အတားအဆီးကိုဖြတ်ခြင်း
Vol. 152 Ch. 2126
“အလုပ်ဖြစ်မလား မဖြစ်ဘူးလားတော့ ငါလည်းမသိဘူး” ရှီမာယူယူ ပြုံး လိုက်သည်။ သူမသည် ရှေ့တိုးပြီး ချင်းချင်းကိုတွဲပြီး အသင့်ပြင်ထားသည့် ချောမွေ့သည့်နေရာတွင် နားခိုင်းလိုက်သည်။
“နားထောင်ကြည့်တာပေါ့” ချင်းချင်းသည် ဒဏ်ရာကို မတော်တဆထိမိ သွားသဖြင့် စူးရှစွာအသက်ရှုရှိုက်လိုက်သည်။
“မင်းဝင်သွားတဲ့နည်းလမ်းက သိုင်းပညာနဲ့တူတယ်လို့ ငါသတိထားမိ လိုက်တယ်.. ငါလည်း အဲလိုလိုက်လုပ်ရင် အလုပ်ဖြစ်နိုင်တယ်” ရှီမာယူယူသည် သူမ၏အကြံကို ပြောပြလိုက်သည်။
“အလုပ်ဖြစ်နိုင်တယ်” ချင်းချင်း သဘောတူလိုက်သည် “ဒါပေမဲ့ ငါတို့ နှစ်ယောက်လုံးက ခန္ဓာကိုယ်ပုံစံမတူကြဘူး.. မင်း ငါ့သိုင်းကွက်ကိုသင်ရင် တောင် အဲနေရာကို ချောချောမွေ့မွေ့ဝင်နိုင်ဖို့ မသေချာဘူး”
“ငါ သင်ချင်မှတော့ နည်းနည်းမှ အတိမ်းစောင်းမခံပါဘူး” ရှီမာယူယူ ပြောလိုက်သည်။
“မင်း အကြံကဘာလဲ”
“မင်းသိတဲ့အတိုင်းပဲ နိုင်ငံတော်ရတနာတွေဆိုရင် ကာကွယ်ထားတဲ့ လေဆာတွေအများကြီးရှိတယ်.. အဲဒါကို တိတ်တိတ်လေးလိုချင်ရင် အဲဒီ လေဆာတွေကို ရှောင်ရမယ်”
“မင်းက အဲနည်းလမ်းကိုသုံးချင်လို့လား တကယ်တော့ မဆိုးဘူးပဲ.. ငါတို့ အဲလိုပတ်ဝန်းကျင်အဖြစ် တွေးလို့ရတယ်.. ပြီးရင် အဲဒါကိုဖြတ်လို့ရမရကို စမ်း ကြည့်ပေါ့… ပြီးရင် အနေအထးကို ရသွားမှာပဲ” ချင်းချင်း မျက်တောင်ခတ်လေ သည် “ငါ အရင်က တီဗီမှာမြင်ဖူးတယ်.. မင်းက အရင်ကလုပ်ဖူးတာလား”
“အဟွတ် အဟွတ် ငါက လူကောင်းပါလို့ မပြောဖူးပါဘူး”
“ဟားဟား မင်းက လူကောင်းဟုတ်တာ မဟုတ်တာကို ဘယ်သူက ဂရု စိုက်လို့လဲ ဒါဆိုလည်းဟုတ်ပြီလေ မင်းပြောတဲ့အတိုင်း စမ်းကြည့်တာပေါ့”
“မင်းဒဏ်ရာတွေကို အရင်ကုလိုက်ဦး.. မင်းကောင်းသွားတာနဲ့ စမ်းတာ ပေါ့” ရှီမာယူယူ ပြောလိုက်သည် “တစ်ခုခုစားချင်တာရှိလား”
“မင်းက ချက်တတ်တာလား.. ငါ ကိုလာကြက်ကင်စားချင်တယ်.. ပြီးတော့ ပြင်သစ်အာလူးကြော်နဲ့ ကြက်ကြော်” ချင်းချင်းသည် တောက်ပသော မျက်လုံးများဖြင့် သူမကို ကြည့်လေသည်။
“ကောင်းပြီ”
ရှီမာယူယူသည် ချင်းချင်း စားချင်သည်များကို အမြန်ပင် ချက်ပြုတ်ပေး လိုက်သည်။ တခြားသူများအတွက်ပါ တစ်ခါတည်းလုပ်ပေးလိုက်သည်။
ချင်းချင်းသည် ကြက်ပေါင်နှင့် အတောင်ပံများကို ကိုက်ဝါးပြီး ကျေနပ်စွာ ဖြင့် သက်ပြင်းချလိုက်သည် “နောက်ဆုံးတော့ ရင်းနှီးတဲ့အရသာစားရပြီ.. မင်း ဘယ်လိုလုပ် ကိုလာကြက်ကင်လုပ်တတ်ရတာလဲ”
“ကိုလာအစားထိုးလို့ရမယ့် ခပ်ချဉ်ချဉ်အသီးတစ်မျိုးရှိတယ်” ရှီမာယူယူ ပြောလိုက်သည်။
“မင်းက အချက်အပြုတ်ကောင်းတာပဲ.. မင်းယောက်ျားတော့ ကံကောင်း ပြီ.. နှစ်တွေအများကြီး ဒီနေရာမှာ နေရတာတော့ နှမြောစရာပဲ.. ငါ ဒါတွေကို စားချင်ပေမဲ့ အဲအရသာကို ပြန်ပြီးမတီထွင်နိုင်ဘူးလေ” ချင်းချင်း ပြောလေ သည်။
“နောက်ဆိုရင် မင်းစားချင်တာ ပြောလေ.. ငါ အရင်ကမမြင်ဖူးတဲ့ဟာက လွဲရင် မင်းစားချင်တဲ့ အရသာကိုပြန်ဖန်တီးနိုင်လောက်မယ်” ရှီမာယူယူသည် ပြုံးပြီးပြန်ဖြေလိုက်သည်။
“ဟုတ်ပြီ ဟုတ်ပြီ” ချင်းချင်းသည်သူမကို သနားစဖွယ်ကြည့်လိုက်သည် “မင်း အခုတော့ ဒုက္ခရောက်ပြီ.. မင်း အချက်အပြုတ်ကောင်းတာကို ငါ သိသွား ပြီဆိုတော့ ငါ့အတွက်ချက်ပေးဖို့ မင်းကိုပဲပြေးလာရှာတော့မှာ”
“အဲတော့ ဘာဖြစ်လဲ” ရှီမာယူယူသည် ဒုက္ခရောက်သည်ဟု မခံစားရပေ “ငါ့မှာ သူငယ်ချင်းတစ်ယောက်ရှိတယ် သူမက ငါ့စီနီယာအစ်မလေ အစား အသောက်အရမ်းကြိုက်လို့ ငါတို့ကိုခဏခဏချက်ခိုင်းတယ်”
“တကယ်လား”
“ဒါပေါ့ နောက်ဆိုရင် မင်း လူသားလောကရောက်ရင် သူမနဲ့တွေ့ရမှာပဲ.. အထူးသဖြင့် ငါ့စီနီယာအစ်မလေ.. သူမဘဝမှာ အစားအသောက်က အရေးအကြီးဆုံးပဲ.. သူမရဲ့ အချက်အပြုတ်ပညာက မကောင်းတာတော့ နှမြော စရာပဲ.. တစ်ခါတစ်ခါ ပွက်လောရိုက်နေတာပဲ”
“ဟား ငါနဲ့တူလိုက်တာ.. ငါသာအခွင့်အရေးရှိရင် မင်းရဲ့အဲဒီသူငယ်ချင်း တွေကိုတွေ့ချင်တယ်”
“ငါ လူသားလောကကိုပြန်ရင် မင်းလည်းငါနဲ့လိုက်လို့ရတာပဲ” ရှီမာယူယူ ပြောလိုက်သည် “လူသားလောကကို မင်းဘာသာသွားဖို့ကျ အရမ်းအန္တရာယ် များလွန်းတယ်”
“ဟုတ်ပီဲလေ မင်းနဲ့ တစ္ဆေလောကကို ပြန်ပြီး လူသားလောကကို ဆက် သွားကြတာပေါ့.. ငါက လူသားနယ်နိမိတ်နဲ့မရင်းနှီးတော့ မင်းနဲ့သွားတာ ပို ဘေးကင်းလိမ့်မယ်”
“ဟုတ်ပြီ”
နိုင်ဟဲ့သည် သူတို့နှစ်ယောက် ပျော်ရွှင်စွာ စကားပြောနေသည်ကို မြင် သောအခါ သူ့မျက်လုံးများတွင် ဝမ်းနည်းမှုများ ပြည့်သွားတော့သည်။
အရင်ကဆိုလျှင် ထိုလက်အောက်ငယ်သားသည် သူ့ကို စိတ်ထဲတွင် ဂရုမထားတတ်ခဲ့ပေ။ သို့သော် သူမ၏သူဌေးအဖြစ် ဂရုစိုက်သေးသည်။ ယခု ရှီမာယူယူ ပေါ်လာသဖြင့် သူသည် သူမ၏စိတ်ထဲတွင် နေရာမရှိတော့ပေ။ သူ သည် လွှင့်ပစ်ခံလိုက်ရသလိုပင်။
သို့သော် ယခု သူမသည် အသက်ပြန်ဝင်လာသလလိုပင်။ အရင်ကဆို လျှင် သူမ တခြားသူများနှင့် ရယ်မောပြီးစကားပြောသော်လည်း သူမ၏ စိတ်ရင်းနှင့် ပြုံးသည်ကို မည်သူမှ မမြင်ခဲ့ရပေ။
ချင်းချင်းသည် ရက်အနည်းငယ်ကြာအောင် ဒဏ်ရာများကို ကုသပြီး နောက် နောက်ဆုံးတွင် ၅၀ မှ ၆၀ ရာခိုင်နှုန်းအထိ ပြန်ကောင်းလာသည်။ သူမ လှုပ်ရှားနိုင်သည်နှင့် နေရာလွတ်တစ်ခုကိုရှာသည်။ သူမသည် သစ်ငုတ်ချွန်များ စိုက်ပြီး ကြိုးများစွာဖြင့် ချည်နှောင်လိုက်သည်။ ကြိုးများကို အဖြူအမှုန့်များနှင့် လိမ်းသုတ်ပြီး ရှီမာယူယူကို လေ့ကျင့်စေသည်။
ရှီမာယူယူသည် ထူထပ်စွာချည်တုပ်ထားသော ကြိုးများကို မြင်သော အခါ ချင်းချင်း၏ ခန္ဓာကိုယ် ဘာကြောင့် ဤမျှ… ထူးဆန်းနေသည်ကို နားလည်သွားသည်။
“ဟုတ်ပြီ သတိပေးစရာရှိတယ်.. ဝိညာဉ်စွမ်းအင်သုံးလို့မရဘူး.. ခန္ဓာ ကိုယ် ပျော့ပြောင်းမှုကိုပဲ အပြည့်အဝမှီခိုရမယ်.. ပြီးတော့ အချိန်အကန့်အသတ် ရှိတယ်.. နာရီဝက်အတွင်းလုပ်ရမယ်” ချင်းချင်သည် ဘေးတွင် အားလျော့စွာ လှဲလျောင်းနေပြီး ရှီမာယူယူ ပြင်ဆင်ပေးထားသည့် မုန့်ကိုစားပြီး အေးအေး လူလူဖြင့် ပြောလေသည်။
ရှီမာယူယူသည် တစ်ခါ ကြိုးစားကြည့်သည်။ သူမသည် နာရီဝက်အတွင်း လုပ်ရမည်။ သို့သော် သူမသည် ကြိုးပေါ်မှ အမှုန့်အဖြူများဖြင့် ပေကျံသွား သည်။
“ကျွတ် ကျွတ် မင်းက အမှုန့်ဖြူတွေထဲကိုလှိမ့်နေသလိုပဲ” ချင်းချင်း သက်ပြင်းချလေသည်။
ရှီမာယူယူငုံ့ကြည့်လိုက်ရာ သူမ၏ခန္ဓာကိုယ်တွင် အမှုန့်အဖြူများ ပေကျံ နေသည်ကို မြင်လိုက်ရသည်။ သူမသည် မီးတောက်တချို့ထုတ်ကာ အမှုန့်ဖြူ များကို ဖယ်ရှားလိုက်သည်။ သူမ၏အဝတ်တွင် တစ်မှုန်မှပင်မကျန်ခဲ့ပေ။
ချင်းချင်းသည် ထိုမြင်ကွင်းကို တအံ့တဩကြည့်နေသည် “မင်းရဲ့ ထိန်းချုပ်မှုက အံ့လောက်စရာပါပဲလား.. ဒီလိုမျိုးလုပ်ဖို့ဆိုရင် စိတ်စွမ်းအားက ဘယ်လောက်ရှိဖို့လိုလဲ”
“ဘာမှလုပ်စရာမရှိရင် ကိုယ့်ဘာသာအပျော်ရှာရတာပဲ.. နောက်ကျ ဒီအဆင့်ထိ မြန်မြန်ရောက်သွားမှာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆိုလည်း ထားလိုက်ပါ.. ငါက သူများဒုက္ခရောက်တာကို မသာယာ တတ်ဘူး” ချင်းချင်းသည် ခေါင်းခါလေသည်။
ရှီမာယူယူသည် ပြုံးပြီးဆက်လုပ်သည်။ ဒုတိယအကြိမ်တွင် သူမခန္ဓာ ကိုယ်မှ အမှုန့်များ လျော့နည်းသွားသည်။
“မင်းက နည်းနည်းတော့ တိုးတက်တာမြန်သွားပဲ.. မဟုတ်ဘူးလား”
ဆက်လေ့ကျင့်ရာ သူမသည် နှစ်ရက်မပြည့်ခင်မှာပင် အောင်မြင်သွား သည်။
သို့သော် မြန်ဆန်လွန်းသည်ဟု ရှီမာယူယူမထင်ပေ။ သူမ အချိန်ကြာကြာ စောင့်လေ အံ့ဖွယ်ဆေးရရန် ပိုကြာမည်ဖြစ်သည်။ သူမ၏မိခင်မှာ အချိန်ပိုကြာ ဖိနှိပ်ခံထားရလိမ့်မည်။
တစ်ရက်ကြာပြီးနောက် သူမသည် ၁၅ မိနစ်အတွင်း အတားအဆီးကို အမှုန့်ဖြူများ ပေကျံခြင်းမရှိ ဖြတ်ကျော်နိုင်ပြီဖြစ်သည်။
နောက်ပိုင်းတွင် သူမသည် အပြန်ပြန်အလှန်လှန် လေ့ကျင့်သည်။ ပြီး သည်နှင့် ချင်းချင်းသည် အမှတ်ရာများအားလုံးကို ဖယ်ကာ ဝူလင်းယူသည် ပုံစံ မဲ့မျဉ်းများကို ဝိညာဉ်စွမ်းအင်ဖြင့် ဖန်တီးသည်။ ထိုမျဉ်းများကို မထိဘဲ လျင်မြန် စွာဖြတ်နိုင်သည်နှင့် သူတို့သည် သူမကို သွားခွင့်ပြုလိုက်သည်။
“ငါ့ဒဏ်ရာတွေလည်း အများကြီးသက်သာနေပြီ ငါ မင်းနဲ့လိုက်မယ်” ချင်းချင်းသသည် သူမဘေးသို့လျှောက်လာပြီး သွားရန်ဟန်ပြင်လေသည် “အရင်ဆုံး ပြောထားဦးမယ်.. ငါ့ဒဏ်ရာတွေက အပြည့်အဝပြန်ကောင်းသေး တာမဟုတ်ဘူး.. အောက်ကိုရောက်ရင် ငါ့ကိုကာကွယ်ပေးရမယ်.. ရန်သူကို သတ်ချင်ရင်တော့ မင်းသဘောပဲ”
ရှီမာယူယူ ရယ်မောလေသည် “ခုနက ပြောတာနဲ့ ဘာများကွာသွားလို့လဲ”
ချင်းချင်းသည် မျက်တောင်ခတ်လေသည်။ အမှန်တကယ်ပင် ကွာခြားမှု မရှိသလိုပင်။ သူမ မပြောခင်တွင် ရှီမာယူယူစကားကို ကြားလိုက်ရသည် “စိတ်ချပါ ငါ မင်းကို တစ်ပိုင်းလောက်တော့ ပြန်သယ်လာပေးမှာပါ”
ဆိုလိုသည်မှာ သူမသည် အတူဆင်းသွားရန်ကို သဘောတူလိုက်ခြင်းဖြစ် သည်။
ချင်းချင်းသည် အရင်ဆင်းသည်။ ထို့နောက် စမ်းချောင်းဘေးတွင်စောင့် သည်။ ရှီမာယူယူ ရောက်လာသည်နှင့် အတူခုန်ဆင်းကြသည်။
စမ်းချောင်းအောက်တွင် ရေသည်အလွန်အေးသည်။ အနက်ထဲသို့ သွား လေလေ ပိုအေးလေဖြစ်သည်။ လျင်မြန်စွာပင် သူတို့သည် အတားအဆီး၏ ပထမအဆင့်အပြင်ဘက်သို့ ရောက်လာသည်။
ရှီမာယူယူ တစ်စုံတစ်ရာလုပ်တော့မည်ဟု ချင်းချင်းထင်ထားသည်။ သို့သော် သူမသည် ယုန်နှင့်တူသည့် အကောင်တစ်ကောင်ကို ခေါ်ထုတ်လိုက် သည်ကို မြင်လိုက်ရသည်။ ထိုကော်ငလေးသည် အတားအဆီးကို ထိလိုက် သည်နှင့် အပေါက်တစ်ပေါက် ပေါ်လာသည်။
ရှီမာယူယူသည် သူမကိုလက်ယက်ခေါ်ပြီး အရင်ဝင်ခိုင်းသည်။ ပြီးမှပင် နောက်မှလိုက်ဝင်သည်။
သူတို့ အတားအဆီးကိုဖြတ်ဝင်သည်နှင့် ထိုနေရာသည် အထက်ပိုင်းနှင့် လုံးဝကွာခြားနေသည်ကို မြင်လိုက်ရသည်။ အတားအဆီးအထက်တွင် အများ ဆုံးမှ လူ ၃ ယောက်မှ ၅ ယောက်ခန့်သာနေနိုင်သည်။ သို့သော် အတားအဆီး အောက်ခြေတွင် သမုဒ္ဒရာနှင့်တူသည်။ အဆုံးကိုပင် မမြင်ရပေ။
ရှီမာယူယူသည် ချင်းချင်း ညာဘက်ကို စူးစိုက်စွာကြည့်နေသည်ကို မြင် သည်နှင့် လှည့်ကြည့်လိုက်ရာ ကြီးမားသောမရဏာသားရဲကိုမြင်လိုက်ရလေ သည်။
***