← Chapters

စတုတ္ထဆိုင်

Vol. 27 Ch. 368

စတုတ္ထဆိုင်

Vol. 27 Ch. 368

အခန်း (၃၆၈) - စတုတ္ထဆိုင်

အကြီးဆုံးမရီးသည် လင်းချင်းဟယ်မှာ ဘယ်လိုစိတ်ဒေါသမျိုး ရှိတယ်ဆိုတာ အတိအကျ သိသည်။

သူမ၏မျက်လုံးထဲတွင် သဲတစ်ပွင့်ကို ခွင့်မပြုဟု ပြောခြင်းသည် ချဲ့ကားပြောခြင်း မဟုတ်ပါ။

ကျိုးလျှိုနီသည် သူမကန့်ကွက်သည့်ကြားမှ သူမ(လျှို့နီ)ဘာသာ ရောက်အောင်သွားခဲ့သည်။ သူ နေခဲ့ရသလား။ မနေခဲ့ရပေ။ မြို့တော်ကို ရောက်သွားသည့်နေ့မှာပင် တစ်ညတောင် နေခွင့်မရှိဘဲ တိုက်ရိုက်ပြန်ပို့ခြင်း ခံခဲ့ရသည်။

ထို့ကြောင့် နှစ်သစ်ကူးအပြီးတွင် ရှုရှန့်ချမ်းကို သူ့အစ်မနှင့်အတူ သွားစေလိုကြောင်း ပထမအစ်မက ပြောလာသောအခါ အကြီးဆုံးမရီးဖြစ်သူက မထောက်ခံခဲ့ပေ။

လူတစ်ယောက် ပိုလာတာက လူတစ်ယောက်စာ ပိုကျွေးရခြင်းပင်။ သူတို့သည် ဆယ်ကျော်သက်အရွယ် ကလေးတစ်ယောက်ကို ဘာမှမဟုတ်ဘဲ ကျွေးမွေးစောင့်ရှောက်ရမည့်အပြင် အပိုဆောင်းလစာလည်း ပေးရဦးမည်။ ဟိုဘက်က တစ်စုံတစ်ယောက်ကို လာခဲ့ဖို့ မတောင်းဆိုထားပေ။ ဒီဘက်က ဘယ်သူကများ ခေါင်းညိတ်ပြီး ဆုံးဖြတ်ဝံ့မည်နည်း။

အကြီးဆုံးမရီးလည်း ပါဝင်ပတ်သက်ရန် မရည်ရွည်ထားပါဘူး။ ရှန့်မိန်သည် ရှန့်ချမ်းကို ခေါ်ဆောင်သွားပါက အလုပ်သမားပြတ်လပ်မှုမရှိလျှင် သူ့ကို သေချာပေါက် ပြန်ပို့ရမည် ဖြစ်သည်။

သို့စေကာမူ အဆုံးတွင် ပထမအစ်မသည် သူမနှင့် ဆက်ဆံရေးကောင်းမွန်သောကြောင့် သမီးဖြစ်သူ ဖုန်းခေါ်လာချိန်တွင် ၎င်းအကြောင်းကို ပြောပြခဲ့သည်။

အခု လင်းချင်းဟယ်က ဖုန်းပြန်ခေါ်လာသည်။ ရှုရှန့်မိန်ကို လာမည့်နှစ်တွင် ရှုရှန့်ချမ်းအား ခေါ်လာခွင့်မပြုတော့သည်မှာ ထင်ရှားသည်။ အကြီးဆုံးမရီးသည် ဖုန်းချပြီးနောက် အကြီးဆုံးအစ်ကိုကို ခရီးတိုတစ်ခု သွားခိုင်းဖို့ အလျင်အမြန် ပြန်သွားလိုက်သည်။

“ပထမအစ်မကို သူမရဲ့အတွေးတွေ တည်ငြိမ်အေးဆေးသွားအောင် လုပ်ရမယ်။ ချင်းဟယ်ရဲ့ စိတ်နေစိတ်ထားကို သူမ မသိတာလည်း မဟုတ်ဘူး။ ဘာမှမပြောခင် အဲနေရာဆီ သူ့ကို ပို့ရဲတယ်။ ချင်းဟယ်က သူမနဲ့ ဆက်ဆံရေးကောင်းတယ်လို့ ထင်နေတာလား။” ဟု အကြီးဆုံးမရီးက ဒေါသတကြီး ရေရွတ်သည်။

တကယ်တော့ ဒီကိစ္စကို ကိုင်တွယ်ရသည်မှာ နည်းနည်းတော့ အဆင်မပြေချေ။ အစကတည်းက ပထမအစ်မသည် စည်းကျော်နေသည်။

ပထမအစ်မသည် လင်းချင်းဟယ်နှင့် ဆက်ဆံရေးကောင်းသည်ဟု ပြောရမယ်ဆိုလျှင်လည်း အဲဒါက သေချာပေါက် အမှန် မဟုတ်ပါဘူး။ ပထမအစ်မပဲဖြစ်ဖြစ် ဒုတိယအစ်မပဲဖြစ်ဖြစ် လင်းချင်းဟယ်နှင့် ဆက်ဆံရေးသည် ယေဘုယျအားဖြင့် မဆိုးဘူးလို့ပဲ ပြောနိုင်သည်။

ကျိုးရှောင်မိန်နှင့် လင်းချင်းဟယ်တို့သာလျှင် စည်းလုံးကြသည်။

အကြီးဆုံးအစ်ကိုသည် သူ့အကြီးဆုံးအစ်မနှင့် စကားပြောရန် သွားလိုက်သည်။

ပထမအစ်မက သဘောတူပြီး ပြောလိုက်သည်။ “ကောင်းပြီ… သွားခွင့်မရဘူးဆိုရင်လည်း ရှန့်ချမ်းက မသွားတော့ဘူး။ ရှန့်မိန်က နှစ်သစ်ကူးပွဲတော်ပြီးရင် ပြန်သွားလိမ့်မယ်။”

အကြီးဆုံးအစ်ကိုသည် အလွန်ကြင်နာစိတ်ရှိနေဆဲ ဖြစ်သည်။ ‘ရှုရှန့်မိန် အလုပ်များနေတယ်ဆိုရင် လာဖို့မလိုတော့ဘူး‘ ဆိုတဲ့ လင်းချင်းဟယ်၏စကားကို သူ မပြောခဲ့ပေ။

သူ ပြန်သွားပြီးနောက်တွင် ရှုအိမ်၏အငွေ့အသက်သည် သိပ်မကောင်းလှချေ။

ရှုရှန့်မိန်က ပြောလိုက်သည်။ “အမေ… ကြည့်ပါဦး။ ဦးလေးအိမ်ကို သွားပြီး မပြောပါနဲ့လို့ ကျွန်မ ပြောတယ်လေ။“

“မပြောရင် နင့်မောင်ကို ဘယ်လိုခေါ်သွားနိုင်မှာလဲ။” ဟု ပထမအစ်မက သူမကို ကြည့်ပြီး မေးလိုက်သည်။

“သူ့ကို မခေါ်သွားနိုင်ဘူးလို့ ကျွန်မ ပြောပြီးသားလေ။ ကျိုးလျှို့နီ ရောက်လာတဲ့နေ့မှာတင် သူမကို ချက်ချင်း အိမ်ပြန်ပို့ခဲ့တာ။” ဟု ရှုရှန့်မိန်က ပြန်ဖြေသည်။

အရင်လုပ်ဆောင်ပြီး နောက်မှသတင်းပို့ချင်တဲ့သူက ရှုရှန့်မိန် မဟုတ်ပါဘူး။ သူမက အဲမှာ နေ,နေပြီး သူမအဒေါ်၏ ဒေါသကို သူမ ကောင်းကောင်း သိထားသည်။

သူမက တခြားသူတွေရဲ့ စိတ်ရင်းစရိုက်ကို ဂရုစိုက်တာမျိုးတော့ မဟုတ်ပါဘူး။ သူမသည် ရာနှုန်းပြည့် သူမ လုပ်ချင်တာကို လုပ်မည့် အာဏာရှင်လို လူစားမျိုး ဖြစ်ပြီး သူမ၏မိသားစုက သူမကိုယ်ပိုင် ဖြစ်သည်။

“အမေ… ကျွန်မမောင်လေးကို တကယ်သွားစေချင်ရင် အမေကိုယ်တိုင် အရင်ဖုန်းဆက်ပြီး မေးသင့်တယ်။” ဟု ရှုရှန့်မိန်က သူမ၏အမေကို ကြည့်ကာ ပြောလိုက်သည်။

ပထမအစ်မက စကားမပြောပေ။ သူမသည် ဒီယောက်မလေးကို အနည်းငယ် ကြောက်ရွံ့နေသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူမသည် မိသားစုတွင် အကြီးဆုံးအစ်မ ဖြစ်သော်လည်း လင်းချင်းဟယ်သည် သူမအပေါ် အရေးထားမည် မဟုတ်ပေ။

နောက်ပိုင်းမှာ အနည်းငယ် ကောင်းမွန်လာသည်။ သူမသည် ပိုပြီး ယဉ်ကျေးလာသည်။ အရင်တုန်းကတော့ သူမသည် သူမ(အကြီးဆုံးအစ်မ)အား မြင်လျှင် တစ်ချက်တောင် လှည့်မကြည့်ချေ။ တစ်ယောက်နဲ့တစ်ယောက် မသိသကဲ့သို့ပင်။

သူမသား ဟိုကို ရောက်သွားတာနဲ့ အဲဒီနေရာမှာ နေနိုင်လိမ့်မည်ဟု ပထမအစ်မက တွေးထင်မိသည်။

နောက်ဆုံးမှာတော့ သူသည် သူတို့၏တူလေး ဖြစ်ပြီး လုပ်နိုင်စွမ်းရှိသော လူငယ်တစ်ယောက် ဖြစ်သည်။ လျှို့နီလို အပျင်းထူသောသူ မဟုတ်ပေ။

ဒါပေမယ့် ချက်ချင်းပင် ငြင်းပယ်လိုက်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

အဲဒီအကြောင်းတွေးရင်း ပထမအစ်မသည် စိတ်ဓာတ်ကျသွားသည်။

ဒါပေမယ့် သူမ ဘာပြောနိုင်မည်နည်း။ ဒီယောက်မဖြစ်သူ လင်းချင်းဟယ်က သူမကို အရင်ကတည်းက မျက်လုံးထဲ မထည့်ထားပေ။ အခုချိန်၌ သူမမှာ အလားအလာကောင်းသော အနာဂါတ်တစ်ခု ရှိနေပြီဖြစ်လို့ အစ်မကြီးဖြစ်တဲ့သူမကို အလေးထားပါ့မလား။

“အမေ… ကျွန်တော် မြို့တော်ဆီ သွားချင်တယ်။” ဟု ရှုရှန့်ချမ်းက မကျေမနပ် ပြောသည်။ အထူးသဖြင့် သူ့အစ်မ သွားကတည်းက မြို့တော်ကို သူ သွားချင်နေခဲ့သည်။ သူမသည် မြို့တော်က ဘယ်လောက်တောင် အံ့သြစရာကောင်းကြောင်း ပြောပြခဲ့သည်။ သူက အိမ်မှာနေပြီး လယ်အလုပ် လုပ်နေရသည်။ ပင်ပန်းဆင်းရဲသည်ကို မဆိုထားနှင့် လယ်ယာအလုပ်ကို သူ လုံးဝမလုပ်ချင်ပေ။ မြို့တော်ကို သွားလျှင် မြို့တော်က မိန်းကလေး တစ်ယာက်ယောက်နဲ့ လက်ထပ်နိုင်လိမ့်မည်။

ပြီးလျှင် နောင်အနာဂါတ်မှာ သူ့အိမ်ထောင်စုစာရင်းကို မြို့တော်သို့ ရွှေ့ပြောင်းနိုင်ပြီး မြို့သား ဖြစ်လာလိမ့်မည်။ သူ နောက်ထပ် လယ်လုပ်စရာ မလိုတော့ဘူး။

“မင်းက ဘာသွားလုပ်မှာလဲ။ မင်းအဒေါ်က မင်းကို လာခွင့်မပြုဘူး။ အိမ်မှာပဲနေ။” ဟု ပထမအစ်မက တားလိုက်သည်။

ရှုရှန့်ချမ်းက ပြောသည်။ “အစ်မက ဒီနှစ် ၁၈ နှစ် ရှိနေပြီမလား။ အစ်မကို အိမ်မှာနေခိုင်းပြီး တစ်ယောက်ယောက်နဲ့ လက်ထပ်ပေးလိုက်ပေါ့။ အစ်မအစား ကျွန်တော် မြို့တော်ကို သွားလိုက်မယ်။”

ဒါက အကြံကောင်းတစ်ခုပင်။ ပထမအစ်မသည် သူမ၏တတိယသမီးကို ချက်ချင်း လှမ်းကြည့်လိုက်သည်။

ရှုရှန့်မိန်၏မျက်နှာက ချက်ချင်း ဖြူဖျော့သွားသည်။ ယခု သူမသည် မြို့တော်၏ရှုခင်းကို မြင်ဖူးခဲ့ပြီဖြစ်သဖြင့် ကျေးလက်မှ တစ်စုံတစ်ဦးကို လက်ထပ်ရန် ဆန္ဒမရှိပေ။ သူမသည် မြို့တော်မှ တစ်စုံတစ်ယောက်ကို ရှာချင်သည်။

“အမေ… ဖြစ်နိုင်ရင် ကျွန်မနေရာကို မောင်လေးကို ပေးချင်ပေမယ့် ကျွန်မတို့အထည်ဆိုင်က အမျိုးသမီးအဝတ်အစားတွေကို ရောင်းချတာ။ အဝတ်အစားဝယ်ပြီး စမ်းဝတ်ကြည့်သူတွေအားလုံးက မိန်းကလေးတွေချည်းပဲ။ မောင်လေးနဲ့ မဖြစ်ဘူး ဟုတ်တယ်မလား။ ဟူကျစ်ဘက်မှာ အမျိုးသားဝတ်တွေ ရောင်းတယ်။ အမေ ဆန္ဒရှိရင် ဒုတိယအဒေါ်(ဒုတိယအစ်မ)နဲ့ သွားပြောကြည့်ပါ။ ဟူကျစ်ကို လက်ထပ်ပေးဖို့ ပြန်ခေါ်အောင် လုပ်ပြီး မောင်လေးကို အဲနေရာ ပေးဖို့ ပြောလိုက်ပေါ့။” ဟု ရှုရှန့်မိန်က အကြံပေးသည်။

ပထမအစ်မက နှုတ်ခမ်းကို ကော့ညွှတ်ပီး ပြောလိုက်သည်။ “နင့်ဒုတိယအဒေါ်က ဘယ်လိုလုပ် ဆန္ဒရှိမှာလဲ။”

ရှုရှန့်ချမ်းက ဝင်ပြောသည်။ “ဟူကျစ် လုပ်နိုင်ရင် ကျွန်တော်လည်း လုပ်နိုင်တယ်။ ကျွန်တော်လည်း အမျိုးသားအထည်ဆိုင်ကို သွားနိုင်တယ်။”

“ဒါဆို ဒေါ်လေး(လင်းချင်းဟယ်)နဲ့ စကားပြောကြည့်လေ။ အဲဒီဘက်ဆိုင်မှာ အပြင်လူတစ်ယောက် ရှိတယ်။ သူမက နင့်အတွက် ပြောင်းပေးဖို့ ဆန္ဒရှိရင် အဆင်ပြေသွားတာပေါ့။” ဟု ရှုရှန့်မိန်က ပြောသည်။

“ဒေါ်လေး… ဒေါ်လေးနဲ့… ဘာဖြစ်လို့ နင့်ဦးလေးအကြောင်း မပြောတာလဲ။” ဟု ရှုရှန့်ချမ်းက ပြန်ပြောသည်။ “ကျွန်တော်တို့က သူမနဲ့ သွေးတော်စပ်မှု လုံးဝမရှိဘူး။ ဦးလေးကမှ ကျွန်တော်တို့ရဲ့ ဆွေမျိုးပါ။”

“ဦးလေးရဲ့စကားက အိမ်မှာ သြဇာအာဏာမရှိဘူး။ နောက်ဆုံး ဆုံးဖြတ်ချက်ချတဲ့သူက ဒေါ်လေးပဲ။” ဟု ရှုရှန့်မိန်က ပြန်ဖြေသည်။

ယခုကိစ္စကို မဖြေရှင်းနိုင်ခဲ့ကြချေ။

ဇန်နဝါရီလ ၁၅ ရက်နေ့ မီးပုံးပွဲတော်နေ့မှာ အားလပ်ရက် ကုန်ဆုံးမည် ဖြစ်သော်လည်း ဟူကျစ်သည် ရှုရှန့်မိန်ကို အသိပေးအကြောင်းကြားရန် ၁၀ ရက်နေ့တွင် ရောက်ရှိလာခဲ့သည်။

“ရက်အနည်းငယ် ကျန်သေးတယ်လေ။” ဟု ရှုရှန့်မိန်က ပြောသည်။

“ဘာဖြစ်လဲ… စောစောသွားလည်း ပြဿနာ မရှိပါဘူး။ ဒေါ်လေးက အချိန်ဇယားထက်စောပြီး ဆိုင်ကို စောစောဖွင့်ချင်လည်း ဖွင့်နိုင်တယ်။” ဟု ဟူကျစ်က ပြန်ဖြေသည်။

ရှုရှန့်မိန်သည် အမှန်တကယ်တော့ ပြန်လာတာ မကြာသေးဘဲ ပြန်မသွားချင်ပေမယ့် ဟိုမှာရှိသည့် တီဗီ နှင့် သူမ၏အမေက သူမအလုပ်ကို သူမ၏မောင်အား ပေးချင်နေတဲ့အကြောင်းကို တွေးလိုက်မိသည်။

ထို့ကြောင့် အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် ရှုရှန့်မိန်က ပြောလာသည်။ “ဒါဆို မနက်ဖြန် လာခေါ်လာပါ။”

“ကောင်းပြီ။” ဟု ဟူကျစ်က ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။

သူက ဘာမှသိပ်မတွေးမိဘူး။ သူ့အိမ်မှာလည်း ဘာမှလုပ်စရာသိပ်မရှိဘူး။ သူ့ထက်တစ်လကြီးသော ရှုရှန့်မိန်သာ မပါလျှင် သူသည် ၇ ရက်နေ့ကတည်းက မြို့တော်ကို ပြန်သွားရန် စီစဉ်ပြီးလောက်ပြီ။

သူ့ဦးလေး၏ ဖက်ထုပ်ဆိုင်က ဖွင့်နေပြီ။ သူ့ဦးလေး၏ ဖက်ထုပ်ဆိုင်မှာ ကူညီပေးရန် သူ သွားနိုင်သည်။

ချက်ပြုတ်ရာမှာ ကူညီပေးရုံသာ… ကျန်တာ အရေးမကြီးပေ။

ပြောရမည်ဆိုလျှင် အိမ်ရှိစားစရာသည် သူ့ဦးလေးနှင့်အဒေါ်တို့ဘက်က စားစရာနဲ့ နှိုင်းယှဉ်လို့မရချေ။

ထို့ကြောင့် နောက်တစ်နေ့နံနက်စောစောတွင် ဟူကျစ်သည် ရှုရှန့်မိန်ကို ခေါ်ရန် သူ့အိတ်ကို သယ်ကာ ရောက်လာသည်။ ရှုရှန့်မိန်မှာလည်း အထုပ်အပိုး သေးသေးလေးတစ်ခု ပါသည်။ အမှန်အတိုင်း ပြောရလျှင် ယူလာစရာ ဘာမှမရှိပါဘူး။

သူတို့နှစ်ဦးသည် ကောင်တီမြို့သို့ အတူတကွ ရောက်ရှိလာကြပြီး မြူနီစီပယ်မြို့သို့ ကားစီးကြသည်။ ထိုမှတစ်ဆင့် မြူနီစီပယ်မြို့မှ မြို့တော်သို့ ရထားစီးကြသည်။

မြို့တော်တွင် လင်းချင်းဟယ်သည် ထိုရက်ပိုင်းအတွင်း အဖျော်ယမကာဆိုင်အတွက် ပြင်ဆင်မှုများ စတင်နေပြီ ဖြစ်သည်။

ကိုးရက်မြောက်နေ့တွင် သူမသည် အိမ်ရာစီမံခန့်ခွဲရေးဗျူရိုသို့ သွားကာ ၎င်းအကြောင်းကို မေးမြန်းစုံစမ်းခဲ့သည်။ အဲဒီနားမှာ ဆိုင်တစ်ဆိုင် ရှိသည်။ ခေါ်ဈေးမှာ ယွမ်သုံးထောင် ဖြစ်သည်။

လင်းချင်းဟယ်သည် ဆိုင်ခန်းငယ်ကို တစ်ချက်သွားကြည့်လိုက်သည်။ ဆိုင်ခန်းက တော်တော်သေးနေသဖြင့် သူမ သိပ်တော့ မကျေနပ်ပေ။ စတုရန်းမီတာ ဆယ်ဂဏန်းလောက်သာ ရှိသည်။ အထူးသဖြင့် ယိုယွင်းပျက်စီးနေသည်။ ပြုပြင်မွမ်းမံခြင်းနှင့် အလှဆင်ခြင်းကို သေချာပေါက် လုပ်ကိုလုပ်ရမည်။

ဒါပေမယ့် အနီးအနားမှာ ရုပ်ရှင်ရုံရှိနေသဖြင့် လင်းချင်းဟယ်သည် တုံ့ဆိုင်းနေသည်။ နောက်ဆုံးတော့ သူမသည် သူတို့၏စတုတ္ထမြောက်ဆိုင်ကို အပြီးဝယ်လိုက်သည်။

All Chapters