← Chapters

ဇိမ်ခံပစ္စည်း

Vol. 26 Ch. 357

ဇိမ်ခံပစ္စည်း

Vol. 26 Ch. 357

အခန်း (၃၅၇) - ဇိမ်ခံပစ္စည်း

အမေကျိုးက ည အိပ်ရာဝင်ချိန်တွင် သူမက အဖေကျိုးနှင့် စကားစမြည်ပြော၏။

“ဘေးအိမ်က အဘွားကြီးကျူးရဲ့ချွေးမက အတော်လေး ကြမ်းတမ်းတယ်။ အဘွားကြီးကျူးနဲ့ သူ့ယောက်ျားက ဒီအသက်အရွယ်ပဲရောက်နေပြီကို သူက သူတို့ကို ဂရုမစိုက်ဘူး” အမေကျိုးက ပြောသည်။ “ဟူမိသားစုကလည်း အတူတူပဲ။ သူတို့က ညီအစ်မလေးယောက်ကို မွေးပေးခဲ့တယ်။ သူတို့မှာ သားတစ်ယောက်တည်း ရှိပြီးတော့ သူက ဇနီးတစ်ယောက်ကို လက်ထပ်လိုက်ပြီး အဘိုးကြီးဟူတို့လင်မယားကို ပြန်မကြည့်ကြဘူး။”

အဘိုးကြီးကျိုးက သူ့ဇနီး ဘာဆိုလိုသည်ကို မသိသောကြောင့် သူက သူမကို ကျေနပ်စေလိုက်သည်။

“လူတိုင်းက မင်းလို ဘဝမရနိုင်ဘူးလေ။”

အမေကျိုးက ပြုံးသွား၏။ “ရှင်က ဘာလို့ ဒီလိုမျိုး ပြောရတာလဲ” သူမ၏လက်တွဲဖော်က သူမကို ချီးမွမ်းခြင်းအား စောင့်ဆိုင်းနေသည်မှာ သိသာသည်။

အဖေကျိုးက သူ့ဇနီးကို ကောင်းကောင်းနားလည်သဖြင့် သူက ပြောလိုက်သည်။ “ငါတို့ တစ်ဘဝလုံး အလုပ်ကြိုးစားခဲ့ရတယ်။ အရင်က ဘယ်လောက်ခက်ခဲကျော်ဖြတ်ခဲ့ပြီးတော့ ငါတို့ အခုထိ ရောက်လာတယ်။ အခုကစပြီးတော့ ဒီမှာပဲ ဘဝကောင်းကောင်းမှာ နေကြစို့။ ငါတို့ဇာတိမြို့မှာသာ ဆိုရင် ငါတို့လောက် ဘယ်လူအိုကြီးတွေကမှ ပိုကောင်းတဲ့ဘဝမရနိုင်ဘူး။”

“ဒီလိုပြောတော့ ငါ ရှန့်မိန်နဲ့ ဟူကျစ်တို့နဲ့အတူ ပြန်သွားချင်တယ်။” ဟု အမေကျိုးက ပျော်ပျော်ရွှင်ရွှင် ထုတ်ပြောလာသည်။

ဘာလို့ ပြန်မသွားရမှာလဲ။

ထုံးစအတိုင်း အတွင်းအပြင် ခေါင်းအစခြေအဆုံး အသစ်များ ဝတ်ထားဖို့ဖြစ်သည်။ သူမသာ ထိုသို့ သွားပါက ဘယ်လောက်တောင် မျက်နှာရလိုက်မလဲ။ ကျေးလက်က အငယ်များနှင့် အဘွားအိုတွေက သေလောက်အောင် အားကျမနာလိုကြလိမ့်မည်။

“မင်း ဘာလို့ ပြန်သွားမှာလဲ။ ဟူကျစ်နဲ့ ရှန့်မိန်က မနက်ဖြန် ရထားစီးသွားတော့မှာ။” အဖေကျိုးက ပြန်ပြော၏။

“ခရီးက သိပ်ဝေးလွန်းတယ်။” အမေကျိုးက ခေါင်းယမ်းလိုက်သည်။

မြို့တော်သို့ အလာလမ်းတွင် သူမက အတော်လေး ခံစားခဲ့ရသည်။ ယင်းက သူမအပေါ် ပင်ပန်းခြင်းကြီးစွာ ဖြစ်စေခဲ့သည်။ သူမက မရပ်တည်နိုင်ခဲ့ချေ။

ထို့ကြောင့် သူမ ပြန်သွားချင်သောလည်း လမ်းတစ်လျှောက်ကို တွေးမိသောအခါ ထိတ်လန့်သွား၏။

“မင်း မပြန်သွားလည်း အဆင်ပြေပါတယ်။ လောင်အာ့က နှစ်သစ်ကူးကျရင် အတူတူ ဓာတ်ပုံသွားရိုက်ကြမယ်လို့ ပြောတယ်။ အဲဒီအချိန်ကျရင် ဓာတ်ပုံတွေ များများရိုက်တာပေါ့။” အဖေကျိုးက ပြော၏။

“ကောင်းပြီ” အမေကျိုးက စိတ်ကြည်သွားပြီးနောက် ပြောလိုက်သည်။ “လောင်တာ့ရဲ့အမေက အဲဒီမှာ အလုပ်ကြိုးစားတယ်။ အေးတဲ့ရက်မှာ သူမက အတန်းသွားတက်သေးတယ်။”

“ချင်းပိုင်က ပိုဂရုစိုက်လိမ့်မယ်။ ငါတို့က ပြဿနာမလုပ်သရွေ့ လုံလောက်နေပြီးသား။ အိပ်ကြစို့။” အဖေကျိုးက ပြော၏။

အမေကျိုးက ဘာမှမပြောဘဲ ခေါင်းညိတ်ကာ အိပ်ရာဝင်တော့သည်။

ထိုအချိန်တွင် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်က မအိပ်ရသေးပေ။ ဟူကျစ်နှင့် ရှန့်မိန်က ပြန်တော့မည်။ သူမက သူတို့အတွက် တချို့အရာများ ပြင်ဆင်ပေးခဲ့သည်။

ယင်းက ထုံးစံအတိုင်း ဖြစ်၏။ မိသားစုတစ်ခုအတွက် ဘဲကင်တစ်ကောင်ဖြစ်သည်။ ချိုချဉ်နှစ်ထုတ်လည်း ပါသည်။

ပထမအစ်မ၊ ဒုတိယအစ်မနှင့် ကျိုးမိသားစုမှ ညီအစ်ကိုသုံးယောက်နှင့် သူမဘက်မှ တတိယမောင်လေးလင်းအတွက် ဝေစုတစ်ခုစီ ဖြစ်သည်။ သူတို့ ကျိုးရန်ကို ပေးဖို့လည်း ရနိုင်သည်။ ယင်းက အဓိကပြဿနာ မဟုတ်ပေ။

အဝတ်အထည်များက ခန္ဓာကိုယ်ပေါ်တွင် တိုက်ရိုက်ဝတ်သွားလို့ ရပြီး နေရာမယူပေ။ အတော်လေး လေးသော်လည်း မအေးတော့ပေ။

နှစ်ယောက်က အိတ်များစွာကို သယ်ထားပြီး ပစ္စည်းများနှင့် ပြန်သွားရလိမ့်မည်။

အရာအားလုံး ထုပ်ပိုးပြီးသွား၏။ အားလပ်ရက်ရနေသော ကျိုးရွှမ်ကို နောက်နေ့တွင် သူတို့ကို လိုက်ပို့ဖို့ မှာကြားထားလိုက်သည်။

လင်းချင်းဟယ်က မထလာပေ။ သူမကလည်း ဆောင်းရာသီအားလပ်ရက် ရ၏။ အိပ်ဖို့က အတော်လေးရှားပါးသော အခွင့်အရေးဖြစ်၍ ဘာလို့ မအိပ်ရမည်နည်း။

နှစ်ယောက်သား ပြန်သွားသောနေ့တွင် လင်းချင်းဟယ်က နှစ်သစ်ကူးစားစရာများ စတင်စုဆောင်းတော့သည်။

ဒုတိယသားနှင့် တတိယသားကို သူမနှင့် အတူတူ ခေါ်ပြီးနောက် အမေနှင့်သားများက အတူတူ ဈေးဝယ်သွားကြတော့သည်။

“ဒီနှစ် မင်းတို့အစ်ကိုကြီး ပြန်လာမလားလို့ တွေးမိတယ်။” လင်းချင်းဟယ်က ရွှေရောင်ငါးမုတ်ခြောက်များ ဝယ်ပြီး မပြောဘဲ မနေနိုင်တော့ချေ။ “ဒီရွှေရောင်ငါးမုတ်တွေက မင်းတို့အစ်ကိုကြီး အကြိုက်ဆုံးပဲ။”

ကျိုးကွေ့လိုင်က ပြောသည်။ “အမေ.. ကျွန်တော်တို့လည်း စားရတာ ကြိုက်ပါတယ်”

“မင်းက ဒါကို တစ်နှစ်ပတ်လုံး စားလို့ မရလို့လား။” လင်းချင်းဟယ်က မကျေမနပ် ပြန်ပြောလိုက်၏။

“ငါ့အစ်ကိုကြီးက စစ်တပ်ကျောင်းကို သွားတက်ရုံလေးပါ။ ခြိုးခြံရတဲ့ ဘုန်းကြီးဝတ်သွားတာ မဟုတ်ပါဘူး။ ဒါက အမေပြောသလောက် မဆိုးပါဘူး။ ကျွန်တော်ကြားတာတော့ အဲဒီက စားစရာတွေက ကောင်းတယ်တဲ့။” ဟု ကျိုးကွေ့လိုင်က ပြော၏။

ကျိုးရွှမ်က နှစ်သိမ့်ပေးသည်။ “စိတ်မပူပါနဲ့အမေ စားစရာတွေက ကောင်းပါတယ်။”

တကယ်တမ်းတွင် ယင်းက နေ့တိုင်း လေ့ကျင့်ရန်သာ ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ သုံးစွဲရမှုက ကြီးမားသည်။ စားစရာများက သဘာဝကျကျပင် ကောင်းမွန်လိမ့်မည်။

သို့သော်ငြား ထိုသို့သော နေရာမျိုးက အစားအသောက် ကောင်းကောင်း မကောင်းကောင်း ကိစ္စမရှိ၊ ရောထွေးလိုက်ရုံသာ ရှိသည်။

လင်းချင်းဟယ်က ရွှေရောင်ငါးမုတ်ခြောက် ဆယ်ခု ဝယ်လိုက်၏။ ထို့‌နောက် သူမက ကြက်ဥများ ဝယ်ရန် သွားလိုက်သည်။

ယခုတွင် ပုဂ္ဂလိက လုပ်ငန်းများ စတင်ခဲ့ပြီဖြစ်၍ ကြက်သားနှင့် ကြက်ဥကို ဝယ်နိုင်သည်။ အရာရာတိုင်းက လွယ်ကူလာပြီဖြစ်၏။ ဒီဇင်ဘာဝင်ပြီးနောက် လင်းချင်းဟယ်က အိမ်လုပ် ဝက်ပေါင်ခြောက်များ လုပ်ပြီး ချိတ်ထားသည်။

ကျိုးချင်းပိုင်က ဝက်သားကို အအေးခံပြီး သိုးသားများကို လုပ်ထားလေ့ ရှိသည်။ များပြားပေသည်။

ထို့ကြောင့် ဝယ်ရန် မလိုတော့ပေ။

လင်းချင်းဟယ်နှင့် သူ့သားနှစ်ယောက်သည် ကြက်သုံးကောင်၊ ကြက်ဥတစ်ခြင်းနှင့် ငါးခြောက်ဆယ်ကောင်တစ်ကျင်းကို ဖက်ထုပ်ဆိုင်သို့ သယ်သွားကြသည်။

ကျိုးချင်းပိုင်က ဖက်ထုပ်လုပ်ရင်းတန်းလန်း ပြောသည်။ “နှစ်သစ်အတွက် လုံလောက်ပြီ။”

“သားကြီး ပြန်လာမလားဆိုတာ မသိဘူး။ ကြက်နှစ်ကောင် ပိုဝယ်ထားရမယ်။” လင်းချင်းဟယ်က ပြောလိုက်၏။

“အမေက ဈေးသွားတုန်းက သူမက ဘာမြင်မြင် အစ်ကိုကြီးကိုပဲ တွေးနေတာ။” ကျိုးကွေ့လိုင်က သတိတရ ပြောသည်။ “အဖေ၊ ကျွန်တော်တို့တော့ မျက်နှာသာ အပေးမခံရတော့ဘူး။”

“မင်းကသာ မျက်နှာသာပေးမခံရတဲ့သူပဲ။” ကျိုးရွှမ်က ပြုံး၍ ပြော၏။

ကျိုးကွေ့လိုင်က ပြန်ပြော၏။ “မင်း ဘာလို့ ဒီလို ပြောတာလဲ။ ငါက ငါတို့မိသားစုမှာ အငယ်ဆုံးလေ။”

“ဒီနှစ်သစ်ကူးမှာ မင်းက ၁၄နှစ်ရှိပြီ။ အထူးတလည် ဆက်ဆံရေးဆိုတာ မရှိတော့ဘူး။” ကျိုးရွှမ်က သူ့လက်ကို ဝေ့ယမ်းလိုက်၏။

မိသားစုက စကားပြောရင်း ရယ်မောလိုက်ကြသည်။ သူတို့က အထူးတလည် ပျော်ရွှင်နေကြသည်။ လင်းချင်းဟယ်ကလည်း ပျော်ရွှင်နေ၏။ သူမ၏ သားသုံးယောက်ကို သူမက ကောင်းကောင်း ကျွေးမွေးစောင့်ရှောက်ခဲ့သည် မဟုတ်ပါလား။

“ဒီနှစ် မင်းတို့အဘိုးအဘွားတွေကို ခေါ်ပြီး လျှောက်လည်ကြလေ။ အဲဒီအချိန်ကျရင် ဓာတ်ပုံတချို့ ရိုက်လိုက်ကြဦး။” ဟု လင်းချင်းဟယ်က ပြောသည်။

“အဘိုးနဲ့အဘွားက နောက်နှစ် မဟာတံတိုင်းကို သွားဖို့ ပြောနေတယ်။ ကျွန်တော်တို့ သွားနိုင်မလား။” ကျိုးကွေ့လိုင်က ပြော၏။

“ဒါပေါ့။ အချိန်ရမလားလို့ ကြည့်လိုက်မယ်။ ရရင် အတူတူ သွားကြတာပေါ့။” ဟု လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။

“အမေ အမေကတိပေးထားတဲ့ ကင်မရာ မပေါ်လာသေးဘူး။ ငါတို့ စောစော ဝယ်ရင် ဒီနှစ် သုံးနိုင်ပြီ” ဟု ကျိုးကွေ့လိုင်က ပြောသည်။

သူက လတ်တလော ကင်မရာကို တမ်းတနေသည်။

“နောက်နှစ်ပေါ့။” လင်းချင်းဟယ်က သူမလက်ကို ဝေ့ယမ်းလိုက်၏။

“ကျိုးချင်းပိုင်က ပြောသည်။ “ကိုယ် ရုရှားကနေ တင်သွင်းတဲ့ ရေခဲသေတ္တာကို သတင်းမှာတွေ့လိုက်တယ်။ ယွမ်၇၀၀ ထက်မနည်းကျမယ်။”

လင်းချင်းဟယ်က အံ့အားသင့်သွား၏။ “ရနိုင်ပြီလား။”

“အင်း” ကျိုးချင်းပိုင်က ခေါင်းညိတ်သည်။ သူက တစ်ခါတရံ သတင်းစာကို ဖတ်လေ့ရှိသဖြင့် သူသိသည်။ “ဒါက ဈေးသိပ်မများဘူး။”

လင်းချင်းဟယ်က သူ့အဓိပ္ပာယ်ကို နားလည်ပြီး ပြောလိုက်သည်။ “ဒီတော့ နောက်နှစ်မှာ တစ်ချက် ကြည့်တာပေါ့။ တစ်ခုရရင် တစ်ခု ဝယ်တာပေါ့။”

“ကိုယ် အဝတ်လျှော်စက်ရှိမလားလို့ တွေးမိတယ်။ ရှိရင် တစ်လုံးဝယ်ကြစို့။” ကျိုးချင်းဟယ်က ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ။” လင်းချင်းဟယ်က ခေါင်းညိတ်တုံ့ပြန်လိုက်သည်။

“ပစ္စည်းတွေအများကြီး ဝယ်ချင်တာလား။ ကျွန်တော်တို့ မိသားစုက ငွေလုံလောက်ပါ့မလား။” ကျိုးကွေ့လိုင်၏ အမူအရာက ချက်ချင်း မျက်ရည်များ ပြည့်သွားတော့သည်။ သူ့ကင်မရာက အနောက်သို့ တွန်းထုတ်ခံလိုက်ရသည်ဟု ခံစားမိလိုက်သည်။

ရေခဲသေတ္တာတစ်လုံးနှင့် အဝတ်လျှော်စက်တစ်လုံး ဖြစ်သည်။ မည်မျှ ကျသင့်မည်နည်း။ ယင်းတို့က ဇိမ်ခံပစ္စည်းများ ဖြစ်သည်။

“လုံလောက်တာပေါ့။” လင်းချင်းဟယ်က အမှတ်မထင် ပြန်ပြောလိုက်၏။

“တကယ်လို့ မလုံလောက်ဘူးဆိုရင် ကျွန်တော့်ကင်မရာကို မေ့ထားလိုက်ပါတော့။ ရေခဲသေတ္တာနဲ့ အဝတ်လျှော်စက်ကို ဝယ်လိုက်ပါ။” ကျိုးကွေ့လိုင်က တွန့်ဆုတ်နေသော်ငြား သူက နာကျင်မှုကို တောင့်ခံထားပြီး ပြောသည်။

ရေခဲသေတ္တာက နွေရာသီတွင် အသားများ သိုလှောင်လို့ရသည်။ ဖက်ထုပ်ဆိုင်က ရေခဲသေတ္တာတစ်လုံး လို၏။ မဟုတ်လျှင် အဆင်မပြေဖြစ်နိုင်သည်။

အဝတ်လျှော်စက်ရော ဖြစ်သည်။ အဝတ်များ လျှော်ရန် လိုပြီး အထူးသဖြင့် နွေရာသီတွင် ဖြစ်၏။ နေ့တိုင်း သုံးဖို့ လိုသည်။ သို့သော်လည်း ကင်မရာက မရှိမဖြစ် မဟုတ်ချေ။

“မင်း ဘယ်လောက်သိတတ်လဲဆိုတာကို ကြည့်ပြီးတော့ နောက်နှစ်မှာ မင်းအဖေက ပိုက်ဆံစု အလုပ်ကြိုးစားပြီး တစ်လုံး ဝယ်ပေးဖို့ ကြိုးစားမယ်။” လင်းချင်းဟယ်က ပြောလိုက်သည်။

“ဒီတော့ နောက်နှစ် ငွေရှာပြီးတဲ့အထိ စောင့်ရမှာပေါ့။” ဟု ကျိုးကွေ့လိုင်က ပြော၏။

All Chapters