အပိုင်း(၂၃၈)
Vol. 16 Ch. 238
ယွင်လိုင်အင်ပါယာ၏နတ်ဆိုးသားရဲ
တောင်တန်းဒေသတွင် ဖြစ်သည်။
တောအုပ်အတွင်းတွင် ပျံသန်းနိုင်သည့်နတ်ဆိုးသားရဲများဟိန်းဟောက်နေကြသည်။ အချို့ကတော့ဟိန်းဟောက်နေကြီး အချို့ကတော့ ဆွဲဆွဲငင်ငင်မြည်တမ်းနေသည်။
မီးတောက်များအားပန်းထုတ်ခြင်း၊လေပြင်းများတဝီဝီတိုက်ခတ်ခြင်း၊ခရမ်းရောင်လျှပ်စီးမိုး
ကြိုးများတဂျိန်းဂျိန်းခြိမ်းခြင်းနှင့်မိုးသီးများ တစ်အုန်းအုန်းကြွေခြင်းနှင့် အလင်းလှိုင်းများအားနေရာအနှံ့သို့ပစ်လွှတ်ခြင်းများဖြစ်ပေါ်နေသည်။ ပြင်းထန်သောစွမ်းအင်များကတောအုပ်အတွင်း အကြီးအကျယ်ဗြောင်းဆန်အောင်
ပေါက်ကွဲထွက်ပေါ်နေ၏။
သန္ဓေပြောင်း အနက်ရောင် တောင်ပံနတ်ဆိုးဝံပုလွေတစ်ကောင်ကနတ်ဆိုးသားရဲတစ်အုပ်အားဝရုန်းသုန်းကားဖြင့်သောင်းကျန်းဖြတ်ကျော်နေသည်။၎င်းက ပါးစပ်ကိုဖွင့်ဟပြီး တက်ရှသောအစွယ်တန်းများကို
လှစ်ဟာပြသပြီး အခြားသောနတ်ဆိုးသားရဲများအား
ကိုက်ဖြတ်နေ၏။ ၎င်းကသိပ်သည်းသော အနက်ရောင်နတ်ဆိုးမီးတောက်
တို့ကိုမှုတ်ထုတ်ပြီး မျက်စိတစ်မှိတ်အတွင်းနတ်ဆိုးသား
ရဲများစွာအား လောင်ကျွမ်းသွားစေသည်။ ၎င်းကဟိန်းဟောက်လိုက်သကဲ့သို့ နေရာတစ်ခုလုံးမှာလည်း ပြင်းထန်စွာတုန်ခါသွားသည်။ နတ်ဆိုးဝံပုလွေ၏ ဟိန်းဟောက်သောအသံအောက်တွင် အဆင့်နိမ့်နတ်ဆိုးသားရဲများမှာတစ်ကောင်ပြီးတစ်ကောင် မြေကြီးထဲသိုထုနှက်ခံရသကဲ့သို့ခြွေမွခံလိုက်ရသည်။
နတ်ဆိုးဝံပုလွေ၏ ကျောထက်တွင် အဖြူရောင်ပုံရိပ်တစ်ခုကမတ်တပ်ရပ်နေသည်။ သူကချောမောပြီးရက်စက်သောအသွင်အပြင်လည်းရှိသည်။ သူ၏နဖူးထက်တွင် “ယို”ဟူသော စာလုံးကဲ့သို့ထူးဆန်းသည့် အဖြူရောင်စကားလုံးတစ်ခုရှိနေသည်။ သူလက်ထဲတွင်အရိုးလှံတစ်ခုကိုကိုင်
ဆောင်ထားပြီး နတ်ဆိုးသားရဲအုပ်လိုက်အားလှံရှည်တစ်ခုကိုလွှဲယမ်းလွှဲယမ်း၍သတ်ဖြတ်နေသည်။ သူလှံအားလွှဲယမ်းလိုက်သည့်အချိန်တိုင်းတွင် သွေးများကနေရာအနှန့်သို့ဖြန်းခ
နဲပျံ့ကျဲသွားသည်။
“ငရဲဝံပုလွေ….သခင်ထွက်သွားတဲအချိန်တုံးက သူပြောခဲ့တာကိုမင်းလည်းကြားခဲ့မှာပဲ…. ငါတို့ရဲ့လက်ရှိခွန်အားနဲ့ဆိုရင် သူ့နောက်ကိုလိုက်တာက သူ့ကိုလေးဖင့်အောင်ဆွဲထားသလိုပဲဖြစ်စေလိမ့်မယ်…. ပိုပြီးသန်မလာကြရအောင် ငါတို့တွေပိုပြီးတော့သန်မာလာနိုင်တယ်.. တိုက်….သတ်….
သွေးတွေနဲ့အသက်သွင်းပစ်လိုက်…ပြီးရင် အလောင်းတွေတောင်လိုပုံနေအောင်
လုပ်ပစ်လိုက်ကြစို့ကွာ.. အဲ့တာမှသာ ငါတို့တွေ သခင့်ရဲ့နောက်ကိုလိုက်နိုင်မှာ…သတ်ပစ်…”
မှုန်မှိုင်းနေသောကွင်းပြင်ထဲတွင် မာန်ဖီသံခပ်အုပ်အုပ်ထွက်ပေါ်လာသည်။ သူကအရိုးလှံအားကြမ်းကြုတ်စွာ
ထိုးထုတ်လိုက်၍ နတ်ဆိုးတစ်ကောင်၏ရင်ဘက်အတွင်းထိုးသွင်းလိုက်သည်။ထို့နောက်တွင်လှံက ၎င်း၏နောက်ကျောဘက်မှပြန်လည်၍ထွက်လာသည်။
“ဝေါင်း”
ယင်ရှာ (စာရေးသူ-မှတ်ချက်ဤနေရာမှစတင်၍ ယင်မိစ္ဆာ၏နမည်အားယင်ရှာဟုပြောင်းလဲသုံးနှုန်း၍ငရဲဝံပုလွေအား ယိုလန်ဟုပြောင်းလဲသုံးနှုန်းပါမည်။နောက်ပိုင်းဇတ်လမ်းချိတ်မှုများအရ ပြောင်းလဲမှဖြစ်မည်ဖြစ်သောကြောင့်ဖြစ်ပါသည်။) ၏စကားအား ကြားလိုက်ရသောအခါတွင် ယိုလန်သည်လည်းကောင်းကင်ထက်သို့မော့၍ ဟိန်းဟောက်လိုက်သည်။ ပတ်ဝန်းကျင်နေရာတစ်ခုလုံး ထပ်မံ၍ပြင်းထန်စွာတုန်ခါသွားသည်။
“ဝုန်း..ဝုန်း..ဝုန်း..”
အောက်ခြေရှိမြေပြင်မှ မြည်သံထွက်ပေါ်လာသည်။ ထက်ရှပြီးကြမ်းကြုတ်ရက်စက်သော စူးချွန်များကမြေပြင်မှ ထွက်ပေါ်လာပြီး ကောင်းကင်ထဲသို့ လျှင်မြန်စွာမြင့်တက်သွားသည်။
……………………………………
သွေးနီရောင်နေရာလွတ်ကမ္ဘာ ဂူထဲတွင်ဖြစ်သည်။
ရှစ်ဖုန့်မှာကြီးမားသော ကျောက်စိမ်းရေစိမ်ဇလုံကြီး
အတွင်း၌ရှိနေသည်။ သွေးနီရောင်ရေတို့၏အပူချိန်
ကလျော့ကျလာ၏။ သွေးနီရောင်ရေ၏အဆီအနှစ်စွမ်းအင်များက ရှစ်ဖုန့်၏စုပ်ယူခြင်းအား
နောက်တစ်ကြိမ်ခံလိုက်ရပြန်သည်။ ဤအချိန်တွင် ရှစ်ဖုန့်၏ ကာယခွန်အားမှာ အင်ပါယာနယ်ပယ်စဦးအဆင့်
သို့ရောက်ရှိနေခဲ့ပြီဖြစ်သည်။ သူ၏ဒန်တန်အတွင်းရှိစွမ်းအင်သို့မဟုတ်ကောင်းကင်မီးတောက်၏စွမ်းအင်တို့အားအသုံးပြုခြင်းမရှိဘဲ သူလက်သီး၏ခွန်အားမှာ ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်တစ်ယောက်၏တိုက်ခိုက်မှုနှင့်ညီမျှမှုရှိသည်ဖြစ်သည်။
သူ၏ကာယခွန်အားက ပိုသန်မာလာသည်။ တိုက်ခိုက်ခြင်းဘက်တွင်သာသန်မာလာခြင်းမဟုတ်ပဲ ခုခံမှုတွင်လည်းပိုသန်မာအားကောင်းလာပြီးပို၍ အကြမ်းခံလာသည်။
“ဝုန်း”
ရှစ်ဖုန့်၏ကိုယ်မှ သွေးနီရောင်မီးတောက်တို့
နောက်တစ်ကြိမ်ထပ်မံ၍ ဟုန်းခနဲလောင်ကျွမ်းလာပြန်သည်။ သွေးနီရောင်မီးတောက်၏လောင်ကျွမ်းမှုအောက်တွင်ကျောက်စိမ်းဇလုံအတွင်း
ရှိသွေးနီရောင် ရေတို့မှာ ဘာမှကျန်ရစ်ခြင်းမရှိတော့သည်အထိနောက်တစ်ကြိမ်ထပ်မံ၍ လောင်ကျွမ်းခံလိုက်ရသည်။
လေထဲသို့လွင့်မျောတက်လိုက်ပြီးရှစ်ဖုန့်က ကျောက်စိမ်းဇလုံအတွင်းမှထွက်လာကာ ပြင်ပမြေပြင်ပေါ်သို့ဆင်းသက်လိုက်သည်။ ထို့နောက်တွင် ကျောက်စိမ်းဇလားအားသူ၏သိုလှောင်လက်စွပ်အတွင်းသို့ပြန်လည်၍ထည့်လိုက်သည်။
ထို့နောက်ရှစ်ဖုန့်ကသူ၏လက်ကောက်ဝတ်အားလှစ်ခနဲလုပ်လိုက်သောအခါတွင် လက်ပြတ်တစ်ခုကသူ၏လက်ထဲတွင်ပေါ်လာသည်။ လက်ပြတ်တွင်လက်ခလယ်၌ဝတ်ဆင်
ထားသောအနက်ရောင်သိုလှောင်လက်စွပ်တစ်ကွင်းမှလွဲပြီးတစ်ခြားထူးထူးခြားခြား
ဘာမျှရှိမနေချေ။ ၎င်းကသူဖြတ်တောက်ခဲ့သောအနက်ရောင်သံမဏိဓားနှင့်လူငယ်လေး၏ ဘယ်လက်ဖြစ်လေသည်။
“ဝုန်း”
သွေးနီရောင်မီးတောက်တစ်ခုက ရှစ်ဖုန့်၏လက်ဖဝါးထက်တွင်ရုတ်တရက်ဟုန်းခနဲတောက်လောင်လာသည်။ သွေးနီရောင်မီးတောက်၏အောက်တွင် ဘယ်လက်ပြတ်မှာ ရုတ်ခြည်းဘာမှကျန်ရစ်ခြင်းမရှိတော့သည်အထိ မီးရှို့ဖျက်ဆီးခံလိုက်ရသည်။ အနက်ရောင်သိုလှောင်လက်စွပ်တစ်ကွင်း
သာရှစ်ဖုန့်၏လက်ပေါ်တွင် ကျဆင်းကျန်ရစ်နေခဲ့သည်။
ရှစ်ဖုန့်က သိုလှောင်လက်စွပ်အတွင်းမှ သွေးနီရောင်ချပ်ဝတ်အားထုတ်ယူလိုက်သည်။ ရှစ်ဖုန့်ကသူ၏ဝိညာဉ်စွမ်းအားကိုအသုံးပြု၍ ကောင်းကင်မီးတောက်အားဆက်သွယ်ပြီးမေးလိုက်သည်။
“ဒီသွေးနီရောင်ချပ်ဝတ်ကဘယ်နေရာကလာတာလဲဆိုတာကိုခင်ဗျားသိလား….”
ချပ်ဝတ်ပေါ်တွင်ရှေးကျပြီး ဆန်းကျယ်သော ျကန့်သတ်ချက်တို့ ရှိနေသည်ဖြစ်သည်။ သူလက်ထဲ၌၎င်းအားကိုင်ဆောင်ထား
သည့်အချိန်တွင်ပင်ဤချပ်ဝတ်ကမည်သည့်အဆင့်ရှိသည်ဆိုသည်အား ရှစ်ဖုန့်မပြောနိုင်ဖြစ်နေသည်။
“ငါမသိဘူး”
ကောင်းကင်မီးတောက်ကပြန်ဖြေလိုက်သည်။
“ခင်ဗျားအဟန့်အတားအစီအရင်ကို ကျိုးပျက်အောင်လုပ်နိုင်လား”
ရှစ်ဖုန့်ကထပ်မံ၍မေးလိုက်သည်။
“ငါကြည့်ကြည့်မယ်”
ကောင်းကင်မီးတောက်ကပြောလိုက်သည်။ ရုတ်တရက်သွေးနီရောင်မီးတောက်တစ်ခုက ရှစ်ဖုန့်၏ ရင်ဘက်မှလူးလွန့်ထွက်ပေါ်လာပြီး သွေးနီရောင်ချပ်ဝတ်ထံသို့ ကူးလူးသွားလိုက်သည်။ သွေးရောင်ချပ်ဝတ်မှာချက်ခြင်းသွေးနီ
ရောင်မီးတောက်၏ဟုန်းဟုန်းတောက်လောက်မှုကိုခံလိုက်ရသည်.
မကြာခင်တွင် ကောင်းကင်မီးတောက်၏လောင်ကျွမ်း
မှုအောက်၌ သွေးချပ်ဝတ်ပေါ်တွင်ရှိနေသောကန့်သတ်ချက်များကတစ်ခုပြီးတစ်ခု ကျိုးပျက်လာသည်ကိုရှစ်ဖုန့်ပျော်ရွှင်စွာ
ဖြင်ခံစားမိလိုက်သည်။ သို့သော် ကောင်းကင်မီးတောက်ရှစ်ဖုန့်၏ကိုယ်အတွင်းသို့ပြန်လည်၍ ဝင်ရောက်လာရင်အချိန်သိပ်မကြာလိုက်ပေ။
ထို့နောက်တွင် ရှစ်ဖုန့်ကမျက်မှောင်ကြုတ်လိုက်ပြီး
မေးလိုက်သည်။
“ဘာလို့ကန့်သတ်ချက်အစီအရင်
ကတစ်ဝက်လောက်ကျန်နေခဲ့သေးတာလဲ”
“အဲ့လောက်နဲပဲကျေနပ်လိုက်ကောင်လေး…
သွေးနတ်ဆိုးတွေက သွေးပန်းခက်ကလန်ရဲ့ ကန့်သတ်ချက်အစီအရင်တစ်ဝက်လောက်ကိုပဲ ဒီသွေးနီရောင်ချပ်ဝတ်ပေါ်မှာသုံးထားခဲ့တာ.. ကန့်သတ်ချက်အစီအရင်ရဲ့တစ်ခြားတစ်ဝက်ကတော့ သွေးနတ်ဆိုးကလန်ရဲ့ ပြိုင်ဘက်ကင်းပညာရပ်ဖြစ်နိုင်လောက်တယ်”
“သွေးနတ်ဆိုး ကလန်ရဲ့ ကန့်သတ်ချက်အစီအရင်တွေသာ ချပ်ဝတ်ပေါ်မှာ ထားထားတယ်ဆိုရင်…မင်းရထားတဲ့ ချပ်ဝတ်က တိုလီမိုလီအပိုင်းအစတစ်ခုထက် ဘာမှကိုပိုမှာမဟုတ်ဖူး….. အခု ငါကကန့်သတ်ချက်တစ်ခုကိုကူညီဖယ်ထား
ပေးခဲ့တာကြောင့် ချပ်ဝတ်ကအနည်းဆုံးအဆင့်ခြောက် စွမ်းအားလောက်ကိုပဲ ထုတ်လွှတ်နိုင်လိမ့်မယ်”
ကောင်းကင်မီးတောက်၏စကာအားကြားလိုက်ရပြီးသည့်နောက် ရှစ်ဖုန့်က သွေးရောင်ချပ်ဝတ်အားအာရုံခံလိုက်သည်။ တကယ့်ကို ဤချပ်ဝတ်၏လက်ရှိအဆင့်ကအဆင့်
ခြောက်ဖြစ်သည်။အကယ်၍ ဤချပ်ဝတ်၏ ကန့်သတ်ချက်အစီအရင်အားလုံးသာကျိုးပျက်သွားခဲ့မည်ဆိုလျှင် ၎င်းကမည်ကဲ့သို့အဆင့်မျိုးတွင်ရောက်ရှိနေမည်နည်း။
သို့သော်ထို့နောက်တွင် ရှစ်ဖုန့်ကခေါင်းကိုခါယမ်းပြီးဤအတွေးအားပစ်ပယ်လိုက်သည်။ သူ့အနေဖြင့်သွေးနတ်ဆိုးကလန်၏ ကန့်သတ်မှုအစီအရင်အားယခင်ကတစ်
ခါမှမြင်တွေ့ခဲ့ဖူးခြင်းမရှိချေ။ ထို့ကြောင့် သူ၌၎င်းအားချိုးဖျက်ရန်အတွက်ဘာသဲလွန်စမှရှိမနေပေ။ ယခုအချိန်၌၎င်းအားစဉ်းစားနေခြင်းက အသုံးဝင်လိမ့်မည်မဟုတ်ပေ။
အတွေးများအားဘေးဖယ်ထားလိုက်ပြီး ရှစ်ဖုန့်ကသွေးချပ်ဝတ်ကိုသိုလှောင်လက်စွပ်အတွင်းသို့ပြန်ထည့်ထားလိုက်သည်။ ထို့နောက်သူက တင်ပျဉ်ခွေထိုင်ပြီး သူ့ကိုကျောပေးကာကျင့်ကြံခြင်းပြုလုပ်နေသည့် မိန်းကလေးနှစ်ယောက်အား ပြောလိုက်သည်။
“မင်းတို့နှစ်ယောက် ဒီမှာပဲနေပြီးတော့ ကျင့်ကြံနေကြပါ….အပြင်ကိုမသွားကြနဲ့…မင်းတို့ကိုဂူထဲမှာလုံခြုံစေဖို့အတွက် ဝင်ပေါက်မှာ အစီအရင်တစ်ခုကိုငါပြင်ဆင်ပေးထားခဲ့မယ်…. ဒါပေမဲ့ မင်းတို့ဝင်ပေါက်ကို ချဉ်းကပ်လိုက်ရင် အစီအရင်ကအစပျိုးလည်ပတ်လိမ့်မယ်…
ဒါကြောင့်မင်းတို့လျှောက်မသွားကြပါနဲ့…မင်းတို့မှာတစ်ခုခုဖြစ်လာပြီဆိုရင် ကျောက်စိမ်းပြားကိုခွဲလိုက်ပါ…ငါအဲ့တာကိုအလိုအလျောက်အာရုံခံမိလိမ့်မယ်”
သူကစကားပြောရင် အစိမ်းရောင်ကျောက်စိမ်းပြားကိုပစ်ပေး
လိုက်သည်။၎င်းက လေထဲတင်မျဉ်းကွေးအတိုင်းလည်ပတ်သွားပြီး အမျိုးသမီးနှစ်ယောက်ထံသို့ပြုတ်ကျသွားသည်။ ကျောက်စိမ်းပြားကဟုန်ယွဲ့၏
အပေါ်သို့ကျတော့မည့်အချိန်တွင် သူမကလက်ဆန့်ထုတ်ပြီး၎င်းအား
ဖမ်းယူလိုက်သည်။
ထို့နောက်ဟုန်ယွဲ့က လှည့်လိုက်ပြီး ရှစ်ဖုန့်ကိုကြည့်လိုက်သည်။ သူမကပျော့ပျောင်းစွာပြောလိုက်၏။
“သွားပါ…ကျွန်မရှင့်ကိုစောင့်နေမယ်….”
သူမကဇနီးတစ်ယောက်က ယောက်ျားဖြစ်သူအားပြောသကဲ့သို့ညင်သာစွာပြောလိုက်သည်။
“ကောင်းပြီ”
ရှစ်ဖုန့်က ဟုန်ယွဲ့အားခေါင်းညိမ့်ပြလိုက်သည်။ထို့နောက်သူ၏ခန္ဓာကိုယ်ကလှစ်ခနဲဖြစ်သွားပြီး ဂူဝင်ပေါက်ထံသို့ရောက်ရှိသွားသည်။ ဂူဝင်ပေါက်အားဖြတ်သန်းလာခဲ့ပြီးနောက်သူ့အနေဖြင့်ဘာမတော်တဆဖြစ်ရပ်ကိုမှဖြစ်ပျက်လာရန်အလိုမရှိချေ။
သူကဝင်ပေါက်နေရာရှိမြေပြင်တွင်ဓား
ချက်ဆယ့်ရှစ်ချက်ကိုဆွဲလိုက်ပြီး အမျိုးသမီးနှစ်ယောက်အားကာကွယ်ရန် ဓားဆယ့်ရှစ်ချက်အစီအရင်ကိုပြင်ဆင်
လိုက်သည်။ဓားချက်ဆယ့်ရှစ်ချက်အစီအရင်ဖြင့်ဆိုလျှင် အင်ပါယာနယ်ပယ်အောက်
မည်သူမဆို အလွယ်တကူ လုပ်ကြံသတ်ဖြတ်ခံရလိမ့်မည်ဖြစ်သည်။ အပကယ်၍တစ်စုံတစ်ယောက်က ဓားဆယ့်ရှစ်ချက်အစီအရင်အားအသက်ဝင်စေခဲ့လျှင် သူချက်ချင်းပဲအာရုံခံမိလိမ့်မည်ဖြစ်သည်။
ထို့နောက်တွင်ရှစ်ဖုန့်ကသွေးနီရောင်ဟင်း
လင်းပြင်အတွင်းသို့ထိုးတက်လိုက်ပြီး ၎င်းနေရာလွတ်ကမ္ဘအားဆက်လက်၍ လှည့်လည်သွားလာလိုက်သည်။ ဤနေရာသို့သူပိုပြီးအစွမ်းထက်လာရန်
လာခဲ့ခြင်းဖြစ်သည်။ ယေဘုယျအားဖြင့်အမျိးသမီးနှစ်ယောက်နှင့်အတူ ဂူအတွင်း၌ကျင့်ကြံ၍သာနေရခြင်းကို သူမနှစ်သက်ပေ။ ရှစ်ဖုန့်က အမျိုးသမီးနှစ်ယောက်အတွက် ထွက်ပေါကိုလည်းရှာဖွေနေသည်။ ဤနေရာကအန္တရာများသည်ဖြစ်သော်လည်း အခွင့်အလမ်းများကလည်းနေရာတိုင်းတွင်ရှိနေသည်။ ပင်ကိုအားဖြင့် ဤနေရာအပေါ်၌ လက်မြှောက်အလျော့ပေးလိုက်ရန်ရှစ်ဖုန့်၌ဆန္ဒရှိမနေပေ။
ရှစ်ဖုန့်၏ပုံရိပ်က ကောင်းကင်ထဲသို့ထိုးခွင်းတက်သွားပြီး မြင့်မားသောအမြန်နှုန်းဖြင့်လေကိုထိုးခွင်ပျံသန်းလိုက်သည်။ သူ၏အောက်ဘက်တွင်သဲကန္တရာ
တစ်ခုရှိနေသည်။ မသိလိုက်ပါဘဲ ရှစ်ဖုန့်မှာသွေးနီရောင်သဲကန္တာရတစ်ခု၏အထက်ရှိလေထဲသို့ရောက်ရှိလာခဲ့သည်။ဤနေရာတွင်လူနှစ်ယောက်သုံးယောက်အုပ်စုဖွဲ့၍ လျှောက်လှမ်းနေကြသောပုံရိပ်များသို့မဟုတ် သဲကန္တာရအတွင်းရှိနတ်ဆိုးသားရဲများဖြင့် တိုက်ခိုက်နေကြသောပုံရိပ်များ လည်းရှိနေသည်။ ရှစ်ဖုန့်ကသူတို့အားလုံးအားမြင်တွေ့
နိုင်သည်ဖြစ်သည်။
ဤကမ္ဘာကတောင်တန်းများတော
အုပ်များဖြင့်ကျယ်ပြေလှသည်ဖြစ်သည်။ အခုလည်းသဲကန္တရာတစ်ခုရှိနေသည်။ မကြာခင်တွင်ရှစ်ဖုန့်၏မျက်လုံး
တို့အရောင်တောက်သွားသည်။ ကိုယ်လုံးကိုယ်ပေါက်သေးသွယ်သောပုံရိပ်တစ်ခုအားသူမြင်တွေ့လိုက်ရသည်။ ဤအချိန်တွင်ထိုပုံရိပ်လေးက သွေးရောင်သဲကင်းမြှီးကောက်တစ်ကောင်နှင့်သဲကန္တာရအတွင်းတွင်တိုက်ခိုက်နေသည်။
ဆက်ရန်….
ဘာသာပြန်သူ-ARISE