မကြီးပြင်းသေးပါဘူး
Vol. 26 Ch. 360
အခန်း (၃၆၀) - မကြီးပြင်းသေးပါဘူး
အရုပ်လေးဟူသည့် နာမည်ပြောင်သည် ဝိန်မေ့ကျားကို ကျိုးခိုင်မှ ပေးခဲ့တာ ဖြစ်သည်။ သူမက အရုပ်လေးလိုမျိုး လှပ၏။
ဝိန်မေ့ကျားက သူမနှုတ်ခမ်းကို စူလိုက်ပြီး သူ့ကို မျက်လုံးလှန်ပြလိုက်သည်။
ကျိုးခိုင်က မပြန်ခင် တစ်နာရီမက ထိုင်သွားသည်။
ဝိန်ကော်လျန်က သူနှင့် ရေချိုးအိမ်သို့ အတူတူသွားရန် ချိန်းဆိုချင်ခဲ့သည်။
၎င်းက ဤနေရာမှ ဓလေ့ ဖြစ်သည်။ အကောင်းဆုံး သူငယ်ချင်းများက ရေချိုးအိမ်သို့ အတူတူ သွားကာ ပွတ်တိုက်ပေးလေ့ ရှိကြသည်။
ကျိုးခိုင် ပြန်ရောက်ပြီး မကြာမီ ဝိန်ကော်လျန်က ပြောသည်။ “ကျိုးခိုင်က စွမ်းဆောင်ရည် ရှိတယ်။ သူက စစ်တပ်အကယ်ဒမီကနေ ထွက်လာပြီးရင် ငါတို့နဲ့ ပူးပေါင်းတာနဲ့ ချက်ချင်း ရာထူးတိုးနိုင်တယ်။”
သူက ကျိုးခိုင်နှင့် တစ်နှစ်တည်း ဘွဲ့ရခဲ့သည်။ ဘွဲ့ရပြီးနောက် သူက စစ်တပ်ထဲသို့ ဝင်ခဲ့၏။
လက်ရှိတွင် သူကလည်း အားလပ်ရက်ရထားတာ ဖြစ်သည်။
“အခု ကျိုးခိုင်ပြန်လာတော့ မင်းတို့ မောင်နှမ သူ့အိမ်ကို သွားလည်ရမယ်။” ဟု အမေဝိန်က ပြောသည်။
“ဒုတိယအစ်ကိုတစ်ယောက်တည်း သွားရင် ရပြီလေ။ ကျွန်မသွားဖို့ မလိုဘူး မဟုတ်လား။” ဟု ဝိန်မေ့ကျားက ရှက်ရွံ့စွာ ထုတ်ပြော၏။
“အတူတူသွားရမယ်။” ဟု အမေဝိန်က ပယ်ချလိုက်သည်။
သူမသည် လင်းချင်းဟယ်နှင့် မတွေ့ဖူးသော်လည်း သူမက လင်းချင်းဟယ်၊ ကျိုးချင်းပိုင်နှင့် တခြားသူများကို ဓာတ်ပုံထဲတွင် တွေ့ဖူးပြီးဖြစ်သည်။
ဘွဲ့ယူသောကာလတွင် ဝိန်ကော်လျန်က လင်းချင်းဟယ်တို့အုပ်စုကို ဓာတ်ပုံရိုက်ယူခဲ့သည်။ ယင်းက အုပ်စုလိုက်ဓာတ်ပုံတစ်ပုံ ဖြစ်သည်။ ကျန်ဓာတ်ပုံများမှာ ဝိန်ကော်လျန်နှင့် ကျိုးခိုင်သာ ဖြစ်သည်။
တကယ်တမ်းတွင် ဘွဲ့ယူသောအခမ်းအနားကို မိဘများအားလုံးက မတက်လုနီးပါး ဖြစ်သည်။
ထို့ကြောင့် အဖေဝိန်နှင့် အမေဝိန်တို့က ယင်းကို လုံးဝ မတွေးမိချေ။ သူတို့သားက ဓာတ်ပုံယူလာမှ သူတို့က စိတ်မကောင်း ဖြစ်ရသည်။
သို့သော် ဆိုရလျှင် ဓာတ်ပုံထဲတွင် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က ပြောစရာမရှိလုနီးပါးဖြစ်သည်။
ကျိုးချင်းပိုင်က အရပ်ရှည်ပြီး ကြံ့ခိုင်ကာ လင်းချင်းဟယ်က ဉာဏ်ပညာရှိပြီး ခေတ်မီသည်။ သူတို့နှစ်ယောက်က အလွန်အလှရသပြည့်ဝသော စုံတွဲဟု ဆိုနိုင်သည်။
သူတို့က ထက်မြက်သောကလေးတစ်ဦးကို ပြုစုပျိုးထောင်နိုင်ခြင်းမှာ အံ့ဩဖို့ မရှိပေ။
ထို့ကြောင့် နောက်ရက်တွင် ဝိန်ကော်လျန်နှင့် ဝိန်မေ့ကျားက သရေစာတစ်ဘူးနှင့်အတူ ရောက်သွား၏။
ပေကျင်းတက္ကသိုလ်တွင် ဘွဲ့ရသော ဝိန်ကော်လျန်ကို လင်းချင်းဟယ်က သိသည်။ သို့သော် ဝိန်မေ့ကျားကို မသိချေ။
သို့သော်လည်း နှစ်ယောက်သားက အတော်လေး ဆင်တူ၏။ မည်သူမဆို တစ်ချက် ကြည့်ရုံဖြင့် မောင်နှမအရင်းမှန်း ပြောနိုင်သည်။
“ဒါက အရင်က မင်းပြောဖူးတဲ့ ဝိန်မိသားစုက အရုပ်လေးနဲ့ တူတဲ့ ညီမလေးလား။” ဟု လင်းချင်းဟယ်က ဝိန်မေ့ကျားကို စိတ်ကျေနပ်စွာ ကြည့်လိုက်ပြီး သူမသားအကြီးကို မေးလိုက်သည်။
“အင်း။ သူမနာမည်က ဝိန်မေ့ကျား” ကျိုးခိုင်က ပြုံးလျက် ဂုဏ်ယူစွာ ခေါင်းညိတ်ပြသည်။
ဝိန်မေ့ကျားက သူမအစ်ကိုကို အတုယူပြီး ရှက်ဝဲဝဲဖြင့် ဆရာမလင်းဟု နှုတ်ဆက်လိုက်သည်။
“မင်းအစ်ကို ခေါ်သလို ဆရာမလင်းလို့ လိုက်မတုနဲ့။ မေ့ကျားက ဒေါ်လေးလင်းလို့ ခေါ်” လင်းချင်းဟယ်က ပြုံးရယ်လိုက်သည်။
“ဒေါ်လေးလင်း” ဝိန်မေ့ကျားက လိုက်ခေါ်သည်။
“ဘယ်လောက်လှတဲ့ မိန်းကလေးလဲ။ သားကြီးက မြင်ဖူးသမျှ အိမ်နီးချင်းတွေထဲ အလှဆုံးလို့ ပြောတာ မအံ့ဩတော့ဘူး။ ထိုင်လေ။ လည်ချောင်းစိုဖို့ မင်း ပျားရည်နဲ့ ဂရိတ်ဖုလက်ဖက်ရည် ဘယ်ဟာသောက်မလဲ။” လင်းချင်းဟယ်က မေးလိုက်သည်။
“ဆရာမလင်း၊ အားနာဖို့ မလိုပါဘူး။ ရေဆို ရပါပြီ။” ဟု ဝိန်ကော်လျန်က ပြုံးလျက် ဖြေ၏။
“ဒါက ပြဿနာမရှိပါဘူး။ မင်းတို့ ထိုင်ပြလေ။ သွားယူပေးမယ်။” လင်းချင်းဟယ်က ပြုံးလိုက်၏။
သူမက ခွက်တချို့ ဆေးလိုက်ပြီး ပျားရည်နှင့် ဂရိပ်ဖရုလက်ဖက်ရည်ခွက်တချို့ ပြင်ဆင်လိုက်သည်။ ဤသည်မှာ သူမ၏နေရာလွှတ်တွင် ထည့်ထားခြင်း ဖြစ်ပြီး ဂရိတ်ဖရုရာသီချိန်တွင်ရထားသော သူမ၏ကုန်ပစ္စည်းဖြစ်သည်။
လူတိုင်းသောက်ဖို့ ထုတ်ထားခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် အခန်းထဲတွင် ထုတ်ထားသည်။ ကလေးများသည် မည်သည့်ပမာဏမှန်း မသိကြချေ။ (ထည့်သိမ်းထားပေမဲ့ အခန်းထဲကို ထုတ်ထုတ်ထားတတ်တယ်လို့ ပြောတာပါ။ ကလေးတွေက ဘယ်လောက်ကုန်ပြီး ဘယ်လောက်ပြန်ထုတ်ထားတာကို မသိဘူးလို့ ပြောထားတာပါ)
တကယ်တမ်းတွင် သူမမှာ ပမာဏအများအပြား ရှိသည်။
ခွက်အနည်းငယ် ပြင်ဆင်ပြီးနောက် လင်းချင်းဟယ်က သူတို့ကို တစ်ယောက်တစ်ခွက် ပေးလိုက်သည်။
ဝိန်ကော်လျန်နှင့် ဝိန်မေ့ကျားက အလွန်ယဉ်ကျေးသည်။ သူတို့က မသောက်ခင် သူမကို ကျေးဇူးတင်ကြ၏။
“အရသာက ကောင်းလား” လင်းချင်းဟယ်က ဝိန်မေ့ကျားကို မေးလိုက်သည်။
“အရသာရှိတယ်။ ဘယ်နေရာကနေ ဝယ်ထားတာလဲ ဒေါ်လေးလင်း” ဝိန်မေ့ကျားက ခေါင်းညိတ်လိုက်သည်။
“ငါ မဝယ်ထားဘူး။ ဒါက ကိုယ်တိုင်လုပ်ထားတာ။ ဒေါ်လေးအခန်းထဲမှာ တချို့ရှိသေးတယ်။ ခဏနေရင် ငါသွားပြီးတော့ မင်းအတွက် တစ်ဗူးပေးလိုက်မယ်” လင်းချင်းဟယ်က ပြောလိုက်သည်။
“မလိုပါဘူး ဒေါ်လေးလင်း။ ကိုယ့်ဘာသာ သိမ်းထားပါ” ဝိန်မေ့ကျားက ရှက်ဝဲဝဲ ပြောသည်။
သောက်ဖို့ကတင် လုံလောက်ပြီဖြစ်သည်။ အိမ်ပြန်ယူသွားဖို့ မလိုအပ်ချေ။
“ဒီပျားရည်ဂရိတ်ဖရုလက်ဖက်ရည်က အလှအပအတွက် ကောင်းတယ်။ ရလဒ်က တကယ်ကောင်းတာ။ မင်း မယူချင်ရင် မင်းအမေအတွက် တစ်ကရားယူသွားလိုက်။ အရသာက မချိုမချဉ်လေးပဲ။ ဒါက လုံးဝအဆင်ပြေတယ်။ သူမ သဘောကျလိမ့်မယ်” လင်းချင်းဟယ်က ထိန်းထိန်းသိမ်းသိမ်း ဆိုလိုက်သည်။
ဝိန်မေ့ကျားက ပြုံး၍ ထပ်မငြင်းတော့ပေ။ သူမက ပြောသည်။ “ကျေးဇူးတင်ပါတယ် ဒေါ်လေးလင်း”
မောင်နှမနှစ်ယောက်က ရောက်လာပြီးနောက် မပြန်ခင် နှစ်နာရီမက ထိုင်သွားသည်။
အပြန်တွင် ဝိန်မေ့ကျားက သူမဒုတိယအစ်ကိုကို ပျော်ရွှင်စွာ စကားပြော၏။ “ဒေါ်လေးလင်းက အရမ်းကောင်းတဲ့လူမှန်း မသိခဲ့ဘူး”
“ဆရာမလင်းက အမြဲတမ်း ရွှင်ပျပြီးတော့ ပွင့်လင်းတယ်။ သူမက မင်းကို သဘောကျတယ်လို့ ငါထင်တယ်” ဝိန်ကော်လျန်က ပြောသည်။
အတန်းထဲတွင် ကျိုးခိုင်နှင့် ရင်းနှီးသော ကျောင်းသူများ ရှိသည်။ ဆရာမလင်းက ဘာမှမပြောသော်လည်း ဤတစ်ကြိမ်တွင်တော့ ဆရာမလင်းက အတော်လေး ဖော်ရွေမှုကို ပြနေသည်။
မောင်နှမနှစ်ယောက်က ပျားရည်နှင့် ဂရိပ်ဖရုလက်ဖက်ရည် တစ်ကရားနှင့် အိမ်ပြန်ရောက်သွားသည်။
“ဒါက ဘာတွေလဲ” အမေဝိန်က တီဗီကြည့်နေပြီး သူမက ပျားရည်နှင့် ဂရိပ်ဖရုတစ်ကရား ပေးလာသော သမီးဖြစ်သူကို တွေ့သောအခါ ထုတ်မေးတော့သည်။
“ဒါက ဒေါ်လေးလင်းပေးခဲ့တဲ့ ပျားရည်နဲ့ဂရိုပ်ဖရုလက်ဖက်ရည်။ သူမက သမီးတို့ကို နှစ်ခွက်လုပ်ပေးခဲ့ပြီးတော့ အရသာရှိတယ်” ဝိန်မေ့ကျားက ပြောသည်။
“အိုး၊ ငါ့အတွက်လား။” အမေဝိန်က တစ်ခါတည်း အပြုံးကြီးကြီး ပြုံးသွားပြီး မေးသည်။ “ဆရာမလင်းက အိမ်မှာရှိတာလား။”
“ကျွန်တော်တို့ သွားတဲ့အချိန် သူမက ကျိုးခိုင်ကို သူ့အင်္ဂလိပ်စာအတွက် လမ်းညွှန်ပေးနေတာ” ဝိန်ကော်လျန်က ပြန်ဖြေသည်။
“ခိုင်လေးကို သူ့အင်္ဂလိပ်စာအတွက် လမ်းညွှန်နေတာလား။” အမေဝိန်က နားမလည်ဖြစ်သွားသည်။
“ကျိုးခိုင်က ဘွဲ့ရသွားပေမဲ့ ဆရာမလင်းရဲ့သဘောထားအရ သူ့အင်္ဂလိပ်စာက မကျဆင်းသွားသင့်ဘူး။ သူမက သူ ဖတ်ဖို့ အင်္ဂလိပ်စာနှစ်အုပ် ရှာထားပေးတယ်။” ဝိန်ကော်လျန်က ရှင်းပြသည်။
အမေဝိန်က အလွန်အထင်ကြီးသွား၏။ သူမက မပြောဘဲမနေနိုင်တော့ပေ။ “ဒါက အရမ်းအလုပ်မများလွန်းဘူးလား။ သူက လေ့ကျင့်ပြီးတော့ လေ့လာရတယ်။ ပြီးတော့ အင်္ဂလိပ်စာလည်း ဖတ်ရဦးမယ်။”
“သေချာတာပေါ့။” ဝိန်ကော်လျန်က သိပ်ဂရုမထားပေ။ အလုပ်များများ လုပ်ခြင်းက ပြဿနာမဟုတ်ပေ။ သူက ကျိုးခိုင်ကို အနည်းငယ် အားကျမနာလိုမိသေးသည်။
“အဲဒီမှာတုန်းက ဆရာမလင်းရဲ့သဘောထားက မင်းအပေါ် ဘယ်လိုလဲ။” ဟု အမေဝိန်က ထပ်မေးသည်။
“အမေ၊ မင်း ဘာတွေ မေးနေတာလဲ။ ဆရာမလင်းက ကျွန်တော်တို့ကို သဘာဝအတိုင်းပဲ ဖော်ရွေတယ်။” ဟု ဝိန်ကော်လျန်က ပြန်ပြော၏။ “ဆရာမလင်းက မေ့ကျားကို ပျားရည်နဲ့ဂရိပ်ဖရုလက်ဖက်ရည်တစ်ကရား ပေးချင်ခဲ့တာ။ မေ့ကျားက ငြင်းတော့ သူမက အမေ့ကို ပေးဖို့ ပြောတယ်။”
“ဒေါ်လေးလင်းက သိပ်ကောင်းပြီးတော့ ဆက်ဆံရေးလည်း ကောင်းတယ်။ သူမအားရင် အမေ့ဆီ လာလည်မယ်လို့လည်း ပြောတယ်။ အမေ” ဝိန်မေ့ကျားက ခေါင်းညိတ်သည်။
“ဒီတော့ ငါက သူမကို နွေးနွေးထွေးထွေး ကြိုဆိုတာပေါ့။” အမေဝိန်က ပျော်ရွှင်စွာ ပြော၏။
အမေဝိန်ကပဲ ပျော်ရွှင်တာ မဟုတ်ပေ။ လင်းချင်းဟယ်ကလည်း ခံစားချက်ကောင်းနေ၏။
သူမက သူမသားကြီးကို ပြောသည်။ “မင်းအတန်းဖော်ရဲ့ ညီမလေးက အတော်လေး လှတယ်။ သူမက ကျက်သရေရှိပြီးတော့ ရည်မွန်တယ်။ သူမမိသားစုက သူမကို ကောင်းကောင်း ပျိုးထောင်ထားတာပဲ။ သူမက ယဉ်ကျေးတယ်။”
ကျိုးခိုင်က ရယ်မောလိုက်၏။ “အမေ မင်းက သူမကို တအားကြိုက်နေတာပဲ။ ဒီတော့ သူမကို မွေးစားသမီးအဖြစ် အသိအမှတ် ပြုလိုက်ပါလား။”
လင်းချင်းဟယ်က သူမသားကို အထင်တသေး ကြည့်လိုက်သည်။ သည်ကလေးက စိတ်ခံစားချက်များတော့ မကြီးပြင်းလာသေးချေ။
“မွေးစားဆက်ဆံရေးကိုတော့ မေ့ထားလိုက်ပါ။” လင်းချင်းဟယ်က သူမလက်ကို ဝေ့ယမ်းလိုက်ပြီး သူမသားကြီးကို သတိပေးလိုက်သည်။ “အနာဂတ်မှာ မင်း ဇနီးတစ်ယောက် ရှာချင်ရင် ဒီလိုမျိုးတစ်ယောက်ယောက်ကို ရှာရမယ်။ နူးညံ့သိမ်မွေ့ပြီးတော့ ကျက်သရေရှိတယ်။ ချောမောလှပပြီးတော့ ရည်မွန်တယ်။”
ကျိုးခိုင်က သူ သောက်လိုက်သော လက်ဖက်ရည်ကို ထွေးထုတ်လုနီးပါး ဖြစ်သွားသည်။ သူက သူ့အမေကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်၏။ “အမေ ကျွန်တော်က အခုမှ ၁၇ပဲ ရှိသေးတာ။ ဘာတွေ တွေးနေတာလဲ။”
“ကောင်းပြီလေ။” လင်းချင်းဟယ်က ပခုံးတွန့်လိုက်ပြီး ဆက်မပြောတော့ချေ။
သတိပေးခြင်းက လုံလောက်ပြီဖြစ်သည်။ အနာဂတ်တွင် ထိုမိန်းကလေးက စစ်ဆေးပညာလောကသို့ ဝင်ရောက်လိမ့်မည်။ သူမက သူမသားကြီးနှင့် ဘယ်လောက် သင့်တော်သနည်း။ ထို့အပြင် ထိုနေရာတွင် လူပျိုအမျိုးသားများစွာ ရှိ၏။ သူမသာ အရိပ်အမြွတ် မပေးခဲ့ဘဲ တခြားတစ်ယောက်မှ သူမကို ရရှိသွားပါက သူ နောင်တရလိမ့်မည်။