← Chapters

အပိုင်း (၂၃၄)

Vol. 16 Ch. 234

အပိုင်း (၂၃၄)

Vol. 16 Ch. 234

“အရှုံးသမားကောင် ချပ်ဝတ်ကို ချထားလိုက်စမ်း”

အနက်ရောင်ဝတ်စုံနှင့်လူငယ်က တိုက်ပွဲဝင်ချပ်ဝတ်အား ဆုပ်ကိုင်လိုက်သည်ကိုမြင်တွေ့

လိုက်ရသောအခါတွင်  အဖြူရောင်ဝတ်ရုံနှင့်လူငယ်က အလျှင်အမြန်ကျယ်လောင်စွာ

အော်ပြောလိုက်သည်။ အနက်ရောင်ဝတ်ရုံနှင့်လူငယ်၏

ခေါင်းထက်တွင်  ခရမ်းရောင်လျှပ်စီးပုဆိန်ကြီးတစ်ခု ဖွဲ့စည်းလာပြီး သူ့အားခုတ်ပိုင်းချလိုက်သည်။ တစ်ချိန်တည်းတွင်လက်သီးဆုပ်အရွယ် ခရမ်းရောင်လျှပ်စီးလုံးလေးတစ်ခုက ခရမ်းရောင်လျှပ်စီးပုဆိန်ထံမှ

ပျံသန်းထွက်လာပြီးအောက်ရှိ

လူငယ်အားတရစပ်တိုက်ခိုက်မှု

ထုတ်ဖော်လိုက်သည်။

“ဟားဟားဟား..ချထားရမှာတဲ့လား”

အနက်ရောင်ဝတ်စုံနှင့်လူငယ်၏

မျက်နှာထက်တွင်  အရယ်ရဆုံးသောဟာသတစ်ခု

အားသူကြားလိုက်ရသကဲ့သို့ အထင်သေးလှောင်ပြုံးတို့နှင့်ပြည့်နှက်နေသည်။သူ၏လက်ထဲတွင်ရှိနေသော  အနက်ရောင်သံမဏိဓားကြီးအား

တိုက်ရိုက်အပေါ်သို့ထိုးသွင်းလိုက်ပြီး အောက်သို့ခုတ်ပိုင်ကျဆင်းလာ

နေသောဧရာမပုဆိန်ကြီးနှင့်

တွေ့ဆုံစေလိုက်သည်။ များပြားလှသော အနက်ရောင်ဓားရိပ်များလည်းဖျက်ခနဲထွက်ပေါ်လာပြီး ထိုများပြားလှသော အနက်ရောင်ဓားရိပ်များအောက်တွင်  ခရမ်းရောင်လျှပ်စီးလုံးများအား

ပေါက်ကွဲသွားစေသည်။

“ဝုန်း…ဝုန်း…ဝုန်း..ဝုန်း..”

ထို့အတူ အနက်ရောင်သံမဏိဓားကြီးနှင့် ခုတ်ပိုင်းကျဆင်းလာသော

ခရမ်းရောင်လျှပ်စီးပုဆိန်မှာလည်း

အပြင်းအထန်ပစ်ဆောင့်သလို

ထိပ်တိုက်တွေ့သွားကြသည်။

“ဝုန်း”

ဤပေါက်ကွဲမှုက ယခင်ခရမ်းရောင်လျှပ်စီးလုံးများ

ပေါက်ကွဲသည်ထက် အများကြီးပိုမိုပြင်းထန်သည်။

၎င်းကအရမ်းကိုပြင်းထန်ပြီး အနက်ရောင်သံမဏိဓား အားစွဲကိုင်ထားသောလူငယ်၏ဆံပင်တို့မှာ ပေါက်ကွဲမှုအဟုန်အောက်တွင်တဖျပ်ဖျပ်ကခုန်နေ၏။ သွေးနီရောင်တိုက်ပွဲချပ်ဝတ်မှာ  သူဘယ်လက်တွင်ဝတ်ဆင်ထားသောသိုလှောင်လက်စွပ်အတွင်းသို့ထည့်သွင်း

လိုက်ပြီးဖြစ်သည်။

ဤအချိန်တွင် ဧရာမအဖြူရောင်ဓားချီတစ်ခုက  သူ့ထံသို့ခုတ်ပိုင်းကျဆင်းလာသည်။ အနက်ရောင် ဝတ်စုံနှင့်လူငယ်က သူ၏ဓားကိုမြှောက်၍ အလျှင်အမြန်ကာဆီးလိုက်သည်။

သို့သော်ဤအချိန်တွင် ရှစ်ဖုန့်ကသူ့အားတိုက်ခိုက်ရန် လာခဲ့ပြီဖြစ်ပြီးအသံနိမ့်ဖြင့်အော်

ပြောလိုက်သည်။

“ငရဲဘုံကိုးခု  တစ္ဆေဓား”

အဖြူရောင် တစ္ဆေသုံးကောင်ကအနက်ရောင်ဝတ်စံနှင့်

လူငယ်၏ဦးတည်ချက်သုံးဘက်မှနေ၍ ပေါ်လာသည်။တစ္ဆေတစ်ကောင်စီ၏

လက်ထဲတွင်ဓားများကိုစွဲကိုင်

မြှောက်ထားကြပြီး အနက်ရောင်နှင့်လူငယ်အားသူ၏

အထက်တွင်ရှိနေသောဧရာမအဖြူ

ရောင်ဓားချီကြီးနှင့်အတူ ယှဉ်တွဲ၍ ခုတ်ပိုင်းလိုက်သည်။

“ငရဲဘုံကိုးခု အမှိုက်…မင်းကများငါ့ကိုဘယ်လို

လုပ်ပြီးရန်သူလာလုပ်ရဲတာလဲ…ငါမင်းကိုအဲ့နေ့ကတုံးကသတ်ပစ်လိုက်ရမှာ…ဒီနေ့

တော့မင်းသေရမယ်…”

အနက်ရောင်သံမဏိဓားဖြင့်လူငယ်က ကျယ်လောင်စွာအော်ပြောလိုက်သည်။ သူ၏လက်ထဲတွင်ရှိနေသော အနက်ရောင်သံမဏိဓားအားကခုန်သကဲ့သို့လွှဲယမ်းလိုက်သည်။ စွမ်းအားကြီးမားသောစွမ်းအားတစ်ခုနှင့်အတူသူကသူ့ထံသို့လာနေသည့်ဓားလေးစင်း

အားတစ်ခုပြီးတစ်ခုတားဆီးလိုက်

သည်။ ထို့နောက်တွင် သူ၏ဓားအား သူ့ပေါ်သို့ခုတ်ပိုင်းကျဆင်းလာသည့် အဖြူရောင်ဓားချီထံသို့ထိုးသွင်းလိုက်သည်။

ဤအချိန်တွင်ရှစ်ဖုန့်၏ နှုတ်ခမ်းမျာတွန့်ကွေးသွားပြီးအေးစက်သော

အပြုံးတစ်ခုပေါ်လာသည်။ အနက်ရောင်ဝတ်စုံနှင့်လူငယ်ကသွေးဓားအားတားဆီးလိုက်သည့်အချိန်တွင် သူ၏ဓားက ပြင်းထန်သောအားကြောင့်ပြန်ကန်ထွက်လာသကဲ့သို့ရှစ်ဖုန်တမင်ဟန်ဆောင်လိုက်ပြီး သူ၏လက်ကိုလည်းပြန်ကန်လာသကဲ့သို့ တမင်ရည်ရွယ်လွှဲယမ်းလိုက်သည်။ တကယ်တမ်းတွင်  သူ့လက်ထဲတွင်ရှိနေသည့်ခွန်အားက သူ၏ထိန်းချုပ်မှုအောက်၌ပင်ရှိသေး

သည်ဖြစ်သည်။ အနက်ရောင်ဝတ်စုံနှင့်လူငယ်၏ ဓားက ဧရာမအဖြူရောင်ဓားချီတို့ တွေ့ဆုံကာနီးအချိန်တွင် သူက “ငရဲဘုံကိုးခုပထမားဓားချက်” ကိုအသုံးပြုလိုက်ပြီး လွန်စွာလျှင်မြန်လှသော အမြန်နှုန်းဖြင့် လူငယ်၏ဘယ်လက်အား ခုတ်ပိုင်းချလိုက်သည်။သွေးနီရောင်ချပ်ဝတ်အား လူငယ်၏ဘယ်လက်ခလယ်တွင်

ဝတ်ဆင်ထားသော  အနက်ရောင်သိုလှောင်လက်စွပ်အတွင်း၌ ထည့်သွင်းထားသည်ကို ရှစ်ဖုန့်ရှင်းရှင်းလင်းမြင်တွေ့ခဲ့ပြီးဖြစ်လေသည်။

“ဝုန်း”

ဧရာမအဖြူရောင်ဓားချီမှာ အနက်ရောင်ဝတ်လူငယ်၏ဓားချက်

အောက်တွင်ဖျက်ဆီးခံလိုက်ရသည်။သို့သော်  တစ်ခုခုကမှားယွင်းနေသည်ဟု

လူငယ်သဘောပေါက်လိုက်သည့်အချိန်တွင်  အဖြူရောင်အလင်းတစ်ခုက လက်ခနဲဖြစ်သွားပြီး သူ၏ဘယ်လက်ထံမှာစူးရှသော

နာကျင်မှုတစ်ခုကို ပါသူခံစားလိုက်ရသည်။

“အား”

အဖြူရောင်အလင်းလက်သွားပြီးသည့်

နောက်တွင်  သူ၏လက်ကောက်ဝတ်မှခုတ်ပိုင်းလိုက်ရပြီး သူ၏ဘယ်လက်တစ်ခုလုံးမရှိတော့သည်ကို လူငယ်ရုတ်တရက်မြင်တွေ့လိုက်ရသည်။ သူ၏ဖြတ်တောက်ခံလိုက်ရသောလက်မှ တောက်ပသော သွေးနီရောင်တို့ပန်းထွက်လာသော်လည်း အားလုံးမှာ သွေးဓားထံသို့အရှိန်အဟုန်ဖြင့် ဦးတည်လာသည်။

ရှစ်ဖုန့်၏လက်အတွင်းတွင် အနက်ရောင်သိုလှောင်လက်စွပ်တစ်ကွင်း

အားဝတ်ဆင်ထားသည့်လက်ကောက်

ဝတ်မှာဖြတ်တောက်ခံထားရသောလက်ဖ

ဝါးတစ်ခုရှိနေသည်။

“အား…အား..အား…အား……ငရဲဘုံကိုးခု အဆက်အနွယ်အမှိုက်ကောင်…

ငါမင်းကိုသတ်မယ်ကွ..အား…အား..အား..အား.. ငါမင်းကိုသေခြင်းဆိုးနဲ့ကို သေစေချင်တယ်….”

သူ၏ဘယ်လက်ခုတ်ဖြတ်ခံလိုက်ရမှုနှင့်အတူ လူငယ်၏မျက်နှာမှာ ရှုံ့မဲ့နေပြီးကြမ်းကြတ်ခက်ထန်နေသည်။ သူ၏ပုံစံမှာခွေးရူးတစ်ကောင်ကဲ့သို့ဖြစ်သည်။ အဖြူရောင်ဝတ်ဆုံနှင့်လူငယ်အား

လျစ်လျူရှုလိုက်ပြီး အနက်ရောင်ဝတ်စုံနှင့်လူငယ်က သူ့လက်ထဲတွင်ရှိနေသော အနက်ရောင်ဓားပေါ်တွင် အနက်ရောင်အလင်းတစ်ခုကိုဖွဲ့စည်း

လိုက်သည်။ထို့နောက်သူကရှစ်ဖုန့်

အားခုတ်ပိုင်းလိုက်သည်။  အနက်ရောင်ဓားရိပ်များကရေပြင်ညီရော ဒေါင်လိုက်အတိုင်းပါရွေ့လျား၍ အစီအတန်းအလိုက်ထွက်ပေါ်လာပြီး ရှစ်ဖုန့်ထံသို့ဦးတည်လာသည်။

ဤအချိန်တွင် အဖြူရောင်ဝတ်ရုံနှင့်လူငယ်က အနက်ရောင်ဝတ်ရုံနှင့်လူငယ်အား တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး သူ၏တိုက်ခိုက်မှုအားလုံးအား ရှစ်ဖုန့်၏အပေါ်တွင်စူးစိုက်ထားလိုက်သည်။ မိုးကြိုးနှင်လျှပ်စီးကြောင်းများက  ရူးသွပ်စွာဖြင့်ရှစ်ဖုန့်ထံသိုတရစပ်

တိုက်ခိုက်လာသည်။ ခရမ်းရောင်မိုးကြိုးလျှပ်စီးပုဆိန်ကြီးကလည်း ရှစ်ဖုန့်၏ခေါင်းထက်၌ နောက်တစ်ကြိမ်ထပ်မံဖွဲ့စည်းလာပြန်၏။

ရှစ်ဖုန့်က သရော်ပြုံးပြုံးလိုက်ပြီးနော် ဘယ်လက်ပြက်အား သူ၏သိုလှောင်လက်စွပ်အတွင်း

ပစ်ထည့်လိုက်သည်။ တိုက်ခိုက်မှုပေါင်းများစွာကသူ့

ထံသို့လာနေသည်ကိုကြည့်နေရင်း ရှစ်ဖုန့်က နောက်သို့ဖြည်းဖြည်းချင်းဆုတ်ခွာလိုက်သည်။  သူ၏လက်ထဲတွင်ရှိနေသောဓားဖြင့် တိုက်ခိုက်မှုများအားတစ်ခုပြီးတစ်ခု ချိုးဖျက်လိုက်သည်။ အဖြူရောင်ဓားချီဓားရိပ်များ နေရာအနှံ့တွင်အစီအရီထွက်ပေါ်လာသည်။ သွေးဓားကအဆင့်ခြောက်သို့တက်လှမ်းသွားပြီးသည့်နောက်တွင်  သူ့အနေဖြင့်၎င်းအားပို၍ ချောမွေ့စွာ  အသုံးပြုလာနိုင်ပြီး သူအသုံးပြချခင်းလိုက်သော သိုင်းပညာရပ်တိုင်းကလည်း  ပို၍ အစွမ်းထက်အားကောင်းလာသည်ကို ရှစ်ဖုန့်ရှင်းလင်းစွာခံစား နိုင်သည်ဖြစ်သည်။

ဤအခိုက်အတန့်တွင် အနက်ရောင်ဓားကြီးနှင့်လူငယ်က  ခွေးရူးတစ်ကောင်ကဲ့သို့ခုန်အုပ်လာသည်။ သူကသူ၏လက်တစ်ဖက်ဖြင့် အနက်ရောင်သံမဏိဓားအားလေထဲတွင် မြှောက်ကိုင်လိုက်ပြီး ရှစ်ဖုန့်အားနောက်တစ်ကြိမ်ထပ်မံ၍ ခုတ်ပိုင်းလိုက်သည်။အနက်ရောင်ဓားရိပ်များက ရှစ်ဖုန့်၏ပတ်လည်ဦးတည်ချက်အနှံ့မှ ရှုပ်ယှက်ခတ်နေအောင်ထွက်ပေါ်လာပြီး ၎င်းတို့အားလုံးက သူ၏သေကွင်းသေကွက်များကို

သာချိန်ရွယ်ထားသည်ဖြစ်သည်။

“ဒုက္ခိတတစ်ယောက်များ ဘယ်လိုလုပ်ပြီးတော့သခင်လေး

ကိုလာပြီးတိုက်ခိုက်ချင်နေတာလဲ”

ရှစ်ဖုန့်က သရော်လိုက်သည်။ ထို့နောက်  သူကငရဲဘုံကိုးခု ဒုတိယောက်မြောက်ဓားပညာရပ်မှု ဖရုဖရဲဓားဟန်ကို ချခင်းလိုက်သည်။

အဖြူရောင်ဓားရောင်ဝါများက ရှစ်ဖုန့်၏ခန္ဓာကိုယ်ဝန်းကျင်တွင်

အစီအရီထွက်ပေါ်လာပြီး  သူ့ထံသို့ဦးတည်ချက်ပေါင်းစုံမှလာနေသော  အနက်ရောင်ဓားရိပ်များအားကြိုဆို

သမှုပြုလိုက်သည်။

“ငရဲဘုံကိုးခုဓားပထမမြောက်ဓားပညာရပ်”

ရှစ်ဖုန့်ကနောက်တစ်ကြိမ်ထပ်မံ၍ ပြင်းထန်သောဓားပညာရပ်ကိုအသုံးပြုကာ  အနက်ရောင်သံမဏိဓားနှင့်လူငယ်ထံ

သို့ထိုးသွင်းလိုက်သည်။

“ထန်”

ဓားနှစ်ချောင်းက အပြင်းအထန်ပစ်ဆောင်ထိပ်တိုက်တွေ့ကြပြီး ရှင်းလင်းသောပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။ ရှစ်ဖုန့်က အနက်ရောင်သံမဏိဓားအားသူ၏ဓားဖြင့် တားဆီလိုက်သည်။

“အား…အား…အား…အား…အား…..သောက်ချီးပဲ..ငါမင်းကိုသတ်မယ်..ငါမင်းကို

သေတာထက်ကိုဆိုးရွားတဲ့ ကံတရားကိုခံစားစေချင်တယ်…

အနက်ရောင်ဝတ်စုံနှင့်လူငယ်မှာယခင်ကထက်ပင်ပို၍ကြမ်းကြုတ်ခက်ထန်လာဆဲဖြစ်သည်။  ရှစ်ဖုန့်၏သူ့အားဒုက္ခိတဟူသောစကားက သူ့ကို ပို၍ ဒေါသထွက်လာစေသည်။ သူ့လက်ထဲတွင်ရှိနေသောအနက်ရောင်

သံမဏိဓားအားခပ်ကြမ်းကြမ်းလွှဲယမ်းလိုက်ပြီး ရှစ်ဖုန့်အားသတ်ဖြတ်ချင်စိတ်ဖြင့်  တစ်ချက်တည်းခုတ်ပိုင်းလိုက်သည်။

ဟင်းလင်းပြင်ထဲတွင် ဓားချီဓားရိပ်များက နေရာအနှံ့ရှိနေပြီးရှုပ်ယှတ်ခတ်နေကာ အပြင်းအထန်ထိပ်တိုက်တွေ့ခြင်း၊အလင်းများလက်ခနဲလင်းလက်ခြင်း ၊ ပေါက်ကွဲသံ၊တုန်ဟီးသံများဖြစ်ပေါ်ခြင်း တို့ဖြင့်အဆက်မပြတ်ဖြစ်ပေါ်နေကာ နေရာတစ်ခုလုံးအားမရပ်မနားတုန်ခါနေစေပြီး ပြင်းထန်လှသောစွမ်းအင်များ၏အောက်တွင်ဤနေရာတစ်ခုလုံး၌ပြင်းထန်သောပရမ်းပတာ

အခြေအနေများကိုဖြစ်လာစေသည်။

ပြင်းထန်သောတိုက်ပွဲတစ်ခုအပေါ်၌ စိတ်ပါဝင်စားနေကြသောလူသုံးယောက်မှတစ်စုံတစ်ခုအားသတိပြုမိခြင်းမရှိကြချေ။

“ဒုတ်..ဒုတ်….ဒုတ်..ဒုတ်….”

ဒုတ်..ဒုတ်….ဒုတ်..ဒုတ်….”

ဒုတ်..ဒုတ်….ဒုတ်..ဒုတ်….”

လေထဲတွင်လွင့်မျောနေသောကျောက်တုံး

ရုပ်ထုထံမှထွက်ပေါ်လာသည့်နှလုံးခုန်သံမှာ  နှလုံးက၎င်း၏ရင်ဘက်မှ ခုန်ပေါက်ထွက်လာတော့မည်သကဲ့သို့ မြန်သည်ထက်မြန်လာပြီးကျယ်သည်

ထက်ကျယ်လောင်လာသည်။

“ကောင်လေး…အခုကပြန်ဆုတ်ရမဲ့အချိန်ပဲ မင်းပြန်မဆုတ်ဖူးဆိုရင် ဒုက္ခတွေဖြစ်လာလိမ့်မယ်”

ဤအချိန်၌ ရှစ်ဖုန့်က ရူးသွပ်သောတိုက်ပွဲတစ်ခုအတွင်းစိတ်

ပါနေသည်ကိုတွေ့လိုက်ရသောအခါတွင်ကောင်းကင်မီးတောက်က ရှစ်ဖုန့်ကိုသတိပေးလိုက်သည်။ တကယ်တော့ကောင်းကင်မီးတောက်က  ကျောက်ရုပ်ထု၏လှုပ်ရှားမှုများကို

သတိထားမိလေသည်။သူနှင့်ရှစ်ဖုန့်တို့၌ သွေးပန်းခက်မျိုးနွယ်မှရောင်ဝါများရှိနေပြီး ရှစ်ဖုန့်၏လက်အတွင်း၌ ဤနေရာရှိလူများအားလုံးအားမျိုးဖြုတ်

သတ်ဖြတ်ပစ်ခဲ့သောသွေးဓားရှိနေသည်။ ကျောက်ရုပ်ထုသာနိုးထလာပါက သူတို့အနေဖြင့်ပထမဆုံးဒုက္ခရောက်ရမည့်သူများဖြစ်သွားလိမ့်မည်ဖြစ်သည်။

ကောင်းကင်မီးတောက်၏စကားတို့အား

ကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်မှာရုတ်ခြည်းကျောက်ရုပ်ထု၏လှုပ်ရှားမှုများကို သတိပြုမိလာသည်။ သို့သော် ဤအချိန်တွင် အနက်ရောင်သံမဏိဓားနှင့် ပြင်းထန်သောခရမ်းရောင်လျှပ်စီးများက ပို၍ပို၍  ပြင်းထန်လာနေသည်။ ရိုးရှင်းစွာဖြင့်ပင် သူ့အတွက် ထွက်ပြေးလွတ်မြောက်နိုင်သောလမ်းရှိမနေပေ။ အကယ်၍သူပြေးဖို့ကြိုးစားခဲ့လျှင်ထိုအခိုက်အတန့်ကိုအခွင့်ကောင်းယူ၍ ပြင်းထန်သောတိုက်ခိုက်များက သူ၏ကိုယ်အားတရစပ်ထိုးနှက်လာ

လိမ့်မည်ဖြစ်သည်။

ရှစ်ဖုန့်၏မျက်နှာထက်တွင်

တစ္ဆေမျက်နှာဖုံးကချက်ချင်းပဲပေါ်လာသည်။ သူကအော်ပြောလိုက်သည်။

“ငရဲဘုံကိုးခု စိတ်လှည့်စားခြင်း”

“ငရဲဘုံကိုးခု တစ္ဆေအရိပ်ဓား”

စိတ်လှည့်စားခြင်းနှင့် အစစ်အမှန်တစ္ဆေအရိပ်ဓားချီတို့က ရှစ်ဖုန့်က လူနှစ်ယောက်ထံသို့တစ်ချိန်တည်း

တွင်ထုတ်ဖော်တိုက်ခိုက်လိုက်သည်။

ရုတ်ခြည်း ပြင်းထန်သောတိုက်ခိုက်မှုများကို

ထုတ်ဖော်နေသည့် အနက်ရောင်သံမဏိဓားလူငယ်နှင့် အဖြူရောင်ဝတ်လူငယ်တို့မှာ သူတို့၏ပတ်ဝန်းကျင်ရှိနေရာ ပြောင်းလဲသွားသည်ကိုခံစားလိုက်ရသည်။

မှုန်မှိုင်းသောလေများက  သူတို့၏ပတ်ဝန်းကျင်တွင်တိုက်ခတ််နေပြီး စိတ်မချမ်းမြေ့ဖွယ်တစ္ဆေသရဲများ၏ အော်ဟစ်သံကပဲ့တင်ထွက်ပေါ်နေသည်။

အဖြူရောင်တစ္ဆေများကတစ်ကောင်ပြီး

တစ်ကောင်ပေါ်လာပြီး အစွယ်တကားကားဖြင့် ကျောချမ်းဖွယ်အကောင်းဆုံးသော၎င်းတို့၏တစ္ဆေသရဲမျက်နှာတို့အားလှစ်ဟာပြထားကာ လက်သည်းများကို ဝေ့ယမ်းပြီး သူတို့ထံသို့ကိုက်ဖြတ်ရန်လေနေကြသည်။

“ချိုးဖျက်စမ်း”

“ချိုးဖျက်စမ်း”

နှစ်ယောက်သားတစ်ချိန်တည်းတွင်ပြိုင်တူအော်ပြောလိုက်ကြပြီး  စိတ်လှည့်စားမှုနေရာမှာ အသက်ရှူတစ်ကြိမ်ထက်နည်းသော

အချိန်အနည်းငယ်ခန့်အတွင်း မှန်တစ်ခုကဲ့သို့ကွဲကြေသွားသည်။ထို့နောက်တွင်  တစ္ဆေများ၏ ဝိုင်းထားခြင်းကိုခံထားရသည့်လူနှစ်ယောက်က  တစ်ယောက်ကသွေးဓားကိုလွှဲယမ်းပြီး တစ်ယောက်က ခရမ်းရောင်လျှပ်စီးကိုထုတ်ဖော်လိုက်ကာ ဦးတည်ချက်အနှံ့သို့ဒေါသပုန်ထသကဲ့သို့ထွက်သွားစေသည်။ တစ္ဆေများမှာ ချက်ချင်းပင် ဖျက်ဆီးခံလိုက်ရသည်။သို့သော်လည်း တစ္ဆေများကဖျက်ဆီးခံလိုက်ရပြီးသောအခါတွင်သိပ်သည်းသောအဖြူရောင်ဓားချီတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဆက်ရန်….

ဘာသာပြန်သူ-ARISE

All Chapters