အပိုင်း (၂၃၂)
Vol. 16 Ch. 232
“ဒုတ်…ဒုတ်…ဒုတ်….”
နှလုံးခုန်သောအသံမှာအခန်းအထက်ရှိ လွင့်မျောနေသော ကျောက်တုံးရုပ်ထုထံမှ လာနေခြင်းဖြစ်ကြောင်းကို ရှစ်ဖုန့်ရှင်းလင်းစွာအာရုံခံနိုင်သည်ဖြစ်သည်။
“ဒီကျောက်ရုပ်ထုက အသက်ရှင်နေသေးတာများဖြစ်နေနိုင်မလား”
ရှစ်ဖုန့်ကကျောက်ရုပ်ထုအားစိုက်ကြည့်နေရင်း တိုးဖျော့စွာရေရွတ်လိုက်သည်။
“ငါ့အမြင်ဒီပုဂ္ဂိုလ်က သွေးပန်းခက်မျိုးနွယ်က ကျွမ်းကျင်သူနဲ့ ပြင်းထန်တဲ့တိုက်ပွဲမှာ ရှုံးနိမ့်သွားတာပဲဖြစ်ရမယ်…. သူသေခါနီးနီးကိုဖြစ်သွားလိမ့်မယ်…ဒါကြောင့်သူက သူ့ရဲ့ရောင်ဝါကို လျှို့ဝှှက်ပညာရပ်နဲ့ ဆီးလ်ပိတ်ထားလိုက်ပြီးတော့ သူကိုယ်သူအသက်ရှင်အောင်
ထိမ်းသိမ်းလိုက်တာပဲ…. “
ကောင်းကင်မီးတောက်ကပြောလိုက်သည်။ ထို့နောက်သူကထပ်ပြောသည်။
“အောက်မှာရှိနေတဲ့ကျောက်ရုပ်ထုတွေကမှတကယ်သေးဆုံးသွားကြတဲ့သူတွေပဲ…. အထက်မှာရှိနေတဲ့လူကို အားဖြစ်စေဖို့အတွက်သူတို့ရဲ့ ကိုယ်ပိုင်အသက်စွမ်းအင်တွေကိုအသုံးပြုခဲ့ကြတယ်လို့ငါတော့ယူဆတယ်”
“အင်း”
ကောင်းကင်မီးတောက်၏စကားအားကြားလိုက်ရသောအခါတွင်ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်သည်။ နှလုံးခုန်သံကိုကြားရခြင်းနှင့် သူ၏ ရင်ဘက်တွေရှိနေသောမြင့်မြတ်ဓားအပိုင်းအစအရ ရှစ်ဖုန့်၏အတွေးမှာလည်း ကောင်းကင်မီးတောက်ကဲ့သို့တူညီမှုရှိသည်ဖြစ်သည်။
“ထန်…ထန်…”
သွေးဓားနှင့် မြင့်မြတ်ဓားအပိုင်းအစတို့ကြားရှိ ဆက်သွယ်မှုအားတည်ညိမ်သွားစေရန်အထွက် ရှစ်ဖုန့်က သွေးဓားအားသူ၏လက်ချောင်းဖြင့်
တောက်လောက်သည်။ ယင်းက ထိုပုဂ္ဂိုလ်အား နှောက်ယှက်သလိုဖြစ်သွားပြီး နိုးထလာမည်ကိုသူကြောက်မိသည်ဖြစ်သည်။
ဤပုဂ္ဂိုလ်မှာ သွေးပန်းခက်မျိုးနွယ်မှလူနှင့်
ပင်တိုက်ခိုက်နိုင်သောကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။ အကယ်၍ သူသာနှောက်ယှက်မိသွားပါက ဖြစ်လာမည့်အကျိုးဆက်မှာစိတ်ကူး၍ပင်ရလိမ့်မည်မဟုတ်ပေ။
“ကောင်လေး ….ကျောက်တုံးရုပ်ထုရဲ့ ထိပ်ကို သေချာလေးကြည့်လိုက်…..”
ဤအချိန်တွင်ကောင်းကင်မီးတောက်က ထပ်မံ၍ ပြောလိုက်သည်။
ကောင်းကင်မီးတောက်၏စကား
အားကြားရသောအခါတွင် ရှစ်ဖုန့်ကသူ၏မျက်လုံးတို့အားရွေ့လျား၍ ကျောက်ရုပ်ထုပေါ်သို့ကြည့်လိုက်သည်။ ရုတ်တရက် ထိုနေရာတွင်အနီရောင်မီးခိုးတိမ်တိုက်တစ်ခုကဲ့သို့အနီရောင်အရိပ်တစ်ခုပေါ်ထွက်နေသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။အကယ်၍ သူသာကောင်းကင်မီးတောက်၏
သတိပေးမှုအား မခံရဘူးဆိုလျှင် သွေးနီရောင်ချပ်ဝတ်တစ်ခုကဲ့သို့ အနီရောင်အရိပ်ပုံကြမ်းတစ်ခုကိုသူသတိထားမိလိမ့်မည်မဟုတ်ပေ။
“တိုက်ပွဲချပ်ဝတ်”
ရှစ်ဖုန့်တီးတိုးရေရွတ်လိုက်သည်။
ဤပုဂ္ဂိုလ်၏ ခေါင်းထက်တွင်ပေါ်လာခဲ့သော တိုက်ပွဲချပ်ဝတ်ကသေချာပေါက် သာမန်ဟုတ်လိမ့်မည်မဟုတ်ပေ။
“ဒုတ်..ဒုတ်…..ဒုတ်….ဒုတ်..”
ဤအချိန်တွင်ကျယ်ဝန်းသောအခန်းအတွင်း၌ နှလုံးခုန်သံကပဲတင်ထွက်ပေါ်နေပြီး ပေါ့ပါးသော ခြေသံများလည်းရုတ်တရက်ထွက်ပေါ်လာသည်။ ခြေသံများအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။ သူ့ကိုယ်အားဖြည်းဖြည်းချင်းအပေါ်သို့လွင့်မျောတက်လိုက်ပြီး သူ၏မျက်လုံးတို့က ခန်းမရှေ့ဆုံးတွင်ရှိနေသောကျောက်ရုပ်ထုတန်းထံသို့ လိုက်ပါရောက်ရှိသွားသည်။
ချက်ချင်းပင် အသက်နှစ်ဆယ်ဝန်းကျင်အရွယ်ခန့်ရှိသော နို့နှစ်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်က သူ့ရှေ့ရှိဂူပေါက်တစ်ခုမှလျှောက်လှမ်းထွက်လာသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။ ဤအချိန်၌ ဤအခန်းအတွင်းတွင် သူဝင်လာခဲ့သော လက်ခြမ်းမှလွှဲ၍ ဦးတည်ချက်လေးဘက်စလုံး၌ ဂူတစ်ခုစီရှိနေသည်ကို ရှစ်ဖုန့်တွေိ့လိုက်ရသည်။ ဤအခန်းသို့ဦးတည်လာနိုင်ရန်အတွက် တစ်လမ်းထက်ပိုသောလမ်းများရှိ
နေပုံရလေသည်။
အဖြူရောင်နှင့်လူငယ်က ဂူထဲမှလျှောက်လှမ်းထွက်လာပြီး အခန်းထဲရှိရှစ်ဖုန့်ရပ်ခဲ့သောနေရာတွင်ရပ်လိုက်သည်။ သူကခေါင်းကိုဖြည်းညှင်းစွာမော့လိုက်ပြီး အခန်းဝန်းကျင်အားတစ်ချက်ကြည့်လိုက်သည်။ မကြာခင်လေထဲ၌လွင့်မျောနေသည့်ရှစ်ဖုန့်အား သူတွေ့သွားသည်။သို့သော်ရှစ်ဖုန့်အားတွေ့ပြီးသည့်နောက် သူကပြောင်းလဲမှုမရှိိပဲ ရှစ်ဖုန့်အားဂရုစိုက်နေခြင်းလည်းမရှိတော့ပေ။ ရှစ်ဖုန့်မှာ ကြယ်ငါးပွင့်အင်ပါယာနယ်ပယ် သိုင်းသမားလေးတစ်ယောက်မို့
သူဂရုစိုက်နေခြင်းမရှိပေ။ တစ်ချိန်လုံးအလေးအနက်ထားခြင်း
ပင်မရှိဟုပြောလျှင်ပိုမှန်မည်ဖြစ်လေသည်။ သူက သူ၏မျက်လုံးတို့အား ခန်းမအလယ်သို့ပြောင်းရွှေ့လိုက်ပြီး လေထဲတွင်လွင့်မျောနေသော ကျောက်ရုပ်ထုအားသတိထားမိသွားသည်။
“ကြယ်လေးပွင့်ဘိုးဘေးနယ်ပယ်”
တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤလူငယ်သိုင်းပညာရှင်၏ ကျင့်ကြံမှုမှာ လင်ဟောင်ထက် ပိုသန်မာအားကောင်းသည်ကို ရှစ်ဖုန့်သိလိုက်သည်။ သူသည်ကြယ်လေးပွင့်ဘိုးဘေးနယ်ပယ်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ဤကဲ့သို့ငယ်ရွယ်သောအသက်အရွယ်နှင့်ဤကဲ့သို့သောနယ်ပယ်အား ရောက်ရှိခြင်းအရ သူသည်ထျန်းမြောင်အင်ပါယာ၏ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် သေချာပေါက်ဖြစ်လိမ့်မည်ဖြစ်သည်။
ချက်ချင်းပင် စွမ်းအင်အတက်အကကျတစ်ခု
ကဘယ်ဘက်တွင်ရှိနေသောဂူမှလာနေသည်ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။ အနက်ရောင်အရိပ်တစ်ခုက ဘက်ဘက်တွင်ရှိနေသောဂူအား
လျှင်မြန်စွာဖြတ်သန်းလာပြီး အခန်းအတွင်းသို့ရွှတ်ခနဲရောက်ရှိလာသည်။ သူကအနက်ရောင်တိုက်ပွဲဝင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူ၏ကျောထက်၌ အနက်ရောင်သံမဏိဓားတစ်ချောင်းကို သယ်ဆောင်ထားသည်။ ၎င်းမှာ ဟေးရှစ်မြို့နှင့် သွေးနီရောင်တောအုပ်အတွင်း၌ ရှစ်ဖုန့်တွေ့ဆုံခဲ့ရသော လူငယ်ပင်ဖြစ်သည်။ သူသည်ဓားဧကရာဇ်ယွဲ့ရှောင်း၏ အမွေဆက်ခံသူဖြစ်လေသည်။
ထိုလူအားမြင်တွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်၏မျက်နှာမှာချက်ခြင်းအေးစက်မှုအဖြစ်သို့ပြောင်းလဲသွားသည်။
လူငယ်လေးက လေထဲတွင်လွင့်မျောနေသည်။ သူကရှစ်ဖုန့်အားတွေ့လိုက်ရသောအခါတွင် သူသည်လည်း အဖြူရောင်နှင့်လူငယ်လေးကဲ့
သို့ပင်ဖြစ်သွားသည်။ သူ၏မျက်နှာကလုံးဝပြောင်းလဲသွားခြင်းမရှိိချေ။ သူတို့၏မျက်နှာများအရ သူတို့အနေဖြင့် ရှစ်ဖုန့်အား တူညီသောပြိုင်ဘက်တစ်ယောက်အဖြစ်တစ်ချိန်လုံးထည့်သွင်းမစဉ်းစားကြ
သည်မှာသိသာသည်။
ထို့နောက်တွင် အနက်ရောင်ဝတ်စုံနှင့်လူငယ်က အဖြူရောင်ဝတ်စုံနှင့်
လူငယ်ကိုကြည့်လိုက်သည်။ အဖြူရောင်နှင့်လူငယ်ကလည်း သူ့ကိုပြန်ကြည့်လိုက်သည်။
သူ၏အမူအယာက ပြောင်းလဲမှုမရှိသေးဆဲပင်ဖြစ်ပြီး သူကပြောလိုက်သည်။
“ငါမင်းကိုငါ့ရဲ့မြင်ကွင်းကနေ ပျောက်ကွယ်သွားဖို့အတွက် အသက်ရှူသုံးကြိမ်စာအချိန်ပေးမယ်… မဟုတ်ရင်ဒီနေရာက မင်းရဲဂူသင်္ချိုင်းဖြစ်သွားလိမ့်မယ်”
အဖြူရောင်နှင်လူငယ်က ထူးမခြားနားပြောဆိုလိုက်သည်။
သူ၏အသံက ကြည်လင်ပြက်သားပြီး အခန်းတစ်ခုလုံးအာဖြတ်သန်းပဲ့
တင်ထပ်သွားသည်။ ဤစကားလုံးများက ကျောပေါ်တွင်ဓားကိုသယ်ဆောင်ထားသည့်လူငယ်တစ်ယောက်တည်းကိုသာပြောခြင်းမဟုတ်ပဲ ရှစ်ဖုန့်ကိုပါပြောခြင်းဖြစ်သည်။ သူ့အတွက်သူတို့အား မသတ်ပဲ အသက်ရှူသုံးကြိမ်စာထွက်ခွာချိန်
ပေးခြင်းကပင် သာနားညှာတာပေးမှုအဖြစ်
လုံလောက်မှုရှိနေပြီဖြစ်သည်။
အဖြူရောင်နှင့်လူငယ်က စကားပြောပြီးသည့််နောက် သူတို့အားထပ်မံကြည့်ရှုခြင်းမရှိတော့ချေ။ ထိုအစား သူ၏မျက်လုံးများကိုခန်းမအလယ်၌
လွင့်မျောနေသော ကျောက်ရုပ်ထံ ထပ်မံ၍ အာရုံစူးစိုက်စေလိုက်သည်။ ထို့နောက်တွင်သူ၏သူငယ်အိမ်တို့ရုတ်တရက် ကျုံ့သွားသည်။ ဤအချိန်တွင် သူသည်လည်း ကျောက်ရုပ်ထုပေါ်ရှိ အနီရောင်အရိပ်အား သတိပြုမိသည်ဖြစ်သည်။
ရုတ်ခြည်းပင် အဖြူရောင်နှင့်လူငယ်က အသက်ရှူသုံးကြိမ်ပြည့်မပြည့်ဆိုသည်အားဂရုစိုက်နေခြင်းမရှိတော့ချေ။ သူ၏ ပုံရိပ်က လျှင်မြန်စွာလေကိုထိုးခွင်းဖြတ်သန်းသွားပြီး ကျောက်တုံးရုပ်ထုထံသို့ပစ်လွှတ်သလိုဦးတည်လိုက်သည်။
ဤအချိန်တွင်ကျောပေါ်၌ အနက်ရောင်သံမဏိဓားအား သယ်ဆောင်ထားသော လူငယ်လေးမှာ လည်းလှုပ်ရှားလိုက်သည်။ သူကလည်း အဖြူရောင်နှင့်လူငယ်လေးကဲ့သို့တူညီသောဦးတည်ချက်ကို ပစ်လွှတ်သလိုထွက်သွားသည်။ တစ်ချိန်တည်းမှာပင် သူက သူ့ကျောပေါ်တွင်ရှိနေသည့် အနက်ရောင်သံမဏိဓားအား သူ၏လက်နှစ်ဖက်ဖြင့် ဆွဲထုတ်လိုက်ပြီး အဖြူရောင်နှင့်လူငယ်ထံသို့ရုတ်တရက်ခုတ်ပိုင်းချလိုက်သည်။
ရုတ်တရက် များပြားလှသော အနက်ရောင်ဓားရိပ်များက လေထဲတွင်ပေါ်လာသည်။ အဖြူရောင်နှင့်လူငယ်အားဗဟိုထား၍ သိပ်သည်းသော အနက်ရောင်ဓားရိပ်များက ဦးတည်ချက်ဘက်ပေါင်းစုံမှပေါ်လာကာ သူအားလွှမ်းခြုံသွားသည်။
“အမှိုက်ကောင်…မင်းကသေချင်နေတယ်ဆိုမှတော့လည်း ..ငါကမင်းဆန္ဒကို ဖြည့််ဆည်းပေးရတာပေါ့”
အဖြူရောင်နှင့်လူငယ်ကပြောလိုက်သည်။ ရုတ်တရက်ပြင်းထန်သော ခရမ်းရောင်လျှပ်စီးများက သူ၏ကိုယ်မှာဝုန်းခနဲထွက်ပေါ်လာသည်။ အက်ကွဲကွဲအသံတစ်ခုနှင့်အတူ ဤကဦးတည်ချက်ဘက်ပေါင်းစုံအနှံ့သို့ ပျံ့နှံ့ထွက်သွားပြီး ရုတ်ခြည်းပင် အနက်ရောင်ဓားရိပ်များအား ၎င်း၏အောက်၌နစ်မြုပ်သွားစေသည်။ ခဏလေးအတွင်းအနက်ရောင်ဓားရိပ်များမှာ ခရမ်းရောင်လျှပ်စီးများ၏ ဖျက်ဆီးမှုကို ခံလိုက်ရသည်။
ချက်ချင်းပဲ ပြင်းထန်သော ခရမ်းရောင်လျှပ်စီးက စီးမျောထွက်လာကာ အဖြူရောင်နှင့်လူငယ်၏ ခေါင်းထက်၌ သိပ်သည်းသွားပြီး ဧရမခရမ်းရောင်လျှပ်စီးမိုးကြိုးတူ
တစ်လက်အဖြစ်ဖွဲ့စည်းသွားသည်။ ၎င်းတွင် ကမ္ဘာကြီးအားဖျက်ဆီးပစ်နိုင်စွမ်းရှိသောစွမ်းအင်များကိုသယ်ဆောင်ထားပြီး မိုးကြိုးနတ်ဘုရား၏အမျက်ဒေါသအား
ပြောပြနေသည်နှင့်ပင်တူညီလေသည်။တူကြီးက ပြင်းထန်စွာဖြင့် အနက်ရောင်ဓားနှင့်လူငယ်အားထုနှက်ခြေမွရန်ကျဆင်းလာသည်။
ဤနှစ်ယောက်၏ပြင်းထန်စွာတိုက်ခိုက်
နေမှုအားကြာကြာစောင့်စား၍မရနိုင်မှန်းရှစ်ဖုန့်သလိုက်သည်။ ဤကဲ့သိုကြီးမားသောဆူညံပွက်
လောရိုက်မှုမျိုးဖြင့်သူကြာကြာဆက်စောင့်နေ၍မရပေ။ သူကအပေါ်သို့ထိုးတက်လိုက်ကာ ဟင်းလင်းပြင်ထဲရှိလွင့်မျောနေသော
ကျောက်ရုပ်ထုထံသို့ရွှတ်ခနဲ့ဦး
တည်ပျံသန်းလိုက်သည်။ သူ့အနေဖြင့်မြင့်မြတ်ဓား၏အပိုင်း
အစအားအရင်ဆုံးရရန်လိုအပ်သည်။ ဤအချိန်တွင်မြင့်မြတ်ဓား၏အပိုင်းအစက ဆဋ္ဌဂံပုံစဖြစ်ပြီးတိုက်စားခြင်းတောအုပ်မှသူရရှိခဲ့သောတစ်ခုထက်နှစ်ဆပို၍ကြီးမားသည်ဖြစ်သည်။ သူသာမြင့်မြတ်ဓားအပိုင်းအစကိုရရှိပါက သွေးဓားကသူ့အားစိတ်ပျက်စေလိမ့်မည်မဟုတ်ဟုရှစ်ဖုန့်ယုံကြည်သည်။
“ဘာလဲကွ”
အနက်ရောင်သံမဏိဓားကိုင်ဆောင်ထားသောလူငယ်နှင့်တိုက်ခိုက်နေသည့် လူငယ်က ရှစ်ဖုန့်၏ လှုပ်ရှားမှုကိုအာရုံခံမိလိုက်သည်။ သူရုတ်ခြည်းမျက်မှောင်ကြုတ်သွားသည်။ ဤလူများမှာ အသက်ရှင်ခြင်းကိုပင်ပန်းနေကြပီထင်သည်။ သူ၏စကားများအာကြားခြင်းမရှိအောင်သူတို့၏နားများပင်းသွားခဲ့ခြင်းပင်လော။ သို့တည်းမဟုတ် ယနေ့ခေတ်လူများမှာအရမ်းကိုသေချင်နေကြသူများဖြစ်နေမည်လား။
အဖြူရောင်နှင့်လူငယ်က ရုတ်ခြည်း သူညာလက်ဖြင့်လက်ဖဝါးပုံစံတစ်ခုဖော်ထုတ်လိုက်သည်။ သူက လက်ဖဝါးရိုက်ချက်တစ်ခုအားရှစ်ဖုန့်ထံသို့ သာမန်လာလျှံကာပစ်လွှတ်လိုက်သည်။ ပြင်းထန်သောခရမ်းရောင်လျှပ်စီးတစ်ခုက သူ၏လက်ဖဝါးတွင်လင်းလက်လာသည်။ ထူထဲသော ခရမ်းရောင်လျှပ်စီးတိုင်လုံးကြီးတစ်ခုက သူ၏လက်ဖဝါးမှပစ်လွှတ်သလိုထွက်လာပြီး ရှစ်ဖုန့်အားလွှမ်းခြုံသွားသည်။
“ဟမ့်”
ရှစ်ဖုန့်ကအေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။ သူ၏ ကိုယ်က လျှင်မြန်စွာဖြင့်လှစ်ခနဲဖြစ်သွားပြီး ဟင်းလင်းပြင်ထဲတွင်များပြားလှသော အဖြူရောင်ပုံရိပ်ယောင်များဖြစ်ပေါ်လာသည်။ ရှစ်ဖုန့်၏ငရဲဘုံကိုးခုရွေ့လျားမှု
ပညာရပ်အောက်တွင် သူ့ထံသို့ဦးတည်လာနေသောမိုးကြိုး
လျှပ်စီးတန်းများအားရှောင်တိမ်းသွားပြီး လျှင်မြန်စွာဖြင့်ကျောက်ရုပ်ထံသို့ဖျက်ခနဲရောက်ရှိသွားသည်။ သူ၏ရှေ့တွင်ရှိနေသော ကျောက်ရုပ်ထု၏နှလုံးအား
ထိုးစိုက်ထားသည့် ဆဋ္ဌဂံပုံစံ မြင့်မြတ်ဓားအပိုင်းအစထံသို့
သွေးဓားအားထိုးစိုက်လိုက်သည်။
ဆက်ရန်….
ဘာသာပြန်သူ-ARISE