သေမင်းတောင်ကြားမှဒဏ္ဍာရီ
Vol. 152 Ch. 2116
သေမင်းတောင်ကြား… နာမည်တစ်ခုတည်းနှင့်တင် ရိုးရှင်းသောနေရာ မဟုတ်သည်ကို ပြောနိုင်သည်။ သို့သော် သူမတွင် ရွေးချယ်စရာမရှိတော့ပေ။ လက်ခံရုံသာရှိသည်။
ဘုံတစ်ခု၏ အုပ်စိုးသူနှင့် ဆန့်ကျင်နေသည်မှာ ကောင်းသည့်အကြံတော့ မဟုတ်ပေ။ အထူးသဖြင့် သူတို့နှစ်ယောက်ဖြစ်သည်။ တစ္ဆေလောကအတွက် လည်းမကောင်းနိုင်ပေ။ ထို့ကြောင့် အကောင်းဆုံးမှာ ငြိမ်းချမ်းသည့်နည်းလမ်း ဖြင့် တောင်မျက်နှာအံ့ဖွယ်ချိပ်စည်းယူရန်ဖြစ်သည်။
“ကောင်းပါပြီ အဲဒီပစ္စည်းနဲ့ ရေစက်ပါဖို့ မျှော်လင့်ပါတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ရှာနေတာကဘာလဲ”
“အံ့ဖွယ်ဆေးတစ်မျိုးပဲ”
“အံ့ဖွယ်ဆေးဟုတ်လား” သူ သူမကို နောက်နေသည်လားဟု မုလန်ကို ရှီမာယူယူကြည့်လိုက်သည်။ အဲဒါကြောင့် အဲဒါနဲ့ ကံစပ်တဲ့လူမှ ရနိုင်မယ်လို့ သူ ပြောတာကိုး။ အဲလိုပစ္စည်းမျိုးနဲ့ ရေစက်ပါဖို့ဆိုတာ အရမ်းကိုခက်တာလေ။
“အရင်တုန်းက ဧကရာဇ်အဆင့်အရှင်က အသူရာငရဲကို ဖန်တီးခဲ့တယ်.. သူ သေသွားတော့ သူ့ကို သေမင်းတောင်ကြားမှာ မြှုပ်နှံခဲ့တယ်.. သူ့ရဲ့အံ့ဖွယ် ဆေးကလည်း ငရဲတောင်ကြားမှာထားခဲ့တယ်” မုလန် ပြောလေသည် “တောင် မျက်နှာအံ့ဖွယ်ချိပ်စည်းနဲ့ အံ့ဖွယ်ဆေးနဲ့အလဲအလှယ်လုပ်ချင်တယ်ဆို မင်း လုပ်ချင်လား”
“ကျွန်မရနိုင်မယ်ဆိုရင် လုပ်ချင်ပါတယ်.. အဲဒါကိုရှာလို့မရမှာပဲစိုးတာပါ” ရှီမာယူယူသည် မသေချာစွာပြောလေသည်။
“အင်း မင်းပဲရှာရမှာပဲ” မုလန်သည် လက်ကိုဝှေ့ယမ်းလိုက်ရာ အံ့ဖွယ် ဆေးပုံတူသည် လေထဲတွင်ပေါ်လာသည်။
ရှီမာယူယူသည် ကြည့်ပြီးနောက် ခေါင်းညိတ်ကာ အံ့ဖွယ်ဆေးနှင့် ပတ်သက်သည့်မေးခွန်းတချို့မေးပြီးနောက် သေမင်းတောင်ကြား အခြေအနေ ကိုမေးမြန်းလိုက်၏။
“သေမင်းတောင်ကြား… တကယ်တော့ နာမည်က ကြောက်ဖို့ကောင်း တယ် နည်းနည်းလည်းအန္တရာယ်များသလို အဲဒီမှာလူအသေအပျောက်ပိုများ တယ်… အဲဒီကိုရောက်ရင်တော့ မင်းသိပါလိမ့်မယ်” မုလန် ပြန်ဖြေလေသည်။
ရှီမာယူယူသည် နှုတ်ခမ်းတွန့်မိသည်။ ထိုအဖြေမှာ ယေဘုယျကျလွန်း သည်။ ပိုတိကျသည့်သတင်းမရတော့သည်ကို သိသဖြင့် သေမင်းတောင်ကြား ၏ တည်နေရာကိုမေးပြီး ဝူလင်းယူနှင့်အတူ ထွက်လာလိုက်သည်။
မုလန်နှင့် ရှီအာမို့တို့သည် မျှော်စင်တွင်ကျန်နေရစ်ခဲ့သည်။
“အရှင် သူမက တကယ်ပဲ အံ့ဖွယ်ဆေးကိုရှာနိုင်မှာလား” ရှီအာမို့သည် အနည်းငယ် စိတ်ပူနေသည်။ သူမသာ မရှာနိုင်ပါက သူတို့ ဘာလုပ်ရမည်နည်း။
“သူ ပြောသလိုပဲလေ.. ဒီကမ္ဘာမှာ အံ့ဖွယ်ဆေးကို ရှာနိုင်မယ့်သူရှိရင် အဲလူက သူမပဲ.. သူမတောင် မရှာနိုင်ရင် အံ့ဖွယ်ဆေးက ဒီကမ္ဘာမှာ ဘယ်တော့ မှ ပေါ်လာမှာမဟုတ်ဘူး” မုလန်သည် မသေချာပေ။ ရှီမာယူယူသည် သူ၏ နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည်။
အတန်ကြာအောင် စောင့်ပြီးနောက်ဆုံးတွင် သူမ ရောက်လာသည်။ သူမ သူ့ကို စိတ်မပျက်စေရန်ကို မျှော်လင့်မိသည်။
ရှီမာယူယူသာ သူ့အတွေးကိုသိပါက သေချာပေါက် အံ့ဩမည်ဖြစ်သည်။ သူမသည် သူ့ကိုလာရှာခြင်းမဟုတ်ဘဲ သူသည် သူမကိုစောင့်နေခြင်းဖြစ်နေ သည်။
“သူပြောထားတာဆိုမှတော့ မှန်မှာပါ” ရှီအာမို့ ပြောလိုက်သည် “သူမ အံ့ဖွယ်ဆေးကို ရှာနိုင်ပါစေလို့ပဲ မျှော်လင့်ပါတယ်.. ဒါဆိုရင် အရှင့်ရဲ့ခန္ဓာကိုယ် ကို ကယ်ဖို့အခွင့်အရေးရလိမ့်မယ်”
“ပြောပါဦး ငါ ဘာမျှော်လင့်ချက်ကိုမှ မထားသင့်ဘူးလား” မုလန်သည် အဝေးကိုမျှော်ကြည့်ပြီး ရုတ်တရက် ရှီမာယူယူပြောခဲ့သောစကားကို ပြန်တွေး ပြီး နှုတ်ဆိတ်စွာ ပြုံးမိသည်။
ရုန်းကန်ခြင်း၊ မျှော်လင့်ခြင်း၊ ရှင်သန်ခြင်း.. ဒါက သူ့ရဲ့လက်ရှိအခြေအနေ လား။
“သူမဖြစ်နေလို့ပဲ မျှော်လင့်ချက်နည်းနည်းလောက် ဆုပ်ကိုင်နိုင်တယ်လို့ ထင်ပါတယ်” ရှီအာမို့ ပြောလိုက်သည် “ကံကောင်းတယ်လို့ သတ်မှတ်လို့ရတဲ့ လူတချို့ရှိတယ်.. အဲလူတွေက သူတို့ဘာပဲလုပ်လုပ် အောင်မြင်မှုကြီးတွေရ လေ့ရှိတယ်.. ရှီမာယူယူရဲ့ အတွေ့အကြုံအရဆိုရင် သူမက ကံကောင်းတဲ့လူပါ လို့ ပြောလို့ရတယ်”
“အဲလိုပဲမျှော်လင့်ပါတယ်” မုလန်သည် ထိုစကားပြောပြီးနောက် နှုတ်ဆိတ်သွားသည်။ ရှီအာမို့သည် သူ့အနောက်တွင်ရပ်နေပြီး သူပါ နှုတ်ဆိတ် နေသည်။
အရင်က လူများသည် မုလန်ကို လုပ်ကြံခဲ့ကြသည်။ သူသည် အသက်ရှင် နိုင်ခဲ့သော်လည်း အံ့ဖွယ်ဆေးတစ်ခုတည်းကသာ သူ့ကို လုံးဝပြန်ကောင်းစေ မည်ဖြစ်သည်။ သူတို့ရှာမတွေ့လျှင် မျှော်လင့်ချက်လည်း ပျောက်ဆုံးသွားမည် ဖြစ်သည်။
“မို့.. ငါ တစ်ခုခုဖြစ်ရင် အသူရာငရဲကို ကာကွယ်ဖို့ မင်းကိုအပ်ခဲ့မယ်” မုလန် ပြောလေသည်။
ရှီအာမို့သည် အတန်ကြာတိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေလေသည် “ဟုတ်ပါပြီ”
သူသည် စကားလှလှများ မပြောတတ်ပေ။ မုလန်တွင် မထင်မှတ်ထား သည့်ကိစ္စများ အမှန်တကယ်ဖြစ်လာပါက ဤဝန်ထုပ်ဝန်ပိုးကို သူ့ပခုံးပေါ် ပြောင်းထမ်းရမည်မှာ အသေအချာပင်ဖြစ်သည်။
သို့သော် ရှီမာယူယူ အံ့ဖွယ်ဆေးကို ရှာနိုင်လိမ့်မည်ဟု သူ မျှော်လင့်နေ တုန်းပင်ဖြစ်သည်။ ထိုမှသာ သူတို့အားလုံးအတွက် အကျိုးရှိမည်ဖြစ်သည်။
ရှီမာယူယူနှင့်ဝူလင်းယူတို့သည် နန်းတော်မှထွက်ကာ သေမင်းတောင် ကြားဆီသို့ ဦးတည်သွားလိုက်ကြသည်။ လှည့်ပတ်သွားလာပြီး တစ်လကြာ သောအခါ သူတို့သည် နောက်ဆုံးတောင် တောင်ကြားနှင့် အနီးဆုံးမြို့ဖြစ်သည့် ပူဆွေးခြင်းမြို့ကိုရောက်လေသည်။
“သေမင်းတောင်ကြား… ပူဆွေးခြင်းမြို့… ဒီကနာမည်တွေက ဘာလို့ မင်္ဂလာမရှိရတာလဲ” ရှီမာယူယူသည် နှုတ်ခမ်းတွန့်မိသည်။ နာမည်များကို ကြာ်လိုက်သည်နှင့် သေဆုံးခြင်းနှင့်နီးစပ်သွားသလိုပင်။
ဝူလင်းယူ ပြုံးပြီး ပြောလိုက်သည် “ကိုယ်တို့တွေက သေမင်းတောင်ကြား နဲ့အရမ်းမရင်းနှီးဘူးလေ အဲဒါကြောင့် မဝင်သေးနဲ့ဦး.. လက်ရှိအခြေအနေကို စုံစမ်းပြီးမှ ဝင်ရအောင်.. ကိုယ်တို့ကို လမ်းပြပေးမယ့်သူရှာပြီး လမ်းပြခိုင်းလိုက် တာအကောင်းဆုံးဖြစ်မယ်”
“အင်း” ရှီမာယူယူ သဘောတူလိုက်သည်။ နေရာကို သူမ အရင်ရင်းနှီး အောင်လုပ်ခြင်းသည် ထက်မြက်သော ဆုံးဖြတ်ချက်တော့မဟုတ်ပေ။
သူတို့နှစ်ယောက်သည် မြို့ထဲသို့ဝင်ပြီး တည်းခိုရန် တည်းခိုဆောင်ရှာ လိုက်သည်။ လမ်းတစ်လျှောက်တွင် သူတို့နှင့်တွေ့သည့်လူများသည် သူတို့ကို တည့်တည့်ပင် မကြည့်ကြပေ။ ဤနေရာရှိ တည်းခိုဆောင်များသည် တခြား မြို့များနှင့်ယှဉ်နိုင်သည်ကို ကြည့်ခြင်းအားဖြင့် အပြင်လူများလာတတ်သည့်ပုံ ပင်။
သူတို့နှစ်ယောက်သည် နေထိုင်ရန် အသေးစိတ်ပြင်ဆင်ပြီးနောက် တည်းခိုဆောင် တာဝန်ခံကိုမေးလိုက်သည် “တာဝန်ခံ.. ဒီမှာ သေမင်းတောင် ကြားကို လမ်းပြပေးမယ့်လူများရှိလားလို့ သိလား”
“လမ်းပြလား” တာဝန်ခံသည် ခေါင်းခါလေသည် “နယ်ခံတွေကတော့ အဲလိုလုပ်တာ အရမ်းရှားတယ်”
“အန္တရာယ်များလို့လား”
“ဟုတ်တယ်” တာဝန်ခံ ပြောလိုက်သည် “ပိုက်ဆံများများပေးရင် လုပ် ချင်တဲ့ သတ္တိကောင်းတဲ့လူရှိတယ်လို့ ပြောလို့ရပေမဲ့ အဲလိုသတ္တိရှိတဲ့လူက ရှာဖို့ ခက်တယ်.. အဆက်အသွယ်ကောင်းကောင်းမရှိရင်တော့ အဲလိုလူမျိုးကို ရှာဖို့ ခက်လိမ့်မယ်”
“ခင်ဗျားပြောသလိုဆိုရင် သေမင်းတောင်ကြားက အန္တရာယ်က သာမန် တော့မဖြစ်နိုင်ဘူး.. ဘာလို့ လူတွေအများကြီးဝင်ကြတာလဲ”
“အဲဒီမှာ ရတနာအများကြီးရှိလို့လေ.. အဲဒါက အရမ်းအရေးကြီးတဲ့ အကြောင်းပြချက်ပဲ.. အပြင်လူတွေက ဒဏ္ဍာရီကို မယုံကြဘူး.. နယ်ခံတွေက တော့ ယုံကြတယ်… အဲဒါကြောင့် ဝင်တဲ့လူရှားတယ်” တာဝန်ခံ ပြန်ဖြေလေ သည်။
“အိုး ဒဏ္ဍာရီရှိတာလား” ရှီမာယူယူ သိချင်စိတ်မြင့်တက်လာသည် “တာဝန်ခံ ကျွန်မတို့ကို ဘာလို့မပြောရမှာလဲ”
အစတော့ တာဝန်ခံသည် ပြောချင်ပုံမရပေ။ သူသည် ပုံပြင်ပြောသူ မဟုတ်ပေ။ သို့သော် ရှီမာယူယူ ထုတ်ပြလိုက်သည့် ကျောက်များကိုမြင်သော အခါ မျက်နှာမှာအလိုလိုပြုံးသွားလေသည်။
“ဒါပေါ့ ဒါပေါ့.. ဘာသိချင်တာလဲ” သူသည် ကျောက်များကို သိမ်းလိုက် သည်။
“သေမင်းတောင်ကြား အကြောင်း သိသမျှပြောပြပါ”
“ဟုတ်ပြီ ဒါဆိုရင် မနှင်းဖြူအကြောင်းက စပြောတာပေါ့”
“ဖူး.. ဘာပြောလိုက်တယ်” ရှီမာယူယူသည် ချက်ချင်းပင် ရယ်မောလေ သည်။ ‘မနှင်းဖြူ’ ဆိုသည့် စကားများကို ကြားလိုက်ချိန်တွင် အရင်ဘဝတုန်းက ကျွန်းနိုင်ငံမှ နှင်းမိန်းကလေးအကြောင်းပုံပြင်ကို သတိရမိသွားသည်။
“မနှင်းဖြူလေ… သေမင်းတောင်ကြားရဲ့ နှင်းတောင်မှာ နှင်းမိန်းကလေး တစ်ယောက်နေထိုင်တယ်လို့ ပြောကြတယ်.. သူမက မြင်မြင်သမျှကိုစားတယ် တဲ့” တာဝန်ခံပြောလေသည်။
“အဲဒီမနှင်းဖြူက လှလား” ရှီမာယူယူ မေးလိုက်သည်။
“ငေးမောလောက်အောင်ပါပဲ.. သူမက မိန်းမလှလေးဆိုပြီး ပြောကြတယ် အဝေးကကြည့်ရင် သူမက နတ်ဘုရားတစ်ပါးအလားပဲ.. ပြီးတော့ သူမရဲ့ ပါးစပ်က လူတစ်ယောက် အရွယ်အစားထက်တောင်ကြီးလို့ အကုန်လုံးကို တစ်လုတ်တည်းနဲ့စားနိုင်တယ်တဲ့” တာဝန်ခံသည် ပြောရင်းနှင့် ချွေးမေးများ ပျံလာသည်။
“ဟုတ်လား.. သူမက မြင်တဲ့လူတိုင်းကိုစားတယ်ဆိုတော့ အဲဒီကောလာ ဟလက ဘယ်လိုပြန့်လာတာလဲ” ရှီမာယူယူသည် နှုတ်ခမ်းတွန့်မိသည်။ ထိုဇာတ်လမ်းသည် သရဲပုံပြင်မဟုတ်ပေ။ သားရဲအဖြစ်မပြောင်းဘူးဆိုရင် ပါးစပ်ကို ဘယ်လိုလုပ် အကျယ်ကြီးဟ,နိုင်မှာလဲ။
“အဲဒါကတော့ မြင်တဲ့လူရှိလို့ပေါ့” တာဝန်ခံပြောလေသည် “နှင်းတောင် နဲ့ခပ်ဝေးဝေးမှာရပ်တဲ့လူက အဖြစ်အပျက်ကိုမြင်ခဲ့တာ.. အစတုန်းကတော့ မိန်းမလှလေးပဲ ဒါပေမဲ့ သူမရဲ့ပါးစပ်က ရုတ်တရက်ကြီး ကျယ်လာတာ.. တကယ်ကြီး သူမရဲ့ပါးစပ်က အကျယ်ကြီးဖြစ်လာတာ..မယုံတဲ့သူတွေကတော့ သွားစုံစမ်းကြတယ်.. နောက်ဆုံးတော့ အဲဒီကိုသွားတဲ့လူတွေ.. မဟုတ်သေးဘူး ဘယ်လောက်အားကောင်းကောင်း ဘယ်သူမှပြန်မလာနိုင်ကြဘူး။
***