← Chapters

ကောင်းကင်မိုးကြိုးခန်းမမှသတင်း

Vol. 12 Ch. 164

ကောင်းကင်မိုးကြိုးခန်းမမှသတင်း

Vol. 12 Ch. 164

အခန်း (၁၆၄) ကောင်းကင်မိုးကြိုးခန်းမမှသတင်း

ယခုတစ်ကြိမ် ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတက်‌ရောက်ကြသူများထဲတွင် ကောင်းကင်ချိတ်ဆက်သိုင်းပညာရှင်များ ပါဝင်ကြသည့်တိုင် မည်သူမှ ရန်ကျောက်ကဲကို မယှဉ်နိုင်ကြသည်မှာထင်ရှားသည်။

ကောင်းကင်ချိတ်ဆက်အဆင့် သိုင်းပညာရှင်အများစုက တံခါးပိတ်ကျင့်ကြံနေလေ့ရှိကြပြီး ပြင်ပလောကသို့ ထွက်လာခဲသည်။ သို့သော် ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲကတော့ ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်၏။

အထူးသဖြင့် လက်ရှိ အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးက အခြေအနေများ တင်းမာနေလေရာ ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲက ပိုမိုအ‌ရေးပါလာသည်။

စွမ်းအားအရ ပြောရမည်ဆိုလျှင် ရန်ကျောက်ကဲသည် ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲသို့ လာရောက်ကြသည့် သူရဲကောင်းများအလယ်တွင် အောင်နိုင်သူ ဖြစ်မလာနိုင်ပေ။

သို့သော် ရှန်းထျန်း‌နှောင်းပိုင်းအဆင့် သိုင်းပညာရှင် လျိုရှန်းဖုန်းကို အနိုင်ယူပြီးသည့်နောက် အခြေအနေက တစ်မျိုးပြောင်းလဲသွားသည်။

လျိုရှန်းဖုန်းသည် ရှန်ထျန်းနှောင်းပိုင်းအဆင့် သိုင်းပညာရှင်တစ်ယောက်မျှသာ မဟုတ်ပေ။

လျိုရှန်းဖုန်းသည် အဆုံးမဲ့တောင်တန်းမှ ပင်မတိုက်ရိုက်တပည့်ဖြစ်ပြီး အလွန်စွမ်းအားမြင့်မားသူဖြစ်သည်။ သူ့ကို အဆင့်တူ ရှန်ထျန်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူများ ဝိုင်းဝန်းတိုက်ခိုက်လျှင်ပင် သူ့တစ်ယောက်တည်းစွမ်းအားဖြင့် အားလုံးကို အနိုင်ယူနိုင်သူ ဖြစ်၏။

ရှဲ့ယိုချန်သည်ပင် လျိုရှန်းဖုန်းနှင့် ယှဉ်ပြိုင်မည်ဆိုပါက နိုင်ခြေ (၅၀) ရာနှုန်းသာရှိပြီး တိုက်ပွဲတွင် လိုက်လျောညီထွေဖြစ်အောင် တိုက်ခိုက်နိုင်သူက အနိုင်ရသွားမည် ဖြစ်သည်။

ထို့ကြောင့် ရှဲ့ယိုချန်သည် ရန်ကျောက်ကဲ၏ အောင်မြင်မှုကို အမှန်တကယ်ပင် သဘောကျလျှက် ရှိသည်။ ထို့အတူ သူမဘေးမှ ကျန်းယောင်မှာလည်း ရန်ကျောက်ကဲကို လေးစားမှုအပြည့်ဖြင့် ကြည့်နေလေသည်။

ရန်ကျောက်ကဲက လျိုရှန်းဖုန်းချန်ထားခဲ့သည့် မြင့်မားတောင်တန်းမှော်ဝင်သံချပ်ကာကို သိမ်းဆည်းလိုက်သည်။ ရှန်းရှီဝမ်က ထိုပစ္စည်းကို ရန်ကျောက်ကဲပိုင်ဆိုင်ပြီဟု ယခုပင် ဆုံးဖြတ်ပေးသွားခဲ့ပြီ မဟုတ်ပါလား။

“အဟမ်း... ငါတော့ တိုက်ပွဲအောင်မြင်လို့ရတဲ့ပစ္စည်းတွေ တော်တော်များနေပြီ ၊ ထိပ်သီးသိုင်းဂိုဏ်းအသီးသီးရဲ့ သင်္ကေတဖြစ်တဲ့ ဒီလက်နက်တွေက သိပ်ကိုတောက်ပနေတာပဲ ၊ ဒါတွေကိုလိုက်ပြပြီး ကြွားလုံးထုတ်မယ်ဆိုရင်တော့ ဝိုင်းရိုက်ခံရနိုင်တယ်”

သံချပ်ကာကို စနစ်တကျသုံးဆည်းရင်း ရန်ကျောက်ကဲနှုတ်ခမ်းများ တွန့်ကွေးသွားသည်။

ပြီးမှ သူက ရှဲ့ယိုချန်ကို လှည့်ကြည့်ကာ ပြုံးပြလိုက်ရင်း...

“အစ်မ’ရှဲ့’က ကျွန်တော့်ကို ချီးကျူးလွန်းနေပါပြီ”

ထို့နောက် သူက ပတ်ဝန်းကျင်အခြေအနေကို တစ်ချက်အကဲခတ်လိုက်ရင်း တောင်းပန်စကားဆိုသည်။

“ကျွန်တော်မွေးမယ့်ကောင်ကြီးကြောင့် ပျက်စီးတာထက် ကျွန်းတစ်ခုလုံး ကျွန်တော့်ကြောင့်ပျက်စီးတာက ပိုများသွားပြီ”

ပန်ဒါကြီးက ရန်ကျောက်ကဲကို ခေါင်းဖြင့်ဝှေ့ရင်း မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြသည်။ သူ့ကိုကြည့်ရသည်မှာ အလွန်အပြစ်ကင်းစင်ဟန်ပင်။

ရှဲ့ယိုချန်က...

“ကိစ္စမရှိပါဘူး ၊ လျိုရှန်းဖုန်းပြဿနာရှာလို့ဖြစ်ရတယ်ဆိုတာ အားလုံးသိပါတယ် ၊ လျော်ကြေးတောင်းဖို့အတွက် ငါတို့ဂိုဏ်းကအကြီးအကဲတွေက ရှန်းရှီဝမ်ကို ဆက်သွယ်ပါလိမ့်မယ်”

ကိစ္စများပြီးသွားသည်နှင့် ကြည်လင်လျှို့ဝှက်ကျွန်းသို့ ပြန်ရန် ပြင်ဆင်ကြသည်။

သူတို့အားလုံး ဧရာမပန်ဒါကြီး၏ ကျောပေါ်တွင်ထိုင်လိုက်ကြသည်။ ပန်ဒါကြီးက ‌ရေမကြောက်ဘဲ ရေကန်ကိုဖြတ်သန်းပြီး သူတို့အားလုံးကို ခေါ်ဆောင်သွားသည်။

တစ်ခုတည်းသောချွင်းချက်ကတော့ သက်လတ်ပိုင်းလူရွယ်သိုင်းသမား ဖြစ်၏။ ပန်ဒါကြီးက သူ ကျင့်ကြံခြင်းအဆင့်တက်နေချိန် မြားဖြင့်ချောင်းပစ်ခဲ့သော ထိုသူကို မှတ်မိနေပြီး ကျောပေါ် အတက်မခံခဲ့ပေ။

သို့သော် သူက အနက်ရောင်ရေစီးကြောင်းတစ်ခုကို ဆင့်ခေါ်ပြီး သူ့နောက်ကျောပေါ်မှလူများနှင့် ဘေးချင်းယှဉ်ကာ ခေါ်ဆောင်လာပြီး ကြည်လင်လျှို့ဝှက်ကျွန်းရှိရာသို့ ပြန်ခဲ့ကြသည်။

လှိုင်းနက်‌ဂေဟာ၏ ခွင့်ပြုချက်ဖြင့် ရတနာပစ္စည်းလာရောက်ရှာဖွေသူ သိုင်းသမားမှာ တစ်စုံတစ်ယောက် ဖမ်းဆီးနှိပ်စက်ခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိသွားသည်ဖြစ်ရာ လှိုင်းနက်ဂေဟာက ထိုသူအတွက်လည်း လျော်ကြေးပေးရန် စဉ်းစားရမည် ဖြစ်သည်။

ထို့ပြင် သူ၏ဒဏ်ရာများက ပြင်းထန်လွန်းသဖြင့် အချိန်မီဆေးမကုသနိုင်လျှင် အသက်အန္တရယ် ရှိနိုင်သည်။

ထို့ကြောင့် ရှဲ့ယိုချန်က ထိုသူကို ကြည်လင်လျှို့ဝှက်ကျွန်းသို့ ခေါ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ကျန်းယောင်ကတော့ ကြီးမားသည့် ပန်ဒါကြီး၏ကျောပေါ်မှာ ထိုင်နေရသည့်အတွက် အလွန်ပျော်ရွှင်နေဟန်ရှိသလို အားဟူကလည်း သဘောကျစွာဖြင့် အဆက်မပြတ် ရယ်မောလျှက်ရှိသည်။ တကယ်တော့ ဖီရှိုးဆိုသည်က ရှားပါးသတ္တဝါတစ်ကောင်ပင်။

ရန်‌ကျောက်ကဲက သူ့အောက်တွင်ရှိသော ဆင်ငယ်တစ်ကောင်အရွယ်အစားရှိသည့် ပန်ဒါကြီးကိုကြည့်ရင်း မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

“ဒီကောင်ကြီးက နည်းနည်းတော့ ထူးဆန်းတယ်”

အတွေးနှင့်အတူ အခြားသူများကို တစ်ချက်အကဲခတ်ကြည့်လိုက်သည်။

ကျန်လူများအားလုံးက ဘာကိုမှ သတိမထားမိဘဲ ပျော်ရွှင်နေကြလေရာ ရန်ကျောက်ကဲလည်း စိတ်ထဲတွင် နေလို့ထိုင်လို့ ကောင်းလာသည်။

သူက ရှဲ့ယိုချန်ကို လှမ်းကြည့်ရင်း...

“အစ်မ’ရှဲ့’ ၊ အစ်မတို့ဆီမှာ သွေးနီမီးတောက်သံမဏိနဲ့ အလင်းအေးသံမဏိတွေ ရှိလား”

ရှဲ့ယိုချန်က...

“ဒီသတ္တုပစ္စည်း (၂)မျိုးလုံးက ထုတ်လုပ်မှုပမာဏများပြားသလို အရမ်းလည်းအသုံးများတယ် ၊ ကြည်လင်လျှို့ဝှက်ရေကန်အနီးတစ်ဝိုက်မှာ အဲဒီသတ္တုတွေထွက်တဲ့ ကျောက်ကျင်းတွေ မရှိပေမယ့် သိုလှောင်ထားတာတွေတော့ ရှိပါတယ် ၊ မင်း လိုချင်လို့လား”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ဒါဆို အစ်မ’ရှဲ့’ကိုပဲ ဒုက္ခပေးရတော့မှာပဲ ၊ သတ္တုတွေအတွက်တန်ဖိုးကတော့ အစ်မတို့ဂိုဏ်းဘက်က မနစ်နာစေရပါဘူးဗျာ”

ရှဲ့ယိုချန်က ပန်ဒါးကြီးကိုကြည့်ကာ ပြုံးလိုက်ရင်း...

“ဒီကောင်ကြီးကို အစာကျွေးဖို့အတွက်လား ၊ ဒါဆိုရင်တော့ လုပ်ပေးရမှာပေါ့”

ရန်ကျောက်ကဲက မချိပြုံးပြုံးလိုက်ရင်း...

“သူ့အတွက်ပဲပေါ့ဗျာ... ဟုတ်တယ်မလား”

ထို့နောက် ပျော်ရွှင်စွာ စကားစမြည် ပြောဆိုကြရင်း ကြည်လင်လျှို့ဝှက်ကျွန်းသို့ ပြန်ရောက်လာကြသည်။

ရန်ကျောက်ကဲက ရှဲ့ယိုချန်နှင့် ကျန်းယောင်တို့ကို နှုတ်ဆက်ပြီး အားဟူနှင့် ပန်ဒါကြီးကိုခေါ်ကာ သူနေထိုင်ရာ ဝါးအိမ်လေးဆီသို့ ပြန်လာခဲ့သည်။

ဝါးအိမ် ဒုတိယထပ်သို့ရောက်သည့်အခါ အခန်းထဲတွင် လူတစ်ယောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

ထိုသူက ပြတင်းတံခါးမှတစ်ဆင့် အဝေးတစ်နေရာရှိ ရေကန်ဆီသို့ ငေးကြည့်နေလေသည်။

ရန်ကျောက်ကဲ ဝင်လာသည်နှင့် ထိုသူက လှည့်ကြည့်လာပြီး...

“ကျောက်ကဲ... မင်း ပြန်လာပြီလား”

ထိုသူသည် ခန္ဓာကိုယ် ပိန်ပိန်ပါးပါးဖြင့် ဉာဏ်ပညာနှင့်ပြည့်စုံသည့် အသွင်အပြင်ရှိကာ ရှည်လျားသည့် မုတ်ဆိတ်မွေးများက ရင်ဘတ်ထက်သို့ပင် ကျဆင်းနေသည်။

အခြားသူမဟုတ် ၊ ဖန်ကျွင်းပင် ဖြစ်၏။

ရန်ကျောက်ကဲက ဦးညွှတ်လိုက်ရင်း...

“ဒုတိယဆရာဦးလေး...”

ဖန်ကျွင်းက...

“အဆုံးမဲ့တောင်တန်းက လျိုရှန်းဖုန်းရဲ့ကိစ္စ ငါသိပြီးပါပြီ ၊ မင်းအမှားမဟုတ်တဲ့အတွက် ဘာမှစိတ်ထဲမထားနဲ့ ၊ အခု ငါရောက်လာတာက တခြားကိစ္စရှိလို့ပဲ”

ရန်ကျောက်ကဲက ဖန်ကျွင်းစကားကို တိတ်ဆိတ်စွာနား‌ထောင်ရင်း ခေါင်းညိတ်လိုက်သည်။

ဖန်ကျွင်းက ဖြည်းညင်းသည့်လေသံဖြင့်...

“ငရဲမှာ မငြိမ်မသက်ဖြစ်အောင်လုပ်နေတဲ့ ချောက်နက်ဖျက်စီးရေးအဖွဲ့အစည်းနဲ့ပတ်သက်တဲ့ အရေးကြီးသတင်းတစ်ခုကို ကောင်းကင်မိုကြိုးခန်းမက ရရှိထားတယ်”

ရန်ကျောက်ကဲ၏မျက်နှာ တည်ကြည်လေးနက်သွားပြီး...

“ချောက်နက်ဖျက်စီးရေးအဖွဲ့အစည်း... ဟုတ်လား”

ဖန်ကျွင်းက ခေါင်းညိတ်ရင်း...

“အမှန်ပဲ ၊ ဒီအဖွဲ့အစည်းရဲ့ ကျူးကျော်မှုက ငါတို့ထင်ထားတာထက်တောင် ပိုပြီးနက်ရှိုင်းနေတယ် ၊ သူတို့က ငါတို့ကို သ‌ဘောမကျတဲ့သိုင်းသမားတွေကို စုစည်းနေရုံသာမက ထိပ်သီးသိုင်းဂိုဏ်း (၆)ခုထဲကိုတောင် စိမ့်ဝင်နေကြပြီ”

ဖန်ကျွင်းက ဆက်ပြောသည့်အခါ ရန်ကျောက်ကဲ မျက်ဝန်းများ အနည်းငယ် လှုပ်ခါသွားသည်။

“ကောင်းကင်မိုးကြိုးခန်းမမှာ သူလျိုလုပ်နေတဲ့ ချောက်နက်ဖျက်စီးရေးအဖွဲ့အစည်းကလူတစ်ယောက်ကို ဖမ်းမိပြီး စုံစမ်းစစ်ဆေးရာကနေ အသုံးဝင်တဲ့ သတင်းအတော်များများကို သိခဲ့ကြရတယ် ၊ ချောက်နက်ဖျက်စီးရေးအဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်က ဒဏ္ဍာရီထဲက ငရဲကိုးထပ်ကို အစွန်းရောက်ရှစ်ပါးကမ္ဘာဆီ ခေါ်သွင်းလာဖို့ပဲ

ဖန်ကျွင်း၏ မျက်နှာအမူအရာက အလွန်တည်ကြည်လေးနက်နေသည်။

ရန်ကျောက်ကဲစိတ်ထဲ အတွေးပေါင်းများစွာ ဖြတ်သန်းသွားပြီး သူ၏မျက်နှာက တည်ငြိမ်နေသည်။

“မြေကမ္ဘာနယ်မြေမှာ ငရဲကိုးထပ်ကိုဦးတည်တဲ့ အက်ကြောင်းတစ်ခု ရှိနိုင်တယ် ၊ ဒါပေမဲ့ မသိရတဲ့အကြောင်းရင်းတွေကြောင့် အဲဒီအက်ကြောင်းကို စွမ်းအားတစ်မျိုးနဲ့ တားဆီးပိတ်ပင်ထားတယ်”

ရန်ကျောက်ကဲက မျက်ခုံးများကို တွန့်ချိုးလိုက်ရင်း...

“ချောက်နက်ဖျက်စီးရေးအဖွဲ့အစည်းရဲ့  အဆုံးစွန်ရည်ရွယ်ချက်က အဲဒီအက်ကြောင်းကို ဖွင့်ပြီးတော့ ငရဲကိုးထပ်ကို ဒီလောကထဲ ဆွဲသွင်းဖို့ ဆိုတော့...”

“နတ်ဆိုးတွေက လူသားတွေကို လှည့်ဖြားတဲ့နေရာမှာ သိပ်ကျွမ်းကျင်တယ် ၊ သူတို့က လူတွေရဲ့ စိတ်ထဲက ဟာကွက်တွေထဲကို ဝင်ရောက်ပြီး လူသားတွေကို နတ်ဆိုးဖြစ်အောင် လုပ်နိုင်စွမ်းရှိသလို သူတို့ကိုယ်သူတို့ ဖုံးကွယ်တဲ့နေရာမှာလည်း အရမ်းတော်တယ် ၊ ဒါကြောင့် သူတို့ကို ဆန့်ကျင်ဖို့က အတော်လေးခက်ခဲတယ်”

“တစ္ဆေရဲဒင်းအဘိုးအို ဟန်ရှန်းကတော့ နတ်ဆိုးအဖြစ် ပြောင်းလဲမခံရသေးဘူး ၊ ဒါပေမဲ့ သူကတော့ အစွန်းရောက်ယုံကြည်ချက်ရှိတဲ့သူဖြစ်လို့ နတ်ဆိုးတွေဘက်က လှုပ်ရှားပေးနေတာ ၊ သူတို့လိုလူတွေက လက်ရှိ  အစွန်းရောက်ရှစ်ပါးကမ္ဘာရဲ့ အာဏာချိန်ခွင်လျှာကို ပြောင်းလဲပြီး မိုးမြေရဲ့ဆန္ဒကို ဆန့်ကျင်ချင်တာ ၊ အနာဂတ်အသစ်အတွက် တိုက်ပွဲဝင်နေကြတယ် ဆိုပါတော့”

“ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ခုကလည်း အာဏာကို ဆုပ်ကိုင်ထားဖို့ စိတ်ထဲမှာ သံမှိုဆွဲနေတော့ ကိုယ့်ကိုယ်လှည့်စားရင်း လောက အတော်မသတ်နိုင်ဘူး ၊ ဒီတော့ ပြဿနာထဲကို နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လာသလို ဖြစ်တာပဲ”

ရန်ကျောက်ကဲစိတ်ထဲ မရေမတွက်နိုင်သည့်အတွေးများ ဖြတ်သန်းသွားပြီးနောက် သူက ငြိမ်သက်သည့်အကြည့်ဖြင့် ဖန်ကျွင်းကို လှမ်းကြည့်သည်။

အရေးကြီးကိစ္စဖြစ်သည့်အတွက် ရန်ကျောက်ကဲ သေသေချာချာ အတွေးနက်နေသည်ကို ဖန်ကျွင်းကလည်း စောင့်ဆိုင်းနေသည်။

ရန်ကျောက်ကဲ သတိပြန်ဝင်လာတော့မှ သူက စကားဆက်ပြော၏။

“ကောင်းကင်မိုးကြိုးခန်းမကတော့ တချို့ကိစ္စတွေ ဖုံးကွယ်ထားပေမယ့် မိုးကြိုးနယ်မြေမှာရှိတဲ့ ငါတို့ထောက်လှန်းရေးတွေရဲ့ တင်ပြချက်အရ ချောက်နက်ဖျက်စီးရေးအဖွဲ့အစည်းကသူလျိုကို ဖမ်းပေးခဲ့တဲ့သူက လင်ထျန်းဖုန်းလို့ဆိုတယ် ၊ ဆိုတော့... ကောင်းကင်မိုကြိုးခန်းမရဲ့ နောက်တက်မယ့်ဂိုဏ်းချုပ်နေရာအတွက် သူ့ဘက်က အားသာချက်တွေတိုးလာပြီ”

ရန်ကျောက်ကဲ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။

လင်ထျန်းဖုန်းဆိုသည်မှာ မိုးကြိုးသခင်လေး’လင်ကျိုး’၏ ဖခင်ဖြစ်သည်။

ရန်ကျောက်ကဲက ဖန်ကျွင်းကို ကြည့်ရင်း...

“ကောင်းကင်မိုးကြိုးခန်းမမှာ ချောက်နက်ဖျက်စီးရေးအဖွဲ့အစည်းက သူလျိုရှိနေတယ်ဆိုတော့ ကျန်တဲ့ ထိပ်သီးသိုင်းဂိုဏ်းကြီး (၅)ခုမှာလည်း သူလျိုတွေ ရှိနေနိုင်တာပဲ ၊ အခု သူတို့က သူလျိုကို ဖမ်းမိတယ်ဆိုတော့ အသုံးဝင်တဲ့သတင်းတွေ အများကြီးရထားတယ် ၊ အဲဒီထဲမှာ တခြားဂိုဏ်းကြီး (၅)ဂိုဏ်းမှာရှိနေတဲ့ သူလျိုတွေရဲ့ ကိုယ်ရေးအချက်အလက်တွေရော ပါဝင်နေမလား”

“အမှန်ပဲ”

ဖန်ကျွင်းက လေသံကို အနည်းငယ်နှိမ့်လိုက်ရင်း...

“ပြီးတော့ ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲကျင်းပမယ့် ဒီ ကြည်လင်လျှို့ဝှက်ရေကန်ကို ချောက်နက်ဖျက်စီးရေးအဖွဲ့အစည်းက ဖျက်စီးဖို့ ကြံစည်နေကြတယ်”

All Chapters