← Chapters

ရေအောက်

Vol. 152 Ch. 2125

ရေအောက်

Vol. 152 Ch. 2125

တစ် နှစ် သုံး…

ချင်းချင်းသည် တစ်ယောက်ချင်းစီပစ်ပေးရာ အပြင်မှလူများသည် ထိုလူ များကို ဖမ်းကြသည်။ ထို့နောက် တခြားသူများသည် ဆေးများအမြန်ထုတ်ပြီး သူတို့ကို ကျွေးရသည်။

ချင်းချင်းသည် အသက်ရှင်နေသေးသည့်လူများကို ခေါ်ထုတ်ပြီးနောက် အရိုးများကို ကောက်ကာ မျက်လုံးမှိတ်ပြီး ဖြည်းဖြည်းချင်းလျှောက်လာသည်။

“ကျေးဇူးအများကြီးတင်ပါတယ်” တာဝန်ရှိသူသည် ချင်းချင်းရှေ့သို့လာ ပြီး ကိုယ်ကိုကိုင်းကာ ဦးညွှတ်လေသည်။ သူသည် ကျောက်စိမ်းကဒ်ထုတ်ကာ သူမဆီသို့ ပေးလိုက်သည်။

ချင်းချင်းသည် ကျောက်စိမ်းကဒ်ကို မှော်ဝင်လက်စွပ်ထဲသို့ သာမာန်ကာ လျှံကာပင် သိမ်းလိုက်သည်။ ထို့နောက် သေးငယ်သောကျောက်စိမ်းပုလင်း တစ်လုံးထုတ်ပြီး သူ့ဆီသို့ ပေးလိုက်သည် “ရှင်တို့လူတွေကို ကယ်ပြီးသွားပြီ.. ဒီမှာက ညကြီး နလန်ထူဖို့မသင့်တော်ဘူး.. သူတို့ကိုခေါ်ပြီးသွားတော့”

တာဝန်ရှိသူသည် ကျောက်စိမ်းပုလင်းကို ခံစားချက်ပါပါဖြင့် ယူပြီး သူမကို ရိုသေစွာဖြင့် ဦးညွှတ်ပြန်သည်။ ထို့နောက် သူ့လူများနှင့်ထွက်သွားလေ သည်။

သူတို့ထွက်သွားသည်နှင့် မို့ယွီသည် အမြန်ရောက်လာပြီး ပြောလေသည် “လှလိုက်တဲ့အကွက်ပဲ.. ဒီလိုဆိုရင် ဒီမှာဘယ်သူမှမရှိတော့ဘူး ငါတို့ စခန်းချ တာကိုလည်း ဘယ်သူမှမသိတော့ဘူး”

“ငါက အမှန်အတိုင်းပြောလိုက်တာပဲ” ချင်းချင်း ပြောလိုက်သည် “ညရောက်လာရင် ဒီမှာတိုက်တဲ့လေက လူကိုစားတတ်တယ်.. ဒဏ်ရာမရတဲ့ လူဆိုရင် ကိစ္စမရှိဘူး.. ဒါပေမဲ့ ဒဏ်ရာရတဲ့လူဆိုရင် ပိုဆိုးတယ်.. ညမရောက် ခင် ဒီကနေထွက်သွားလိုက်တာ သူတို့အတွက် အကောင်းဆုံးပဲ”

“အင်း သိပြီ.. မင်းမှာ အဲလိုကြင်နာတတ်တဲ့ နှလုံးသားရှိလိမ့်မယ်လို့ ထင် မထားဘူး” မို့ယွီ ရယ်မောလေသည်။

“ငါက အမြဲကြင်နာတတ်ပါတယ်.. ငါ့မကောင်းကြောင်းတွေက သူဌေး တွေက ချဲ့ကားပြောနေတာပဲ” ချင်းချင်း စောဒကတက်လေသည် “ဒီနေ့ရက် တွေ ပြီးတော့မှာမို့လို့ တော်ပါသေးတယ်”

“မင်း ထွက်သွားတော့မလို့လား” မို့ယွီ မေးလိုက်သည် “ငါလာလို့ မင်းက..”

“သူဌေးကတော်.. အတွေးလွန်နေပါပြီ.. ငါက အမြဲထွက်သွားချင်နေတာ အခွင့်အရေးမရှိခဲ့ရုံတင်ပါ” ချင်းချင်းသည် သစ်ပင်အား ပျင်းရိစွာ မှီလိုက်သည်။ စမ်းချောင်းအား ငေးငိုင်စွာကြည့်နေသည့် ရှီမာယူယူကို သူမ ကြည့်လိုက်သည်။ သူမသည် သဲ့သဲ့ပြုံးကာ ဆက်ပြောလေသည် “အခု နောက်ဆုံးတော့ ရဲဘော် ရဲဘက်တွေ့သွားပြီဆိုတော့ ဒီနှစ်တွေအများကြီးမှာ ဒီအကျဉ်းထောင်ကနေ ထွက်ဖို့ ကူညီတဲ့လူပေါ်လာပြီ.. ဒါက အခွင့်အရေးပဲ”

“မင်း ဒီနေရာကနေ ထွက်သွားဖို့ သူမက ကူညီမှာပေါ့” မို့ယွိသည် သူမ၏ သရုပ်မှန်ကိုသိသည်။ ထို့ကြောင့် သူမ အသူရာငရဲမှ ထွက်မသွားနိုင်သည့် အကြောင်းအရင်းကိုလည်း သိသည်။

“သူမ ကူညီနိုင်မှာပါ” ချင်းချင်းသည် မသေချာပေ “ငါ စမ်းကြည့်ရမယ် လေ မဟုတ်ဘူးလား”

“မင်း ထွက်သွားရင် သူတော့ ဝမ်းနည်းတော့မှာပဲ”

“ဘယ်သူလဲ သူဌေးလား” ချင်းချင်းသည် မျက်လုံးများကို ပင့်တင်လိုက် သည်။

“ဟုတ်တယ် သူတော့ အားကောင်းတဲ့ လက်အောက်ငယ်သား ဆုံးရှုံး လိုက်ရမှာ”

“ဝမ်းနည်းမှာမဟုတ်ပါဘူး.. သူက ငါ့ကိုထိန်းချုပ်နိုင်ရင် လူတိုင်းကို ထိန်းချုပ်နိုင်မှာပါ” ချင်းချင်းသည် မကျေမနပ်ဖြင့် ပြောလိုက်သည်။ ရှီမာယူယူ စမ်းချောင်းကို မလှုပ်မယှက်ကြည့်နေသည်ကို သူမ မြင်သောအခါ လျှောက် သွားပြီး မေးလိုက်သည် “ဘာတွေကြည့်နေတာလဲ”

“ဒီစမ်းရေရဲ့ အသုံးဝင်ပုံကိုတွေးနေတာ” ရှီမာယူယူ ပြောလိုက်သည် “သေလူကို အသက်ပြန်ရှင်နိုင်ပြီးတော့ အသားကိုအရိုးဖြစ်စေတယ်.. ဒါက အံ့ဖွယ်ဆေးရဲ့ သက်ရောက်မှုမဟုတ်ဘူးလား”

“အံ့ဖွယ်ဆေးက ဒီမှာရှိနိုင်တယ်လို့ ပြောနေတာလား” ချင်းချင်းသည် စမ်းချောင်းအား အလိုလိုကြည့်မိသွားသည်။ သူမသည် ဤအနီးအနားတွင် နှစ်ပေါင်းများစွာနေခဲ့သည်။ သို့သော် ဤဖြစ်နိုင်ချေကို တစ်ခါမှမတွေးဖူးပေ။

“မဟုတ်ရင် စမ်းရေနည်းနည်းသောက်လိုက်တာနဲ့ ဘယ်လိုလုပ် ဒီလို သက်ရောက်မှုရှိမှာလဲ” ရှီမာယူယူ တွေးတောနေသည်။

“အဲလိုပြောတော့လည်း ဖြစ်နိုင်ချေရှိတာပဲ” ရှီမာယူယူ ထောက်ပြသည် နှင့် ချင်းချင်းလည်း ဖြစ်နိုင်ချေရှိသည်ဟု ခံစားလာရသည် “ငါ ဘာလို့ ဆင်းသွား ပြီး မကြည့်ရမှာလဲ”

“အံ့ဖွယ်ဆေးနားဆို အရမ်းအန္တရာယ်များတယ်” ရှီမာယူယူ ပြောလိုက် သည်။

“စမ်းချောင်းနားကို ဘယ်သူမှ မကပ်နိုင်ဘူး” ချင်းချင်းသည် အလွန် နာကျင်စေသည့် အမှန်တရားကို ထောက်ပြသည်။

“ဒါဆိုလည်း ဟုတ်ပြီလေ.. အန္တရာယ်ရှိရင် မင်း ချက်ချင်းပြန်လာရမယ် နော်” ရှီမာယူယူ ပြောလိုက်သည်။

“ငါသိပါတယ် ငါမတုံးပါဘူး” ချင်းချင်း ပြောလိုက်သည်။ “သေခြင်းတရား က ငါ့ကိုပြန်ရင်ပြန်ပို့နိုင်မှာလို့တွေးဖူးပေမဲ့ ဒီနှစ်ပေါင်း ၁၀၀ လောက်မှာ စမ်း ကြည့်ဖို့ သတ္တိမရှိခဲ့ဘူး”

“မှောင်လာတဲ့အထိစောင့်ပြီးမှ သွားလေ”

“ဟုတ်ပီဲ”

ရှီမာယူယူသည် ချင်းချင်းကို ကြည့်ပြီး သူမ၏မျက်နှာတွင် စိတ်ရင်းနှင့် ပြုံးသောအပြုံးဖြစ်ပေါ်လာသည်။

မှောင်လာသည်နှင့် ချင်းချင်းသည် ရေအောက်ဆင်းရန် ပြင်ဆင်လေ သည်။  အန္တရာယ်ရှိသည်နှင့် ပြန်လာရန် ရှီမာယူယူ သူမကို ထပ်မံသတိပေး လိုက်သည်။

“မင်းက ဒီလောက် ပူညံပူညံလုပ်တတ်တဲ့လူလို့ ငါ မသိခဲ့ဘူးပဲ” ချင်းချင်း သည် လက်ကိုဝှေ့ယမ်းပြီး စမ်းချောင်းအနားသို့ ကပ်သွားလေသည်။

“မင်းက သူမရဲ့အသိအမှတ်ပြုမှုကို ရလိုက်တာပဲ” နိုင်ဟဲ့သည် ရှီမာယူယူ ဘေးသို့လျှောက်လာသည် “အဲဒါက သူမကိုကူညီလိုက်တာနဲ့ လုပ်နိုင်တာ မဟုတ်ဘူး.. မင်း ဘယ်လိုလုပ်လိုက်တာလဲ.. မင်းက သူမပြောတဲ့နေရာကလာ တာပဲလား”

“သူမက မင်းကိုပြောပြတာလား”

“အင်း”

ရှီမာယူယူသည် ချင်းချင်းကို အနည်းငယ် သနားမိသွားသည်။ သူမသည် ဤကဲ့သို့ လျှို့ဝှက်ချက်ကြီးကိုပင် သူ့ကိုပြောပြသည်။ ထိုအချိန်အတွင်းတွင် သူမသည် သူ့ကို ထောက်ပံ့သူအဖြစ် သဘောထားခဲ့သည်။ သို့သော် ဤနေရာ တွင် သူမလိုချင်သည့် အချစ်ကို မရခဲ့ပေ။

မဟုတ်ရင် ဖြစ်နိုင်တာက…

ရှီမာယူယူသည် စိုးရိမ်နေသည့် နိုင်ဟဲ့ကိုကြည့်ပြီး ပြုံးလိုက်သည်။

မရနိုင်ဘူးဟု သူမ ထင်နေခြင်းလည်းဖြစ်နိုင်သည်။

ချင်းချင်းသည် တရင်းတနှီးရှိလှသည့် အပြုအမူဖြင့် စမ်းချောင်းဘေးသို့ သွားလိုက်သည်။ သူမ ရေအောက်သို့မသွားခင် သူတို့ကိုပြန်လှည့်ကြည့်ပြီး ရှီမာ ယူယူကို ‘အဆင်ပြေသည်’ ဆိုသည့် သင်္ကေတကို လက်ဖြင့် လုပ်ပြကာ ဝင်သွား လေသည်။

“အဲဒါဘာအဓိပ္ပာယ်လဲ” နိုင်ဟဲ့သည် ချင်းချင်း၏ အပြုအမူကို လိုက်တု ကာ မေးလေသည်။

“အဆင်ပြေတယ် ပြဿနာမရှိဘူး” ရှီမာယူယူ ပြောလိုက်သည်။

“တကယ်ပဲ ပြဿနာမရှိဘူးလား” နိုင်ဟဲ့သည် တိုးညင်းသောအသံဖြင့် မေးလေသည်။

ထိုနေရာတွင် ပြဿနာရှိသည်မရှိသည်ကို ရှီမာယူယူလည်း မသိပေ။ နှစ်ပေါင်း ၁၀ သန်းလောက်တွင် စမ်းချောင်းအောက်ခြေသို့ မည်သူမှမသွားခဲ့ ဖူးပေ။ အောက်တွင် မည်သည့်အရာရှိနေမည်ကို မည်သူသိမည်နည်း။ ရေ အောက်တွင် ချင်းချင်းအန္တရာယ်နှင့် ကြုံလိမ့်မည်လားကို သူမသိချင်မိသည်။

အတန်ကြာပြီးနောက် စမ်းချောင်းတွင် ထူးခြားမှုပြလာပြီး နိုင်ဟဲ့သည် စိတ်မရှည်နိုင်တော့ကာ သူမကို သွားရှာရန်ဟန်ပြင်လေသည်။

အစပိုင်းတွင် စမ်းရေသည် သွေးနီရောင်ပြောင်းသွားသည်။ ထို့နောက် ဗွက်ထသည့် အသံများထွက်လာပြီး ချင်းချင်းသည် ရေထဲမှထွဥ◌်လာသည်။

သူမကို အသက်ရှင်လျက်မြင်ရသောအခါ အားလုံးသည် စိတ်အေးစွာဖြင့် သက်ပြင်းချမိသည်။

“မင်း ခိုက်မိထားတယ်” ရှီမာယူယူ နီရဲနေသောစမ်းရေကိုမြင်သောအခါ ပြောလိုက်သည်။

ချင်းချင်းပြုံးလိုက်သည်။ ရှီမာယူယူသည် အံ့ဖွယ်ဆေးကို စိတ်မပူဘဲ သူမ ၏ ဒဏ်ရာကို အရင်စိတ်ပူပေးသည့်အတွက် သူမ ပျော်မိသည်။

“နည်းနည်းပါ” သူမသည် စမ်းချောင်းမှထွက်လာသည်။ သူမ၏ ခန္ဓာ ကိုယ်မှ အဝတ်များသည် စုတ်ပြဲနေသည်။ ဒဏ်ရာပြင်းထန်သည့်နေရာများ လည်းရှိသလို တခြားနေရာများတွင် အရိုးများပင် ငေါထွက်နေသည်။

ဒါက ‘နည်းနည်း’ လို့ ဘယ်လိုပြောနိုင်မှာလဲ။

“ဒီကနေ ဘာသံမှမကြားရပါဘူး.. ဘယ်လိုလုပ် ဒဏ်ရာရလာတာလဲ” လောင်ကျန်း သူမကို စိတ်ပူနေသည်မှာ မြင်ရခဲလှသည်။

“အောက်မှာ အတားအဆီးတစ်ခုရှိတယ်.. ကျွန်မက ပထမအဆင့်ကိုပဲ ဝင်ရသေးတယ်.. ဖြစ်နိုင်တာက အတားအဆီးပထမအလွှာက ဆူညံသံတွေကို ကာထားတာဖြစ်မယ်.. အတားအဆီးအတွင်းထဲကို မဝင်နိုင်ခဲ့ဘူး” ချင်းချင်း သည် ချက်ချင်းပြန်မလာပေ။ ထိုအစား သူမသည် စမ်းချောင်းတွင်ထိုင်ပြီး ဆေး နှစ်လုံးသောက်ကာ ဒဏ်ရာများကို ကုသလိုက်သည် “ဒါပေမဲ့ အောက်မှာ ငါးခွေးလျှာအံ့ဖွယ်ဆေးရှိတာကိုတော့ အတည်ပြုနိုင်ခဲ့တယ်”

“မင်းက အတားအဆီးထဲကို ဝင်ဖို့ကြိုးစားခဲ့တယ် ဒါပေမဲ့ ဖွင့်တောင် မဖွင့်နိုင်ခဲ့ဘူးပေါ့” နိုင်ဟဲ့ မျက်မှောင်ကြုတ်လေသည်။

“အဲဒီအတားအဆီးမှာ အကာအကွယ်ရှိတယ်.. ဒီလိုအံ့ဖွယ်ဆေးမှာ သေ ချာပေါက် အကာအကွယ်ရှိမှာပဲ” ချင်းချင်း ပြောလေသည် “အဲဒါကိုယူချင်ရင် အရင်ဆုံး အတားအဆီးကိုဖျက်နိုင်မယ့် နည်းလမ်းရှာရမယ်”

ရှီမာယူယူ ပြုံးလိုက်သည် “ငါက အတားအဆီးတွေကိုမကြောက်ဘူး.. ဘယ်အတားအဆီးကိုမဆို အသုံးမဝင်အောင် လုပ်နိုင်တဲ့ကောင် ငါ့မှာရှိတယ်”

“မင်းမှာ အဲလိုစာချုပ်သားရဲတောင်ရှိတယ်ပေါ့”

“ငါ သူနဲ့ပေါင်းစပ်လိုက်ရင် အတားအဆီးကို ဖြတ်နိုင်မှာပဲ”

“ဒါဆို ဒီအတားအဆီးက မင်းအတွက် အသုံးမဝင်ဘူးပဲ” ချင်းချင်း ပြော လိုက်သည် “ဒါပေမဲ့ ဒီကနေ အဲဒီကိုဘယ်လိုသွားမှာလဲ”

ဒါက တကယ့်ပြဿနာပဲ…

“နည်းလမ်းရှိမှာပါ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ မင်းရဲ့ ဒဏ်ရာ တွေကို အရင်ပြန်သွားကုရအောင် ဒီကိစ္စကို နောက်မှဆွေးနွေးကြတာပေါ့”

ချင်းချင်းသည် အတန်ကြာအောင် အနားယူသည်.. သူမ၏ အတွင်းပိုင်း ဝိညာဉ်စွမ်းအား ပြန်ကောင်းလာသည်နှင့် အရင်အကျင့်အတိုင်း ပြန်လာသည်။ ရှီမာယူယူ သူမကို စိုက်ကြည့်နေသည်ကိုမြင်သောအခါ မျက်ခုံးများပင့်ပြလေ သည် “မင်း အပြုအမူကိုကြည့်ရတာ အရင်ကတည်းက ဒီအကြံရှိပြီးသားထင် တယ်”

***

All Chapters