← Chapters

လန်းဆန်းတက်ကြွနေခြင်း

Vol. 27 Ch. 379

လန်းဆန်းတက်ကြွနေခြင်း

Vol. 27 Ch. 379

အခန်း (၃၇၉) - လန်းဆန်းတက်ကြွနေခြင်း

ပထမအစ်မတစ်ယောက် သူမ စိတ်ထဲမှာ မသက်မသာ ခံစားရသည်။ သူမသည် လင်းချင်းဟယ်အကြောင်းကို အတိုင်းအတာတစ်ခုအထိ သိပေမယ့် အစကနေ အဆုံးထိတော့ သူမဟာ တခြားသူတွေရဲ့ အတွေးတွေကို ဂရုစိုက်မယ့်သူတော့ မဟုတ်ပေ။

ယေဘုယျအားဖြင့် လင်းချင်းဟယ်သည် အခြားသူများကို တွေးတောတတ်တဲ့သူမျိုး မဟုတ်ပေ။ သင့်တော်တဲ့ သူတွေကို သူ့ဘက်က ခေါ်ယူမည်။ မသင့်တော်တဲ့လူဆို သူတို့က သူမရဲ့ သားတွေဆိုရင်တောင် ထားမှာ မဟုတ်ဘူး။ အဆိုပါကိစ္စအတွက် ဖြေရှင်းချက် မရှိချေ။

လင်းချင်းဟယ်က ကန်းကျစ်ကို ဒီကို လာခိုင်းဖို့ စီစဉ်ခဲ့သည်။ ကန်းကျစ်တစ်ယောက် လုပ်ငန်းနှင့် ရင်းနှီးကျွမ်းဝင်လာသောအခါတွင် သူ့အစ်ကို ဟူကျစ် ကို လမ်းဘေးဆိုင်ဖွင့်ရန် ကြိုးစားခွင့်ပြုမည်။

တစ်နှစ် သို့မဟုတ် နှစ်နှစ်ကြာ လေ့ကျင့်‌ပေးပြီးနောက် ဟူကျစ်မှာ ခွဲထွက်ဖို့ ရည်ရွယ်ချက်ရှိမရှိကို သူမ သိသည်။

အဲဒီလိုဆိုရင် သူမက ထောက်ခံပေးမည်။

ဆိုင်‌စောင့်ဖို့ တခြားသူကိုရှာမည်။

သူမသည် ဤတူများနှင့် တူမများကို ဒီခေတ်အချိန်ခါနှင့် အမီလိုက်စေလိုသောကြောင့် သူမသည် ဤတူများနှင့် တူမများကို ခေါ်ဆောင်လာခဲ့သည်။ လင်းချင်းဟယ်သည် ဒီကလေးတွေကို သူမဆီမှာ တစ်သက်လုံး အလုပ်လုပ်ခိုင်းချင်သောကြောင့် မဟုတ်ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ဇွန်လထဲကို ဝင်‌ရောက်လာခဲ့ပြီး ကျိုးယန်နှင့် ကျိုးဝူနီတို့ ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခဲ့ကြသည်။

တတိယအစ်ကိုနှင့် တတိယမရီးတို့သည် ခရိုင်မြို့၌ ရှိသောကြောင့် အကြီးဆုံးအစ်ကိုနှင့် အကြီးဆုံးမရီးတို့မှာ ကျိုးယန်အတွက် စိတ်ပူစရာမလိုပေ။ အရာအားလုံးကို တတိယအစ်ကိုနှင့် တတိယမရီးတို့ထံ အပ်ထားခဲ့သည်။

တတိယမရီးနှင့် ဒုတိယမရီးတို့ကြားက ဆက်ဆံရေးသည် ဆိုးရွားသော်လည်း အကြီးဆုံးမရီးနှင့် ဆက်ဆံရေးက အလွန်ကောင်းမွန်နေသေးသည်။ ထို့အပြင် ကောလိပ်ဝင်ခွင့်စာမေးပွဲသည် အရေးကြီးသောကိစ္စဖြစ်ပြီး အလွန်ဂရုစိုက်ကြသည်။

ဘာသာရပ်တွေ အများကြီးရှိသောကြောင့် စာမေးပွဲဖြေဆိုဖို့ သုံးရက်လောက် ကြာသည်။ အခု စာမေးပွဲပြီးသွားတော့ ကျိုးယန်နှင့် ကျိုးဝူနီတို့သည် သူတို့ မှတ်သားမိသမျှ အရာအားလုံးကို ဖြေဆိုခဲ့သည်။

ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုစဉ်တွင် သူတို့သည် လွန်စွာ တုန်လှုပ်ချောက်ချားခဲ့ကြသည်။ အခု စာမေးပွဲ ပြီးသွားပြီဆိုတော့ ကောင်းကောင်း အနားယူနိုင်ပါပြီ။

ဒါပေမယ့် ကျိုးယန်ပဲဖြစ်ဖြစ်၊ ကျိုးဝူနီပဲဖြစ်ဖြစ်၊ ဒီအားလပ်ရက်အပြီးမှာ မြို့တော်ကိုသွားဖို့ ပြင်ဆင်နေကြသည်။

ကျိုးယန်အိမ်ပြန်ရောက်သောအခါ အကြီးဆုံးမရီးက ကန်းကျစ်ကို သူတို့နှင့်အတူ ခေါ်သွားခိုင်းသည်။

ထို့ကြောင့် ကျိုးယန်သည် မနက်ဖြန် မြို့တော်သို့ အတူတူသွားမည့်အကြောင်း ကြိုတင်ပြင်ဆင်ဖို့ အကြောင်းကြားရန် သူ့ဒုတိယအဒေါ်အိမ်သို့ လာခဲ့သည်။

ထို့နောက် သူတို့သည် ရက်ပေါင်းများစွာ လမ်းပေါ်တွင် ရှိနေကြပေမည်။ အသွားအပြန်ခရီးက ရက်တော်တော်ကြာပါသည်။ နွေရာသီအားလပ်ရက်မှာ အနည်းငယ်ပိုကြာသော်လည်း စာမေးပွဲအောင်ပါက တက္ကသိုလ်သို့ ကြိုတင်သတင်းပို့ရမည်ဖြစ်ပါသည်။ ထို့ကြောင့် သူတို့မှာ အချိန်သိပ်မကျန်တော့ပေ။

ဒါကြောင့် စာမေးပွဲပြီးတော့ အားလပ်ရက်မှာ မြို့တော်ကို အမြန်ဆုံးသွားရတာ သဘာဝကျပါသည်။

စာမေးပွဲရလဒ်တွေ ထွက်တဲ့အခါကျ အိမ်ပြန်နိုင်မည်။

ထို့ကြောင့် ကောလိပ်ဝင်ခွင့်စာမေးပွဲအပြီး ဒုတိယနေ့တွင် အတွေ့အကြုံရှိတဲ့ ကျိုးယန်နဲ့ ကျိုးဝူနီတို့က ပထမအကြိမ် ခရီးထွက်ဖူးသည့် ကန်းကျစ်ကို မြို့တော်သို့ ခေါ်ဆောင်လာခဲ့သည်။

ဘတ်စ်ကားပဲဖြစ်ဖြစ် ရထားပဲဖြစ်ဖြစ် ကန်းကျစ်အတွက်ကတော့ ရိုးရိုးရှင်းရှင်းပြောရလျှင် ရိုးရှင်းသည့် အရွယ်ရောက်ပြီးသား မိန်းကလေးတစ်ဦး ထမ်းစင်ပေါ် ပထမဆုံးတက်ရသလိုပင် ဖြစ်နေသည်။

သူသည် မြို့တော်ကို ပို၍ပင် မျှော်လင့်နေသည်။

မြို့တော်မှာ နေလို့ထိုင်လို့ အဆင်ပြေရင် နောင်တွင် ထိုနေရာ၌ အခြေချနေထိုင်မည်ဟု သူတွေးနေသည်။ သူ့ဦးလေးအတွက် တစ်သက်လုံး အလုပ်လုပ်ပေးမည်။

ဒီနှစ် ကောလိပ်ဝင်ခွင့် စာမေးပွဲကြောင့် သူတို့ရဲ့ အားလပ်ရက်က စောသည်။

ကျိုးယန်၊ ကျိုးဝူနီ၊ ကန်းကျစ်တို့ ရောက်ရှိလာသောအခါ လင်းချင်းဟယ်သည် သူမ၏ အားလပ်ရက် မရသေးပေ။ သူမအတွက် အားလပ်ရက်ရောက်ဖို့ နောက်ထပ် တစ်လခွဲကျော်ကြာမည်ဖြစ်သည်။

လင်းချင်းဟယ်သည် သုံးယောက်သားရောက်လာသောအခါ ဝမ်းသာသွားသည်။

သူမသည် ကျိုးချင်းပိုင်ကို ခါတိုင်းထက် ဟင်းသုံးမျိုး ထပ်ထည့်ဖို့ တောင်းဆိုလိုက်သည်။ ဖျော်ရည်များလည်း ကျွေးမွေးခဲ့သည်။ ဒါကို ကြိုဆိုပွဲတစ်ခုဟု သတ်မှတ်လို့ရပေသည်။

စားသောက်နေစဉ်အတွင်း အလွန်အသက်ဝင်သည်။ ရှုရှန့်မိန်ကတော့ မရှိခဲ့ပေ။ ကျိုးယန်နှင့် အခြားသူများ ရောက်လာသောအခါ အထည်ဆိုင်တွေ အားလုံး အလုပ်ပိတ်ပေးခဲ့သည်။ ရှုရှန့်မိန်သည် သူ့အဖွားတို့အိမ်ဘက်သို့ ရောက်နေခဲ့ပြီဖြစ်သည်။

လူတွေရောက်လာမှန်း သူမ မသိပေ။

ဒါပေမယ့် သူမကို ဂရုမစိုက်ပါဘူး။ အဖေကျိုးနဲ့ အမေကျိုးတို့ကလည်း သူမရဲ့ အစားအသောက်ဝေစုကို ဖယ်ပေးထားမှာ ဖြစ်သည့်အတွက် သူတို့သည် သူမကို အထူးအဆန်းလုပ်ပြီး သွားမခေါ်တော့ဘူး။

“မင်းတို့အဘိုးအိမ်မှာ သွားနေလိုက်၊ ပြီးရင် ရေချိုးခန်းသွားဖို့အတွက် အဝတ်အစားတွေယူခဲ့ချေ။” ဟု လင်းချင်းဟယ်က စားသောက်ပြီးနောက် သူမလက်ကို ဝှေ့ယမ်းပြီး ညွှန်ကြားသည်။

ကျိုးရွှမ်းက သန့်ရှင်းရေးလုပ်ဖို့ ထွက်သွားပြီး ကျိုးကွေ့လိုင်၊ ဟူကျစ်နှင့် ကျိုးအာ့နီတို့က သူတို့ကို ခေါ်ပြီး ထွက်လာခဲ့ကြသည်။

အဖေကျိုးနှင့် အမေကျိုးတို့ရဲ့ အိမ်ကို ရောက်တော့ အဖေကျိုးနှင့် အမေကျိုးတို့က ကောလိပ်ဝင်ခွင့် စာမေးပွဲ ပြီးသွားတဲ့ မြေးတွေကို တွေ့ရတော့ ဝမ်းသာကြသည်။

“စားပြီးပြီလား။” ဟု အမေကျိုးက ချက်ချင်းမေးလိုက်သည်။

“ဦးလေးတို့အိမ်မှာ စားပြီးပြီ။ ကြီးကျယ်ခမ်းနားတဲ့ ပွဲကြီးလိုပဲ။” ဟု ကန်းကျစ်က ပြန်ဖြေသည်။

တတိယအကိုဖြစ်သူက သူ့ကို တကယ်မလှည့်စားပေ။ အစားအသောက်တွေက အံ့သြစရာကောင်းလောက်အောင် သူ့ကို စိတ်လှုပ်ရှားစေသည်။။ သူ့ရဲ့ အစာစားချင်တဲ့စိတ်ကို ကြောက်ရွံ့နေပေမယ့် သူ ဗိုက်ပြည့်အောင် စားဖို့ ကြောက်ရွံ့စရာ မလိုဘူး။

ကျိုးရှောင်မိန်ကလည်း ဝမ်းသာအားရနဲ့ “ယန်ယန်းနဲ့ ဝူနီတို့ ဒီကိုလာတာကို မအံ့သြပါဘူး။ ကန်းကျစ် မင်းအမေက မင်းကိုပါ ဒီကို ဘာဖြစ်လို့ လိုက်လာခွင့်ပြုတာလဲ။ နွေစပါးရိတ်သိမ်းချိန်နီးနေပြီ မဟုတ်လား။” ဟု မေးလိုက်သည်။

“ဒေါ်လေးက လာဖို့ ခေါ်ခဲ့တာလေ၊ အမေက သဘောတူတယ်။” ဟု ကန်းကျစ်က အံ့အားသင့်စွာ တုံ့ပြန်ခဲ့သည်။

အဖေကျိုးနှင့် အမေကျိုးတို့ နှစ်ယောက်လုံး အံဩသွားကြသည်။ သူတို့ရဲ့ မြေးဖြစ်သူက ဒီကို အလည်အပတ် လိုက်လာတာလို့ သူတို့ ထင်ခဲ့ကြသည်။ စတုတ္ထရဲ့ ဇနီးသည်က ကန်းကျစ်ကို ဒီကို လာခွင့်ပြုသည်တဲ့လား။

“စတုတ္ထမရီး ပြောတာတော့ မကြားမိဘူး။ နင့်ကို ဘယ်ဆိုင်မှာ ထားမလို့လဲ၊ လူသိပ်မလိုတဲ့ပုံပဲ။” ဟု ကျိုးရှောင်မိန်က ကန်းကျစ်ကိုကြည့်ကာ မေးသည်။

“ကန်းကျစ်ကို ကျွန်တော်နေရာကို ထားပြီး ကျွန်တော့်ကို လမ်းဘေးဆိုင် ဖွင့်စေချင်တယ်လို့ ဒေါ်လေးဆီက ကြားတယ်။ နည်းနည်းတော့ သတ္တိမွေးရမှာ‌ပေါ့။” ဟု ဟူကျစ်က ခေါင်းကုတ်ရင်း ပြောလိုက်သည်။

သူ့မှာ သတ္တိတွေ အများကြီးရှိတယ်လို့ ခံစားမိပေမယ့် သူ့အဒေါ်ရဲ့ လိုအပ်ချက်ကို မရောက်ခဲ့တာ ထင်ရှားသည်။ ဒါကြောင့် လေ့ကျင့်မှုတွေ ဆက်လက်လုပ်ဖို့ လိုအပ်နေပါသေးသည်။

“ဒါဆိုရင်လည်း နင့်အဒေါ်ပြောတာ နားထောင်ပါ။” ဟု ကျိုးရှောင်မိန်က ပြောလိုက်သည်။

စတုတ္ထမရီး၏ စီစဉ်မှုသည် မမှားနိုင်ပေ။ သူမမှာ ကိုယ်ပိုင်အကြောင်းပြချက် ရှိရမည်။

“မင်းရောက်လာကတည်းက မင်းအလုပ်ကြိုးစားရမယ်။ ရှန့်မိန် ဒီမှာရှိမနေတာ ကျေးဇူးတင်ရမယ်၊ မဟုတ်ရင် တစ်မျိုး မြင်လိမ့်မယ်။” ဟု ကျိုးရှောင်မိန်က မှတ်ချက်ချသည်။

“ရှန့်မိန်က ဘယ်လို တစ်မျိုး မြင်မှာလဲ။” ဟု အမေကျိုးက ပြောသည်။

“ပထမအစ်မက ရှန့်ချမ်းကို ဒီကို လွှတ်ချင်နေတာ ဒါပေမယ့် စတုတ္ထမရီးက သဘောမတူဘူး။ အခု ကန်းကျစ်ကျတော့ ဒီကို လာခွင့် ပေးလိုက်တယ်လေ။ ပထမအစ်မနဲ့ ရှန့်မိန်က ဘယ်လို သဘောထားကြီးနိုင်မှာလဲ။” ဟု ကျိုးရှောင်မိန်က ထောက်ပြသည်။

သူမတို့ မိသားစုကို မြှင့်တင်နိုင်တာက သူမ၏ စတုတ္ထမရီးရဲ့ ကျေးဇူးမကင်းကြောင်းကို သူမ ခံစားခဲ့ရသည်။

“သူတို့ အလုပ်လုပ်နိုင်ရင် ခေါ်လိမ့်မယ်။ သူတို့ မလုပ်နိုင်ဘူးဆိုရင် ဘယ်ခေါ်ပါ့မလဲ။” ဟု အဖေကျိုး က အေးအေးဆေးဆေး ပြောလိုက်သည်။

“မင်းရဲ့ စတုတ္ထမရီးနဲ့ မင်းအကြီးဆုံးအစ်မကြားက ဆက်ဆံရေးက မဆိုးပါဘူး။ ရှန့်ချမ်းရဲ့ လိုအပ်ချက်ကြောင့်ပဲ ဖြစ်ရမယ်။ မဟုတ်ရင် မင်းရဲ့စတုတ္ထမရီးက ရှန်မိန်ကို ခွင့်ပြုပြီး ရှန့်ချမ်းကိုကျ ဘာဖြစ်လို့ ခွင့်မပြုနိုင်ရမှာလဲ။” ဟု အမေကျိုးက ဆက်ပြောသည်။

ကျိုးရှောင်မိန်က ပြုံးပြီး လူတိုင်းရှေ့မှာ “စတုတ္ထမရီးက တခြားသူတွေကို ရှင်းပြလေ့ရှိတဲ့ လူမျိုး မဟုတ်ဘူးလေ။ သူမကိုယ်တိုင် စာလေ့လာနေတာကို တစ်ရွာလုံး မသိအောင် ထိန်းထားနိုင်ပြီး လူတွေကို ရွာမှာ အပျင်းဆုံး မိန်းမလို့တောင် ထင်သွားစေခဲ့တယ်။ အရင်တုန်းက ဒီလိုဖြစ်ခဲ့သလို အခုလည်း ဒီလိုဖြစ်နေတုန်းပဲ။ စတုတ္ထမရီးက တကယ်ကို ကောင်းပါတယ်။ လူငယ်တွေ ရဲ့နှလုံးသားမှာ အဆင်မပြေမှုတွေ မရှိသလို စတုတ္ထမရီးရဲ့ နှလုံးသားကိုလည်း ဘာမှမထိခိုက်စေဖို့ မျှော်လင့်ပါတယ်။” ဟု ပြောလိုက်သည်။

“ဒေါ်လေး၊ ဒီလိုမျိုး မဖြစ်ပါဘူး။” ဟု ကျိုးအာ့နီက ခေါင်းယမ်းလိုက်သည်။

“ဟုတ်တယ် ဒေါ်လေး။ ဒါကို စိတ်ပူစရာ မလိုပါဘူး။” ဟု ဟူကျစ်က ထောက်ခံသည်။

ဒေါ်လေးက အမြဲတမ်း တင်းကျပ်ပြီး ဘက်မလိုက်တတ်ပေ။ သူမသည် သူတို့ကို ကောင်းမွန်စွာ ဆက်ဆံတော့ သူ့ရင်ထဲတောင် ထိမိခံစားသွားရသည်။ ဟူကျစ်တောင်မှ သူ့ဒေါ်လေးကို သဘောကျသည်။

သူ့ဘဝတွင် မိန်းမများစွာကို မတွေ့ဖူးသေးသည့်တိုင် အပြင်လောကတွင် သူ့အဒေါ်လို မိန်းမမျိုးကို ရှာရခက်ကြောင်း သူကောင်းကောင်းသိသည်။ သေချာပေါက် ရှာရခက်ပါသည်။ မကျေနပ်တာမျိုးလား။ တကယ်မရှိနိုင်ပေ။

သူတို့ရဲ့ ထင်မြင်ချက်တွေကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ဖော်တာကိုကြည့်ပြီး ကျိုးရှောင်မိန်က ဒါကို ဆက်မပြောတော့‌ပေ။ ထို့နောက် သူမက ရှန့်မိန်ကို သတိရသွားပြီး “ဟုတ်သားပဲ၊ ရှန့်မိန်က ဘယ်မှာလဲ။” ဟု မေးလိုက်သည်။

“ရှန့်မိန်က ဘေးအိမ်ကို သွားတယ်။ မဒမ်ဟူက သူ့မျက်လုံးတွေ နည်းနည်းမှုန်နေလို့ ရှန့်မိန်ကို ဖိနပ်ကူချုပ်ခိုင်းနေတာ။” ဟု အမေကျိုးက ပြန်‌ဖြေသည်။

အနောက်အိမ်ကို သွားတယ်ဆိုကတည်းက သူမကို လိုက်မရှာတော့ပေ။ လူငယ်အုပ်စုသည် ၎င်းတို့၏ အိတ်များကို ကိုင်ဆောင်ကာ ရေချိုးခန်းသို့ မသွားမီ အမေကျိုးတို့အိမ်တွင် ခဏတဖြုတ် ထိုင်နေခဲ့ကြသည်။

လမ်းတစ်လျှောက် အော်ဟစ်ရယ်မောကြလေ၏။ အရမ်း လန်းဆန်းတက်ကြွနေခဲ့ကြပြီး လူငယ်တွေရဲ့ စိတ်အားတက်ကြွမှု အပြည့်ရှိနေခဲ့ကြသည်။

All Chapters