← Chapters

ချန်ယန်နှင့်ချန်ယွဲ့

Vol. 27 Ch. 369

ချန်ယန်နှင့်ချန်ယွဲ့

Vol. 27 Ch. 369

အခန်း (၃၆၉) - ချန်ယန် နှင့် ချန်ယွဲ့

တက္ကသိုလ်က မဖွင့်သေးသည့်အတွက် ဖက်ထုပ်ဆိုင်ကို ကျိုးရွှမ်နှင့် ကျိုးကွေ့လိုင်ထံ လွှဲအပ်ထားသည်။ ကျိုးချင်းပိုင်သည် ထိုနေ့တွင် သူ့ဇနီးနှင့်အတူ စတုတ္ထမြောက်ဆိုင်သို့ လာရောက်လည်ပတ်ခဲ့သည်။

အဲဒါကို ကြည့်ပြီးမှ သူက "ပြုပြင်ဖို့ ငွေတစ်ချို့တော့ ကုန်ကျလိမ့်မယ်" ဟု ပြောလိုက်သည်။

"အဆင်ပြေတာ ရှင် တွေ့တယ်မလား။” ဟု လင်းချင်းဟယ်က ပြန်ဖြေသည်။

သူနှင့်အတူ ရှိနေလျှင် လင်းချင်းဟယ်သည် အခြေခံအားဖြင့် စိတ်ပူစရာ ဘာမှမလိုပေ။ သူမသည် အကြံဉာဏ်များ ပေးရန်အတွက်သာ တာဝန်ရှိသည်။

ကျိုးချင်းပိုင်က ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။ ဇနီးဖြစ်သူ၏ အကြံပြုချက်အတိုင်း သူသည် မာချန်းမင်ထံ သွားခဲ့သည်။ ပြုပြင်ရေးနှင့် အလှဆင်ခြင်းတို့ကို ပြုလုပ်ရန်အတွက် တစ်စုံတစ်ဦးကို ရှာရန် မာချန်းမင်ကို ပြောခဲ့သည်။

အခုချိန်တွင် နှစ်သစ်ကူး ပြီးဆုံးသွားပြီဖြစ်၍ မာချန်းမင်ကလည်း သဘာဝကျစွာ အလုပ် လုပ်ချင်နေပေလိမ့်မည်။

လင်းချင်းဟယ်က သူ့ကို သီးသန့် စကားပြောခဲ့သည်။

သူ့အမေဖြစ်သူ ဒေါ်လေးမာ အပါအဝင် လူအားလုံး၏ လစာက ယွမ်လေးဆယ် ဖြစ်သည်။ သူ့ကို ယွမ်ငါးဆယ် ပေးထားသည်။

ဒီနှစ်မှာတော့ လူတိုင်း၏လစာက ဆယ်ယွမ်တိုးလာပါသည်။ ယမန်နှစ်က ယွမ်သုံးဆယ်မှ ယွမ်လေးဆယ်အထိ ဖြစ်သည်။ ဤသည်မှာ ပုံမှန်အားဖြင့် သင့်တင့်သောလစာ ဖြစ်သည်။

အမျိုးသမီးရှုနှင့် သူမ၏ချွေးမဖြစ်သူ လီယွီဖုန်းတို့နှစ်ဦးစလုံးသည် အလွန် ဂရုစိုက်ရန် လိုအပ်သည့် အဝတ်အထည်များ၏ အဆင့်အတန်းနှင့် အရည်အသွေးအတွက် တာဝန်ယူရသဖြင့် သူတို့က လေးဆယ့်ငါးယွမ် ရသည်။

မာချန်းမင်၏လစာကို အမြင့်ဆုံးဟု သတ်မှတ်နိုင်သည်။

သူ တာဝန်ယူရသည့်အရာတွေက အများကြီး ရှိသည်။

ကျိုးချင်းပိုင်၏ ဖက်ထုပ်ဆိုင်မှ လွဲ၍ အမျိုးသားနှင့် အမျိုးသမီး အထည်ဆိုင်များ၊ အလုပ်ရုံငယ်နှင့် ယခုနှစ်တွင် ဖွင့်လှစ်မည့် ဖျော်ရည်ဆိုင်များ အားလုံးသည် သူ တာဝန်ယူရမည့် သူ့လက်အောက်ရှိဆိုင်များ ဖြစ်သည်။

အရောင်းနှင့် ဝယ်ယူမှုဆိုင်ရာ စာရင်းအကောင့်များနှင့် သိုလှောင်မှုစစ်ဆေးခြင်းတို့သည် သူ့အပေါ်တွင် မူတည်သည်။

အလွန်အလုပ်များသည်ဟု ဆိုနိုင်ပေသည်။ ဒါပေမယ့် မာချန်းမင်အတွက်ကတော့ သူသည် ဒီအလုပ်ကို တကယ် သဘောကျသည်။

လစာ လုံလောက်နေသရွေ့ အလုပ်များရလည်း ကိစ္စမရှိပါဘူး။ အိမ်မှာ အားလပ်ပျင်းရိပြီး ဘာမှမလုပ်ဘဲ နေ,နေရသည့်အခါ သို့မဟုတ် တစ်နေကုန် အလုပ် ကြိုးကြိုးစားစားလုပ်ပြီးမှ ငါးပြားခြောက်ပြားသာ ရသည့်အခါမှသာလျှင် ၎င်းက ပင်ပန်းနွမ်းနယ်ပြီး စိတ်ပျက်စရာ ကောင်းပါသည်။

အခုတော့ သူက သူ့ကိုယ်ပိုင် ဝင်ငွေလစာ ရသည့်အပြင် သူ့အမေ၏လစာနှင့် ပေါ့ပါးသော ပစ္စည်းများကို သွားသယ်သည့် သူ့အဖေ၏ဝင်ငွေများကြောင့် မိသားစု၏နေ့စဉ်ဘဝသည် အလွန် ကြွယ်ဝချမ်းသာနေပါသည်။

တကယ်တမ်းပြောရလျှင် ဒီအချိန်မှာ မိသားစုငါးယောက်အတွက် လစဉ်စုစုပေါင်း ဝင်ငွေက ယွမ်တစ်ရာ ပြည့်သွားခဲ့ရင် အလွန်ကောင်းမွန်သော ဘဝမှာ နေထိုင်ရဖို့ ဖြစ်နိုင်ချေ ရှိပါသည်။

ဒါပေမယ့် လင်းချင်းဟယ်က တစ်ခြားဆိုင်ကို စဖွင့်တော့ သူ သဘောကျလေးစားသွားသည်။

ဒါက တကယ့်ကို အံ့လောက်စရာပင်။ ဒီဆိုင်ကိုပါ ရေတွက်ကြည့်လျှင် ဆိုင် ဘယ်နှစ်ဆိုင် ရှိသွားမည်နည်း။

သူက ဒါတွေကို ဂရုမစိုက်စရာ မလိုဘဲ ဆိုင်တွေကို စီမံခန့်ခွဲရန်အတွက်သာ တာဝန်ရှိသည်။

သူ့ကို ကျိုးချင်းပိုင် ပြောထားသည့် ပြုပြင်မှုများနှင့် အလှဆင်ခြင်းများကို ပြီးမြောက်အောင် ဆောင်ရွက်ရန် တစ်စုံတစ်ယောက်ကို သူ ရှာတွေ့ခဲ့သည်။ ထို့နောက် သူသည် လင်းချင်းဟယ်ထံ ရောက်လာပြီး မေးသည်။ "ဆရာမလင်း… နောင်ပိုင်းမှာ အဲဘက်ဆိုင်အတွက် ဝန်ထမ်းခေါ်ယူမှာလား။”

လင်းချင်းဟယ်က ဝန်ထမ်းခေါ်ယူရန် လိုအပ်နေသည်မှာ ပြောစရာပင် မလိုပေ။ သူမက ခေါင်းညိတ်ပြီး "ငါတို့ လူနှစ်ယောက် ခေါ်ဖို့လိုတယ်။” ဟု‌ ပြောလိုက်သည်။

သူမသည် ဝန်ထမ်းများကို ခေါ်ယူချင်သည့်တိုင် ရှုရှန့်ချမ်းကို ခေါ်ယူရန် အစီအစဉ်မရှိပေ။ ဆွေးနွေးစရာမလိုခြင်းက နောက်ထပ် ဆွေးနွေးစရာ မလိုပေ။ သူမသည် သူမဆိုင်၏ ပိုင်ရှင်သခင်ပင် ဖြစ်သည်။ သူမသည် လောက၏ ရင်းနှီးဆက်ဆံရေးနည်းလမ်းများဖြင့် ထိန်းချုပ်ခံမည် မဟုတ်ပေ။ သို့မဟုတ်ပါက သူမ မျက်နှာမလွှဲနိုင်ပေ။

"ဘယ်လိုလူမျိုးကို လိုချင်တာလဲ။ ကျွန်တော် ကူရှာပေးရမလား။” ဟု မာချန်းမင်က မေးသည်။

"လူငယ်လေးကို ရှာ ဒါမှမဟုတ် ငါရဲ့ အာ့နီလို မိန်းကလေးမျိုးကို ရှာပါ။ အကျင့်စာရိတ္တကောင်းရမယ်။ ဖော်ရွေပြီး စကားပြောကောင်းရမယ်။ ဒါပေမယ့် အလွန်အမင်းလည်း နှုတ်ရေးမကောင်းရဘူး။" ဟု လင်းချင်းဟယ်က ဆိုသည်။

"ကျွန်တော့်ဦးလေးရဲ့မိသားစုမှာ အမြွှာတွေဖြစ်တဲ့ သားတစ်ယောက် သမီးတစ်ယောက် ရှိတယ်။ သူတို့နှစ်ယောက်က ကျွန်တော့်ဝမ်းကွဲတွေပါ။ နှစ်ယောက်စလုံး အသက် ၁၉ နှစ် ရှိပြီး အထက်တန်းကျောင်း ပြီးသွားပါပြီ။ နှစ်ယောက်စလုံးအတွက် ကျွန်တော် အာမခံနိုင်ပါတယ်။” ဟု မာချန်းမင်က ပြောသည်။

“ကောလိပ် မတက်ကြဘူးလား။” ဟု လင်းချင်းဟယ်က မေးသည်။

"မိသားစုက ဆင်းရဲပြီး နှစ်ယောက်စလုံးက ပျမ်းမျှအဆင့်တွေပဲ ရှိတယ်။" မာချန်းမင်က ခေါင်းယမ်းရင်း ပြောသည်။

"မင်း သူတို့ကို အာမခံတယ်ဆိုတော့ ငါ မင်းကို ယုံလိုက်မယ်။ ဒါပေမယ့် သူတို့နှစ်ယောက်က အဆင်မပြေဘူးဆိုရင် ငါ ချက်ချင်း လူပြောင်းမှာနော်။ ငါတို့တွေ ဆွေမျိုးတွေကို ခန့်လို့ရတယ်။ အဲဒါက ဆွေမျိုးတွေကြားက ဆက်ဆံရေးပဲလေ။ ဒါပေမယ့် ဆက်ဆံရေးက ဆက်ဆံရေး။ အလုပ်က အလုပ်ပဲ။ ဒါကို သေသေချာချာ ခွဲခြားထားရမယ်။" လင်းချင်းဟယ်က သူ့ကို ပြောလိုက်သည်။

"မစိုးရိမ်ပါနဲ့ ဆရာမလင်း" မာချန်းမင်က ကပျာကယာ ပြောလိုက်သည်။

"ကောင်းပြီ… ဒါဆို သူတို့ကို အရင် ပြောထားလိုက်။ ပြီးရင် အချိန်တစ်ခု ရှာပြီး ငါ့ကို လာတွေဖို့ ပြောလိုက်ဦး။ ငါ သူတို့ကို လစာအကြောင်းနဲ့ အသေးစိတ်အချက်အလက်တွေကို ပြောပြလိုက်မယ်။" လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။

မာချန်းမင်က ဒါကို အသိအမှတ်ပြုသည်။ သူက အရမ်းဝမ်းသာပျော်ရွှင်သွားသည်။

သူ့ဦးလေး၏မိသားစုက သူ့မိသားစုထက် သားသမီး ပိုများသည်။ သူ့မိသားစုတွင် သူနှင့် သူ့အစ်ကိုကြီးတို့ ပါဝင်သည်။ သူ့ဦးလေးအိမ်မှာ သူတို့ထက် ငါးယောက်ပိုသည်။ အမြွှာများ အပါအဝင် စုစုပေါင်း ကလေးခုနစ်ဦး ရှိသည်။

ဒီအငယ်နှစ်ယောက်သည် မူလက တက္ကသိုလ်တက်ရန် ရည်မှန်းထားသော်လည်း စာမေးပွဲ နှစ်ကြိမ်ပြန်ဖြေထားပြီး စာမေးပွဲ မအောင်သေးပါဘူး။ သာမန်တက္ကသိုလ်တွေမှာလည်း အခွင့်အလမ်း မရှိပါဘူး။

ထို့ကြောင့် အပြင်ထွက်ပြီး အလုပ်ရှာရန် ဆုံးဖြတ်လိုက်ကြပြီး စာမေးပွဲဆက်ဖြေရန် အစီအစဉ် မရှိတော့ပေ။

သူက ကျေးလက်မှာ နေလေ့ရှိပြီး အလည်အပတ်သွားရန် အခွင့်မရှိခဲ့ပေ။ ဒါပေမယ့် အခုတော့ သူ ပြန်ရောက်လာပြီ ဖြစ်သဖြင့် ဓလေ့ထုံးစံအတိုင်း နှစ်သစ်ကူးမှာ ဦးလေးအိမ်သို့ သွားရောက်လည်ပတ်ခဲ့သည်။

ထိုအကြောင်းကို သူ ကြားလိုက်သော်လည်း မှားယွင်းသော မျှော်လင့်ချက်ကို ပေးခြင်းအား ရှောင်ရှားရန် သူ ဘာမှမပြောခဲ့ပေ။ သို့သော်လည်း သူ့စိတ်ထဲတွင် မှတ်သားထားလိုက်သည်။

ထို့ကြောင့် သူက သူတို့အကြောင်းကို လင်းချင်းဟယ်အား ပြောပြခဲ့ခြင်း ဖြစ်သည်။

သူ့ဝမ်းကွဲညီကို မာချန်ယန် လို့ ခေါ်ပြီး သူ့ဝမ်းကွဲညီမကိုတော့ မာချန်ယွဲ့ လို့ ခေါ်သည်။

အမြွှာများ ဖြစ်သဖြင့် သူတို့၏နာမည်၌ တစ်ယောက်တွင် 'နေ' ဟူသောစာလုံး ပါပြီး နောက်တစ်ယောက်တွင် 'လ' ဟူသောစာလုံး ပါသည်။

မာချန်ယန်နှင့် မာချန်ယွဲ့တို့ ရောက်ရှိလာကြသည်။ လင်းချင်းဟယ်သည် သူတို့ကို ကြည့်ပြီး အတော် ကျေနပ်သွားသည်။ သူတို့၏မျက်နှာ အသွင်အပြင်က တစ်ဝက်လောက် တူညီသည်။ ဒါ့တင်မကဘဲ ကြည့်ရတာလည်း မဆိုးလှပေ။ အရမ်းကြည့်ကောင်းနေတာမျိုး မဟုတ်ပေ။ အံ့သြရင်သပ်ရှုမောဖွယ်ရာ၏ ဆန့်ကျင်ဘက် ဖြစ်သည်။

"ချန်းမင်က နင်တို့မောင်နှမအကြောင်း ငါ့ကို ပြောထားပြီးပြီ။ ငါ့ဘက်က စည်းကမ်းနဲ့ စနစ်အကြောင်း သူ နင်တို့ကို ပြောပြထားမယ်လို့ ယုံကြည်တယ်။" လင်းချင်းဟယ်က သူတို့ကို ကြည့်ပြီး ဆက်ပြောသည်။ "ဒါပေမယ့် ငါ အခု နင်တို့ကို ထပ်ပြောမယ်။ နင်တို့ ဒီမှာ အလုပ်လုပ်နေပြီး အရေးတကြီး တစ်ခုခု ပေါ်လာရင် နင်တို့ အချိန်မရွေး ခွင့်ယူဖို့ ခွင့်တောင်းနိုင်တယ်။ ငါ ခွင့်ပေးမယ်။ သာမန်အခြေအနေအရ လစာကို နုတ်ယူမှာမဟုတ်ဘူး။ အဲဒါက အခြေအနေပေါ် မူတည်တယ်။"

"ဒါပေမယ့် ဒီမှာ ငါ မကြိုက်ဆုံးက မသန့်ရှင်းတဲ့ လက်တွေ ခြေထောက်တွေနဲ့ စိတ်ကျေနပ်စရာ မရှိတဲ့ အလုပ်အရှိန်နှုန်းပဲ။ ငါ သိလိုက်တာနဲ့ ချန်မင်ရဲ့ထောက်ခံချက်ကတောင် မသုံးမဝင်တော့ဘူး။ နိယာမ ပြဿနာတွေကို မကျူးလွန်မိပါစေနဲ့။ ငါ နင်တို့ကို အခုလောလောဆယ် တစ်လကို ၃၅ ယွမ် ပေးမယ်။ တရားဝင် အလုပ်စဝင်တာနဲ့ အဲအချိန်ကနေ စတွက်လို့ရပြီ။ အနာဂါတ်မှာ ကောင်းကောင်းလုပ်ရင် သေချာပေါက် လစာတိုးပေမယ်။ အမြဲတမ်း ဒီလစာအတိုင်း မဖြစ်ဘူး။ အဲအတွက် နင်တို့ စိတ်ချနိုင်တယ်။"

"အလုပ်ချိန်က မနက် ၇ နာရီကနေ ည ၉ နာရီအထိ ကြာမယ်။ အလုပ်ချိန်က ရှည်ကြာပေမယ့် မနက်ကို လူတစ်ယောက်နဲ့ နေ့လယ်အတွက် လူတစ်ယောက်ဆို လုံလောက်ပြီ။ ညနေ လေးနာရီကနေ ည ၉ နာရီအထိကိုတော့ စောင့်ကြည့်ဖို့ လူနှစ်ယောက် လိုမယ်။ မနက်နဲ့ နေ့လည်အချိန်ပိုင်းကို ကိုယ့်ဘာသာ စီစဉ်ပြီး အလှည့်ကျ လုပ်ကြပေါ့။ အချိန်ကျရင် ချန်းမင်လည်း မကြာခဏ အဲကို လာလိမ့်မယ်။"

ထိုအရာအားလုံးကို ပြောပြီးသွားပြီးနောက် လင်းချင်းဟယ်က သူတို့မောင်နှမနှစ်ယောက်ကို ကြည့်ပြီး "အခုတော့ အဲဒါတွေပဲ။ ကျန်တာကိုတော့ နောက်မှ ဖြည့်ပြောမယ်။ သေသေချာချာ ရှင်းရှင်းလင်းလင်း ကြားလိုက်ရလား။ ကဲ… အခု နင်တို့ရဲ့ ထင်မြင်ကန့်ကွက်ချက်ကို ပြောလို့ရပြီ။"

"ဘာမှမရှိပါဘူး။" မာချန်ယန်နှင့် မာချန်ယွဲ့တို့ နှစ်ယောက်လုံး ခေါင်းယမ်းကြသည်။

လင်းချင်းဟယ်က ခေါင်းညိတ်ပြီး ပြောသည်။ "နင်တို့မှာ ဘာကန့်ကွက်ချက်မှ မရှိဘူးဆိုရင်တော့ လောလောဆယ် ဒီပုံစံအတိုင်းပဲ စီစဉ်မယ်။ ငါ့ဆိုင်ကို နင်တို့ရဲ့ကြည့်ရှုစောင့်ရှောက်မှုအောက်မှာ ထားလိုက်ပြီ။ နင်တို့မှာ ဆန္ဒရှိရင် နောင်ပိုင်းမှာ ဒါကို တည်ငြိမ်အောင် လုပ်ခွင့်ပေးမယ်။ သေချာတာပေါ့ နင်တို့ ထွက်သွားချင်ရင်လည်း ငါ့ကို တိုက်ရိုက်ပြောလို့ရတယ်။ ဘာမှ ရှက်နေစရာ မလိုဘူး။"

ဒါကို ပြောပြီးနောက် သူတို့ကို အရင် ပြန်ခိုင်းလိုက်သည်။ ယခု သူမသည် ဖျော်ရည်ဆိုင်ကို ကြည့်ရှုစောင့်ရှောက်ပေးမည့် ကိုယ်စားလှယ်ဝန်ထမ်းများကို ရရှိထားပြီ ဖြစ်သဖြင့် လင်းချင်းဟယ်သည် ဘာမျှ စိုးရိမ်စရာ မရှိတော့ပေ။

All Chapters