သူ့သမီးအတွက်အလုပ်ကြိုးစားမည်
Vol. 27 Ch. 374
အခန်း (၃၇၄) - သူ့သမီးအတွက် အလုပ်ကြိုးစားမည်
ချွေးမဖြစ်သူ၏ တုံ့ပြန်မှုကို ရရှိပြီးနောက် အမေကျိုးသည် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ မဒမ်ကျူးဆီ အကြောင်းပြန်ကြားပေးခဲ့သည်။
ဒီအဖြစ်အပျက်ပြီးရင် နောက်ဆို ဒီလိုလူနဲ့ အဆက်အသွယ် မလုပ်တော့ဘူးလို့ ကတိပြုမိသည်။ ဒါက အရမ်းစိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည်။
“ငါ့ချွေးမပြောတာတော့ သူ့သားကြီးက ငယ်သေးတယ်တဲ့။ ကလေးက အသက်ဆယ့်ရှစ်နှစ်ပဲ ရှိသေးတော့ အိမ်ထောင်ရေးကိစ္စကို အလျင်စလို မလုပ်ချင်ဘူး။ သူ့အသက်မွေးဝမ်းကြောင်းကို အရင်ဆုံး ခိုင်မာအောင် ပြုလုပ်ပြီးမှ သူ့မိသားစုဘ၀ကို စတင်ရမယ်လို့ပြောတယ်။ ကျန်းကျန်းက ငါ့မြေးထက် တစ်နှစ်ကြီးတော့ သူမရဲ့ ဘ၀ကို မနှောင့်ယှက်ချင်ဘူး။” ဟု အမေကျိုးက ပြောပြသည်။
သူမ စိတ်ထဲမှာတော့ လှောင်ပြောင်နေမိသည်။
ကျန်းကျန်းသည် သူမ အကြီးဆုံးမြေးထက် တစ်နှစ်ပိုကြီးပြီး ကမ္ဘာမြေကြီးပေါ်တွင် ရှာဖွေရခက်ခဲပြီး ကောင်းကင်ယံ၌ သူမလိုလူမျိုး အနည်းငယ်သာရှိသည်ဟု မဒမ်ကျူးက ဝါကြွားပြောဆိုချင်ခဲ့သည်။ မသိတဲ့သူက ကျန်းကျန်းကို တကယ့်နတ်သမီးလို့ ထင်ကြပေလိမ့်မည်။
မဒမ်ကျူးသည် သဘာဝအားဖြင့် အလွန်မပျော်ရွှင်ခဲ့ပါ။ သူမက သေချာပေါက် သဘောတူလိမ့်မည်ဟု တွေးထားခဲ့သော်လည်း အခုလို ဖြစ်လာမယ်လို့ သူမ မမျှော်လင့်ထားခဲ့ပေ။
အိမ်ပြန်ရောက်ပြီးနောက် သူမသည် မစ္စတာကျူးအား အေးစက်စွာနဲ့ “ဒါက ကျေးလက်ကနေ တက်လာတဲ့ မိသားစုပဲ မဟုတ်လား။ သူတို့က သူတို့ကိုယ်သူတို့ အရမ်းကောင်းလှပြီလို့ ထင်နေကြတယ်။ ကျန်းကျန်းလို မိန်းမကောင်းလေးကို သူတို့မိသားစုနဲ့ သဘောတူတယ်လို့ ပြောလိုက်တာနဲ့ သူတို့ကိုယ်သူတို့ အရမ်းကြီးတော်နေတတ်နေ ဟန်ဆောင်ဖို့ကျ သတ္တိရှိလိုက်ကြတာ။
ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေတဲ့ မိသားစုကများ၊ ရာရာစစ၊ အံ့ပါရဲ့။”
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းက ငွေရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ယခုအချိန်မှာ ရောင်းချနိုင်တာက အမှန်တကယ်ပင် လေးစားစရာ မဟုတ်လော။ အထူးသဖြင့် ကန့်သတ်ချုပ်ချယ်မှုတွေ လျော့ပါးလာတာနဲ့အမျှ ယခုနှစ်မှာ ကိုယ်ပိုင်လုပ်ငန်း အများအပြား ရှိလာခဲ့သည်။
အပြင်မှာ လမ်းဘေးဆိုင်တွေ အများကြီးရှိသည်။
မစ္စတာကျူးက “ငါမင်းကို ပြောသားပဲ၊ ဒီလောက်ဆို လုံလောက်ပါပြီ။ ဒီကိစ္စမှာ မင်းက တဇောက်ကန်းနိုင်လွန်းတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေတဲ့သူတွေက ဘာဖြစ်လို့လဲ၊ သူတို့မိသားစုမှာ ကောလိပ်ကျောင်းသားတွေနဲ့ တက္ကသိုလ်ဆရာတွေ ရှိတယ်လေ။ ကျန်းကျန်းမှာ မြို့တော်အိမ်ထောင်စုစာရင်း ရှိတာကလွဲလို့ တခြားဘယ်အရာတွေ ရှိလို့လဲ၊ ဒီလောက်ဆို တော်သင့်ပြီ။” ဟု ပြောလိုက်သည်။
“ကျွန်မတို့က ဒီမှာ မွေးဖွားကြီးပြင်းလာပြီး သူတို့က တခြားနေရာမှာ နေထိုင်ကြီးပြင်းလာကြတဲ့သူတွေလေ၊ ဘယ်လိုလုပ်ပြီး တူနိုင်မှာလဲ။” ဟု မဒမ်ကျူးက ဒေါသတကြီး ပြောလိုက်သည်။
“ထားလိုက်ပါ။ သူတို့ဆန္ဒမရှိရင် ကျန်းကျန်းအတွက် တခြားမိသားစုကို ရှာလိုက်ပါ။” ဟု မစ်စတာကျူးက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
မဒမ်ကျူးသည် ဒေါသတကြီး ဖြစ်နေသေးသည်။ “ကျန်းကျန်းလို မိန်းမကောင်းလေးကိုမှ..”
မစ်စတာကျူးသည် သူမ၏ တတွတ်တွတ်ပြောဆိုနေသော စကားကို နားထောင်ရန် စိတ်မရှည်ပေ။ မစ်စတာကျူးသည် မဒမ်ကျူး၏ ညည်းညူသံများကို နားမခံသာတော့သဖြင့် အိမ်ကနေ ချက်ချင်းထွက်သွားခဲ့သည်။
ရက်အနည်းငယ်ကြာပြီးနောက် ကျူးကျန်းကျန်းတစ်ယောက် သူမတို့အိမ်ကို ရောက်လာသည်။
ထို့နောက် သူမအဖွားက ဤသို့ပြောသောအခါ သူမ၏ မျက်လုံးတွေက ချက်ချင်း နီရဲလာကာ “ကျိုးမိသားစုက သမီးကို သဘောမကျဘူးလား။” ဟု မေးလိုက်သည်။
“ကျန်းကျန်း ဝမ်းမနည်းပါနဲ့၊ သူတို့ကျိုးမိသားစုက ဒီလိုကောင်းချီးမျိုးနဲ့ မထိုက်တန်ဘူးလို့ပဲ ငါထင်တယ်။ မင်းက အရမ်းတော်တယ်။ သူတို့ သဘောမကျရင်လည်း ဘာဖြစ်လဲ။ သူတို့ကြောင့် ဝမ်းမနည်းနဲ့။ အဘွားက မင်းကို အိမ်ထောင်ဖက် ကောင်းကောင်းရှာပေးမယ်။” ဟု မဒမ်ကျူးက ချော့မော့ပြောလိုက်သည်။
ကျူးကျန်းကျန်းက ခေါင်းငုံ့ပြီး “ဒါပေမယ့် သမီးက ကျိုးခိုင်ကို သဘောကျတယ်။” ဟု ပြောလိုက်သည်။
သူက အရပ်ရှည်ပြီး ချောမောသည်။ ရင့်ကျက်တည်ငြိမ်သည်။ အထူးသဖြင့် သူ့ရဲ့ ထက်မြက်တဲ့ အကြည့်တွေက တစ်ချက်ကြည့်လိုက်ရုံနဲ့ လုံခြုံတဲ့ စိတ်ခံစားချက်ကို ပေးစွမ်းသည်။
အဲ့ဒီအိမ်က သူမကို မျက်နှာသာမပေးဘူး။ သူတို့မိသားစုက အခြေအနေကောင်းပြီး မိဘတွေက ကျိုးကြောင်းဆီလျော်တယ်လို့ ကြားဖူးသည်။ သူမသာ ကျိုးခိုင်နဲ့ အိမ်ထောင်ပြုနိုင်မယ်ဆိုရင် ကောင်းကောင်းနေနိုင်မည်ဖြစ်သည်။
“စိတ်ကူးယဉ်တာ ဘယ်နေရာသွားသုံးရမှာလဲ။ သူ့မိသားစုက မင်းကို သဘောမကျဘူး။” ဟု မဒမ်ကျူးက ပြန်ဖြေသည်။
အမေကျိုးက ဘယ်လောက်ပဲ လိမ္မာပါးနပ်စွာ ပြောနေပါစေ၊ ကျူးကျန်းကျန်းကို သဘောမကျဘူးဆိုတာ သိသာထင်ရှားပါသည်။ မဟုတ်ရင် သူမက ငြင်းဆန်မှာ မဟုတ်သလို ချက်ချင်းဆိုသလို သဘောတူပေလိမ့်မည်။
သူမရဲ့ မြေးမလေးကို မျက်စိမကျတဲ့အတွက် ဘယ်သူက လက်ထပ်ပေးနိုင်ပါ့မည်နည်း။
ကျူးကျန်းကျန်းတစ်ယောက် ငိုခါနီးနေပြီဖြစ်သည်။
အမေကျိုးဆီကိုတောင် လာမေးခဲ့သည်။ သူမက စကားမပြောဘဲ ချီတုံချတုံ ဖြစ်နေတာကိုမြင်တော့ အမေကျိုးက “ကျန်းကျန်း၊ ဘာကိစ္စရှိလို့လဲ၊ ငါ ဘာကူညီပေးရလဲ။” ဟု မေးလိုက်သည်။
“အဖွားကျိုး... ကျွန်မကို မကြိုက်ဘူးလား။” ကျူကျန်းကျန်းသည် နီရဲသော မျက်လုံးများဖြင့် မေးလာခဲ့သည်။
အဲဒီတုန်းက အမေကျိုးက ဆူပူကြိမ်းမောင်းချင်ခဲ့သည်။ ဒီလိုမိန်းကလေးမျိုးလည်း ရှိတာပဲလား။ ကိုယ်ရေးကိုယ်တာကိစ္စကို ယောက်ျားလေးရဲ့ မိသားစုက အသက်ကြီးသူတွေကို မေးဖို့ လာတာလား။ ဒါက ဘယ်လိုအပြုအမူမျိုးလဲ။
ဒါဟာ မျက်မမြင်ချိန်းတွေ့မှု ဒါမှမဟုတ် တစ်ခုခုဖြစ်ခဲ့တဲ့ သဘောလား။ သူ့အဘွားပြောသလိုတွေ ပြောလာသဖြင့် အမေကျိုးတစ်ယောက် ဘာပြောရမှန်း မသိတော့ဘူး။ ကျူးကျန်းကျန်းသည်လည်း သူမကိုယ်သူမ ကောင်းကင်ဘုံမှ နတ်သမီးအဖြစ် မှတ်ယူထားနေတာပဲ မဟုတ်ပါလော။
တကယ်တမ်းကျ တခြားတစ်ယောက်က မင်းကိုလက်ထပ်ဖို့ တောင်းဆိုရမှာ မဟုတ်ဘူးလား။
အမေကျိုးက “ကျန်းကျန်းက နေရာတိုင်းမှာ တော်ပါတယ်။ ငါ့မြေးက အရွယ်မရောက်သေးဘူး။ သူ့အရပ်ကို မကြည့်နဲ့၊ သူက အသက် (၁၈) နှစ်ပဲ ရှိသေးတော့ မရင့်ကျက်သေးတဲ့ ကလေးလို့ သတ်မှတ်နိုင်တယ်၊ ဒီအကြောင်းပြောဖို့ စောလွန်းတယ်။ မင်းအပြစ် မဟုတ်ဘူး။” ဟု အေးဆေးစွာ ပြောခဲ့သည်။
အဲဒီနောက်မှာတော့ သူမနဲ့ စကားဆက်ပြောဖို့ စိတ်မရှည်တော့သဖြင့် “မင်း အရင်ပြန်နှင့်လိုက်ပါလား၊ ငါ့အိမ်နောက်ဖေးမှာ ကြက်စာကျွေးဖို့ ကျန်သေးတယ်။” ဟု ပြောလိုက်သည်။
ထို့နောက် အမေကျိုးသည် ကျူးကျန်းကျန်းကို တစ်ယောက်တည်း ထားခဲ့သည်။ သူမသည် သူ့အဖွားနှင့်အတူတူပင် ဖြစ်သည်။ သူ့မကို ကောင်းကောင်း မထိန်းထားနိုင်တော့ပေ။
ကျူကျန်းကျန်းကို လျစ်လျူရှုကာ သူမကိုယ်တိုင် ကြက်များကို အစာကျွေးရန် အိမ်နောက်ဖေးကို ထွက်လာခဲ့သည်။ သူမသည် ကြက်ရှစ်ကောင် မွေးမြူထားခဲ့သည်။ မနက်ဖြန်ကျရင် စတုတ္ထလေးရဲ့ ဇနီးသည်ကို ကျွေးမွေးဖို့ ကြက်မတစ်ကောင်ကို ဖမ်းဆီးထားလိုက်သည်။
လင်းချင်းဟယ်သည် ရှေးရိုးဆန်လွန်းသော အတွေးဖြင့် သူမ သားကြီးရဲ့ အိမ်ထောင်ရေးကိစ္စအား အပိုင်တွက်ထားသည့် ကျူးမိသားစုအကြောင်းကို စိတ်ဝင်စားဖွယ် ဇာတ်လမ်းအဖြစ် ကျိုးချင်းပိုင်အား ပြောပြခဲ့သည်။
“ကျွန်မတို့သား အကြီးဆုံးက ရေပန်းစားနေပြီ။ အားလုံးက သူ့ကို မျက်စိကျနေကြတယ်။”
သူမသည် ဝိန်မိသားစုထံမှလည်း ထိုခံစားချက်ကို ခံစားမိပါသည်။
မဟုတ်ရင် တရုတ်နှစ်သစ်ကူးမှာ အမေဝိန်က ဝိန်မိန့်ကျားကို နှစ်သစ်ကူး နှုတ်ခွန်းဆက်ဖို့ သူမတို့အိမ်ကို လာခိုင်းပါ့မလား။ တကယ်တော့ ဝိန်ကော်လျန် တစ်ယောက်တည်းနဲ့ လုံလောက်ပါသည်။
လင်းချင်းဟယ်သည် အနည်းငယ် ရူးကြောင်ကြောင် တွေးလိုက်မိသည်။ အမေဝိန်က သူ့သမီးကို ပြဖို့ ဒီကိုလာစေချင်တာ ဖြစ်နိုင်သည်။
ဒါပေမယ့် ဒီတွေ့ဆုံမှုအပြီးမှာတော့ လင်းချင်းဟယ်တစ်ယောက် ကျေနပ်သွားကာ သူမ လက်ဆောင်ပေးလိုက်သော ပျားရည်နှင့် ဂရိတ်ဖရုလက်ဖက်ခြောက်ပုလင်းသည် အကောင်းဆုံး စိတ်သဘောထားကို ဆောင်နေပါသည်။
ကျိုးချင်းပိုင်က ဒီကိစ္စတွေကို စိတ်မဝင်စားပေ။ သူ့သားက အသက်ကြီးလာတဲ့အခါ အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်တာက ပုံမှန်ပဲလို့ သူထင်ခဲ့သည်။ သူလက်ထပ်ပြီးတာနဲ့ အိမ်ခွဲနေလို့ရသည်။
သူ့တာဝန်က ဒီမှာပဲ အဆုံးသတ်သွားပြီ။
“ရေခဲသေတ္တာက သုံးရတာ အဆင်ပြေလား။” ဟု လင်ချင်းဟယ်က အကြောင်းအရာပြောင်းပြီး မေးလိုက်သည်။
“သုံးရတာ လွယ်ပါတယ်။” ဟု ကျိုးချင်းပိုင်က ခေါင်းညိတ်ပြလေသည်။
လီတာ နှစ်ရာခန့် ဆန့်ဝင်သော ရေခဲသေတ္တာသည် အမှန်တကယ်ပင် အသုံးဝင်သည်။ ဖက်ထုပ်လုပ်ဖို့ အသားများစွာ လိုအပ်တော့ ဆောင်းရာသီမှာ အဆင်ပြေပေမယ့် နွေရာသီမှာတော့ ကြာရှည်မခံပေ။
ဒါပေမယ့် အခု သူတို့မှာ ရေခဲသေတ္တာတွေ ရှိထားတော့ ထိုပြဿနာက ပြေလည်သွားသည်။ သူတို့ဝယ်ပြီး အသုံးမပြုသေးတဲ့ အသားတွေကို အရင်ထည့်ထားသည်။ ပြီးမှ လိုအပ်တဲ့အခါ ပြန်ထုတ်ပြီး အသုံးပြုသည်။ ဒုက္ခအမျာကြီး မခံရတော့ဘူး။
စုတာ့လင်းတို့ဆိုင်တွင်လည်း အသားများစွာ လိုအပ်ပေမယ့် သူတို့ဆိုင်မှာ ရေခဲသေတ္တာ မရှိပေ။ အဲဒါနဲ့ သူက ဒီဆိုင်ကို အသားတွေယူလာပြီး သိမ်းဆည်းထားသည်။ လိုအပ်တဲ့အခါ လာထုတ်ပြီး အသုံးပြုလို့ ရပေသည်။ နည်းနည်းတော့ အားထုတ်ကြိုးပမ်းရပေမယ့် ရေခဲသေတ္တာတစ်လုံးက ယွမ်ရာဂဏန်းလောက် ကုန်ကျသည် မဟုတ်ပါလော။ ဒါက သေးငယ်တဲ့ ပမာဏ မဟုတ်ပေ။ ဆိုင်က မပြေလည်သေးတော့ အခုလောလောဆယ် အဆင်ပြေမယ့်အရာကိုပဲ လုပ်ကြည့်ရမည်။
လင်ချင်းဟယ်အတွက်ကတော့ အဝတ်လျှော်စက်ရှိပြီးနောက်တွင် အဝတ်လျှော်ရမယ့် စိုးရိမ်ပူပန်မှုနှင့် စွမ်းအင်များစွာကို သက်သာစေခဲ့သည်။ အဖေကျိုးနဲ့ အမေကျိုးအတွက် လင်းချင်းဟယ်က နောက်တစ်လုံး ဝယ်ပေးဖို့ စီစဉ်ခဲ့သည်။
ကျိုးရှောင်မိန်တို့မိသားစုကလည်း ၎င်းကို အသုံးပြုနိုင်သည်။ သူတို့မရှိရင်တောင်မှ လင်းချင်းဟယ်က အမေကျိုးတို့လင်မယားနှစ်ယောက်အတွက် ဝယ်ပေးမှာပဲဖြစ်သည်။ ဒါကြောင့် ကျန်တာတွေ သူမ စိတ်မ၀င်စားပေ။
ကျိုးချင်းပိုင် သည် ယခုလ၏ စာရင်းများကို စတင်တွက်ချက်နေခဲ့ပြီး လင်းချင်းဟယ်က သင်ခန်းစာများကို ဆက်လက်ပြင်ဆင်နေခဲ့သည်။
ကိုးနာရီထိုးပြီးနောက် လင်းချင်းဟယ်တစ်ယောက် အလုပ်ပြီးသွားသည့်အချိန်တွင် ကျိုးချင်းပိုင်က စာရင်းတွေကို တစ်ချက်ပြပေးခဲ့သည်။ လင်းချင်းဟယ်က စာရင်းစာအုပ်ကိုယူပြီး တစ်ချက်ကြည့်လိုက်သည်။
“ဒီပုံစံအရ ကျွန်မတို့ ဦးလေးဝမ်ရဲ့ ပိုက်ဆံကို နှစ်လအတွင်း ပြန်ဆပ်နိုင်လိမ့်မယ်။” ဟု လင်းချင်းဟယ်က ကျေနပ်စွာ ပြော၏။
ဆိုင်လေးဆိုင်က တစ်လကို ယွမ်ငါးထောင်နီးပါး ဝင်ငွေရှိသည်။
အထည်ဆိုင်နှစ်ဆိုင်က အများစု ရသည်။ ကျန်တာကို ဖျော်ရည်ဆိုင်နှင့် ကျိုးချင်းပိုင်၏ ဖက်ထုပ်ဆိုင်မှရသည်။
ဖက်ထုပ်ဆိုင်က အရမ်းမရောင်းရပေ။ လစဉ်ဝင်ငွေ ယွမ် (၃၀၀) ဖြင့်သာ လုံးဝ တည်ငြိမ်နေသည်။
ဆန့်ကျင်ဘက်အနေနှင့် ဖျော်ရည်ဆိုင်ကတော့ ရာသီဥတုက ပိုပူပြင်းလာပြီး အအေးခံ ရေခဲသေတ္တာနှစ်လုံးကို အဲဒီကို ရွှေ့လိုက်တဲ့အတွက် ရောင်းအားပြန်တက်လာသည်။
စာရင်းတွေကို တွက်ချက်ကြည့်ပြီးနောက် ကွာစေ့လို သရေစာများမှလည်း အမြတ်အစွန်းများ ရရှိသည်။ စီးပွားရေးက အလွန်ကောင်းမွန်နေပါသည်။
ကျိုးချင်းပိုင်က ဘာမှပြန်မပြောပေ။ သူ့ဇနီးသည်က အမြဲတမ်း စိတ်ကူးတွေ အများကြီးရှိသည်။ အခြေခံအားဖြင့် သူမ လုပ်သမျှလုပ်ငန်းတိုင်းက ဝင်ငွေအရမ်းကောင်းသည်။
“မနက်ဖြန် ရှင် အဲဒီကိုရောက်ရင် သေချာကြည့်ခဲ့နော်။” ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
“ကောင်းပြီ” ကျိုးချင်းပိုင်က သဘောတူပြီးနောက် သူ့ဇနီးသည်ကိုကြည့်ကာ “ငါတို့သမီးလေးအတွက် အလုပ်ကြိုးစားဖို့ အချိန်ရောက်ပြီ။” ဟု ပြောလိုက်သည်။
လင်းချင်းဟယ်က သူ့ကို ခပ်ဖွဖွ ထုလိုက်သည်။
ထို့နောက် လင်မယားနှစ်ယောက်သား အနားယူကြသည်။