အပြစ်သားပြခန်း
Vol. 152 Ch. 2117
ရှီမာယူယူနှင့် ဝူလင်းယူတို့သည် အချင်းချင်းကြည့်လိုက်ကြရာ မျက်လုံး ထဲမှ စိတ်ဝင်စားမှုများကို တစ်ယောက်နှင့်တစ်ယောက် မြင်လိုက်ရသည်။
“ဒီနှင်းဖြူမိန်းကလေးက တော်တော်လေးကို မိုက်တာပါလား.. ဒါဆို နှင်း တောင်ပေါ်ကို ဘယ်သူမှမသွားကြဘူးပေါ့” ရှီမာယူယူ မေးလိုက်သည်။
“ဟုတ်တယ်.. အခု သေမင်းတောင်ကြားမှာ တားမြစ်နေရာဖြစ်သွားပြီ” တာဝန်ခံပြောလေသည် “မင်းတို့ သွားရင်တော့ အဲနေရာကိုတော့ မသွားကြနဲ့ နော်”
“ဟုတ်ပါပြီ ကျွန်မနားလည်ပြီ” ရှီမာယူယူ ပြန်ဖြေလိုက်သည် “တခြား ဒဏ္ဍာရီများရှိသေးလား”
“ရှိတယ် နှင်းဖြူမိန်းကလေးအပြင် အများကြိးရှိသေးတယ်… ဥပမာဆို ရင် လူသားစားစမ်းချောင်းရှိတယ်.. အဲဒီစမ်းချောင်းက ချင်းတောင်ရဲ့အောက် ခြေမှာရှိတယ်.. အရမ်းကိုကြီးတဲရေတံခွန်ပဲ.. အဲဒီရေတံခွန်နားကို သွားတဲ့လူ မှန်သမျှ အရိုးပုံဖြစ်သွားတာပဲ” တာဝန်ခံ ဆက်ပြောလေသည် “ဒါပေမဲ့ အဲဒီကို သွားတဲ့လူတွေ များနေတုန်းပဲ”
“ဘာလို့လဲ”
“ရေတံခွန်က ရေက လူတစ်ယောက်ရဲ့ အရည်အချင်းကို ပြောင်းလဲပေး နိုင်တယ်.. အဆင့်မတက်နိုင်ဘဲ တန့်နေတဲ့သူတွေကို နောက်တစ်ဆင့်တက်စေ တယ်.. တောင်ကျရေက သေလူကိုတောင် အရိုးနဲ့အသားတွေ ပြန်ပြည့်လာစေ နိုင်တယ်လို့ ပြောတဲ့လူတောင်ရှိတယ်”
“သူတို့တွေက ရေတံခွန်ရေရဲ့ သက်ရောက်မှုကို သိနေကြတာဆိုတော့ ရေကိုရအောင်ယူနိုင်တဲ့လူတွေလည်း ရှိမှာပေါ့” ဝူလင်းယူ ပြောလိုက်သည်။
“အဲဒါတော့ ကျုပ်လည်းမသိဘူး” တာဝန်ခံသည် ပခုံးတွန့်လေသည် “အဲဒါက ဒီအတိုင်းဒဏ္ဍာရီပဲမလား… ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူမှ အရင်က မမြင်ဖူးဘူး”
“တခြားရောရှိသေးလား”
“မိုးနီရွာတဲ့ တောင်တစ်တောင်လည်းရှိသေးတယ်.. မိုးနီနဲ့ထိမိပြီဆိုရင် ဆွေးမြေ့သွားတတတ်တယ်.. ဝိညာဉ်မျိုးနွယ်ကလူတွေ မိုးနီနဲ့ထိမိရင်တော့ အသက်ပါ အန္တရာယ်ရှိတယ်” တာဝန်ခံသည် ပြောပြီးနောက် ရှီမာယူယူကိုပင် ကြည့်လိုက်သေးသည်။
ရှီမာယူယူ အံ့ဩသွားသည်။ ဒီတာဝန်ခံက ဟုတ်လှချည်လား။ သူမက ဝိညာဉ်မျိုးနွယ်ခန္ဓာကိုယ်ဖြစ်နေတာကိုတောင် သိတယ်။
တာဝန်ခံသည် သေမင်းတောင်ကြားနှင့် ပတ်သက်သည့် ဒဏ္ဍာရီများ အားလုံးကို အဆုံးထိပြောပြလေသည်။ သူမသည် ထုံကျဉ်လာသည်အထိ နားထောင်ပြီး သက်ပြင်းချလိုက်သည်။
အဲဒါကြောင့် သေမင်းတောင်ကြားလို့ ခေါ်တာကိုး။ ဒဏ္ဍာရီတွေက သူတို့ တွေ မှင်တက်သွားတဲ့အထိ တွေးလို့တောင်မရတဲ့ဟာတွေပဲ။
“ဒီလောက်အများကြီး နားထောင်ပြီးသွားတော့ တောင်ထဲကိုဝင်ကြဦးမှာ လား” တာဝန်ခံမေးလေသည်။
“သေချာပေါက် သွားရမှာပေါ့” ထိုဒဏ္ဍာရီများကြောင့်နှင့် ရှီမာယူယူ၏ စိတ်ပြောင်းလဲသွားရန်မှာ မဖြစ်နိုင်ပေ “ဒါပေမဲ့ လမ်းပြမပါဘဲ ဝင်သွားလိုက်ရင် တော့ မျိုချခံရတာထက်တောင် ပိုဆိုးသွားနိုင်တယ်.. တာဝန်ခံ.. ရှင်က ဒဏ္ဍာရီ တွေဒီလောက်အများကြီး သိနေတာ ဒီမှာနေလာတာကြာပြီထင်တယ်.. လမ်းပြ တစ်ယောက်ယောက်လောက် မသိဘူးလား စိတ်ချရလောက်မယ့်လူ ထောက်ခံ ပေးနိုင်မလား”
“ကျုပ် ဘယ်သူ့ကိုမှမသိဘူး” တာဝန်ခံသည် ခေါင်းခါလေသည် “ဒါပေမဲ့ ဝင်ချင်ရင်တော့ တခြားသူတွေနဲ့ အဖွဲ့ဖွဲ့လို့ရတယ်”
“အဖွဲ့ဖွဲ့မယ်ဟုတ်လား”
“အတူတူသွားမယ့်လူကိုရှာနေတဲ့ မင်းတို့လိုလူတွေ အများကြီးရှိတယ်.. အဲဒါကြောင့် မင်းတို့တွေအဖွဲ့ဖွဲ့လို့ရတယ်” တာဝန်ခံ ပြောလေသည် “လူတွေ ပါလာဖို့ နည်းလမ်းနှစ်ခုရှိတယ်”
သူသည် ရှီမာယူယူကိုကြည့်လိုက်သည်။ သူတို့နှစ်ယောက်သည် သူ့ကို ကြည့်ရုံမျှသာကြည့်နေကြသည်။ သူတို့တွင် ပျော်သွားသည့်လက္ခဏာပင် ရှိမနေပေ။ သူသည် ဆက်ပြောရတော့သည် “ပထမတစ်ခုက နယ်ခံတွေဖွဲ့ထား တာပဲ၊ အဲဒါအတွက်တော့ ပိုက်ဆံပေးရင် ဝင်လို့ရတယ်.. လမ်းပြတစ်ယောက် လည်းပါမယ်.. ပြီးတော့ မင်းတို့ကိုကာကွယ်ပေးဖို့ သခင်တွေလည်းပါမယ်.. ဒီနည်းလမ်းက မဝင်ခင် အချိန်ရော လိုအပ်တဲ့လူအရေအတွက်ကိုရော ညှိလို့ရ တယ်.. ဒါဆိုရင် မင်းတို့သွားချင်တဲ့လမ်းကို ခေါ်သွားပေးလိမ့်မယ်”
“ဒီလိုအခြေအနေက စီးပွားရေးကို အခြေခံတာပဲ” ရှီမာယူယူ ပြောလိုက် သည်။
“ဟုတ်တယ် အဖွဲ့ဝင်ကြေးက အရမ်းဈေးကြီးတယ်.. ဒါပေမဲ့ လမ်းပြက လည်း ပိုကောင်းတယ်” တာဝန်ခံပြောလေသည်။
“ဒုတိယတစ်ခုကရော”
“ဒုတိယတစ်ခုကလည်း လူတွေနဲ့ ဖွဲ့စည်းတာပဲ.. သူတို့မှာလည်း လမ်းပြ ကောင်းကောင်းရှိတယ်.. သူတို့လည်းဝင်ဖို့ပြင်ကြတဲ့လူတွေပဲ.. ဒါပေမဲ့ သူတို့ရဲ့ အရည်အချင်းကတော့ အရမ်းမသန်မာဘူး.. အဲဒါကြောင့် လူအင်အားအများ ကြီးလိုကြတယ်.. မင်းတို့ဝင်သွားပြီးရင်တော့ သူတို့ကိစ္စကိုအရင်ဖြေရှင်းဖို့လို တယ်.. ပြီးရင် မင်းတို့ကိစ္စကိုလုပ်ပေါ့” တာဝန်ခံ ပြောလေသည် “သူတို့ အဖွဲ့ထဲ ကို ဝင်ဖို့ ဘာဝင်ကြေးမှပေးဖို့မလိုဘူး ဒါပေမဲ့ လွတ်လပ်မှုတော့မရှိဘူး”
“အားနည်းချက် အားသာချက်တော့ရှိသားပဲ” ရှီမာယူယူ ပြောလိုက်သည် “အဲဒီနှစ်မျိုးလုံးက အမြဲတမ်းရလား”
“ပုံမှန်အားဖြင့်တော့ အမြဲရှိတယ်.. ဒါပေမဲ့ မင်းကံပေါ်လည်း မူတည်သေး တယ်.. မင်းတို့တွေ မြို့အလယ်က အပြစ်သားဆိုတဲ့ပြခန်းကို သွားလိုက်လို့ ရတယ်၊ အဖွဲ့ရှိတယ်ဆို အဲဒီမှာစုကြတယ်”
“ကျေးဇူးပဲ” ရှီမာယူယူသည် ခုံပေါ်သို့ ကျောက်များထပ်တင်လိုက်သည်။ ထို့နောက် အခန်းသော့များယူပြီး ထွက်သွားလေသည်။
နှစ်နာရီကြာပြီးသော်… ရှီမာယူယူသည် စာလုံးကြီးနှစ်လုံးကိုကြည့်ပြီး တအံ့တဩပြောလိုက်သည် “တာဝန်ခံပြောတုန်းက ဆိုင်လို့ထင်နေတာ… တကယ်ကြီး အပြစ်သားပြခန်းဖြစ်မယ်လို့မထင်ဘူး.. ဘယ်လိုသူဌေးကများ ဒီလိုနာမည်ပေးရတာလဲ”
“မိန်းကလေး… ရှူး ဒီကသူဌေးကလုံးဝကို ဩချလောက်စရာပဲ သူ့ အကျင့်ကတော့ အရမ်းမကောင်းဘူး သူ့ကိုမကောင်းသွားမပြောနဲ့ မဟုတ်ရင် ပူဆွေးခြင်းမြို့မှာ နေလို့ရတော့မှာတောင်မဟုတ်ဘူး”
ရှီမာယူယူသည် လျှို့ဝှက်ဆန်းကြယ်သော အဘိုးကြီးကိုမြင်သောအခါ မျက်လုံးများကိုခတ်လိုက်သည် “အဘိုးကရော အခု သူ့ကိုမကောင်းပြောနေ တာမဟုတ်ဘူးလား”
“မင်းမပြောဘူး၊ ငါမပြောဘူးဆို သူက ဘယ်လိုလုပ်သိမှာလဲ” အဘိုးကြီး သည် ပြုံးပြီးပြောလိုက်သည်။
ရှီမာယူယူသည် နှုတ်ခမ်းကိုတွန့်လိုက်သည်။ ပြီးနောက် သူရှိရာဘက်သို့ ခေါင်းညိတ်ပြလိုက်သည်။
“မိန်းကလေး မင်းက သေမင်းတောင်ကြားကိုသွားတဲ့ အဖွဲ့ဆီကိုလာတာ လား” အဘိုးကြီးသည် ရှီမာယူယူကို ကြည့်လိုက်သည်။
ဝူလင်းယူသည် ရှေ့သို့ထွက်ပြီး အဘိုးကြီး၏ မြင်ကွင်းကိုပိတ်လိုက်၏။ သူသည် အဘိုးကြီးအား လက်သီးဆုပ်ဖြင့်အရိုအသေပြုကာ ပြောလိုက်သည် “စီနီယာကြီးက ဒီမြို့ခံလား”
အလှလေးပိတ်ပင်ခံလိုက်ရသဖြင့် အဘိုးကြီး၏ အပြုံးမှာ အတော်ပင် လျော့ကျသွားသည်။ သူသည် တိုးညင်းစွာပြောလေသည် “အဲလိုပြောရမှာပေါ့ ငါ ဒီမှာနေခဲ့တာ တော်တော်ကြာပြီ”
“ဒါဆိုရင် စီနီယာ ဒီကကိစ္စတွေကို တော်တော်သိမှာပေါ့” ရှီမာယူယူသည် ဝူလင်းယူနောက်မှ ခေါင်းပြူထွက်လာသည်။
ရှီမာယူယူကို မြင်ရသည်နှင့် အဘိုးကြီးသည်ပြန်ပြုံးသွားကာ ဂုဏ်ယူစွာ ပြောလေသည် “ဒါပေါ့”
“အဘိုးလည်း အဖွဲ့ထဲဝင်ဖို့လာတာလား” ရှီမာယူယူ ထပ်မေးပြန်သည်။
“အဲလိုပြောရမှာပေါ့”
လာပြန်ပြီ ထိုစကား… ရှီမာယူယူသည် တဒင်္ဂမျှစဉ်းစားပြီးနောက် ပြော လိုက်သည် “ကျွန်မတို့က အခုမှရောက်ဖူးတာ ဘာမှသိပ်မသိဘူး.. စီနီယာနဲ့ ဘာလို့မလိုက်ရမှာလဲ.. ပြီးတော့ အဖွဲ့ဘယ်လိုဖွဲ့ရမလဲသင်ပေးလေ”
“ရတာပေါ့” သူသည် ဝူလင်းယူအားကျော်ကာ ရှီမာယူယူ၏လက်ကိုဆွဲ ပြီး အပြစ်သားပြခန်းဆီသို့ လျှောက်ဝင်သွားလေသည်။
ရှီမာယူယူ၏ မျက်အိမ်များကျယ်လာသည်။ ပါးနပ်လိုက်တဲ့ လူအိုကြီးပါ လား။
ဝူလင်းယူ ပေါက်ကွဲတော့မည်ကို မြင်သောအခါ သူမ လက်ကိုပြန်ဆွဲပြီး ပြောလိုက်သည် “စီနီယာ လမ်းပြပါ”
အဘိုးကြီးသည် နှုတ်ခမ်းဆူသွားသည်။ သို့သော် သူသည် စည်းကျော် သည့်ကိစ္စမလုပ်ပေ။ သူသည် လက်ကိုနောက်ပြန်ပစ်ကာ ဝင်သွားသည်။
ရှီမာယူယူနှင့် ဝူလင်းယူတို့ဝင်သွားရာ ကျယ်ပြန့်သောဧည့်ခန်းကို မြင်လိုက်ရသည်။ ဧည့်ခန်းကြမ်းပြင်တွင် စားပွဲများဖြင့်ပြည့်နေသည်။ စားပွဲ တစ်ခုချင်းစီတွင် လူနှစ်ယောက်ထိုင်နေပြီး စားပွဲတိုင်းတွင် အဖွဲ့များ၊အတိုင်ပင် ခံများဖြင့် စည်ကားလျက်ရှိသည်။
“ဒီမြင်ကွင်းက အရင်ဘဝတုန်းက အလုပ်လျှောက်မယ့်ပုံစံကို မြင်နေရ သလိုပဲ” ရှီမာယူယူ အံ့ဩသွားသည်။
သူမ၏ အရင်ဘဝသည် ယခုအချိန်တွင် အလှမ်းဝေးသွားခဲ့လေပြီ။ သို့သော် မှတ်ဉာဏ်များသည် သူမ၏ အသိစိတ်ထဲတွင် ပုံနှိပ်ထားသလိုပင်။
“မင်းတို့လည်း အဖွဲ့ဝင်ချင်လို့လား” အကြီးအကဲ မေးလေသည်။
“မသိသေးဘူး.. ဒီကိုအခုမှရောက်ဖူးတာဆိုတော့ အရင်ဆုံးကြည့်လိုက်ဦး မယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဘယ်ဘက်က ပိုက်ဆံပေးရမယ့်အဖွဲ့.. ညာဘက်က ပိုက်ဆံပေးဖို့မလို ဘူး” အဘိုးအိုသည် တစ်စုံတစ်ယောက်ကို မမြင်ချင်သည့်ပုံပင်၊ ထို့ကြောင့် သူ ရှီမာယူယူကို ပြောလိုက်သည် “မင်းတို့ဘာသာ ကြည့်လို့ရတယ်.. ငါ လုပ်စရာ ကိစ္စလေးရှိလို့ သွားနှင့်တော့မယ်”
ရှီမာယူယူ ဘာမှမပြောလိုက်ရခင်မှာပင် သူ လူအုပ်ကြားထဲဝင်ပြီး ချက်ချင်းပင် အဆောက်အဦးအပေါ်သို့ တက်သွားသည်ကို မြင်လိုက်ရသည်။
သူမသည် ဒုတိယအထပ်လှေကားအဝင်ရှိ စာကိုကြည့်လိုက်သည်။ ထိုနေရာသည် အထူးဧည့်သည်များအတွက်ဟုရေးထားကာ ထိုအဘိုးကြီးသည် အထူးဧည့်သည်ဖြစ်သည့်ပုံပင်။ သူ၏စွမ်းရည်ကို စဉ်းစားကြည့်လျှင် သူမ အံ့ဩ မနေတော့ပေ။
“အဲလူက မရိုးရှင်းဘူး” ဝူလင်းယူ ပြောလိုက်သည်။
“ရှင်နဲ့ယှဉ်နိုင်လား”
“ယှဉ်ကြည့်မှသိမှာပဲ”
ဝူလင်းယူတောင် နိုင်ဖို့ အာမ,မခံနိုင်ဘူးလား။ အဲလူရဲ့ သရုပ်မှန်က တကယ်ပဲဘာလဲ။
ရှီမာယူယူသည် လှေကားမှ ပျဉ်ချပ်ကိုကြည့်လိုက်သည်။ ထိုအထပ်သည် ရိုးရိုးရှင်းရှင်း အထူးဧည့်သည်များအတွက် မဟုတ်နိုင်ပေ။
***