← Chapters

အပိုင်း(၂၃၆)

Vol. 16 Ch. 236

အပိုင်း(၂၃၆)

Vol. 16 Ch. 236

ရှစ်ဖုန့်က အလှပဂေးလေးနှစ်ယောက်ကအား ဘယ်တွင်တစ်ဖက်ညာတွင်တစ်ဖက်

ပွေ့ဖက်ထားပြီးမြင့်မားသောအမြန်နှုန်းဖြင့်လေကိုထိုးခွင်းပျံသန်းနေသည်။ ထို့နောက် သူ၏အောက်ဘက်၌သွေးနီရောင် တောင်ကြားချိုင့်ဝှမ်းတစ်ခုကို

သူမြင်တွေ့လိုက်သည်။  ဥက္ကာပျံတစ်ခုကဲ့သို့သူကတောင်ကြားအတွင်း သက်ဆင်းလိုက်၏။

“ဘန်း”

မြန်ဆန်လှသောဆင်းသက်မှုကြောင့်  သူ့ခြေဖဝါးအောက်ရှိသွေးရောင်မြေပြင်မှာ မြည်ဟီးသွားပြီးသွေးရောင်ဖုန်ထုတစ်ခုအားမွှေ့ထသွားစေသည်။

ဤအချိန်တွင် တောင်ကြားချိုင့်ဝှမ်းအကွာအဝေးနေရာတစ်ခု၌  သိုင်းသမားသုံးယောက်က  သွေးဝံပုလွေတစ်ကောင်အား

တိုက်ခိုက်နေကြသည်။  ထိုနေရာရှိကြီးမားသောလှုပ်ရှားမှုကြီးအားမြင်တွေ့လိုက်ရသောအခါတွင်သူတို့ထဲက

နှစ်ယောက်က သူတို့၏အာရုံအား လျှင်မြန်စွာပြောင်းလဲ၍ ကြည့်လိုက်ကြသည်။

သူတို့ထဲကတစ်ယောက်ကပြောလိုက်သည်။

“ခုဏကအသံကဘာဖြစ်တာလဲ..

ဥက္ကာပျံကြွေတာလား”

ထို့နောက်တွင်သွေးဝံပုလွေအား  အာရုံစိုက်တိုက်ခိုက်နေသည့်သိုင်းသမားထံမှ အော်ပြောသံကိုကြားလိုက်ရသည်။

“သူတောင်းစားနှစ်ကောင် အခုကဘာအချိန်လဲဆိုတာကိုသိကြအုံး…

မြန်မြန်လာပြီးတော့ဒီနတ်ဆိုးသားရဲကို ရင်ဆိုင်ဟ  ..ငါထပ်ပြီးတော့ကြာကြာထိန်းမထားနိုင်တော့ဘူး”

“အာ..”

သူတို့နှစ်ယောက်မှာ အော်သံကိုကြားလိုက်ရပြီး

သည့်နောက်မှအသိပြန်ဝင်လာကြသည်။နောက်တစ်ကြိမ် သွေးဝံပုလွေအားသတ်ဖြတ်ရန်အတွင် သူတို့အတူတကွလုပ်ဆောင်လိုက်ကြသည်။အဆင့်လေးသွေးဝံပုလွေအား ဘုရင်နယ်ပယ်သိုင်းသမားနစ်ယောက်နှင့် ကြယ်ကိုးပွင့်စိတ်ဝိညာဉ်နယ်ပယ်

သိုင်းသမားတစ်ယောက်တို့၏

ပူးပေါင်းအားထုတ်တိုက်ခိုက်မှုအောက်တွင် နောက်ဆုံး၌အောင်မြင်စွာ

သတ်ဖြတ်နိုင်သွားကြသည်။

ဤအချိန်တွင်  သိုင်းသမားသုံးယောက်က  အကွာအဝေးတစ်ခုရှိသွေးနီရောင်

ဖုန်ထုအားကြည့်လိုက်ပြီး ချက်ချင်းပဲ  သွေးရောင်ဖုန်ထုအတွင်းမှ ပုံရိပ်သုံးခုလျှောက်လှမ်းထွက်လာသည်ကို တွေ့လိုက်ကြသည်။

ဤအချိန်တွင် သွေးဝံပုလွေအားအာရုံစိုက်တိုက်ခိုက်ခဲ့သော သိုင်းသမားက သူ့ဘေးတွင်ရှိနေသော လူနှစ်ယောက်အား  လေးနက်သောမျက်နှာထားဖြင့်

ပြောလိုက်သည်။

“ဒီသွေးဝံပုလွေအလောင်းကိုယူပြီးတော့ဒီနေရာကနေ ဖြစ်နိုင်သမျှမြန်မြန်ထွက်သွားကြမယ်.. ဒီလူသုံးယောက်က လေကိုထိုးခွင်းဖြတ်သန်းလာပြီး သူတို့ရဲ့ကျင့်ကြံမှုကအနည်းဆုံး

အင်ပါယာနယ်ပယ်မှာရှိတယ်…

သူတို့ကကောင်းလားဆိုးလားဆိုတာ

ကိုငါတို့မသိဘူး  ပြီးတော့ သူတို့ကအပြစ်မဲ့တဲ့သူတွေကိုသတ်

မသတ်ဆိုတာကိုလည်းငါတို့မသိနိုင်ဘူး..

သွားကြစို့”

“အင်း”

အခြားသောသိုင်းသမားနှစ်ယောက်ကလည်း  လေးနက်သောမျက်နှထားဖြင့်ခေါင်းညိမ့်လိုက်သည်။ ထို့နောက်  စိတ်ဝိညာဉ်နယ်ပယ်သိုင်းသမားက သွေးဝံပုလွေ၏ခန္ဓာကိုယ်အား သယ်ဆောင်ပြီးလျှင်မြန်စွာထွက်ခွာသွား

ကြသည်။

ရှစ်ဖုန့်က သွေးရောင်တောင်ကြားဝန်းကျင်အား ကြည့်လိုက်သည်။ ထို့နောက်တွင်သူ၏ဘေးမှ စံပယ်လေး၏အသံကိုကြားလိုက်၏။

“တို့..တို့တွေလုံခြုံပီလား”

စံပယ်လေးက  ရှစ်ဖုန့်အား ပြောသည့်အချိန်တွင်  သူမ၏အသွင်အပြင်၌ ရှက်ရွံ့မှုများဖြင့်ပြည့်နှက်နေသည်။ ထို့အပြင် သူမအတွက်ယောက်ျားတစ်ယောက်၏ဤကဲ့သို့ပွေ့ဖက်မှုကိုခံရဖူးသည်က  သူမ၏ဘဝတွင်ပထမဆုံးအကြိမ်ဖြစ်လေသည်။

“ကျိန်းသေပေါက်တော့မဟုတ်သေးဘူး”

ရှစ်ဖုန့်ကပြောလိုက်သည်။ အတိအကျပြောရမည်ဆိုလျှင်သူလည်းသေချာမပြောတတ်ပေ။ သူ့အနေဖြင့် ကျောက်ရုပ်ထုနိုးထလာမလာ

ဆိုသည်အားလည်းမသိသလို ကျောက်ရုပ်ထုကထိုအချိန်ကသူ့အားအာရုံခံမိလားမမိလားဆိုသည်အားလည်းမသိပေ။ ထို့အပြင်ကျောက်ရုပ်ထုသာနိုးထလာပါက  ၎င်း၏စွမ်းအားမှာမည်သည့်အဆင့်၌ရှိနေသည်ဆိုသည်အားလည်းသူမသိပေ။

သူ့အနေဖြင့်ဘာကိုမှမသိခြင်းဖြစ်လေသည်။

“နောက်ဆုံးတော့ဒီနေရာမှာနေထိုင်ခဲ့တဲ့သူတွေက ဘယ်သူတွေဆိုတာကိုငါသိသွားပြီ”

ဤအချိန်တွင်ကောင်းကင်မီး

တောက်ကရုတ်တရက်ရှစ်ဖုန့်

အားပြောလိုက်သည်။

“အိုး…ခင်ဗျားဘယ်လိုသိတာလဲ”

ရှစ်ဖုန့်ကမေးလိုက်သည်။

“အဲ့တာက သွေးနတ်ဆိုးနဲ့သူ့ရဲ့

မျိုးဆက်တွေ ဖြစ်လိမ့်မယ်”

ကောင်းကင်မီးတောက်ကပြောသည်။

“သွေးနတ်ဆိုး….အဲ့တာကဘာလဲ….

အဲ့တာသွေးပန်းခက်မျိုးနွယ်စုနဲ့

ဘာတွေများပက်သက်နေလဲ”

ရှစ်ဖုန့်က မေးလိုက်သည်။

“ဘာလို့ဆိုရင်သွေးနတ်ဆိုးကလည်း သွေးပန်းခက်မျိုးနွယ်ကဖြစ်နေလို့ပဲ”

ကောင်းကင်မီးတောက်ကပြောလိုက်သည်။

ထို့နောက်သူကဆက်ပြောသည်။

“ငါမှတ်မိသေးတယ်..အဲ့အချိန်တုံးက သွေးပန်းခက်ကလန်ကအမျိုးသမီးတစ်ယောက်ဟာ  မင်းတို့ရဲ့နိမ့်ကျတဲ့လူသားမျိုးနွယ်က ယောက်ျားတစ်ယောက်နဲ့  ချစ်ကျွမ်းဝင်ခဲ့တာကို”

ကောင်းကင်မီးတောက်နိမ့်ကျသည့်

လူသားမျိုးနွယ်ဟုပြောလိုက်မိသည့်အချိန်တွင် ရှစ်ဖုန့်၏မျက်လုံးအတွင်းမှာ အေးစက်မှုကိုသူရုတ်တရက်ခံစားလိုက်ရသည်။ ထို့နောက်သူကချောင်းဟန့်

လိုက်ပြီးဆက်ပြောသည်။

“မင်းတို့လူသားမျိုးနွယ်ကအမျိုးသားနဲ့ချစ်ကျွမ်းဝင်ခဲ့တဲ့အဲ့သွေးပန်းခက်မျိုးနွယ်စုကအမျိုးသမီးဟာ….သားတစ်ယောက်

မွေးဖွားလာခဲ့တယ်..တကယ်တော့ဒီကိစ္စတွေကို သွေးပန်းခက်မျိးနွယ်စုဘက်က ခွင့်ပြုခဲ့တာမဟုတ်ဖူး…သွေးပန်းခက်မျိုးနွယ်စုဘက်က ဒါကိုသိသွားတဲ့အချိန်မှာ အားလုံးဟာဒေါသအမျက်ခြောင်းခြောင်းထွက်ကုန်ကြတယ်…သူတို့ကအမျိုးသမီးကို ဖိနှိပ်ထိန်းချုပ်ပြီးတော့ အမျိုးသားရဲ့သွေးတွေကို သေတဲ့အထိစုပ်ယူလိုက်ကြတယ်….. အဲ့အချိန်တုံးက အမျိုးသားရဲ့သွေးတွေဟာငါ့ရဲ့စုပ်ယူမှုကြောင့် ခမ်းခြောက်သွားခဲ့ရတာ ….ဒါပေမဲ့ ကလေးကတော့ သွေးပန်းခက်မျိုးနွယ်အမျိုးသမီးရဲ့ အဝေးကိုယူဆောင်သွားတာခံလိုက်ရတယ်”

“နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ  ဒီကိစ္စကိုသွေးပန်းခက်မျိုးနွယ်ကလူတွေက ဖြည်းဖြည်းချင်းမေ့လျောလာကြတယ်..ဒါပေမဲ့ သူ့ကိုယ်သူ ပြိင်ဘက်ကင်းပါရမီရှင်တစ်ယောက်လို့ခေါ်တဲ့  သွေးနတ်ဆိုးတစ်ကောင်ဟာ

ထျန်းဟန်တိုက်ကြီးမှာပေါ်လာခဲ့ပြီး..နတ်ဘုရားနယ်ပယ်ကို ခြေလှမ်းချဝင်ရောက်သွားခဲ့တယ်”

စကားပြောနေသောကောင်းကင်မီးတောက်မှာ ရုတ်တရက်ရပ်တန့်သွားသည်။ ရှစ်ဖုန့်ရုတ်တရက်စကားလမ်းကြောင်းရပ်သွားသည်ကိုတွေ့လိုက်ရသောအခါတွင် မေးလိုက်သည်။

“ဒါဆို အဲ့နောက်မှာဘာတွေဖြစ်ပျက်သွားခဲ့လဲ”

“အဲ့နောက်မှဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို ငါမသိဘူး…ငါ့အပေါ်မှာတော့တစ်စုံတစ်ခုဖြစ်ခဲ့တယ်..”

ကောင်းကင်မီးတောက်ကပြောလိုက်သည်။

ကောင်းကင်မီးတောက်၏ စကားအားကြားလိုက်ရပြီးသည့်နောက်  အကယ်၍သူခန့်မှန်းခြင်းသာမှန်မည်ဆိုလျှင် ထိုနောက်ပိုင်းမှာ၎င်းအနေဖြင့်  ကောင်းကင်ဘုံရေခဲဝိညာဉ်တောက်အောက်၌ ဖိနှိပ်ထိန်းချုပ်ခြင်းခံခဲ့ရခြင်း

ဖြစ်နိုင်လောက်သည်။

သို့သော်ကောင်းကင်မီးတောက်ထံမှရရှိသောအချက်အလက်များနှင့်နံရံပန်းချီများအရ နောက်ပိုင်း၌ တစ်ခုခုဖြစ်ပျက်ခဲ့သည်ကိုတော့

ရှစ်ဖုန့်ခံ့မှန်းနိုင်သည်ဖြစ်သည်။ သွေးနတ်ဆိုးကဤသွေးနီရောင်

ကမ္ဘာအားဖွင့်လှစ်ခဲ့ပြီး သူ၏မျိုးဆက်များအားမွေးဖွားခွင့်ပေးခဲ့သည်။ ထို့နောက်တွင် သွေးပန်းခက်မျိုးနွယ်စုက ဤနေရာသို့ဝင်ရောက်ခဲ့ပြီး ၎င်းအားတိုက်ခိုက်ခဲ့ခြင်းဖြစ်မည်ဖြစ်သည်။

နောက်ပိုင်းတွင်  ဤနေရာတွင်ရှိခဲ့သောမျိုးနွယ်စုက သွေးနီရောင်အပျက်အဆီးနေရာတစ်ခု၌ မြေအောက်ခန်းမအတွင်းမှအသက်မဲ့နေသောကျောက်ရုပ်ထုများကိုသာချန်ထားရစ်ခဲ့သည်။  သွေးပန်းခက်မျိုးနွယ်စုဆက်ခံသူက ရှေးကျသောအချိန်တည်းက သူတို့အားမျိုးပြုတ်လုနီးပါး သုတ်သင်ပစ်ခဲ့သည်ဖြစ်နိုင်လောက်သည်။ ယခုအချိန်၌ ရှစ်ဖုန့်အနေဖြင့် ကျော်ရုပ်ထုတစ်ခုတည်းကသာ အသက်ဝင်နေသော လက်က္ခဏာရှိသည်ကို သူမြင်တွေ့ခဲ့ရသည်ဖြစ်သည်။

သို့သော်ရှစ်ဖုန့်အတွက် ဤအရာကားဇတ်လမ်းတစ်ပုဒ်သာဖြစ်သည်။ ယခုအချိန်၌သူ့အတွက်အရေးအကြီးဆုံးသောအရာမှာ အမျိုးသမီးနှစ်ယောက်နှင့်အတူ သွေးနီရောင်ရေအား သူ၏ကာယခန္ဓာကိုယ်တိုးတက်လာ

စေရန်စုပ်ယူနိုင်ဖို့အတွက် တိတ်ဆိတ်ပြီးမမြင်ကွယ်ရာဖြစ်သောနေရာတစ်ခုအား ရှာဖွေတွေ့ရန်ဖြစ်သည်။

ယခင်ကသူ့အနေဖြင့် အမည်မသိသွေးရောင်မွန်းစတားတစ်ကောင်၏သွေးရောင်အလင်းတန်းကြော့် များစွာသောထိခိုက်ဒဏ်ရာများအား

ရရှိခဲ့သည်ဖြစ်သည်။ရှစ်ဖုန့်က၎င်းအားချိုးဖြတ်နိုင်ခဲ့ပြီးထပ်မံ၍ ရပ်တည်နိုင်ခဲ့သည်ဖြစ်သည်။ယခုသူ၏ကာယခန္ဓာကိုယ်၏ခွန်အားမှာ ကြယ်ကိုးပွင့်စိတ်ဝိညာဉ်နယ်ပယ်အဆင့်သိ့ မြင့်တက်ရောက်ရှိနေပြီဖြစ်သည်။  သွေးနီရောင်ရေအားစုပ်ယူပြီးသည့်နောက်တွင်သူ၏ရုပ်ခွန်အားက သေချာပေါက်သို့ဘုရင်

နယ်ပယ်သို့မြင့်တက်သွားလိမ့်မည်ဖြစ်သည်။

သူ၏ရုပ်ခွန်အားအားမြှင့်တင်ပြီးသည့်

နောက်တွင်ရှစ်ဖုန့်အနေဖြင့် မြေအောက်အခန်းအတွင်းမှသူရရှိခဲ့သော သွေးရောင်ချပ်ဝတ်အား လေ့လာလိုသေးသည်။

တိုက်ပွဲအတွင်းတွင်ရှစ်ဖုန့်သွေးချပ်ဝတ်အား စစ်ဆေးကြည့်ခဲ့သည်။သို့သော် ၎င်းအပေါ်တွင်ဆီးလ်တစ်ခုရှိနေပြီး ၎င်းကဘယ်အဆင့်လဲဆိုသည်အားသူ

ပြောနိုင်ခြင်းမရှိပေ။

ဆီးလ်ကျိုးပျက်ခြင်းမရှိခဲ့လျှင် သူ့အနေဖြင့်ထိုအရာအားအသုံးပြုနိုင်လိမ့်မည်မဟုတ်ပေ။

“သွားစို့..ဟိုဘက်ကိုတစ်ချက်လောက်

သွားကြည့်ကြစို့”

ရှစ်ဖုန့်က ဟုန်ယွဲ့နှင့်စံပယ်လေးအား  ပြောလိုက်ပြီးနောက်  ရှေးသိပ်မဝေးလှသောနေရာရှိ သွေးနီရောင်တောင်ထွတ်တစ်ခုကို ညွှန်ပြလိုက်သည်။

အမျိုးသမီးနှစ်ယောက်ကတိတ်

တဆိတ်စကားပြောနေကြသည်။ ရှစ်ဖုန့်၏စကားအားကြားပြီးသည့်နောက်တွင်ဟုန်ယွဲ့ကရှစ်ဖုန့်အားလှည့်ကြည့်လိုက်ပြီးခေါင်းညိမ့်ပြကာပြောလိုက်သည်။

“ကောင်းပြီ”

ထို့နောက်တွင်သုံးယောက်သား သွေးနီရောင်တောင်ထွတ်သို့အတူတကွလျှောက်လှမ်းသွားလိုက်ကြသည်။

“ဟုတ်သား…ကျွန်မကို စံပယ်လေးလို့ခေါ်တယ်… ဒါကကျွန်မရဲ့စီနီယာအမ ဟုန်ယွဲ့တဲ့…ရှင့်နမည်ကရောဘာလဲ”

လမ်းလျှောက်လာရင်းရုတ်တရက်စံပယ်လေးကသူမတို့နှစ်ယောက်မှာ ဤလူ၏နမည်ကိုတောင်မသိရသေးပဲ အတူတကွလျှောက်လာ

မိသည်ကိုသတိရသွားသည်။ ထို့ကြောင့်လည်းသူမကပါးစပ်

ဟ၍မေးလိုက်ခြင်းဖြစ်သည်။

“ငါ့နမည်က ရှစ်ဖုန့်လို့ခေါ်တယ်”

ရှစ်ဖုန့်ကပြောလိုက်သည်။

“အိုးရှစ်ဖုန့်လား….”

စံပယ်လေးကခေါင်းညိမ့်လိုက်သည်။

“ရှင်ကအရမ်းအစွမ်းထက်တာပဲ…ရှင်က ဂိုဏ်းကြီးဒါမှမဟုတ်မိသားစုကြီး

တစ်ခုခုကဖြစ်လိမ့်မယ်ဟုတ်တယ်မလား”

“ဂိုဏ်းကြီးလား..မိသားစုကြီးတဲ့လား”

စံပယ်လေးကသူ့အားဤစကား

နှစ်ခွန်းပြောသည်ကိုကြားရသောအခါတွင်  ရှစ်ဖုန့်က ပြုံးလိုက်ပြီး သူ၏ခေါင်းကိုခါယမ်းပြလိုက်သည်။ ထို့နောက်သူကသူမကိုပြောလိုက်သည်။

“မင်းတို့တွေငါ့ကို ငရဲဘုံကိုးခုမျိုးဆက်ထဲကလို့

တော့တွေးလို့ရပါတယ်”

“ဘာ..ငရဲဘုံကိုးခု မျိုးဆက်”

“ငရဲဘုံကိုးခု မျိုးဆက်” ဟူသောစကားအားကြားလိုက်ရသောအခါတွင် စံပယ်လေးသည်သာမကဘဲ ဟုန်ယွဲ့ပါတုန်လှုပ်အံ့အားသင့်သွားသည်။

“ငရဲဘုံကိုးခု  မျိုးဆက် ဟူသော စကား၏အဓိပ္ပါယ်အား  သူမအလိုအလျောက်သိသည်ဖြစ်သည်။

ငရဲဘုံကိုးခု ၏ မျိုးဆက်က ငရဲဘုံကိုးခု ဧကရာဇ်၏ဆက်ခံသူပင်ဖြစ်လေသည်။

ထျန်းဟန်တိုက်ကြီးပေါ်တွင် အထွတ်အထိပ်ကျွမ်းကျင်သူ ငရဲဘုံကိုးခုဧကရာဇ်အား  မသိသူဟူ၍မရှိကြချေ။

“ရှင်က ငရဲဘုံကိုးခုဧကရာဇ်ရဲ့မျိုးဆက်ကလား”

စံပယ်လေးက ထပ်မံ၍တုန်လှုပ်အံ့အားသင့်စွာ

ဖြင့်မေးလိုက်သည်။

“ငရဲဘုံကိုးခု ဧကရာဇ်”ဟူသောစကားလုံးအာသူမပါးစပ်မှ ကြားလိုက်ရသောအခါတွင် သူ၏နှလုံးသားအတွင်းမှထူးဆန်းသော ခံစားမှုတစ်ခုကို ရှစ်ဖုန့်ခံစားလိုက်ရသည်။ သူကခေါင်းညိမ့်ပြီးပြောလိုက်သည်။

“ဟုတ်တယ် သူပဲ”

“သူ့မှာဒီလိုမျိုးစွမ်းအားမျိုးနဲ့ပါရမီရှိနေတာကိုမအံ့ဩတော့ပါဘူး..သူကငရဲဘုံကိုးခု မျိုးဆက်ကလာတာပဲ..ဟူး.”

ဟုန်ယွဲ့ကသူမ၏စိတ်အတွင်းမှ

တိတ်တဆိတ်သက်ပြင်းချလိုက်မိသည်။ သူနှင့်သူမကြားတွင်ရှိနေသောကွားခြားချက်ကအရမ်းကိုကြီးမားလွန်းလှသည်ဖြစ်သည်။

ဆက်ရန်..

ဘာသာပြန်သူ-ARISE

All Chapters