← Chapters

ဆွေမျိုးများ

Vol. 26 Ch. 365

ဆွေမျိုးများ

Vol. 26 Ch. 365

အခန်း (၃၆၅) - ဆွေမျိုးများ

ဒါက မြို့တော်မှာ သူတို့၏ ပထမဆုံး နှစ်သစ်ကူးအကြို ညစာစားပွဲပင် ဖြစ်သည်။

တီဗီဇာတ်လမ်းတွဲများကို တီဗီတွင် ပြသနေသည်။ ဤခေတ်အချိန်၌ နွေဦးပွဲတော်ဟူ၍ မရှိသေးပေ။ နွေဦးပွဲတော်သည် ၁၉၈၃ ခုနှစ်အထိ မဖြစ်ပေါ်လာသေးပုံပေါ်သည်။

အခုမှ ၁၉၈၁ ခုနှစ်ပဲ ရှိသေးသည်။

နွေဦးပွဲတော် မရှိသော်လည်း ညစာစားပွဲသည် ထူးထူးခြားခြား အလျှံပယ် ပေါများနေဆဲပင် ဖြစ်သည်။ စားပွဲတစ်ခုလုံး ဟင်းပွဲပန်းကန်များဖြင့် ပြည့်နှက်နေသည်။

အသားနှင့် ဟင်းသီးဟင်းရွက် ဟင်းလျာများအပြင် အချိုရည်များ၊ တာ့ပိုင်၏ သစ်တော်သီးဆိုဒါနှင့် အာရှအချိုရည်များလည်း ပါရှိသည်။ ယင်းတို့သည် ယနေ့ခေတ်တွင် အထူးရေပန်းစားနေသော သောက်စရာများ ဖြစ်ကြသည်။ ဈေးလည်း ကြီးလှသည်။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က ကလေးတွေကို ခေါ်လာရင်း လမ်းမှာ ဝင်ဝယ်ခဲ့ကြသည်။

ကျိုးရှောင်မိန်၏မိသားစု၊ လင်းချင်းဟယ်၏မိသားစု၊ မြေးမလေး ကျိုးအာ့နီအပြင် ပေကျင်းတက္ကသိုလ်ကနေ အဖေကျိုး သွားခေါ်လာသည့် အဘိုးဝမ်တို့ ရှိကြသည်။

နှစ်သစ်ကူးအကြို ညစာစားပွဲလို အခမ်းအနားတစ်ခုမှာ အဘိုးဝမ်ကို ချန်လှပ်ထားလို့ ဘယ်လိုဖြစ်နိုင်မည်နည်း။

ထို့ကြောင့် မိသားစုတစ်စုလုံးသည် နှစ်သစ်ကူးအကြို ညစာပူပူနွေးနွေးကို စားသောက်ရန် စုရုံးကြသည်။

သူတို့ ညီညွတ်သည်ဖြစ်စေ မညီညွတ်သည်ဖြစ်စေ တစ်တိုင်းပြည်လုံး စည်းလုံးညီညွတ်ခဲ့ကြသည်။ အားလုံး အတူတူထိုင်ပြီး နှစ်သစ်ကူးအကြိုညစာကို စားကြသည်။

ဆက်ဆံရေးကောင်းမွန်သည့် လင်းချင်းဟယ်နှင့် ကျိုးရှောင်မိန်ဆိုလျှင် ပြောစရာပင် မလိုချေ။

“အာ့နီ… ဒီနေ့ နင် ဖုန်းဆက်တာ နင့်အမေ တစ်ခုခု ပြောခဲ့သေးလား။” ဟု ကျိုးရှောင်မိန်က ညစာစားပွဲမှာ မေးသည်။

ဒီနေ့ ကျိုးအာ့နီက အိမ်ကို ဖုန်းဆက်ခဲ့သည်။ သူမက ရွာရှိအတွင်းရေးမှူးအိမ်ကို ဖုန်းဆက်ပြီး သူတို့က သူမ၏အမေကို သွားခေါ်ပေးခဲ့သည်။

“အားလုံး အဆင်ပြေပါတယ်။ သူတို့က အဘိုးကို နှုတ်ဆက်တယ်လို့ ပြောခဲ့တယ်။” ဟု ကျိုးအာ့နီက ပြုံးပြုံးရွှင်ရွှင်ဖြင့် အလေးအနက် ပြောသည်။

လင်းချင်းဟယ်က ပြုံးပြီး “ဒီနှစ် အိမ်မှာ စပါးထွက်နှုန်းက ဘယ်လိုလဲ။”

“အမေပြောတာ နည်းနည်းတော့ ကြားခဲ့တယ်။ ဒီနှစ် ထွက်နှုန်းက အရမ်းကောင်းပြီး ရွာကထွက်နှုန်းလည်း ကောင်းတယ်လို့ ပြောတယ်။” ဟု ကျိုးအာ့နီက ခေါင်းညိတ်ပြသည်။

“အခုတော့ သူတို့ဘာသာသူတို့ ဖြစ်သွားပြီဆိုတော့ လူတိုင်း အလုပ်ကြိုးစားရတော့မယ်။ အရင်ကလို အချိန်ဖြုန်းချင်သေးရင်တော့ စဉ်းတောင်မစဉ်းစားနဲ့။” ဟု အမေကျိုးက ပြောသည်။

အမေကျိုးမှာ သေးငယ်သော အကျင့်ဆိုးအနည်းငယ် ရှိသော်လည်း သူမသည် အသင်းအဖွဲ့တွင် အလုပ်လုပ်နေစဉ်ကာလ၌ သေချာပေါက် လုံ့လဝီရိယရှိခဲ့သည်။ သူမသည် လူတချို့ ပျင်းရိနေသည်ကို မြင်ရခြင်းအား မကြိုက်နှစ်သက်ချေ။

စားစရာ တစ်ခုခု ရှိသောအခါ ရှေ့သို့ ရောက်အောင် အပြေးအလွှား လာကြပေမယ့် အလုပ်လုပ်ရမည်ဆိုလျှင် အချိန်ဆွဲနေတတ်ကြသည်။ အခုလည်း အဲလိုပင်ဖြစ်သည်။ အိမ်ထောင်စု စာချုပ်စနစ်အရ လူတိုင်းသည် မိမိတို့၏မြေယာအတွက် တာဝန်ရှိကြသည်။ အဖွဲ့လိုက် အလုပ်မလုပ်ကြတော့ပေ။ သူတို့ မလုပ်လျှင် သူတို့ ဘာသွားစားကြမည်နည်း။ ကောင်းကင်ကနေ အလိုအလျောက် ပြုတ်ကျလာမည့် ပိုင်မုန့်လိုအရာမျိုး မရှိနိုင်ချေ။

တိုင်းပြည်အတွက် လုံလောက်သော ပမာဏကို ပေးဆောင်ပြီးလျှင် ကျန်တာသည် သူတို့အပိုင် ဖြစ်လာမည်။ လူတိုင်းက ပျော်ရွှင်စွာဖြင့် လုပ်ကိုင်ကြမည်မှာ သေချာပါသည်။

ဤမူဝါဒအသစ်သည် ကောင်းမွန်သည်ဟု အမေကျိုး ခံစားမိသည်။ အလွန့်အလွန်ကို ကောင်းလှသည်။

အဖေကျိုး၊ အဘိုးဝမ်၊ စုတာ့လင်းနှင့် ကျိုးချင်းပိုင်တို့သည် စားသောက်နေကြသည်။ အမေကျိုးက ဆက်ပြောသည်။ “တတိယရဲ့မိသားစုကော ဘာတွေလုပ်နေလဲ သိချင်လိုက်တာ။”

“တတိယအစ်ကိုရဲ့ စီးပွားရေးလုပ်ငန်းက ကောင်တီမြို့ပေါ်မှာ ရှိတယ်။ သူတို့က သေချာပေါက် အခြေအနေဆိုးမှာ မဟုတ်ဘူး။” ဟု ကျိုးရှောင်မိန်က ပြောသည်။

သူမ၏တတိယအစ်ကိုနှင့် တတိယမရီးသည် အလုပ်ကြိုးစားသော ပင်ကိုယ်စရိုက်ရှိသဖြင့် သေချာပေါက် ဆိုးဝါးမည်မဟုတ်ဟု သူမ ခံစားမိသည်။ ကောင်းစွာ စီမံခန့်ခွဲနိုင်လျှင် ဤလုပ်ငန်းသည် အလွန် အကျိုးအမြတ် များပေလိမ့်မည်။

“အခုအချိန်မှာ နင်ရဲ့တတိယအစ်ကိုနဲ့ တတိယမရီးတို့က နင့်နေရာမှာ နေ,နေပေမယ့် နောက်ပိုင်းဆိုရင် သူတို့အတွက် သူတို့ဘာသာ နေရာရှာရဦးမှာပေါ့။” ဟု အမေကျိုးက ပြောပြသည်။

နောက်ဆုံးတော့ ၎င်းသည် သားမက်မိသားစုနှင့်သာ သက်ဆိုင်သည်။ သူတို့ ပြန်မလာသေးသည့်အတွက် ခေတ္တယာယီနေထိုင်ရန် အဆင်ပြေသေးသည်။ အချိန်အကြာကြီး နေထိုင်ရန်တော့ အဆင်မပြေချေ။

“ဘာဖြစ်လို့ အလျင်လိုနေရတာလဲ။ အဲဒီမှာ တတိယအစ်ကိုတို့ နေပါစေ။ ကျွန်မတို့လည်း ဒီအချိန်တိုအတွင်းမှာ ပြန်သွားဖို့ အချိန်မရှိသေးဘူး။” ကျိုးရှောင်မိန်က စိတ်မဝင်စားပေ။

သူတို့၏သော့များကို တာ့လင်း၏ဦးလေးထံတွင် အပ်ထားခဲ့သည်။ တတိယအစ်ကိုက သော့ယူဖို့ အဲဒီအိမ်ကို သွားရမည်။

လင်းချင်းဟယ်က ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဘာမှ ဝင်မပြောပါဘူး။ ကျိုးရှောင်မိန် ပြောတာကို နားထောင်ပြီး “အမေ… အမေက အစ်ကိုကြီးနဲ့ တတိယအစ်ကိုအကြောင်းကို မေးပေမယ့် ဒုတိယအစ်ကိုအကြောင်း မမေးသေးဘူး။”

အမေကျိုးက ဒေါသမထွက်ပါဘူး။ သူမက ပြန်ဖြေသည်။ “နင်တို့ရဲ့ ဒုတိယအစ်ကိုအကြောင်း ဘာမေးရမှာလဲ။ နင်တို့ဒုတိယမရီးက သူမမှာ အကြံအစည်တွေကြီးပဲ။ ငါ ဂရုစိုက်မနေတော့ဘူး။”

တကယ်တော့ သူမ၏ချွေးမတွေမှာ သူတို့ကိုယ်ပိုင် အကြံဉာဏ်နဲ့သူတို့ ရှိနေတာနဲ့ပတ်သက်ပြီး သူမမှာ ပြဿနာမရှိချေ။ စတုတ္ထ၏ဇနီးသည် အမြဲတမ်း သူမ၏ကိုယ်ပိုင် အကြံဉာဏ်များ ရှိသည်။ သို့သော်လည်း အကြံဉာဏ်ကြီးကြီးမားမားရှိဖို့ဆိုလျှင် အဲဒီလို အရည်အချင်းရှိရမည်။

လူတစ်ယောက်က အရည်အချင်းမရှိဘဲ အကြံအစည် ကြီးကြီးမားမား ရှိနေလျှင် ဒါက ရှုပ်ထွေးအောင် လုပ်နေတာ မဟုတ်ပေဘူးလား။

မှန်ပေသည်… ထိုကဲ့သို့ ပြောရပေမည်။ ဒုတိယ၏ဇနီးက ရှုပ်ထွေးအောင် မလုပ်သေးပေ။

သို့သော် သူတို့က အသက်ကြီးလာပြီး သူမကို ဘာမှမပြောချင်တော့သဖြင့် သူမ ဘာမှမပြောလာလျှင် အဆင်ပြေပါပြီ။

အထူးသဖြင့် လျှိုနီကို နောက်ဆုံးအကြိမ် ပြန်ပို့ပြီးနောက်ပိုင်းတွင် ဖြစ်သည်။ သူမကို နှုတ်ဆက်ခြင်းမှလွဲ၍ ဒုတိယမရီးသည် ထိုအချိန်မှစကာ သူမအပေါ် အေးစက်သွားခဲ့သည်။

သူမ (အမေကျိုး) မသိဘူးလို့ ထင်ပြီး ဒုတိယမရီးက သူမ (အမေကျိုး) ကို ဘက်လိုက်တယ်လို့ လူတွေကို ပြောလေ့ရှိသည်။

“နောက်နှစ် အလုပ်ပါးတဲ့အချိန်မှာ ကျွန်မတို့မိသားစုက အုတ်နဲ့ အိမ်ဆောက်မယ်လို့ အမေက ပြောတယ်။” ဟု ကျိုးအာ့နီက ပြုံးပြုံးရွှင်ရွှင် ပြောပြသည်။

“အဲဒါ အရမ်းကောင်းတယ်။” လင်းချင်းဟယ်သည် ထိုစကားကို ကြားပြီးနောက် ခေါင်းညိတ်လိုက်သည်။

ကျိုးအိမ်ဟောင်းတွင် ဒုတိယမရီးနှင့်အတူ လက်ရှိနေထိုင်နေခြင်းက လွန်စွာ စိတ်အနှောင့်အယှက် ဖြစ်စရာပင်။ တတိယမရီး၏ ပြောစကားအရ အစားကောင်းရှိလျှင် ပုန်းရှောင်ကာ စားသောက်ကြရမည်ဟု ဆိုသည်။ မဟုတ်ပါက ဝေမျှမစားလျှင် ဒေါသထွက်စရာစကားများကို ကြားရပေလိမ့်မည်။

ဥပမာ… ‘ကျွန်မတို့မိသားစုက ဆင်းရဲတယ်။ တခြားသူတွေနဲ့ မယှဉ်နိုင်ဘူး။ ဖြူဖြူဖွေးဖွေး မန်ထိုနဲ့ ဖက်ထုပ်တွေကိုတောင် စားဖို့ မတတ်နိုင်ပါဘူး’

တတိယမရီးသည် ထိုအရာကို စိတ်ကုန်နေပြီ။ ထိုအကြောင်းပြချက်သည် မြို့ပေါ်တွင် စီးပွားရေးတစ်ခု စတင်ရန် တတိယအစ်ကို၏ စွန့်စားလိုစိတ်အား တစ်စိတ်တစ်ပိုင်း တွန်းအားဖြစ်စေခဲ့သည်ဟု လင်းချင်းဟယ်က ခန့်မှန်းခဲ့သည်။

သူတို့သည် အမှန်တကယ်ပင် တစ်မိုးအောက်၌ နောက်ထပ် မနေချင်ကြတော့ပေ။

“နင် ပြန်ပို့ပေးတဲ့ လစဉ်လစာနဲ့ သူတို့ဘာသာသူတို့ ရှာဖွေထားတဲ့ဝင်ငွေတွေနဲ့ ဆိုရင် အစ်ကိုကြီးနဲ့အကြီးဆုံးမရီးတို့အားလုံးက အလုပ်ကြိုးစားလို့ အိမ်အသစ်ဆောက်ဖို့ တတ်နိုင်ကြပါတယ်။” ဟု ကျိုးရှောင်မိန်ကလည်း ခေါင်းညိတ်လိုက်သည်။

“အိမ်အသစ်ဆောက်ဖို့ဆို ပိုက်ဆံအများကြီး ကုန်ကျလိမ့်မယ်။” ဟု အမေကျိုးက မှတ်ချက်ပေးသည်။

“နောက်နှစ် လစာတိုးပေးမယ်။ တစ်လ ယွမ် ၄၀ ပေးမယ်။ အာ့နီက ခြိုးခြံချွေတာတယ်။ ကျောင်းသုံးပစ္စည်းတစ်ချို့အတွက်က လွဲပြီး ကျန်တဲ့ငွေကို အိမ်ပြန်ပို့ပေးလိမ့်မယ်။ ပြီးတော့ အစ်ကိုကြီးနဲ့ အကြီးဆုံးမရီးလည်း ရှိသေးတယ်လေ။ အမေ အရမ်း စိတ်မပူပါနဲ့။” ဟု လင်းချင်းဟယ်က ပြောသည်။

အစ်ကိုကြီးနှင့် အကြီးဆုံးမရီးတို့မှာလည်း စုဆောင်းထားသည့်ငွေ ဘာဖြစ်လို့ မရှိနိုင်ရမည်နည်း။ ဒါ့အပြင် ကျိုးအာ့နီ၏လစာလည်း ရှိသေးသည်။ သူတို့၏အကြီးဆုံးသားဖြစ်သူ ကျိုးယန်ကို ပြုစုပျိုးထောင်ပြီး သူ့စာလေ့လာမှုအတွက် ငွေရှာရလျှင်တောင် ဖိအားက သိပ်တော့ မပြင်းထန်နိုင်ပေ။ သူ၏ ကောလိပ်ဝင်ခွင့် စာမေးပွဲက လာမည့်နှစ်မှာ ဖြစ်လိမ့်မည်။ သူ တက္ကသိုလ်တက်လျှင် ထောက်ပံ့ကြေး ရလိမ့်မည်။

“အိမ်ဆောက်ရင် ဘယ်လောက်ကုန်ကျမှာလဲ။” ကျိုးရှောင်မိန်က မေးသည်။

“အုတ်အိမ်တစ်လုံးအတွက်ဆို ယွမ်ခုနစ်ရာ ရှစ်ရာလောက် ကုန်ကျလိမ့်မယ်။” ဟု အမေကျိုးက ပြန်ဖြေသည်။

မှန်ပေသည်… အဲဒါက အလွန်ကြီးမားသည့်အိမ်တော့ မဖြစ်နိုင်ဘူးဆိုတာ ကြိုတွေးထားရမည်။ နည်းနည်း ပိုကြီးမားလျှင် အနိမ့်ဆုံး ယွမ်တစ်ထောင်တော့ ကုန်ကျမည်။

“အစ်ကိုကြီးနဲ့ အကြီးဆုံးမရီးတို့က အချိန်နီးလာရင် ပြောပြလာလိမ့်မယ်။ ဖြစ်နိုင်ရင် အရေးပေါ် လွယ်ကူသက်သာသွားအောင် တစ်ချို့တစ်ဝက်ကို ကျွန်မ ချေးပေးနိုင်ပါတယ်။” ဟု လင်းချင်းဟယ်က ပြောသည်။

အမေကျိုးက ချက်ချင်း ပြောလာသည်။ “ထားလိုက်တော့။ မိသားစုတွေလည်း အိမ်ခွဲပြီးသွားပြီပဲ။ ကိုယ့်လမ်းကိုယ် လျှောက်ကြရတော့မှာ။ ပိုက်ဆံရှိသလောက် သူတို့ လုပ်လိမ့်မယ်။ တစ်ယောက်ကို ချေးပေးလိုက်ရင် တခြားသူတွေလည်း လာချေးကြလိမ့်မယ်။”

“တတိယမရီးနဲ့ တတိယအစ်ကိုတို့က မြို့ပေါ်သွားကြတယ်။ သူတို့က နောင်ကျရင် ကျွန်မဆီက ပိုက်ဆံချေးမှာ မဟုတ်ဘူး။” ဟု လင်းချင်းဟယ်က ပြုံးပြီး ပြောလိုက်သည်။

“အဲဒါက ချေးတုန်းပဲ။ အကြီးဆုံးဆီမှာ နင် ချန်ခဲ့တဲ့ပိုက်ဆံမရှိရင် စီးပွားရေးလုပ်ဖို့ မြို့ပေါ်က ဆိုင်တစ်ဆိုင်ကို ဝယ်ဖို့ ပိုက်ဆံ ဘယ်ကရမှာလဲ။” အမေကျိုးက ထောက်ပြသည်။

သူမသည် စတုတ္ထ၏ဇနီးကို အလွန်ကျေနပ်နေသည်။ ထူးထူးခြားခြား သဘောထားကြီး ပွင့်လင်းသည်။

လင်းချင်းဟယ်က ပြုံးလိုက်သည်။

ထို့နောက် ခေါင်းစဉ်ပြောင်းသွားကာ တတိယမောင်လေးလင်း၏အကြောင်းသို့ ဦးတည်ချက်ပြောင်းသွားသည်။

အမေကျိုးသည် တတိယမောင်လေးလင်းအပေါ် အထူးကောင်းမွန်သော သဘောထား ရှိသည်။ “လောင်တရဲ့ဦးလေးက အနာဂါတ်မှာ သေချာပေါက် ကြီးပွားလာလိမ့်မယ်။ သူက ကြင်နာတတ်တယ်။ ရွာတွင်း၊ ရွာပြင်ရှိလူတိုင်းက သူနဲ့ ပြောဆိုဆက်ဆံရတာကို နှစ်သက်ကြတယ်။”

တတိယမောင်လေးလင်းအကြောင်းကို ပြောသောအခါ လင်းချင်းဟယ်က ပြုံးပျော်နေသည်။ သူမ၏မောင်လေးသည် တခြားသူတွေနဲ့ ငြင်းခုံနေမည့်လူစားမျိုး မဟုတ်သည်မှာ အမှန်ပင်။ လူတိုင်းအပေါ် အမြဲတမ်း ပျော်ရွှင်ဝမ်းမြောက်စေသည်။

ထို့အပြင် သူသည် ကြင်နာတတ်သော စရိုက်ရှိသည်။ သူမသည် ဒီမောင်လေးကို သဘောကျနှစ်သက်သည်။

ထုံးစံအတိုင်းပင် စက်ဘီးစီးဖို့ သူ့ခြေထောက်နှစ်ချောင်းအား တစ်သက်လုံး အသုံးပြုနေမည်ကို သူမ မကြည့်ရက်ပေ။

မော်တော်ဆိုင်ကယ် ဝယ်ခြင်းသည် အကောင်းဆုံး ဖြေရှင်းချက် ဖြစ်သည်။

All Chapters