ထွက်ခွာခြင်း
Vol. 152 Ch. 2128
သတ္တဝါကြီးသည် သူ့ခေါင်းနှင့် သူမ၏လက်ကို ပွတ်သပ်ပြီး ပြန်ဖြေလေ သည်။
“သူတို့က ဒီလောက်များတာ.. အကုန်လုံးကို ခေါ်သွားနိုင်လို့လား” ရေ သတ္တဝါများ ထပ်ထပ်ရောက်လာပြီး လုံးဝအဝိုင်းခံလိုက်ရသည်ကို ချင်းချင်း မြင် လိုက်ရသည်။
“ပြဿနာမရှိဘူး” ရှီမာယူယူသည် ထိုအကောင်ငယ်များကို ဝိညာဉ် စေတီအတွင်းသို့ အရင်ထည့်ပြီး သတ္တဝါကြီးကိုပါ ထည့်လိုက်သည်။
သူမ မည်သို့လုပ်လိုက်သည်ကို ချင်းချင်းမသိပေ။ မရဏာသားရဲများ အရေအတွက်လျော့နည်းသွားပြီး နောက်ဆုံးတွင် လုံးဝပျောက်ကွယ်သွားသည် ကိုသာ သူမ မြင်လိုက်ရသည်။
သူမသည် ရှီမာယူယူကို ကြည့်လိုက်သော်လည်း ဘာမှမမေးပေ။
“အပေါ်ကိုတက်ကြမယ်” ရှီမာယူယူ ပြောလိုက်သည်။
သူတို့နှစ်ယောက် ရေကူးသွားကြသည်။ အပေါ်မှအတားအဆီးမှာလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ ထိုအတားအဆီးသည် အံ့ဖွယ်ဆေးကို ကာကွယ်ထားသည့်ပုံပင်။
သူတို့သည် ရေထဲမှ တိုက်ရိုက်ပင်ထွက်လာကြသည်။ သူတို့နှစ်ယောက် ဘေးကင်းသည်ကို အပြင်တွင်စောင့်နေကြသောလူများမြင်မှပင် စိတ်ပူသည့် စိတ်များပျောက်သွားကြတော့သည်။
“မဆိုးဘူး မဆိုးဘူး မင်း အသက်ရှင်သေးတာပဲ” နိုင်ဟဲ့သည် သူ့ရင်ဘတ် သူ ပုတ်လေသည်။ သူတို့နှစ်ယောက် အောက်တွင် တစ်စုံတစ်ခုဖြစ်သွားမည် ကို သူ ကြောက်သည်။ အကယ်၍ တစ်ခုခုသာဖြစ်သွားလျှင် ဂိုဏ်းကို မည်သို့ တင်ပြရမည်ကို မသိတော့ပေ။
“ဒဏ်ရာမရဘူးမလား” ဝူလင်းယူသည် ရှီမာယူယူကို ကြည့်ပြီးမေးလိုက် သည်။
“ဟင့်အင်း” ရှီမာယူယူနှင့် ချင်းချင်းတို့သည် ရေထဲမှထွက်လာပြီး ဝိညာဉ် စွမ်းအင်ဖြင့် အဝတ်များကို အခြောက်ခံလိုက်သည်။
သူတို့နှစ်ယောက်လုံးသည် လုံးဝအထိအခိုက်မရှိခဲ့ပေ။
“မရဏာသားရဲတွေက မင်းတို့ကို မတိုက်ခိုက်ဘူးလား” မို့ယွီ မေးလိုက် သည်။
“ဟင့်အင်း သူတို့တွေက ဖော်ရွေပါတယ်” ရှီမာယူယူ ပြောလိုက်သည်။
ချင်းချင်းသည် သူမကိုကြည့်လိုက်သော်လည်း ငြင်းဆိုခြင်းတော့မပြုပေ “သွားတော့မယ်မလား ဟင်”
“ဘာာဖြစ်လို့လဲ” သူမ၏ ရှုပ်ထွေးနေသောအကြည့်မှာ တစ်ခုခုကို နားလည်သွားသလို ဖြစ်သွားသည်ကို ရှီမာယူယူ မြင်လိုက်ရသည်။
“လေထဲက တိုက်စားတတ်တဲ့သဘာဝက ထူထဲမှုလျော့သွားသလိုပဲ” ချင်းချင်း ပြောလိုက်သည် “အဲဒါကလည်း အံ့ဖွယ်ဆေးကြောင့်ဖြစ်တဲ့ပုံပဲ”
“ဖြစ်နိုင်တယ်” ရှီမာယူယူသည် လှည့်ပြီး စမ်းချောင်းကို ကြည့်လိုက် သည် “အဲဒီစမ်းချောင်းက ရိုးရှင်းတဲ့ဒဏ္ဍာရီဖြစ်သွားတော့မှာပဲ”
“ဟုတ်တယ်.. အခုကစပြီး ဒီနေရာက သာမန်စမ်းချောင်းအဖြစ် ပြောင်း သွားတော့မှာ” ချင်းချင်း သက်ပြင်းချလိုက်သည် “ဒါပေမဲ့ အခြေအနေတွေက အမြဲပြောင်းနေတာလေ.. ဘယ်သူသိမှာလဲ.. ဒီစမ်းချောင်းကလည်း သာမန်ပဲ ဖြစ်ချင်တာလည်းဖြစ်နိုင်တယ်.. ငါတို့မသိရင် ဘယ်သူသိမှာလဲ”
“ဟားဟား ဟုတ်တယ်” ရှီမာယူယူ ရယ်မောလိုက်သည်။
သူတို့ပြန်လာချိန်တွင် ချင်းချင်းသည် ရှေ့မှလမ်းပြတုန်းပင်ဖြစ်သည်။ ရှီမာယူယူသည် သူမအနောက်မှလိုက်လာသည်။ သူတို့သည် ဘေးကင်းစွာပင် ပြန်လာနိုင်ကြသည်။
ရှီမာယူယူသည် ဝူလင်းယူဘေးသို့လျှောက်သွားပြီး ပျော်ရွှင်စွာ ပြော လိုက်သည် “ကောင်းလိုက်တာ နောက်ဆုံးတော့ ရလိုက်ပြီ”
သူမသည် အံ့ဖွယ်ဆေးရလာသဖြင့် တောင်မျက်နှာအံ့ဖွယ်ချိပ်စည်းမှာ သူမပိုင်ဆိုင်မှုဖြစ်သွားတော့မည်ပင်။ လေးမျက်နှာအံ့ဖွယ်ချိပ်စည်းကို စုပြီးလျှင် သူမသည် မိခင်ကိုကယ်နိုင်တော့မည်ဖြစ်သည်။
“ယူယူ မင်းကအတော်ဆုံးပဲ” ဝူလင်းယူသည် သူမခေါင်းကို ညင်သာစွာ ပုတ်ပေးပြီး နူးညံ့သောအပြုံးဖြင့် ပြောလေသည်။
“တခြားဟာတွေနဲ့လည်း တွေ့ခဲ့သေးတယ် ပြန်ရောက်မှပဲပြောပြတော့ မယ်” ရှီမာယူယူသည် သူ့ကို လေသံဖြင့် ပြောပြလေသည်။
“ဟုတ်ပါပြီ”
မို့ယွီသည် ချင်းချင်းဘေးတွင်လျှောက်လာရင်း စပ်စုစွာ မေးလေသည် “ဒီတစ်ခါ ဆင်းသွားတော့ အတိုက်ခိုက်မခံရဘူးလား”
“သူမရဲ့ စရိုက်က ငါ့ထက်ကောင်းနေတာ.. သူမက မကောင်းမှုတစ်ခုမှ မလုပ်ဖူးဘူးထင်တယ်” ချင်းချင်း သက်ပြင်းချလေသည်။
“ကဲပါ အံ့ဖွယ်ဆေးရပြီးပြီဆိုတော့ ငါတို့လည်း ပြန်သင့်ပြီ” နိုင်ဟဲ့သည် ရှီမာယူယူကို ရည်ညွှန်းကာ ပြောလိုက်သည်။
“ကောင်းပါပြီ” ရှီမာယူယူသည် ဖြေပြီးသည်နှင့် ဝူလင်းယူနှင့်အတူ လျှောက်လာသည်။
သူတို့သည် အမြန်ပင် ပူဆွေးခြင်းမြို့သို့ ရောက်လာကြသည်။
“မင်း စိတ်ပူနေမယ်ဆိုတာ သိပါတယ် ဒါပေမဲ့ အခုမှသေမင်းတောင်ကြား က ပြန်ရောက်တာဆိုတော့ နားပြီးမှ ခရီးဆက်သင့်တယ်” နိုင်ဟဲ့သည် ရှီမာယူ ယူကို ပြောလိုက်သည်။
“ဟုတ်တယ် ကျွန်မလည်း နောက်ပိုင်းပင်ပန်းလာတယ်” ရှီမာယူယူသည် သဘောတူလိုက်ကာ သူတို့နှင့်အတူ အပြစ်သားပြခန်းသို့လိုက်သွားပြီး အခန်း များကို စီစဉ်ခိုင်းလိုက်သည်။
ချင်းချင်းနှင့် တခြားသူများကို ပြန်လွှတ်ပြီးနောက် ရှီမာယူယူသည် အတားအဆီးစီမံကာ ဝူလင်းယူကို ဝိညာဉ်စေတီအတွင်းသို့ ခေါ်သွားလိုက်၏။
သူတို့နှစ်ယောက်လုံးသည် ကစဥ့်ကလျားမြစ်ဆီသို့ ချက်ချင်းသွားလိုက် ကြသည်။
“ဝူး ဝူး”
သတ္တဝါကြီးသည် သူတို့လာသည်ကို ခံစားမိပြီး ရေအနက်ထဲမှ ပျော်ရွှင် စွာထွက်လာသည်။
သူမ မလိမ်ခဲ့ဘူးပဲ။ ဒီမှာ ကစဥ့်ကလျားရေတွေ အများ.. အများကြီးပဲ။
“ဒါတွေက မူလဝိညာဉ်သားရဲတွေလား” ဝူလင်းယူသည် သတ္တဝါကြီးကို တအံ့တဩ ကြည့်နေသည်။
“ဟုတ်တယ် ဒါက အံ့ဖွယ်ဆေးရဲ့ အစောင့်အရှောက်သားရဲပဲ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မမှာ ကစဥ့်ကလျားကမ္ဘာအနံ့ရှိနေလို့လားမသိဘူး.. ကျွန်မကို မတိုက်ခိုက်ဘူး.. အံ့ဖွယ်ဆေးကိုတောင် ခူးခိုင်းလိုက်သေးတယ်.. သူ့ ကြောင့်သာမဟုတ်ရင် အံ့ဖွယ်ဆေးကို ဒီလောက်အလွယ်တကူရမှာမဟုတ်ဘူး”
“အဲလိုပတ်ဝန်းကျင်ရောက်သွားတာတောင် မပြောင်းလဲတာတော့ အံ့ဩ စရာပဲ” ဝူလင်းယူသည် သူ့ဘဝတွင် ဤကဲ့သို့အရာမျိုးကို မမြင်ဖူးပေ။ လုံးဝကို ပထမဆုံးအကြိမ်ဖြစ်သည်။
“အောက်မှာ ကာကွယ်ရေးအတားအဆီးရှိတယ်.. အဲဒါကြောင့် အပြင်က ရောင်ဝါကို ကာထားလို့ဖြစ်မယ် အဲဒါကြောင့် မပြောင်းလဲတာပဲ” ရှီမာယူယူ ခန့်မှန်းလိုက်သည် “သူတစ်ကောင်တည်းမဟုတ်ဘူး.. တခြားဝိညာဉ်သားရဲ တွေလည်း အခုသားရဲတွေထက် ရှေးကျတယ်”
“မင်းမှာ ကစဥ့်ကလျားကမ္ဘာအနံ့ရှိနေလို့တော်သေးတယ်.. မဟုတ်ရင် ဒါကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ မသိတော့ဘူး” ဝူလင်းယူသည် အပျော် လွန်နေသည်။
“ဒါ့အပြင် ပြောစရာထပ်ရှိသေးတယ်” ရှီမာယူယူသည် ပြောပြီးသည်နှင့် အံ့ဖွယ်ချိပ်စည်းတစ်ခုကိုထုတ်လိုက်သည် “အရင်တစ်ခေါက် မြောက်မျက်နှာ အံ့ဖွယ်ချိပ်စည်းသုံးခဲ့တုန်းက ကျွန်မရဲ့မရဏာစွမ်းအင်ကို ဒါကထိန်းချုပ်သွား တယ်.. အကုန်လုံးကို အတူပေါင်းပြီးသုံးရမယ့်အချိန်ကျရင် ထိန်းချုပ်လို့မရမှာ ကြောက်တယ်”
“တစ်ခုချင်းစီလား”
“ဖြစ်နိုင်မလားတော့ မသိဘူး” ရှီမာယူယူ မသေချာပေ “အဲအချိန်ကျရင် တော မုလန်ကိုမေးရတာပေါ့.. မဖြစ်နိုင်ဘူးဆိုရင်လည်း စမ်းကြည့်ရမှာပဲ”
“အင်း.. ဘယ်လောက်ပဲ ခက်ခဲပါစေ ကိုယ်တို့တွေ ဖြတ်ကျော်ခဲ့ကြတာပဲ.. အခု နောက်ဆုံးအဆင့်ရောက်နေပြီလေ ဒါလောက်က မင်းကိုမတားနိုင်ပါဘူး” ဝူလင်းယူသည် နူးညံ့စွာ ပြောလိုက်သည်။
“ဟုတ်တယ်.. အရင်က ဘယ်လာက်ပဲခက်ခဲတဲ့ လမ်းဖြစ်ပါစေ လျှောက် ခဲ့ကြတာပဲလေ.. ဒီနောက်ဆုံးလမ်းက ဘယ်လိုတားနိုင်မှာလဲ” ရှီမာယူယူသည် ခေါင်းညိတ်ပြီး ယုံကြည်ချက်ရှိရှိ ပြောလိုက်သည် “ယုံကြည်ချက်ရှိမှဖြစ်မယ်”
အဆောက်အဦးအပြင်တွင် ချင်းချင်းသည် ခံစားချက်ကောင်းကောင်းဖြင့် ပစ္စည်းများကို သိမ်းဆည်းနေသည်။ လူအများသည် သူမ၏ခြံဝန်းအပြင်တွင် စုဝေးလာကြပြီး သူမ ထွက်သွားသည်ကို မကြည့်ရက်သလို ကြည့်ကြသည်။
“ဘဏ္ဍာထိန်းချင်း တကယ်ပဲ ထွက်သွားတော့မှာလား ကျွန်တော်တို့ လွမ်းနေတော့မှာပဲ”
ချင်းချင်းသည် လုပ်လက်စကိုရပ်ပြီး တံခါးဆီသို့သွားလိုက်သည်။ သူမ သည် ထိုစကားပြောသည့် လူ၏ခေါင်းပေါ်လက်တင်လိုက်သည် “ငါ မင်းတို့ကို ဆူရင်ကျ သေတော့မလိုတွေဖြစ်ခဲ့တာလေ.. အခုကျ လွမ်းနေတော့မှာတဲ့လား ဘာလဲ.. ငါ မင်းတို့ကို နှိပ်စက်တာမလောက်သေးဘူးလား”
“ဟုတ်တယ် ကျွန်တော်တို့ကို နှိပ်စက်တုန်းက တကယ်ခက်ခဲတယ်.. ဒါပေမဲ့ ဘဏ္ဍာထိန်းသွားလိုက်ရင် ဘယ်တော့မှပြန်လာမယ်မှန်း မသိဘူးလေ”
“ဟုတ်တယ် ဟုတ်တယ် ဘဏ္ဍာထိန်းချင်း ဘာလို့မနေတာလဲ” တခြား သူများသည် သံယောင်လိုက်ကြသည်။
“မဖြစ်ဘူး” ချင်းချင်းသည် ချက်ချင်းပင် ပြန်ဖြေလေသည်။ ပြီးနောက် သူမ လှည့်ကြည့်ပြီး ဆက်ထုပ်ပိုးလေသည် “ငါက အပြင်ထွက်ပြီး ကမ္ဘာကြီးကို ကြည့်ချင်နေခဲ့တာလေ.. အခု နောက်ဆုံးတော့ အခွင့်အရေးရလာပြီ.. အဲဒါကို ဘယ်လိုလုပ် လက်လွှတ်ခံမလဲ.. ငါ ဒီမှာတစ်သက်လုံး ပိတ်လှောင်မခံချင်ဘူး ကမ္ဘာကြီးကကြီးတယ်.. နောက်ဆုံးတော့ သွားကြည့်ရတော့မယ်.. စဉ်းစား လိုက်တာနဲ့တင် ပျော်နေပြီ”
“အဲလောက်တောင် ထွက်သွားချင်နေတာလား” တိုးညင်းသောအသံ တစ် သံသည်သူမအနောက်မှ ထွက်လာသည်။ ချင်းချင်း လှည့်ကြည့်လိုက်သည်။ အားလုံးမှာ မည်သည့်အချိန်တွင် ပျောက်သွားသည်မသိ၊ တံခါးတွင် နိုင်ဟဲ့ တစ် ယောက်သာ ရပ်လျက်ရှိသည်။
သူ့မျက်လုံးများတွင် နာကျင်မှုများဖြင့် ပြည့်နှက်နေကာ တဒင်္ဂမျှ ငေးငိုင် နေသည်။ သို့သော် တစ်ခဏမျှသာဖြစ်သည်။
“သူဌေး သိလား.. ကျွန်မနေခဲ့တဲ့နေရာမှာဆို အလုပ်လုပ်ရင်တောင် ပိတ်ရက်ဆိုတာရှိတယ်.. အားလပ်ရက်တွေနဲ့ နားရက်ဆိုတာရှိတယ်.. ရှင်က ကျွန်မကို နှစ်ပေါင်းရာချီနှိပ်စက်ခဲ့ပြီးပြီဆိုတော့ အခုနားဖို့လိုနေပြီ.. ဒီအချိန်ကို အပြင်သွားပြီး ကမ္ဘာကြီးကိုကြည့်ရမှာပေါ့”
“မင်းက ငါ့ကိုထားသွားရက်တယ်ပေါ့”
“သူဌေး… အခုရှင့်မှာ သူဌေးကတော်ရှိနေပြီလေ.. ကျွန်မကို အဲလိုမျိုး မရှင်းမရှင်းစကားတွေ မပြောသင့်ဘူး.. ရှင်က ကျွန်မကို ထွက်မသွားဖို့ ဖိအား ပေးလို့မရဘူး.. ဒါက အရင်းရှင်ဝါဒပဲ မဟုတ်သေးဘူး”
“မင်း တကယ်ပဲ ငါ့ကိုပစ်သွားတော့မှာလား.. မင်း ငါ့ကိုထားမသွားဘူးလို့ အရင်က ပြောခဲ့တယ်မဟုတ်ဘူးလား”
***