တစ်မြို့တည်းသား
Vol. 152 Ch. 2119
ရှီမာယူယူသည် ထိုမိန်းကလေးကို မျက်လုံးများတောက်ပစွာဖြင့်ကြည့် ပြီး လက်မထောင်ပေးမိသည်။
မိုက်တယ်.. သတ္တိရှိလိုက်တာ။
သူက ဒီလိုမိန်းကလေးနဲ့ အိပ်တောင်အိပ်ရဲတယ်ပေါ့။ ကျွတ် ကျွတ် နိုင်ဟဲ့ကလည်း တကယ် အံ့ဩစရာကောင်းတဲ့လူပဲနေမှာ။
အပြစ်သားပြခန်းထဲမှလူများသည် ပွဲကြည့်ရန် ပြေးထွက်လာကြ သည်။ အပြစ်သားအပြခန်းဆီသို့ ပြေးလာပြီး ပြဿနာရှာရဲသည့်လူရှိလိမ့် မည်ဟု သူတို့လည်းထင်မထားပေ။
“သူမပဲ… နတ်ဆိုးကြယ်ပွင့်ရောက်လာပြီ.. ဒီနေ့တော့ ပွဲကြီးပွဲကောင်း ကြည့်ရတော့မှာပဲ” လူတစ်ယောက်သည် ထိုမိန်းကလေးကို သတိထားမိသွား ကာ သူတို့၏အပေါင်းအဖော်များကို ပွဲကြည့်ရန်ဆွဲခေါ်လေသည်။
ရှီမာယူယူသည် သူတို့၏တုံ့ပြန်မှုကိုကြားသောအခါ ထိုမိန်းကလေးကို ပို စိတ်ဝင်စားသွားသည်။
သူမသည် ဒိကျဲ့နှင့် နာမည်တူကာ အသည်းနှလုံးမဲ့သည့်လူကို အော်ကြီး ဟစ်ကျယ်ခေါ်ရဲသည်။ သူမသည် အမှန်တကယ်ပင် သာလွန်သည့် မိန်းကလေး ပင်။
ထိုမိန်းကလေးသည် ခေတ္တမျှစောင့်သည်။ အပြစ်သားပြခန်းထဲမှ မည်သည့်တုံ့ပြန်ချက်မှမရှိသောအခါ ဝိညာဉ်စွမ်းအင်ထုတ်လွှတ်ပြီး အပြစ်သား ပြခန်းဆီသို့ ပစ်လိုက်သည်။
“အုန်း”
အပြစ်သားပြခန်းပတ်ပတ်လည်တွင် ကာကွယ်ရေးအလင်းတန်း ပေါ် လာပြီး ထိုမိန်းကလေး၏တိုက်ချက်ကို ဝါးမျိုသွားလေသည်။ တိုးညင်းသော အသံထွက်ပြီးနောက် ပျောက်ကွယ်သွားလေသည်။
ရှီမာယူယူသည် ထိုမိန်းကလေး၏ မျက်လုံးများအရောင်လက်သွားသည် ကို မြင်ပြီးနောက် တချို့ကိစ္စများကို နားလည်သွားသည်။
ထိုမိန်းကလေးသည် သူမ၏တိုက်ချက်များ အသုံးမဝင်သည်ကိုမြင်သော အခါ မိုးပေါ်သို့ပျံသွားပြီး တိုက်ခိုက်လှိုင်းများ ဆက်လွှတ်သည်။
“ဘြုန်း”
သည်တစ်ကြိမ် သူမ၏တိုက်ကွက်မှာ ပိုအားကောင်းသည်။ ကာကွယ်ရေး အတားအဆီးရှိနေသည့်တိုင်အောင် အပြစ်သားပြခန်းသည် အကြိမ် အနည်း ငယ်လှုပ်ခါသွားလေသည်။
ထိုသို့ဆိုသော်လည်း အပြစ်သားပြခန်းမှ မည်သူမှထွက်မလာပေ။
ပွဲကြည့်ပရိသတ်များပင် ရှုပ်ထွေးလာသည်။ အပြစ်သားပြခန်းက ရန်ဖြစ်ရမယ့်သူကို ရှောင်နေတော့မှာလား။ လျှို့ဝှက်ဆန်းကြယ်လိုက်တာ။
“မယုံနိုင်စရာပဲ ဒီနတ်ဆိုးကြယ်ပွင့်က ကြောက်ဖို့ကောင်းလွန်းလို့ အပြစ် သားပြခန်းကတောင် ရှောင်နေတာလား”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. အပြစ်သားပြခန်းက တခြားလူရန်လာစ တာကို ကြောက်တာမင်းမြင်ဖူးလို့လား”
“ဒါပေမဲ့ အပြစ်သားပြခန်းသူဌေးမပြောနဲ့ သူတို့ရဲ့ သာမန်တာဝန်ခံ တောင်ထွက်မလာဘူး.. ဒါ သူမရန်စတာကို ကြောက်တာမဟုတ်ရင် ဘာလဲ”
“ဟား… အပြစ်သားပြခန်းကို ရန်စရဲတဲ့လူ မရှိဘူး”
“ဒါဆို ဘာတွေဖြစ်နေတာလဲ ပြောလေ”
“သူတို့ အကောင်းအဆိုးခွဲခြားနိုင်ဖို့က ၉၀ ရာခိုင်နှုန်းရှိတယ် ပြီးတော့ အခု ထွက်မလာနိုင်လောက်ဘူး”
“အပြစ်သားပြခန်းရဲ့ နောက်ကွယ်ကသူဌေးက လျှို့ဝှက်ဂိုဏ်းကပဲ မို့ယွီက နတ်ဆိုးလေ.. သူတို့နှစ်ယောက်တွေ့ရင်တော့ တကယ်ကို ပြဇာတ် ဆန်ဆန်ကြည့်ရတော့မယ်”
အခုမှပင် ဤနိုင်ဟဲ့သည် ယွင်ရာတို့ ပြောခဲ့သည့် နိုင်ဟဲ့ဆိုသည်ကို ရှီမာယူယူ သေချာသွားသည်။ သူမသည် ရောက်ရောက်ချင်း ကိုယ်ရေးကိုယ် တာကိစ္စများ ဖြေရှင်းနေရင်းနှင့် ဂိုဏ်းဖော်ကိုတွေ့ခဲ့ရသည်။ ရှက်ဖို့ကောင်း လိုက်တာ။
အပြစ်သားပြခန်းမှ မတုံ့ပြန်လေလေ မို့ယွီသည် ဒေါသထွက်လေဖြစ် ကာ သူမ၏တိုက်ခိုက်မှုမှာလည်း ပြင်းထန်လာသည်။ အပြစ်သားပြခန်း၏ ကာကွယ်ရေးအတားအဆီးသည် တောင့်မခံနိုင်တော့ပေ။
အပြစ်သားပြခန်းထဲတွင် လူများအးလုံးသည် တာဝန်ခံကိုကြည့်နေကြ ကာ အများစုမှာ ဒေါသထွက်နေကြသည်။
“တာဝန်ခံ.. ဒီမိန်းမ အပြင်မှာ ရမ်းကားနေတာကို ကြည့်နေရတော့မှာ လား” လူတစ်ယောက်သည် ဒေါသကိုမထိန်းနိုင်တော့ပေ။
သို့သော် တာဝန်ခံသည် အလွန်ပင် လျစ်လျူရှုနိုင်သည်။ သူမသည် လှုပ် နေသည့် ကုလားထိုင်ပေါ်တွင်ထိုင်ပြီး ခန္ဓာကိုယ်ကိုယိမ်းနေသည်။ သူမသည် ဖြည်းညင်းစွာပြောလိုက်သည် “မင်းက အပြင်ကိုသွားချင်လို့လား ဟုတ်ပြီလေ သွားပါ”
“တာဝန်ခံ” အစောကစကားပြောသူသည် တာဝန်ခံကို စကားလုံးမဲ့စွာ ကြည့်လိုက်သည်။ သူတစ်ယောက်တည်းထွက်သွားလျှင် သူ့သေတွင်းသူတူး သည်မဟုတ်ပါလား။
“အဲဒီမိန်းကလေး… သူမကို ကောင်းကောင်းကိုင်တွယ်ရင် ငါတို့သူဌေး ကတော်ဖြစ်လာလိမ့်မယ်.. သူမကို မကိုင်တွယ်နိုင်ဘူးဆိုရင်လည်း သူဌေး ကတော်ဖြစ်လာဦးမှာပဲ.. အခုသူမနဲ့သွားရင်ဆိုင်မယ်ဆို ပြောပါဦး.. သူဌေးက မင်းကို ကူညီမှာလား သူမကို ကူညီမှာလား.. သူမက အပျော်ဆိုပေမဲ့ မင်း ထက်တော့ သာသေးတယ်.. မင်းအခုသွားလိုက်ရင် ဘာပဲလုပ်လုပ် လူတစ် ယောက်ကို သွားပြစ်မှားမိတာပဲ” ချင်းချင်း စိတ်တိုသွားသည်။
ထိုလူများသည် သူမ မည်သို့လူမျိုးဖြစ်သည်ကို မသိသော်လည်း ဆိုလို ရင်းကိုတော့ ခန့်မှန်းမိသည်။
“စိတ်ချပါ သူဌေးက အပြစ်သားပြခန်းကို ပြိုသွားအောင်မလုပ်ဘူး” ချင်းချင်းသည် ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။ “သူက သူမနဲ့မတော်တဆ အိပ်မိသွားတာ.. အဲဒါကြောင့် ဒီအတိုင်းသူ့အခွံထဲမှာ သွားပုန်းနေတာပဲ.. ခဏနေရင် ထွက်လာလိမ့်မယ်”
တခြားသူများသည် သူမ၏ စကားများကို ကြားသောအခါ နှုတ်ခမ်းမတွန့် ဘဲမနေနိုင်ပေ။ သူမက သူမရဲ့သူဌေးကို လိပ်ဆိုပြီး ကျိန်ဆဲလိုက်တာလား။
“ဘုန်း”
“ဘုန်း”
အပြင်ဘက်တွင် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်နေဆဲပင်။ အပြစ်သား ပြခန်းမှလူများသည် ချင်းချင်း၏အမိန့်ကြောင့် မည်သူမှမထွက်ကြပေ။ အပေါ် ဆုံးအထပ်တွင် ပုန်းနေသော နိုင်ဟဲ့သည် စိတ်ထဲမှချင်းချင်းကို ကျိန်ဆဲကာ နောက်ဆုံးတွင် မနေနိုင်တော့ဘဲ တံခါးဖွင့်ပြီးထွက်လာသည်။
ရှီမာယူယူသည် ခေါင်းအပေါ်မှ အသံကြားသည်နှင့် ခေါင်းမော့ကြည့် လိုက်သည်။ သူမသည် အနက်ရောင်ဝတ်ထားသည့် လူပျံလာသည်ကို မြင် လိုက်ရသည်။ သူသည် လေထဲတွင် မို့ယွီနှင့်မျက်နှာချင်းဆိုင်ရပ်လိုက်သည်။
အဲဒါက နိုင်ဟဲ့ပဲ။ အကြာကြီးပုန်းနေပြီး နောက်ဆုံးတော့ ပုန်းမနေနိုင် တော့ဘူးပဲ။
နိုင်ဟဲ့သည် စိတ်ဝင်စားသည့် အကြည့်ကိုခံစားမိသဖြင့် လှမ်းကြည့် လိုက်ရာ သူ့ကိုကြည့်နေသည့် ရှီမာယူယူကို မြင်လိုက်ရသည်။
သူ၏မျက်လုံးများသည် လူသတ်မည့်အကြည့်များ လက်ကနဲဖြစ်သွား သည်။ သူတို့သာ တံခါးတွင်ရပ်မနေလျှင် မို့ယွီသည် အပြင်တွင် ဤကဲ့သို့ ပြုမူ မည်မဟုတ်ပေ။ ထိုအခါ ရုတ်ရုတ်သဲသဲများဖြစ်ပြီး ဤမျှများပြားသောလူများ လည်းသိမည်မဟုတ်ပေ။
သူ့ဖိအားကို ခံစားမိသဖြင့် ဝူလင်းယူသည် သူမ၏ရှေ့တွင်ရပ်ပြီး ကြောက်ရွံ့မှုမဲ့စွာဖြင့် သူ့ကိုပြန်စိုက်ကြည့်ပေးလိုက်သည်။
“နိုင်ဟဲ့.. ငကြောက်ကြီး လိပ်ကြီး.. နောက်ဆုံးတော့ ထွက်လာပြီလား အပြစ်သားပြခန်း ပျက်စီးသွားတဲ့အထိစောင့်ပြီးမှ ထွက်လာပါလား” မို့ယွီသည် နိုင်ဟဲ့ကိုမြင်သည်နှင့် ချက်ချင်းပင် ဒေါသထွက်လေသည်။ ကာကွယ်ရေး အတားအဆီးအတွက် သူမ ပြင်ဆင်ထားသည့် တိုက်ခိုက်မှုသည် နိုင်ဟဲ့ကို ပစ်မှတ်အသစ်ဖြစ်သွားသည်။
နိုင်ဟဲ့သည် သူမနှင့် တိုက်ခိုက်ရန်မဖြစ်နိုင်သဖြင့် ရှောင်ရုံသာရှောင် သည်။
ထိုအချိန်တွင် ချင်းချင်းပေါ်လာသည်။ နိုင်ဟဲ့ရှောင်ရှားနေသည်ကို သူမ မြင်သောအခါ တံခါးအနီးသို့သွားကာ ဘေးမှလူကိုပြောလိုက်သည် “မြင်လား အဲမိန်းမမခိုက်မိမှာစိုးလို့ သူဌေးက သူ့ဂုဏ်ကိုတောင် ဂရုမစိုက်ဘူး ငါတို့သာ အဲမိန်းမကိုတိုက်ခိုက်ပြီး ထိခိုက်အောင်လုပ်မိရင် သူဌေးက ငါတို့ကို အပြစ်လာရှာရမှာပဲ”
“တဝန်ခံပြောတာမှန်တယ်.. ကျွန်တော်တို့ ကြားမဝင်မိတာ ကံကောင်း သွားတယ်.. သူမက အနာဂတ်မှာ ကျွန်တော်တို့ရဲ့ သူဌေးကတော်ဖြစ်ဖြစ် အပျော်မယားဖြစ်ဖြစ်.. ကျွန်တော်တို့ ရင်ဆိုင်ရမယ့်လူမဟုတ်ဘူး” သူမဘေးမှ လူသည် သဘောတူလေသည်။
ရှီမာယူယူသည် ရင်းနှီးသောအသံကို ကြားသောအခါ လှည့်ကြည့်လိုက် သည်။ သူမသည် နွမ်းလျသောမိန်းကလေးကို မြင်လိုက်သည်။
ချင်းချင်းသည် ရှီမာယူယူ သူမကိုကြည့်နေသည်ကို မြင်သောအခါ မျက်ခုံး ပင့်ပြပြီး ပြောလိုက်သည် “မိန်းကလေး ခုနက မင်းလုပ်လိုက်တာ ကောင်းတယ်”
“မင်းရောပဲ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
သူမသည် သိချင်ခဲ့ရုံသာဖြစ်သည်။ အပြစ်သားပြခန်းကအဖွဲ့ဝင်တွေက ဘယ်လိုဖြစ်ပြီး အားကောင်းနေကြတာလဲ။ ဒေါသထွက်အောင်လုပ်နေတာကို ဘာလို့ ဘာမှမတုံ့ပြန်ကြတာလဲ။ ဒီမိန်းကလေးက အထဲကနေ သူတို့ကို တား ထားလို့ကိုး။
သို့သော်…
“မင်းရောပဲ လို့ပြောလိုက်တာလား” သူမ မေးလေသည်။
“ဟုတ်တယ် မင်း ဒီစကားကိုနားလည်လို့လား”
“အရင်က ကြားဖူးတယ်”
ချင်းချင်းသည် သူမကို မျက်လုံးပြူးကာကြည့်ပြီးနောက် ပြုံးလိုက်သည် “နေရာတစ်ခုတည်းကလား”
“မြို့တော်က”
“ဘေကျင်း၊ ရှန်ဟိုင်းလား”
“ရှန်ဟိုင်း”
“သေစမ်း မင်းက တကယ်ပဲမြို့တော်ကပဲ” ချင်းချင်းသည် ချက်ချင်းထရပ် လေသည်။ သူမသည် ရှီမာယူယူ၏ဘေးသို့လျှောက်သွားပြီး ကျွတ်သပ်လိုက် သည် “ငါ အမြဲတွေးနေတာ.. ငါသာ ဒီကိုလာနိုင်ရင် တခြားသူလည်း လာနိုင်မှာ ပဲလို့”
ရှီမာယူယူသည်လည်း ထိုသို့တွေးခဲ့သည်။ ထို့ကြောင့်ပင် အနည်းငယ် အံ့ဩပြီးနောက် ဤအဖြစ်အပျက်ကိုလက်ခံလိုက်သည်။
“ဒီကိုရောက်နေတာ ဘယ်လောက်ကြာပြီလဲ” ချင်းချင်း မေးလိုက်သည်။
“နှစ်ပေါင်းရာချီပြီ မင်းရော”
“အတူတူပဲ”
“ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ”
“လေယာဉ်ပျက်ပြီးတော့ ဒီကိုရောက်လာတာပဲ.. ဒီကမ္ဘာက အရမ်းကို လျှို့ဝှက်ဆန်းကြယ်တယ်.. အခုထိတောင် အသားမကျသေးဘူး” ချင်းချင်း စောဒကတက်လေသည် “မင်း ဒီကိုဘယ်လိုရောက်လာတာလဲ”
“လူသတ်သမား နောက်ကလိုက်လာလို့ ပြေးရင်းနဲ့ ရောက်လာတာ” ရှီမာယူယူသည် စကားလမ်းကြောင်းလွှဲရန်ကြိုးစားလိုက်သည် “မင်းရဲ့ သူဌေး ကို ဒီလိုဆက်ဆံနေတာ သူက မင်းကိုအသားကင်လုပ်ပစ်မှာမကြောက်ဘူးလား”
“ဟား ငါ့ကိုကင်ပစ်ဖို့ကို မျှော်လင့်နေတာ..အဲလိုဆို ငါ ဒီမှာပိတ်မိနေ တော့မှာမဟုတ်ဘူး” ချင်းချင်းသည် သက်ပြင်းမချဘဲမနေနိုင်ပေ။ သူမသည် ခေါင်းမော့ပြီး သူတို့ကို ကြည့်လေသည် “အဲလူနှစ်ယောက်က ကြာဦးမှာ ငါတို့ ဝင်ပြီး တစ်ခွက်နှစ်ခွက်သောက်ရင်း စကားပြောရအောင်”
“ဟုတ်ပြီ” ရှီမာယူယူသည် တက်ကြွစွာပင် လက်ခံလိုက်သည်။
သေမင်းတောင်ကြားကို အပြစ်သားပြခန်းထက် ရင်းနှီးသည့်လူမရှိတော့ ဟု သူမ ယုံကြည်ထားသည်။
***