← Chapters

အပိုင်း(၂၃၀)

Vol. 16 Ch. 230

အပိုင်း(၂၃၀)

Vol. 16 Ch. 230

သွေးနီရောင်ဂူက အရမ်းကိုရှည်လျားသော်လည်း လမ်းကြောင်းကတော့ အရမ်းကျယ်ဝန်းခြင်းမရှိချေ။ ၎င်းကတစ်ချိန်တည်းတွင်လူနှစ်

ယောက်ယှဉ်သွားနိုင်ရုံအနေ

အထားသာရှိသည်။ ရှစ်ဖုန့်ကရှေ့ကနေဦးဆောင်ပြီး ဟုန်ယွဲ့နှင့်စံပယ်လေးတို့က  ရှစ်ဖုန့်၏နောက်မှာအတူတကွ လျှောက်လှမ်းလိုက်ပါလာကာ  ဂူအတွင်းပိုင်းသို့ဖြည်းဖြည်းချင်း

ရောက်ရှိလာကြသည်။

“သတိထား”

သိပ်မကြာခင်း ကောင်းကင်မီးတောက်က ရှစ်ဖုန့်အားသတိပေးလိုက်သည်။

“ရွှီး..ရွှီး..ရွှီး.ရွှီး.ရွှီး …”

ရုတ်တရက် ရှေ့မှနေ၍ ပရမ်းပတာဖြစ်နေသောအသံလှိုင်း

များကလာနေပြီးလျှင်မြန်စွာဖြင့် ရှစ်ဖုန့်တို့ရှိရာဘက်ခြမ်းထံသို့

ချဉ်းကပ်လာကြသည်။

“ဂျူနီယာယာညီမလေး သတိထား”

ဟုန်ယွဲ့က စံပယ်လေးအား အလျှင်အမြန်သတိပေးလိုက်ပြီး  ဓားရှည်တစ်ချောင်းကသူမ၏

လက်ထဲတွင်ပေါ်လာသည်။

ထို့နောက်မကြာခင် သိပ်သည်းသော လင်းနို့အစုအဝေးကြီးတစ်ခုက  သူတို့ဆီသို့ပျံသန်းလာသည်ကို

သုံးယောက်သားတွေ့လိုက်ကြရသည်။ လင်းနို့တစ်ကောင်ဆီတိုင်းမှထုတ်လွှတ်နေသောရောင်ဝါက  အနည်းဆုံးဘုရင်နယ်ပယ် အဆင့်သုံးခန့်ရှိမည်ဖြစ်ပြီး  ဤကဲ့သို့များပြာလှသော အရေအတွက်ဖြင့်ဆိုလျှင်တော့

ပြောနေစရာပင်လိုတော့မည်မဟုတ်ပေ။

သွေးရောင်လင်းနို့များကသူတို့ထံချဉ်းကပ်လာသကဲ့သို့  ၎င်းတို့၏ပါးစပ်များအားဖွင့်ဟပြီး  ထက်ရှသောအစွယ်တန်းများကို

လှစ်ဟာပြသထားကြသည်။ နောက်ဆက်တွဲအနေဖြင့်  လင်းနို့များ၏ပါးစပ်မှသွေးနီရောင်အလင်းတန်းများကိုပါပစ်လွှတ်ကြလေသည်။ အလင်းတန်းတစ်ခုစီတိုင်းက အင်ပါယာနယ်ပယ်တစ်ယောက်၏တိုက်ခိုက်မှုတစ်ခုနှင့် ညီမျှသည်ဖြစ်သည်။  ၎င်းတို့အတူတကွသိပ်သည်းစုဝေးနေကြပြီး ရှစ်ဖုန့်နှင့်အခြားသူများထံသို့ပြင်းထန်သော မုန်တိုင်းတစ်ခုကဲ့သို့သိမ်းကျုံးဦးတည်လာသည်။

“လောင်ကျွမ်းစမ်း”

ရှစ်ဖုန့်ကအေးစက်စွာအော်ပြောလိုက်သည်။

“ဝုန်း”ခနဲအသံတစ်ချက်နှင့်အတူ  ပြင်းထန်အေးစက်သော သွေးနီရောင်မီးတောက်တစ်ခုက သူ၏ကိုယ်မှရုတ်တရက်ထွက်ပေါ်လာသည်။  ၎င်းကအပေါ်နှင့်ရှေ့ဘက်သို့သိမ်းကျုံးဦးတည်သွားကာ သွေးနီရောင်လင်းနို့များ၏ သွေးနီရောင်အလင်းလှိုင်းကိုတားဆီးလိုက်ပြီး ပျံသန်းလာနေသောသွေးနီရောင်လင်းနို့များအားမီးတောက်ပင်လယ်အတွင်းတွင်

ရုတ်ခြည်းနစ်မြုပ်သွားစေသည်။ ဂူထဲတွင် သွေးနီရောင်မီးတောက်ပင်လယ်တစ်ခုက ရုတ်တရက်လောင်ကျွမ်းနေ၏။

“ရွှီး….ရွှီး….ရွှီး…ရွှီး…ရွှီး..”

“ရွှီး….ရွှီး….ရွှီး…ရွှီး…ရွှီး..”

“ရွှီး….ရွှီး….ရွှီး…ရွှီး…ရွှီး..”

……………..

သွေးနီရောင်မီးတောက်ပင်လယ်အတွင်းရှိ သွေးနီရောင်လင်းနို့များ၏ စိတ်မချမ်းမြေ့ဖွယ်အော်ဟစ်သံကို ကြားရနိုင်သည်ဖြစ်သည်။

ဤအချိန်တွင်ရှစ်ဖုန့်၏နောက်၌ ရှိနေသောဟုန်ယွဲ့နှင့်စံပယ်လေးတို့မှာ   သူမတို့၏တိုက်ခိုက်မှုများကို ချက်ခြင်းရပ်တန့်လိုက်ကြသည်။ ထို့နောက်မကြာခင်သူမတို့က  နောက်သို့စတင်ဆုတ်ခွာလိုက်ကြပြီး ရှစ်ဖုန့်နားသို့ကပ်ရဲခြင်းမရှိချေ။ ရှစ်ဖုန့်၏ကိုယ်ပေါ်ရှိစွမ်းအားကြီး

လှသောသွေးနီရောင်မီးတောက်က သူမတို့အားမွန်းကျပ်မှုနှင့်

ထိခိုက်မှုများဖြစ်စေမည်ကို

ကြောက်ရွံ့မိကြသောကြောင့်ဖြစ်လေသည်။

တကယ်တမ်းဤသွေးနီရောင်

မီးတောက်များအား  ရှစ်ဖုန့်က စိတ်ဖြင့်ထိန်းချုပ်နေခြင်းကိုသူမ

တို့မသိကြသောကြောင့်ဖြစ်သည်။ ရှစ်ဖုန့်သာသူမတို့အာလောင်

ကျွမ်းစေချင်စိတ်မရှိပါက  ဤသွေးနီရောင်မီးတောက်ကသူမတို့ကိုယ်အားဖုံးလွှမ်းထားလျှင်ပင်  သူမတို့အနေဖြင့်အနည်းငယ်မျှ

သောထိခိုက်မှုပင်ရရှိလိမ့်မည်မဟုတ်ပေ။

“စီနီယာအမ…သူဘယ်လိုများကျင့်ကြံခဲ့တာလဲ… သူကညီမလေးထက်တောင်ငယ်ပေမဲ့  ညီမလေးတို့ထက်အများကြီးအ

စွမ်းထက်နေတယ်… “

စံပယ်လေးကသူမရှေ့ရှိ သွေးနီရောင်မီးတောက်လူသားအား

ကြည့်လိုက်ပြီး စိတ်ပျက်မှုအချို့ဖြင့်ပြောလိုက်သည်။

“အကယ်၍ ညီမလေးသာသူ့လောက်အစွမ်းထက်ခဲ့ရင်…..”

စံပယ်လေး၏ စကားအား ကြားလိုက်ရသောအခါတွင်  ဟုန်ယွဲ့ကပြုံးလိုက်ပြီး စံပယ်လေးကိုပြောလိုက်သည်။

“ငတုံးမလေး… တို့တွေကသူ့ရဲခွန်အားကိုပဲမြင်ပေမဲ့  သူဖြတ်ကျော်ခဲ့ရတဲ့ အခက်အခဲတွေသွေးချွေးတွေကို

မြင်ခဲ့ရတာမဟုတ်ဖူးလေ… အပေါ်ယံမျက်နှာပြင်မှာခမ်းနားကြီးကျယ်တယ်လို့မြင်ရပေမဲ့  သေခြင်းရှင်းခြင်းချောက်ကမ်းပါးကို အဆက်မပြတ်ကြုံတွေ့နေရတဲ့သူတွေမှ အများကြီးပဲရှိတယ်…. ညီမလေးပိုပြီးတောသန်မာချင်တယ် အစွမ်းထက်ချင်တယ်ဆိုရင် …အဲ့လိုတွေးနေရုံနဲ့တင်မလုံလောက်သေးဘူး …ညီမလေးအနေနဲ့သွေးတွေချွေး

တွေရင်းပြီးတော့  ကြိုးစားအားထုတ်ဖို့လိုသလို လုံလဝီရိယရှိရှိနဲ့ ကျင့်ကြံဖို့လည်းလိုတယ်…. “

ဟုန်ယွဲ့ကစကားပြောပြီးသည့််နောက်  ရှေ့သို့ နူးညံ့သိမ်မွေ့သော

အကြည့်ဖြင့်ကြည့်လိုက်သည်။

“ဟုတ်တယ်….မမပြောတာ

မှန်တယ်စီနီယာအမ”

စံပယ်‌လေးက ပြောရင်းခေါင်းညိမ့်လိုက်သည်။  ထို့နောက်မကြာခင်  စံပယ်လေးက  ဟုန်ယွဲ့ထံသို့ကြည့်လိုက်ပြီးပြောလိုက်သည်။

“စီနီယာအမ…ခုဏတုံးက စီနီယာအမသူ့ကိုကြည့်နဲ့အကြည့်တွေကို ထူးခြားနေတာကို ညီမလေးသတိထားမိတယ်… မမဒီလူကိုချစ်မိသွားပြီလား”

“မမသူ့ကိုသဘောကျလား”

စံပယ်လေး၏စကားအားကြား

လိုက်ရပြီးသည့်နောက်  ဟုန်ယွဲ့တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့သည်။  သူမကသူ့ဟာသူရယ်မော၍ သူ့ဟာသူတီးတိုးရေရွတ်လိုက်သည်။

“ဒီလိုလူမျိုး..ဒီလိုမျိုးမိုးထိမြင့်မား

တဲ့ဝင်ကြွားမှုနဲ့…ဒီလိုမျိုးအဆင့်ထိကို ဒီအသက်အရွယ်နဲ့ရောက်နေခဲ့တာ …..ဒီကမ္ဘာပေါ်မှာ  သူ့ကိုစွဲဆောင်နိုင်မဲ့အမျိုးသမီးမျိုး

ဆိုတာရှားပါးတယ်… ဒါပေမဲ့သူနဲ့ငါက ဖြတ်သွားဖြတ်လာကြုံတဲ့သူတွေဆို

တာကိုငါနားလည်ပါတယ်…. တို့တွေဒီသွေးရောင်ကမ္ဘာထဲကနေထွက်ခွာသွားတာနဲ့  ထပ်ပြီးတော့ အပြန်အလှန် တုံ့ပြန်မှုဆိုတာတွေရှိတော့မှာမဟုတ်ဖူး”

“စီနီယာအမ ..ဘာလို့မမဘာမှမပြောရတာလဲ…အဲ့တာထက်….မမကြည့်ရာတရှက်နေတဲ့ပုံပဲ…….ညီမလေးပြောတာများမှန်သွားလို့

လား…မမတကယ်ကြီး သူ့ကိုချစ်သွားတာလား…..”

ဟုန်ယွဲ့စကားမပြောသည်ကို မြင်လိုက်ရသောအခါ စံပယ်လေးက ဆက်ပြီးမေးလိုက်သည်။

ဟုန်ယွဲ့က  စံပယ်လေးအားမျက်စောင်းထိုး

လိုက်ပြီးပြောလိုက်သည်။

“ကောင်မစုတ်လေး..အဓိပ္ပါယ်မရှိတာတွေပြောမနေနဲ့ …..လူလေးကြည့်တော့ ငယ်သေးတာကို အရမ်းလည်နေတယ်ဟုတ်လား”

ဟုန်ယွဲ့၏ ရှက်နေသော အသွင်အပြင်အားမြင်တွေ့လိုက်ရသောအခါတွင် စံပယ်လေးကပို၍ ပျော်ရွှင်စွာဖြင့်ရယ်မောလိုက်ပြီး ပြောလိုက်သည်။

“ဟီးဟီး… စီနီယာအမ….မမတော့အချစ်နွံ

ထဲကျွံသွားပြီပဲ…ဟားဟား”

……………………

ရှစ်ဖုန့်၏သွေးနီရောင်မီးတောက်

တို့လောင်ကျွမ်းမှုအောက်တွင် သွေးရောင်လင်းနို့တို့၏စိတ်မချမ်း

မြေ့ဖွယ်အော်ဟစ်သံများမှာ   ဖြည်းဖြည်းချင်းရပ်တန့်လာသည်။ လုံးဝကြားရခြင်းမရှိတော့သောအခါတွင်  ဂူအတွင်းရှိပြင်းထန်သောသွေးရောင်မီးတောက်အားလုံးက  ရှစ်ဖုန့်ထံသို့တလိပ်လိပ်ပြန်လည်ရောက်ရှိလာသည်။  အလွန်လျှင်မြန်စွာဖြင့် ၎င်းတို့မှာရှစ်ဖုန့်၏ကိုယ်အတွင်းသို့

စုပ်ယူဝင်ရောက်သွားကြသည်။ ဤအချိန်တွင် မူလကသိပ်သည်းစွာစုပြုံနေသော  သွေးရောင်လင်းနို့များမှာ  ဘာသဲလွန်စမှကျန်ရစ်နေခဲ့ခြင်းမရှိအောင်ပျောက်ကွယ်သွားကြပြီဖြစ်သည်။ မြူမှုန်တစ်မှုန်စာပင်ကျန်ရစ်နေခဲ့ခြင်းမရှိချေ။

ဤအချိန်တွင် ရှစ်ဖုန့်ကလှည့်လိုက်ပြီး သူ့နောက်တွင်ရှိနေသည့်လှပသော အနီရောင်ဝတ်အမျိုးသမီးနှစ်

ယောက်ကိုပြောလိုက်သည်။

“ကောင်းပြီ…ရှေ့ကိုဆက်သွားကြစို့  …မင်းတို့နှစ်ယောက် ငါ့နောက်ကနေကပ်ကပ်လေးလိုက်လာကြ  ငါနဲ့အရမ်းမဝေးနေစေနဲ့… ငါ့ရဲ့ သွေးမီးတောက်တွေက  မင်းတို့ကိုမထိခိုက်စေဖူး… “

အမျိုးသမီးနှစ်ယောက်ကသူနှင့်ဝေး

ကွာသွားသည့်အခါတွင် သူ့အနေဖြင့်၎င်းတို့အားမကာကွယ်နိုင်မည်ကို ရှစ်ဖုန့်ကြောက်မိသည်။  ထို့ပြင်ဤနေရာ၌ သူတို့၏ရှေ့တွင် မလိုလားအပ်သောအန္တရာယ်များပေါ်လာနိုင်သည်ဖြစ်လေသည်။ကျောက်နံရံ၏

နောက်ကွယ်မှဖြစ်စေ  သို့မဟုတ် မြေအောက်ထဲမှဖြစ်စေ၎င်းတို့ပေါ်

လာနိုင်သည်ဖြစ်၏။

“အိုး”

ရှစ်ဖုန့်၏စကားအားကြား

လိုက်ရသောအခါတွင်  ဟုန်ယွဲ့က သူမ၏ခေါင်းကိုညိမ့်လိုက်သည်။ စံပယ်လေး၏စနောက်မှုအား ခံရပြီးသည့်နောက်တွင် သူမအနေဖြင့်ရှစ်ဖုန့်အားတည့်

တည့်ကြည့်ရဲခြင်းမရှိ်ချေ။

“စီနီယာအမ..နောက်ကနေကပ်ကပ်လေးလိုက်”

ဤအချိန်တွင်  စံပယ်လေး၏နူးညံ့သိမ်မွေ့သောအသံက သူမ၏နားအတွင်းသို့တိတ်တဆိတ်ဝင်ရောက်လာသည်။

“ကောင်မစုတ်လေး… မင်းကိုငါမရိုတာကြာလို့နဲ့တူတယ်….မင်းအရေတော်တော်လေးထူနေပါလား”

ဟုန်ယွဲ့ ဒေါသထွက်ဟန်ဆောင်လိုက်ပြီး စံပလေးကိုပြောလိုက်သည်။  သူမကလက်ကိုဆန့်ထုတ်၍ စံပယ်လေးအား ကလိထိုးလိုက်သည်။

“ဟီးဟီး… မလုပ်ပါနဲ့…မလုပ်ပါနဲ့… အား..အား….စီနီယာအမ…ဒီလိုမျိုးမလုပ်ပါနဲ့…………ညီမလေးမှားပါတယ်…ဟီးဟီး…”

စံပယ်လေးက ရယ်မောရင်းသကဲ့သို့ရှစ်ဖုန့်၏နောက်၌ ပုန်းလိုက်သည်။

အမျိုးသမီးနှစ်ယောက်၏ဤကဲ့သို့ပြုမူနေသည်အားတွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်မှာ ဆွံ့သွားခဲ့သည်။ ဤအရာကမည်ကဲ့သို့သော

အခြေအနေမျိုးနည်း။ ဤနေရာ၌ အန္တရာယ်များမှာဘက်ပေါင်းစုံမှ

ရှိလာနိုင်သည်ဖြစ်သည်။ သို့သော်သူမတို့၌  ကစားရန်စိတ်ရှိနေကြသေးသည်။

ရှစ်ဖုန့်ကူကယ်ယာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။ ရှစ်ဖုန့်ကပြန်လှည့်လိုက်ပြီးနောက်  ဂူအတွင်းသို့ဆက်လက်၍ လျှောက်လှမ်းသွားလိုက်သည်။ သူအတွင်းပိုင်းသို့ပိုပြီးရောက်လေအလင်းရောင်ပိုပြီးမှိန်ဖျော့လာလေဖြစ်သည်။ ဖြည်းဖြည်းချင်းလှိုင်ဂူမှာ ပိန်းပေါက်အောင်မည်းမှောင်လာသည်။

“ဟုန်း”

ရှစ်ဖုန့်၏လက်ဖဝါးတွင် အဖြူရောင်မီးတောက်အမျှင်

စုတစ်ခုထွန်းညှိတောက်လောင်လာသည်။ နက်မှောင်နေသောဂူမှာ  မီးတောက်၏ထွန်းလင်းတောက်ပမှု

အောက်တွင် ရုတ်ခြည်းဖြူဖွေးလင်းထိန်သွားသည်။

ထို့နောက်တွင်သူတို့  ဂူအတွင်းပိုင်းသို့ပို၍ နက်ရှိုင်းစွာ  ဝင်သွားလိုက်ကြသည်။ သူမြင်နိုင်သောအတိုင်းအတာအရ  ဤဂူမှာပြင်ပကမ္ဘာတွင်ရှိသောဂူများနှင့်များစွာကွာခြားခြင်းမရှိပေ။ ကျောက်နံရံနှင့်မြေပြင်များသာလျှင်သွေးနီရောင်ဖြစ်နေခြင်းဖြစ်သည်။ ထို့နောက်တွင်ကျောက်နံရံပေါ်ရှိ နံရံဆေးရေးပန်းချီတစ်ခုအားသူ

တို့ဖြည်းဖြည်းချင်းရှာဖွေတွေ့ရှိလာသည်။

နှစ်ပေါင်းများစွာတိုင်အောင်

တည်ရှိနေခဲ့ပြီးသည့်နောက်တွင်  နံရံဆေးရေးပန်းချီမှာရှင်းလင်းစွာမြင်တွေ့ရခြင်းရှိမနေတော့ပေ။ သို့သော်ယဇ်ပလ္လင်ပေါ်၌ နတ်ဘုရားတစ်ပါးကဲ့သို့ ဝင့်ကြွားစွာရပ်နေသော လူတစ်ယောက်၏ပုံကိုတော့ကောင်းစွာမြင်တွေ့နိုင်သေးသည်ဖြစ်သည်။ သူ၏အောက်တွင် ဒူးထောက်နေကြသောသိပ်သည်း

သည့်လူအုပ်ကြီးရှိနေပြီး သူတို့အားလုံးကထိုသူအားရှိခိုး

ဂါရဝပြုနေကြသည်။

“ဒီဂူ အပျက်အစီးတွေရဲ့နောက်မှာရှိနေခဲ့တာကြောင့် ဒီပုဂ္ဂိုလ်က ဒီနေရာမှာနေထိုင်ခဲ့တဲ့  ဘုရင်များဖြစ်နေနိုင်မလား”

ဟုန်ယွဲ့ကနံရံပေါ်တွင်ရှိနေသော နံရံဆေးရေးပန်းချီများအားကြည့်၍

ခန့်မှန်းလိုက်သည်။

“ဖြစ်နိုင်လောက်တယ်”

ရှစ်ဖုန့်ကပြောလိုက်သည်။ သူ့အနေဖြင့်ဤသမိုင်းကြောင်းများအား ဂရုစိုက်ခြင်းမရှိချေ။ ဤအချိန်တွင်သူဂရုစိုက်သောအရာမှာ ဤဂူအတွင်း၌ သူ၏ခွန်အားအားတိုးမြှင့်ပေးနိုင်သော

ရတနာတစ်ခုရှိမိရှိပင်ဖြစ်သည်။

“ဘယ်လိုလဲ..ခင်ဗျားတစ်ခုခု

ကိုအခုအာရုံခံမိသေးလား.. “

ရှစ်ဖုန့်ကသူ၏ကိုယ်အတွင်းတွင်ရှိနေသော  ကောင်းကင်မီးတောက်ကိုဆက်သွယ်၍ မေးလိုက်သည်။

“အထဲပိုနက်တဲ့နေရာထိသွားပြီးကြည့်ကြစို့….ဒီဂူကအရမ်းကိုရှည်လျားတယ်… ငါအရင်ကဆန်းကြယ်တဲ့

ရောင်ဝါကိုအာရုံခံမိပေမဲ့ ….အဲ့တာကအခုပျောက်သွားတယ်…အဲ့တာကဘယ်မှာလဲဆိုတာကိုငါမသိဘူး….”

ကောင်းကင်မီးတောက်ကပြောလိုက်သည်။

ဆက်ရန်…..

ဘာသာပြန်သူ-ARISE

All Chapters