← Chapters

အပိုင်း (၂၃၁)

Vol. 16 Ch. 231

အပိုင်း (၂၃၁)

Vol. 16 Ch. 231

ရှစ်ဖုန့်နှင့် အခြားသူနှစ်ယောက်တို့  ဂူအနက်ပိုင်းသို့ပိုပြီးသွားလေ သူတို့အနေဖြင့်  သွေးနီရောင်နံရံပေါ်တွင်ရှိနေသော နံရံဆေးရေးပန်းချီများအားပိုပြီး

မြင်ရလေဖြစ်သည်။ ၎င်းတို့ကပို၍ရှင်းလင်းသည်ထက်

ရှင်းလင်လာကြသည်။ ၎င်းတို့ကရွှန်းစိုတောက်ပနေပြီး

အသက်ဝင်လှသည်ဖြစ်သည်။ အချို့နံရံဆေးရေးပန်းချီများမှာ

လူသားပုံးမျာဖြစ်ကြပြီးအချို့က  နတ်ဆိုးသားရဲများအားထိန်းချုပ်သည့်ပုံများဖြစ်သည်။ နံရံဆေးရေးပန်းချီများထဲမှတစ်ခုတွင် ဓားရှည်တစ်ချောင်းကိုကိုင်ဆောင်ပြီး ဟင်းလင်းပြင်ထဲ၌ ဝင့်ကြွားစွာရပ်နေသည့်လူ

တစ်ယောက်၏ပုံကိုရေးဆွဲထားသည်။

ထို့နောက်တွင်  နံရံဆေးရေးပန်းချီတစ်ခုပြီးတစ်ခုမှာ

ထိုအချိန်ကာက ဖြစ်ရပ်များအကြောင်းကို ပြောပြနေသည်။ ထိုပုဂ္ဂိုလ်ပေါ်လာပြီးသည့်နောက်တွင်သူစတင်၍သတ်ဖြတ်ခြင်းနှင့်ဖျက်ဆီး

ခြင်းတို့ကိုပြုလုပ်တော့သည်။ ထိုလူ၏တရစပ်တိုက်ခိုက်မှုများအောက်တွင်  အဆောက်အဦးများမှာဖျက်ဆီးခံရပြီး လူများက သူ၏ဓားချက်အောက်တွင်

သေကြေပျက်စီးကြကာ  အလောင်းများကလည်းရှုံ့တွခြောက်သွေ့သောအလောင်းများအဖြစ် တစ်ခုပြီးတစ်ခုပြောင်းလဲသွားကြသည်။ ထိုလူ၏လက်ထဲတွင်ကိုင်

ဆောင်ထားသောဓားနှင့် ခြောက်သွေ့သွားသောအလောင်းများ

မှာအမျိုးသမီးနှစ်ယောက်အတွက်အရမ်းကိုရင်းနီးနေလေသည်။ သူတို့နှစ်ယောက်လုံးက ရှစ်ဖုန့်အားကြည့်လိုက်ကြသည်။

ရှစ်ဖုန့်သည်လည်းဤဓားအား

မှတ်မိသည်ဖြစ်သည်။ ဓား၏ပုံသဏ္ဍန်နှင့်ခြောက်သွေ့သောအလောင်းများအရ ထိုဓားမှာသူယခုပိုင်ဆိုင်ထားသော သွေးဓားဖြစ်သည်ဟုရှစ်ဖုန့်ခန့်မှန်းလိုက်သည်။

ထိုလူကားသွေးပန်းခက်ကလန်၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်လိမ့်မည်ဖြစ်သည်။

“ခင်ဗျားရဲ့သွေးပန်းခက်မျိုးနွယ်စုက လူဒီကမ္ဘာကိုရောက်လာခဲ့တာကို ကျုပ်မသိလိုက်ဖူး..ခင်ဗျားနံရံဆေးရေးပန်းချီထဲက  လူကိုသိလား”

ရှစ်ဖုန့်က ကောင်းကင်မီးတောက်အား

ဆက်သွယ်၍မေးမြန်းလိုက်သည်။

“ဟင့်အင်း .ဒါပေမဲ့ သူကမြင့်မြတ်ဓားနဲ့အတူရောက်

လာခဲ့တာကြောင့်  သူသရုပ်မှန်ကသာမန်ထက်တောသာလွန်မှာပဲ..သူကသွေးပန်းခက်မျိုးနွယ်စုရဲ့

ဆက်ခံသူတစ်ယောက်ဖြစ်လိမ့်မယ်”

ကောင်းကင်မီးတောက်ကပြောလိုက်သည်။

ထို့နောက်တွင်  ယဇ်ပလ္လင်ထက်၌ ဝင့်ကြွားစွာရပ်နေပြီး လူအများ၏ရှိခိုးဂါရဝါပြုမှုကိုခံ

ယူခဲ့သောသူကပေါ်လာပြီး သွေးပန်းခက်မျိုးနွယ်မှလူနှင့်

တိုက်ခိုက်သည်ကိုရှစ်ဖုန့်တွေ့လိုက်ရသည်။

“သူက သွေးပန်းခက်မျိုးနွယ်ကဆက်ခံ

သူနဲ့တောင်တိုက်ခိုက်နိုင်တယ်ဆိုတော့ သူရဲ့ခွန်အားကသေချာပေါက်သာ

မန်ထက်ကိုသာလွန်နေလိမ့်မယ်… ဒီသွေးနီရောင်ကမ္ဘာကအဲလူဖန်တီးခဲ့တာတောင်ဖြစ်နေနိုင်လောက်တယ်”

ရှစ်ဖုန့်ကတွေးလိုက်သည်။ ထို့နောက်တွင်သူနံရံဆေးရေးပန်းချီများအားတစ်ခုပြီးတစ်ခုကြည့်လိုက်သည်။နောက်ဆုံးသောနံရံဆေးရေးပန်းချီအချို့က  သူတို့နှစ်ဦးကြားရှိတိုက်ပွဲအား ပုံဖော်ထားသောပန်းချီများဖြစ်ကြသည်။ သို့သော်ထို့နောက်တွင် နံရံဆေးရေးပန်းချီတို့မှာရုတ်တ

ရက်ပျောက်ကွယ်သွားသည်။ မြေပြင်ပေါ်တွင်ဆွေးမြေ့နေသည့်ပုံစံရသော အရိုးစုတစ်ခုရှိနေသည်။

ဤအရိုးစု၏ပိုင်ရှင်ဖြစ်သူမှာ ဤနံရံပန်းချီများအားပုံဖော်ခဲ့သူ

ဖြစ်ပုံရသည်။သို့သော်  ဤနံရံပန်းချီများမျာတစ်ဝက်

တစ်ပျက်သာပြီးဆုံးသေးပြီး သူ့အနေဖြင့် အကြောင်းပြချက်တစ်ချို့ကြောင့် ဤနေရာ၌ ရုတ်တရက်သေဆုံးသွားရပုံရသည်။မည်သူကအနိုင် မည်သူကအရှုံး  နှင့် တိုက်ပွဲအဆုံးသတ်ကဘာဖြစ်သည်

ဆိုသည်တို့က ဤနေရာတွင်အဆုံးသတ်

သွားခဲ့ပြီဖြစ််လေသည်။

“သူက သွေးပန်းခက်မျိုးနွယ်စုရဲ့စွမ်းအားနဲ့ အသတ်ခံခဲ့ရတာ”

ကောင်းကင်မီးတောက်ကရုတ်

တရက်ပြောလိုက်သည်။

ကောင်းကင်မီးတောက်၏စကားအားကြားလိုက်ရပြီးသည့်နောက်ရှစ်ဖုန့်တိတ်ဆိတ်စွာဖြင့်ခေါင်းညိမ့်လိုက်သည်။ သူက သွေးပန်းခက်မျိုးနွယ်စုကြောင့် အသတ်ခံရသည်ဟုပြောသည်ဆိုလျှင်

အမှန်ပင်ဖြစ်ရမည်ဖြစ်သည်။

ရလဒ်အနေဖြင့်ရှစ်ဖုန့်က ဘယ်သူသေသည် ဘယ်သူရှင်သည် ဘယ်သူရှုံးသည် ဘယ်သူနိုင်သည်အားဂရုမစိုက်ပေ။ သွေးပန်းခက်ကလန်မှမျိုးနွယ်စုကဝင်

ကဤနေရာသို့ မြင့်မြတ်ဓားနှင့်အတူတူလာခဲ့ပြီး

ဤနေရာတွင်ရှိနေသောအခြားသောကျွမ်းကျင်သူနှင့် တိုက်ပွဲကြီးတစ်ခုကိုဆင်နွှဲခဲ့သောကြောင့် မြင့်မြတ်ဓား၏အပိုင်းအစက

ဤနေရာကျန်ရစ်နေခဲ့ခြင်းမှာ

ပုံမှန်သာဖြစ်သည်။

မိန်းမလှလေးနှစ်ယောက်က  နံရံဆေးရေးပန်းချီများအား ကြည့်၍တွေးတောနေကြဆဲဖြစ်သည်

ကိုမြင်တွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်သူတို့ကိုပြောလိုက်သည်။

“သွားစို့”

“အိုး”

ရှစ်ဖုန့်၏စကားတို့အား ကြားပြီးသည့်နောက်တွင်  အမျိုးသမီးနှစ်ယောက်မှာအသိပြန်

ဝင်လာသည်။ သူတို့ကခေါင်းညိမ့်ပြီးနောက် ရှစ်ဖုန့်၏နောက်သိုဆက်လိုက်ပြီး ဂူအတွင်းပိုင်းဆီဆက်ဝင်လိုက်ကြသည်။

တစ်ချိန်တည်းတွင်စံပယ်လေးကသူမဘေးရှိဟုန်ယွဲ့ကိုပြောလိုက်သည်။

“စီနီယာ သူအရမ်းသန်မာနေတာကိုမအံ့ဩတော့ပါဘူး….ဒီတော့သူက ပန်းချီကားထဲမှာပါတဲ့သူရဲ့အမွေကိုဆက်ခံခဲ့တဲ့သူပေါ့”

“အင်း”

ဟုန်ယွဲ့က ခေါင်းသာညိမ့်ပြလိုက်ပြီး တစ်ခြားဘာမျှပြောကြားခြင်းမရှိချေ။  သူမက တစ်ခုခုကိုစဉ်းစားနေဆဲဖြစ်သည့်ပုံစံနှင့် ရှစ်ဖုန့်၏ပုံရိပ်အားစိုက်ကြည့်နေဆဲဖြစ်သည်။

“ဒုတ်…ဒုတ်”

ရုတ်တရက်ဂူအတွင်းမှ နှလုံးခုန်သံတစ်ခုကပဲ့တင်ထွက်ပေါ်လာသည်။

“ဒုတ်…ဒုတ်…”

နောက်ထပ်အသံနှစ်ချက်ထွက်ပေါ်လာပြန်၏။

“အဲ့တာကဘာလဲ”

ရှစ်ဖုန့်က သူ၏ရှေ့ဘက်ဂူအရှေ့သို့ကြည့်လိုက်သည်။ ဂူကမည်မျှရှည်လျားမှန်းကိုရှစ်ဖုန့်မသိချေ။ အသံမှာ ဂူ၏အတွင်းပိုင်းအကျဆုံးသောနေရာမှ လာနေခြင်းဖြစ်သည်ကိုရှစ်ဖုန့်

အာရုံခံနိုင်သည်ဖြစ်သည်။ အထဲတွင်မည်သည့်အရာများရှိနေပါသနည်း။သူအားထိခိုက်ဒဏ်ရာရစေခဲ့သော သွေးမွန်းစတားကဲ့သို့ တည်ရှိမှုမျိုးရှိနေခြင်း သို့မဟုတ် ထိုမွန်းစတားထက်ပင်သန်မာသော အရာကတည်ရှိနေခြင်းမျိုးဖြစ်နေနိုင်မည်လား။

ရှစ်ဖုန့်ရပ်တန့်လိုက်သည်။ နောက်တွင်ရှိနေသောအမျိုးသမီးနှစ်ယောက်က ရှစ်ဖုန့်ရပ်လိုက်သည်ကိုမြင်လိုက်ရသောအခါတွင်သူတို့လည်းအလိုအလျောက်

ရပ်လိုက်ကြသည်။

“ဒုတ်….ဒုတ်….ဒုတ်…”

အသံကဆက်လက်၍ထွက်ပေါ်နေသည်။ ဤကဲ့သို့သောအသံ ဤကဲ့သို့သောတိတ်ဆိတ်သည့်ဂူနှင့် ယင်းမှာပုံမှန်ထက်သာလွန်သောစိတ်လေးလံမှုတစ်ခုကိုပင်ခံစားဖြစ်ပေါ်စေသည်။

“ကောင်လေးတစ်ချက်သွားကြည့်ကြစို့”

ရှစ်ဖုန့်ရပ်လိုက်သည်ကို တွေ့လိုက်ရသောအခါ ကောင်းကင်မီးတောက်ကပြေလိုက်သည်။၏

ရှစ်ဖုန်ကဤအချိန်တွင်အနည်းငယ်တုံ့ဆိုင်းနေခဲ့သည်။ သူရှေ့ကိုဆက်သွားသင့်သလား။ ထို့နောက်တွင် ရှစ်ဖုန့်က လှည့်လိုက်ပြီး သူ့နောက်တွင်ရှိနေသောအမျိုးသမီးနှစ်ယောက်ကိုကြည့်လိုက်သည်။  သူကငြင်းဆန်ခွင့်မပြုသည့်

လေသံဖြင့်ပြောလိုက်သည်။

“မင်းတို့နှစ်ယောက်ဒီမှာနေခဲ့ကြပါ”

ထိုသို့ပြောပြီးသည့်နောက်တွင် ရှစ်ဖုန့်က လှည့်လိုက်ပြီးရှေိ့သို့လျှောက်သွားလိုက်သည်။ ထိုအချိန်တွင် ဟုန်ယွဲ့၏သိမ်မွေ့နူးညံ့သောအသံလေးက သူ၏နောက်ဘက်မှထွက်ပေါ်လာသည်။

“ခဏလေး”

ဟုန်ယွဲ့၏စကားအားကြားလိုက်

ရသောအခါတွင် ရှစ်ဖုန့်ကလှည့်လိုက်ပြီးမျက်မှောင်ကြုတ်လိုက်သည်။ သူကမေးလိုက်သည်။

“ဟမ်……..ဘာဖြစ်လို့လဲ”

“ရှင်…ရှင်ဂရုစိုက်ပါနော်”

ဟုန်ယွဲ့က ညင်သာစွာပြောလိုက်သည်။

“အင်း”

ရှစ်ဖုန့်က ဟုန်ယွဲအားခေါင်းညိမ့်ပြလိုက်သည်။

ဟုန်ယွဲ့၏မျက်လုံးတို့က သူမ၏ရှေ့တွင်ရှိနေသောပုံရိပ်အား မျက်တောင်မခတ်စတမ်း သူမ၏မြင်ကွင်းမှပျောက်ကွယ်သွားသည်အထိစိုက်ကြည့်နေသည်။ မကြာခင်တွင် စံပယ်လေးက တောက်ပသောသလင်းကျောက်တစ်ခုကိုသူမ၏သိုလှောင်လက်စွပ်အတွင်းမှထုတ်ယူလိုက်ပြီး နေရာတစ်ဝိုက်အားထွန်းလင်းသွားစေ၏။

ရှစ်ဖုန့်ကလမ်းအတိုင်းဆက်လက်လိုက်

ပါလာပြီး ဂူ၏ပိုနက်သောအပိုင်းသို့

ရောက်ရှိလာသည်။

“ဒုတ်..ဒုတ်….ဒုတ်”

နှလုံးခုန်သံက ပို၍ကျယ်လောင်လာပြီးရှင်းလင်းလာသည်။  ဤအသံကရှစ်ဖုန့်၏ခံစားချက်အားပို၍ပို၍ စိတ်အနှောက်အယှက်ပေးနေ၏။၊

ဤအချိန်တွင် သူ၏သိုလှောင်လက်စွပ်အတွင်းမှ သွေးဓားက ရုတ်တရက်  တုန်ယင်လာသည်ကိုရှစ်ဖုန့်ခံစားလိုက်ရသည်။သူ၏လက်အားလှစ်ခနဲလုပ်လိုက်သောအခါတွင် သွေးဓားကသူ၏လက်အတွင်း၌ပေါ်လာသည်။

၎င်းကရှစ်ဖုန့်၏လက်ထဲတွင်

စတင်တုန်ခါနေသည်။

“ရှေ့မှာ မြင့်မြတ်ဓားအပိုင်းအစုကို ငါအာရုံခံမိတယ်”

ဤအချိန်တင် ရှစ်ဖုန့်၏ကိုယ်အတွင်းရှိကောင်း

ကင်မီးတောက်ကပြေလိုက်သည်။

“သူတောင်းစားကြီးဒီသတင်းကိုပေးတာက နည်းနည်းနောက်ကျမနေဘူးလား”

ရှစ်ဖုန့် အတွင်းကျိတ်ကျိန်ဆဲလိုက်သည်.

ပြောစရာမလိုအောင်ပင် ရှစ်ဖုန့်ကသွေးဓား၏ပုံမှန်မဟုတ်မှုမြင်တွေ့ခဲ့ပြီး၎င်းအတွင်း၌ အပိုင်းအစတည်ရှိနေခြင်းဖြစ်မည်

ဟုခန့်မှန်းခဲ့ပြီးဖြစ်သည်။

သွေးဓား၏အပိုင်းအစ။ယင်းကရှစ်ဖုန့်အားရှေ့သို့ဆက်လက်သွားရန်စိတ်ပိုင်းဖြတ်မှုကိုပို၍ဖြစ်စေသည်။သူကပြတ်ပြတ်

သားသားပင် ဂူ၏နက်သထက်နက်လာသောအတွင်းပိုင်းသို့ သွားလိုက်သည်။သွေးဓား၏အစိတ်

အပိုင်းအားရှာဖွေခြင်းက

သွေးဓားအားပို၍ ပြည့်စုံမှုတို့ဖြစ်စေလိမ့်မည်ဖြစ်သည်။

ကောင်းကင်မီးတောက်၏အဆိုအရ သွေးများအားဝါးမျိုနေရုံဖြင့် သွေးဓားမှာ ၎င်း၏အထွတ်အထိပ်တုံးက

အခြေအနေအားပြန်လည်၍

ရောက်နိုင်ဖို့မှာမဖြစ်နိုင်လုနီးပါးဖြစ်သည်။  ထိုထက်ပိုသည်ကျွမ်းကျင်သူများ၏သွေးများမှာယခုအချိန်၌ သူ့အတွက်ပို၍ အသုံးဝင်နေခြင်းဖြစ်သည်။ တစ်ခုတည်းသောနည်းလမ်းမှာ မြင့်မြတ်ဓား၏အပိုင်းအစများအားစုဆောင်းရန်သာဖြစ်လေသည်။

အမွှေးတိုင်တစ်တိုင်စာခန့် အချိန်ထပ်မံကုန်ဆုံးပြီးသွားသည့်

နောက်တွင်နောက်ဆုံး၌ရှစ်ဖုန့်ဂူထဲမှလျှော်ကလှမ်းထွက်လာနိုင်ခဲ့ပြီး ကျယ်ပြန့်သောမြေအောက်ကွက်

လပ်တစ်ခုကိုရောက်ရှိလာခဲ့သည်။

မြေကွက်လပ်ထဲသို့ရှစ်ဖုန့်ကြည့်လိုက်သောအခါတွင်  တစ်တန်းပေါ်တစ်တန်းဆင့်ထားသော ကျောက်တုံးရုပ်ထားများကိုရှစ်ဖုန့်တွေ့ရသည်။  ကျောက်တုံးရုပ်ထုတိုင်းက လူသားတစ်ယောက်အရွယ်အစားရှိပြီး  စစ်သည်တော်ရုပ်ထုတန်းများကဲသို့ဖြစ်သည်။ ၎င်းတို့အားသေသပ်သပ်ရပ်စွာစီစဉ်ထားပြီး ဖြောင့်တန်းစွာရပ်နေကြသည်။   ကျောက်တုံးရုပ်ထုများ၏အရွယ်အစားက လူသားတစ်ယောက်၏အရွယ်အစား

ကဲ့သို့ပင်ဖြစ်သည်။

“ဒုတ်….ဒုတ်…..ဒုတ်…..”

နှလုံးခုန်သံခပ်အုပ်အုပ်က  ရှစ်ဖုန့်၏  အထက်မှပဲ့တင်ထွက်ပေါ်လာသည်။ ရှစ်ဖုန့်ကခေါင်းမော့၍ကြည့်လိုက်သော

အခါတွင်  ခန်းမအလယ်လေထုထဲ၌ လွင့်မျောနေသော ကျောက်တုံးရုပ်ထုတစ်ခုကိုရှစ်ဖုန့်တွေ့လိုက်ရသည်။  ကျောက်တုံးရုပ်ထု၏နှလုံးနေရာ၌ သေးငယ်သော  သွေးရောင်အရာဝတ္ထုတစ်ခုရှိနေသည်။ ထိုအရာမှာ  ရှစ်ဖုန့်ရှာနေသော  မြင့်မြတ်ဓားအပိုင်းအစပင်ဖြစ်လေသည်။

ဤအချိန်တွင်သွေးဓား၏တုန်ခါမှုကပို၍ပို၍ ပြင်းထန်လာပြီး  ကျောက်တုံး၏ရင်ဘက်ပေါ်ရှိ မြင့်မြတ်ဓား၏အပိုင်းအစမှာလည်း  သံလိုက်ကဲ့သို့သော စွဲဆောင်မှုတစ်ခုကို ခံစားရပုံရကာ  အနည်းငယ်တုန်ယင်လာသည်။

ဆက်ရန်…..

ဘာသာပြန်သူ-ARISE

All Chapters