ရုန်းကန်ခြင်း၊ မျှော်လင့်ခြင်း၊ ရှင်သန်ခြင်း
Vol. 152 Ch. 2115
ရှီမာယူယူနှင့် ရှောင်လင်းတို့သည် အခန်းထဲတွင် ဘာမှမလုပ်ကြပေ။ သူမ သူ့ကို အဆိပ်ဖြေဆေးပေးလိုက်သည်နှင့် ရှောင်လင်း၏ မျက်နှာမှာ များစွာ ကောင်းမွန်လာသည်။
သို့သော် ချက်ချင်းထွက်မသွားကြဘဲ ပြဇာတ်ကိုဆက်ကနေကြသည်။
“ဆရာ ကျေးဇူးတင်ပါတယ်” ရှောင်လင်းသည် အိပ်ရာပေါ်ထိုင်ပြီး ရှီမာ ယူယူအား ကျေးဇူးတင်စွာဖြင့် ပြုံးပြလိုက်သည်။
“ဒီလိုမိသားစုကို တွေ့ရတာကိုက မင်းကံကောင်းနေပါပြီ” ရှီမာယူယူ ပြောလိုက်သည်။
ရှောင်မျိုးနွယ်မှလူများသည် သူ့အနာဂတ်ကို အရေးတယူမရှိလျှင် ဤ နည်းလမ်းကိုသုံးလျှင်လည်း အသုံးဝင်မည်မဟုတ်ပေ။
“ဆရာ.. အရှင့်ကိုသွားရှာတာက အရမ်းအန္တရာယ်များတယ်လို့ ဦးလေး ပြောတာကြားတယ်” ရှောင်လင်း ပြောလိုက်သည် “ယုံကြည်ချက်ရှီလား”
“သူ့လက်ထဲက ပစ္စည်းမရမှာကိုပြောချင်တာလား ဒါမှမဟုတ်ရင် မထိ မခိုက်ဘဲ ထွက်ပြေးလာဖို့ ဖြစ်နိုင်မဖြစ်နိုင်ကိုပြောတာလား” ရှီမာယူယူ မေး လိုက်သည်။ “တကယ်တော့ ငါ ယုံကြည်ချက် အရမ်းကြီးရှိနေတာတော့မဟုတ် ဘူး”
“အဲဒါကိုတောင် သွားဦးမှာလား မသွားလို့မရဘူးလား” ရှောင်လင်းသည် စိတ်ပူနေသည်။
“ငါ သွားရမယ် နည်းလမ်းမရှိဘူး” ရှီမာယူယူ ပြောလိုက်သည် “တချို့ ကိစ္စတွေက မလုပ်ဘဲနဲ့ တွန်းပို့နေလို့မဖြစ်ဘူး.. အဲဒါကြောင့် မင်းက ကံကောင်း တယ်လို့ ငါပြောတာ”
“ဆရာ”
“မင်းအဖေတို့က ငါ့အသက်ကိုယူဖို့ တွေးခဲ့ပေမဲ့ မင်းအပေါ်ကိုတော့ တကယ်ကောင်းတာပါ… မင်းက အချက်အပြုတ်ကြိုက်တယ်ဆိုပေမဲ့ တစ်ခါ တလေတော့ သူတို့ကိုလည်း ထည့်တွေးပါဦး” ရှီမာယူယူ ပြောလိုက်သည် “ဝါသနာနဲ့ တာဝန်ယူမှုက မတူဘူး.. ရောလိုက်လို့မရဘူး”
ရှီမာယူယူပြောသည့်စကားများမှာ အဓိပ္ပာယ်ရှိသည်ဟု ရှောင်လင်းခံစား မိသည်။ သူသည် အမြဲတစေ တစ်ကိုယ်ကောင်းဆန်ခဲ့သည်။ ရုတ်တရက်ဆို သလိုပင် ဆရာဖြစ်သူ ကြုံခဲ့ရသမျှကို သူသိချင်လာသည်။ သူမ များစွာ ကြုံတွေ့ ခဲ့ရသည်ဟု သူ ဘာကြောင့် ခံစားမိသနည်း။
“ဆရာ ဆရာ့အကြောင်း ပြောပြလို့ရလား” သူသည် သူမဆီသို့လာပြီး ထိုင်လိုက်သည်။
ရှီမာယူယူသည် မျက်ခုံးမျာကိုပင့်လိုက်သည်။ “ဘာနားထောင်ချင်တာလဲ”
“ဘယ်လို ကြီးပြင်းလာလဲဆိုတာ ပြောပြ”
“အင်း ဘယ်လိုပဲဖြစ်ဖြစ် အခုက ဘာမှလည်းလုပ်စရာမရှိဘူးလေ ဒီအတိုင်းထိုင်နေလည်း အချိန်ကုန်သွားမှာပဲ”
ရှီမာယူယူသည် ခေတ္တမျှစဉ်းစားပြီး ကိစ္စတချို့ရွေးကာ ပြောပြသည်။ တစ်ခါတစ်ခါ ရှောင်လင်း၏ မေးခွန်းများကိုလည်း ဖြေပေးသည်။ သူမ ပြောပြ သမျှသည် ရိုးရှင်းသည်ဟု သူမ ခံစားရသော်လည်း ရှောင်လင်းသည် သူမကို လေးစားသမှုနှင့် သနားစဖွယ်ရောယှက်ကာကြည့်လေသည်။
“ဆရာ.. ဆရာက ဒီလောက်အများကြီး ကြုံခဲ့ရလိမ့်မယ်လို့ ထင်မထား ဘူး” ရှောင်လင်းသည် ခံစားချက်ပါပါပြောလေသည် “ဆရာသာ ကျွန်တော့်ကို မပြောပြရင် ဒီလောက်များတဲ့ ဝန်ထုပ်ဝန်ပိုးတွေ ထမ်းထားမှန်းသိမှာမဟုတ် ဘူး.. ဆရာနဲ့ယှဉ်ရင် ကျွန်တော်က တကယ် တစ်ကိုယ်ကောင်းဆန်ဆန်နေခဲ့ တာပဲ”
“မင်းက မင်းဝါသနာကို အရမ်းစွဲလမ်းတာပါ အဲဒါလည်းမကောင်းတာမှ မဟုတ်တာ” ရှီမာယူယူ သူ့ကိုနှစ်သိမ့်ပေးလေသည်။
“ဆရာ ပြောတာမှန်တယ် ဝါသနာအပြင် တခြားကိစ္စတွေကိုလည်း လုပ်ရ မယ်” ရှောင်လင်း ပြောလေသည်။
ပြီးခဲ့သည့်တစ်ခေါက် သူမ အသူရာငရဲတွင်ရှိစဉ်က ဝါသနာနှင့် ကျင့်ကြံ ခြင်းများသည် ပဋိပက္ခဖြစ်ရန်မလိုဟု သူမ ပြောခဲ့သည်။ သူသည် ယခုလိုနေ ခြင်းသည် ကောင်းသည်ဟု အမြဲတမ်းတွေးခဲ့သည်။ သို့သော် ယခု ရှီမာယူယူ၏ စကားကိုနားထောင်ပြီးနောက် သူသည် ဆိုးလွန်းသည်ဟု ခံစားလာရသည်။
“ဝါသနာနဲ့ တာဝန်တွေရဲ့ကြားမှာ ဟန်ချက်ဆိုတာရှိတယ်.. နောက်ဆိုရင် အဲဒါကို သေချာလေးစဉ်းစားကြည့်.. ပြီးတော့ ကိုယ့်ကိုယ်ကိုယ် တစ်ခါတည်း အရမ်းကြီးတွန်းအားမပေးနဲ့” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်ကဲ့ သိပါပြီ” ရှောင်လင်း ပြန်ဖြေလေသည်။
“ဟုတ်ပြီ အချိန်ပြည့်လောက်ပြီ.. အခုထွက်မသွားရင် သူတို့စိတ်ပူနေ တော့မယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ” ရှောင်လင်းသည် အိပ်ရာပေါ်သို့သွားကာ လှဲလျောင်းလေ သည်။
ရှီမာယူယူသည် အတားအဆီးကို ပြန်သိမ်းပြီး တံခါးဖွင့်ထွက်သွားလိုက် သည်။ အပြင်မှစောင့်နေကြသော ရှောင်မျိုးနွယ်များသည် သူမကို နှုတ်ဆက် ကြလေသည်။
“ကဲ ဝင်သွားလို့ရပြီ” သူမသည် ရှောင်မျိုးနွယ်ကို ပြောလိုက်သည်။
ရှောင်လင်း၏ဖခင်သည် သူမကိုအရိုအသေပေးပြီးနောက် သူမကို ပတ်ပြီး ဝင်သွားလိုက်သည်။
ရှီမာယူယူသည် ဧည့်ခန်းသို့သွားလိုက်ရာ နှုတ်ဆိတ်နေကြသော ရှီအာမို့ နှင့် ဝူလင်းယူတို့ရှိနေကြသည်။
“သွားကြမယ်” သူမသည် ရှီအာမို့ကို ပြောလိုက်သည်။
ရှီအာမို့သည် ခေါင်းညိတ်ပြီးနောက် သူမနှင့် ဝူလင်းယူတို့ကို နန်းတော်သို့ ခေါ်သွားလေသည်။ နန်းတော်မှလူများသည် သူ့ကိုရင်းနှီးကြသည်နှင့်တူသည်။ သူတို့ကို မုလန် ကျင့်ကြံနေသည့်နေရာသို့ တိုက်ရိုက်ခေါ်သွားပေးသည်။
မုလန်သည် အလွန်ပင်ကျက်သရေရှိကာ သန့်စင်လှသည်။ ထိုပုံရိပ်သည် အသူရာငရဲ၏ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမရှိလှပေ။
“မင်းက ရှီမာယူယူပဲ” မုလန်သည် ရှီမာယူယူကို ကြည့်လိုက်သည် “မင်း အကြောင်းကိုတော့ ငါ အများကြီးကြားဖူးပါတယ်.. ဒီလောက်မြန်မြန် တွေ့ရ လိမ့်မယ်လို့ ထင်မထားဘူး”
“ယူယူ အရှင့်ကိုတွေ့ဆုံပါတယ်” ရှီမာယူယူသည် အသေအချာပင် တရို တသေ အရိုအသေပြုသည်။ တခြားလူတစ်ယောက်ဆီမှာ အကူအညီတောင်း စရာရှိလျှင် ယဉ်ကျေးမှုဓလေ့ထုံးစံသည် မရှိမဖြစ်သာဖြစ်သည်။
“ယဉ်ကျေးမှုထုံးတမ်းတွေ မလိုပါဘူး” မုလန်သည် လက်ကိုဝှေ့ယမ်းလေ သည် “မင်းက တောင်မျက်နှာအံ့ဖွယ်ချိပ်စည်းလိုချင်တယ်လို့ ရှီအာမို့ ပြောထား တယ်”
“ဟုတ်ပါတယ် အရှင်” ရှီမာယူယူသည် စိတ်ရင်းဖြင့် ပြောလိုက်သည်။
“မင်းက ဒါကိုလာတောင်းတယ်ဆိုမှတော့ ဒီပစ္စည်းရဲ့တန်ဖိုးကို သိမှာပေါ့” မုလန် ပြောလေသည် “မင်းက ဘာနဲ့အလဲအလှယ်လုပ်မှာလဲ”
“ဟုတ်ကဲ့ပါ ကျွန်မသိပါတယ်.. ဒါပေမဲ့ အသူရာငရဲမင်းကြီးအတွက်က ရှေးဟောင်းပစ္စည်းတစ်ခုလောက်က အရေးမကြီးပါဘူး” ရှီမာယူယူ ပြောလိုက် သည် “အရှင်ဘာလိုအပ်နေလဲ ကျွန်မမသိပါဘူး.. အဲဒါကြောင့် ကျွန်မ ဘာကိုမှ မပြင်ခဲ့မိပါဘူး.. ဒါပေမဲ့ အပေးအယူကိုပြောမယ်ဆိုရင် ကျွန်မလုပ်နိုင်ပါတယ်”
ရှီအာမို့နှင့် မုလန်မှာ “….”
သူမက ပစ္စည်းတောင်းဖို့ ရောက်လာတယ်။ ဒါပေမဲ့ အလဲအလှယ်လုပ်ဖို့ ဘာကိုမှ မပြင်ဆင်ထားဘူး။ သူမက တောင်မျက်နှာအံ့ဖွယ်ချိပ်စည်းကို တကယ်လိုချင်တာရော ဟုတ်ရဲ့လား။
သို့သော် သူမ ပြောသည်မှာလည်း အဓိပ္ပာယ်ရှီသည်။ သူ လိုအပ်နေသည့် အရာကို သူမ မသိပေ။ ပြင်ဆင်ထားလျှင်တောင် သူ သဘောမကျလျှင် မပျော် နိုင်ပေ။ ထိုအစား ဘာကိုမှမပြင်ဆင်ထားဘဲ အပေးအယူလုပ်သည်ကို စောင့် လိုက်သည်က ပိုကောင်းသည်။
ရှီမာယူယူသည် သဘောတူသည် မတူသည်ကို သိချင်သဖြင့် သူ့ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ တောင်မျက်နှာအံ့ဖွယ်ချိပ်စည်းသည် တိုက် ခိုက်ရေးရှေးဟောင်း ပစ္စည်းဟုဆိုသော်လည်း ထူးခြားချက်တစ်စုံတစ်ရာမရှိ ပေ။ သို့သော် သူ သဘောတူပါ့မလားဆိုသည်ကို မသိနိုင်ပေ။ သူမလက်ထဲသို့ ပစ္စည်းမရောက်မချင်း သူမ စိတ်မအေးနိုင်ပေ။
မုလန်သည် သူမကိုချက်ချင်း အဖြေမပေးပေ။ သို့သော် ထပြီး လမ်းလျှောက်သွားသည်။ သူတို့သုံးယောက် လိုက်သွားကြသည်။
မုလန်သည် နန်းတော်ထဲရှိ လှပသောလမ်းများတစ်လျှောက် လျှောက် လာပြီး နောက်ဆုံးတွင် မြင့်မားသောမျှော်စင်တစ်ခုသို့ ရောက်လေသည်။
“ဒါက နန်းတော်ထဲမှာ အမြင့်ဆုံးနေရာပဲ.. ပြီးတော့ အင်ပါယာမြို့တော် ရဲ့ မြင်ကွင်းတစ်ခုလုံးကိုကြည့်လို့ရတယ်” မုလန်သည် လက်ကိုနောက်ပစ်ထား ပြီး အဝေးကိုကြည့်နေသည်။
ရှီမာယူယူသည် အနည်းငယ် နားမလည်နိုင်ဖြစ်သွားသည်။ သူတို့ကို ဘာလို့ ဒီကိုခေါ်လာတာလဲ။
မုလန်သည် ခေါင်းလှည့်ပြီး သူမကို မေးလေသည် “ဒီကနေဘာမြင်နိုင်လဲ”
ရှီမာယူယူ လျှောက်သွားပြီး သူ့အကြည့်နောက် လိုက်ကြည့်ရာ အတန်း လိုက်ဖြစ်နေသော အိမ်များကိုသာ မြင်ရလေသည်။
သို့သော် သူလိုချင်သည်မှာ ထိုအဖြေမဟုတ်သည်ကို သူမ သိသည်။ သူမ စဉ်းစားပြီးနောက် ပြောလိုက်သည် “ရုန်းကန်ခြင်း၊ မျှော်လင့်ခြင်း၊ ရှင်သန်ခြင်း”
မုလန် မျက်ခုံးများကိုပင့်လိုက်သည် “ဘာလို့အဲဒါတွေကိုမြင်ရတာလဲ”
“ဘာလို့လဲဆိုတော့ ကျွန်မမျက်လုံးထဲမှာ အဲဒါတွေရှိလို့လေ” ရှီမာယူယူ ပြောလိုက်သည် “အဲဒါက ဘာပဲဖြစ်ဖြစ်ပါ ကျွန်မဆီကို ခံစားချက်တွေသယ် လာတယ်”
“ရုန်းကန်ခြင်း၊ မျှော်လင့်ခြင်း၊ ရှင်သန်ခြင်း” မုလန်သည် သူမ၏စကား များကိုပြန်ရေရွတ်ပြီးနောက် ပြုံးလိုက်သည်။
သူဘာကိုရယ်မောသည်ကို ရှီမာယူယူမသိပေ။ သူမ၏ စကားများသည် ရယ်စရာမကောင်းပေ။
“မင်းကို တောင်မျက်နှာအံ့ဖွယ်ချိပ်စည်း ပေးလိုက်မယ်.. ဒါပေမဲ့ မင်း ငါ့ အတွက်တစ်ခုတော့လုပ်ပေးရမယ်” မုလန် ပြောလေသည်။
“ပြောပါ”
“အသူရာငရဲမှာ သေမင်းတောင်ကြားလို့ခေါ်တဲ့နေရာတစ်ခုရှိတယ်.. အဲဒီ မှာ ငါလိုချင်တာတစ်ခုရှိတယ် အဲဒါကိုသွားရှာပေးပါ” မုလန် ပြောလိုက်သည်။
“အသူရာငရဲမှာ အရှင်မဝင်နိုင်တဲ့နေရာရှိသေးတာလား” ရှီမာယူယူ မေး လိုက်သည်။
“အဲဒါက မကြာခဏပေါ်မလာတတ်ဘူး.. ရေစက်ပါတဲ့လူမှ သွားယူလို့ရ မှာ.. မင်းသာ အဲဒါနဲ့ ကံကြမ္မာစပ်ရင် မင်းကိုတောင်မျက်နှာအံ့ဖွယ်ချိပ်စည်း ပေး မယ်” မုလန် ပြောလိုက်သည် “ဘယ်လိုလဲ စမ်းကြည့်ချင်လား”
***