နှင်းတောင်
Vol. 152 Ch. 2123
ရှီမာယူယူသည် ကစားမနေသင့်တော့ဟု ခံစားလာရသည်။ သူမသည် မို့ယွိကိုကြည့်ပြီး မေးလိုက်သည် “တကယ်ကြီးလား”
“ငါ နိုင်ဟဲ့ကိုလာမရှာခင်က တစ္ဆေလောကကပြန်လာတာပဲ” မို့ယွီ ပြောလေသည် “တစ္ဆေကြင်ယာတော်က စစ်သူကြီးကိုဖိအားပေးပြီး မင်းကို ပေး ဖို့တောင်းနေတာ.. မင်းကြောင့်မို့လို့နဲ့ မျိုးနွယ်နှစ်ခုကြားမှာ အက်ရာအထင်မခံ နိုင်ဘူးတဲ့”
“ဟင်း အဲဒီတစ္ဆေကြင်ယာတော်ကတော့လေ.. နောက်ဆုံးတော့ ငါ့ကို ဆန့်ကျင်ဖို့အတွက် အားနည်းချက်ကိုင်မိသွားပြီပေါ့” ရှီမာယူယူသည် အေးစက် စွာရယ်မောလိုက်သည်။ သူမ ရုတ်တရက် ထုတ်လွှတ်လိုက်သည့် ရောင်ဝါသည် မို့ယွီနှင့် ချင်းချင်းတို့ကို ထိတ်လန့်သွားစေသည်။
သူမသည် အမြဲတစေ တည်ငြိမ်တတ်သည်ဟု အစက သူတို့ထင်ထားကြ သည်။
“ယူယူ ဘာလုပ်မှာလဲ” ချင်းချင်းသည် ရှီမာယူယူ ဖြတ်သန်းခဲ့သည်များ ကို ရင်းနှီးလှသည်မဟုတ်သော်လည်း အခြေအနေ၏ ၇၀ ရာခိုင်နှုန်းကို ခန့်မှန်း နိုင်သည်။
“ငါ့ဝမ်းကွဲအစ်ကိုက တစ္ဆေကြင်ယာတော်ကို အလွယ်တကူအရှုံးပေးမှာ တော့မဟုတ်ဘူး… အခုလုပ်လက်စကို ပြီးအောင်လုပ်ပြီး ပြန်ရမယ်” ရှီမာယူယူ ပြောလိုက်သည်။
သူမသည် စိုးရိမ်နေသော်လည်း ဤအဆင့်ထိရောက်ပြီးမှ လမ်းတစ်ဝက် နှင့် လက်မလျော့ချင်ပေ။ ဒိကျဲ့ တောင့်ခံထားနိုင်ရန်ကိုသာ သူမ မျှော်လင့်ရ တော့သည်။
သူမသည် လက်ရှိတွင် တခြားကိစ္စများကို စိတ်ပူနေခြင်းကြောင့် အချိန် ဆွဲမနေတော့ပေ။ မို့ယွီပြီးသည်နှင့် သူတို့သုံးယောက် ပြန်လာလိုက်ကြသည်။
ရှီမာယူယူ ပြန်လာကတည်းက ခံစားချက်မကောင်းသည်ကို ဝူလင်းယူ သတိထားမိသည်။ ထို့ကြောင့် သူမလက်ကိုဆွဲကာ အဖြစ်အပျက်ကိုမေးလေ သည်။
“ချင်းဟွမ်က တစ္ဆေလောကနဲ့ စတိုက်ခိုက်နေပြီ” ရှီမာယူယူ ပြောလိုက် သည် “သူက ကျွန်မကိုပေးဖို့ တစ္ဆေလောကကို ပြောနေတာ.. တစ္ဆေကြင်ယာ တော်ကလည်း ဝမ်းကွဲအစ်ကိုကို ဖိအားပေးနေပြီ… အဘိုးက ကျင့်ကြံတာက နေ ထွက်မလာသေးဘူး ဝမ်းကွဲအစ်ကို တောင့်ခံနိုင်ပါ့မလားလို့ စိတ်ပူနေပြီ”
“ဒိကျဲ့က တကယ်အားကောင်းပါတယ်.. ပြီးတော့ တစ္ဆေဘုရင်ကလည်း တစ္ဆေကြင်ယာတော် အားကောင်းလာတာကို ခွင့်ပြုမှာမဟုတ်ဘူး.. ဒိကျဲ့ကိုပဲ အာဏာပေးလိမ့်မယ်.. ဒါကိုကိုင်တွယ်ဖို့ သူ့မှာ ပြဿနာမရှိလောက်ပါဘူး” ဝူလင်းယူသည် သူမကို နှစ်သိမ့်ပေးလေသည်။
“ကျွန်မလည်း အဲလိုစဉ်းစားတာပဲ ဒါပေမဲ့ စိတ်မအေးနိုင်သေးဘူး” ရှီမာ ယူယူ ပြောလိုက်သည် “ဒီခရီးစဉ်ချောမွေ့ပြီး အမေ့ကိုမြန်မြန်ကယ်ပြီး မြန်မြန် ပြန်နိုင်ဖို့ကိုပဲ မျှော်လင့်တယ်”
“အင်း ဒီကိစ္စတွေကို စောင့်ကြည့်ထားဖို့ လူလွှတ်လိုက်မယ်.. တစ်ခုခု ဖြစ် ရင် သူတို့တွေ ကိုယ့်ကိုချက်ချင်းသတင်းပေးလိမ့်မယ်”
“ဟုတ်ပြီ” ရှီမာယူယူ ခေါင်းညိတ်လေသည်။ သူမသည် မို့ယွီအော်သံကို ကြားလိုက်ရသဖြင့် ကြည့်လိုက်ရာ ချင်းချင်းသည် ရေတံခွန်နှုတ်ခမ်းဖျားနားသို့ ကပ်သွားသည်ကို မြင်လိုက်ရသည်။
ချင်းချင်းသည် လမ်းမှာတွေ့သည့် အရိုးတချို့ကို သိမ်းနေသည်ကို မြင် လိုက်သောကြောင့် မို့ယွီ အော်ခြင်းဖြစ်သည်။
သူမသည် နိုင်ဟဲ့ကို အလိုလိုကြည့်မိလိုက်သည်။ သူသည် ပြုံးထားသော် လည်း မျက်လုံးတွင်တော့ စိုးရိမ်မှုအရိပ်အယောင်ရှိနေသည်။
ချင်းချင်းသည် လျင်မြန်စွာပင် ရေတံခွန်ဘေးသို့ ရောက်သွားသည်။ သူမ သည်။ ကျောက်စိမ်းပုလင်းနှစ်လုံးထုတ်ကာ ပုလင်းကိုအမြန်ဖြည့်ပြီးနောက် ပြန်လာသည်။
“ရော့” ချင်းချင်းသည် ပုလင်းများကို ရှီမာယူယူနှင့် မို့ယွီအားပေးလိုက် သည်။
မို့ယွီသည် ပုလင်းကိုသိမ်းပြီး မေးလိုက်သည် “အရိုးတွေကို ဘာလို့သိမ်း တာလဲ”
“သုံးစရာရှိလို့” ချင်းချင်း ပြောလေသည် “ပြီးတော့ အဆင်သင့်နေတာ လေ.. အန္တရာယ်များတဲ့နေရာတွေကို ငါ သိပ်ဂရုမစိုက်တတ်ဘူး”
သူမ၏အတွေးကို ရှီမာယူယူသိသည်။ အလောင်းများကို သင်္ဂြိုလ်ပေးရန် နေရာများကို အရင်ကတည်းက ရွေးပေးခဲ့သည်။ ထိုအရာသည် သူမ သူတို့ကို လေးစားခြင်းပင်ဖြစ်သည်။
“ကျေးဇူးတင်ပါတယ်” သူမသည် ချင်းချင်းကို ပုလင်းမြှောက်ပြလိုက် သည်။
“ချင်းချင်း ငါ့အတွက်ရော” နိုင်ဟဲ့သည် အမြန်လာမေးလေသည် “မင်းက ငါ့ကို တစ်ပုလင်းအမြဲပေးနေကျလေ”
“ရှင့်ရဲ့ ကတော်ကို ပေးပြီးပြီလေ” ချင်းချင်းသည် သူ့ကို တစ်ချက်သာ ကြည့်လေသည် “ဘယ်လိုပဲဖြစ်ဖြစ် ရှင်အများကြီးသောက်ပြီးနေပြီ.. တစ်ခါ နှစ်ခါလောက် လျော့သောက်လိုက်တာနဲ့ သေမသွားပါဘူး”
“ချင်းချင်း.. ငါက မင်းရဲ့သူဌေးပါ.. ငါ့ကို လေးစားမှုနည်းနည်းတော့ပြလေ မဟုတ်ရင် မင်းလစာကို ဖြတ်မယ်” နိုင်ဟဲ့ အော်လေသည်။
“ဖြတ်ချင်လည်းဖြတ်ပေါ့.. အရင်တစ်ခါကလည်း အများကြီး ဖြတ်ပြီးပြီ မဟုတ်ဘူးလား” ချင်းချင်းသည် နှာမှုတ်ပြီးနောက် လှည့်ထွက်ကာ သူမ၏ တဲ ဆီသို့ပြန်လေသည်။
“မင်းစောင့်နေ.. အဲဒီလကစပြီး ဖြတ်ပစ်မယ်”
“ဖြတ်လေ ဖြတ်ပေါ့.. ဘယ်လိုပဲဖြစ်ဖြစ် ဒီလကစပြီး ထွက်သွားတော့မှာ ပဲ” ချင်းချင်း၏ ပျင်းရိသောအသံသည် တဲထဲမှထွက်လာသည် “ပြီးခဲ့တဲ့ နှစ် ၁၀၀ လုံးလုံးလည်း ဖြတ်ပြီးပြီ.. ဒီတစ်လလေးကို ဘာကြောက်နေရမှာလဲ.. အာ နောက်ဆုံးတော့ လွတ်လပ်တော့မှာပဲလေ”
“ချင်းချင်း မင်းကို ငါ ထွက်သွားဖို့ ခွင့်မပေးသေးဘူး”
“ဟား.. ရှင် သဘောတူတူ မတူတူ ဂရုမစိုက်ပါဘူး” အတားအဆီးတစ်ခု တဲအပြင်တွင် လက်ကနဲဖြစ်သွားကာ အထဲမှအသံထပ်မကြားရတော့ပေ။
“ငါ စိတ်အရမ်းဆိုးနေပြီ စိတ်ဆိုးလွန်းလို့ သေတော့မယ်” နိုင်ဟဲ့သည် ဒေါသထွက်လာသည် “မင်းတို့ပြောဦး ဒါက ဘယ်လိုလက်အောက်ငယ်သားလဲ”
လောင်ကျန်းသည် ထိုမြင်ကွင်းကို အသားကျနေပြီဖြစ်သဖြင့် နိုင်ဟဲ့၏ အမေးကိုပြန်မဖြေပေ။ သူသည် လှည့်ထွက်ပြီး တဲဆီသို့ပြန်လေသည်။
ရှီမာယူယူသည် နိုင်ဟဲ့ကိုပြုံးပြပြီး ဝူလင်းယူကို ဆွဲပြီး တဲဆီသို့ပြန်လေ သည်။ သူမသည် သူတို့ကိစ္စများကို ဝင်ပါရန် စိတ်ကူးမရှိပေ။
တစ်ညတာသည် မည်သည့်ပြဿနာမှမရှိဘဲ အေးချမ်းစွာ ကုန်ဆုံးသွား သည်။
နောက်နေ့မနက် ရှီမာယူယူနှင့် ဝူလင်းယူထွက်လာချိန်တွင် နိုင်ဟဲ့နှင့် ချင်းချင်းတို့သည် အဝေးတွင် ရန်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ နိုင်ဟဲ့ သည် မနေ့ညကကိစ္စကို ကျွဲမြီးတိုနေဆဲဖြစ်ကာ ချင်းချင်းသည် ပျင်းရိစွာ တုံ့ပြန် နေတုန်းပင်ဖြစ်သည်။ နိုင်ဟဲ့ မည်မျှပင် ပြောစေကာမူ သူမ မပြောင်းလဲပေ။
မို့ယွီသည် တဲအပြင်တွင်ရပ်ပြီး ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေ သည်။ ရှီမာယူယူ ထွက်လာသည်ကိုမြင်သောအခါ ပြုံးပြပြီး သူမသည် နှုတ်ဆက်လေသည်။
ချင်းချင်းနှင့် နိုင်ဟဲ့တို့သည် ရှီမာယူယူထွက်လာသည်ကိုမြင်သောအခါ ရန်ဖြစ်နေသည်မှရပ်ပြီး ရှေ့နောက်လျှောက်ကာ ပြန်လာကြသည်။ ချင်းချင်း သည် အရှေ့မှ ကောင်းမွန်သောခံစားချက်ဖြင့် လျှောက်လာသည်။ သူမ အနောက်မှလျှောက်လာသော နိုင်ဟဲ့၏မျက်နှာမှာ မီးသွေးကဲ့သို့ မည်းတူးနေ သည်။
“ထုပ်ပိုးပြီးရင် ရှေ့ဆက်ကြတာပေါ့” ချင်းချင်း ပြောလိုက်သည်။
“ဟုတ်ပြီ” ရှီမာယူယူသည် သူတို့ပြောနေသည့်အကြောင်းအရာများကို မမေးပေ။ သူမ ထုပ်ပိုးပြီးသည်နှင့် အားလုံးသည် ရှေ့ဆက်ကြသည်။
သူတို့ကို ချင်းချင်းလမ်းပြသဖြင့် ခရီးမှာအတော်ချောမွေ့သည်။ တောင်ကြားထဲမှ အဆိပ်တိရိစ္ဆာန်များသည် ပြီးခဲ့သည့်နှစ်များတွင် ဆိုးဆိုးရွား ရွားအရိုက်ခံထားရသည့်အလား သူတို့ကိုမြင်သည်နှင့် ခပ်ဝေးဝေးတွင် သွားနေ ကြသည်။ သူတို့သည် ရက်စက်ကြမ်းကြုတ်သည့် မြွေပွေးတစ်ကောင်ကို မြင် လိုက်ရသကဲ့သို့ဖြစ်နေသည်။
ထိုမြင်ကွင်းကိုမြင်သောအခါ ရှီမာယူယူသည် အတန်ကြာရယ်နေမိ၏။
သည်လိုနှင့် သူတို့သည် တောင်ကြားတွင် တစ်လကျော်ကြာအောင်နေ သည်။ သို့သော် အံ့ဖွယ်ဆေးအရိပ်အယောင်ကို မတွေ့ရပေ။ အချိန်ကုန်သက် သာစေရန်အတွက် သူတို့သည် တွေ့သမျှကိုပင် မယူပေ။
“အံ့ဖွယ်ဆေးရှိတဲ့နေရာကို ကျော်ရင်တောင် ကျော်ခဲ့လောက်ပြီ” ချင်းချင်း ပြောလေသည် “နေရာတစ်ခုပဲကျန်တော့တယ်”
“ဘယ်နေရာလဲ”
“ဒီမှာ” ချင်းချင်းသည် သေမင်းတောင်ကြား၏ အလယ်တွင် မြင့်မားစွာရှိ နေသော နှင်းတောင်များကို လှမ်းကြည့်လိုက်သည်။ “အံ့ဖွယ်ဆေးက သေမင်း တောင်ကြားမှာရှိတယ်ဆိုရင် ဒီတစ်နေရာပဲဖြစ်နိုင်တော့တယ်”
သူမ ထိုတောင်များအကြောင်း ပြောချိန်တွင် ကြောက်ရွံ့မှုရှိနေသည်ကို ရှီမာယူယူ သတိထားမိသဖြင့် မေးလိုက်သည် “ဒီမှာ နှင်းဖြူမိန်းကလေး အကြောင်းက တကယ်ရှိလား”
“နှင်းဖြူမိန်းကလေး တကယ်ရှိလားမရှိလားတော့ ငါလည်းမသိဘူး.. ဒါပေမဲ့ အပေါ်မှာတော့ အရမ်းအားကောင်းတဲ့သူရှိတာတော့ သေချာတယ်… အဲဒီကိုသွားဖို့မလွယ်ဘူး.. ငါတောင်မှ တောင်ခြေထိပဲသွားနိုင်တယ်.. အဲဒီကို တက်သွားဖို့ တစ်ခါမှစိတ်မကူးဖူးဘူး”
“ဒါဆို ငါတို့သွားကြမှာလား”
“လောင်ကျန်းက အဲဒီကိုရောက်ဖူးတယ် အဲဒါကြောင့် ဒီတစ်ခါ သူ့ကို လမ်းပြခိုင်းရမယ်” ချင်းချင်း ပြောလိုက်သည်။
ဆိုလိုသည်မှာ သူတို့သည် ဤကိစ္စကို စဉ်းစားထားပြီးဖြစ်သည်။ အံ့ဖွယ် ဆေးသည် တောင်ကြား၏ သာမန်နေရာများတွင် မရှိနိုင်ပေ။ သူတို့သည် တစ်လ ကြာသည်အထိ ပတ်သွားခဲ့သော်လည်း အံ့ဖွယ်ဆေးမရှိသည်ကို သိ သည်နှင့် သူမကို လက်လျော့စေချင်မိသည်။
“နှင်းတောင်ပေါ်မှာ သဘာဝ တိုက်ခိုက်မှုတွေရှိတယ်.. ဒါပေမဲ့ နှင်းဖြူ မိန်းကလေးကိုတော့ တစ်ခါမှမတွေ့ဖူးဘူး” လောင်ကျန်းပြောလေသည် “ခဏ နေတက်မယ်ဆို မြင်မြင်သမျှကို ဝိညာဉ်စွမ်းအင်နဲ့မတိုက်ခိုက်ရဘူးလို့ စိတ်ထဲ မှာ မှတ်ထားရမယ်”
သူတို့ နှင်းတောင်ခြေသို့ရောက်သောအခါ ရှီမာယူယူသည် ရှောင်ချီကို ခေါ်ထုတ်လိုက်သည်။ သူမသည် ရတနာများကို အာရုံခံကောင်းသဖြင့် တည် နေရာကိုမြင်ရင်မြင်ရနိုင်သည်။
ရှောင်ချီသည် အပြင်သို့ထွက်လာနိုင်သဖြင့် အလွန်ပျော်နေသည်။ သူမ သည် ရှီမာယူယူ၏ လက်ကိုဆွဲပြီး နှင်းတောင်ကို သေချာလေ့လာလေသည်။ သူမ တစ်စုံတစ်ခုကို အာရုံခံမိနိုင်စေရန် မျှော်လင့်မိသည်။
သို့သော် သူတို့သည် နှင်းတောင်ကို တစ်ပတ်ပတ်ပြီးရှာကြည့်သော်လည်း မည်သည့်သတင်းမရသလို အံ့ဖွယ်ဆေး၏အရိပ်အယောင်ကိုပင် မတွေ့ရပေ။
အဲဒါကဒီမှာမရှိလို့များလား။
***