အပိုင်း (၂၃၇)
Vol. 16 Ch. 237
“မအံ့ဩတော့ပါဘူး ..မအံ့ဩတော့ဘူး ဒီလိုအသက်အရွယ်ငယ်ငယ်လေးနဲ့ ဒီလောက်ထိ သန်မာနေတာကို”
စံပယ်လေးကရှစ်ဖုန့်မှာ ငရဲဘုံးကိုးခုဧကရာဇ်၏မျိုးဆက်ဖြစ်ကြောင်း
အား အတည်ပြုပြီးသောအခါတွင် သူမကရှစ်ဖုန့်၏ခွန်အားအားတွေးမိသွားပြီးနားလည်သဘောပေါက်မှုအချို့နှင့်ပြေလိုက်သည်။
ထျန်းဟန်တိုက်ကြီးပေါ်တွင် သိုင်းကျင့်ကြံသူများ စွာလိုလားတောင့်တနေကြသော သိုင်းပညာရပ်များအတွက် အထွတ်အမြတ်ထားရာနေရာ များစွာရှိသည်ဖြစ်သည်။ သို့သော် ငရဲဘုံကိုးခု မျိုးဆက်နှင့် ငရဲဘုံကိုးခု ဧကရာဇ်၏အမွေဆက်ခံခြင်းတို့က ထိုအထွတ်အမြတ်နေရာများပင်နှိုင်းယှဉ်၍ရနိုင်သောအရာမဟုတ်ပေ။ ငရဲဘုံကိုးခု ဧကရာဇ် ချန်ရစ်ထားခဲ့သည့်အရာအားလုံးကပြိုင်ဘက်ကင်း ကျင့်ကြံမှုနည်းလမ်းများနှင့် ပြိုင်ဘက်ကင်း သိုင်းပညာရပ်များဖြစ်ကြသည်။
“စီနီယာအမ ဘာလို့ မမနည်းနည်းစိတ်ဓာတ်ကျနေတယ်လို့ ညီမလေးခံစားနေမိတာလဲ”
စံပယ်လေးမှာရုတ်တရက် သူ့ဘေးတွင်ရှိနေသောဟုန်ယွဲ့နှင့်ပက်သက်၍ တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိထားမိလိုက်သည်။ သူမ၏ပုံစံက အနည်းငယ်စိတ်ပျက်စိတ်ပျက်လက်ပျက်ဖြစ်နေသည့်ပုံပေါ်သည်။ ထို့ကြောင့်လည်းသူမကစပ်စုချင်စိတ်ဖြင့်မေးလိုက်ခြင်းဖြစ်သည်။
“အာ”
စံပယ်လေး၏စကားအားကြားလိုက်ရသောအခါတွင်ျ ဟုန်ယွဲ့မှာ သူမ၏အတွေးနက်နေမှုမှပြန်အသိဝင်လာသည်။ သူမကစံပယ်လေးအားကြည့်လိုက်ပြီး ညင်သာစွာပြောလိုက်သည်။
“ငါအဲ့လိုဖြစ်သွားခဲ့လား”
“ဟမ်”
စံပယ်လေးက ဟုန်ယွဲ့အား လေးနက်စွာကြည့်လိုက်ပြီးပြေလိုက်သည်။
“ခုဏကမမအဲလိုဖြစ်ခဲ့တယ်ထင်တယ်..စီနီယာအမ ခုဏကအမဘာအကြောင်းကိုတွေးနေခဲ့တာလဲ ညီမလေးတော့ …မမစိတ်ထဲမှာ တစ်ခုခုရှိနေရမယ်လို့ထင်တယ်”
“အရူးမလေး…အဓိပ္ပါယ်မရှိတာတွေပြောမနေနဲ့ …အမမှာအဲ့လိုတွေမရှိပါဘူး”
ဟုန်ယွဲ့ကစကားပြောနေရင်းရှစ်ဖုန့်အား အမှုမဲ့အမှတ်မဲ့တစ်ချက်ကြည့်လိုက်သည်။ သူမချက်ချင်းတစ်စုံတစ်ခုအားသဘောပေါက်သွားပြီးသူမ၏မျက်နှာလေးမှာနီရဲသွားသည်။သူမကသူမ၏အကြည့်အားရှေ့သို့ပြောင်းလဲလိုက်ပြီး ရှစ်ဖုန့်နောက်သို့လိုက်ပါလိုက်ကာ သွေးနီရောင်တောင်ထွတ်ဆီသို့ ဆက်လက်၍လျှောက်လှမ်းသွားလိုက်သည်။
ရှစ်ဖုန့်နှင့်အခြားသူနှစ်ယောက်တို့မှာ သွေးရောင်တောင်ထွတ်သို့ရောက်ရှိလာသည်။သွေးရောင်တောင်ထွတ်တွင် သွေးနီရောင်သစ်ပင်များ သွေးရောင်အပင်များ ဖြင့် တောထနေ၏။တောင်ထွတ်ပေါ်တွင် သက်ရှိနေရောင်ဝါအား ရှစ်ဖုန့်အာရုံခံမိခဲ့သော်လည်း စွမ်းအားကြီးသောသို့မဟုတ် အန္တရာယ်ရှိသောရောင်ဝါများအားသူအာရုံမခံမိပေ။ လက်ရှိသူ့အတွက် ဤနေရာ၌ရှိနေသောနတ်ဆိုးသားရဲများမှာ သူသာမန်ကာလျှံကာဖြင့်ပင်သတ်ပစ်နိုင်သည့် အဆင့်နိမ့်နတ်ဆိုးသားရဲများသာဖြစ်လေသည်။
ဤနေရာတွင်ဘာအန္တရာယ်မှရှိမနေခြင်းကြောင့် ရှစ်ဖုန့်ကောင်တောင်အတွင်းပိုင်းထဲသို့ ဆက်လက်လျှောက်လှမ်းဝင်ရောက်ခဲ့သည်။ သူကတောင်နံရံတစ်ခုကိုရှာတွေ့ခဲ့ပြီး သူ၏သွေးဓားအား ထုတ်ယူကာ တူးဆွမှုကိုစတင်လိုက်သည်။
ရှစ်ဖုန့်က ဂူတစ်ခုကိုတူး၍ သွေးနီရောင်ရေအား အထဲ၌ သန့်စင်ရန်ပြင်ဆင်ခဲ့သည်။ရှစ်ဖုန့်မှာ
ပတ်ဝန်းကျင်အား အာရုံခံခဲ့ပြီးဖြစ်ပြီး ဘာစွမ်းအားကြီး တည်ရှိမှုမျိုးမှရှိနေခဲ့ပေ။ ဤသွေးနီရောင်ကမ္ဘာအားသူဆက်လက်၍ စူးဆန်းသွားလာမည့်အချိန်တွင် ဤဂူအား မိန်းကလေးနှစ်ယောက်အတွက်နေထိုင်စရာနေရာအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။
သွေးနီရောင်တောအုပ်အတွင်းတွင် သွေးစွမ်းအင်ပါဝင်သော သွေးသစ်သီးအချို့အားရှစ်ဖုန့်ရှာတွေ့ခဲ့သည်။ ဤသွေးရောင်နေရာလွတ်ကမ္ဘာအတွင်းတွင် များပြားသောသွေးစွမ်းအင်သစ်သီးများရှိနေလိမ့်အုံးမည်ဟု သူယုံကြည်သည်။သူအနေဖြင့်ခုဏကလေးတင်ရန်သူအသစ်နှစ်ယောက်ထပ်မံရရှိခဲ့သည်။
ထို့ကြောင့်မိန်းကလေးနှစ်ယောက်အားသူနှင့်အတူယှဉ်တွဲ၍ ခေါ်ဆောင်သွားရန်အတွက်က
အဆင်မပြေပေ။ သူမတို့က လမ်းတစ်ခုအားရှာဖွေပြီးသူမတို့၏မူလာကမ္ဘာသို့ပြန်ချင်ရုံသာဖြစ်သည်။
“ကောင်လေး ငါ့ကလန်ရဲ့မြင့်မြတ်ဓားကို ဂူတစ်ခုတူးဖော်ဖို့အသုံးချတဲ့သတ္ထုပစ္စည်းတစ်ခုအဖြစ်မင်းဘယ်လိုတောင်အသုံး
ပြုရဲရတာလည်း”
ရှစ်ဖုန့်၏ကိုယ်အတွင်းမှကောင်းကင်မီးတောက်က အပြစ်တင်ပြောဆိုလိုက်သည်။
မြင့်မြတ်ဓား၏ထက်ရှမှုအောက်တွင် ရှစ်ဖုန့်က ဂူတစ်ခုတူးရန်အတွက်မြေကြီးများ
အားတူးဆွခြင်း ကျောက်များအား ခွဲခြေပစ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ၎င်းမှာတို့ဟူးတစ်တုံးအားဓားနှင့်ပိုင်းဖြတ်နေသကဲ့သို့ပင်ဖြစ်သည်။ ဓားရိပ်များကထပ်တလဲလဲဖျက်ခနဲ
ဖြစ်ပေါ်နေပြီးဓားချီများဖြင့်ရှုပ်ယှက်ခက်နေသည်။ ကျောက်တုံးကျောက်စများက နေရာအနှံ့ကို လွင့်ပျံထွက်သွားသော်လည်း ဓားချီအောက်တွင်လွင့်ပျံထွက်လာသော ကျောက်တုံးများမှာ သုတ်သင်ရှင်းလင်းခံလိုက်ရသည်။
မကြာခင် ရှစ်ဖုန့်၏ဓားပညာရပ်များနှင့်
သိမ်မွေ့သောထိန်းချုပ်မှုများအောက်၌ နေရာသေးလေတစ်ခုအား တူးဖော်ပြီးစီးသွားခဲ့သည်။ ဝင်ပေါက်ကသိပ်မကြီးမားသော်လည်း အထဲတွင်ရှိနေသောအခန်းက အခန်းငယ်လေးတစ်ခုစာအရွယ်အစား
နီးပါးရှိလေသည်။
“အထဲကိုဝင်ကြစို့”
ဂူပုံစံပေါ်လာပြီးသည့်နောက်တွင် ရှစ်ဖုန့်ကလည့်လိုက်ပြီး သူ့နောက်တွင်ရှိနေသော မိန်းကလေးနှစ်ယောက်အားပြေလိုက်သည်။
“ကောင်းပြီ”
ဟုန်ယွဲ့ကခေါင်းညိမ့်လိုက်ပြီး ဂူထဲသို့ဦးဆောင်ဝင်ရောက်လိုက်သည်။ စံပယ်လေးကလည်းနောက်မှနီးကပ်စွာ
လိုက်ပါလာသည်။ရှစ်ဖုန့်က ဂူအတွင်းသို့နောက်ဆုံးမှဝင်ရောက်သည့်
သူဖြစ်သည်။ ဂူအတွင်းသို့ဝင်ရောက်ပြီးသည့်နောက်တွင် ရှစ်ဖုန့်က သူ၏လက်နှစ်ဖက်လုံးဖြင့်ဆီးလ်တံဆိပ်သင်္ကေတများကို ကိုပုံဖော်လိုက်သည်။ သူ၏လက်ဆီးလ်သင်္ကေတများက ပျံသန်းထွက်လာပြီး ဂူဝင်ပေါက်၌ စိတ်အာရုံလှည့်စားခြင်းအစီအရင်တစ်ခုအဖြစ် လျှင်မြန်စွာကျဆင်းဖြစ်ပေါ်သွားသည်။စိတ်အာရုံလှည့်စားခြင်းအစီအရင်၏အောက်၌ အကယ်၍ သာမန်သိုင်းပညာရှင်တစ်ဦးကဂူဝင်
ပေါက်အားကြည့်ရှုခဲ့မည်ဆိုလျှင် သူတို့အနေဖြင့်ယခင်ကအတိုင်းတူညီသောမြင်ကွင်းကိုသာမြင်တွေ့ရလိမ့်မည်ဖြစ်သည်။ ဤနေရာတွင် ဝင်ပေါက်အား ကာဆီးထားသော သွေးရောင်ကျောက်နံရံတစ်ခုတည်း
သာရှိနေလိမ့်မည်ဖြစ်သည်။
စိတ်အာရုံလှည့်စားမှုအစီအရင်အား ပြင်ဆင်ပြိီးသည့်နောက်တွင် ရှစ်ဖုန့်က ဂူအတွင်းသို့ဝင်ရောက်လိုက်ပြီး မိန်းကလေးနှစ်ယောက်ကို ပြောလိုက်သည်။
“မင်းတို့နှစ်ယောက်အရင်ဆုံးအနားယူလိုက်ပါ….ငါလုပ်စရာရှိသေးတယ်”
“အိုး”
“ကောင်းပါပြီ”
ရှစ်ဖုန့်၏စကားအားကြားပြီးသည့်နောက်တွင် မိန်းကလေးနှစ်ယောက်က တစ်ချိန်တည်းခေါင်းပြိုင်တူညိမ့်လိုက်သည်။ ထို့နောက်တွင်ရှစ်ဖုန့်က ကြီးမားသော ကျောက်စိမ်းဇလုံတစ်ခုအား ရေချိုးခြင်းပြုလုပ်ရန်အတွက်ထုတ်ယူလိုက်ပြီး ၎င်းအားမြေပြင်ပေါ်တွင်ထားလိုက်သည်။
ဤအချိန်အတောအတွင်းရှစ်ဖုန့်မှာ လူတော်တော်များများကိုသတ်ဖြတ်ခဲ့ပြီး သိုလှောင်လက်စွပ်တော်တော်များများကိုရရှိခဲ့သည်ဖြစ်သည်။ ဤကျောက်စိမ်းဇလုံအတွက်မူ ရှစ်ဖုန့်အနေဖြင့် သူသတ်ခဲ့သောမည်သူ၏သိုလှောင်လက်စွပ်မှရသည်ဆိုသည်ကိုပင်မေ့နေပြီဖြစ်သည်။ သို့သော် သူ့အတွက် ဤကျောက်စိမ်းဇလုံနှင့်ပက်သက်ဆက်နွယ်သည့် ပိုင်ရှင်အား ရှာဖွေခြင်းကအဓိပ္ပါမရှိပေ။
သို့သော်သိပ်မဝေးလှသောနေရာတွင်ထိုင်နေကြသည့်မိန်းကလေးနှစ်ယောက်မှာ ရှစ်ဖုန့်ကရုတ်တရက် ရေချိုးရန်ကျောက်စိမ်းဇလုံးကြီးအား
ထုတ်ယူလိုက်သည်ကိုမြင်တွေ့လိုက်ရသောအခါ၌ သူမတို့၏ မျက်နှာထက်တွင် အလွန်အံ့ဩခြင်းနှင့်အတူ စိတ်ရှုပ်ထွေးမှုများဖြင့်ပြည့်နှက်နေသည်။ စံပယ်လေးက ဟုန်ယွဲ့အား တီးတိုးပြောလိုက်သည်။
“စီနီယာအမ…. သူဒီနေရာမှာရေချိုးမယ်ဆိုပြီးတော့ တွေးနေတာတော့မဟုတ်ဖူးမလား”
“ဒါ…ဒါက….”
ဟုန်ယွဲ့၏မျက်နှလေးမှာရဲခနဲဖြစ်သွားသည်။ ထို့နောက်သူမက စီနီယာအမတစ်ယောက်၏ ဟန်ပန်အမူအယာသဘောထားကိုထုတ်ဖော်ပြလိုက်ပြီး စံပယ်လေးအားပြောလိုက်သည်။
“ညီမလေးကို ဒါကြည့်ခွင့်မပြုဘူး..ဟိုဘက်လှည့်ပြီးတော့ကျင့်ကြံနေ”
“မမကရော…စီနီယာအမ”
စံပယ်လေးက ကလူ၏သို့မြူ၏သို့ပုံစံဖြင့်မေးလိုက်သည်။
“ဒါပေါ့ မမလည်း လည့်ပြီးကျင့်ကြံမှာပေါ့”
ဟုန်ယွဲ့ကပြောလိုက်ပြီးနောက်အရင်ဆုံးလှည့်လိုက်သည်။
“အုချ်”
စံပယ်လေးက ရုတ်တရက်နာကျင်စွာအော်လိုက်သည်။ သူမကလှည့်လာသေးခြင်းမရှိသေးသည်ကိုတွေ့လိုက်ရသောအခါတွင် ဟုန်ယွဲ့ကသူမလက်ကိုဆန့်ထုတ်လိုက်ပြီး စံပယ်လေး၏ခေါင်းအားခေါက်လိုက်သည်။ ထို့နောက်မှသာ စံပယ်လေးက မကျေမနပ်ဖြင့်နှုတ်ခမ်းဆူလိုက်ပြီး လှည့်လိုက်သည်။
အခြားတစ်ဖက်တွင် ရှစ်ဖုန့်က သွေးနီရောင်ရေတို့ပါဝင်သော
ကျောက်စိမ်းပုလင်းကိုထုတ်ယူလိုက်သည်။ ထို့နောက် ကျောက်စိမ်းပုလင်း၏နှုတ်ခမ်းကိုဖွင့်လိုက်ပြီး သွေးနီရောင်ရေတို့အား ကျောက်စိမ်းဇလုံအတွင်းသို့လောင်း
ချလိုက်သည်။ ဇလုံအတွင်း သွေးနီရောင်အရည်များဖြည်းညှင်းစွာဖြင့် ပြည့်သွားမှသာ ရှစ်ဖုန့်က လောင်းချခြင်းကို ရပ်လိုက်သည်။ ထို့နောက်သူ၏ကိုယ်အားလေထဲသို့လွင့်မျောတက်လိုက်ပြီး သူ၏တစ်ကိုယ်လုံးက ကျောက်စိမ်းဇလုံအတွင်းသို့ဝင်ရောက်သွားသည်။ သွေးရောင်ရေအတွင်းသို့သူဝင်ရောက်လိုက်သည့်အခိုက်အတန့်တွင် ခြစ်ခြစ်တောက်သော အပူတစ်ခုကိုသူချက်ချင်းခံစားလိုက်ရသည်။
“ငရဲဘုံ ခန္ဓာသန့်စင်ပညာရပ်”
ရှစ်ဖုန့်ကအသံနိမ့်ဖြင့်အော်ပြေလိုက်သည်။ သူလက်တို့ဖြင့်ဆီးလ်တံဆိပ်သင်္ကေတများကိုပုံဖော်လိုက်ပြီး ငရဲဘုံကိုးခု ပညာရပ်ခန္ဓာသန့်စင်နည်းစနစ်ကိုအဆက်မပြတ်လည်ပတ်စေလိုက်သည်။သူ့တစ်ကိုယ်လုံးရှိမွှေညှင်းပေါက်များအားလုံးကျယ်ပြောစွာပွင့်သွားပြီး သွေးနီရောင်ရေအားသူ၏ကိုယ်အတွင်းသို့စုပ်ယူလိုက်သည်။ ထို့နောက်သူကသူ၏ခန္ဓာကိုယ်အားစ
တင်၍သန့်စင်လိုက်သည်။
သွေးနီရောင်ရေတို့အား သူ၏ကိုယ်အတွင်းသို့စုပ်ယူပြီးသည့်နောက်တွင် သူ၏မရီဒီယန်များ၊ သွေး၊အသားနှင့်အင်္ဂါအစိတ်အပိုင်းများက ပြောင်းလဲလာသည်ကိုရှစ်ဖုန့်ခံစားမိနိုင်သည်။ အချိန်တိုလေးအတွင်း သူ့ခန္ဓာကိုယ်၏ခွန်အားအားရှစ်ဖုန့်
ခံစားမိနိုင်သည်ဖြစ်သည်။ ယခုအခါတွင်သူ့အနေဖြင့်ဘုရင်နယ်
ပယ်တစ်ယောက်၏ ကာယခွန်အားအားပိုင်ဆိုင်ပြီးဖြစ်လေသည်။”
“ဒီသွေးနီရောင်ရေက တကယ့်ကိုသာမန်ထက်ထူးခြားတာပဲ”
သူခန္ဓာကိုယ်၏ပြောင်းလဲမှုများအားခံစားရင်း ရှစ်ဖုန့်ကျေနပ်ပီတိဖြစ်နေသည်။ ထို့နောက်တွင်သူ ကျောက်ဇလုံးအတွင်းသို့နှစ်ဝင်လိုက်ပြီး သွေးနီရောင်ရေဖြင့် သူ၏ ခန္ဓာကိုယ်အားစတင်သန့်စင်လိုက်သည်။
သူ့ခန္ဓာကိုယ်အတွင်းပြောင်းလဲမှုများအားအကဲဖြတ်ရသလောက် သွေးနီရောင်ရေအားစုပ်ယူ၍ သူ့ကိုယ်အားသန့်စင်ပြီးသည်နှင့် သူ၏ကာယခန္ဓာကိုယ်စွမ်းအားမှာ ကြီးမားသောအဆင့်တစ်ခုသို့သေချာပေါက်တိုးတက်သွားလိမ့်မည်ဟု ရှစ်ဖုနု့်ယုံကြည်သည်ဖြစ်သည်။ အခုသူ၏ကာယခန္ဓာကိုယ်ခွန်အားက ဘုရင်နယ်ပယ်စဦးအဆင့်သို့ရောက်ရှိနေပြီဖြစ်လေသည်။
အချိန်များကမသိလိုက်ပါဘာကုန်လွန်သွားသကဲ့သို့ သူကလည်းဆက်လက်၍ ခန္ဓာကိုယ်အားသန့်စင်နေသည်။ ကျောက်စိမ်းဇလုံအတွင်းရှိ သွေးနီရောင်ရေ၏အပူချိန်က ဖြည်းဖြည်းချင်းလျော့ကျလာသောအခါတွင် ကျောက်စိမ်းဇလုံအတွင်းရှိသွေးနီရောင်ရေတို့၏အဆီအနှစ်များက သူခန္ဓာကိုယ်၏စုပ်ယူမှုကိုလုံးဝခံ
လိုက်ရကြောင်းကိုရှစ်ဖုန့်သိလိုက်သည်။
အတွေးတစ်ချက်ဖြင့်ပြင်းထန်သောသွေးနီရောင် မီးတောက်တစ်ခုက ရှစ်ဖုန့်၏ကိုယ်မှရုတ်တရက်ဟုန်းခနဲ
ထွက်ပေါ်လာသည်။ ကျောက်စိမ်းဇလုံအတွင်းတွင်ရှိနေသောသွေးနီရောင်ရေတို့မှာ သွေးနီရောင်မီးတောက်၏ ဘာမှကျန်ရစ်ခြင်းမရှိတော့သည်အထိ လောင်ကျွမ်းမှုကိုရုတ်ခြည်းခံလိုက်ရသည်။
ထို့နောက် ရှစ်ဖုန့်က ကျောက်စိမ်းပုလင်းအတွင်းမှ သွေးနီရောင်အရည်တို့ကို ထပ်မံ၍ လောင်းချလိုက်ပြန်သည်။ မကြာခင် ထိုသွေးနီရောင်အရည်တို့မှာလည်း သွေးနီရောင်မီးတောက်၏ဘာမှကျန်ရစ်ခြင်းမရှိတော့သည်အထိလောင်ကျွမ်းမှုကိုခံလိုက်ရပြီး ကျောက်စိမ်းပုလင်းအားထပ်မံသွန်ချပြန်သည်။နောက်ဆုံးတွင် ကျောက်စိမ်းပုလင်းအတွင်း၌ သွေးနီရောင်ရေတစ်စက်ပင်
ကျန်ရစ်ခဲ့ခြင်းမရှိတော့ချေ။
ဤအချိန်၌ရှစ်ဖုန့်၏ကာယခွန်အားမှာ ကြယ်ခုနှစ်ပွင့်ဘုရင်နယ်ပယ်တစ်
ယောက်ခွန်အားသို့ရောက်ရှိနေပြီဖြစ်သည်။ ယင်းမှာရှစ်ဖုန့်အစောပိုင်းကတွေးထားသည့်နှင့်တူညီသည်ပင်ဖြစ်သည်။ ဤကျန်နေသော ကျောက်စိမ်းဇလုံအတွင်းရှိသွေးနီရောင်ရေအဆီအနှစ်တို့အားစုပ်ယူ၍ သူ့ခန္ဓာကိုယ်အားသန့်စင်ပြီးပါက သူ၏ကာယခန္ဓာကိုယ်ခွန်အားက ကြယ်တစ်ပွင့်အင်ပါယာ
နယ်ပယ်အဆင့်သို့ရောက်
ရှိနိုင်လိမ့်မည်ဖြစ်သည်။
ဆက်ရန်…..
ဘာသာပြန်သူ-ARISE