← Chapters

အပိုင်း(၂၃၅)

Vol. 16 Ch. 235

အပိုင်း(၂၃၅)

Vol. 16 Ch. 235

ခရမ်းရောင်  မိုးကြိုးလျှပ်စီးများနှင့် များပြားလှသော အနက်ရောင်ဓားရိပ်များကြောင့် ဟင်းလင်းပြင်ထဲတွင်ရှိနေသော အဖြူရောင်ဓားရိပ်များမှာ လျှင်မြန်စွာ  ပျက်သုဉ်းသွားကြသည်။ သို့သော် ရှစ်ဖုန့်က အခိုက်အတန့်အချိန်တိုလေးအားအခွင့်ကောင်းယူပြီး သူဝင်လာခဲ့ဂူဆီသို့ဝင်ရောက်သွားသည်။

ပုံရိပ်နှစ်ခုဖြစ်သောအဖြူရောင်နှင့် အနက်ရောင်တို့က လျှင်မြန်စွာဂူအတွင်းသို့ဦးတည်လိုက်သည်။

သို့သော်ဤအချိန်တွင် မီးခိုးရောင်တိုက်စားခြင်းမြူများက ဂူအတွင်းထဲမှာအခန်းအပြင်သို့တလိပ်လိပ်ထွက်လာသည်။  ထို့နောက်မကြာလိုက်ဘဲ အလွန်ကြီးမားသော သွေးနီရောင်မီးတောက် ဓားရောင်ဝါတစ်ခုက   ရုတ်ခြည်း တလိပ်လိပ်တက်လာသော တိုက်စားခြင်းမြူများနှင့်အတူ  သိမ်းကျုံးထွက်လာပြီး  လိုက်ဖမ်းရန်လာနေကြသော လူနှစ်ယောက်ထံသို့ခုတ်ပိုင်းချလိုက်သည်။

ဤအချိန်တွင် အဖြူရောင်ဝတ်စုံလူငယ်နှင့်

အနက်ရောင်ဓားအားကိုင်ဆောင်

ထားသည့်လူငယ်တို့မှာ သူတို့၏ခွန်အားအားလုံးအားလျှင်

မြန်စွာစုစည်းလိုက်ကြပြီး ဓားချီထံသို့တိုက်ခိုက်မှုကိုထုတ်ဖော်လိုက်သည်။

“ဝုန်း”

ဂူဝင်ပေါက်ထံ၌  ပြင်းထံသောစွမ်းအားသုံးခု ထိပ်တိုက်ပစ်ဆောင့်မိကြသည်ပြီး သွေးနီရောင် တောင်နံရံတစ်ခုလုံးအားရုတ်တရက်လှုပ်ယမ်းလိုက်သကဲ့သို့ လှုပ်ခါသွားစေသည်။ သူတို့နှစ်ဦး၏ ထိန်းချုပ်မှုအောက်တွင် အထိန်းအကွပ်မဲ့သွားသော

ဖရိုဖရဲစွမ်းအင်များမှာ ချက်ချင်းပျောက်ကွယ်သွားပြီး သွေးနီရောင်တောင်တန်းဂူတစ်လုံးက ထပ်မံ၍ပေါ်လာသည်။သို့သော်ဤအချိန်တွင်ရှစ်ဖုန့်၏ပုံရိပ်မှာ  ဂူအတွင်း၌ ထပ်ပြီးရှိမနေတော့ပေ။

ပြောနေစရာမလိုလောက်အောင်ပင်သူတို့နှစ်ဦးအပြန်အလှန်နားလည်မှုဖြင့် ဂူအတွင်းသို့ အပြေးအလွှားဝင်ရောက်လိုက်ကြသည်။

တစ်ယောက်ကရှေ့မှဖြစ်ပြီး ကျန်တစ်ယောက်ကနောက်မှလိုက်ပါလာသည်။အနက်ရောင်သံမဏိဓားကြီးအား

ကိုင်ဆောင်ထားသည့်လူငယ်က ရှေ့ဆုံးမှပျံသန်းနေပြီး သူ၏ ကိုယ်အားဂူအတွင်းတွင်လျှင်

မြန်စွာတစ်ဟုန်ထိုးပျံသန်း၍ ရှစ်ဖုန့်နောက်သို့လိုက်ဖမ်းနေသည်။

ဤအချိန်တွင်သူ့အနေဖြင့်လုံးဝရူးသွပ်

လုနီးပါးဖြစ်နေခဲ့ပြီဖြစ်သည်။ သူ့အနေဖြင့်ရှစ်ဖုန့်၏အသွေးအသားကို ဝါးမျိုကာ ရှစ်ဖုန့်၏သွေးတို့အားခြောက်ခမ်းသည်

အထိသောက်သုံးပစ်ချင်သည်ကလွဲပြီး အခြားဘာကိုမှမလိုချင်ပေ။  သူ၏ရှစ်ဖုန့်အပေါ်တွင်ဖြစ်ပေါ်သော

အမုန်းတရားက ရှစ်ဖုန့်မသေမခြင်းသူကောင်းစွာအနားမယူနိုင်သည်အထိ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ သူ၏ချပ်ဝတ်သာယူဆောင်သွားခြင်းကိုခံလိုက်ရရုံမက  သူ၏လက်တစ်ဖက်ကိုပင်ဆုံးရှုံးသွားခဲ့ရသည်။ သူ၏ဘယ်လက်အားဆုံးရှုံးသွားခဲ့ရသသော လက်ကောက်ဝတ်မှသွေးများကမရပ်မနားပန်းထွက်နေသေးဆဲဖြစ်သော်လည်း  ဤအချိန်တွင်သူ့အနေဖြင့်

ထိုအရာအားလုံးဝလျစ်လျူရှုထားသည်။

“ဒုတ်….ဒုတ်...ဒုတ်….ဒုတ်”

“ဒုတ်….ဒုတ်...ဒုတ်….ဒုတ်”

“ဒုတ်….ဒုတ်...ဒုတ်….ဒုတ်”

ခန်းမအတွင်းတွင်  လေထဲ၌လွင့်မျောနေသော ကျောက်ရုပ်ထု၏နှလုံးခုန်သံမှာ မြန်သည်ထက်မြန်လာပြီး ပို၍ပို၍ ခုန်လာကာ အသံကလည်းပိုပိုကျယ်လောင်လာသည်။

“ဖန်း”

ရုတ်တရက် ပြတ်သားသောအသံတစ်ခုထွက်ပေါ်လာပြီး ကျောက်ရုပ်ထု၏ရင်ဘက်က ရုတ်တရက် ကွဲအက်ပွင့်လာကာ ပင့်ကူအိမ်ကဲ့သို့သော  အက်ကွဲကြောင်းတစ်ခုပေါ်လာသည်။

“ဘန်း”

ကျောက်ရုပ်ထု၏အတွင်းတွင် အရှိန်ပြင်းစွာဖြင့်ဝင်တိုက်သော

အသံတစ်ခုထွက်ပေါ်လာပြီး သွေးနီရောင်နှလုံးတစ်ခုက အက်ကွဲကြောင်းအတွင်းမှာ ဝုန်းခနဲထွက်ပေါ်လာသည်။ထို့်နောက်တွင် ကျိုးပျက်သွားသော ဟင်းလင်းပြင်ထဲ၌ လွင့်မျောနေသည့်ကျောက်ရုပ်ထုကြီးက ၎င်း၏စွမ်းအားများအား ဆုံးရှုံးသွားပုံပေါ်၏။

“ဘန်း”

၎င်းကမြေပြင်ပေါ်သို့ပြုတ်ကျသွားပြီး အပိုင်းပိုင်းကြေမွသွားကာ သွေးနီရောင်တောက်ပနေသည့် ထူးဆန်းသော  နှလုံးတစ်ခုသာကျန်ရန်နေခဲ့သည်။၎င်းမှာ ကိုယ်ပိုင်အသက်တစ်ခုရှိနေသကဲ့သို့  ဟင်းလင်းပြင်ထဲတွင်ကခုန်နေပြီး မှောင်မိုက်နေသောအခန်းအတွင်းတွင် သွေးနီရောင်အရိပ်တို့ကိုသာချန်ရစ်ထားခဲ့သည်။

မကြာခင်တွင် နှလုံးက  တစ်စုံတစ်ခုအားအာရုံခံမိသွားပုံပေါ်သည်။ ၎င်းကသွေးနီရောင်အလင်းတန်း

တစ်ခုအဖြစ်ပြောင်းသွားပြီး ဂူတစ်ခုအတွင်းသို့ ပစ်လွှတ်သလိုတစ်ဟုန်ထိုးဦးတည်သွားသည်။ ၎င်းကသွေးနီရောင်အလင်းတန်းရှည်ရှည်လေးတစ်ခုကိုသာ အမှောင်ထုအတွင်းတွင်ချန်ရစ်ထားခဲ့ပြီး လျှင်မြန်စွာဖြင့်ဂူထဲသို့ဝင်

ရောက်သွားခဲ့သည်။

ဂူမှာရှစ်ဖုန့်နှင့်အခြားသောသူများ

ဝင်ရောက်သွားခဲ့သောတူညီသည့်

ဂူပင်ဖြစ်သည်။

ရှစ်ဖုန့်က ပုံရိပ်က  ဂူအတွင်းတွင် တစ်ဟုန်ထိုးပျံသန်းနေသည်။ သူဖြစ်သန်းသွားသည့်နေရာတိုင်းတွင်  တိုက်စားခြင်းမြူခိုးများကိုချန်ရစ်ထားခဲ့သည်။ ဂူ၏တစ်ဝက်ကျော်လောက်မှာ တိုက်စားခြင်းအဆိပ်တွင်းကြီး

တစ်ခုအဖြစ်ပြောင်းလဲသွားသည်။ ရှစ်ဖုန့်ကသူ၏ရှေ့တွင်ညီအမနှစ်

ယောက်ဖြစ်သောဟုန်ယွဲ့နှင့်စံပယ်လေးတို့ကို မြင်တွေ့လိုက်သည်။

ရှစ်ဖုန့်က သူမတို့အားဤနေရာ၌စောင့်နေရန်

ပြောခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးနှစ်ယောက်ကသူ့အား

ဤနေရာ၌တကယ်စောင်းဆိုင်းနေကြသည်.

ရှစ်ဖုန့်က အနီရောင်ဝတ်စုံနှင့်မိန်းမလှလေးနှစ်ယောက်ထံပျံသွားလိုက်သည်။ အမျိုးသမီးနှစ်ဦးမတုံ့ပြန်နိုင်လိုက်ခင်မှာပင်  ရှစ်ဖုန့်၏ဘယ်လက်က ဟုန်ယွဲ့၏ သွေးသွယ်သောခါးလေးအားထွေးပွေ့လိုက်ပြီး ဘယ်လက်က စံပယ်လေးအားဖက်ထားလိုက်သည်။ ချက်ချင်းပဲ နူးညံ့ပျော့ပျောင်‌သော အထိအတွေိ့ကိုသူခံစားလိုက်ရသော်လည်း ရှစ်ဖုန့်၌၎င်းနှင့်ပက်သက်ပြီးနှစ်သက်ကြည်နူး

နေရန်အချိန်ရှိမနေပေ။  အမျိုးသမီးနှစ်ယောက်အား လက်မောင်းတို့ထဲတွင်သယ်ဆောင်ထားပြီး

ဂူအပြင်ဘက်ဆီသို့သူဆက်လက်ပျံ

သန်းလိုက်သည်။

“အား”

အမျိုးသမီးနှစ်ယောက်က ရုတ်တရက် အလန့်တကြားအော်လိုက်သည်။ သူမတို့အနေဖြင့် တွေ့ဆုံတာမှကြာမြင့်သေးခြင်းမရှိသေးသော  အမျိုးသားတစ်ယောက်၏ ပွေ့ဖက်မှုကိုရုတ်တရက်ခံလိုက်ကြရသည်။ သူမတို့အနေဖြင့်သူ၏နမည်ကိုပင်သိခြင်းမရှိချေ။သူမတို့၏နူးညံ့သောကိုယ်လေးများကချက်ချင်းတွန့်လိမ်သွားပြီး ရုန်းလိုက်ကြသည်။

“မလှုပ်နဲ့”

ရှစ်ဖုန့်က အမျိုးသမီးနှစ်ယောက်အား အလျှင်အမြန်ပြေလိုက်သည်။

ဟုန်ယွဲ့နှင့်စံပယ်လေးတို့ကရှစ်ဖုန့်၏အလေးအနက်ပြောသံအားရုတ်ခြည်းကြား

လိုက်ရသောအခါတွင် ရှစ်ဖုန့်အားတစ်ပြိုင်နက်တည်း

ကြည့်လိုက်ကြသည်။ စံပယ်လေးကိုင်ဆောင်ထားသော  သလင်းကျောက်အလင်းရောင်အောက်တွင် ယေဘုယျအားဖြင့်  ပြောင်းလဲခြင်းမရှိသောလူငယ်လေး၏မျက်နှာထက်၌ ယခုအခါ လေးနက်မှုများနှင့်ပြည့်နေသည်ကို  သူမတို့တွေ့လိုက်ရသည်။သူမတို့ချက်ချင်းတစ်စုံတစ်ခုကိုနားလည်သွားပြီး တည်ငြိမ်သွားကြကာ ရှစ်ဖုန့်၏လက်အတွင်း၌ လှုပ်ရှားခြင်း သို့မဟုတ် ရုန်းကန်းခြင်းတို့ကို မပြုလုပ်တော့ပေ။

မှောင်မိုက်ပြီး ရှည်လျားသောဂူအတွင်း၌  ရှစ်ဖုန့်၏လျှင်မြန်လှသော အမြန်နှုန်းအောက်တွင် သူမတို့အနေဖြင့် ရှေ့ဘက်မှသွေးနီရောင်အလင်းတစ်ခုအား မကြာခင်မြင်တွေ့လိုက်ရသည်။ အပြင်ဘက်၌သွေးနီရောင်အ

လင်းတစ်ခုတောက်ပနေသောကြောင့် ယင်းမှာသူတို့အနေဖြင့်ဂူပေါက်နှင့်မဝေးတော့သည်ဟုဆိုလိုခြင်းဖြစ်သည်။

ထင်ထားသလိုရှစ်ဖုန့်၏အမြန်နှုန်း

အောက်တွင် သူတို့သုံးယောက်မှာ ဂူအပြင်ဘက်သို့လျှင်မြန်စွာရောက်ရှိသွားပြီး  သွေးနီရောင်အပျက်အစီးနေရာသို့ပြန်ရောက်ရှိလာသည်။ သို့သော်ရှစ်ဖုန့်၏ပုံရိပ်ကထိုနေရာတွင်ရပ်တန့်လိုက်ခြင်းမရှိပေ။ သူကသွေးနီရောင်ဟင်းလင်းပြင်းအတွင်းသို့ဦးတည်လိုက်ပြီး မြင့်မားသောအမြန်နှုန်းဖြင့် ဆက်လက်ပျံသန်းလိုက်သည်။

ရှစ်ဖုန့်၌ ဤနေရာနှင့်အဝေးဆုံးသို့တက်နိုင်

သမျှအမြန်ဆုံးရောက်လိုစိတ်သာရှိသည်။ ဤအချိန်၌ကျောက်ရုပ်ထုကနိုးလာမည်လားဆိုသည်အားမည်သူသိနိုင်မည်နည်း။ ဤကယ်၍၎င်းသာနိုးထလာခဲ့လျှင် သူ၏ကိုယ်က သွေးပန်းခက်မျိုးနွယ်၏ရိုးတွင်း

ခြင်ဆီကိုစုပ်ယူထားပြီး သူ၏ကိုယ်၌ သွေးပန်းခက်မျိုးနွယ်၏ရောင်ဝါ

တို့ရှိနေသည်ဖြစ်သည်။ ထိုအချိန်တုံးက ကောင်းကင်မီးတောက်သည်ပင်  သူ့အားသွေးပန်းခက်မျိုးနွယ်မှ

ဆက်ခံသူအဖြစ်အမှတ်မှားခဲ့သည်ဖြစ်သည်။ ထပ်ပြောနေစရာအလိုအောင်ပင် ဤနေရှိလူအားလုံးအားအစုလိုက်

အပြုံလိုက်သတ်ပစ်ခဲ့သော သွေးဓားကလည်းသူ့၌ရှိနေသည်ဖြစ်သည်။ ဤအရာအားလုံးက သူ့အား  သွေးပန်းခက်မျိုးနွယ်စုဝင်တစ်ယောက်အဖြစ်အမှတ်မှားစေလိမ့်မည်ဖြစ်၏။

အနက်ရောင်ဓားကြီးနှင့်လူငယ်မှာကြမ်းကြုတ်ခက်ထန်နေဆဲဖြစ်သည်။ သူနှင့် အဖြူရောင်ဝတ်စုံဝတ်လူငယ်တို့က

တစ်ယောက်ကိုယ်

တစ်ယောက်ကြည့်လိုက်ကြသည်။ ဤအချိန်၌သူတို့အနေဖြင့်

ဆက်လက်ပြီးတိုက်ခိုက်နေစရာမလိုတော့ပေ။ အနက်ရောင်ဝတ်စုံနှင့်လူငယ်က  ချက်ခြင်း ဟင်းလင်းပြင်ထက်သို့ထိုးတက်သွားပြီး ရှစ်ဖုန့်ကိုရှာဖွေလိုက်သည်။

အဖြူရောင်ဝတ်ရုံနှင့်လူငယ်ကလည်း လက်သင့်ခံနိုင်ခြင်းမှရှိသော  မျက်နှာဖြင့် ဟင်းလင်းပြင်ထဲကိုကြည့်လိုက်သည်။

သူအနေဖြင့်အံ့ဖွယ်လက်နက်ကို

ရောချပ်ဝတ်ကိုပါရရှိခဲ့ခြင်းမရှိဘဲ ထိုလူ၏ယူဆောင်သွားခြင်းကိုခံလိုက်ရသည်။သူကိုယ်အားချက်ချင်း

ဟင်းလင်းပြင်ထဲသို့ထိုးတက်လိုက်သော်လည်း သူခန္ဓာကိုယ်လှုပ်ရှားကာနီးတွင် ရုတ်တရက်တစ်စုံတစ်ခုကိုအာရုံခံမိလိုက်ပြီး ချက်ချင်းပဲနောက်သို့လှည့်ကြည့်လိုက်သည်။

ဤအချိန်တွင် သွေးနီရောင်အလင်းတစ်ခုက ဂူအတွင်းမှရုတ်တရက်ထွက်လာပြီး သူထံသို့ပစ်လွှတ်သလိုဝင်ရောက်လာသည်.

“အဲ့တာကဘာလဲ”

အဖြူရောင်ဝတ်စုံနှင့်လူငယ်က

အော်ပြေလိုက်သည်။ ရုတ်တရက်ခရမ်းရောင်မိုးကြိုးလျှပ်စီးပင်လယ်တစ်ခုက သူ၏ကိုယ်မှတလိပ်လိပ်ထွက်လာပြီး  သွေးနီရောင်အလင်းထံသို့တစ်ဟုန်ထိုးဦးတည်သွားသည်။

သို့သော်ထို့နောက်တွင် သူ၏ကိုယ်ပိုင်စွမ်းအားဖြင့်ဖွဲ့စည်းထားသော  ခရမ်းရောင်မိုးကြိုးလျှပ်စီးပင်လယ်က သွေးနီရောင်အလင်းအားလုံးဝခုခုံနိုင်ခြင်း

မရှိသည်ကို သူတုန်လှုပ်အံ့အားသင့်စွာတွေ့လိုက်ရသည်။ သွေးနီရောင်အလင်းက မိုးကြိုးလျှပ်စီးပင်လယ်အတွင်းသို့ တစ်ဟုန်ထိုးဦးတည်လာပြီး

မျက်စိတစ်မှိတ်အတွင်း သူ၏နှလုံးထံသို့ အရှိန်အဟုန်ဖြင့်ရောက်ရှိလာသည်။ ညင်သာသောပစ်ဆောင့်မှုတစ်ခုနှင့်အတူ၎င်းကသူ၏နှလုံးအားဖောက်ဝင်ဖြတ်သန်းသွားပြီး သူ့ကိုယ်အတွင်းသို့တစ်ဟုန်ထိုး

ဝင်ရောက်သွားသည်။

“အား”

သူ့ရင်ဘက်က လှီးဖြတ်ခံရသလိုပွင့်သွားပြီး ပန်းကန်လုံးတစ်လုံးအရွယ် သွေးရောင်အပေါက်တစ်ခုပေါ်လာသည်။ အဖြူရောင်ဝတ်ရုံနှင့်လူငယ်က ခေါင်းမော့၍ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူ့တစ်ကိုယ်လုံးပြင်းထန်စွာတစ်ဆက်ဆက်တုန်ယင်နေပြီး သူ၏မျက်နှာထက်၌ခက်ထန်မှု

ကြောက်ရွံ့မှုတို့ဖြစ်ပေါ်လာသည်။ ရူးသွပ်သွားသော သားရဲရိုင်းတစ်ကောင်ကဲ့သို့  သူကထပ်မံအော်ဟစ်လိုက်သည်။

“ထွက်စမ်း…ငါ့ကိုယ်ထဲကထွက်သွားစမ်း…

အား..အား..ထွက်စမ်း..အား..”

အဖြူရောင်ဝတ််စုံနှင့်လူငယ်ကသူ၏ပေါက်သွားသောနှလုံးနေရာအား  လက်တို့ဖြင်ဖုံးကာထားသည်။ သူ၏တစ်ကိုယ်လုံးတင် ခရမ်းရောင်မိုးကြိုးလျှပ်စီးများ

ဖြင့်ဝန်းရံနေသည်။ သူ၏ကိုယ်ပေါ်ရှိခရမ်းရောင်မိုးကြိုးလျှပ်စီးတို့မှာ ထူးထူးခြားခြား တလက်လက်မျက်စိကျိန်းအောင်

တောက်ပနေပြီး သူအနေဖြင့် သူ၏ကိုယ်အတွင်ရှိအရာနှင့်တိုက်ခိုက်နေသကဲ့သို့ပင်ဖြစ်လေသည်။

“ဟားဟား”

သို့သော်ထို့နောက်တွင် အဖြူရောင်ဝတ်စုံနှင့်လူငယ်မှာ  ဆန့်တငင်ငင်ဖြစ်နေရာမှ ဖြည်းဖြည်းချင်းရပ်တန့်သွားသည်။ သူ့ကိုယ်ပေါ်ရှိခရမ်းရောင်မိုးကြိုးနှင့်လျှပ်စီးများမျာပျောက်ကွယ်သွားပြီး သူ၏နှုတ်ခမ်းထောင့်က တွန့်ကွေးသွားကာ မိစ္ဆာဆန်သောအပြုံးတစ်ခုထွက်ပေါ်လာသည်။ သူသည်မတူညီသောလူတစ်ယောက်နှင့်ပင်တူညီသည်။ သူ့နှလုံးအိမ်နေရာရှိအသားတို့က မျက်လုံးဖြင့်ကြည့်၍မြင်နိုင်သော

အမြန်နှုန်းမျိုးဖြင့် တစ်ဟုန်ထိုးပြန်လည်ကောင်းမွန်လာသည်။ နောက်ဆုံးတွင်၎င်း၌ အနာရွတ်တစ်ခုပင်ကျန်ရစ်

နေခဲ့ခြင်းမရှိတော့ပေ။

အဖြူရောင်နှင့်လူငယ်မှာ  ပြုံးနေဆဲဖြစ်ပြီးသွေးနီရောင်

ကောင်းကင်ပြင်အားကြည့်လိုက်သည်။ ထို့နောက်ချက်ချင်းသူ၏ကိုယ်အားလှုပ်ရှားကာ ဟင်းလင်းပြင်အတွင်းသို့အရှိန်အဟုန်ဖြင့်တည့်တည့်ပင်ထိုးတက်ပျံသွားသည်။

ဆက်ရန်….

ဘာသာပြန်သူ -ARISE

All Chapters