သေမင်းတောင်ကြားအတွက် လမ်းပြ
Vol. 152 Ch. 2120
ရှီမာယူယူ၊ ဝူလင်းယူနှင့် ချင်းချင်းတို့သည် အပြစ်သားပြခန်း၏ အမြင့်ဆုံး အထပ်ရှိ အခန်းထဲတွင်ထိုင်လိုက်ကြသည်။ သူတို့သည် စားရင်းသောက်ရင်း စကားပြောနေရင်းနှင့် နိုင်ဟဲ့နဲ့မို့ယွီတို့ တစ်ယောက်နှင့်တစ်ယောက် နောက် မှ လိုက်နေကြသည်ကို ပြတင်းပေါက်မှ ကြည့်နေကြသည်။
“ငါတကယ် မင်းကို အားကျတာပဲ.. နေရာအများကြီးသွားဖူးနေပြီ” ချင်းချင်းသည် အားကျစွာဖြင့် ပြောလေသည် “ငါကဖြင့် အသူရာငရဲမှာ နှစ်တွေ အများကြီးဖြုန်းနေသလိုပဲ”
“မင်းက တစ္ဆေမျိုးနွယ်ကမှမဟုတ်တာ” ရှီမာယူယူ ပြောလိုက်သည်။
“မဟုတ်ဘူးလေ.. ငါကလူသားနှစ်ယောက်ရဲ့ မျိုးဆက်ပဲ” ချင်းချင်း ပြော လိုက်၏ “ကျမ်းကျိန်ဖို့ပြန်သွားတဲ့ လူသားနှစ်ယောက်ဆီက ဆင်းသက်လာတာ ငါ့လိုမျိုးသရုပ်မှန်နဲ့လူက ဘယ်သူက အထင်မသေးဘဲနေမလဲ.. ငါက မျိုးရိုးဗီဇ ပြုပြင်ထားတယ်လို့ ဘယ်သူက မပြောဘဲနေမလဲ”
“မျိုးရိုးဗီဇပြောင်းတယ်ဆိုတာမျိုးကို ဒီကလူတွေမသိကြဘူး” ရှီမာယူယူ သည် လက်ထဲမှ ဝိုင်ခွက်ကို လှည့်လိုက်သည် “အသူရာငရဲမှာ အသက်ရှင်ကျန် နိုင်တဲ့လူက အရမ်းနည်းတယ်.. မိဘနှစ်ပါးလုံး အသက်ရှင်နိုင်တယ်ဆိုတာ ပိုပြီး ရှားသေးတယ်.. အသူရာငရဲမှာမွေးလာတဲ့ လူသား… မင်းက ပထမဆုံးဖြစ်လိမ့် မယ်”
“ဟားဟား နှစ်သိမ့်ပေးလို့ ကျေးဇူးတင်ပါတယ်” ချင်းချင်းသည် သူမ၏ ခွက်ကိုမြှောက်ပြီး ရှီမာယူယူ၏ခွက်နှင့်တိုက်လေသည်။
“အသူရာငရဲက လူသားလောကနဲ့မတူဘူး.. ဒီမှာက လူတိုင်းကို ထိတ်လန့်စေမယ့် အရမ်းအားကောင်းတဲ့ ကျင့်စဉ်တွေကိုကျင့်လို့ရတယ်”
ချင်းချင်းသည် ခါးသက်စွာ ပြုံးလိုက်သည် “ငါတော့မဟုတ်ဘူး.. ပြောရ ရင် ငါ့မူလခန္ဓာကိုယ်ပေါ့လေ.. ငါလာတုန်းက ငါ့ကျင့်စဉ်က အရမ်းအားကောင်း တယ်.. ဒါပေမဲ့ ဘာလို့လဲမသိဘူး.. ကျင့်စဉ်အကြောင်းကို ဘာမှမမှတ်မိတော့ ဘူး.. လုံးဝကိုဗလာကျင်းသွားတာ.. အစတုန်းကတော့ ငါ့ခန္ဓာကိုယ်ထဲက စွမ်းအားကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကိုတောင် မသိဘူး”
“ဘယ်သူသိမလဲ အဲဒီစွမ်းအားကို မင်းတစ်ချိန်လုံးပိုင်နေတာဖြစ်နိုင်တာပဲ” ရှီမာယူယူ ပြောလိုက်သည် “မင်းက အဲဒါကိုခန္ဓာကိုယ်ထဲ ထည့်ထားတာပဲ”
“ဘယ်သူသိမှာလဲ” ချင်းချင်းသည် နှုတ်ခမ်းတွန့်လိုက်သည် “ဘယ်လိုပဲ ဖြစ်ဖြစ် အခုငါ့ဟာဖြစ်သွဦးပြီပဲ.. ဒီလိုနေရာမှာ ငါ့ကိုကာကွယ်ပေးဖို့တော့ လုံလောက်ပါတယ် အဲဒါနဲ့တင်ရပြီ”
“အမှန်ပဲ” ရှီမာယူယူသည် သူမဆီမှ စုံစမ်းလိုက်လျှင် မဆိုးလှဟု ခံစားမိ သည် “ငါ ပိုသိချင်တာတစ်ခုရှိတယ်… သစ္စာဆိုထားကြတဲ့လူတွေကတော့ အသူရာငရဲကနေ ထွက်သွားလို့မရတော့ဘူး.. ဒါပေမဲ့ သူတို့ရဲ့မျိုးဆက်ကရော.. မင်းအရင်က စမ်းကြည့်ဖူးလား”
“အရင်ကစမ်းကြည့်ဖူးတယ် မဖြစ်နိုင်ပါဘူး” ချင်းချင်း ပြောလေသည် “ငါ အသူရာငရဲကနေ ထွက်တာနဲ့ မိုးကြိုးဘေးဒုက္ခနဲ့တွေ့တော့တာပဲ.. နိုင်ဟဲ့က လည်း ငါ့ကိုအရင်ကပြောဖူးတယ်.. ငါ မိုးကြိုးဘေးဒုက္ခကိုကျော်လွှားနိုင်ရင် ဖြတ်ရင်ဖြတ်နိုင်မှာတဲ့.. ဒါပေမဲ့ ငါက မိုးကြိုးကိုရင်ဆိုင်ဖို့ သတ္တိမရှိဘူးလေ.. ငါ့ ခေါင်းထဲမှာ မိုးကြိုးလွှဲရှိနေတာလည်းမဟုတ်ဘူး”
“ဒါပေမဲ့ မင်းက သွားချင်နေတာလေ” ရှီမာယူယူ ပြောလိုက်သည်။
ချင်းချင်းသည် မရယ်ဘဲမနေနိုင်တော့ပေ “ဟုတ်တယ် ငါသွားချင်တာပေါ့ ငါ ဒီမှာပိတ်မိမနေချင်ဘူး ဒါပေမဲ့ တစ်ခါသေဖူးတဲ့လူက သေရမှာကိုပိုကြောက် တယ်”
ရှီမာယူယူ နားလည်သည်။ သူမကဲ့သို့လူမဟုတ်လျှင် သူတို့သည် မိုးကြိုး ဘေးဒုက္ခကို သေချာပေါက် ကြောက်မည်ပင်။
“နောင်တစ်ချိန် အခွင့်အရေးရှိရင် ငါ မင်းကို ကူညီနိုင်ပါတယ်” ရှီမာယူယူ ပြောလိုက်သည်။
“မင်းက ငါ့ကိုကူညီနိုင်တာလား.. မင်းက မိုးကြိုးဘေးဒုက္ခကနေ ရှင်သန် နိုင်တာလား”
“ငါက မိုးကြိုးအပစ်ခံရတာကို အသားကျနေပြီ” ရှီမာယူယူ ပခုံးတွန့်လေ သည်။
ထို့နောက် သူမ မိုးကြိုးအပစ်ခံရသည့် အကြိမ်အရေအတွက်ကို ပြောပြ လိုက်သည်။
“ဘုရားရေ မင်းက မိုးကြိုးသွားပေါ်လမ်းလျှောက်နေတာပဲ” ချင်းချင်း သည် သူမ၏ စကားများကို ကြားသောအခါ မျက်လုံးများအရောင်တောက်လာ သည် “ကျွတ် ကျွတ် မင်းက ဒီလောက်သန်မာလိမ့်မယ်လို့ ငါ ထင်မထားဘူး”
“ငါ့ကိစ္စတွေပြီးအောင်အထိ စောင့်နိုင်ရင် မင်း ဒီနေရာကနေ ထွက်သွားဖို့ အတွက် ငါ ကူညီပေးနိုင်တယ်”
“ဟုတ်ပြီလေ မင်း ဘာလုပ်မှာလဲ.. ငါ ကူညီပေးနိုင်တာရျိလား.. ဒီမှာ ဘယ်လောက်ကြာအောင်နေဖို့ စီစဉ်ထားလဲ.. မဖြစ်သေးဘူး ငါ မင်းနဲ့အတူ လိုက်ရမယ်.. အချိန်တန်လို့ ငါ့ကို မင်းရှာမတွေ့ရင် ဘယ်လိုလုပ်ရမလဲ” ချင်းချင်းသည် ပြောနေရင်းနှင့်ပင် ပျော်လာသည်။
ဘယ်နနှစ်ကြာမှ ဒီလိုဖြစ်တာလဲ။ နောက်ဆုံးတော့ ထွက်သွားဖို့ အခွင့် အရေးမြင်နေရပြီ။
“ငါ သေမင်းတောင်ကြားကနေ ထွက်လာမှ ပြောကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “အဲအချိန်ကျရင် မင်း ငါနဲ့လိုက်လို့ရပြီ”
“မင်းက သေမင်းတောင်ကြားကို သွားချင်တာလား”
“ဟုတ်တယ်”
“အဖွဲ့ဖွဲ့ပြီးသွားပြီလား”
“ဖွဲ့ပြီးပြီ အခုမင်းပြောမှပဲ.. ဒီအဖွဲ့ဖွဲ့မယ့် အကြံရတာက မင်းပဲဖြစ်ရမယ် ဟုတ်လား”
“ဟုတ်တယ်.. မျက်မှောက်ခေတ်မှာဆိုရင် ဒီလိုဟိုလိုအဖွဲ့တွေအများကြီး ရှိတယ်လေ.. အဲဒီအကြံကိုဘာလို့ဒီမှာ အသုံးမချရမှာလဲ” ချင်းချင်း ပြောလိုက် သည် “မင်း အဲဒီအဖွဲ့တွေနဲ့ သွားဖို့မလိုပါဘူး ငါ မင်းကိုခေါ်သွားပေးမယ်”
“မင်းကလား” ရှီမာယူယူသည် သူမကို အပေါ်အောက်ကြည့်လိုက်သည် “အဲဒီက အန္တရာယ်တွေကို မကြောက်ဘူးလား”
“ငါ ဒီကိုပြောင်းမလာခင်က ငါ့ရဲ့မူလခန္ဓာကိုယ်က သေမင်းတောင်ကြား မှာ ကြီးလာခဲ့တာ.. ပြောပါဦး ငါထက် ဘယ်သူကပိုသိနိုင်ဦးမှာလဲ”
“ဘာ” သည်တစ်ကြိမ်တွင် ရှီမာယူယူ အမှန်တကယ် အံ့ဩသွားမိသည် “မင်းက သေမင်းတောင်ကြားမှာကြီးခဲ့တာလား”
“ဟုတ်တယ်.. ငါ့မိဘတွေရဲ့ မူလခန္ဓာကိုယ်က အသူရာငရဲမှာနေခဲ့ကြတာ ဒါပေမဲ့ အဲလောက်မလွယ်ဘူးလေ.. သေမင်းတောင်ကြားလိုနေရာမျိုးက အန္တရာယ်များပေမဲ့ အနည်းဆုံးတော့ တခြားလူတွေ သူတို့ကိုလာတိုက်ခိုက်မှာ ကို စိုးရိမ်ဖို့မလိုဘူး”
“အမှန်ပဲ” ရှီမာယူယူသည်လည်း ထိုကိစ္စကိုနားလည်သည် “မင်း ငါနဲ့ လိုက်မယ်ဆိုရင်တော့ ပြည့်စုံတာထက်ကိုပိုနေပြီ”
“မင်းအဖွဲ့ကနေထွက်မယ်ဆိုတာကိုပဲ သတင်းပို့လိုက်.. လူများရင် ပိုခက် လိမ့်မယ်”
“ငါ ထွက်လိုက်လို့ ပြန်အမ်းငွေရမှာလား”
“မင်းကိုကြည့်လိုက်တာနဲ့ ပိုက်ဆံပေါတာ ငါပြောနိုင်တယ်.. ဒီလောက် ပမာဏလေးကို ဂရုစိုက်နေမှာလား”
“ဂရုစိုက်တယ်” ရှီမာယူယူသည် ခိုင်မာစွာ ပြောလေသည်။
“….” ချင်းချင်း မျက်လုံးလှိမ့်မိသည်။ “ငါတို့ပြန်လာရင် တောင်းပေးမယ်”
“ဟုတ်ပြီ”
“အခု ဖြေရှင်းပြီးသွားပြီ အခုကစပြီး ငါ မင်းနောက်ကိုလိုက်မယ်”
“ဟုတ်ပြီ”
“ဘုန်း”
ဝိညာဉ်စွမ်းအင်လုံးသည် သူတို့အခန်းဆီသို့ ဦးတည်လာသည်။ သို့သော် ဝူလင်းယူသည် အေးဆေးပင် ဖြိုခွဲလိုက်သည်။ ထို့နောက် နိုင်ဟဲ့သည် အပြင် မှပျံလာသည်။ သူသည် ရှီမာယူယူကိုကြည့်လိုက်သည် “ခုနက မင်းရှာတဲ့ ပြဿနာကို မပြောရသေးဘူး မင်းက ငါ့လက်ထောက်ကိုတောင် သွေးဆောင် ခေါ်နေသေးတယ်.. ငါ မင်းကိုအလွတ်မပေးဘူး”
ဝူလင်းယူသည် တုံ့ပြန်ရန်ဟန်ပြင်လိုက်ချိန်တွင် ရှီမာယူယူ သူ့ကိုတား လိုက်၏။ သူမသည် တံဆိပ်ပြားတစ်ခုထုတ်ကာ နိုင်ဟဲ့၏ ခြိမ်းခြောက်မှု သည် လည်ချောင်းထဲသို့ ပြန်ဝင်သွားလေသည်။
“ဂျူနီယာတူလေး.. ဂိုဏ်းတူစီနီယာကို ခြိမ်းခြောက်တာ ပြစ်မှုကြီးပဲနော်” ရှီမာယူယူသည် နွမ်းလျစွာ ပြောလေသည်။
ရှီမာယူယူကို ကြည့်နေသည့် နိုင်ဟဲ့၏ လူသတ်မည့်အကြည့်မှာ ရုတ်တရက်ပျောက်ကွယ်သွားပြီး လူသတ်မည့်ရောင်ဝါလည်း ပျောက်ကွယ် သွားသည်။ သူသည် အနောက်တွင်ရပ်နေသော မို့ယွီကိုဆွဲကာ နေရာလွတ်တွင် ထိုင်ခိုင်းပြီး ပြောလိုက်သည် “ဆရာဦးလေး.. ဒီလောက်အလုပ်များတဲ့လူက ဘာလို့ အသူရာငရဲကို ရောက်လာတာလဲ”
“ငါလာမယ်ဆိုတာကို ယွင်ရာတို့က ပြောပြီးပြီမဟုတ်ဘူးလား.. တစ်ခုခု လိုတာရှိရင် မင်းကိုလာရှာပါလို့ မင်းကတောင် ပြောလိုက်သေးတယ်.. ဘာလဲ အဲစကားတွေက အသုံးမဝင်တော့ဘူးလား” ရှီမာယူယူ၏ အပြုံးသည် အရိုက်ခံ ရန် တောင်းဆိုနေသလိုပင်။
ချင်းချင်းနှင့် မို့ယွိတို့သည် ရှီမာယူယူကို တအံ့တဩကြည့်လေသည် “မင်းက တကယ်ပဲ ဆရာဦးလေးလား မင်းကလျှို့ဝှက်ဂိုဏ်းကလား”
“ဟုတ်တယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ငါက နောက်မှဝင်တယ်ဆို ပေမဲ့ ကံကောင်းလို့ အကြီးအကဲတွေရဲ့ အသိအမှတ်ပြုတာကို ခံရတယ်.. အဲဒါ ကြောင့် နိုင်ဟဲ့က ငါ့ရဲ့ဂျူနီယာတူထဲက တစ်ယောက်ဖြစ်နေတာပဲ”
“ကျွတ် ကျွတ် ထင်မထားဘူး.. မင်းက ကြက်ဖအိုကြီးပဲ” ချင်းချင်း သက်ပြင်းချလေသည်။
“ဂိုဏ်းက မွေးထုတ်လိုက်တဲ့ သူရဲကောင်းက ဘယ်လိုလူမျိုးလဲလို့ တွေ့ ချင်ရုံပဲ.. ဒီကိုတကယ်ရောက်လာမယ်လို့ ဘယ်သူမျှော်လင့်ထားမှာလဲ” နိုင်ဟဲ့သည် အေးစက်စွာနှာမှုတ်လေသည် “ဒီကိုရောက်နေမှတော့ ဟုတ်ပြီ လေ.. ကျွန်တော့်ကို ဘာလို့တမင်ကြီး ပြဿနာရှာနေတာလဲ”
“ခုနက ဖြစ်တဲ့ကိစ္စကိုပြောနေတာလား… မင်းက အဲလူဟုတ်မဟုတ်ကို ငါမသိဘူးလေ.. အဲဒါကြောင့် မင်းကိုခေါ်ထုတ်ဖို့ သူမကိုအသုံးချလိုက်တာ.. အဲလိုဆိုရင် ငါလူမှားရင်တောင် ဘယ်သူမှမသိမှာလေ”
“ရှင်သာ ဒီလိုမျိုးထွက်မသွားရင် အရှက်မကွဲဘူးလို့ ပြောလိုက်သလိုပဲ” ချင်းချင်းသည် သူ့ကိုနောက်ပြောင်လေသည်။
“ချင်းချင်း” နိုင်ဟဲ့သည် အော်လေသည်။
“ဘာလဲ.. နားကောင်းပါသေးတယ် အဲလောက်ကြီးအော်ဖို့မလိုပါဘူး” ချင်းချင်းသည် သူ့ကိုလုံးဝမကြောက်ပေ “နိုင်ဟဲ့ ကျန်မပြောလိုက်မယ် ကျွန်မကို မတားတာကောင်းမယ်.. ကျွန်မက ရှင့်ရဲ့ ဆရာဦးလေးနောက်လိုက် ပြီး ကစားတော့မှာ”
“ဟား”
“ကစားမယ်ဟုတ်လား” သူတို့သည် သူမ၏ ဆိုလိုရင်းကို နားမလည်ကြ ပေ။
“ဆိုလိုတာက ကျွန်မ သူမနဲ့လိုက်သွားမယ်.. သဘောတူပြီးသွားပြီ.. သူမ သေမင်းတောင်ကြားက ထွက်လာတာနဲ့ သူမနဲ့လိုက်သွားမယ်.. ကျွန်မကို ရှင် တားလို့မရဘူး” ချင်းချင်း ပြောလိုက်သည်။
“မင်းက သေချင်လို့လား” နိုင်ဟဲ့၏ မျက်နှာထားသည် အလိုလိုပင် မည်းနက်သွားသည် “မင်းက အသူရာငရဲကနေ ထွက်သွားလို့မရဘူးဆိုတာ မသိ ဘူးလား”
“ရှင့်ရဲ့ ဆရာဦးလေးက ကျွန်မကိုကူညီလိမ့်မယ်” ချင်းချင်း ပြောလိုက် သည် “အိုး ဟုတ်သားပဲ မင်းက သေမင်းတောင်ကြားကို ဘာသွားရှာမှာလဲ”
***