အပိုင်း (၂၂၆)
Vol. 16 Ch. 226
သွေးနီရောင်တောအုပ်အတွင်းတွင် ဟုန်ယွဲ့ကရှစ်ဖုန့်အားသူ၏
ကျောပေါ်တွင်သယ်ဆောင်၍ သူမ၏ရွေ့လျားမှုပညာရပ်အား
ထုတ်ဖော်အသုံးပြုလိုက်သည်။
သူမ၏ပုံရိပ်က ပေါ့ပါးဖျတ်လတ်သော ကျားသစ်တစ်ကောင်ကဲ့သို့ သွေးနီရောင်တောအုပ်အတွင်း
တွင်လွန်းပျံယဉ်နှယ်ဖြတ်သန်း
ပြေးလွှားနေသည်။ ဤနေရာတွင် များပြားသိပ်သည်းလှသော
ကြီးမားသည့် သွေးနီရောင်
သစ်ပင်ကြီးများက သူမ၏ လမ်းကြောင်းအားပိတ်ဆို့ကာ
ဆီးနေသော်လည်း သူမအနေဖြင့်၎င်းတို့အား
အလွယ်တကူ ဖြတ်သန်းသွားနိုင်သည်ဖြစ်သည်။
စံပယ်ပန်းလေးကလည်း ဟုန်ယွဲ့၏နောက်မှလိုက်ပါပြီး တောအုပ်အားသွက်လက်လျှင်မြန်စွာဖြင့် ဖြတ်ကျော်ပြေးလွှားနေသည်။ လမ်းတစ်လျှောက်တွင်သူမတို့အနေဖြင့် သွေးဆာသော နတ်ဆိုးသားရဲအချို့ကိုကြုံတွေ့ခဲ့ရသော်လည်း ကံကောင်စွာဖြင့် ထိုနတ်ဆိုးသားရဲများက အဆင့်မြင့်မားသော သားရဲများဟုတ်မနေကြချေ။ မိန်းကလေးနှစ်ယောက်က
ချက်ခြင်း၎င်းတို့နားကဖြတ်သွားခဲ့ပြီး နတ်ဆိုးသားရဲများနှင့်ဘာပဋိပက္ခများမှဖြစ်ပွားခြင်းမရှိခဲ့ချေ။
ကံဆိုးသည်ကား မိန်းကလေးနှစ်ယောက်တွင် အောက်လမ်းဂိုဏ်း၏ ပြိုင်ဘက်ကင်း ဖုံးကွယ်ပညာရပ်ရှိနေခဲ့သော်လည်း ၎င်းအား အမှောင်ထုအတွင်းတွင်သာအသုံးပြုနိုင်ခြင်းဖြစ်လေသည်။ ဤကမ္ဘာအတွင်းတွင်ကား နေ့ညဟူ၍ရှိပုံမရချေ။ အမြဲတမ်းအနီရောင်အဖြစ်ရှိ
နေခြင်းသာဖြစ်သည်။
ဤအချိန်၌ မိန်းကလေးနှစ်ယောက်မှာ ကြီးမားသောသွေးရောင်သစ်ပင်ကြီးအားဖြတ်ကျော်သွားပြီးသည့်နောက်တွင် ရုတ်တရက်သူတို့ လန့်ဖျပ်သွားကြသည်။
“အား”
သူမက နှစ်လိုဖွယ်ကောင်းသော
အော်သံလေးတစ်ခုကိုအော်ဟစ်လိုက်ပြီး ချက်ခြင်းပင်သူမ၏ လမ်းကြောင်းကို ရပ်တန့်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ရုတ်တရက်သူမတို့၏ရှေ့တွင်လမ်းကရှိ
မနေတော့ခြင်းကြောင့်ပင်ဖြစ်သည်။ မသိလိုက်ပါဘဲ မိန်းကလေးနှစ်ယောက်မှာသွေးနီရောင် ချောက်ကမ်းပါးတစ်ခုစီသို့ပြေးလာမိကြသည်။ သူမတို့၏အောက်တွင်အခြေမဲ့သော အသူတစ်ရာချောက်နက်ကြီးသာရှိလေသည်။ ဟုန်ယွဲ့အနေဖြင့်တစ်လှမ်းလှမ်းလိုက်သည်နှင့် အောက်သို့ပြုတ်ကျသွားလိမ့်မည်ဖြစ်သည်။
အခြေမဲ့သောအသူတစ်ရာ
ချောက်နက်ကြီးကို ငုံ့ကြည့်၍ မိန်းကလေးနှစ်ယောက်မှာ
လန့်ဖျပ်နေကြဆဲဖြစ်သည်။ သူမတို့၏ နဖူးထက်တွင်အေးစက်သော ချွေးသီးများစို့နေပြီး သူမတို့၏ကျောမှာလည်း
အေးစက်နေသည်။ သူမတို့မှာဘုရင်နယ်ပယ်
အဆင့်များသာဖြစ်ကြ၍ အင်ပါယာနယ်ပယ်နှင့်ဘိုးဘေးနယ်ပယ်အဆင့်များကဲ့သို့ ပျံသန်းခြင်းကို မပြုလုပ်နိုင်ကြချေ။ သူမတို့သာဤအောက်အတိုင်း
ကျဆင်းသွားမည်ဆိုလျှင် ရလဒ်က စိတ်ကူးကြည့်၍ပင်ရနိုင်လိမ့်မည်မဟုတ်ပေ။
“သွားစို့”
ဟုန်ယွဲ့ကလျှင်မြန်စွာလှည့်လိုက်ပြီး စံပယ်လေးကို ပြောလိုက်သည်။ သို့သော်မိန်းကလေးနှစ်ယောက်
လှည့်လိုက်သည့်အချိန်တွင်
“ဝုန်း”
ရုတ်တရက်ခရမ်းရောင်ပုံရိပ်တစ်ခုက ကောင်းကင်မှသက်ဆင်းလာပြီး မိန်းကလေးနှစ်ယောက်၏ရှေ့၌ ဆင်းသက်လိုက်သည်။ သူက မိန်းကလေးနှစ်ယောက်အား သရော်သောမျက်နှာထားအပြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက်
တဏှာဆန်သော
အကြည့်ဖြင့်မိန်းကလေး
နှစ်ယောက်အားသိမ်းကျုံးကြည့်လိုက်သည်။
“အား”
ဟုန်ယွဲ့နှင့်စံပယ်လေးတို့မှာထိုလူအားမြင်တွေ့လိုက်ရသောအခါတွင် တုန်လှုပ်သွားကြသည်။ ဤလူမှာ အစောပိုင်းကသူတို့တွေ့ဆုံခဲ့သည့် သိုင်းပညာရှင်လေးဦးထဲမှ
တစ်ယောက်ဖြစ်လေသည်။ သူသည်ကြယ်ခြောက်ပွင့် အင်ပါယာနယ်ပယ်တစ်ယောက်ဖြစ်သည်။
“ဘာလဲ….ကြောက်စရာတစ်ခုခု
များရှိနေလို့လား”
လူငယ်သိုင်းပညာရှင်က မိန်းကလေးနှစ်ယောက်၏
အမူအယာအားကြည့်လိုက်ပြီး သူမတို့၏ အော်ဟစ်သံအားကြားလိုက်ရသောအခါတွင် ပြုံး၍ပြောလိုက်သည်။
“ရှင်….ရှင်ဘာလိုချင်လို့လဲ”
ဟုန်ယွဲ့က သူမ၏နှလုံးသားအတွင်းရှိ
ကြောက်စိတ်များအား အဝေးကိုဖယ်ထားလိုက်ပြီး ထိုပုဂ္ဂိုလ်ကိုကြည့်လိုက်သည်။
“ဟမ့်..ငါဘာလိုချင်လဲတဲ့လား”
ဟုန်ယွဲ့၏စကားအားကြား
လိုက်ရသောအခါတွင် ဤပုဂ္ဂိုလ်၏မျက်နှာထက်ရှိ
တဏှာပြုံးမှာ ပို၍ပင်ပီပြင်လာသည်။
“ငါဘာလိုချင်လဲဆိုတာကိုမှန်းကြည့်လေ..ဟီးဟီး..”
ခဏလောက်ရယ်မောလိုက်ပြီးသည့်နောက် သူကပြောလိုက်သည်။
“မင်းတို့နှစ်ယောက်လုံးကတကယ့်ကိုထိပ်တန်းအဆင့်အလှပဂေးလေးတွေပဲ”
“ရှင် “
ဤပျံသန်းနိုင်သောအင်ပါယာ
နယ်ပယ်အားရင်ဆိုင်ပြီး သူ၏ခန္ဓာကိုယ်မှထုတ်လွှတ်
သောရောင်ဝါအားခံရသောအခါတွင် အမျိုးသမီးနှစ်ယောက်မှာရုတ်တရက်အင်အားမဲ့သွားသလိုခံစားလိုက်ရသည်။ယခင်ကပင်သူမတို့အနေဖြင့် ကြယ်ကိုးပွင့်ဘုရင်နယ်ပယ်
သခင်လေးဝူစန်းကြောင့် ဆိုးရွားသောအခြေအနေသို့အတင်းအကျပ်စိုက်ရောက်ခဲ့ရသည်ဖြစ်သည်။ယခုကြုံတွေ့ရသောသူမှာကား သခင်လေးဝူစန်းထက်ပင်ပို၍ အစွမ်းထက်သန်မာသော အင်ပါယာနယ်ပယ်ကျွမ်းကျင်
သူတစ်ယောက်ဖြစ်လေသည်။
“ကောင်းပြီ အလျှင်လိုဖို့မလိုသေးပါဘူး..မင်းတို့ရဲ့ခန္ဓာကိုယ်နဲ့မပျော်ပါးခင် အရင်ဆုံးငါတစ်ခုလောက်မေးမယ်… မင်းတို့ရဲ့ကျောပေါ်က ပြင်းပြင်းထန်ထန်ထိခိုက်ထားတဲ့ သူက သွေးဓားနဲ့လူငယ်လေးမလား”
အင်ပါယာနယ်ပယ်သိုင်းပညာရှင်က ဟုန်ယွဲ့၏ကျောပေါ်တွင်ရှိနေသောရှစ်ဖုန့်အား လက်ညှိုးထိုး၍မေးလိုက်သည်။
“မဟုတ်ဖူး..သူကကျွန်မတို့ဂိုဏ်းရဲ့စီနီယာအကိုပါ… သူနမည်က ကျောက်ဝူကျိလို့ခေါ်တယ်.. စောစောကကျွန်မတို့တွေ အဆင့်လေးအထွတ်အထိပ်နတ်ဆိုးသားရဲတစ်ကောင်နဲ့မမျှော်လင့်ပဲ ပက်ပင်းကြုံးခဲ့ကြတာ ..ကံဆိုးချင်တော့စီနီယာအကို ကျောက်က ပြင်းပြင်းထန်ထန်းဒဏ်ရာရသွားခဲ့တယ်…. “
ဟုန်ယွဲ့ကပြောလိုက်သည်။ သူမပြေးလာသည့်အချိန်ကတည်းက ဤဆင်ခြေအားသူမတွေးထား
ခဲ့ပြီးသားဖြစ်သည်။
“အိုး…စီနီယာအကိုကျောက်လား”
အင်ပါယာနယ်ပယ်လူငယ်က အဖြူရောင်အဝတ်များဖြင့်
ပတ်စည်းထားသောသူအား သရော်မှုအပြည့်မျက်နှာဖြင့်
ကြည့်လိုက်သည်။ ဤလူမှာပြင်းပြင်းထန်ထန်ဒဏ်ရာရနေပြီး မိန်းမတစ်ယောက်၏
သယ်ယူမှုကိုပင်လိုအပ်နေသေးသည်။ အကယ်၍ ၎င်းက ယခင်ကလူငယ်လေးဖြစ်နေခဲ့လျှင်တောင် အင်ပါယာနယ်ပယ်လူငယ်၏မျက်နှာထက်၌ ကြောက်ရွံ့မှုတို့လုံးဝကင်းမဲ့နေပြီဖြစ်လေသည်။ သူကဟုန်ယွဲ့ကိုပြောလိုက်သည်။
“ဒါဆိုလည်း သူ့မျက်နှာကိုဖုံးထားတဲ့
အဝတ်တွေကိုဆုတ်ဖြဲပြီး မင်းတို့အကိုကျောက်ရဲ့ချောမောတဲ့မျက်နှာလေးကိုငါ့ကိုပြဖို့ မင်းတို့ကို ငါဒုက္ခပေးရတော့မှာပဲ”
တကယ်တမ်းတွင် သူ့အတွက် ဤလူကလင်စားအားသတ်ခဲ့သောသူဟုတ်သည်မဟုတ်သည်က အရေးမကြီးပေ။ သူထိုလူအားရှာဖွေနေရခြင်းမှာလင်ဟောင်ကသူ့အား အမိန့်တစ်ခုပေးခဲ့ခြင်းကြောင့်သာဖြစ်ပြီး သူအနေဖြင့်မနာခံပဲ မနေရဲခြင်းကြောင့်သာဖြစ်သည်။
သူ့အနေဖြင့် ဤအမျိုးသမီးနှစ်ယောက်နှင့်တကယ်ပြန်တွေ့ရလိမ့်မည်ဟုထင်ထားခဲ့ခြင်းမရှိခဲ့ချေ။ ယခင်သူဤအနီရောင်နှင့်
အမျိုးသမီးနှစ်ယောက်နှင့်
တွေ့ဆုံစဉ်ကတည်းက သူ့တွင်ယုတ်မသောအတွေးများ
ရှိနေခဲ့ပြီးဖြစ်လေသည်။ သို့သော်ညီဖြစ်သူအားဆုံးရှုံးသွား
ရသူလင်ဟောင်ရှိနေခြင်းကြောင့်
သူ့အနေဖြင့် ရိုင်းပျရဲခြင်းမရှိခဲ့ချေ။ သူအနေဖြင့်လင်ဟောင်အား
ဒေါသထွက်အောင်လုပ်မိပါက စိတ်လွတ်ကာနီးဖြစ်နေသောလင်ဟောင်က သူအားသတ်သွားမည်ကို ကြောက်ရွံ့မိသောကြောင့်ဖြစ်သည်။
ထို့ကြောင့် လင်ဟောင်က သူ့အမျိုးသမီးနှစ်ဦးအားရှာတွေ့လျှင်
ကျောက်စိမ်းပြားအားခွဲရန်မှာခဲ့သော်လည်း သူမလုပ်ဆောင်ခဲ့ပေ။
သူလုပ်ချင်လျှင်တောင်သူ့အနေဖြင့် ဤအမျိုးသမီးနှစ်ယောက်နှင့်
ပျော်ပါးပြီးသူတို့အားသတ်ဖြတ်ပြီးမှ
လုပ်လိမ့်မည်ဖြစ်သည်။
“ဒါက…ဘယ်လိုလုပ်ဖြစ်နိုင်မှလဲ…..
စီနီယာအကိုကျောက်က အပြင်းအထန်ဒဏ်ရာရထားပြီးတော့ သူ့တစ်ကိုယ်လုံးကသွေးတွေထွက်နေတာ သူ့အသက်အန္တရယ်က စိုးရိမ်ရနေတယ် ..ကျွန်မခုဏလေးတင်မှ
သူ့ဒဏ်ရာတွေကိုဆေးဝါးတွေလိမ်းပေးခဲ့တာ “
ဟုန်ယွဲ့ကပြောလိုက်သည်။
“ဟားဟား….အဲ့သလိုလား”
လူငယ်ကပြုံး၍ပြောလိုက်သည်။
ရုတ်တရက် သူက သူ၏လက်ကိုဆန့်ထုတ်လိုက်ပြီး
သူ၏လက်ငါးချောင်းအားဖြန့်လိုက်သည်။
ထိုအချိန်တွင် ဟုန်ယွဲ့ကစံပယ်လေးအား ပြောလိုက်သည်။
“ဂျူနီယာညီမလေး….ခုန်ချတော့ “
ထို့နောက်မကြာခင် ဟုန်ယွဲ့နှင့် စံပယ်လေးတို့၏ ပုံရိပ်များမှာအရှိန်အဟုန်ဖြင့်နောက်သို့ဆုတ်ခွာသွားကြသည်။ မျက်စိတစ်မှိတ်အတွင်း သူမတို့ ချောက်ကမ်းပါးပေါ်မှပြုတ်ကျသွားသည်။
ဤပုဂ္ဂိုလ်ကသူမတို့ရှေ့တွင်
တဏှာရာဂ အကြည့်နှင့် ရည်ရွယ်ချက်များကိုချပြထားခဲ့ပြီးဖြစ်သည်။
ဤအချိန်၌ အမျိုးသမီးနှစ်ယောက်တွင်
တစ်ခြားရွေးချယ်စရာရှိမနေခဲ့ပေ။ အကယ်၍သူမတို့သာချောက်ကမ်းပေါ်မှ
ခုန်ချလိုက်လျင်သူမတို့အနေဖြင့် အသက်ရှင်နိုင်သောအခွင့်အရေး
တစ်ခုရှိနိုင်သေးသည်ဖြစ်သည်။ အကယ်၍ဤသူတောင်းစား၏
လက်အတွင်းသို့သာသူမတို့ကျ
ရောက်ခဲ့လျှင် သူမတို့အနေဖြင့်
သေခြင်းတရား
ကိုပင်တောင့်တရနိုင်သော လွန်စွာပြင်းထန်သည့်နာကျင်မှုမျိုး
ကိုခံစားကြရလိမ့်မည်ဖြစ်သည်။
ခုဏကသူ၏လက်တို့ဖြင့်အားကောင်းသောစုပ်ယူအားတစ်ခုကိုဖော်ထုတ်လိုက်သည့် အင်ပါယာနယ်ပယ်လူငယ်မှာ ရုတ်တရက် အမျိုးသမီးနှစ်ယောက်က ချောက်ကမ်းပါးပေါ်မှခုန်ချ
သွားသည်ကိုတွေ့လိုက်ရသည်။ သို့သော်လည်းသူ၏မျက်နှာထက်တွင်ရှိနေသော လှောင်ပြုံးက ပို၍ပင်
ပီပြင်လာသေးသည်။ သူမတို့ခုန်ချသွားတော့ရော
ဘာဖြစ်သေးသနည်း။ သူကအင်ပါယာနယ်ပယ်တစ်ယောက်ဖြစ်ပြီး ပျံသန်းနိုင်သည်ဖြစ်သည်။ သူမတို့ချောက်ကမ်းပါးမှခုန်ချသွားလျှင်တောင် ဤအလှလေးနှစ်ယောက်အနေဖြင့် သူ၏ လက်ခုပ်အတွင်းမှ
လွတ်မြောက်အောင်စွမ်းဆောင်
နိုင်လိမ့်မည်မဟုတ်ပေ။
မကြာခင်တွင်လူငယ်၏ပုံရိပ်က လှစ်ခနဲဖြစ်သွားပြီး လျှင်မြန်စွာဖြင့်သူမတို့နောက်သို့
လိုက်ဖမ်းလိုက်သည်။
“အား…အား….အား…အား..”
အသူတစ်ရာချောက်နက်၏အထက်တွင် နုနယ်သောအမျိုးသမီးနှစ်ဦး၏ အော်ဟစ်သံတို့ကကျဆင်းနေရင်း
ပဲ့တင်ထွက်ပေါ်လာသည်။ လေများ၏တဝီဝီတိုက်ခတ်သော
အသံများကိုပင်ကြားနိုင်သည်ဖြစ်သည်။ သို့သော်ထိုသို့ဆိုလျှင်တောင်
ဟုန်ယွဲ့အနေဖြင့်
အဖြူရောင်အဝတ်များဖြင့်
ပတ်စည်းထားသောခန္ဓာကိုယ်အား မသိစိတ်ဖြင့်သူမ၏
လက်မောင်းတို့ကြားထဲတွင် တင်းကျပ်စွာပွေ့ဖက်ထားဆဲဖြစ်သည်။
“ဟားဟားဟားဟား”
ကောင်းကင်ထဲတွင်အင်ပါယာနယ်ပယ်လူငယ်၏ရယ်မောသံကိုကြားရနိုင်သည်ဖြစ်သည်။ မကြာခင်သူကပြောလိုက်သည်။
“အလှလေးနှစ်ယောက်…ဘယ်လိုဖြစ်ပြီးတော့ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်ကြရတာတုံး….မင်းတို့တွေသေမဲ့
အစား ဘာလို့ ဘာလို့ ဒီသခင်လေးနဲ့အတူတူ အချိန်ကောင်းလေးတွေမကုန်ဆုံးရတာလဲ….တို့တွေအချိန်အတူတူကုန်ဆုံးတဲ့အချိန်အတွင်းမှာ ငါကမင်းတို့ကိုသေချာလေးဂရုစိုက်ပေးမှာပေါ့ …ဟားဟားဟား”
သူ၏အသံကပို၍ပို၍ နီးကပ်လာသည်။ ခရမ်းရောင်ပုံရိပ်က လျှင်မြန်စွာဖြင့် ဟုန်ယွဲ့နှင့် စံပယ်လေးတို့အပေါ်၌ ပျံသန်းရောက်ရှိလ၏။ သူ၏မျက်နှာထက်တွင်တဏှာပြုံးများဖြင့်ပြည့်နှက်နေသည်။ သူကသူ၏ လက်နှစ်ဖက်ကိုဆန့်ထုတ်လိုက်ပြီး ကျဆင်းနေသော အမျိုးသမီးနှစ်ဦးထံသို့ဖမ်းဆုပ်လိုက်သည်။
သို့သော်ထိုအချိန်တွင် တောက်ပပြီးနတ်ဆိုးဆန်သော သွေးနီရောင် မီးတောက်တစ်ခုက ဟုန်ယွဲ့၏ရင်ခွင်အတွင်းမှရုတ်တရက်ပစ်လွှတ်သလိုထွက်လာကာ အစိမ်းရောင်ပုံရိပ်အား ရုတ်ခြည်းထိမှန်သွားသည်။
“အား”
အင်ပါယာနယ်ပယ်လူငယ်မှာ ချက်ချင်းတုန်လှုပ်အံ့အားသင့်သွားသည်။ သူ့မျက်နှာထက်တွင်တုန်လှုပ်မှု
များဖြင့်ပြည့်နှက်နေသည်။ ထို့နောက်ချက်ခြင်းသူ၏တစ်ကိုယ်လုံးမှာ ပြင်းထန်သောသွေးနီရောင်မီးတောက်
တို့ပျံ့နှံ့တောက်လောင်သွားပြီး သူ၏တုန်လှုပ်သောမျက်နှာအား မီးတောက်အတွင်းနစ်မြုပ်သွားစေသည်။သူ၏တစ်ကိုယ်လုံးမှာမီးတောက်လူသားတစ်ယောက်အဖြစ်သို့ပြောင်းလဲသွားသည်။
“အား….အား…မင်းပဲ…
.တကယ်ကိုမင်းပဲ…အား…..”
ကောင်းကင်ထဲတွင် အင်ပါယာနယ်ပယ်လူငယ်၏စိတ်မချမ်းမြေ့ဖွယ်ရာ အော်ဟစ်သံကပဲ့တင်ထပ်နေသည်။ သူသေဆုံးရတော့မည့်အခိုက်အတန့်တွင် မီးတောက်လူသားဖြစ်နေသောလူငယ်က သူ့ကိုယ်အတွင်းရှိ သူ၏ကျန်ရှိနေသောခွန်အားအားလုံးအားစုစည်း၍ သူကလက်ထဲတွင်ရှိနေသော ကျောက်စိမ်းပြားအား မပြေမပြစ်ဖြင်ချိုးလိုက်သည်။
ထို့နောက်ချက်ခြင်း ကောင်းကင်ထဲတွင်ရှိနေသောသွေးနီရောင်မီးတောက်မှာ ရစ်ခွေလည်ပတ်သွားပြီး ဟုန်ယွဲ့၏ရင်ခွင်းအတွင်း၌ရှိနေသော
အဖြူရောင်အဝတ်စည်းနှင့်
လူထံသို့ပြန်လည်ရောက်ရှိလာသည်။ မကြာခင်မီးတောက်အားလုံးမှာ စုပ်ယူခြင်းကိုခံလိုက်ရသည်။
“အား..အား”
ခန္ဓာကိုယ်သုံးခုမှာပြုတ်ကျနေဆဲဖြစ်ပြီး မိန်းကလေးနှစ်ယောက်၏ နှစ်လိုဖွယ်ကောင်းသောအော်သံက
ပဲ့တင်ထပ်နေဆဲဖြစ်သည်။
ဆက်ရန်….
ဘာသာပြန်သူ-ARISE