ရှာနေတဲ့ပစ္စည်းက…
Vol. 152 Ch. 2121
ရှီမာယူယူသည် အမှန်ပြောသင့် မပြောသင့် မသိသဖြင့် တုံ့ဆိုင်းသွား သည်။
“ဘာလို့လဲ ပြောလို့မရဘူးလား” ချင်းချင်း မေးလိုက်သည် “ပြောလို့မရ ရင်လည်း မပြောပါနဲ့.. ဒါပေမဲ့ သတိတော့ပေးလိုက်မယ်.. မင်းလိုချင်တာကို သိ မှပဲ တောင်ကြားရဲ့ ဘယ်ဘက်ကိုသွားရမလဲဆိုတာသိမှာ.. အဲလိုမှ အချိန်မကုန် မှာ”
ရှီမာယူယူသည် စဉ်းစားပြီးနောက် သဘောတူလိုက်သည်။ သူမသည် လမ်းပြရန်ဦးဆောင်မည်ဖြစ်သဖြင့် အနှေးနှင့်အမြန်ပြောရမည်ဖြစ်သည်။
“ငါရှာနေတဲ့ပစ္စည်းက.. ငါးအဆီအံ့ဖွယ်ဆေး”
“ဖူး…”
ချင်းချင်းသည် ပါးစပ်ထဲမှလက်ဖက်ရည်များ အန်ထုတ်မိတော့သည်။ နောက်ဆုံးအချိန်တွင် ခေါင်းလှည့်လိုက်နိုင်၍ တော်သေးသည်။ သူမသည် ပါးစပ်ထောင့်ကိုသုတ်ပြီး ရှီမာယူယူအား တအံ့တဩကြည့်လိုက်သည် “ငါ့ သူငယ်ချင်းလေ.. ဘာကိုရှာချင်တယ်လို့ ပြောလိုက်တာ အံ့ဖွယ်ဆေးဟုတ်လား”
“ဟုတ်တယ် ငါးအဆီအံ့ဖွယ်ဆေးက သေမင်းတောင်ကြားမှာရှိတယ်လို့ ပြောကြတယ်” ရှီမာယူယူ ပြောလိုက်သည်။
ချင်းချင်းသည် ခေတ္တမျှတွေဝေသွားပြီးနောက် ရယ်မောလိုက်သည်။ သူမ သည် စားပွဲကိုရိုက်ရင်း ရယ်မောကာ ပြောလိုက်သည် “ငါ့သူငယ်ချင်း အဲလိုမျိုး ဒဏ္ဍာရီကိုယုံတာပဲလား.. အဲဒီဒဏ္ဍာရီက ငါဒီကိုရောက်ကတည်းက ပြန့်နေတာ ဒါပေမဲ့ အဲဒါကိုမြင်ဖူးတဲ့လူကို တစ်ခါမှမတွေ့ဖူးဘူး.. မင်းကိုပြောလိုက်မယ် ဒီ ဒဏ္ဍာရီကမင်းကို ရှုပ်ထွေးအောင်လုပ်နေတာ ဒါပေမဲ့ မင်းက တကယ်ယုံတာပဲ လား… မင်းကဉာဏ်ကောင်းတယ်လို့ထင်နေတာ အဲလိုမျိုးဒဏ္ဍာရီကို ယုံမယ် လို့ထင်မထားဘူး”
ရှီမာယူယူသည် သူတို့ကို ပြောလိုက်သည်နှင့် ရယ်မောလိမ့်မည်ဟု သိ ထားပြီးသားပင်။ ထို့ကြောင့် သူတို့ ရယ်မောပြီးသည်အထိ စောင့်ပြီး ချင်းချင်း ကို မေးလိုက်သည် “မင်းက ဒီမှာနေခဲ့တာ ဒီလောက်ကြာနေပြီ.. အံ့ဖွယ်ဆေး ပေါ်လာတဲ့ နေရာကြားဖူးလား”
“အရင်ကတော့ ကြားဖူးတယ် ဒါပေမဲ့ အဲနေရာတွေကို လူတွေသွားရှာ ကြည့်ပြီးပြီ” ချင်းချင်း ပြောလေသည် “တကယ်ပဲ အဲဒီမှာရှိရင်တော့ တခြားသူ တွေရှာတွေ့ပြီးနေလောက်ပြီ.. အဲဒါကြောင့် ဒီဒဏ္ဍာရီကိုလက်လျော့လိုက်သင့် တယ်.. ငါးအဆီအံ့ဖွယ်ဆေးက သေမင်းတောင်ကြားမှာမရှိနိုင်ဘူး”
“အဲလိုဆိုရင်တောင် ကြိုးစားကြည့်ရမှာပဲ” ရှီမာယူယူ ပြောလိုက်သည် “အဲလိုဒဏ္ဍာရီရှိမယ်လို့ ငါ ခံစားရတယ်.. အဲဒါအမှန်ပဲဖြစ်မယ်”
“ဒီဒဏ္ဍာရီကို ဘယ်သူပြောတာလဲ မင်း ဒီလောက်တောင်ယုံနေတာ” နိုင်ဟဲ့ မေးလိုက်သည်။
“မုလန်”
“ဘယ်သူ…” ချင်းချင်းသည် ရှင်းရှင်းလင်းလင်း မကြားလိုက်ရသလိုပင်။
“အုပ်စိုးသူအရှင် မုလန်လေ” ရှီမာယူယူသည် ထပ်မံပြောလိုက်ရသည် “ငါးအဆီအံ့ဖွယ်ဆေးက သေမင်းတောင်ကြားမှာရှိတယ်လို့ သူပြောလိုက်တာပဲ”
“ဘာ.. မင်းက အရှင့်ကိုတောင်သိတာလား.. သူ့ကိုတွေ့တုန်းက နိုင်ငံ့ ခေါင်းဆောင်ကို တွေ့သလိုမခံစားရဘူးလား”
“အဲလောက်ကြီးတော့ မခံစားရပါဘူး” ရှီမာယူယူ ပြန်ဖြေလိုက်သည် “သူ့ မှာရှိတဲ့ ပစ္စည်းတစ်ခုကိုငါလိုနေတယ်.. သူကကျ ငါ့ကိုငါးအဆီအံ့ဖွယ်ဆေး ယူ လာခိုင်းတယ်.. အဲဒါမှ အဲပစ္စည်းကိုငါ့ကိုပေးမှာ”
“မင်းက အံ့ဖွယ်ဆေးကို တခြားပစ္စည်းအတွက် အလဲအလှယ်လုပ်တယ် ပေါ့.. ကြည့်ရတာ အဲပစ္စည်းက မင်းအတွက် အရမ်းအရေးကြီးတဲ့ပုံပဲ”
“ဟုတ်တယ် အဲဒါကြောင့် ပဋိပက္ခမဖြစ်ဖို့ဆိုရင် အံ့ဖွယ်ဆေးရှာလိုက်တာ က အကောင်းဆုံးဖြေရှင်းချက်ပဲ”
“ဟုတ်ပြီ အရှင်က အဲလိုပြောမှတော့ ဖြစ်နိုင်ချေများပါတယ်.. ငါ မင်းကို ခေါ်သွားပေးနိုင်တယ်.. ဒါပေမဲ့ ရှာတွေ့နိုင်ပါ့မလားဆိုတာကိုတော့ အာမ,မခံ နိုင်ဘူး” ချင်းချင်း ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် ကျေးဇူးတင်စွာဖြင့် ပြောလိုက် သည်။
“ငါလည်း လိုက်မယ်” နိုင်ဟဲ့ ပြောလိုက်သည်။ ချင်းချင်းနှင့် တခြားသူ များ သူ့ကိုတအံ့တဩ ကြည့်နေသည်ကိုမြင်သောအခါ ပြောလိုက်သည် “ကျွန်တော် ထွက်မလာခင်တုန်းက ဂိုဏ်းထဲကဆရာတွေနဲ့ အကြီးအကဲတွေက မင်းရဲ့ လုံခြုံရေးကို ကာကွယ်ပေးပါလို့ အခါခါမှာလိုက်တာ.. အခု သွားမယ့် နေရာက အရမ်းအန္တရာယ်များတယ်… ကျွန်တော် လုံခြုံရေးအတွက် လိုက်ရမှ ဖြစ်မယ်”
“ဒါဆို ကျွန်မလည်းလိုက်ချင်တယ်” တစ်ချိန်လုံး နှုတ်ဆိတ်နေသည့် မို့ယွီ ပြောလေသည်။
“ငါက ဆရာဦးလေးကို ကာကွယ်ဖို့သွားမှာ မင်းက အပျော်လိုက်ချင်တာ လား” နိုင်ဟဲ့သည် ခွင့်မပြုပေ။
“မရဘူး ကျွန်မလိုက်မှာပဲ.. နိုင်ဟဲ့ ရှင်က ကျွန်မနဲ့အိပ်ပြီးတော့ ဒီလောက်ကြာအောင် ပုန်းနေတာ.. အဲတော့ ဒီအခွင့်အရေးမှာ ထပ်ပုန်းနေ မလား မပြောတတ်ဘူးလေ” မို့ယွီ ပြောလိုက်သည် “ကျွန်မရှင့်နောက်လိုက်မှ ရှင် ထွက်ပြေးလို့မရမှာ”
“အဲကိစ္စကို မပြောလို့မရဘူးလား” နိုင်ဟဲ့သည် မို့ယွီ ပေါက်ကွဲတော့ မည်ကို မြင်သောအခါ အမြန်ပင် ထပ်ပေါင်းပြောလိုက်ရသည် “ဒါက ငါတို့ကြား ထဲက သီးသန့်ကိစ္စလေ အဲဒါကြောင့် နှစ်ယောက်ကြားပဲထားရမယ်.. သူများ တွေကြားအောင် ပြောမနေပါနဲ့တော့”
ချက်ချင်းပေါက်ကွဲတော့မည့် မို့ယွီ၏ခံ့စားချက်မှာ ကောင်းသွားသည်။ သူမသည် သူ့ပခုံးပေါ်လက်တင်ပြီး ပြန်ဖြေလိုက်သည် “ဟုတ်ပြီလေ ဒါပေမဲ့ ရှင် သေမင်းတောင်ကြားကိုသွားရင် ကျွန်မလည်းသွားမယ်.. ရှင် ကျွန်မကို ထားပြီး ထွက်ပြေးရဲရင်တော့.. ရှင့်ရဲ့ အပြစ်သားပြခန်းကို တစ်စစီလုပ်ပစ်မယ်”
“ထားလိုက်ပါတော့ မင်းလိုက်ချင်လည်းလိုက်ပေါ့” နိုင်ဟဲ့သည် သူမ လူကြားသူကြားထဲ ထပ်ပြောမည်ကို ကြောက်သဖြင့် အတူလိုက်ရန် သဘော တူလိုက်ရသည်။ မည်သို့ပင်ဖြစ်စေကာမူ သူမ၏ အစွမ်းအစနှင့်ဆိုလျှင် သူမ ကိုယ်သူမ ကာကွယ်ရန် ပြဿနာမဖြစ်ပေ။
“အဲတော့ ငါတို့လူနည်းနည်းပဲလား” ရှီမာယူယူ မေးလိုက်သည်။
“နေဦး နောက်တစ်ခေါက်ကိုအတူခေါ်ရဦးမယ်” ချင်းချင်းသည် ပြောရင်း နှင့် သားအမိကျောက်တုံးထုတ်ပြီး ဝိညာဉ်စွမ်းအင်ထည့်လိုက်သည်။
ခဏအကြာတွင် စိတ်မရှည်သည့်အသံတစ်သံ ထွက်လာသည် “ဘာလဲ”
“ကိစ္စတစ်ခုရှိတယ် မြန်မြန်လာခဲ့” ချင်းချင်း ပြောလိုက်သည်။
“ငါ ဒီမှာမရှိဘူး လာလို့မရဘူး”
“အဘိုးကို ခုနလေးတင်ပဲ တွေ့လိုက်တာ ဘယ်မှာသွားပုန်းနေသေးတာ လဲ အဘိုးကို ၁၀ စက္ကန့်အချိန်ပေးမယ်” ချင်းချင်းသည် ပြောပြီးနောက် အဆက် အသွယ်ဖြတ်လိုက်သည်။
ထိုအဘိုးအို၏ အသံကို အနည်းငယ်ရင်းနှီးနေသည်ဟု ရှီမာယူယူ ခံစားရ သည်။ လျင်မြန်စွာပင် တံခါးပွင့်လာပြီး သူမနှင့် အဝင်တွင်တွေ့ခဲ့သည့် အဘိုးအို ဝင်လာသည်။
“အဘိုးပဲ” အဘိုးအိုသည် ရှီမာယူယူနှင့် ဝူလင်းယူကို တွေ့လိုက်ရသဖြင့် အံ့ဩသွားသည်။
“မင်းတို့ အရင်ကတွေ့ဖူးတာလား” ချင်းချင်း မေးလိုက်သည်။
“ဟုတ်တယ် အဝင်တုန်းကတွေ့ခဲ့တာ” အဘိုးအိုပြောလေသည် “ငါ့ကို ဘာလို့ခေါ်တာလဲ”
“ကျွန်မတို့ သေမင်းတောင်ကြားကို သွားချင်လို့” ချင်းချင်း ပြောလိုက် သည်။
“ဒါဆိုလည်း သွားလေ… မင်းက အဲဒီကိုအခုမှသွားဖူးတာလည်း မဟုတ် ဘူး.. ဘာလို့ ငါ့ကိုလာပြောနေသေးတာလဲ” အဘိုးအို ပြောလေသည်။
“ကျွန်မတို့က အဲနေရာတွေကိုသွားချင်တာ”
မည်သည့်နေရာများဖြစ်သည်ကိုတော့ ရှီမာယူယဓမသိပေ။ သို့သော် သူတို့နှစ်ယောက်လုံးသည် တစ်ယောက်နှင့်တစ်ယောက် နားလည်သွားသည်။
အဘိုးအိုသည် မျက်မှောင်ကြုတ်လေသည် “အဲနေရာတွေကို ဘာလို့သွား ချင်တာလဲ”
“သွားချင်တဲ့အကြောင်းရှိလို့ပေါ့… အဘိုးက အဲနေရာတွေနဲ့ ရင်းနှီးတော့ လိုက်ခဲ့ပေးဖို့လိုတယ်” ချင်းချင်းပြောလိုက်သည်။
“ငါ မသွားချင်ဘူး” ထိုအဘိုးအို ငြင်းဆန်လေသည်။
“သူဌေးတောင်သွားမှာကို ထွက်ပြေးနိုင်မယ်ထင်လို့လား အဘိုးမသွားချင် ရင် သူဌေးကတော်ကို လစာဖြတ်ခိုင်းလိုက်မယ်” ချင်းချင်းခြိမ်းခြောက်လေ သည်။
‘သူဌေးကတော်’ ဟုစကားကိုကြားသောအခါ မို့ယွီသည် ချင်းချင်းကို နူးညံ့စွာ ပြုံးပြလိုက်သည်။
“ဒီအဘိုးက အပြစ်သားပြခန်းရဲ့ လူပဲလား” ရှီမာယူယူ မေးလိုက်သည်။
“မိတ်ဆက်ပေးရဦးမယ်.. လောင်ကျန်း အပြစ်သားပြခန်းရဲ့ ရှေ့ပြေး ညာလက်ရုံးပါ” ချင်းချင်း ပြောလိုက်သည် “လောင်ကျန်း ဒါကသူဌေးရဲ့ ဆရာ ဦးလေး ရှီမာ ယူယူပါ”
“အပြစ်သားပြခန်းမှာ ရှေ့ပြေးညာလက်ရုံးတောင်ရှိတာလား ဒါဆိုရင် ရှေ့ပြေးဘယ်လက်ရုံးလည်းရှိမှာပေါ့” ရှီမာယူယူသည် ချင့်ချိန်ပြီးမေးလိုက် သည်။
“ရှိတယ် ငါပဲလေ” ချင်းချင်းပြောလေသည်။
ရှီမာယူယူသည် ရှက်သွားသည် “တစ်ယောက်က ဂိုဏ်းသခင်၊ တစ် ယောက်က ဂိုဏ်းသခင်ရဲ့ဇနီး.. နောက်နှစ်ယောက်က ညာလက်ရုံးနဲ့ဘယ် လက်ရံဒး ပြီးတော့ အကုန်လုံး အဲဒီနောက်ကိုလိုက်မယ်ပေါ့ အဲလိုဖြစ်ရဲ့လား”
“ဘာမဖြစ်စရာရှိလဲ.. မင်းတစ်ခုခုဖြစ်ရင် လျှို့ဝှက်ဂိုဏ်းက လူတစ်စု တော့ ရူးသွားကြမှာ” နိုင်ဟဲ့ ပြောလိုက်သည်။
“ဒါပေမဲ့ အပြစ်သားပြခန်းကိစ္စတွေကို ဂရုစိုက်စရာမလိုဘူးလား”
“အပြစ်သားပြခန်းက ငါမရှိတာနဲ့ မလည်ပတ်တာမှမဟုတ်တာ.. အဲလိုဆို ငါ့စီမံရေးအဖွဲ့က ဘာလုပ်နေတော့မှာလဲ” ချင်းချင်း ပြောလိုက်သည် “ပြီးတော့ ငါတို့မှာလျှို့ဝှက်နည်းလမ်းရှိပါတယ် အဲဒီမှာတော့မသေပါဘူး”
ရှီမာယူယူသည် ထိုစကားကို မအံ့ဩနေတော့ပေ။ သူတို့သည် သေမင်း တောင်ကြားသို့ သွားလာနေသူများဖြစ်သဖြင့် ထိုနေရာကို ကောင်းစွာသိကြ သည်။ ထို့ကြောင့် ထွက်ပြေးရန် လျှို့ဝှက်နည်းလမ်းရှိသည်ကို မအံ့ဩတော့ ပေ။
“ဘယ်တော့သွားကြမလဲ”
“ကျွန်တော်တို့က အချိန်မရွေးရတယ် မင်းအပေါ်မှာပဲမူတည်တာပဲ” နိုင်ဟဲ့ ပြောလိုက်သည်။
“ငါတို့လည်း အထွေအထူးဘာမှလုပ်စရာမရှိဘူး.. အရင်တည်းခိုဆောင် ကနေ ပြန်အမ်းငွေယူရုံပဲ.. ဖြစ်နိုင်ရင် ချက်ချင်းသွားချင်တယ် စောလေကောင်း လေပဲ”
“ဟုတ်ပြီ ပြန်အမ်းငွေသွားယူခိုင်းလိုက်မယ်” နိုင်ဟဲ့ ပြောလေသည် “ဆရာဦးလေး ကြိုပြောထားရမယ် ဝင်သွားရင်တော့ ကျွန်တော်တို့ အစီအစဉ် အတိုင်းလိုက်ရမယ်.. တစ်ယောက်တည်းမလှုပ်ရှားပါနဲ့ မဟုတ်ရင် အတင်းပြန် ခေါ်ထုတ်လာမှာ”
“ဟုတ်ပြီ” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ဒါဆိုလည်း သွားကြတာပေါ့”
***