အပိုင်း (၂၂၉)
Vol. 16 Ch. 229
ဤအချိန်တွင် သွေးဓား၏ပေါ်ရှိသွေးနီရောင် မီးတောက်မှာ အလွန်အမင်းသရဲဘီးလူးစီးနေသကဲ့
သို့ဖြစ်သည်။ထို့နောက်တွင် ရှစ်ဖုန်ု့နှင့် သွေးဓားတို့က သွေးနီရောင်အလင်းစီးကြောင်း
တစ်ခုအဖြစ်သို့ပြောင်းသွားပြီး အောက်သို့တစ်ဟုန်ထိုးဦးတည်လိုက်သည်။
မြန်ဆန်လှသော သွေးနီရောင် အလင်း၏အောက်တွင် ပြင်းထန်သောလေမုန်တိုင်းမှာ ပျောက်ကွယ်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း သွေးနီရောင်အလင်းသည်လည်း ပျောက်ကွယ်သွားသည်။ ရှစ်ဖုန့်၏ပုံရိပ် ထပ်မံပေါ်လာသည့်အချိန်တွင် သူကလင်ဟောင်၏အနောက်ဘက်၌ သွေးဓားကိုကိုင်ဆောင်ထားသည်ဖြစ်လေသည်။
“ဒါ…ဒါကဘယ်လိုဖြစ်နိုင်မှာလဲ”
လင်ဟောင်၏မျက်နှာထက်တွင် မယုံကြည်နိုင်မှုများ လက်သင့်မခံနိုင်မှုများဖြင့်ပြည့်နှက်နေသည်။ သူသည်ကြယ်သုံးပွင့်ဘိုးဘေးနယ်ပယ်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ဖျောင်ရှဂိုဏ်း၏ ပါရမီရှင်တပည့်တစ်ယောက်ဖြစ်သည်။ ဘယ်လိုဖြစ်၍ သူက ဤကဲ့သို့ရှုံးနိမ့်သွားရပါသနည်း။
“ရွှတ်”
ရွှတ်ခနဲမြည်သာ အသံနှင့်အတူ အဝတ်များစုတ်ပြဲသွားသည့်
အသံကထွက်ပေါ်လာပြီး လင်ဟောင်၏ကိုယ်မှာသူ၏
မယုံကြည်နိုင်ဖြစ်နေသော မျက်နှာမှစ၍ အထက်မှအောက်သို့နှစ်ပိုင်း
ကွဲထွက်သွားသည်။တောက်ပသောသွေးနီရောင်များကပန်းထွက်လာပြီး ရှစ်ဖုန့်ထံသို့ အပူတပြင်းဦးတည်သွားသည်။ လင်ဟောင်၏ခန္ဓာကိုယ်မှာလျှင်မြန်စွာခြောက်သွေ့သောအလောင်းကောင်
တစ်ခုအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။
ကြယ်သုံးပွင့်ဘိုးဘေးနယ်
ပယ်ကျွမ်းကျင်သူ၏သွေး၊
သေခြင်းစွမ်းအင်တို့အားဝါး
မျိူပြီးသည့်နောက်တွင် ရှစ်ဖုန့်၏ခန္ဓာကိုယ်မှအဖြူ
ရောင်အလင်းတစ်ခုလင်းလက်သွားသည်။ ကြယ်လေးပွင့်အင်ပါယာနယ်ပယ်သို့ ပြန်ပြုတ်ကျသွားခဲ့ရသော သူ၏အသက်အဆီအနှစ်စွမ်း
အင်တို့မှာပြန်လည်၍ မူလအဆင့်သို့ရောက်ရှိသွားသည်။
ထိုသည်တင်မကသေးဘဲ ကြယ်သုံးပွင့်ဘိုးဘေးနယ်ပယ်
တစ်ယောက်၏များပြားလှသော
စွမ်းအားများကြောင့် သူလိုအပ်နေခဲ့သည့် ကြယ်ငါးပွင့် မှကြယ်ခြောက်ပွင့်သို့ အဆင့်မြှင့်ရန်စွမ်းအင်များသည်
လည်းတိုးပွားလာခဲ့သည်။
အကယ်၍ကောင်းကင်မီးတောက်ကို၎င်း၏အဆီအနှစ်စွမ်းအင်များအားလောင်
ကျွမ်းခြင်းမပြုခိုင်းခဲ့ရဘူးဆိုလျှင် ယခုအချိန်၌ရှစ်ဖုန့်အနေဖြင့် ကြယ်ခြောက်ပွင့် အင်ပါယာနယ်ပယ်တစ်ယောက်ဖြစ်ကောင်းဖြစ်သွားနိုင်သည်။ သို့သော်ရှစ်ဖုန့်အနေဖြင့် ကြယ်သုံးပွင့်ဘိုးဘေးနယ်ပယ်ဖြစ်သော လင်ဟောင်ကိုသတ်နိုင်ရန်အတွက်၎င်း၏အသက်အဆီအနှစ်စွမ်းအင်များကို
လောင်ကျွမ်းခဲ့ရသည်။
လင်ဟောင်၏ ခွန်အားက နတ်ဆိုးအဖြစ်ပြောင်းသွားခဲ့
သောလုံအောင်နှင့်တူညီလုနိးပါးရှိ ခဲ့သည်ဖြစ်သည်။ ထိုနေ့ကရှစ်ဖုန့်အနေဖြင့်
လုံအောင်အားသတ်နိုင်ခဲ့ခြင်းမှာ သူ့၌ မြေပြင်ပေါ်တွင်ပြန့်ကျဲနေသော အလောင်းတစ်သောင်းရှိနေခဲ့
သောကြောင့်ဖြစ်သည်။ အဆုံးသတ်တွင် လုံအောင်အား အကြီးအကျယ်ထိခိုက်ပျက်စီး
စေနိုင်ရန်အတွက်သူသည်လည်း သူ၏အသက်အဆီအနှစ်စွမ်း
အင်တို့အားလောင်ကျွမ်းစေခဲ့ရသည်ဖြစ်သည်။
ရှစ်ဖုန့်အနိုင်ရသွားခဲ့သည်။ သူ၏ဒေါင်မြင့်မြင့်နှင့်ဖြောင့်မတ်သောပုံရိပ်က တိုက်ပွဲမြေပြင်ထက်တွင်
ဝင့်ကြွားစွာဖြင့်ရပ်နေပြီး သွေးဓားအားသူ၏လက်အတွင်းတွင်ကိုင်ဆောင်ထားသည်။ သူ၏ဆံပင်ရှည်များက လေနှင့်အတူသူ၏နောက်ဘက်၌တဖျပ်ဖျပ်လွင့်ကာကခုန်နေသည်။ ဟုန်ယွဲ့နှင့်စံပယ်လေးတို့မှာတိုက်ပွဲမြေပြင်ထက်ရှိပုံရိပ်အားမှင်တွေစွာဖြင့် စိုက်ကြည့်နေမိကြသည်။ ဟုန်ယွဲ့က တိုးဖျော့စွာ တီးတိုးရေရွတ်လိုက်သည်။
“သူနိုင်သွားတာလား”
“စီနီယာအမ…သူနိုင်သွားပြီ.. သူနိုင်သွားပြီ… သူကအရမ်းသန်မာတာပဲ…. “
ဤအချိန်တွင်စံပယ်လေးက ဟုန်ယွဲ့အားဂရုတစိုက်ဖြင့်ပြောလိုက်သည်။ အစောပိုင်းကရှစ်ဖုန့်နှင့်လင်ဟောင်တို့၏တိုက်ပွဲအတွင်းတွင် အကယ်၍သူမတို့သာ ထိုပြင်းထန်ပြီးစွမ်းအားကြီးသော
စွမ်းအင်များဖြင့်ထိတွေ့မိပါက ချက်ချင်းသေဆုံးသွားလိမ့်မည်ဖြစ်ကြောင်းကို သူမတို့အနေဖြင့် ခံစားမိနိုင်သည်ဖြစ်သည်။
“ဟုတ်တယ်..သူနိုင်သွားပြီ”
ဟုန်ယွဲ့ကစကားပြောရင်းပုံရိပ်အားဆက်လက်၍ စိုက်ကြည့်နေသည်။
ရှစ်ဖုန့်ကခေါင်းမော့၍ ကောင်းကင်ထက်သို့ကြည့်လိုက်သည်။ ကံဆိုးစွာဖြင့် နောက်ဆုံးကျန်နေသော အင်ပါယာနယ်ပယ်က သူနှင့်လင်ဟောင်တို့တိုက်ခိုက်
နေသည်အားတွေ့လိုက်ရသောအခါတွင် ကောင်းကင်ထဲ၌ ပုန်းကွယ်နေခဲ့သည်။ လင်ဟောင်အသတ်ခံလိုက်ရသည်အားသူတွေ့လိုက်ရသောအခါတွင် ဘာခြေရာလက်ရာမှပင်ကျန်
နေခြင်းမရှိအောင်သုတ်ခြေတင်ထွက်ပြေး
ပျောက်ကွယ်သွားလေသည်။
“ထားလိုက်ပါ…ပုရွက်ဆိတ်လေးတစ်ကောင်ပဲဟာ….ထွက်ပြေးပါစေအုံး”
အဝေးကိုကြည့်လိုက်ပြီးသည့်နောက် ရှစ်ဖုန့်ကလှည့်လိုက်ပြီး မိန်းကလေးနှစ်ယောက်အားကြည့်လိုက်သည်။
“အား..သူပဲ”
“စီနီယာအမ…ဘာလို့သူဖြစ်နေရတာလဲ”
ရှစ်ဖုန့်၏ရုပ်အသွင်အားမြင်တွေ့လိုက်ရသောအခါတွင် ဟုန်ယွဲ့နှင့် စံပယ်လေးတို့နှစ်ဦးလုံးမှာ အံ့အားသင့်စွာဖြင့် အလန့်တကြားအော်လိုက်ကြသည်။ ယခင်ရှစ်ဖုန့်ထျန်းမြောင်အင်ပါဘာသို့လာသည့်လမ်းခရီးတွင်ရှိနေစဉ်တုံးက ဟုန်ယွဲ့မှာ ဤလူငယ်လေးကအရမ်းကိုဆန်းကြယ်သည်ဟုခံစားခဲ့ရသောကြောင့် သူနှင့်ပက်သက်သည့်နက်ရှိုင်းသောထင်မြင်ယူဆချက်တစ်ခုသူမ၏စိတ်ထဲ၌ ကျန်ရစ်ခဲ့သည်ဖြစ်သည်။
“သူ့မျက်နှာကရုပ်ပျက်ဆင်းပျက်ဖြစ်နေခဲ့တာမဟုတ်ဖူးလား……ဘာလို့သူ့မျက်နှာပေါ်မှာ ခြစ်ရာပွန်းရာလေးတစ်ခုတောင်ရှိမနေရတာလဲ…”
ရှစ်ဖုန့်၏အသွင်အပြင်အားကြည့်ကာ စံပယ်လေးက ဟုန်ယွဲ့ကိုတီးတိုးပြောလိုက်သည်။ ရှစ်ဖုန့်က သွေးဓားအား သူ၏သိုလှောင်လက်စွပ်အတွင်း
သို့ပြန်ထည့်ထားလိုက်ပြီး မိန်းကလေးနှစ်ဦးထံဖြည်းညှင်းစွာလျှောက်လာသည်။ သူကသူမတို့ကိုပြုံးပြ၍ ပြောလိုက်သည်။
“ဒီဒဏ်ရာတွေနဲ့ငါ့ကို ဂရုစိုက်ပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်…. “
ရှစ်ဖုန့်က သူ၏နှလုံးသားအောက်ခြေမှလာသော စီတ်ရင်းအတိုင်း ပြောလိုက်ခြင်းဖြစ်သည်။
“ရှင်အရမ်းကိုယဉ်ကျေးလွန်းနေပါပြီ…..အကယ်၍ ရှင်နဲ့သာကျွန်မတို့မတွေ့ခဲ့ရင် ကျွန်မတို့တွေ အခုချိန်ထိတောင် အသက်ရှင်နေမှာမဟုတ်တော့ပါဘူး”
ဟုန်ယွဲ့ကပြောလိုက်သည်။
“ဟုတ်တယ်…ကျွန်မတို့တွေတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်စောင့်ရှောက်ခဲ့ကြတာပဲ… ကျွန်မတို့အသက်တွေကိုကယ်တင်ပေးခဲ့တဲ့အတွက်လည်းရှင့်ကိုကျေးဇူးတင်ပါတယ်”
စံပယ်လေးကပြောလိုက်သည်။
“ကောင်းပြီ..ဒါဆိုလေတို့တွေတစ်ယောက်နဲ့တစ်ယောက် အကြွေးတွေမရှိတော့ဘူးလို့ပဲ မှတ်ယူပြီးနေကြတာပေါ့.. ဒါပေမဲ့ ဒီနေရာလွတ်ကြီးထဲမှာမင်းတို့နှစ်ယောက်တည်းနေဖို့ဆိုတာက အရမ်းအန္တရာယ်များလွန်းတယ်… အခုကစပြီးတော့ငါ့နောက်ကနေလိုက်ခဲ့ပါ…. ဒီသွေးနီရောင်ကမ္ဘာထဲကနေထွက်သွားတဲ့အချိန်ထိ ငါမင်းတို့ကို ကာကွယ်ပေးမယ်”
ရှစ်ဖုန့်ကပြောလိုက်သည်။
“အင်း..ဒါဆိုလည်းကျွန်မတို့ရှင့်ကိုပဲ ဒုက္ခပေးရအုံးမယ်”
ဟုန်ယွဲ့ကခေါင်းညိမ့်ပြီးပြောလိုက်သည်။ သူမအနေဖြင့် သူမတို့၏ခွန်အားကို ကောင်းစွာရှင်းရှင်းလင်းလင်းသိသောကြောင့် သူမအနေဖြင့် ငြင်းဆန်ခြင်းမပြုခဲ့ပေ။ သူမတို့ရှစ်ဖုန့်နှင့်မတွေ့ခင်ယခင်က သူမတို့နှစ်ယောက်မှာ စွမ်းအားကြီးသွေးမိစ္ဆာတစ်ကောင်နှင့် မမျှော်လင့်ပဲကြုံတွေ့ခဲ့ရသည်ဖြစ်သည်။ သူမတို့သာနည်းနည်းလေးနှေးကွေးခဲ့မည်ဆိုလျှင် သူမတို့အနေဖြင့် ထိုသွေးမိစ္ဆာ၏အပိုင်းပိုင်းဆုတ်ဖြဲမှုကိုခံရပြီး ၎င်း၏အစာအိမ်အတွင်းမှအစားများဖြစ်သွားလောက်မည်ဖြစ်သည်။
“မင်းတို့တွေအဲ့ညတုံးကသူတောင်းစားကို ရှာတွေ့ခဲ့သေးလား”
ရှစ်ဖုန့်က မိန်းကလေးနှစ်ယောက်အား အပြုံးမဟုတ်သောအပြုံးဖြင့် ကြည့်လိုက်သည်။ သူပြောသောသူတောင်းစားဆိုသည်မှာ ထိုငတလီလျိုရှင်းပင်ဖြစ်သည်။
ရှစ်ဖုန့်၏စကားအားကြားရသောအခါတွင် ထိုညကသူတောင်းစားက မည်သူလဲဆိုသည်အား ဟုန်ယွဲ့အလိုအလျောက်
သဘောပေါက်သည်ဖြစ်သည်။ သူမကအံ့အားသင့်စွာဖြင့်ပြောလိုက်သည်။
“ထင်ထားတဲ့အတိုင်းပဲ…အဲ့ညတုံးက ရှင်ကျွန်မတို့ကိုတွေ့တယ်မလာ…ကျွန်မတို့ယင်ကွေဂိုဏ်းရဲ့ ပုန်းကွယ်ခြင်းပညာရပ်က ကောင်းကင်ဘုံအောက်မှာ ပြိုင်ဘက်ကင်းပဲကို …ရှင်ဘယ်လိုလုပ်ပြီးကျွန်မတို့ကို မြင်နိုင်တာလဲ”
သိပ်မကြာခင်မှ ဟုန်ယွဲ့မှာ ဤပုဂ္ဂိုလ်က သူမော်ကြည့်ရလောက်သည်အထိစိတ်ကူး၍မရနိုင်အောင်အစွမ်းထက်သန်မာသည်ကို သူမသဘောပေါက်လိုက်သည်။ သူ့အတွင်သူမတို့၏ပုံးကွယ်ခြင်းပညာရပ်အား ထွင်းဖောက်မြင်တွေ့နိုင်သည်မှာအဆန်းမဟုတ်ပေ။ သူမနေဖြင့် ခါးသီးစွာဖြင့်ပြုံးခြင်းကိုသာတက်နိုင်သည်။ ကောင်းကင်ဘုံအောက်တွင်ပြိုင်ဘက်ကင်းသည်တဲလား။ ယင်ကွေဂိုဏ်းကသူတို့ကိုယ်သူတို့လှည့်စားထားသည်ဟုပင်ထင်ရသည်။ ကျွမ်းကျင်သူတစ်ယောက်၏ရှေ့၌ ပုန်းကွယ်ရန်ဘာနည်းလမ်းမှရှိမနေချေ။
“အဲ့သူတောင်းစား”
ရှစ်ဖုန့်၏စကားတို့အားကြားလိုက်ရသောအခါတွင်စံပယ်လေးသည်လည်း သူပြောသောသူကလီလျိုရှင်းဖြစ်သည်
ကိုနားလည်သွားသည်။ သူမကသူမ၏လက်သီးဆုပ်လေးများကို ဆုပ်ထား၍ ပြောလိုက်သည်။
“အဲ့သူတောင်းစားက ဘယ်လိုမျိုးလျှို့ဝှက်ပညာရပ်ကို အသုံးပြုထားလဲမသိဘူး… အစတုံးက ကျွန်မရဲ့စီနီယာအမက သူ့အပေါ်မှာ ထူးခြားတဲ့ အမှတ်အသားတစ်ခုကို ချန်ထားခဲ့ပေမဲ့ အဲ့တာကလည်းသူချိုးဖျက်တာကိုခံလိုက်ရတယ်…. အဲ့သူတောင်းစားကလုံးဝကို လူယုတ်မာပဲ….ကျွန်မတို့တွေသူ့ကိုဖမ်းပြီးတော့ ရိုက်နှက်ပစ်ရမယ်”
စံပယ်လေး၏စကားအားကြားရသောအခါတွင် ရှစ်ဖုန့်ကပြုံးရုံသာပြုံးနေပြီး ဘာမှပြောကြားခြင်းမရှိပေ။ ထိုသူတောင်းစားကတကယ့်ကိုဆန်းကြယ်သောသူဖြစ်သည်။ သူမတို့၏ထူးခြားသော အမှတ်အသားကို မဆိုထားဘိ ထိုသူတောင်းစားအား သူရေခဲတောအုပ်တွင်တွေ့သောနေ့က အသုံးပြုခဲ့သော သူ၏ကိုယ်ပိုင်အမှတ်အသားသည်ပင် ထိုသူတောင်းစား၏ချိုးဖျက်ခြင်း
ကိုခံလိုက်ရသည်ဖြစ်သည်။
သူကဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။ သူရောက်ရှိနေသောအပျက်အစီးများက ပြိုကျနေသောအဆောက်အဦး
တစ်ခုဖြစ်လိမ့််မည်ဖြစ်သည်။ ဘယ်လိုတည်ရှိမှုအမျိုးအစားမျိုးက ဤသွေးနီရောင်ကမ္ဘာ၌ နေထိုင်ခဲ့သည်ကိုသူမသိချေ။
“ကောင်လေး…ငါတို့ရှေ့မှာရှိနေတဲ့ကျောက်နံရံထဲမှာတစ်ခုခုရှိနေတယ်”
ဤအချိန်တွင်ကောင်းကင်မီးတောက်က ရုတ်တရက်ရှစ်ဖုန့်ကိုပြောလိုက်သည်။
“ကျုပ်တို့ရှေ့မှာရှိနေတဲ့ ကျောက်နံရံလား”
ကောင်းကင်မီးတောက်၏စကားအား
ကြားပြီးသည့်နောက် ရှစ်ဖုန့်ကသူ၏ခေါင်းကိုလှည့်၍ သွေးနီရောင်ကျောက်နံရံအားကြည့်လိုက်သည်။ သူ၏ကိုယ်ကလျှင်မြန်စွာဖြင့်တစ်ဟုန်ထိုးရှေ့သို့ဦးတည်လိုက်သည်။
“အဲ့တာကငါတို့ရှေ့ညာဘက်မှာ “
ရှစ်ဖုန့် သွေးနီရောင်ကျောက်နံရံနားသို့ ချဉ်းကပ်လာသောအခါတွင် ကောင်းကင်မီးတောက်၏ အသံကိုသူထပ်မံ၍ကြားလိုက်ရသည်။ ထို့နောက်ချက်ခြင်း ရှစ်ဖုန့်ကသွေးနီရောင်ကျောက်နံရံအားလက်သီးတစ်လုံးပစ်သွင်းလိုက်သည်။
“ဝုန်း”
ကျယ်လောင်သောပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။
သွေးနီရောင်ကျောက်တုံးများကလွင့်
ပျံထွက်ကုန်ပြီးလေထဲတွင် သွေးနီရောင်ဖုန်များဖြင့်ပြည့်နှက်သွားစေသည်။
ဟုန်ယွဲ့နှင့်စံပယ်လေးတို့က ရှေိ့သို့ကြောင်တိကြောင်
တောင်ဖြင့်စိုက်ကြည့်နေကြသည်။ ဤပုဂ္ဂိုလ်ဘာထဖြစ်မှန်းကိုသူတို့မသိကြချေ။ အဘယ့်ကြောင့်သူ့အနေဖြင့်
သူ၏ဒေါသတရားတို့အား အကြောင်းပြချက်မရှိကျောက်နံရံပပေါ်သို့ရုတ်တရက်ကြီးပေါက်ကွဲဖွင့်ချရပါသနည်း။
သွေးနီရောင်ဖုန်မှုန့်များ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသောအခါ မိန်းကလေးနှစ်ယောက်မှာ ရှစ်ဖုန့်ဘာလုပ်ခဲ့သည်ကိုနောက်
ဆုံးနားလည်သွားကြသည်။ သွေးနီရောင်ဖုန်များပျောက်ကွယ်
သွားပြီးသည့်နောက်တွင်ရှစ်ဖုန့်၏
ပုံရိပ်ထွက်ပေါ်လာသည်။ ရှစ်ဖုန့်၏ရှေ့တွင် နက်ရှိုင်းသောသွေးနီရောင်ဂူတစ်ခုရှိနေ၏။
ရှစ်ဖုန့်က သူ၏ခေါင်းကိုလှည့်၍ မိန်းကလေးနှစ်ယောက်ကိုပြောလိုက်သည်။
“ဒီကိုလာခဲ့ကြ..အထဲကိုဝင်ပြီး
တော့တစ်ချက်လောက်ကြည့်ကြစို့”
“အိုး.ကောင်းပြီ”
ရှစ်ဖုန့်၏စကားအားကြားပြီးသည့်နောက်တွင်စံပယ်လေးကအရင်ဆုံးခေါင်းညိမ့်လိုက်ပြီး ရှစ်ဖုန့်ဆီသို့လျှောက်သွားသည်။ ထို့နောက်ဟုန်ယွဲ့ကခဏမျှတုန့်ဆိုင်းနေပြီးမှ စံပယ်လေးနောက်မှလိုက်ပါသွားလိုက်သည်။
ဆက်ရန်….
ဘာသာပြန်သူ-ARISE