အပိုင်း (၂၂၈)
Vol. 16 Ch. 228
“အား….”
သွေးနီရောင်မီးတောက်လူသားအဖြစ်သို့ပြောင်းလဲသွားသော ကျင့်ကြံသူမှာ မီးတောက်များကရှစ်ဖုန့် ထံသို့တလိပ်လိပ်ပြန်မဝင်သွားခင်အထိ စိတ်မချမ်းမြေ့ဖွယ်ကောင်းသော အော်သံအချို့ကိုအော်ဟစ်ခဲ့သည်။ အလွန်လျှင်မြန်စွာဖြင့်ပင် ၎င်းတို့အားလုံးကရှစ်ဖုန့်၏ကိုယ်အတွင်းသို့ပြန်လည်စုပ်ယူဝင်ရောက်သွားကြသည်။
ဤအချိန်တွင် လျှောက်လှမ်း၍လာနေသော အခြားကျင့်ကြံသူက သူ၏အဖော်ဖြစ်သူ လောင်ကျွမ်းခံလိုက်ရသည်ကိုမြင်
တွေ့လိုက်ရသောအခါတွင် အလျှင်အမြန်လင်ဟောင်၏ဘေး
သို့ပြန်ဆုတ်ခွာလိုက်သည်။ သူကအဖြူရောင်အဝတ်များဖြင့်
ပတ်စည်းထားသော ခန္ဓာကိုယ်ကို လက်ညှိုးညွှန်ပြ၍ လုံအောင်ကိုပြောလိုက်သည်။
“စီနီယာအကိုလင်…သူပဲ… အဲ့တာသေချာပေါက်သူပဲ…. ဒီသွေးနီရောင်မီးတောက်တွေက
စီနီယာအကို လင်စာကိုသတ်သွားတဲ့ သူနဲ့ဆက်နွယ်နေတယ်”
ဂျူနီယာညီဖြစ်သူ၏စကားအား
ကြားလိုက်ရသောအခါတွင် လင်ဟောင်၏ပေါက်ကွဲလုနီး
ပါးဖြစ်နေခဲ့သော ဒေါသတရားတို့မှာ ရုတ်တရက်ပေါက်ကွဲထွက်လာသည်။ သူကကျယ်လောင်စွာကြုံးဝါးအော်ဟစ်၍ သူ၏အသံအား ကောင်းကင်နှင့်မြေပြင်တစ်ခွင်
ဖြတ်သန်းပဲ့တင်ထပ်သွားစေသည်။
“သူတောင်းစား …သေလိုက်စမ်း’
ဧရာမလေဝဲကြီးတစ်ခုက လင်ဟောင်၏ရှေ့တွင်ပေါ်လာပြီး ကောင်းကင်နှင့်မြေပြင်အားဖျက်ဆီးပစ်နိုင်စွမ်းရှိသောစွမ်းအားများကို သယ်ဆောင်လာလေသည်။ ဤသွေးရောင်အပျက်အစီးနယ်မြေထဲတွင် ကမ္ဘာကြီး၏ အဆုံးသတ်ကရောက်လာသကဲ့
သို့ပင်ထင်မှတ်ရစေသည်။ ၎င်းကရှစ်ဖုန့်နှင်အခြားနှစ်ယောက်ထံသို့ သိမ်းကျုံးဦးတည်လာသည်။
“အား”
ဟုန်ယွဲ့နှင့်စံပယ်လေးတို့က မြေပြင်ပေါ်တွင်ထိုင်လျက်သားရှိနေကြပြီး သိမ်းကျုံးဦးတည်လာနေသော လေဆင်နှာမောင်းကြီးကိုကြည့်၍ သူမတို့၏ မျက်နှာထက်၌ တုန်လှုပ်မှုများဖြင့်ပြည့်နှက်နေသည်။ ဤကဲ့သို့သော စွမ်းအားကြီးလှသည့်စွမ်းအား၏ရှေ့တွင် သူမတို့အနေဖြင့်ခုခံရန်ခွန်အားအား
အနည်းငယ်မျှပင်မစုစည်းနိုင်ကြချေ။ သူတိုအနေဖြင့် ဤစွမ်းအားမှသူတို့အား ဖျက်ဆီးခြင်းကို ခွင့်ပြုရန်သာ
တက်နိုင်ကြသည်။
ဤအချိန်တွင်သာယာကြည်
လင်သောအသံတစ်ခုက ရုတ်တရက် သူမတို့၏ဘေးမှထွက်ပေါ်လာသည်။
“ဘာဖြစ်ကြတာလဲ…..ဒီသခင်လေးဒဏ်ရာရနေတာကို အခွင့်အရေးယူပြီးတော့ ကြုံရာခွေးကြောင်လေးတွေက ဒီသခင်လေးကို အရှက်ခွဲဖို့ကြိုးစားနေကြတာလား”
ဤအသံကြောင့် ဟုန်ယွဲ့နှင့်စံပယ်လေးတို့ တုန်လှုပ်နေရာမှ အသိပြန်ဝင်လာသောအခါတွင် အဖြူရောင်အဝတ်များထွေးပတ်ထားသော ပုံရိပ်တစ်ခုက ရုတ်တရက်သူတို့၏ရှေ့၌ရပ်နေသည်ကို သူတို့တွေ့လိုက်ကြရသည်။
ပုံရိပ်ကသွေးရောင်မီးတောက်
များတဟုန်းဟုန်းတောက်လောင်နေသော သွေးမီးတောက်ဓားကိုကိုင်ဆောင်ထားပြီး သူတို့ထံသို့ဦးတည်လာသော လေဆင်နှာမောင်းအားခုတ်ပိုင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ဧရာမသွေးနီရောင်မီးတောက်
ဓားကြီးတစ်ခုကလေထဲတွင်ပေါ်လာပြီး လေဆင်နှာမောင်းထံသို့ပိုင်းခုတ်လိုက်သည်။
“ဝုန်း”
စွမ်းအားကြီးမားသောအားနှစ်ခု အပြင်းအထန်ထိပ်တိုက်တွေ့
ဆုံကြသောအခါတွင် ပြင်းထန်သောပေါက်ကွဲမှုတစ်ခုက ကောင်းကင်နှင့် မြေပြင်တစ်ခွင်၌ ပဲ့တင်ထွက်ပေါ်လာသည်။ ပြင်းထန်သောစွမ်းအင်များက ဦးတည်ချက်အနှံ့သို့ ဖရိုဖရဲကသေင်းကနင်ဖြင့်ထွက်သွားသည်။ ရှစ်ဖုန့်၏ကိုယ်ပေါ်တွင်ရှိနေသော အဖြူရောင်အဝတ်များမှာ ဤစွမ်းအင်ကြောင့်ရုတ်ခြည်း အပိုင်းပိုင်းဆုတ်ပြဲထွက်သွားကြသည်။ သို့သော်ရှစ်ဖုန့်၏ကိုယ်လုံးတီးကိုယ်က သိပ်မကြာခင်တွင်အနက်ရောင်ဝတ်ရုံတစ်ခုလွှမ်းခြုံသွားသည်။ သူ၏တောင့်တင်းသန်မာသော ကိုယ်ဖြင့် ဟုန်ယွဲ့နှင့်စံပယ်လေးတို့၏ရှေ့၌ ရပ်နေသည်။ မိန်းကလေးနှစ်ယောက်မှာ နောက်ကျောပေးထားသော
အရပ်မြင့်မြင့်ပုံရိပ်နှင့် လေထဲတွင်လွန့်လူးကခုန်
နေသောသူ၏ဆံပင်တို့ကိုယှဉ်တွဲ
မြင်တေ့လိုက်ကြရသည်။
“ဒီလူကငါတို့တွေကယ်တင်ခဲ့တဲ့သူလား”
ဟုန်ယွဲ့က ပုံရိပ်အားကြည့်၍ တွေလိုက်သည်။ အကြောင်းပြချက်တစ်ချို့ကြောင့် အမျိုးသမီးနှစ်ယောက်မှာဤလူ၏ ကာကွယ်ပေးမှုအောက်တွင် မကြုံစဖူး လုံခြုံမှုကိုခံစားလိုက်ရသည်။
“ဒီလိုလူတစ်ယောက်ကရုပ်ပျက်ဆင်းပျက်ဖြစ်သွားရတာ စိတ်မကောင်းစရာပဲ”
စံပယ်လေးက ဤပုံရိပ်၏နောက်ကျောကိုကြည့်၍ သူမ၏စိတ်အတွင်းမှသက်ပြင်းချမိလိုက်သည်။ ယခင်ကရှစ်ဖုန့်အားသူတို့မြင်တွေ့ခဲ့ရသည်အားလုံးမှာ ဆိုးရွာစွာရုပ်ပျက်ဆင်းပျက်ဖြစ်နေခဲ့ခြင်း
ကိုပင်ဖြစ်သည်။သူ၏ခန္ဓာကိုယ်တွင် ပကတိအတိုင်းရှိနေသောနေရာဟူ၍ တစ်နေရာလေးပင်ရှိမနေခဲ့ချေ။ သူ၏မျက်နှာများသည်ပင် ဆိုးရွားစွာရုပ်ပျက်နေခဲ့သည်ဖြစ်သည်။
ရှစ်ဖုန့်၏ရှေ့တွင်လေဆင်နှာမောင်းမှာ မီးတောက်ဓားချီ၏ဖျက်ဆီးမှုကိုခံလိုက်ရပြီး ပြင်းထန်သောစွမ်းအင်များမှာလည်းပျောက်ကွယ်သွားသည်။ ရှစ်ဖုန့်၏ရှေ့၌ရှိနေသောလင်ဟောင်၏မျက်နှာထက်တွင်သတ်ဖြတ်လိုခြင်း
စိတ်ဆန္ဒတို့ဖြင့်ပြည့်နှက်နေသည်။
“သူတောင်းစား….မင်းဒီနေ့သေရမယ်”
သူ့၏ညီဖြစ်သူကတော့အသတ်ခံခဲ့ရပြီး သူ၏ရန်သူကတော့ယခုသူ၏ရှေ့၌ရှိနေသည်။ လင်ဟောင် ၏လက်ဖဝါးတို့က ကြမ်းကြုတ်သော မုန်တိုင်းတစ်ခုအဖြစ်မွှေ့လိုက်ပြီး ၎င်းက အဆုံးမဲ့ဟင်းလင်းပြင်ထံသို့ ရိုက်ခတ်သွားစေသည်။ ထို့နောက် လင်ဟောင်ကသူ၏လက်တို့အား
အတူတကွယှက်လိုက်ကာ ပြင်းထန်သော မုန်တိုင်းနှစ်ခုအား တစ်ခုတည်းအဖြစ်သို့ပေါင်း
စည်းသွားစေသည်။ ၎င်းက ကြယ်သုံးပွင့်ဘိုးဘေးနယ်ပယ်တစ်ယောက်၏ စွမ်းအားအပြည့်ဖြင့်ဖွဲ့စည်းထားသော ဧရာမ လေမုန်တိုင်းဓားကြီးကဲ့သို့ဖြစ်ပြီး ရှစ်ဖုန့်ထံသို့တစ်ဟုန်ထိုးကျဆင်းလာသည်။
“ချိုးဖျက်လိုက်စမ်း”
ရှစ်ဖုန့်၏ကိုယ်ကကောင်းကင်ထဲသို့
ထိုးတက်သွားသည်။ သွေးနီရောင်မီးတောက်တို့
တောက်လောင်နေသောသူ၏ဓားရှည်က ရုတ်တရက်ကောင်းကင်ပြင်ကို ထိုးခွင်းသွားပြီး ကျဆင်းလာသောပြင်းထန်သည့်လေမုန်တိုင်းထံသို့ ထိုးသွင်းလိုက်သည်။
“ဝုန်း”
စွမ်းအင်များထိပ်တိုက်တွေ့ဆုံရာမှ
နောက်ထပ်ပြင်းထန်သော
ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။ ဤစွမ်းအင်၏သက်ရောက်မှုအောက်တွင် ပတ်ဝန်းကျင်နေရာတစ်ခုလုံးမှာ အစိတ်စိတ်အမွှာမွှာကွဲအက်
တော့မည်သကဲ့သို့ထင်မှတ်ရသည်။ ရှစ်ဖုန်ု့၏ ဓားကပြင်းထန်သောမုန်တိုင်း
အားချိုးဖျက်နိုင်ခဲ့သော်လည်း ပြင်းထန်သောသက်ရောက်အား
၏အောက်တွင် သူ၏ခန္ဓာကိုယ်က ရုတ်တရက်မြေပြင်ပေါ်သို့ကျလာသည်။
“ဘန်း”
ရှစ်ဖုန့်၏ခြေထောက်က ရုတ်တရက် မြေပြင်ကိုစောင့်နင်းလိုက်ပြီး ကြီးမားသော သွေးနီရောင်ကျောက်တုံးကြီးက ရုတ်တရက် အစိတ်စိတ်အမွှာမွှာကွဲကြေသွားသည်။
သွေးနီရောင် ကျောက်ခွဲအစအနများက ဦးတည်ချက်အနှံ့သို့ လွင့်ပျံထွက်သွားသည်။
“ဝေါ့”
ကြယ်သုံးပွင့်ဘိုးဘေးနယ်ပယ်တစ်ယောက်၏တိုက်ခိုက်မှုအောက်၌ ရှစ်ဖုန့်သည်လည်းဆိုးရွားစွာထိခိုက်သွားခဲ့သည်။ သူ၏ကိုယ်ကိုင်းညွှတ်သွားပြီး လက်ဆတ်သောသွေးတစ်ပွက်ကိုအန်ထုတ်လိုက်ရသည်။ကြယ်သုံးပွင့်ဘိုးဘေးနယ်ပယ်တစ်ဦးနှင့်ရင်ဆိုင်ရာတွင် ရှစ်ဖုန့်မှာ ကြယ်ငါးပွင့်အင်ပါယာနယ်ပယ်သို့
ရောက်ရှိနေခဲ့ပြီးဖြစ်သော်လည်း သူ့အတွက်၎င်းအားယှဉ်တိုက်ရန်မှာအရမ်းခက်ခဲနေသေးဆဲပင်ဖြစ်သည်။
“အား..စီနီယာအမ…သူ………..သူ ဒဏ်ရာရသွားတဲ့ပုံပဲ….
ညီမလေးတို့ဘာလုပ်သင့်လဲ”
သွေးအန်သံကို ကြားလိုက်ရပြီး ကိုင်းညွှတ်သွားသော ကိုယ်အားတွေ့လိုက်ရသောအခါတွင် စံပယ်လေးက စိုးရိမ်းတကြီးဖြင့် ဟုန်ယွဲ့ကိုမေးလိုက်သည်။
ဤအချိန်တွင် ဟုန်ယွဲ့သည်လည်း အလွန်စိုးရိမ်စွာဖြင့်ရှေ့သို့ကြည့်နေသည်။ သူမနေဖြင့် တင်းကျပ်စွာဆုပ်ထားသောသူမ၏လက်သီးဆုပ်မှ ချွေးအေးများထွက်နေသည်ကို ပင် သဘောက်မပေါက်နိုင်ဖြစ်ကောင်းဖြစ်နိုင်သည်။
“တောင့်ထားပါ….ရှင်တောင့်ထားရမယ်”
“သူတောင်းစား..ငရဲကိုသွားလိုက်တော့”
ဤအချိန်တွင် ပြင်းထန်သော လေမုန်တိုင်းနှစ်ခုက လင်ဟောင်၏ လက်တို့မှမြင့်တက်လာပြန်သည်။ မုန်တိုင်းနှစ်ခုက တစ်ခုတည်းအဖြစ်ပေါင်းစည်းသွားကြကာ ယခင်ကဲ့သိုတူညီသောလှုပ်ရှားမှုမျိုးဖြင့် သူ၏လက်အတွင်းရှိပြင်းထန်သော လေမုန်တိုင်းတို့က နောက်ထပ်ကြိမ်ထပ်မံ၍ ရှစ်ဖုန့်ထံ ဒေါသတကြီးဉီးတည်လာပြန်သည်။
ယခင်အတွေ့အကြုံအနည်းငယ်အရ ဤလူ၏ပါရမီနှင့်သိုင်းပညာရပ်တို့မှာ သာမန်ထက်သာလွန်သည်ကို လင်ဟောင်ပင်ကို အရကိုနားလည်သည်ဖြစ်သည်။ ၎င်းကသူ၏အန္တိမလှုပ်ရှားမှုနှစ်ခုလုံးကို ရင်ဆိုင်ရပ်တည်နိုင်စွမ်းရှိခဲ့သည်ဖြစ်သည်။ သို့သော် ထိုသို့ဖြစ်တော့ရောဘာအရေးနည်း။ သူကပါရမီရှင် ကြယ်သုံးပွင့် ဘိုးဘေးနယ်ပယ်ကျွမ်းကျင်သူ
တစ်ယောက်ဖြစ်သည်။ သိုင်းပညာရပ်များက သာမန်ထက်သာလွန်နေတော့ရော
ဘာဖြစ်သနည်း။ ဘာကို ပါရမီရှင်နည်း။ သူတို့အားလုံးမှာသူ၏ တရစပ်တိုက်ခိုက်မှုအောက်၌ ဖျက်ဆီးခံရလိမ့်မည်ဖြစ်သည်။
“ဒီသခင်လေးရဲ့အသက်ကိုလိုချင်ကြတဲ့သူတွေမှ အများကြီးပဲရှိတယ်…. မင်းလိုမျိုးအမှိုက်လေးတစ်ယောက်က အဲ့တာကိုလုပ်နိုင်မလားဆိုတာကိုကြည့်ကြတာပေါ့”
ရှစ်ဖုန့်က သူ၏ကိုယ်အားပြန်မတ်လိုက်ပြီး ကောင်းကင်းထက်မှကျဆင်းလာသော ပြင်းထန်သည့်လေမုန်တိုင်းများအား အကြောက်တရားကင်းမဲ့စွာရင်ဆိုင်လိုက်သည်။ သူ၏ပုံရိပ်ကနောက်တစ်ကြိမ်ကောင်းကင်ထက်သို့ထိုးတက်သွားပြီး သူ၏ဓားအားမြှောက်လိုက်ကာ ကျရောက်လာသော တိုက်ခိုက်မှုနှင့်တွေ့ဆုံလိုက်သည်။
“ဝုန်း”
ဓားတိုက်ခိုက်မှုအောက်တွင် ပေါက်ကွဲတုန်ဟီးသံကြီးက ကောင်းကင်ထဲ၌ တစ်ကြိမ်ထပ်မံ၍ ပေါ်လာပြန်သည်။ ဤတစ်ကြိမ်တွင် ရှစ်မှာကောင်းကင်ထဲ၌ပင်သွေးတစ်ပွက်ကိုတိုက်ရိုက်အန်ထုတ်လိုက်သည်။
သို့သော်ဓားချက်ကြောင့် ပြင်းထန်သောလေမုန်တိုင်းများ
ပျောက်ကွယ်သွားသောအခါတွင် သူ၏ပုံရိပ်မှာကောင်းကင်ထဲ၌ ရပ်တည်နေသေးဆဲဖြစ်ပြီး သူအားအောက်သို့ကျဆင်းခြင်းကို သူ့ကိုယ်သူခွင့်မပြုတော့ချေ။
“ငရဲဘုံခုတ်ပိုင်းချက်”
ဧရာမမီးတောက်ဓားသွားရောင်ဝါကြီးက ကောင်းကင်ထဲတွင်ပေါ်လာသည်။ ရှစ်ဖုန့်၏လှုပ်ရှားမှုနောက်သို့လိုက်ပါ၍ ၎င်းကလင်ဟောင်အားရုတ်တရက်
ခုတ်ပိုင်းချလိုက်သည်။
“ခေါင်းမာပြီး အတိုက်အခံလုပ်နေတာပဲ… မင်းရဲခွန်အားလောက်လေးနဲ့များ မင်းကငါ့ကို ထိခိုက်အောင်လုပ်နိုင်မှာတဲ့လား”
အလွန်ပြင်းထန်သောမီးတောက်ဓားကြီးအားရင်ဆိုင်ရင်း လင်ဟောင်၏မျက်နှာထက်၌ အထင်သေးမှုတို့ဖြင့်ပြည့်နှက်နေသည်။ သူကညာလက်အားလက်သီးအဖြစ်ဆုပ်လိုက်ပြီး ကောင်းကင်ထက်သို့လက်သီးတစ်လုံး
ကိုပစ်သွင်းလိုက်သည်။ လေများကချာလပတ်လည်ပြီးပြောင်း
လဲသွားသည်။ လင်ဟောင်၏လက်သီးချက်အောက်၌ လေမုန်တိုင်းတစ်ခုနောက်တစ်ကြိမ်ဖြစ်
ပေါ်လာပြီး ကောင်းကင်ထဲရှိမီးတောက်ဓားထံသို့
သိမ်းကျုံးဦးတည်သွားသည်။
တစ်ချိန်တည်းတွင် လင်ဟောင်၏ညာလက်သီးက လေမုန်တိုင်းတစ်ခုထွက်ပေါ်လာသကဲ့သို့ သူ၏ဘယ်လက်သီးကိုလည်း ကောင်းကင်ထဲရှိရှစ်ဖုန့်ထံပစ်သွင်းလိုက်သည်။ နောက်ထပ် ပြင်းထန်သောလေမုန်တိုင်းတစ်ခုပေါ်လာပြီး ရှစ်ဖုန့်ရှိရာကောင်းကင်ထဲသို့သိမ်း
ကျုံးဦးတည်လာသည်။
“မီးတောက်အဆီအနှစ်လောင်ကျွမ်းစမ်း”
ပြင်းထန်သောမုန်တိုင်းကသူ့ထံသို့ဦး
တည်လာနေသည်ကို အာရုံခံမိသောအခါ ရှစ်ဖုန့်တစ်ယောက်သူ့တွင်ရွေးချယ်စရာ
မရှိတော့သည်ကိုသိလိုက်သည်။ ကြယ်သုံးပွင့်ဘိုးဘေးနယ်ပယ်
တစ်ယောက်ကိုရင်ဆိုင်တိုက်ခိုက်ရခြင်းက သူအတွက်တကယ်ကိုခက်ခဲလွန်း
သည်ဖြစ်လေသည်။ အော်သံနှင့်အတူ ရှစ်ဖုန့်ကသူ၏ဝိညာဉ်ဖြင့် ဆက်သွယ်မှုပြုလုပ်၍ ကောင်းကင်မီးတောက်အား ကောက်ကာငင်ကာလောင်ကျွမ်းစေလိုက်သည်။
“ကောင်လေး မင်းငါ့ကို လာပြီးတော့ထပ်ရှုပ်ပြန်ပြီ….အား”
ရှစ်ဖုန့်၏ကိုယ်ထဲမှကောင်းကင်မီးတောက်က လက်မခံနိုင်စွာဖြင့်အော်ဟစ်လိုက်သည်။
“ဒီလိုပဲလုပ်ရမှာပဲ …မဟုတ်ရင်အသက်တွေပါသေကုန်လိမ့်မယ်….ကျန်တာတွေဂရုမစိုက်ဘူး….ဒီတော့အဓိပ္ပါယ်မရှိတာတွေလာပြောမနေနဲ့….”
ရှစ်ဖုန့်က ကောင်းကင်မီးတောက်အားဝိညာဉ်စွမ်းအားဖြင့်အေးစက်စွာအော်ပြောလိုက်သည်။ ရုတ်ခြည်း လွန်စွာခမ်းနားသော သွေးရောင်မီးတောက်တစ်ခုက သွေးဓားပေါ်တွင်တောက်ပလောင်
ကျွမ်းလာသည်။ရှစ်ဖုန့်၏ကိုယ်က တစောင်းအနေအထားတစ်ဟုန်ထိုးထိုးဆင်းသွားပြီးတလိပ်လိပ်ဦးတည်လာနေသော ပြင်းထန်သည့်မုန်တိုင်းအား ရင်ဆိုင်၍ ပြင်းထန်စွာလောင်ကျွမ်းနေသော မီးတောက်ဓားနှင့် ထိုးသွင်းလိုက်သည်။
“ချိုးဖျက်စမ်း”
ဆက်ရန်….
ဘာသာပြန်သူ-ARISE