← Chapters

ပဋိပက္ခများနှင့်ပြုစုပျိုးထောင်ခြင်း

Vol. 27 Ch. 375

ပဋိပက္ခများနှင့်ပြုစုပျိုးထောင်ခြင်း

Vol. 27 Ch. 375

အခန်း (၃၇၅) - ပဋိပက္ခများနှင့် ပြုစုပျိုးထောင်ခြင်း

လင်းချင်းဟယ်မှာ အတန်းတွေရှိသည်။ အခြေခံအားဖြင့် သူမသည် အားလပ်ချိန်နည်းပါးသည်။

ဆိုင်များကို စီမံခန့်ခွဲခြင်းမှာ မာချန်မင်း၏ တာဝန်သာဖြစ်သည်။ သို့တိုင် စစ်မှန်သော သူဌေးတစ်ယောက်အနေဖြင့် ကျိုးချင်းပိုင်က လှည့်ပတ်ကြည့်ရှုနေခဲ့ရသည်။

အလုပ်ရုံလေးတွေပဲဖြစ်ဖြစ်၊ ဆိုင်တွေမှာပဲဖြစ်ဖြစ်ပေါ့။

တကယ်တမ်း ဒါတွေက ငွေရှာပေးနေတာဆိုတော့ ကျိုးချင်းပိုင်က အရမ်းအလေးထားပါသည်။

ထိုနေ့ နေ့လည် ဆယ့်တစ်နာရီခွဲ နီးပါးတွင် လင်းချင်းဟယ်သည် လယ်ကွင်းမှ နေ့လည်စာ ပြန်စားတဲ့ အချိန်ရောက်ပြီဟု ထင်သောကြောင့် အကြီးဆုံး‌မရီးကို ဖုန်းခေါ်လိုက်သည်။

အကြီးဆုံးမရီးက အခုမှ လယ်ထဲက ပြန်ရောက်တာ ဖြစ်လေသည်။ အကြီးဆုံးမရီးသည် မျက်နှာနှင့် ခြေလက်များကို ဆေးကြောပြီးနောက် ဖုန်းဖြေဖို့ လာခဲ့သည်။

လင်းချင်းဟယ်သည် ကျိုးယန်နဲ့ ကျိုးဝူနီ၏ ပညာရေးစွမ်းဆောင်ရည်အကြောင်း မမေးမီ စကားအနည်းငယ်ပြောခဲ့သည်။

ဒီနှစ် ဇွန်လမှာ ကျိုးယန်နှင့် ကျိုးဝူနီတို့သည် ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုခဲ့ကြသည်။

“ဘယ်လိုလဲတော့ ငါလည်း မသိပါဘူး။ နင့်ရဲ့ အစ်ကိုကြီးနှစ်ယောက်စလုံးနဲ့ ငါရော ဒါတွေကို သိပ်မသိကြဘူးလေ၊ ဒါပေမယ့် သူတို့ရဲ့ အင်္ဂလိပ်စာရမှတ်တွေက အရမ်းကောင်းတယ်လို့ ငါကြားတယ်။ သူတို့ အတန်းထဲမှာ အဆင့်‌ကောင်းတယ်။” ဟု အကြီးဆုံးမရီးက ထိုအကြောင်းကို ဝမ်းသာအားရပြောခဲ့သည်။

လင်းချင်းဟယ်က ပြုံးလိုက်သည်။

ကျိုးယန်နဲ့ ကျိုးဝူနီတို့ ဒီကိုရောက်လာတဲ့အခါ နေ့တိုင်း စကားလုံးငါးလုံးကို အလွတ်ကျက်ခိုင်းသည်။ သူမရဲ့ ဒုတိယသားက သူတို့ကို ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ပေးခဲ့သည်။ သင်္ချာမေးခွန်းများသည် အလွန်တိကျသည်။ အလွတ်ကျက်သင့်သော တရုတ်စာသားများကို အလွတ်ကျက်မယ်ဆို ရမှတ်က မနည်းကြပေ။

တခြားဘာသာရပ်တွေရဲ့ အဓိကအချက်တွေကိုလည်း အာရုံစိုက်ပေးခဲ့ပြီး သင်ကြားရေးပစ္စည်းတွေ ပေးအပ်ခဲ့ကြောင်းလည်း သိရပါမည်။

ကြိုးကြိုးစားစားနဲ့ စာသင်ရင် ကောလိပ်ကောင်းကောင်းကို တက်ရောက်နိုင်မည် ဖြစ်သည်။

သမီးယောင်းမနှစ်‌ယောက်သား ခဏလောက် စကားစမြည် ပြောဖြစ်ခဲ့ကြ၏။ လင်းချင်းဟယ်သည် အကြီးဆုံးမရီး ဂုဏ်ယူဝမ်းမြောက်စေဖို့ ကျိုးအာနီကလည်း ညနေအတန်းတက်ရောက်နေကြောင်း သူမအား ပြောပြခဲ့သည်။ ဒါကိုကြားတော့ အကြီးဆုံးမရီးက အရမ်းဝမ်းသာ‌နေ၏။ သူတို့ ဖုန်းချဖို့အချိန်တန်တော့ အကြီးဆုံး‌မရီးက တုံ့ဆိုင်းသွားသည်။ အကြီးဆုံးမရီးသည် စကားစ ခေတ္တရပ်ပြီးနောက် သူမက မေးလိုက်မိသည်။

“ချင်းဟယ် ငါတို့ ဘဲမွေးမယ်ဆိုရင် အဆင်ပြေနိုင်လောက်လား။”

“ဘဲတွေ မွေးချင်တာလား။” ဟု လင်းချင်းဟယ်က ပဟေဠိဖြစ်သွားသည်။

“အင်း၊ လယ်ကွင်းတစ်ဖက်ကမ်းမှာ မြစ်ငယ်တစ်စင်းရှိတယ်‌လေ။ ဘဲမွေးရင် ဟိုဘက်ကမ်းမှာ ဘဲကျောင်းလို့ရတယ်။ လယ်ယာလုပ်ငန်းခွင်မှာလည်း ကူညီပေးနိုင်တယ်။ အရင်တုန်းကတည်းက ငါ့မှာ ဒီလို အကြံရှိခဲ့တယ်။” ဟု အကြီးဆုံးမရီးက မသေချာမရေရာ ပြောလိုက်သည်။

အရင်တုန်းက လင်းချင်းဟယ်သည် ဘဲသားစွပ်ပြုတ်ကို ချက်လိုတာကြောင့် အဖေကျိုးသည် လယ်ယာလုပ်ငန်းခွင် မဆင်းတော့သည့်အချိန်တွင် ဘဲများကို ပိုမိုမွေးမြူခဲ့သည်။ ခုနစ်ကောင်၊ ရှစ်ကောင်လောက်ရှိပေမည်။

သူတို့ကို ဘာမှကျွေးမွေးစရာ မလို‌ချေ။ နေ့တိုင်း ငါးပုဇွန်လေးတွေစားဖို့ မြစ်ထဲ လိုက်‌ကျောင်းပေးဖို့ရာ လိုအပ်သည်။ ဒါက အကြံကောင်းတစ်ခုပင်ဖြစ်သည်။

“အကြီးဆုံး‌မရီး၊ အကြီးဆုံးမရီးက အများကြီး တိုးတက်ကြီးပွားချင်လို့လား။” ဟု လင်းချင်းဟယ်က မေးသည်။

“ငါ့မှာ ဒီလိုရည်ရွယ်ချက်ရှိတယ်၊ ဒါပေမယ့် နင့်အစ်ကိုကြီးက ငါက အရမ်းအတွေးများတယ်လို့ ပြောတယ်။” အကြီးဆုံးမရီးက ပြော‌သည်။

“ဘာကို အရမ်းအတွေးများတယ် ဖြစ်ရမှာလဲ။ တတိယအစ်ကိုနဲ့ တတိယ‌မရီးကိုပဲကြည့်၊ သူတို့ အခု မြို့ထဲမှာ ဆိုင်တစ်ဆိုင် ဖွင့်နေပြီ။ မနှစ်က ရွာကလူတွေ မျက်စိစုံမှိတ်ပြီး အရှုပ်တွေလုပ်နေတယ်လို့ ပြောကြတယ်လေ၊ အခု သူတို့ အဆင်ပြေတာပဲ ကြည့်ပါလား။” ဟု လင်းချင်းဟယ်က ပြန်ဖြေသည်။

“နင် ပြောတာမှန်တယ်။ အခု သူတို့ ကောင်းကောင်း အဆင်ပြေနေကြတယ်။” အကြီးဆုံးမရီးက ခေါင်းညိတ်ထောက်ခံသည်။

ဒါက တိုးတက်ဖို့ ကြိုးစားချင်ခဲ့တာ မဟုတ်လား။

“မရီး လုပ်ချင်ရင် စမ်းလုပ်လို့ရတယ်။ အရင်းအနှီး အများကြီး မလိုအပ်ဘူး။” လင်းချင်းဟယ်က “ဒါပေမယ့် မရီးက ဘယ်နှစ်‌ကောင်လောက် မွေးချင်လို့လဲ” ဟု မေးလိုက်သည်။

“အကောင်နှစ်ဆယ်လောက် မွေးရင် ကောင်းမလားလို့ စီစဉ်နေတာ။” ဟု အကြီးဆုံးမရီးက ယောင်ချာချာ ပြန်ဖြေသည်။

“ဒါဆို ဘာစိတ်ပူစရာရှိလို့လဲ။ အကောင်နှစ်ဆယ်လောက်ပဲရှိတာကို။” ဟု လင်းချင်းဟယ်သည် ထိုစကားကိုကြားပြီးနောက် ပွင့်ပွင့်လင်းလင်း တုံ့ပြန်ခဲ့သည်။

သူမအတွက် ကြီးမားသော အတိုင်းအတာသည် အကောင်တစ်ရာ သို့မဟုတ် ထိုမျှထက်ပိုသည်။ အကြီးဆုံးမရီးအတွက်မူ ဘဲအကောင်ရေ နှစ်ဆယ်ဝန်းကျင်ကပင် ကြီးမားနေသည်... မတူညီတဲ့ အတွေးနှစ်ခုပင်။

“ကျိုးတုန်းတို့ရော ဘယ်လိုနေလဲ။” ဟု လင်းချင်းဟယ်က မေးသည်။

“ကျိုးတုန်းနဲ့ ချိုင်ပ့ါမိန်တို့က အရမ်းအဆင်‌ပြေနေကြပြီ။ မင်းရဲ့ တတိယမောင်လေးက နေ့တိုင်း ဥလာကောက်ရတယ်။” ကျိုးတုန်တို့အကြောင်းကို ပြောပြသောအခါတွင် အကြီးဆုံးမရီးသည် အနည်းငယ် မနာလိုဖြစ်မိသည်။

သူ ငွေဘယ်လောက်တောင် ရှာနိုင်‌နေပြီလဲ။ ကျိုးတုန်သည် ကြက်အကောင်ရေ နှစ်ရာမှ သုံးရာအထိ မွေးမြူထားသည်ဟု သူမ ကြားသည်။

“ဒါနဲ့ တကယ့် အရှုပ်အထွေးမဟုတ်သရွေ့တော့ အခြေခံအားဖြင့် ဒီလောက်ဆိုးမှာ မဟုတ်ပါဘူး။ ဘဲအကောင်ရေ နှစ်ဆယ်လောက်ပဲဆိုတော့ မရီးမွေးချင်ရင် မွေးလို့ရပါတယ်။” ဟု လင်းချင်းဟယ်က ပြောသည်။

မီတာခက အရမ်းဈေးကြီးနေတော့ တခြား ဘာမှပြောစရာ မရှိတော့ဘူးဆိုတာနဲ့ ဖုန်းချလိုက်သည်။

ဒါပေမယ့် ဒီဖုန်းခေါ်ဆိုမှုကြောင့် အကြီးဆုံးမရီးက အကြီးဆုံးအစ်ကိုရဲ့ ကန့်ကွက်မှုကို လျစ်လျူရှုပြီး ဘဲအကောင် (၃၀) ကို ချက်ချင်းမွေးမြူခဲ့သည်။

အကြီးဆုံးအစ်ကိုတစ်ယောက် ကူကယ်ရာမဲ့ဖြစ်နေခဲ့သည်။ “မင်း လယ်အလုပ်က အဆုံးမရှိဘူးလေ၊ ဒါတွေကိုမွေးဖို့ အချိန်ရှိသေးလား။”

“ဒါက ဘာဖြစ်နေလို့လဲ၊ ကျွန်မတို့က ဝက်တစ်ကောင်နဲ့ ကြက်ဆယ်ကောင်ကို ဒီလိုပဲ မွေးနေတာ မဟုတ်ဘူးလား။” ဟု အကြီးဆုံးမရီးက ပြန်ပြောခဲ့သည်။

သမီးအကြီးဆုံးက အိမ်ထောင်ကျသွားသည်။ ဒုတိယသမီးသည် ပုံမှန်၀င်ငွေရရှိဖို့ မြို့တော်သို့ သွားခဲ့သည်။ အိမ်မှုကိစ္စအားလုံးကို ကျိုးစစ်နီထံ အပ်ထားခဲ့သည်။ သူမသည် သွက်လက်ချက်ချာသော မိန်းကလေးလည်း ဖြစ်ခဲ့သည်။

အခြေခံအားဖြင့် အိမ်မှုကိစ္စတွေ လုပ်ကိုင်ဖို့ အကြီးဆုံးမရီးကို မလိုအပ်‌ပေ။ ကျိုးစစ်နီက အိမ်မှုကိစ္စအဝဝကို သပ်သပ်ရပ်ရပ် ကိုင်တွယ်နိုင်သည်။

ကျိုးစစ်နီက ဝက်နှင့် ကြက်များကိုလည်း ကျွေးပေးသည်။

ကျိုးစစ်နီသည် သူမရဲ့ မိဘတွေ ရန်ဖြစ်တော့မှာကို မြင်တော့ “ဒီဘဲတွေကို သမီး ကြည့်ရှုပေးလို့ ရပါတယ်။ သူတို့ ကြီးလာရင် ငါးနဲ့ ပုစွန်တွေစားဖို့ မြစ်ကမ်းကို လိုက်ကျောင်းပေးပါ့မယ်။” ဟု ပြောလိုက်သည်။

အကြီးဆုံးအစ်ကိုလည်း ဘာမှ ပြန်မပြောတော့ဘူး။

သူတို့အခန်းထဲပြန်ရောက်တာနဲ့ ကျိုးစစ်နီက သူ့အမေကို နံဘေးကိုဆွဲပြီး တိုးတိုးလေးပြောသည်၊ “အမေ၊ ဒီနေ့ ကြက်မတွန်သံ ကြားရတယ်။ ကြက်လှောင်အိမ်ထဲကို သွားကြည့်တော့ ကြက်ဥတစ်လုံးမှ မတွေ့ဘူး။ ကြည့်ရတာ လျှို့နီက နောက်တစ်ကြိမ် ယူသွားတဲ့ပုံပဲ။”

အကြီးဆုံးမရီး၏ မျက်နှာ မည်း‌မှောင်သွားသည်။ ဒီလိုဖြစ်တာ ဒါက ပထမဆုံးအကြိမ် မဟုတ်ပေ။ ဒုတိယမိသားစုနဲ့ တူညီတဲ့ အမိုးအောက်မှာ မနေချင်တော့ချေ။

သူမမှာ ဒီလို ခိုးခံရတာမျိုး လုံလုံလောက်လောက် ခံခဲ့ရပြီးပြီ။

အကြီးဆုံးမရီးသည် ဒုတိယမရီးအား ကျိုးလျှို့နီကို သေချာဂရုတစိုက် သင်ကြားပေးဖို့ ပြောခဲ့သော်လည်း ဒုတိယ၏ ဇနီးသည် စကားတစ်ခွန်းမှ မပြောခဲ့ပေ။

ကြက်မသည် ဥမဥနိုင်တာဖြစ်မည်ဟုဆိုကာ ဒုတိယဇနီးသည်က အလေးအနက်မထားပေ။

ကြက်မ ဥလာသောအခါတွင် ထိုကဲ့သို့ အော်ဟစ်သံမျိုး ကြားရသည်။ ဘယ်လိုလုပ်ပြီး မှားနိုင်မည်နည်း။

သို့သော် ကျိုးမိသားစု၏ အကြီးဆုံးချွေး မဖြစ်တာကြောင့် သူမသည် ဒုတိယမရီးအား လုံးလုံးလျားလျား ဆူပူကြိမ်းမောင်းခြင်း မပြုနိုင်ပေ။ ဒါကြောင့် သူမက “နောက်တစ်ကြိမ်ဆို ဂရုစိုက်ရမယ်၊ ငါတို့ အိမ်ဆောက်ဖို့ ပစ္စည်းတွေ စုဆောင်းထားပြီးသားပါ။ ဒီနှစ်မကုန်ခင် ငါတို့ အိမ်အသစ်ဆောက်နိုင်လိမ့်မယ်။” ဟုသာ ပြောလိုက်သည်။

အချိန်တန်ရင် တစ်မိသားစုလုံး ထွက်သွားကြမည်။ ဤနေရာကို အိမ်ဟောင်းအဖြစ် အသုံးပြုမည်ဖြစ်ပြီး ထင်းသိုလှောင်ရာနေရာ ဖြစ်လာလိမ့်မည်။ ဒုတိယလေးတို့မိသားစုနှင့် နေထိုင်ရန် မလိုအပ်တော့ပေ။

အဲဒါကိုပြောရရင် တတိယလေးတို့ မိသားစုက ပိုကောင်းသည်။ မနှစ်က မြို့ကိုပြောင်းသွားပြီး သူတို့ရဲ့ စီးပွားရေးက အရမ်းကောင်းနေပုံပဲ။

သူတို့ ပထမအိမ်ထောင်စု စကားပြောကောင်းတာ မဟုတ်တော့ စကားများများ မပြောရဘူးဆိုရင် သူမ တကယ် စီးပွားရေးလုပ်ချင်သည်။

ဒါက အတွေးတစ်ခုမျှသာ ဖြစ်ခဲ့သည်။ အေးအေးဆေးဆေး လယ်ယာလုပ်ကိုင်ပြီး အိမ်မှာ ဝက်တွေ ကြက်တွေ မွေးမြူတာက ပိုကောင်းပါသည်။ အခု ဘဲတွေ ထပ်တိုးလာတဲ့အခါ မှာတော့ ဝင်ငွေရလာပါလိမ့်မည်။

ပေကျင်းမြို့တော်ဘက်သို့ ပြန်သွားကြပါစို့။

ကျိုးအာ့နီသည် ယခုအချိန်တွင် အမှန်တကယ် အလုပ်ကြိုးစားနေပြီး ဟူကျစ်သည်လည်း သူမကြောင့် တွန်းအားပေးခံခဲ့ရသည်။ သူတို့ဟာ ကြီးမားတဲ့ တိုးတက်မှုတွေ ရခဲ့ပြီး လင်းချင်းဟယ်က သူတို့နှစ်ယောက်လုံးကို အထည်ဆိုင်တွေမှာ စာရင်းကိုင်အဖြစ် ကြိုးစားရန် တောင်းဆိုခဲ့သည်။

ဒါက မာချန်းမင်ရဲ့ အလုပ်ဖြစ်ပေမယ့် သူတို့နှစ်ယောက်ရဲ့ သင်ယူမှုကို မရပ်တန့်သင့်ပေ။

တခြားသူရဲ့ အလုပ်ဖြစ်ပေမယ့် သင်ယူ၍ မရဘူးလို့ မဆိုလိုချေ။ အနာဂတ်မှာ တစ်ခုခုဖြစ်ရင် အစားထိုးလို့ ရပေသည်။

လင်းချင်းဟယ်သည် ဒီနေ့မွန်းလွဲပိုင်းမှာ စာသင်ဖို့ မရှိတော့သဖြင့် အထည်အသစ်တွေ မှာယူဖို့အတွက် ၀မ်ယွမ်ရဲ့ အထည်ချုပ်စက်ရုံကိုသွားရန် ရှုရှန့်မိန်ကို ဆိုင်ကိုကြည့်ဖို့ ထားခဲ့သည်။ လင်းချင်းဟယ်သည် သူမနှင့်အတူ ကျိုးအာ့နီကို ခေါ်သွားခဲ့သည်။

“ဟေး... ဆရာမလင်းက နောက်ဆုံးတော့ ကျွန်တော့်ကို ကောလိပ်ကျောင်းသားတွေနဲ့ မိတ်ဆက်ပေးတော့မှာလား။” ၀မ်ယွမ်သည် သူမ ရောက်ရှိလာသည်ကို ကြားပြီး လူကိုယ်တိုင် ထွက်လာခဲ့သည်။ ကျိုးအာ့နီကို မြင်သောအခါ ပြုံးပြနှုတ်ဆက်ခဲ့သည်။

“ဒါ ငါ့တူမပါ။ ငါက သူမကို ဗဟုသုတရဖို့ ဒီကို ခေါ်လာခဲ့တာပါ၊ သူဌေး၀မ်ကို ဟာသလုပ်မိပါပြီ။” ဟု လင်းချင်းဟယ်က ပြုံးပြီး တုံ့ပြန်လိုက်သည်။

“ဆရာမလင်းရဲ့ တူမလေး ဖြစ်တာ ကံကောင်းလိုက်တာ၊ တွေ့ရတာ ဝမ်းသာပါတယ်။” ဟု ၀မ်ယွမ်က ပြောပြီး သူ့လက်ကို ဆန့်တန်းလိုက်သည်။

လင်းချင်းဟယ်က သူ့ကို လက်ဆွဲနှုတ်ဆက်လိုက်သည်။ ကျိုးအာ့နီက အနည်းငယ် ငယ်သေးသည်၊ သူမသည် သဘာဝကျကျ လက်ဆွဲနှုတ်ဆက်တတ်ဖို့ သင်ယူရပါဦးမည်။ ကျိုးအာ့နီသည် လေ့လာသင်ယူရန် ကြိုးစားသော်လည်း သူမ၏ မျက်နှာပေါ်တွင် သဘာဝမကျသော နီမြန်းမှုများ ရှိနေသည်။

All Chapters