အပိုင်း (၂၃၃)
Vol. 16 Ch. 233
“ဘန်း”
ပြတ်သားသော အသံတစ်ခုနှင့်အတူ ရှစ်ဖုန့်ထိုးသွင်းလိုက်သောသွေးဓားက မြင့်မြတ်ဓားအပိုင်းအစနှင့် တစ်လက်မစာသာကွာဝေး
တော့သည့်အခါတွင် ဆဋ္ဌဂံ မြင့်မြတ်ဓားအပိုင်းအစ ကျောက်ရုပ်ထု၏နှလုံးထံမှ
အလိုအလျောက်ဆွဲလူထုတ်ခံလိုက်ရပြီး သွေးဓားနှင့်ပစ်ဆောင့်သွားသည်။ ထို့နောက်မကြာခင်တွင် သွေးဓားမှမျက်စိကျိန်းရလောက်သော သွေးနီရောင်အလင်းတစ်ခုတောက်ပလာသည်။ ရှစ်ဖုန့်၏လက်အတွင်းရှိ်သွေးဓားမှာ ရုတ်တုန်ခါလာပြီး ကြမ်းကြုတ်သောသားရဲတစ်
ကောင်နိုးထလာသကဲ့သို့ စွမ်းအားကြီးရောင်ဝါတစ်ခုအား
ထုတ်လွှတ်လာသည်။
မြင့်မြတ်ဓားအပိုင်းအစနှင့်
ပေါင်းစပ်ပြီးသည့်နောက်တွင် သွေးဓားမှာ အဆင့်ခြောက်နက်နဲသောလက်နက်တစ်ခုအဖြစ်သို့ တိုက်ရိုက်အဆင့်တက်သွားသည်။
ဤအချိန်တွင် အခြားတစ်ဖက်ခြမ်း၌ တိုက်ခိုက်နေကြသော
အဖြူရောင်ဝတ်လူငယ်နှင့် အနက်ရောင်ဝတ်လူငယ်တို့မှာ တိုက်ခိုက်ခြင်းအားတစ်ချိန်တည်းတွင်ရပ်တန့်လိုက်ကြပြီး သူတို့၏အာရုံအားရှစ်ဖုန့်
နှင့်ရှစ်ဖုန့်လက်အတွင်း၌ရှိ
နေသောသွေးဓားအပေါ်၌ စိုက်ထားလိုက်ကြသည်။
“အံ့ဖွယ်လက်နက်….အဆင့်ခြောက် အံ့ဖွယ်လက်နက်”
ရှစ်ဖုန့်၏လက်အတွင်းရှိသွေး
ဓားမှထုတ်လွှတ်သောရောင်ဝါအားကြည့်ကာ အဖြူရောင်နှင့်လူငယ်က အလန့်တကြားအော်ပြေလိုက်သည်။ ထျန်းမြောင်အင်ပါယာအတွင်းတွင် အဆင့်ခြောက်အံ့ဖွယ်လက်
နက်အားအသာထားအုံး အဆင့်ငါးအံ့ဖွယ်လက်နက်များ
မှာတော်တော်လေးကိုရှားပါးသည်ဖြစ်သည်။ သူတို့အတွက်
အဆင့်ခြောက်လက်နက်မှာ တကယ့်ကို အံ့ဖွယ်ကောင်းသည့်အရာတစ်ခုပင်ဖြစ်သည်။ ထျန်းမြောင်အင်ပါယာအတွင်းသူ၏ဘဝတစ်လျှောက်လုံးတွင်သူ့အနေဖြင့် အဆင့်ခြောက်အံ့ဖွယ်လက်နက်အား
တစ်ခါမှမြင်တွေ့ခဲ့ဖူးခြင်းမရှိခဲ့ချေ။
သူသည်ကြယ်လေးပွင့်ဘိုးဘေး
နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။ အကယ်၍သူ့၌သာအဆင့်
ခြောက်အံ့ဖွယ်လက်နက်တစ်ခုရှိနေခဲ့လျှင် သူ၏ခွန်အားကကြီးကြီးမားမားတိုးတက်မှုဖြစ်သွားလိမ့်မည်ဖြစ်သည်။ ချက်ချင်းပင် သူသည် အနက်ရောက်သံမဏိဓားနှင့်လူငယ်အား
တိုက်ခိုက်နေသည်ကို လက်လျော့လိုက်ပြီး လောဘကြီးသောမျက်နှာတစ်ခုဖြင့် ရှစ်ဖုန့်ထံသို့တိုက်ရိုက်ပင်ပျံသန်းလာသည်။
အနက်ရောင်သံမဏိဓားနှင့်လူငယ်သည်လည်း ရှစ်ဖုန့်၏လက်အတွင်းရှိသွေးဓား၏ ရောင်ဝါအားခံစားမိပြီး ပို၍ပင်တုန်လှုပ်အံ့အားသင့်သွားသည်။
ဤသည်မှာ ရှစ်ဖုန့်ကသွေးဓားအားကိုင
်ဆောင်ထားခြင်းကိုသူပထမဆုံးအကြိမ်မြင်တွေ့ဖူးခြင်းဖြစ်သော်လည်း သူကဓားသမားတစ်ယောက်ဖြစ်သောကြောင့် အစကတည်းကရှစ်ဖုန့်လက်ထဲရှိဓားအားအာရုံစိုက်မိသည်ဖြစ်သည်။
သူမြေအောက်ခန်းမအတွင်းသို့ရောက်
ပြီးပြီးချင်းပင် ရှစ်ဖုန့်၏လက်အတွင်းရှိသွေးဓားမှာ အဆင့်ငါးလက်နက်တစ်ခုဖြစ်ပြီး သူ၏အဆင့်လေး သံမဏိနက်ဓားထက်အဆင့်တစ်ဆင့်ပိုမြင့်သည်ကိုသူသတိပြုမိခဲ့ပြီးဖြစ်သည်။
သို့သော်ဤအချိန်၌ သွေးဓားက အဆင့်ခြောက်လက်နက်တစ်ခုအဖြစ်သို့အဆင့်တက်သွားသည်ကိုသူခံစားမိခဲ့သည်။ လက်နက်တစ်ခု အဆင့်တက်လှမ်းနိုင်ခြင်း၏ဆိုလိုချက်က ဓားမှာ သူ၏ပိုင်ရှင်နှင့်အတူ ကြီးထွားလာနိုင်သည်ဆိုသော
သဘောပင်ဖြစ်လေသည််။
သူ့အနေဖြင့် ဓားကရုတ်တရက်မည်ကဲ့သို့အဆင့်
တက်သွားမှန်းကို မသိသော်လည်း အနက်ရောင်လူငယ်၏စိတ်ထဲတွင်
လိုချင်တပ်မက်စိတ်များဖြင့်
တောက်လောင်နေခဲ့ပြီဖြစ်သည်။ အဆင့်တက်နိုင်သောလက်နက်တစ်ခု သူ့အနေဖြင့်ထိုအရာအား ရမှဖြစ်မည်။
ဤဓားကသူ့အတွက်မွေးဖွား
လာသည်ဟုပင်သူခံစားရသည်။
ဤအမှိုက်၏လက်ထဲတွင်ဆိုလျှင်၎င်းမှာ ညစ်နွမ်းသောဓားတစ်ချောင်း
အဖြစ်သာဖြစ်ရလိမ့်မည်ဖြစ်သည်။ သူ၏ပါရမီသူ၏အမွေအနှစ်ဖြင့်ဆိုလျှင် ဤဓားက သူ့အတွက်ဖြစ်သင့်ပြီး တစ်ဆင့်ခြင်းသိုင်းပညာ၏
အထွတ်အထိပ်အဆင့်သို့ရောက်ရှိ
လိမ့်မည်ဖြစ်သည်။
ထို့နောက်ချက်ချင်း အနက်ရောင်သံမဏိဓားကြီးနှင့်
လူငယ်မှာ ယခင် အဖြူရောင်ဝတ်စုံနှင့်လူငယ်
လုပ်ခဲ့သည့်ပုံစံအတိုင်းလုပ်ဆောင်လိုက်သည်။ သူကိုယ်အားရွေ့လျားလိုက်ပြီး ရှစ်ဖုန့်ထံသို့ရွှတ်ခနဲဦးတည်သွားသည်။
အချိန်တွင် ရှစ်ဖုန့်၏ ကိုယ်က အပေါ်သို့မြင့်တက်သွားပြီး အပေါ်ဘက်ရှိ မှိန်ဖျော့သောသွေးနီရောင်
ပုံရိပ်ထံသို့ဦးတည်လိုက်သည်။
ဤအချိန်တွင် လျှပ်စီးများဖြင့်ဖွဲ့စည်းထားသော ဧရာမမိုးကြိုးလျှပ်စီးပုဆိန်ကြီးက ပေါ်လာသည်။ ၎င်း၌တောင်းတန်းများကိုပင်
ပိုင်းဖြတ်ပစ်နိုင်သောစွမ်းအင်တို့ကို သယ်ဆောင်ထားပြီး ရုတ်တရက်ရှစ်ဖုန့်၏ ခေါင်းပေါ်သို့ခုတ်ပိုင်းကျဆင်းလာကာ သူတက်နေသောလမ်းကြား
အားတားဆီးလိုက်သည်။
“အချိန်ကိုက်ပဲ”
ရှစ်ဖုန့်က သရော်လိုက်သည်။ ဤအခိုက်အတန့်တွင်သူသည်လည်း သွေးဓား၏စွမ်းအားအား စမ်းသပ်ချင်နေသည်ဖြစ်သည်၊ ဆုတ်ခွာရမည့်အစားသူက ဆက်ချီတက်၍ အပေါ်သို့ထိုးတက်လိုက်သည်။
“ငရဲဘုံကိုးခု ဓားပညာရပ်”
သွေးဓားမှာ ရုတ်ခြည်းအဖြူရောင်တို့ဖုံးအုပ်သွားပြီး ကောင်းကင်အားထိုးဖောက်သွားသည်။
“ဝုန်း”
ပြင်းထန်သောစွမ်းအင်တို့အပြင်း
အထန်ပစ်ဆောင့်မိကြပြီး အခန်းအတွင်းတွင်မြည်ဟိန်း
သံတစ်ခုပဲ့တင်ထွက်ပေါ်လာသည်။ ရှစ်ဖုန့်၏ဓားချက်အောက်တွင် ခရမ်းရောင် မိုးကြိုးလျှပ်စီးပုဆိန်ကြီးမှာ ရုတ်ခြည်းဖျက်ဆီးခံလိုက်ရပြီ လျှပ်စီးအမျှင်များအဖြစ်သို့ပြောင်းသွာကာ ပျောက်ကွယ်သွားသည်။
“ဒါ…ဒါကဘယ်လိုလုပ်ပြီးဖြစ်နိုင်မှလဲ”
အဖြူရောင်ဝတ်စုံနှင့်လူငယ်က သူ၏ တိုက်ခိုက်မှုကကျိုးပျက်သွားသည်ကို မြင်တွေ့လိုက်ရသောအခါတွင် သူ၏မျက်နှာထက်၌ မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေသည်။ သူသည်ကြယ်လေးပွင့်ဘိုးဘေးနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး သူ၏ခုဏကတိုက်ခိုက်မှုက ကြယ်ငါးပွင့်အင်ပါယာနယ်ပယ်
အမှိုက်တစ်ယောက်၏ လက်ချက်ဖြင့် ကျိုးပျက်သွားခဲ့သည်။ သူ့အနေဖြင့်ထိုအရာအားလက်သင့်ခံနိုင်ရန်ခက်ခဲနေသည်။
“ဘယ်အချိန်တုံးက ထျန်းမြောင်အင်ပါယာမှာ ဒီလိုမျိုးမွန်းစတားတစ်ကောင်ပေါ်လာခဲ့တာလဲ…. အဲ့တာက အဆင့်ခြောက်အံ့ဖွယ်လက်နက်
ကြောင့်ပဲဖြစ်ရမယ်.. အဲ့လိုပဲဖြစ်ရမယ်…အဆင့်ခြောက်လက်နက်ကိုငါရမှဖြစ်မယ်”
အဖြူရောင်ဝတ်စုံနှင့်လူငယ်က သူ၏တိုက်ခိုက်မှုအားရှစ်ဖုန့်က ဖျက်ဆီးပစ်နိုင်သည့် အကြောင်းပြချက်အားလုံးမှာ သွေးဓားကြောင့်ဖြစ်သည်ဟုမှတ်ယူလိုက်သည်။ဤသည်က သွေးဓားအားရရှိရန် သူ၏လိုချက်တပ်မက်စိတ်တို့အား မြင့်တက်လာစေပြီး သူ၏ခွန်အားတို့အား ထပ်မံစုစည်းလိုက်သည်။
အခြားတစ်ဖက်၌ ရှစ်ဖုန့်က ခရမ်းရောင်မိုးကြိုးလျှပ်စီးပုဆိန်အားချိုးဖြတ်ပီးသောအခါတွင် ဧရာမအနက်ရောင် ဓားရိပ်တစ်ခုကသူ့ထံသို့ကျဆင်းလာပြန်သည်။ ဤကျဆင်းလာသောစွမ်းအားက ခရမ်းရောင် မိုးကြိုးလျှပ်စီးပုဆိန်ထက် အနည်းငယ်မျှပင်နိမ့်ကျခြင်းမရှိချေ။
“ချိုးဖျက်စမ်း”
ရှစ်ဖုန့်ကအော်ပြေလိုက်သည်။ သူ့လက်ထဲရှိဓားရှည်က လှုပ်ခါလာပြီး သူကလည်းလုံးဝကြောက်ရွံ့နေခြင်းမရှိချေ။ သူကဓားရိပ်အားထပ်မံ၍ထိုးသွင်း
တိုက်ခိုက်လိုက်သည်။
“ဝုန်း”
နောက်ထပ်ပေါက်ကွဲမှုတစ်ခု
ထွက်ပေါ်လာသည်။ယခင်ကကဲ့သို့ပင် ဧရာမအနက်ရောင်ဓားရိပ်ကြီးသည်လည်း သွေးဓား၏ ဖျက်ဆီးခြင်းကိုခံလိုက်ရသည်။
ရှစ်ဖုန့်၏ပုံရိပ်က အနည်းငယ်အထက်သို့မြင့်တက်သွားသည်။
သို့သော် သူက တိုက်ခိုက်မှုနှစ်ခုအား ရပ်တန့်လိုက်ရသကဲ့သို့ ထိုအချိန်၌ အဖြူရောင်ပုံရိပ်ကလည်း သူ၏အထက်တွင်ရောက်နှင့်
နေနှင့်ပြီးဖြစ်သည်။ သူက သွေးရောင်အရိပ်အားသူ၏
လက်တစ်ဖက်ဖြင့်ဖမ်းဆုပ်လိုက်ပြီး သူ၏အခြားလက်တစ်ဖက်ကိုထပ်သုံး၍ ရှစ်ဖုန့်ထံသို့လက်ဝါးရိုက်ချက် တစ်ခုကို လွှတ်လိုက်သည်။ နောက်တစ်ကြိမ်ထပ်မံ၍ ခရမ်းရောင်လျှပ်စီးတန်းကြီးတစ်ခုထွက်ပေါ်လာပြီး ရှစ်ဖုန့်အားလွှမ်းခြုံသွားပြန်သည်။
“မင်းကဒီသခင်လေးရှေ့လာပြီးတော့ ရတနာကိုလိုချင်တာလား..ဖယ်စမ်း”
ရှစ်ဖုန့်က အေးစက်စွာနှခေါင်းရှံ့လိုက်သည်။
သူ၏သွေးဓားက ဦးတည်လာနေသည့်တိုင်လုံးကဲ့သို့ ခရမ်းရောင်လျှပ်စီးတန်းကြီးဖြင့်တွေ့
ဆုံသွားသည်။သွေးဓား၏အောက်တွင် တိုင်းလုံးကဲ့သို့ခရမ်းရောင်လျှပ်စီးကြီးမှာ တစ်ချက်တည်းဖြင့်ပျောက်ကွယ်သွားသည်။
ဤအချိန်တွင် အဖြူရောင်ဝတ်လူငယ်၏လက်က သွေးရောင်အရိပ်အား ဖမ်းဆုပ်ယူကာနီးသောအခါ အနက်ရောင်ဓားရိပ်တစ်ခုက ရုတ်တရက်သူ၏လက်ပေါ်သို့ ခုတ်ပိုင်းကျရောက်လာပြီးသူ၏
လက်အားအတင်းအကျပ်ပြန်
ရုတ်သိမ်းစေလိုက်သည်။
“အား…အား..အား..အား..အား..”
“ဆန်ကုန်မြေလေးကောင်း…
မင်းကအလကားကောင်ပဲ… ငါမင်းဒီကမ္ဘာပေါ်မှာမွေးဖွားလာရတာကိုနောင်တရသွားအောင်လုပ်ပစ်မယ်”
အဖြူရောင်နှင့်လူငယ်က ဒေါသတကြီးအော်ဟစ်လိုက်သည်။ ဤအချိန်တွင် နောက်ထပ်အနက်ရောင်ဓားရိပ်တစ်ခုက သူ၏ခေါင်းထံသို့ခုတ်ပိုင်းကျဆင်းလာသည်။ ထိုအခါသူက သူ၏ လက်နှစ်ဖက်ကြားထဲတွင် ခရမ်းရောင်လျှပ်စီးများမှတစ်ဆင့် ခရမ်းရောင်လျှပ်စီးပုဆိန်တစ်ခုကိုအလျှင်အမြန်ဖွဲ့စည်းလိုက်သည်။ သူကပုဆိန်အားလက်နှစ်ဖက်ဖြင့်တင်းကျပ်စွာဆုပ်ကိုင်ထားပြီး သူ့ထံသို့ကျဆင်းလာသော အနက်ရောင်ဓားရိပ်ထံသို့ ဦးတည်ခုတ်ပိုင်းလိုက်သည်။
“ဝုန်း”
နောက်တစ်ကြိမ်ထပ်မံ၍ ပြင်းထန်သော မြည်ဟိန်းသံတစ်ခုထွက်ပေါ်လာပြီး ၎င်းက အချိန်တစ်ခုကြာသည်အထိပဲ့တင်ထပ်နေသည်။
သူတို့နှစ်ဦးကြားရှိ ထိပ်တိုက်ရင်ဆိုင်မှုအားအခွင့်
ကောင်းယူပြီး ရှစ်ဖုန့်က အဖြူရောင်ဝတ်ရုံနှင့်လူငယ်၏ဘေးသို့ လျှင်မြန်စွာ ထိုးထက်လိုက်သည်။ သူ၏ညာလက်အတွင်းတွင်ရှိ
နေသောသွေးဓားဖြင့် အဖြူရောင်ဝတ်စုံနှင့်လူငယ်၏ရင်ဘက်အားထိုးသွင်းလိုက်ပြီး သူ၏ဘယ်လက်ကိုလည်း သွေးနီရောင်အရိပ်ထံသို့
တစ်ပြိုင်တည်းလှမ်း၍ ဖမ်းဆုပ်လိုက်သည်။
ဤအချိန်တွင် အခြားတစ်ဖက်၌တိုက်ခိုက်
နေကြသောလူနှစ်ယောက်မှာ ရှစ်ဖုန့်ရောက်လာပြီးသွေးနီရောင်အရိပ်အား လက်ဆန့်ထုတ်၍ ဖမ်းဆုပ်လိုက်သည်ကို မြင်လိုက်ရသောအခါတွင် သူတို့၏ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်
မှုကိုရပ်လိုက်ကြသည်။ နှစ်ယောက်သားပြင်းထန်ပြီးဖိနှိပ်နိုင်စွမ်းရှိသောတိုက်ခိုက်မှုကိုထုတ်ဖော်လိုက်သည်။ဧရာမ အနက်ရောင်ဓားက ရှစ်ဖုန့်၏ဘယ်လက်ထံသို့ခုတ်ပိုင်း
ကျဆင်းလာပြီး ခရမ်းရောင်လျှပ်စီးပုဆိန်က ရှစ်ဖုန့်၏ဓားကိုတားဆီးလိုက်သည်။
ယခင်အဖြူရောင်ဝတ်လူငယ်ကဲ့သို့ပင် ရှစ်ဖုန့်၏ဆန့်ထုတ်လိုက်သောလက်အား ကြားဖြတ်ပြန်ဆုတ်ယူလိုက်ရပြီး
အဖြူရောင်များစွန်းထင်းနေသည့်
သွေးဓားမှာလည်း ခရမ်းရောင်မိုးကြိုးလျှပ်စီးပုဆိန်ဖြင့် အပြင်းအထန်ထိပ်တိုက်တွေ့ဆုံမိကာ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုကို ထွက်ပေါ်လာစေသည်။
“ဝုန်း”
ပြင်းထန်သောတိုက်ခိုက်မှုနှစ်ခု
ပစ်ဆောင့်မိကြပြီး ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။ ပေါက်ကွဲသောအသံအတွင်းတွင် ပြင်းထန်သော စွမ်းအင်များက ဒေါသတကြီးပါဝင်နေသည်။ ရှစ်ဖုန့်နှ့င် အဖြူရောင်ဝတ်စုံဝတ်လူငယ်တို့မှာ တစ်ယောက်ခွန်အားကြောင့်တစ်ယောက် နောက်သို့ပြန်ကန်ထွက်သွားကြသည်။
ဤအချိန်တွင်ခန်းမအတင်း၌ အနက်ရောင်ဝတ်လူငယ်တစ်ယောက်သာကျန်ရစ်နေခဲ့သည်။ ဤသည်ကိုအခွင့်ကောင်းယူပြီး သူကသူ၏ဘယ်လက်အား သွေးနီရောင်အရိပ်ထံသို့ အလျှင်အမြန်လှမ်းလိုက်သည်။
သူ၏ဘယ်လက်အား သွေးနီရောင်အရိပ်အတွင်းသို့
လှမ်းလိုက်သောအခါတွင် မသဲမကွဲဖြစ်နေသောသွေးနီရောင်အရိပ်မှာ ရုတ်တရက်စတင်၍ကျစ်လစ်လာသည်။မျက်လုံးသုံးစုံက စတင်ကျစ်လစ်လာသော သွေးနီရောင်အရာဝတ္ထုပေါ်သို့
အာရုံစိုက်ထားလိုက်ကြသည်။ အစောပိုင်းကရှစ်ဖုန့်ခန့်မှန်းခဲ့သလိုပင် ၎င်းမှာသွေးနီရောင်ချပ်ဝတ်တစ်ခုဖြစ်လေသည်။
ဤအခိုက်အတန့်တွင် သွေးရောင်ချပ်ဝတ်မှာ အနက်ရောင်ဝတ်စုံနှင့်လူငယ်၏
လက်ထဲတွင်ကိုင်ဆောင်ခြင်းခံထားရပြီး လူငယ်၏နှုတ်ခမ်းထောင့်တွင် သရော်ပြုံးတစ်ခုက ချက်ချင်းနိုးကြွလာ၏။
ဆက်ရန်……
ဘာသာပြန်သူ-ARISE