← Chapters

အကျပ်ရိုက်ခြင်း

Vol. 152 Ch. 2127

အကျပ်ရိုက်ခြင်း

Vol. 152 Ch. 2127

မရဏာသားရဲ၏ မျက်လုံးမှာ လူတစ်ယောက်အရွယ်အစားရှိသည်။ သူ၏ ကိုယ်လုံးကိုယ်ထည်ကိုတော့ ပြောရန်ပင်မလိုတော့ပေ။

“မင်းကို ဒဏ်ရာရအောင်လုပ်တာ အဲဒီမရဏာသားရဲလား” ရှီမာယူယူ မေးလိုက်၏။

“မဟုတ်ဘူး” ချင်းချင်းသည် ထိုကြီးမားသောသတ္တဝါကြီးကို ကြည့်လိုက် သည်။ ထိုသတ္တဝါကြီး ရုတ်တရက် ပြေးဝင်လာမည်ကို ကြောက်နေသဖြင့် သူမ၏ စိတ်တစ်ခုလုံးမှာ တုန်လှုပ်ခြောက်ခြားနေသည်။

သို့သော် ရှီမာယူယူသည် ထိုမျှမကြောက်ပေ။ သူမသည် ထိုသတ္တဝါကြီး ကို ကြည့်ပြီး ပြောလိုက်သည် “သူက ငါတို့ကို တိုက်ခိုက်ချင်တဲ့ပုံမရသလိုပဲ”

“ဝူး ဝူး..” သတ္တဝါကြီးသည် သူမ၏ စကားကို သဘောတူလိုက်သကဲ့သို့ အသံပြုလေသည်။

“သူက စကားမပြောတတ်ဘူးလား.. ဒီလောက်ကြီးတဲ့ သတ္တဝါကြီးက စကားမပြောတတ်ဘူးလား” ချင်းချင်းသည် ရှုပ်ထွေးစွာ ပြောလိုက်သည်။

“ငါမသိဘူး ကြည့်ရတာ ဒီမှာပိတ်မိနေတာ ကြာပြီထင်တယ်” ရှီမာယူယူ သည် ကူးသွားပြီး သူ၏ခေါင်းကို လက်ဖြင့်ထိလိုက်သည်။

သတ္တဝါကြီးသည် သူ၏ကြီးမားသောခေါင်းကို သူမ၏လက်ဖဝါးဖြင့် ပွတ်သပ်ပေးရင် သူ့အကြည့်မှာလည်း ရွှင်မြူးနေသည်။

ထိုသတ္တဝါကြီးမှာ ရက်စက်တတ်ပုံမပေါက်သဖြင့် ချင်းချင်းသည် အနည်းငယ် စိတ်အေးသွားသည်။ သို့သော် သူမသည် ရှီမာယူယူကဲ့သို့ အနား ကပ်မသွားပေ။ သူမသည် ထိုသတ္တဝါကြီးကို အတန်ကြာအောင် စိုက်ကြည့် ကာ ပြောလိုက်သည် “ဒီမရဏာသားရဲက အရမ်းရှေးကျတယ်လို့ ဘာလို့ခံစား နေရတာလဲ”

ထိုသို့ပြောပြီးနောက် သူမသည်လည်း အနည်းငယ် အာရုံခံမိသလို ခံစားရ သည်။ သူမသည် မရဏာသားရဲကို ဂရုတစိုက်ကြည့်ပြီး ရင်းနှီးသလို ခံစားနေရ သည်။ သို့သော် မည်သည့်နေရာတွင် မြင်ဖူးသည်ကို မသိပေ။

“ဘာတွေစဉ်းစားနေတာလဲ” ချင်းချင်းသည် သူမ မှိုင်တွေနေသည်ကို မြင်သောအခါ မေးလေသည်။

“သူ့ကို အရင်ကမြင်ဖူးနေသလိုပဲ.. ဒါပေမဲ့ ဘယ်မှာမြင်ဖူးလဲ စဉ်းစားမရ ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ရှေးဟောင်းစာအုပ်တွေမှာ မြင်ဖူးတာလား” ချင်းချင်း ခန့်မှန်းလေသည် “ဒီလောက်ရှေးကျတဲ့ မရဏာသားရဲကို စာအုပ်ထဲမှာပဲမြင်ဖူးမှာပေါ့.. အပြင်မှာ တော့မြင်ဖူးမှာမဟုတ်ဘူး”

“အပြင်မှာလား” မြင်ကွင်းတစ်ခုသည် ရှီမာယူယူ၏ မှတ်ဉာဏ်ထဲတွင် ဖြတ်ပြေးသွားကာ အရင်ကတွေ့ခဲ့သည့်နေရာကို ပြန်အမှတ်ရသွားသည်။

သူမသည် ပြုံးကာ မရဏာသားရဲ၏ခေါင်းကို ပုတ်လိုက်သည် “အဲတော့ မင်းကလည်း အဲဒီနေရာကလာတာပဲလား”

“ဒီလိုမရဏာသားရဲမျိုးကို ဘယ်မှာမြင်ဖူးတာလဲ မှတ်မိသွားပြီလား” ချင်းချင်းမေးလိုက်သည်။

“အင်း ဟုတ်တယ်.. ဒီလိုမရဏာသားရဲအမျိုးအစားက တကယ်ပဲ ဟိုးအရင်တုန်းက မျိုးနွယ်ကနေ လာတာပဲ” ရှီမာယူယူ ပြန်ဖြေလေသည် “ငါ တစ်ခါက ကစဥ့်ကလျားကမ္ဘာကိုသွားဖူးတယ်.. အဲဒီမှာမြင်ကွင်းတစ်ခုမြင်ခဲ့ရ တယ် ကစဥ့်ကလျားမြစ်ထဲကနေ မရဏာသားရဲတွေအများကြီးထွက်လာခဲ့ တယ်.. လုံးဝကိုပဏာမဘိုးဘေးကြီးတွေပဲ.. အဲတုန်းက ခဏလောက်ပဲမြင် လိုက်ရတော့ သိပ်မမှတ်မိလိုက်ဘူး.. ဒီလိုမရဏာသားရဲအမျိုးအစားကို ဒီလို နေရာမှာတွေ့ရမယ်လို့ ထင်မထားဘူး”

“ဘုရားရေ မင်းတကယ်ပဲ ကစဥ့်ကလျားကမ္ဘာကိုသွားခဲ့တာပဲ.. အဲဒီကို သွားပြီးရင် ပြန်ထွက်လာလို့မရဘူးလို့ ပြောကြတယ်မလား” ချင်းချင်းသည် ရှီမာယူယူကို အလန့်တကြားကြည့်လေသည်။

“အဲဒါကဖြစ်ရိုးဖြစ်စဉ်ပဲ.. ဒါပေမဲ့ ငါက မတော်တဆဖြစ်သွားခဲ့တာ.. အဲတုန်းက ကိစ္စတစ်ခုဖြစ်သွားခဲ့တာလေ.. ဒါပေမဲ့ နောက်တစ်ခါမှမင်းကို ပြောပြတော့မယ်”

“ဟုတ်ပြီ” ထိုအကြောင်းများပြောရန် အချိန်ကောင်းမဟုတ်သည်ကို ချင်းချင်းသည်လည်းသိသည်။

ရှီမာယူယူသည် သူ့ကိုအရင်က မည်သည့်နေရာတွင် တွေ့ဖူးသည်ကို ပြန် အမှတ်ရသွားပြီး ဘာကြောင့် ရင်းနှီးနေသည်ဟု ခံစားရကြောင်းကိုပါ သိသွား သည်။

သူမသည် ကစဥ့်ကလျားကမ္ဘာသို့ သွားခဲ့စဉ်ကပင် ထိုလောမှ ရောင်ဝါနှင့် ပေါင်းစပ်ခဲ့သည်ဟု မရဏာသားရဲများ ပြောဖူးသည်။ ဤကဲ့သို့ ရောင်ဝါမျိုး သည် ရှေးဟောင်းသားရဲများကို သူမနှင့် ရင်းနှီးစေပြီး ဆွဲဆောင်စေသည်ဟု ခံစားရသည်။

သူမ စဉ်းစားပြီးနောက် ကစဥ့်ကလျားမြစ်မှ ရေတချို့ကိုထုတ်လိုက် သည်။ သူမသည် ဝိညာဉ်စွမ်းအင်ကိုသုံးပြီး မရဏာသားရဲ၏ ပါးစပ်ဘေးသို့ ပို့ လိုက်သည်။

မရဏာသားရဲသည် ကစဥ့်ကလျားမြစ်ရေကိုမြင်သောအခါ တစ်ခါတည်း မျိုချလိုက်သည်။ ထို့နောက် သူ့ခေါင်းနှင့် ရှီမာယူယူ၏ ခေါင်းကိုပွတ်သပ်ပြီး မျက်လုံးများလည်း မှိတ်နေသည်။

“မင်းက အံ့ဖွယ်ဆေးကိုကာကွယ်နေတဲ့ အစောင့်အရှောက်သားရဲလား” ရှီမာယူယူသည် သူ့ခေါင်းကို ညင်သာစွာပုတ်လိုက်သည်။

“ဝူး ဝူး” မရဏာသားရဲ ခေါင်းညိတ်လေသည်။ ကြည့်ရသည်မှာ သူသည် သူမ၏ စကားကို နားလည်သည့်ပုံပင်။

“ငါ အခု အံ့ဖွယ်ဆေးလိုနေတယ် ယူလို့ရလား” ရှီမာယူယူသည် သူ၏ ထင်မြင်ချက်ကို မေးသည်။

မရဏာသားရဲသည် အနည်းငယ် တုံ့ဆိုင်းသွားသည်။

အံ့ဖွယ်ဆေးကို စောင့်ရှောက်ရန်မှာ သူ၏ဘဝပေးတာဝန်ဖြစ်ပြီး သူ အသိ စိတ်ရှိနေသရွေ့တော့ တစ်ပါးသူကို ပေးရန်မဖြစ်နိုင်ပေ။ သို့သော် ဤမိန်းကလေးသည် သူမ၏ဆန္ဒကို လက်လွှတ်ချင်ပုံမရှိပေ။ ပြီးနောက် သူမ တွင် အရသာရှိလှသည့်ရေရှိနေသည်။

အကျပ်ရိုက်နေပြီ.. အကျပ်ရိုက်လိုက်တာ…

“မင်း ငါ့ကိုအဲဒါပေးရင် မင်းကို ဒီကနေခေါ်သွားပေးမယ် ဘယ်လိုလဲ.. ငါ နဲ့လိုက်မလား မင်းကို ကစဥ့်ကလျားမြစ်ရေ အများကြီးအများကြီးရမှာလေ” ရှီမာယူယူသည် သူ့ကို ဆက်ပြီး သွေးဆောင်လေသည်။

အတန်ကြာအောင် တွေးတောရုန်းကန်ပြီးနောက် မရဏာသားရဲသည် နောက်ဆုံးတွင် စိတ်လျှော့လိုက်သည်။ သူသည် စကားမပြောသော်လည်း ရှီမာယူယူသည် သူ့မျက်လုံးကိုကြည့်ပြီး ပြောနိုင်သည်။

“ကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် ကျေးဇူးတင်စွာဖြင့် ပြောလေ သည်။

မရဏာသားရဲသည် သူမကို အတားအဆီး၏ဒုတိယအလွှာဆီသို့ ဦးဆောင်ခေါ်သွားပြီး မရဏာသားရဲများသည် ချက်ချင်းပင် ကူးခတ်လာလေ သည်။

“ယူယူ” ချင်းချင်း၏ အသံသည် အနည်းငယ်တုန်ယင်နေသည်။

ရှီမာယူယူသည် သူမအကြည့်သွားရာဘက်သို့ လိုက်ကြည့်ရာ ရှည်လျား ပြီး ထက်လှသည့်သွားများရှိသည့် မရဏာသားရဲများစွာ ကူးခတ်လာသည်ကို မြင်လိုက်ရသည်။

ဒါတွေက သူမကို ဒဏ်ရာရအောင်လုပ်လိုက်တဲ့ မရဏာသားရဲတွေပဲဖြစ် မယ်။

“ဝူး ဝူး”

ရှေးဟောင်းမရဏာသားရဲသည် တိုးညင်းစွာ မာန်စိန်းလိုက်ရာ ထိုမရဏာ သားရဲများသည် အနည်းငယ်တုံ့ဆိုင်းသွားသည်။ သို့သော် သူတို့သည် ကျိုးနွံစွာ ဖြင့် ထွက်သွားကြလေသည်။

သူက ခေါင်းဆောင်ဖြစ်နေတာကိုး။

ရှီမာယူယူသည် အတားအဆီးဘေးသို့ လာလိုက်သည်။ သူမသည် ဟိန်းသံလေးကို အတားအဆီးမဖွင့်ခိုင်းခင်မှာပင် ထိုသတ္တဝါကြီးသည် ကူးခတ်သွားလေသည်။

“အတားအဆီးက အသုံးမဝင်တော့ဘူးပဲ”

“သူက အံ့ဖွယ်ဆေးအစောင့်အရှောက်လေ.. အတားအဆီးကိုလည်း အံ့ဖွယ်ဆေးကလုပ်ထားတာဆိုတော့ သူ့အတွက် အသုံးမဝင်ဖြစ်နိုင်တာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“အမှန်ပဲ”

သတ္တဝါကြီးသည် ကူးခတ်ပြီး ရှီမာယူယူတို့ဝင်မလာသေးသည်ကို မြင် သောအခါ လှည့်ကာ အပြင်ဘက်သို့ ခေါင်းထွက်လာသည်။ သူသည် သွားများ ဖြင့် ရှီမာယူယူ၏ စကတ်ကိုဆွဲကာ ဆွဲသွင်းလိုက်သည်။

ထိုဧရာမသတ္တဝါကြီး နီးကပ်လာသည်နှင့် ရှီမာယူယူကို စားတော့မည်ဟု ချင်းချင်း ထင်လိုက်မိသည်။ သူ့ကိုမတိုက်ခိုက်မိစေရန် ကိုယ့်ကိုယ်ကိုယ် အတင်းထိန်းချုပ်ထားရသည်။

“ဝူး ဝူး”

မနီးမဝေးတွင် ကူးခတ်နေသော မရဏာသားရဲများသည် အော်သံများ ထွက်လာသည်။ သူမ ဘာမှမလုပ်ရဲလျှင် ချက်ချင်းတိုက်ခိုက်တော့မည့် ပုံစံဖြစ် နေသည်။

“ချင်းချင်း”

ရှီမာယူယူသည် အထဲမှလက်ဆန့်ထုတ်လိုက်သည်။ ချင်းချင်းသည် သူမ လက်ကိုဆွဲလိုက်သည်နှင့် အတားအဆီးသို့ ဝင်သွားလေသည်။

“ဟူး ဟူး ငါ တိုက်ခိုက်ခံရတော့မယ်ထင်နေတာ” ချင်းချင်း အတားအဆီး အတွင်းဝင်သွားသဖြင့် အပြင်တွင် ရုန့်ရင်းဆန်ခတ်ဖြစ်နေသော မရဏာသားရဲ များကို သူမ မြင်သောအခါ ရင်ဘတ်ကိုပုတ်မိသည်။

ပြီးခဲ့သည့်တစ်ခေါက် သူမ ဆင်းလာစဉ်က ဤမရဏာသားရဲတစ်ဝက်ကို တွေ့ခဲ့သည်။ ယခု နှစ်ဆဖြစ်နေသည်။ သူတို့ကို အနိုင်ယူရန် အားအင်မရှိသလို ယုံကြည်ချက်လည်းမရှိပေ။

“ငါ မင်းကိုကာကွယ်မယ်လို့ ပြောခဲ့တယ်လေ.. မင်းကို အပြင်မှာ တစ်ယောက်တည်း ဘယ်ထားခဲ့မလဲ” ရှီမာယူယူ ပြောလိုက်သည်။

ချင်းချင်းသည် စိတ်လှုပ်ရှားသွားသည်။ ထိုစကားများပြောခဲ့စဉ်က စနောက်သည်ဟုသာ ထင်ခဲ့သည်။

“အံ့ဖွယ်ဆေးက ဟိုမှာပဲ”

ကျောက်နံရံထိပ်တွင် အံ့ဖွယ်ဆေးသည် အလယ်အက်ကြောင်းတွင် ပေါက်နေသည်။ အကိုင်း၊ အရွက်များနှင့် ပန်းများသည် ရေထဲတွင် ယိမ်းနွဲ့နေ သည်။

“ငါ သွားယူလိုက်မယ်” ရှီမာယူယူသည် ကူးသွားပြီး အံ့ဖွယ်ဆေးတစ်ခု လုံးကို နှုတ်လိုက်သည်။ ထို့နောက် ဝိညာဉ်စေတီအတွင်းထည့်လိုက်သည်။ ဝိညာဉ်လေးသည် အံ့ဖွယ်ဆေးမှ ပန်းကိုခူးပြီး ကစဥ့်ကလျားမြစ်ထဲတွင် စိုက် လိုက်သည်။

အံ့ဖွယ်ဆေးကိုရပြီးမှပင် ရှီမာယူယူ စိတ်အေးသွားတော့သည်။ သူမ သည် ကစဥ့်ကလျားမြစ်ရေတချို့ကိုထုတ်ပြီး သတ္တဝါကြီးကိုတိုက်ပြီး ကျေးဇူး တင်ကြောင်း ပြသလိုက်သည်။

မရဏာသားရဲများ အပြင်တွင် သွားလာနေဆဲဖြစ်သည်ကိုမြင်သောအခါ သတ္တဝါကြီးကိုပြောလိုက်သည် “ငါတို့ကို လိုက်ပို့ပေးရင်းနဲ့ ငါတို့နဲ့လိုက်ခဲ့တော့ ဟုတ်ပြီလား”

“ဝူး ဝူး” သတ္တဝါကြီးသည် သဘောတူသည့်အနေနှင့် ပြန်ဖြေလေသည်။

အံ့ဖွယ်ဆေးမရှိတော့သဖြင့် ဒုတိယအလွှာအတားအဆီးသည် တဖြည်း ဖြည်းပျောက်ကွယ်သွားလေသည်။ သတ္တဝါကြီးရှိနေသဖြင့် တခြားအကောင် များသည် သူတို့အနားမကပ်ရဲပေ။ သတ္တဝါကြီးသည် သူတို့ကိုနှစ်ကြိမ်မျှ ဟိန်း လိုက်သည်နှင့် သူတို့သည် အနောက်မှလိုက်လာကြသည်။

ရှီမာယူယူသည် ရက်စက်မှုများပျောက်နေသည့် မရဏာသားရဲများကို မြင်သောအခါ သတ္တဝါကြီး၏ ခေါင်းကိုထိပြီး မေးလိုက်သည် “မင်းက သူတို့ကို မင်းနဲ့ အတူလိုက်ခိုင်းလိုက်တာမလား”

***

All Chapters