← Chapters

ဆိုင်ပိတ်ခြင်း

Vol. 26 Ch. 354

ဆိုင်ပိတ်ခြင်း

Vol. 26 Ch. 354

အခန်း (၃၅၄) - ဆိုင်ပိတ်ခြင်း

ညနက် အိပ်မက်ထဲတွင် ကျိုးချင်းပိုင်က သူ၏အဖိုးတန်မိန်းကလေးငယ်လေးကို ပွေ့ဖက်ထားသကဲ့သို့ တိမ်လွှာဘုံကိုးဘုံထက်တွင် ရှိနေလေသည်။

သို့သော် သူ စိတ်ပျက်ဖို့က ဖြစ်လာခဲ့သည်။

အိပ်ပျော်နေသော လင်းချင်းဟယ်က ညလယ်တွင် ရုတ်တရက် နိုးလာခဲ့၏။

ဒီရင်းနှီးတဲ့ခံစားချက်က..။

သို့သော် သူမက အိပ်ရာကနေ ထွက်သွားဖို့ မလိုချေ။ သူမက ပြင်ဆင်ပြီးသားဖြစ်၏။

ကျိုးချင်းပိုင်က သူမ၏လှုပ်ရှားမှုကြောင့် နိုးလာသည်။ သူက မြန်မြန် ပြော၏။ “ဘာဖြစ်တာလဲ။ ဘယ်နေရာက အဆင်မပြေသလို ခံစားရတာလဲ။”

လင်းချင်းဟယ်က သည်လူကို ဘယ်လောက်တောင် ထိတ်လန့်သွားစေသည်ကို နားလည်သွား၏။ သည်နှစ်ရက်အတွင်း သူက ဘယ်လောက်ပျော်နေတာလဲဆိုတာကို တွေးမိတော့ လင်းချင်းဟယ်က သူမနှုတ်ခမ်းကို တင်းတင်းစေ့မိသွားသည်။ သူမက ထုတ်မပြောရဲတော့ဘဲ သူ့ကို ကောင်းကောင်းအိပ်စေဖို့ ဆုံးဖြတ်လိုက်သည်။

“ဘာမှမဟုတ်ဘူး။ ကျွန်မ ရေဆာလို့ပါ။” ဟု လင်းချင်းဟယ်က တုံ့ပြန်လိုက်သည်။

ကျိုးချင်းပိုင်က ထထွက်သွားပြီး ရေနွေးတစ်ခွက် ယူလာသည်။ လင်းချင်းဟယ်က သောက်လိုက်ပြီးနောက် လဲချကာ ဆက်အိပ်လိုက်တော့သည်။

ကျိုးချင်းပိုင်က ထိတ်လန့်သွားသည်။ သူမမျက်နှာပေါ်မှာ အပြုံးနှင့်အတူ အိပ်နေတာကို မြင်တော့ သူက ဘာမှမမှားမှန်း သေချာသွားကာ စောင်ကို ဆွဲလျက် အိပ်လိုက်တော့သည်။

နောက်နေ့နံနက်စောစောတွင် ကျိုးချင်းပိုင်က ဖက်ထုပ်ဆိုင်သို့ သွားလိုက်ပြီဖြစ်သည်။ ကျိုးကွေ့လိုင်က အရသာရှိသော မနက်စာကို ယူလာပေး၏။

“အမေ ဘယ်နေရာမှာ အဆင်မပြေဖြစ်တာလဲ။” ကျိုးကွေ့လိုင်က မေးသည်။

လင်းချင်းဟယ်၏ ခံစားချက်က တင်းကျပ်သွားသည်။

သူမ၏ဤတစ်ကြိမ် ဓမ္မတာက လူများကို ဒုက္ခများစေသည်။

သို့သော် ကံကောင်းစွာဖြင့် သူတို့သားများက မသိကြချေ။ တစ်ဖက်တွင် သည်လွဲချော်မှုက သူတို့မျက်နှာကို ဆုံးရှုံးစေလိမ့်မည်။ (အရှက်ရစေမယ်လို့ ပြောချင်တာပါ)

“ဘယ်မှာမှ မဟုတ်ဘူး။” လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။ “မင်း စားပြီးပြီလား။”

“ကျွန်တော်စားပြီးပြီ။” ဟု ကျိုးကွေ့လိုင်က ခေါင်းညိတ်လိုက်သည်။ သူက သူ့အမေ၏အသားအရေ အဆင်ပြေနေတာကို တွေ့ပြီး စိတ်သက်သာရာရသွားသည်။ ထို့နောက် သူက စိတ်ရှုပ်သွား၏။ သူ့အဖေက သူ့အမေကို ဘာလို့ ဒီနှစ်ရက်အတွင်း ကြွေထည်လေးလို ဆက်ဆံနေရတာလဲ။

လင်းချင်းဟယ်က စားနေရင်းက မေးလိုက်သည်။ “ဒီနေ့ မင်းအဖေရဲ့ စိတ်အခြေအနေ ဘယ်လိုလဲ။”

“အဖေက ဒီနေ့ စိတ်ကောင်းဝင်နေတယ်။ ရတနာတချို့ ကောက်ရထားသလိုပဲ။” ကျိုးကွေ့လိုင်က ပြန်ဖြေပြီးနောက် သူ့အမေကို ကြည့်လိုက်သည်။ “အမေ ကျွန်တော့်ကို အမှန်အတိုင်း ပြောပါ။ ကျွန်တော့်အမြင်အရ အဖေက အရင်ရက်တွေမှာ စိတ်အခြေအနေ မြင့်တက်နေတာ။ သူက ပျံတက်တော့မလိုပဲ။ အရင်က သူ ဒီလို ပျော်တာကို တစ်ခါမှ မတွေ့ဖူးဘူး။”

လင်းချင်းဟယ်က သက်ပြင်းချလိုက်မိသည်။

သူမ ဘာပြောနိုင်မှာလဲ။

စားပြီးနောက် သူမက တတိယသားကို ပန်းကန်ဆေးဖို့ ပေးလိုက်ပြီး ဖက်ထုပ်ဆိုင်ကို သွားလိုက်သည်။ သူမက အတန်းတက်ဖို့ သွားလိုက်သည်။

လမ်းတစ်လျှောက်လုံး သူမချင်းပိုင်ကို ပျော်အောင် ဘာလုပ်နိုင်မလဲဆိုတာကို တွေးတောလာသည်။

လွန်ခဲ့သော ၂ရက်က သူမသည် ကိုယ်ဝန်ရှိနေပြီဟု တွေးမိခဲ့သည်။ သူမ၏အပြုအမူက အပိုမဟုတ်ခဲ့ချေ။ သူမက တစ်ကြိမ် ထိုသို့ဆိုလျှင် နောက်တစ်ခါလည်း သူမက ထိုသို့သာ ဖြစ်မည်။ သူမက သူ့ကို သဘောထားပြသခဲ့ခြင်း ဖြစ်၏။

သို့သော် သူက မည်သည့်ညည်းညူခြင်းကိုမှ ထုတ်မပြခဲ့ချေ။

သူက ညည်းညူခြင်း မရှိရုံသာမက သူမကို ဘိုးဘေးကဲ့သို့ ဆက်ဆံခဲ့သေးသည်။

ဤအချိန်တွင် သူမက စိတ်ထဲ မသိုးမသန့် ခံစားမိရလေသည်။ အထူးတလည် မသိုးမသန့် ဖြစ်ရပေ၏။

သို့သော် သူမက နားမလည်နိုင်ချေ။ ဘာဖြစ်သွားတာလဲ။ အရင်က အကောင်းကြီးနှင့် ဒီတစ်ကြိမ်တွင် လေးရက်တောင် နောက်ကျသွားသည်။ အဓိကအချက်မှာ မတိုင်မီက သူသည် အလွန်လုံ့လထားခဲ့ပြီး သူမသည်လည်း လက္ခဏာများ ရှိခဲ့သည်။ သူမက သဘာဝအတိုင်း ထိုသို့ တွေးမိတာ ဖြစ်၏။

တကယ်တမ်းတွင် သူမက သားသုံးယောက် ရှိသော်ငြား အမှန်တကယ် ကိုယ်ဝန်မရှိဖူးချေ။ ထို့ကြောင့် သူမက ဘာအတွေ့အကြုံ ရှိနိုင်မှာလဲ။

၎င်းသည် မိုးရွာချိန်၌ လေတိုက်သကဲ့သို့ဟု ပြောရမည်ကဲ့သို့ အနည်းငယ် တူညီသည်။ (ထန်းသီးကြွေခိုက် ကျီးနင်းခိုက် လိုမျိုး ပြောရမှာပါ။ တိုက်ဆိုင်သွားတာကို ပြောချင်တာပါ)

မနက်ခင်း အတန်းပြီးချိန်တွင် သူမက ချင်းပိုင်ကို မျက်နှာချင်းဆိုင်ရန် မဝံ့ရဲတော့ပေ။ သူမက တိုက်ခန်းသို့ တန်းပြန်သွားတော့သည်။ ကျိုးချင်းပိုင်က ဆိုင်ကို ဒုတိယသားထံ အပ်ခဲ့ပြီး သူက နံရိုးနှင့် ကြာစွယ်ယာဂုနှင့်အတူ ပြန်လာ၏။

လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ထိုသို့ မြင်တွေ့ရသောအခါ ပို၍ အပြစ်ရှိသလို ခံစားလိုက်ရသည်။ ကျိုးချင်းပိုင်က ပြော၏။ “ဘာမှားလို့လဲ။ မြန်မြန်စား.. ခဏကြာရင် အေးသွားလိမ့်မယ်”

“ချင်းပိုင်” လင်းချင်းဟယ်က သူ့ကို စိုက်ကြည့်လိုက်သည်။

ကျိုးချင်းပိုင်က သူမကို ပြန်ကြည့်လိုက်ပြီး အသံထွက်ထူး၏။ “ဟမ်.. ဘာလဲ။”

လင်းချင်းဟယ်က စားဖို့ ခေါင်းမငုံ့ခင်အထိ သူ့ကို စိုက်ကြည့်နေမိသည်။ စားပြီးနောက် ကျိုးချင်းပိုင်က ပန်းကန်ဆေးပြီး ပြောသည်။ “မင်းမှာ နေ့လည်ခင်း အတန်း ရှိသေးတာလား။”

“အတန်းနှစ်ချိန် ရှိတယ်။” ဟု လင်းချင်းဟယ်က ပြော၏။

“ဒီတော့ ကိုယ်မင်းကို လာကြိုပေးရမလား။”

“မလိုဘူး၊ အတန်းပြီးရင် ဒီကိုတန်းပြန်လာမယ်။” လင်းချင်းဟယ်က ခေါင်းခါလိုက်သည်။

ကျိုးချင်းပိုင်က ပြန်ပြော၏။ “ဒီတော့ မင်းအရင် သွားနားလိုက်လေ။”

လင်းချင်းဟယ်က သူမထိုနေရာသို့ ရောက်သောအခါ အနည်းငယ် ပင်ပန်းနေလေသည်။ သူမက အမှန်ပင် ပင်ပန်းလွယ်နေ၏။ ထို့ကြောင့် သူမက တစ်ရေးတစ်မော အိပ်လိုက်သည်။

သို့သော် ထိုကိစ္စကဲ့သို့သော အရာက ဖုံးကွယ်ဖို့ နည်းလမ်းမရှိချေ။

လင်းချင်းဟယ်ကလည်း ဖုံးကွယ်ဖို့ မရည်ရွယ်ထားချေ။ ထို့ကြောင့် ညနေခင်းတွင် ညစာစားပြီးနောက် လင်မယားနှစ်ယောက်က အခန်းထဲသို့ ဝင်လာချိန်တွင် လင်းချင်းဟယ်က တံခါးပိတ်၍ ဝန်ခံလိုက်တော့သည်။

“ချင်းပိုင်... အဲဒါ... အဲဒါက ရောက်လာပြီ။” လင်းချင်းဟယ်က ပြောနေချိန်တွင် အပြစ်လုပ်ထားသော မူလတန်းကလေးငယ်ကဲ့သို့ ခေါင်းကို ငုံ့ထားလေသည်။ သူမချင်းပိုင်ကို လုံးဝ မကြည့်ရဲချေ။

ကျိုးချင်းပိုင်က တုံ့ဆိုင်းသွား၏။ “ဘာလာတာလဲ။”

“အဲဒါ...” လင်းချင်းဟယ်က သူမနှုတ်ခမ်းကို စုဝိုင်းလိုက်သည်။ သူ့ကို ကြည့်လိုက်ပြီး ပြောလိုက်၏။ “ကျွန်မမှာ ကိုယ်ဝန်မရှိဘူး။ မနေ့ညတုန်းက အဲဒါက လာခဲ့တယ်။”

ကျိုးချင်းပိုင်က လုံးဝ မှင်တက်သွားသည်။ လင်းချင်းဟယ်က အလျင်အမြန် ရှင်းပြလိုက်၏။ “ချင်းပိုင် ကျွန်မက တမင်သက်သက် လုပ်ခဲ့တာ မဟုတ်ဘူး။ ကျွန်မမှာ အတွေ့အကြုံ မရှိတာကို ရှင်သိတာပဲ။ ပြီးတော့ အရင်လက္ခဏာတွေကိုလည်း ကျွန်မ နားလည်မှုလွဲသွားတာ။ စိတ်မဆိုးပါနဲ့” အဆုံးတွင် သူမသည် သူမ၏အသံတိုးတိုးကိုသာ ကြားနိုင်ပေသည်။

သူမက အတော်လေး အပြစ်ရှိသလို ခံစားရလေသည်။ လင်းချင်းဟယ်က သူမဘဝတွင် ထိုမျှလောက် အပြစ်ရှိစိတ်ကို ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးပေ။

ကျိုးချင်းပိုင်က သူ့ဇနီးထိုသို့ ဖြစ်နေသည်ကို ကြည့်ပြီးနောက် ပြန်ပြောသည်။ “ကိုယ်ဝန်မရှိဘူး။ ဒီတော့ ကိုယ်ဝန်မရှိဘူးပေါ့”

လင်းချင်းဟယ်က သူ့ကို စိုက်ကြည့်လိုက်သည်။ သူမက သူ့အတွက် ပျားရည်တစ်ခွက် မြန်မြန် သွားဖျော်ပေးလိုက်သည်။ ကျိုးချင်းပိုင်က သူ့ဇနီးကို စိုက်ကြည့်နေ၏။ သူက ၎င်းကို ယူသောက်လိုက်သည်။

“ဇနီးလေး ကိုယ် ဝမ်းမနည်းပါဘူး။” ကျိုးချင်းပိုင်က တည်တည်ငြိမ်ငြိမ် ပြောသည်။

သူက တစ်ညလုံး အိပ်မပျော်ပေ။ နောက်ရက်တွင် သူက သူ့အလုပ်ကို မစတင်နိုင်ချေ။ သူက စာရွက်ပိုင်းပေါ်တွင် ချရေးပြီးနောက် တံခါးတွင် ကပ်ထားလိုက်သည်။ “ယနေ့ဆိုင်ပိတ်သည်။”

“ငါတို့အဖေက အနားယူချင်တာလား။” ကျိုးရွှမ်နှင့် ကျိုးကွေ့လိုင်နှစ်ယောက်လုံး အံ့ဩသွားကြသည်။

သူတို့သာမက ဟူကျစ်နှင့် ကျိုးအာ့နီလည်း ထိုနည်းလည်းကောင်းပင်။

“မင်းတို့အလုပ်ကို မင်းတို့သွားလုပ်” လင်းချင်းဟယ်က သူမလက်ကို ဝေ့ယမ်းလိုက်သည်။

သည်နားလည်မှုလွဲမှားခြင်းက သူမချင်းပိုင်ကို အတော်လေး ထိခိုက်သွားကြောင်း သိနားလည်ပေသည်။ သူက တောင့်တနေခဲ့တာ ဖြစ်သည်။ သူ မရနိုင်သောကြောင့် မလိုချင်ခဲ့တာပဲ ဖြစ်သည်။

နောက်ဆုံးတွင် မျှော်လင့်ချက် ရှိလာသော်လည်း ယင်းက မမျှော်လင့်ထားဘဲ ခြင်းအလွတ် ဖြစ်သွားခဲ့၏။ သူ မည်သို့ စိတ်မပျက်ဘဲ နေမည်နည်း။

ကျိုးချင်းပိုင်၏ တစ်ရက်တာ ဆိုင်ပိတ်လိုက်ခြင်း သတင်းကို အဖေကျိုးနှင့် အမေကျိုးထံသို့ ရှုရှန့်မိန်က သတင်းပို့ပေးခဲ့သည်။

“မင်းဦးလေးက ဒီနေ့တစ်ရက်လုံး ဆိုင်မဖွင့်တာလား။” ဟု အမေကျိုးက အံ့ဩစွာမေးသည်။

“အင်း၊ ဘာဖြစ်တာလဲဆိုတာ ကျွန်မ မသိဘူး။ ကျွန်မဦးလေးက အရင်နှစ်ရက်တုန်းက ပျော်နေတာပါ။ သူ ပြုံးနေတာကို ကျွန်မ မြင်နိုင်တယ်။ ဒီနေ့တော့ ဘာဖြစ်လဲဆိုတာ ကျွန်မမသိဘူး။ သူက တစ်နေကုန် တိုက်ခန်းမှာပဲ နေခဲ့တယ်။” ဟု ရှုရှန့်မိန်က ပြန်ဖြေသည်။

“သူက မင်းဒေါ်လေးနဲ့များ စကားများထားတာလား။” ဟု အမေကျိုးက အံ့ဩနေသည်။

“ဘာကို စကားများတာလဲ။ မင်း ဝင်မပါစမ်းပါနဲ့။” ဟု အဖေကျိုးက သူမကို အသံပြတ်ပြောလိုက်သည်။

“ကျွန်မ မပါပါဘူး။ ဒါပေမဲ့ ဆိုင်တောင်မှ မဖွင့်ဘူးလေ။ ဘယ်လို ဖြစ်ရတာလဲ။” ဟု အမေကျိုးက ပြော၏။

စုတာ့လင်းနှင့် ကျိုးရှောင်မိန်တို့ အပြင်ကနေ ပြန်လာသည်။ အချိန်က ၆နာရီသာ ရှိသေး၏။ သူတို့က ယနေ့စောစောပိတ်ခဲ့သည်။

“ရှုန့်မိန်၊ မင်း ဒီနေ့ စောစော နားတာလား။” ဟု ကျိုးရှောင်မိန်က မေးသည်။

“အာ... ဒီနေ့က နှင်းကျတာ သည်းတယ်။ ဒါကြောင့် စတိုးဆိုင်ကို စောစောပိတ်လိုက်တာ” ရှုရှန့်မိန်က ခေါင်းညိတ်လိုက်သည်။

“ရှောင်မိန် မင်းစတုတ္ထယောင်းမကို တွေ့သေးလား။” အမေကျိုးက ခပ်မြန်မြန်မေးလာသည်။

“မတွေ့ဘူး၊ စတုတ္ထယောင်းမက ဘာဖြစ်လို့လဲ။” ကျိုးရှောင်မိန်က လည်စီးကို ချွတ်လိုက်ရင်း မေးသည်။

“မင်းစတုတ္ထယောင်းမနဲ့ စတုတ္ထအစ်ကိုက ရန်ဖြစ်ထားပုံရတယ်။ ဒီနေ့ မင်းစတုတ္ထအစ်ကိုက တစ်နေကုန် ဆိုင်မဖွင့်ဘူး။” အမေကျိုးက ပြောသည်။

ကျိုးရှောင်မိန်က အံ့ဩသွားပြီး ရှုရှန့်မိန်ကို လှည့်ကြည့်လိုက်သည်။ “မင်းဦးလေးက ဒီနေ့ တစ်နေကုန် ဆိုင်မဖွင့်ဘူးလား။”

“အင်း” ရှုရှန့်မိန်က ခေါင်းညိတ်ပြသည်။

“အခုက စောသေးတယ်။ တစ်ချက် သွားကြည့်လိုက်။” အမေကျိုးက ပြောသည်။

“ကောင်းပြီ။ ဒါပေမဲ့ အမေစိတ်မပူနဲ့။ ငါ့အစ်ကိုနဲ့ ငါ့ယောင်းမက ရန်ဖြစ်မှာ မဟုတ်ဘာဖြစ်ြဘူး။” ကျိုးရှောင်မိန်က သူ့လည်စီးကို ပြန်ဝတ်လိုက်ပြီး ပြန်ပြော၏။

စုတာ့လင်းက နောက်မှလိုက်လာသည်။ လင်မယားနှစ်ယောက်က တိုက်ခန်းသို့ ရောက်သွား၏။

All Chapters