသည့်အလား ဇူယွမ်၏ ပခုံးပေါ်သို့ ခုန်တက်သွားသည်ကို ချူချင်းမှ တွေ့ရှိလိုက်ရလေသည်။
“အဲဒီကောင်လေးက ဘယ်သူလဲ။ သူက အဲဒီစုန်းမကို ပြုံးအောင် လုပ်နိုင်တယ်ပေါ့လေ” ချူချင်းမှ အံ့အားသင့်စွာ မေးမြန်းလိုက်၏။
ယဲ့ကယ်မှ ဖြည်းညင်းစွာ ပြောလိုက်သည်။ “အဲဒီကောင်လေးနာမည်က ဇူယွမ်တဲ့။ ကလန်ကိုရောက်လာတာ တစ်နှစ်တောင် မပြည့်သေးဘူး။ ဒါပေမဲ့ ခရမ်းရောင်ခါးစည်း တပည့်တောင်ဖြစ်နေပြီနော်။ အစ်ကိုတော်ထက်တောင် မြန်သေးတယ်”
ချူချင်းမှ ဦးခေါင်းအား ပွတ်ကာ ရေရွတ်လိုက်၏။ “အံ့သြစရာပဲ”
ယဲ့ကယ်မှ ခေါင်းညိတ်ပြကာ ဆက်၍ပြောလေသည်။ “အဲဒီကောင်လေးက အရည်အချင်းရှိတာတော့ အမှန်ပဲ။ နောင်တစ်ချိန်ကျရင် အစ်ကိုတော် ချူချင်းကိုတောင် ကျော်တက်သွားမလား မသိဘူး”
ချူချင်းမှ ပြုံးကာပြောလိုက်၏။ “ငါပြောတာက ဒီစုန်းမကို ရယ်အောင်လုပ်နိုင်လို့ အံ့သြစရာ ကောင်းတယ်လို့ ပြောတာ”
ချူချင်း၏အမြင်တွင်မူ ယောင်ယောင်မှာ မကောင်းဆိုးဝါး စုန်းမတစ်ဦးဖြစ်ကာ မည်သူကမှ သူမကို ပြုံးရွှင်အောင် မလုပ်နိုင်ဟု ထင်မှတ်ခဲ့သည်။ သို့သော် ဇူယွမ်ဟုခေါ်ဆိုသော လူငယ်လေးမှာ ယောင်ယောင်အတွက် အရေးပါပုံရ၏။
ယဲ့ကယ်မှ စိတ်အလိုမကျဟန်ဖြင့် ချူချင်းအား မေးလိုက်သည်။ “အစ်ကိုတော်က ကလန်ရဲ့နံပါတ်တစ် ရွေးချယ်ခံပဲမလား။ ဘာလို့ သူမကို စုန်းမစုန်းမနဲ့ လုံးဝခါးခါးသီးသီး ဖြစ်နေရတာလဲ”
ချူချင်းမှ မေးဖျားကိုပွတ်ကာ ပြန်လည် ဖြေကြားလိုက်၏။ “ဒီကိုစရောက်ထဲက သူမကငါ့ကို ငါးစာအနေနဲ့ အသုံးချတဲ့ ပထမဆုံးသူပဲ။ မဖြစ်မနေ တိုက်ခိုက်ဖို့ တွန်းအားပေး ခံရတာကို ငါမုန်းတယ်”
ယဲ့ကယ်မှာ ကူကယ်ရာမဲ့စွာဖြင့် ရယ်မောလိုက်သည်။ ချူချင်းမှာ အတော်ပင် အညှိုးကြီးပုံရ၏။
ဇူယွမ်မှာ ချူချင်းအား ကြည့်နေရင်းဖြင့် ယဲ့ကယ်နှင့် အကြည့်ချင်း ဆုံသွားသောကြောင့် ပြုံးကာ ခေါင်းညိတ် ပြလိုက်သည်။
သို့သော် ချူချင်းကပါ ပြုံးပြလာခဲ့သဖြင့် ဇူယွမ်မှာ အနည်းငယ် အံ့အားသင့်သွားရ၏။ ချူချင်း၏ပုံစံမှာ သက်သောင့်သက်သာ ရှိလှပြီး ခုန်းရှန်နှင့် အခြားသော ရွေးချယ်ခံများကဲ့သို့ မောက်မာတက်မည့်ဟန် မရှိနေပေ။
ဇူယွမ်မှ ချူချင်းအား သွားရောက်နှုတ်ဆက်ရန် တွေးတောလိုက်စဥ်မှာပင် ယောင်ယောင်မှာ တစ်ဖက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။
“ငါတို့ဂူနန်းကို ပြန်ရအောင်”
ဇူယွမ်မှာ ထန်ထန်အားပွေ့ချီ၍ ယောင်ယောင်နောက်သို့ လျင်မြန်စွာ လိုက်ပါသွားရ၏။
ချူချင်းမှာ ထွက်ခွာသွားသော ယောင်ယောင်နှင့် ဇူယွမ်တို့အား ငေးမော ကြည့်ရှုနေရင်းဖြင့် ယဲ့ကယ်အား စကားဆိုလိုက်သည်။ “မင်းကတော့ အခွင့်အရေး မရှိတော့ဘူးနဲ့ တူပါတယ်”
“မင်းသူ့ကို စိတ်ထဲ ထားမနေနဲ့ပါတော့လား။ ငါဆိုရင် ဘယ်မိန်းကလေးကိုမှ စိတ်မဝင်စားဘူး။ စိတ်ကအမြဲကို တည်ငြိမ်နေတာ”
ယဲ့ကယ်မှာ ချူချင်းအားကြည့်ကာ တည်ငြိမ်စွာပင် ပြန်၍ပြောလိုက်၏။ “အခုလို တည်ငြိမ်နေရတဲ့ အကြောင်းအရင်းကို ကျွန်တော်မသိတာ ကျနေတာပဲ”
ချူချင်းမှာ ဦးခေါင်းအားပွတ်၍ ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
ယဲ့ကယ်မှာ ယောင်ယောင်၏ပုံရိပ် ပျောက်ကွယ်သွားသည် အထိ ငေးမော ကြည့်ရှုနေခဲ့ပြီးနောက် စိတ်ပျက်အားငယ်နေဟန်ဖြင့် ပြောလိုက်၏။ “ကျွန်တော်လည်း သူတော်စင်မှော်စာလုံး တောင်ထွတ်ကိုပြန်ပြီး အနားယူလိုက်ဦးမယ်။ အစ်ကိုတော်လည်း ကန်ရွှမ်းတောင်ထွတ်ကို ပြန်လိုက်ဦး။ အစ်ကိုတော်က အချိန်အကြာကြီး ပျောက်နေတာဆိုတော့ ကလန်ခေါင်းဆောင်က အပြစ်ပေးမှာ သေချာတယ်”
ထို့နောက် ယဲ့ကယ်မှာ ခန်းမထဲမှ ထွက်ခွာသွားတော့သည်။
ချူချင်းမှာ ယဲ့ကယ်အား ကြည့်ရှုနေရင်းဖြင့် သက်ပြင်းချကာ ရေရွတ်လိုက်၏။
“ပြောလို့လည်း မရပါလား”