← Chapters

အတိတ်

Vol. 152 Ch. 2122

အတိတ်

Vol. 152 Ch. 2122

သေမင်းတောင်ကြား.. ရှီမာယူယူ ဝင်လိုက်သည်နှင့် အသည်းကွဲတောင် ကြားကို ပြန်အမှတ်ရစေသည်။ နေရာတိုင်းတွင် အဆိပ်များရှိသည်။

သို့သော် ထိုစဉ်က သူမ၏ခန္ဓာကိုယ်သည် အဆိပ်ကင်းလွတ်သဖြင့် အသည်းကွဲတောင်ကြားတွင် လွတ်လပ်စွာလှုပ်ရှားနိုင်သည်။ ယခု သူမတွင် ဝိညာဉ်သာရှိသဖြင့် အထူးသတိထားနေရသည်။

တစ်ခုကောင်းသည်မှာ တောင်ကြားသို့မဝင်ခင် နိုင်ဟဲ့သည် အဆိပ် ဖြေဆေးပေးထားခဲ့သည်။ သူပြောသလိုဆိုလျှင် ၉၉ ရာခိုင်နှုန်းသော အဆိပ် ပိုးကောင်များ၊ အပင်များနှင့် အနံ့အသက်များသည် သူတို့အပေါ် သက်ရောက် မှုမရှိနိုင်ပေ။

“တကယ်ကို အရည်အသွေးမြင့်တဲ့ဆေးပဲ” ရှီမာယူယူသည် ယူပြီးနောက် တစ်လုံးကို ဝူလင်းယူဆီသို့ပေးပြီး သူမလည်း သောက်လိုက်သည် “အပြစ်သား ပြခန်းက ဒီလိုဆေးတွေကို အပြင်လူတွေကိုပေးတာပဲလား”

“အဆင့်အပေါ် မူတည်တယ်.. ဂိုဏ်းထဲမှာရောင်းတဲ့ဆေးတွေက အဆိပ် ကာကွယ်မှုနှုန်း ၃၀ ကနေ ၆၀ အထိပဲရှိတယ်… လူနည်းနည်းလောက်ပဲ အဆင့် မြင့်တဲ့ဆေးတွေရတတ်ကြတယ်” နိုင်ဟဲ့ ပြောလေသည် “မင်းက အဆိပ်နဲ့ ပတ်သက်ပြီးကျွမ်းကျင်ပေမဲ့ ဒီကအဆိပ်တွေကို သိပ်နားမလည်ဘူးလေ.. အချိန်တိုအတွင်းမှာ အဲဒါတွေကို ရှင်းနိုင်တာလည်းမဟုတ်ဘူး”

“ဟုတ်ပြီ ကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် အမှန်တကယ်ပင် သူတို့ ကို ကျေးဇူးတင်မိသည်။

သူတို့တွေ့ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သော်လည်း သူတို့သည် သူမ ကို စိတ်ရင်းနှင့် ကူညီပေးခဲ့ကြသည်။ နိုင်ဟဲ့သည် တစ်ဂိုဏ်းတည်းသာဖြစ် ခြင်းကြောင့်နှင့် ဆရာများ၏အမိန့်ကြောင့် သူမကိုကူညီပြီး ချင်းချင်းသည် အသူရာငရဲမှထွက်ခြင်းကြောင့် ကူညီခြင်းဖြစ်သည်။ သူတို့တွင် သူတို့ဘာသာ အကြောင်းအရင်းရှိနေကြသော်လည်း သူမသည် ကျေးဇူးတင်နေတုန်းပင်ဖြစ် သည်။

တောင်ကြားသို့ဝင်ပြီးနောက် ချင်းချင်း၏ အားသာချက်များပြတော့ သည်။ သူမသည် ရောက်လာမည့်အန္တရာယ်များကို ကြိုပြောထားသဖြင့် ထို အန္တရာယ်များကို ဘေးကင်းကင်းနှင့် ဖြတ်ကျော်နိုင်ခဲ့ကြသည်။

“ဒီကနေ ရှေ့ဆက်သွားရင်ချင်းတောင်ကို မြင်ရလိမ့်မယ်” ချင်းချင်း ပြော လိုက်သည် “ငါက အဲဒီမှာ ကြီးလာတာ”

“လူသားစားစမ်းချောင်းလား” ရှီမာယူယူသည် တာဝန်ခံပြောပြခဲ့သည့် ဒဏ္ဍာရီကို တွေးမိသွားသည်။

“အဲအကြောင်းကို သိတာလား”

“ဒီကိုမလာခင်က ဆိုင်တာဝန်ခံတစ်ယောက်က အဲနေရာရဲ့ ဒဏ္ဍာရီ တချို့ကိုပြောပြခဲ့တယ်” ရှီမာယူယူ ပြောလိုက်သည် “အဲဒီစမ်းချောင်း အကြောင်းကအမှန်ပဲလား”

“ဟုတ်တယ် အမှန်ပဲ” ချင်းချင်းသည် ခေါင်းညိတ်လေသည် “ဒါပေမဲ့ သူတို့တွေက နည်းလမ်းမရှာနိုင်ဘဲ ဇွတ်တိုးဝင်ကြတော့ အရိုးဖြစ်သွားပြီး ပြန် ထွက်မလာနိုင်ကြဘူး”

“ဆိုလိုတာက မင်းမှာ နည်းလမ်းရှိတယ်ပေါ့”

“ငါက ငယ်ငယ်ကတည်းက အဲစမ်းချောင်းရေကိုသောက်လာတာ”

ချင်းချင်း၏ သာမန်ကာလျှံကာ ပြောလိုက်သောစကားများသည် ရှီမာယူ ယူကို အံ့ဩသွားစေသည် “စမ်းချောင်းရေက ကျင့်စဉ်တွေကို အထောက်အကူ ဖြစ်စေတယ်လို့ပြောတယ်.. မင်းရဲ့စွမ်းရည်တွေက စမ်းချောင်ရေကြောင့်လား”

“ဖြစ်နိုင်တယ်.. ဒါပေမဲ့ ငါက ဒီကထူးဆန်းတာတွေလည်း စားခဲ့တယ်.. အဲဒါကြောင့် အဲတစ်ခုတည်းကပဲ အထောက်အကူဖြစ်တယ်လို့ ပြောဖို့ကျ ခက် တယ်.. ငါ ဘာမှမမှတ်မိဘူး အဲဒါကြောင့် ခန့်မှန်းလို့ပဲရတယ်” ချင်းချင်းသည် သူမ၏ ပျက်စီးနေသော မှတ်ဉာဏ်များကို ဘာမှမတတ်နိုင်ပေ။ နှစ်ပေါင်းများ စွာကြာပြီးနောက် သူမသည် မစဉ်းစားမိတော့ပေ။

သူတို့ ချင်းတောင်ခြေသို့ရောက်သောအခါ ရှီမာယူယူသည် ဒဏ္ဍာရီ စမ်းချောင်းကို မြင်လိုက်ရသည်။ အရိုးများပတ်လည်ဝိုင်းနေသည်မှလွဲပြီး တခြားနေရာများနှင့် မထူးမခြားနားပေ။

နောက်ကျနေပြီဖြစ်သလို ဤနေရာသည် ကျယ်ပြန့်သည်ဟု ဆို၍ရ ရသည်။ ပြီးနောက် စမ်းချောင်းကြောင့်လည်း ဤနေရာတွင် အဆိပ်သင့်အရာ များ နည်းပါးသည်။ ချင်းချင်းသည် ယနေ့ညကို ထိုနေရာတွင်သာ စခန်းချ နား သင့်သည်ဟု ပြောလေသည်။ တခြားသူများလည်း ကန့်ကွက်စရာမရှိပေ။ ရှီမာယူယူတွင် အတွေ့အကြုံမရှိသဖြင့် သူမတွင် ထင်မြင်ချက်ပေးစရာမရှိပေ။

တဲများထိုးပြီးနောက်တွင် မို့ယွီသည် နိုင်ဟဲ့ကို တဲထဲသို့ဆွဲခေါ်သွား သည်။ ချင်းချင်းသည် အဘိုးအိုနှင့် ဝူလင်းယူ၊ ရှီမာယူယူတို့ကိုခေါ်ကာ ချင်း တောင်၏ တခြားတစ်ဖက်သို့သွားသည်။ သူတို့သည် တောင်ခြေရှိ တောအုပ် ငယ်တစ်ခုကိုဖြတ်ပြီးနောက် ဘတ်စကတ်ဘောကွင်းအရွယ်အစားခန့်ရှိသည့် ရေပူစမ်ကိုတွေ့လိုက်ရသည်။

“ဒီနေရာက မဆိုးဘူး… အပြင်မှာ အကာအရံတွေရှိတော့ ဒီနေရာကို ရှာတွေ့တဲ့လူနည်းလို့ဖြစ်မယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဟုတ်တယ် ဒီရေပူစမ်းက တကယ်သင့်တော်တယ်” ချင်းချင်းသည် အဝတ်များချွတ်ကာ ရေထဲသို့တင်းသွားသည်။ ထို့နောက် ရှီမာယူယူကို လက် ယက်ခေါ်လေသည်။

ရှီမာယူယူလည်း ဝင်သွားသည်။ သူတို့နှစ်ယောက်လုံးသည် ကမ်းနဖူးကို မှီပြီး ရေချိုးရင်းနှင့် စကားပြောနေကြသည်။

“ငါပြောမယ် မင်းရဲ့လူကနည်း အရမ်းအေးစက်တာပဲ.. ဒီလောက်ကြာနေ ပြီ.. သူစကားပြောတာ ကြားကိုမကြားဖူးသေးဘူး.. မင်းနဲ့ စကားနည်းနည်း ပြောတာကြောင့်သာမဟုတ်ရင် အ,နေတယ်လို့တောင် ထင်တော့မှာ” ချင်းချင်း ပြောလိုက်သည် “သူ့ရုပ်ရည်နဲ့ အကျင့်နဲ့ဆိုရင် ခေတ်သစ်အနုပညာနယ်ပယ်မှာ အလုပ်လုပ်ရင် နှမြောစရာမရှိဘူး”

“သူ့အကျင့်နဲ့လား” ရှီမာယူယူသည် ရယ်မောရင်း ခေါင်းချလိုက်သည်။

“သူ့အကျင့်က ဘယ်လိုပဲဖြစ်ဖြစ် ကိစ္စမရှိဘူး သူက မင်းကိုကောင်းရင် ပြီးတာပဲ” ချင်းချင်းသည် အားကျစွာဖြင့် ပြောလေသည် “မင်းလိုလူနဲ့ ဒီလို နေရာမှာတွေ့ရတာ ဘယ်လောက်ကောင်းလိုက်လဲ”

“မင်းနဲ့ နိုင်ဟဲ့ကရော”

“ဘာလဲ”

“မင်းတို့ကြားက အပတ်အသက်ကို ငါမမြင်ဘူးလို့မထင်နဲ့” ရှီမာယူယူ သည် ရေများကို လက်ဖြင့်သပ်ချရင်းပြောလေသည်  “မင်းက သူမကို ‘သူဌေး ကတော်’ လို့သာခေါ်တာ ဟိုးအဝေးကြီးကနေတောင် အချဉ်နံ့တွေရနေတယ်”

“အဲလောက်တောင် သိသာတာလား ဘယ်သူမှတောင်မသိတာ.. မင်းရဲ့ ရာသီခွင်က ခွေးလား” ချင်းချင်းသည် မငြင်းပေ။

“မင်းရဲ့ အကြံအစည်လေးတွေက ဒီရှေးလူကြီးတွေကိုပဲ လိမ်လို့ရမယ်.. ငါက ဟိုးဘက်ခေတ်မှာ အချစ်တွေအများကြီးကို မြင်ဖူးခဲ့ပြီးပြီ.. ဝက်သားမစား ရင်တောင် ဝက်တော့မြင်ဖူးတယ်မလား” ရှီမာယူယူ ပြောလိုက်သည်။

“ဘာ.. ငါ့ကို ဝက်လို့ပြောလိုက်တာလား” ချင်းချင်း အော်လေသည်။

“မင်းကိုယ်မင်း ပြောလိုက်တာနော်” ရှီမာယူယူ ပြန်တုံ့ပြန်လေသည်။

“ဟူး ငါ တကယ် မင်းကိုအားကျတယ်” ချင်းချင်း သက်ပြင်းချလေသည် “မင်းကို ကောင်းကောင်းဆက်ဆံပေးတဲ့လူရှိတယ်”

“ဒါဆို မင်းနဲ့နိုင်ဟဲ့ကရော” ရှီမာယူယူ မေးလိုက်သည် “မင်း အသူရာ ငရဲကနေထွက်သွားချင်တဲ့ အကြောင်းအရင်းက ထွက်ပြေးချင်လို့ပဲမဟုတ်ဘူး လား”

“ဒါက ထွက်ပြေးတယ်လို့ ပြောလို့ရလားမသိဘူး.. သူက ငါ့အပေါ်ကို ခံစားချက်မရှိဘူးလေ.. သူ့ဘေးက မိန်းကလေးတွေက အမြဲပြောင်းနေတာပဲ ဒါပေမဲ့ ငါ့ကိုတော့ တစ်ခါမှမစဉ်းစားဖူးဘူး.. ဒီလိုဆိုမှတော့ ငါ ဒီမှာနေပြီး သူနဲ့ တခြားမိန်းကလေးတွေကို ဆက်ကြည့်မနေချင်တော့ဘူး.. အဓိကအကြောင်း အရင်းက ငါ အပြင်ထွက်ပြီး လောကကြီးကိုကြည့်ချင်တယ်”

“သူက မင်းထင်သလို မဟုတ်တာလည်း ဖြစ်နိုင်တာပဲ၊ အရင်တစ်ခေါက် မင်းထွက်သွားမယ်လို့ ပြောတုန်းက တုံ့ပြန်မှုကြီးတာပဲ”

“အဲဒါကဘာမှမဟုတ်ဘူး သူက သူဌေးကတော်ကိုတောင် ရှာတွေ့နေပြီပဲ” သူမ ထိုအကြောင်းပြောချိန်တွင် စိတ်ဓာတ်ကျမိသည်။ သို့သော် သူမသည် ထို ခံစားချက်များကြောင့် ဆွဲချမခံပေ။ သူမသည် ခေါင်းမော့ကာ သူမကို မေးလေ သည် “ပြန်သွားဖို့ကို စဉ်းစားဖူးလား”

“ပြန်သွားမယ်ဟုတ်လား လက်ရှိကိုလား”

“ဟုတ်တယ်”

“ဟင့်အင်း ငါ့မိသားစုနဲ့ သူငယ်ချင်းတွေ အကုန်လုံးက ဒီမှာပဲ.. အဲဒီက အကြောင်းတွေထဲမှာ မှတ်မိစရာဘာမှမရှိတော့ဘူး” ရှီမာယူယူသည် အတိတ် က အကြောင်းများကို အမှန်တကယ် မတွေးမိတော့ပေ။

“ဟူး.. ငါလည်း အရင်ကတွေးပါသေးတယ်” ချင်းချင်း သက်ပြင်းချလိုက် သည် “အဲဒီမှာငါ့မိဘတွေ၊ သူငယ်ချင်းတွေနဲ့ အလုပ်လည်းရှိတယ်.. ဒါပေမဲ့ ငါ ကဒီအတိုင်းသေသွားတာ သူတို့တွေ ဘယ်လောက်ဝမ်းနည်းနေမလဲမသိဘူး”

“မင်းက ဒီနေရာက လူမဟုတ်ဘူးလို့ ခံစားမိတာကြောင့်လည်းဖြစ်မယ်”

“ဖြစ်နိုင်ပါတယ်” ချင်းချင်း မငြင်းဆန်ပေ။ အဆုံးတွင် သူမသည် အသည်း ကွဲနေသည့် မိန်းကလေးဖြစ်နေတုန်းပင်။

“ပြန်သွားဖို့အကြောင်းကို ဆက်မတွေးသင့်တော့ဘူး” ရှီမာယူယူ ပြော လိုက်သည် “ဒီကိုရောက်နေတာ ဘယ်လောက်တောင် ကြာပြီလဲ.. အဲဒီမှာ အချိန်တွေ ဘယ်လောက်ကုန်သွားပြီလဲဆိုတာ မသိရဘူးလေ.. ပြီးတော့ ပြန် သွားဖို့ နည်းလမ်းကိုလည်းမသိဘူး.. အတွေးလွန်တာက ပိုပြီးစိုးရိမ်စေတာပဲရှိ မယ်”

“ဘာစိုးရိမ်မှုလဲ မင်းတို့ ဘယ်သွားကြမလို့လဲ” မို့ယွီသည် အနောက်က တောအုပ်ထဲမှ ထွက်လာသည်။ သူမသည် ရေပူစမ်းကိုမြင်သောအခါ မျက်လုံး များအရောင်တောက်လာသည် “ကောင်းလိုက်တဲ့နေရာလေးပါလား ဘာလို့ ငါ့ ကို မခေါ်ကြတာလဲ”

“ငါတို့ ထွက်လာတုန်းက မင်းနဲ့နိုင်ဟဲ့တို့က တဲထဲမှာလေ.. ဆင်းလာ ပြီးအတူစိမ်ချင်လား” ချင်းချင်းသည် သူမ၏ ပုံမှန်ပုံစံအတိုင်းပြန်ဖြစ်သွား သည်။ ဝမ်းနည်းမှုနှင့် စိတ်ဓာတ်ကျခြင်းများသည် မရှိတော့သည့်ပုံပင်။

“အင်း” မို့ယွိသည် အဝတ်များချွတ်ပြီး ဆင်းသွားသည်။ သူမသည် သူတို့ ဘေးသို့သွားလိုက်သည် “မင်းတို့နှစ်ယောက်က နေရာတွေကို ဘယ်လိုရှာရမလဲ ဆိုတာ သိတာပဲ.. နိုင်ဟဲ့ပြောတယ်.. ချင်းချင်းက တောင်ကိုပြန်လာတာ ငါး ကိုရေထဲလွှတ်လိုက်သလိုပဲတဲ့.. အခုကြည့်ရတာ တကယ်ထင်တယ်”

ချင်းချင်းသည် ပျင်းရိစွာရယ်မောလိုက်သည်။ သို့သော် ဘာမှမပြောပေ။

မို့ယွီသည် စိတ်ထဲမထားပေ။ သူမသည် ရှီမာယူယူကို ကြည့်ပြီး ပြောလေ သည် “မင်းက တစ္ဆေလောကရဲ့ မင်းသမီးလေးမလား.. ဝိညာဉ်နယ်မြေနဲ့ တစ္ဆေ လောကတို့ စစ်ဖြစ်တော့မယ်လို့ကြားမိတယ်.. ဝိညာဉ်နယ်မြေကလူတွေက မင်းကိုမပေးရင် တိုက်ခိုက်တော့မယ်လို့ အော်ဟစ်နေကြတာတဲ့”

***

All Chapters