← Chapters

အဖွဲ့ထဲဝင်ခြင်း

Vol. 152 Ch. 2118

အဖွဲ့ထဲဝင်ခြင်း

Vol. 152 Ch. 2118

ကမ္ဘာပေါ်တွင် သန်မာသောလူများစွာရှိသည်။ ထို့ကြောင့် ထူးဆန်းသည့် အဘိုးအိုနှင့် တွေ့သည်မှာ ထူးခြားသည့်အရာတာ့မဟုတ်ပေ။ ထို့ကြောင့်ပင် ရှီမာယူယူသည် အဘိုးအိုကို တွေးမနေတော့ဘဲ ဝူလင်းယူနှင့်အတူ အဖွဲ့များ အကြောင်းကို စုံစမ်းလေသည်။

သူတို့သည် ဝင်ကြေးပေးရသည့်အဖွဲ့ကို သွားကြည့်သည်။ စားပွဲတိုင်းတွင် ဇယားတစ်ခုတင်ထားသည်။ ထိုဇယားတွင် လမ်းပြမည်သူ၊ သေမင်းတောင် ကြားကို မည်မျှဝင်ခဲ့သည်၊ ကိုယ်ရံတော်ကျွမ်းကျင်သူများ မည်မျှလိုက်ပါမည် အစရှိသဖြင့် သတင်းအချက်အလက်များကို ရေးထားသည်။

ဝင်ကြေးမပေးရသည့်အဖွဲ့များတွင်လည်း သူတို့၏လမ်းပြနှင့် သခင်များ ကိုရေးထားသည်။ တစ်ချိန်တည်းမှာပင် သူတို့လုပ်ချင်သည့်အရာများနှင့် သွား မည့်နေရာများကိုပါ ချရေးထားကြသည်။ ထိုနေရာနှင့် အနီးအနားနေရာသို့ သွားလိုသည် သို့မဟုတ် တစ်စုံတစ်ခုဝယ်လိုပါက သူတို့နှင့်အတူ ပူးပေါင်းနိုင် သည်။

ရှီမာယူယူကြည့်ပြီးနောက် သူတို့၏လုံခြုံရေးအတွက် ဝင်ကြေးများများ ပေးရသည့် အဖွဲ့ကိုရွေးလိုက်သည်။ အားအကောင်းဆုံးအဖွဲ့နောက်ကိုလိုက် လျှင် အနည်းဆုံးတော့ အစပိုင်းကိုစိတ်ပူရန်မလိုတော့ပေ။

သူတို့ ငွေပေးချေပြီးနောက် ထိုလူများသည် သူတို့ကို စာရွက်ပေးလေ သည်။ တောင်ကြားသို့ဝင်ပြီးနောက် လိုအပ်မည့်အချက်များကို စာရွက်ထိပ် တွင် ရေးထားသည်။ တင်းကြပ်ထားသည့်ကိစ္စများစွာကိုမြင်သောအခါ ရှီမာ ယူယူသည် ထိုအဖွဲ့ကိုဝင်လိုက်ခြင်းအတွက် နောင်တရသွားသည်။

သူတို့ ပြန်အမ်းငွေပေးမလားကိုတော့ မသိပေ။ ထိုအတွေးနှင့် ဆက်ဖတ် ရာ နောက်ဆုံးစာကြောင်းအရောက်တွင် တစ်ခါငွေပေးချေပြီးသည်နှင့် ပြန် အမ်းငွေမရနိုင်ကြောင်းကို ဖတ်လိုက်ရလေ၏။

အာ.. အရင်က ပြန်အမ်းငွေတောင်းဖူးတဲ့လူ များလို့ အဆုံးမှာ ဒီလို စာ ကြောင်းထည့်လိုက်တာဖြစ်မယ်။

“ပြန်မအမ်းဘူးဟုတ်လား.. ဘာလို့ ပြန်မအမ်းတာလဲ၊ ငါတို့ ပိုက်ဆံပေး လိုက်တာမှ မိနစ်ပိုင်းပဲရှိသေးတယ်.. အခုကျ မင်းတို့က ငါ့ကိုမသိသလိုလာလုပ် နေတယ်” အက်ရှသောအသံထွက်လာသည်။ ကျယ်လောင်သောအသံသည် ဆူညံသောဧည့်ခန်း၌ပင် ရှင်းလင်းစွာ ကြားလိုက်ရသည်။

ပြဿနာရှာနေသည့်လူကို မြင်သောအခါ ဧည့်ခန်းဆောင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ အားလုံးသည် အသံလာရာကိုကြည့်လိုက်ကြသည်။

ရှီမာယူယူသည်လည်း ခေါင်းလှည့်ကြည့်လိုက်သည်။ ထိုအဖွဲ့သည် သူမ ဝင်လိုက်သည့်အဖွဲ့ပင်ဖြစ်သည်။ သူမသည် စကားမပြောနေသောထိုလူကို အရင်ကပင် သတိထားမိသည်။ သူသည် သူမထက်အရင် နှစ်နေရာကို ပူးပေါင်း ခဲ့သည်။ ယခု သူသည် ထိုအချက်အလက်များကို မြင်ပြီးနောက် နောင်တရသွား သည့်ပုံပင်။

“အဲဒီမှာမြင်ထားတာမမြင်ဘူးလား.. တစ်ခါပေးပြီးတာနဲ့ ပြန်အမ်းငွေ အမ်းမပေးဘူး” ပျင်းရိသောအသံတစ်သံထွက်လာသည် “အကုန်လုံးသာ မင်းလို ပဲ ကိုယ်ပြန်ထုတ်ချင်တိုင်းထုတ်နေရင် ငါတို့ပဲအလုပ်ရှုပ်မှာမဟုတ်ဘူးလား.. သေမင်းတောင်ကြားကို သွားဖို့ဘယ်မှာအချိန်ရှိတော့မှာလဲ”

“မင်းတို့က ငွေညှစ်နေတာပဲ.. ငါတို့က ဝင်တောင်မဝင်သေးဘူး အဲဒါကို ဘာလို့ ပြန်အမ်းငွေမရတာလဲ” ထိုလူ ပြန်ချေပလေသည်။

“ဘာလို့လဲ ဒါက အပြစ်သားပြခန်းဖြစ်နေလို့လဲ.. ကောင်စုတ်လေး မင်း ပြဿနာရှာချင်ရင် ဒီနေရာက ဘယ်နေရာလဲဆိုတာ အရင်စဉ်းစားလိုက်ဦး” ပျင်းရိသောအသံသည် လုံးဝပင် စိတ်လှုပ်ရှားသွားခြင်းမရှိပေ။ သူ့ကို တစ်စုံ တစ်ယောက်က ခြိမ်းခြောက်နေသည့်ပုံလည်းမပေါက်ပေ။

သို့သော် ရှီမာယူယူကို ပို၍အံ့ဩသွားစေသည်မှာ ထိုလူသည် အပြစ်သား ပြခန်းဟု ပြောပြီးနောက် သူ့ခန္ဓာကိုယ်မှာတောင့်တင်းလာသည်။ သူသည် လူများကို တွန်းဖယ်ပြီး ထွက်သွားလေသည်။

“သူက ဒီအတိုင်းထွက်သွားတာလား.. ခုနကပဲ အော်ဟစ်နေတာမဟုတ် ဘူးလား” ရှီမာယူယူသည် ထိုလူ၏ကျောပြင်ကို စိုက်ကြည့်နေသည်။ သူမသည် ပွဲကြီးပွဲကောင်းကြည့်ရတော့မည်ဟု ထင်ထားသော်လည်း ပွဲမစခင်ပင် ပြီးသွား လိမ့်မည်ဟု ထင်မထားပေ။

သူမအနောက်မှလူသည် သူမ၏စကားကိုကြားသောအခါ ရယ်မောလေ သည် “သူက ပြဿနာရှာချင်ရင်တောင် နေရာဒေသကိုကြည့်ရဦးမယ်လေ ဒီ နေရာက အပြစ်သားပြခန်းပဲ.. ဒီမှာဘယ်သူပြဿနာရှာရဲမှာလဲ”

“အပြစ်သားပြခန်းက အဲလောက်တောင် မိုက်တာလား”

“ပူဆွေးခြင်းမြို့မှာဆိုရင် အပြစ်သားပြခန်းက မြို့စားထက်တောင် ရာထူးမြင့်သေးတယ်.. ဒီမှာ လာပြီး ရမ်းကားရင် ပူဆွေးခြင်းမြို့မှာ သွားလာနေ ဖို့ မစဉ်းစားနဲ့တော့.. မင်းက ဒီကိုအခုမှရောက်ဖူးတာမလား” ရှီမာယူယူ ခေါင်း ညိတ်သည်ကို ကြည့်ပြီး ထိုလူဆက်ပြောလေသည် “ဒါဆို ပုံမှန်ပဲ.. မင်းက ပူဆွေးခြင်းမြို့နဲ့ သေမင်းတောင်ကြားကိုတောင်မသိတာ.. တစ်ယောက်တည်း လည်း ရှင်သန်နိုင်မှာမဟုတ်ဘူး.. မင်းတခြားသူတွေနဲ့ ပူးပေါင်းပြီး အဖွဲ့ဖွဲ့ဖို့လို တယ်.. ဒါပေမဲ့ အပြစ်သားပြခန်းကို ပြစ်မှားမိရင်တော့ ဘယ်သူကမှ မင်းကို ခေါ်မှာမဟုတ်တော့ဘူး”

“အပြစ်သားပြခန်းက အဲလောက်တောင် မိုက်တာလား” ရှီမာယူယူ သည် အပြစ်သားပြခန်းအကြောင်းကို ပိုသိချင်လာသည်။

“မိန်းကလေး မင်း ဒီမှာကြာကြာနေဖို့ အစီအစဉ်မရှိဘူးဆိုရင် အဲဒါတွေကို နားလည်ဖို့မလိုဘူး.. မင်းကြောက်မသွားဖို့ကိုပဲ ဂရုစိုက်”

“ကျွန်မမကြောက်ဘူး… ကျွန်မက သတ္တိရှိတဘ်” ရှီမာယူယူသည် အပြစ် သားပြခန်းအကြောင်း ထပ်ကြားချင်သည့် မျှော်လင့်ချက်နှင့် သူ့ကို ကြည့် လိုက်သည်။

“မင်းကြည့်လေ ဒီမှာအားကောင်းတဲ့အဖွဲ့တွေ အများကြီးရှိပေမဲ့ အကုန် လုံးကို အပြစ်သားပြခန်းက စီမံနေတာ.. အပြစ်သားပြခန်းက သူဌေး တစ်ခုခုပြောလိုက်ရင် ဘယ်သူက နားမထောင်ဘဲနေရဲမလဲ”

“အဲတော့ အကုန်လုံးကို အပြစ်သားပြခန်းက စီမံနေတာပေါ့” သူမ သည် အရင်က ထိုအကြောင်းကို မခန့်မှန်းမိပေ။

“ဟုတ်တယ် ပြီးတော့ အဖွဲ့တိုင်းမှာ ကိုယ်ရံတော်တွေရှိကြတယ်.. တချို့ ကို သူတို့ဘာသာခန့်ထားကြပေမဲ့ အဖွဲ့တွေထဲက အားအကောင်းဆုံးတွေက အပြစ်သားပြခန်းကလူတွေချည်းပဲ.. အဲလောက်တောင် ဩချရလောက်တဲ့ လူတွေများတာ ဒီမှာဘယ်သူကရမ်းကားရဲတော့မှာလဲ”

“ရှင်ပြောသလိုဆိုရင် အပြစ်သားပြခန်းက တကယ်ကို မိုက်တာပဲ” ရှီမာယူယူ သက်ပြင်းချလိုက်သည် “သူဌေးက ဘယ်သူလဲမသိဘူး.. မြို့စား အိမ်တော်ကတောင် အာဏာကိုတစ်ဝက်ကျော်ခွဲပေးနေရတာ.. ဘယ်သူမှ မသိ ကြဘူးလား”

“အဲဒါတော့ ကျုပ်တို့လ်းမသိဘူး.. အပြင်ပန်းကတော့ အကောင်းတွေ ချည်းတွေ့နေရတာ.. သူဌေးကတော့ သူ့ကိုမြင်ဖူးတဲ့လူအရမ်းနည်းတယ်.. သူက အရမ်းကိုအံ့ဩစရာကောင်းတဲ့လူလို့ကြားတယ်” ထိုလူ ပြောပြီးသည့် အချိန်တွင် သူ့ကိုခေါ်တဲ့လူရှိသဖြင့် ထွက်သွားလေသည်။

ရှီမာယူယူသည် နောက်ကွယ်မှသူဌေးအကြောင်းကို အနည်းငယ်သိချင်မိ သည်။ သူသည် ဤကဲ့သို့နေရာမျိုးကို ယခုလိုရလဒ်ဖန်တီးနိုင်သည်မှာ သေချာ ပေါက် သာမန်လူတော့မဖြစ်နိုင်ပေ။ သို့သော် ထိုလူကိုတော့ နားလည်အောင် လုပ်ရန် အစီအစဉ်မရှိပေ။

“နောက်လတစ်ဝက်ကြာပြီးရင် တောင်ကြားကိုဝင်မယ်လို့ ပြောတယ်.. မြို့ထဲမှာနေပြီးတော့ သေမင်းတောင်ကြားအကြောင်းကို ပိုနားလည်အောင် လုပ်ကြတာပေါ့” သူမသည် စာရွက်ကိုသိမ်းပြီး ဝူလင်းယူကို ပြောလိုက်သည် “ပြန်ရအောင်”

သူတို့နှစ်ယောက် အပြစ်သားပြခန်း ပင်မတံခါးမှလျှောက်ထွက်လိုက် ချိန်တွင် ပုံရိပ်တစ်ခုသည် ရုတ်တရက်ဆိုသလို လျင်မြန်သောအရှိန်ဖြင့် ရောက် လာသည်။ ဝူလင်းယူ အမြန်ပင်တုံ့ပြန်ကာ ရှီမာယူယူကို သူ့အနောက်သို့ ဆွဲ လိုက်ပြီးနောက် နောက်လက်တစ်ဖက်ဖြင့် ထိုပုံရိပ်ကိုရိုက်လိုက်သည်။

သူလျင်မြန်စွာတုံ့ပြန်ပြီး တိုက်ခိုက်လိမ့်မည်ဟု ထိုဧည့်သည်သည် မထင် မှတ်ထားသည့်ပုံပင်။ သူတို့နှစ်ယောက် တိုက်ခိုက်တော့မည့်ပုံစံကိုကြည့်ပြီး ထို လူသည် ကိုယ်ကိုလှည့်ကာ ဝူလင်းယူ၏တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။

ဟုတ်လှချည်လား။

ရှီမာယူယူသည် ထိုဧည့်သည်ကို တအံ့တဩကြည့်လိုက်သည်။ သူမသည် အသက် ၂၀ မျှသာရှိသေးသည် မိန်းကလေးတစ်ယောက်ဖြစ်သည်။

ထိုမိန်းကလေးသည် လက်တစ်ဖက်ကို ခါးထောက်ထားပြီး နောက်လက် တစ်ဖက်ဖြင့် ဝူလင်းယူကို လက်ညှိုးထိုးပြီး ပြောလေသည် “လမ်းဖယ်ပေး”

“မင်းက ငါတို့ကို တိုက်မိမလိုဖြစ်သွားတာလေ” ဝူလင်းယူသည် တည် ကြည်သော မျက်နှာထားဖြင့် ပြောလေသည်။

သူမသာ သူ့ကိုတိုက်မိလျှင် ကိစ္စမရှိပေ။ သို့သော် သူသာ မရှိလျှင် ရှီမာယူ ယူကို ပြင်းထန်စွာတိုက်မိမည်ဖြစ်သည်။ ထိုသို့ဖြစ်သွားပါက သူမသည် သေချာ ပေါက် ဒဏ်ရာရမည်ဖြစ်သည်။ ထိုအကြောင်းကို တွေးမိသည်နှင့် ထို မိန်းကလေးကို လူသတ်မည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

သို့သော် ထိုမိန်းကလေးသည် သူ့ကိုစကားဆက်ပြောချင်ပုံမရပေ။ ဝူလင်း ယူ လမ်းဖယ်မပေးသဖြင့် သူမသည် အပြစ်သားပြခန်း၏ ဝင်ပေါက်တွင်ရပ် ပြီး အဆောက်အဦးအတွင်းသို့ အော်ဟစ်လေသည် “နိုင်ဟဲ့ ကောင်စုတ် အခု ထွက်လာခဲ့ နိုင်ဟဲ့ နင် ဆက်ပုန်းနေမယ်ဆိုရင် နင့်ရဲ့အပြစ်သားပြခန်းကို ဖျက်ဆီးပစ်မယ် နိုင်ဟဲ့”

ရှီမာယူယူသည် ဝူလင်းယူ၏အနောက်မှ ပြူထွက်လာပြီး ထို.. ကြမ်းတမ်း ပုံပေါ်သည့်မိန်းကလေးကို စပ်စုသောမျက်လုံးများဖြင့် ကြည့်ကာ ဝူလင်းယူကို မေးလိုက်သည် “ဒီနိုင်ဟဲ့က အဲဒီနိုင်ဟဲ့လား”

“ကိုယ်လည်းမသိဘူးလေ” ဝူလင်းယူသည်လည်း ရှေ့မှမိန်းကလေး၏ လျစ်လျူရှုခြင်းကိုခံလိုက်ရသလိုပင်။ သူသည ဒေါသမထွက်သော်လည်း ခံစား ချက်တော့မကောင်းလှပေ။

ရှီမာယူယူသည် သူ၏အင်္ကျီလက်ကိုဆွဲပြီး ပြောလိုက်သည် “အရင်ဆုံး ဒေါသမထွက်နဲ့ဦး ဒါပေမဲ့ လမ်းလည်းဖယ်မပေးနဲ့.. ဘာဖြစ်မလဲကြည့်ရအောင်”

ဝူလင်းယူသည် သူမ ကြည့်ချင်နေသည်ကိုသိသဖြင့် ခေါင်းညိတ်ကာ မလှုပ်မယှက် ထိုနေရာတွင်ပင် ရပ်နေသည်။

သူတို့၏ စကားများကို ကြားလိုက်သော မိန်းကလေးသည် လမ်းမပေး သည်ကို သိသွားသောအခါ အထဲသို့အော်လေသည် “နိုင်ဟဲ့ ကောင်စုတ်.. နင် က ငါနဲ့အိပ်ပြီးတော့ ထွက်ပြေးသွားတာ.. နင့်ကိုမရှာနိုင်ဘူးလို့ ထင်နေတာလား နင့်ကို ၁၀ စက္ကန့်ပေးမယ်.. အဲဒါမှထွက်မလာရင် နင့်ရဲ့ အပြစ်သားပြခန်းကို ဖျက်ဆီးပစ်မယ်”

***

All Chapters