← Chapters

အပိုင်း(၂၃၉)

Vol. 16 Ch. 239

အပိုင်း(၂၃၉)

Vol. 16 Ch. 239

ရှစ်ဖုန့်မြင်တွေ့လိုက်ရသောသေးသွယ်ကျစ်လစ်သည့်ပုံရိပ်လေးကလုံမုန့်ပင်ဖြစ်လေသည်။

ဤကောင်မလေးသည်လည်း ဤသွေးနီရောင်နေရာလွတ်ကမ္ဘာအတွင်းသို့ဝင်ရောက်လာခဲ့သည်ဖြစ်သည်။

သူမကိုတွေ့လိုက်ပြီးသည့်နောက်ရှစ်ဖုန့်က

အလျှင်အမြန်ဆင်းသက်လိုက်သည်။ လုံမုန့်နှင့်တိုက်ခိုက်နေသည့် အဆင့်လေးဘုရင်နယ်ပယ်ဖြစ်သော သွေးနီရောင်ကင်းမြှီးကောက်၏ဦးခေါင်းမှာ  ရှစ်ဖုန့်၏ခြေထောက်အောက်တွင် လူမဆန်စွာခြွေမွခံလိုက်ရသည်။

“အား”

တစ်စုံတစ်ယောက်ကရုတ်တရက်ဆင်း

သက်လာပြီး သူမနှင့်တိုက်ခိုက်နေသော

ကင်းမြှီးကောက်အားနင်းချေပစ်လိုက်သည်ကိုတွေ့ရသောအခါတွင်  လုံမုန့်မှာ အလန့်တကြားဖြစ်သွားရသ

လိုသတိအနေအထားနှင့်လည်းဖြစ်သွားရသည်။  သို့သော်ရင်းနှီးသောမျက်နှာတစ်ခုအားမြင်တွေ့လိုက်ရပြီးသည့်နောက် လုံမုန့်၏ ခံညားသောမျက်နှာလေးမှာ

ရုတ်တရက်ငွားငွားစွင့်စွင့်ဖူးပွင့်လာသော  ပန်းလေးတစ်ပွင့်ကဲ့သိုဖြစ်သွားသည်။ သူမကချိုသာစွာခေါ်လိုက်သည်။

“ကိုကြီးရှစ်ဖုန့်”

ရှစ်ဖုန့်သည်လည်း ကောင်မလေးအားပြုံးပြ

လိုက်ပြီးပြောလိုက်သည်။

“မင်းကဒီမှာဘာလုပ်နေတာလဲ”

ရှစ်ဖုန့်ကစကားပြောနေသကဲ့သို့ ဦးခေါင်းမဲ့နေသော သွေးရောင်သဲကင်းမြှီးကောက် ၏ခန္ဓာကိုယ်မှသွေးများကပန်းထွက်လာပြီး ရှစ်ဖုန့်၏ခန္ဓာကိုယ်ဝန်းကျင်တွင်

စုစည်းလာကြသည်။ သွေးနီရောင်  သဲကင်းမြှီးကောက်၏ ခန္ဓာကိုယ်မှာ လျှင်မြန်စွာရှံ့တွခြောက်သွေ့သွားသည်။

“အား…နေအုံး.”

ဤအရာအားမြင်တွေ့လိုက်ရသေအခါတွင်  လုံမုန့်ကအလျှင်အမြန်အော်ပြေလိုက်ပြီး ခြောက်သွေ့သွားသောကင်းသွေး

ရောင်သဲကင်းမြှီးကောင်၏ ခန္ဓာကိုယ်နားသို့သွားလိုက်သည်။ သူမကသူမ၏သိုလှောင်လက်စွပ်အတွင်းမှဓားမြှောင်ကိုထုတ်ယူလိုက်ပြီး ဂရုတစိုက်ဖြင့် သွေးနီရောင်ကင်းမြှီးကောက်၏ရှုံတွသွားသောအလောင်းအားဖွင့်လိုက်သည်။

ထို့နောက်ရှစ်ဖုန့် လှည့်ကြည့်လိုက်သောအခါတွင် လုံမုန့်က သွေးနီရောင်ကင်းမြှီးကော်ကထံမှ လက်ချောင်းအရွယ် သွေးပုတီးစေ့တစ်ခုအား ထုတ်ယူလိုက်သည်ကို တွေ့လိုက်ရသည်။ ဤသွေးပုတီးစေ့ပူသောစွမ်းအင်တစ်ခုပါဝင်သည်ကို  ရှစ်ဖုန့်အာရုံခုံနိုင်သည်ဖြစ်သည်။ သို့သော်ဤပူသောစွမ်းအင်က သန့်စင်ယန်တည်ဆောင်ပုံနှင့်

ကျင့်ကြံမှုကိုပြုလုပ်သောလုံမုန့်

နှင့်သင့်တော်သည်လေသည်။

လုံမုန့်၏သိုင်းကျင့်ကြံမှုက ယခုအခါတွင် ကြယ်ငါးပွင့်ဘုရင်နယ်ပယ်အဆင့်မှ ကြယ်ခြောက်ပွင့်ဘုရင်နယ်ပယ်အဆင့်သို့ ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်းကို ရှစ်ဖုန့်သိလိုက်သည်။သူမအနေဖြင့်

ဤသဲကန္တရာအတွင်းတွင်ရှိနေ

သောနတ်ဆိုးသားရဲများအားသတ်ဖြတ်ပြီးသည့်နောက်ရရှိလာသည့် အပူစွမ်းအင်တို့အား  စုပ်ယူခဲ့သည့်ပုံပေါ်သည်။

ရှစ်ဖုန့်သည်သာမကဘဲ ဤကောင်မလေးသည်လည်း ဤနေရာလွတ်ကမ္ဘာအတွင်းတွင် တစ်ခုခုအားစုဆောင်းရရှိနိုင်ခဲ့ပုံပေါ်၏။

“ကံကောင်းလို့ဘာမှမထိခိုက်သွားဘူး”

လုံမုန့်ကသူမလက်အတွင်းမှသွေးပုတီးစေ့အားဂရုတစိုက်ကြည့်လိုက်သည်။

ထို့နောက်သူမ၏ခေါင်းအား မော့၍ရှစ်ဖုန့်ကိုကြည့်လိုက်သည်။ဤအခိုက်အတန့်တွင် ရှစ်ဖုန့်ကလည်းသူမအားကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမကရှစ်ဖုန့်အား ထပ်မံ၍ပြုံးပြလိုက်ပြီး ပြောလိုက်သည်။

“ဒီပုတီးစေ့လေးကညီမလေးရဲ့

ကျင့်ကြံမှုအတွက်အများကြီးအ

ကူအညီဖြစ်စေတယ်လေ”

ထို့နောက် လုံမုန့်၏မျက်နှာက ရုတ်တရက်အေးစက်မှုအဖြစ်ပြောင်း

လဲသွားသည်ကိုရှစ်ဖုန့်တွေ့လိုက်ရသည်။ သူမရှစ်ဖုန့်အားကြည့်လိုက်သောအခါတွင်  သူမ၏မျက်နှာ၌ အနိုင်ကျင့်ခြင်းကိုခံခဲ့ရသော မိန်းကလေးတစ်ယောက်ကဲ့သို့ နာကြည်းချက်များဖြင့်ပြည့်နှက်နေသည်။

လုံမုန့်မျက်နှာထက်ရှိပြောင်းလဲမှုအားမြင်တွေ့လိုက်ရသောအခါတွင်  ရှစ်ဖုန့်ကချက်ချင်းပဲလှည့်ကြည့်လိုက်သည်။

သွေးနီရောင်ကန္တာရပြင်၏သိပ်မဝေးလှသောနေရာတွင်ရှိနေသောသိုင်းပညာ

ရှင်လူငယ်တစ်စုအား ရှစ်ဖုန့်တွေ့လိုက်ရသည်။ ၎င်းတို့မှာအမျိုးသမီးနှစ်ယောက်၊

အမျိုးသားငါးယောက်တို့ဖြင့်စုဖွဲ့ထားသသောလူခုနှစ်ယောက်ပါဝင်သည့်အဖွဲ့တစ်ခုဖြစ်

သည်။ အသက်အကြီးဆုံး

တစ်ယောက်က အသက်နှစ်ဆယ့်ငါး နှစ်ဆယ့်ခြောက်ခန်ရှိပြီးအ

ငယ်ဆုံးတစ်ယောက်က အသက်ဆယ့်ခုနှစ်နှစ်ဆယ့်

ရှစ်နှစ်ခန့်ရှိလေသည်။

“သူတို့မင်းကိုအနိုင်ကျင့်ကြတာလား”

ရှစ်ဖုန့်က လူအုပ်စုအား ကြည့်လိုက်ပြီး သူခုဏကမြင်တွေ့လိုက်ရသောလုံမုန့်၏မျက်နှာထက်ရှိ စိတ်ထိခိုက်နေသည့်အသွင်အပြင်လား ပြန်အမှတ်ရလိုက်သည်။

“အင်း”

လုံမုန့်၏ရှစ်ဖုန့်၏ဘေးသို့လျှောက်လာ၍ ခေါ်င်းညိမ့်လိုက်ပြီး ရှစ်ဖုန့်ကို ပြောလိုက်သည်။

“သူတို့ကသူတို့ကိုယ်သူတို့ ဟို့ယွင်ဂိုဏ်းကလို့ပြောကြတယ်…ညီမလေး အရင်ကနတ်ဆိုးသားရဲတစ်ကောင်ကို သတ်ခဲ့တယ်….သူတို့ကနတ်ဆိုးသားရဲရဲ့ သွေးပုတီးစေ့ကိုဓားပြတိုက်သွားရုံတင်မကဘူး…ညီမလေးကိုလည်းထွက်သွားလို့ပြောခဲ့တယ်…အဲ့တာထက်ပိုတာက..

ယောက်ျားတစ်ယောက်ကညီမလေး

ကိုခြိမ်းခြောက်တာပဲ..အကယ်၍ညီမလေးသာ  ထွက်မသွားဘူးဆိုရင်ညီမလေးကိုဒီကမ္ဘာပေါ်မှာမွေးဖွားလာခဲ့ရတဲ့အတွက် နောင်တရသွားအောင်လုပ်ပစ်မယ်တဲ့”

လုံမုန့်က ပို၍နာကြည်းမကျေနပ်သောမျက်နှာ

ထားဖြင့်ပြေလိုက်သည်။

“သူတို့ကမင်းကိုအနိုင်ကျင့်ရဲကြတယ်တဲ့လား..

ငါမင်းအတွက်လက်စားချေပေးမယ်”

ရှစ်ဖုန့်ကပြောလိုက်ပြီးနောက်လူအုပ်စုထံသို့ တစ်ဟုန်ထိုးဦးတည်သွားလိုက်သည်။လုံမုန့်မှာ ဤနေရာသို့သူနှင့်အတူလိုက်ပါ

လာခဲ့ခြင်းဖြစ်သည်။ဤကောင်မလေး၏ မကျေနပ်ချက်များအတွက် သူ့အနေဖြင့် လျစ်လျူရှုထားခြင်းကိုမပြုလုပ်နိုင်ပေ။

“ဘန်း”

ရှစ်ဖုန့်၏ပုံရိပ်က သဲကန္တာရအတွင်းရှိ လူအုပ်၏ရှေိ့သို့လျှင်မြန်စွာ

ရောက်ရှိသွားပြီး ဖှုန်မှုန့်များ တထောင်းထောင်းမွှေ့ထသွားစေသည်။

ဖုန်မှုန့်များလျှင်မြန်စွာပျောက်

ကွယ်သွားပြီးသည့်နောက် မပြောင်းလဲမှုမရှိသောငယ်ရွယ်ည့်မျက်နှာနှင့် ရှစ်ဖုန့်၏ပုံရိပ်ထွက်ပေါ်လာသည်။

“ရို့..နင်က  အဲ့ခွေးမလေးရှာတွေ့ထားတဲ့ အကူအညီလား”

မာနကြီးသောမျက်နှာထားနှင့် အမျိုးသမီးတစ်ယောက်က ရှစ်ဖုန့်လာနေသည်ကိုတွေ့သောအခါတွင် အထင်သေးစွာဖြင့် လုံမုန့်အားလက်ညှိုးထိုးညွှန်ပြလိုက်ပြီး ထေ့ငေါ့ပြောဆိုလိုက်သည်။

သူမ၏ကျင့်ကြံမှုအဆင့်က ကြယ်ခုနှစ်ပွင့်အင်ပါယာနယ်ပယ်အဆင့်ဖြစ်နေချိန်တွင် ရှစ်ဖုန့်၏ကျင့်ကြံမှုနယ်ပယ်က ကြယ်ငါးပွင့်အင်ပါယာနယ်ပယ်သာရှိသည်ကို သူမပင်ကိုအားဖြင့်မြင်တွေ့ရသည်ဖြစ်သည်။ကျင့်ကြံသူများကြားထဲတွင် ကြယ်တစ်ပွင့်ကွာခြားချင်းကပင်  ကောင်းကင်နှင့်မြေကြီးကြားရှိအကွာအဟလောက်ကွာခြားမှုက ကွဲပြားသည်ဖြစ်သည်။

ကြယ်နှစ်ပွင့်စာကွာခြားခြင်းဖြင့်ဆိုပါက သူမနေဖြင့်၎င်းအား  အမှိုက်စလေးတစ်ခုကဲ့သို့ အလွယ်တစ်ကူပင်ခြေမွပစ်နိုင်သည်ဖြစ်သည်။

ဤကဲ့သို့သော လူတစ်ယောက်က  သူတို့၏ရှေ့တွင်လာရောက်ပြီး အခြားသူအတွက် ဘယ်လိုတောင်လက်စားလာချေရဲရပါသနည်း။ သူ့အတွက် အရှက်ကွဲခံရရန်ကိုသာလာ

တောင်းခံနေခြင်းဖြစ်လေသည်။

ဤအရူးက ထိုခွေးမလေး၏အလှအပကြောင့်

ကိုယ့်ကိုယ်ကိုယ်လွန်လွန်ကဲကဲတွေးထင်ပြီး  တောင်လားမြောက်လားပင်မပြောနိုင်တော့သည်အခြေအနေသို့စိုက်ရောက်

သွားခြင်းများဖြစ်နေနိုင်မည်လား။

“မင်းရဲ့ပါးစပ်ဆိုးကြီးကိုပိတ်သွားအောင်ရိုက်ပစ်အုံးမယ်”

ရှစ်ဖုန့်က  အမျိုးသမီးအားအေးစက်စွာအော်ပြောလိုက်ပြီး သူ၏ညာလက်အားမြှောက်လိုက်သည်။

“ငါ့ပါးစပ်ကို နင်ဘယ်လိုမျိုးရိုက်မလဲဆိုတာ

ကိုငါသိချင်ပါသေးတယ်”

ရှစ်ဖုန့်၏စကားတို့အားကြား

လိုက်ရသောအခါတွင် အမျိုးသမီးကသူမအနေဖြင့်ကမ္ဘာပေါ်တွင်အရယ်ရဆုံးသေားဟာသတစ်ခုအားကြားလိုက်ရသကဲ့သို့ထင်မှတ်လိုက်ရသည်. ကြယ်ငါးပွင့်အင်ပါယာနယ်လေး

တစ်ယောက်များ သူမ၏ပါးစပ်ကိုရိုက်ချင်သည်ဟု

ပြောရဲသည်တဲ့လား။ ထိုထက်ပိုသည်ကားသူကသူ့

လက်ကိုပင်သူမအားရွယ်ရန်

မြှောက်လာသေးသည်ဖြစ်လေသည်။

သို့သော်ဤအချိန်တွင် အမျိုးသမီးကလည်း သူမ၏သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို  ထုတ်ဖော်ပြသလိုက်သည်။

အမှိုက်လေးတစ်ခုအားသူမအားအ

ထင်အမြင်သေးရဲပြီးသူမအားအ

ရမ်းလာရိုင်းပြနေသည်။သူမအနေဖြင့်သူ့အားမာနကြီးအထက်စီးဆန်ခြင်း၏အဓိပ္ပါကဘာလဲဆိုသည်နှင့်ကောင်းကင်နှင့်မြေကြီး

ကြားရှိကျယ်ပြောမှုကမည်မျှရှိသည်

ဆိုသည်အားမြည်းစမ်းခွင့်ပြုရ

လိမ့်မည်ဖြစ်သည်။

“ဝုန်း”

မာနကြီးသောအမျိုးသမီး၏ညာလက်ဖဝါးတွင် ပြင်းထန်သောမီးတောက်များ

ဟုန်းခနဲတောက်လောင်လာသည်။သူမကလက်ဝါးရိုက်ချက်တစ်ခုအား ရှစ်ဖုန့်၏လက်ထံသို့ပစ်လွှတ်လိုက်သည်။ ၎င်းက ကြယ်ခုနှစ်ပွင့်အင်ပါယာနယ်

ပယ်တစ်ယောက်၏ အစွမ်းအားလုံးပါဝင်သောတိုက်ခိုက်မှုတစ်ခုဖြစ်သည်။ ၎င်းမှာဟို့ယွင်ဂိုဏ်း၏ အကြွင်းမဲ့သိုင်းနည်းစနစ်တစ်ခုဖြစ်သော မီးတိမ်တိုက်လက်ဖဝါးပင်ဖြစ်လေသည်။ ဤလက်ဝါးရိုက်ချက်က ကြယ်ငါးပွင့်အင်ပါယာတစ်ယောက်၏

လက်အားဘာမှကျန်ရစ်ခြင်းမရှိတော့သည်အထိလောင်ကျွမ်းပစ်ရန်အတွက် လုံလောက်မှုရှိသည်ဖြစ်သည်။

အခြားသော ဟို့ယွင်ဂိုဏ်း၏တပည့်ခြောက်ယောက်ကလည်းပြောင်းလဲမှုမရှိဘဲကြည့်နေကြသည်။ ၎င်းကပျင်းစရာကောင်းလွန်းသည်ဟုပင်သူတို့ခံစားရသည်။ သူတို့ထဲကအချို့၏မျက်နှာထက်တွင်

အပြုံးတို့ပင်ရှိနေသည်။ သူတို့ထဲကအချို့က ဤပျင်းစရာကောင်းသောသဲကန္တာရအတွင်းတွင်သူတို့အား စော်ကားရဲသည့် ဤသိုင်းသမားအား မည်ကဲ့သို့နှိပ်စက်ညှင်းပန်းလျှင်ကောင်းမလဲဟုပင်စဉ်းစားနေကြသည်။ သေခြင်းနှင့်ရှင်ခြင်းနား တစ်ဝဲလည်လည်ဖြစ်နေသည်အထိသူ့အားမည်ကဲ့သို့နှိပ်စက်ရင်ကောင်းမလဲဟုတွေးနေကြ၏။ သူတို့ကရက်စက်သောအပြစ်ပေးမှုနည်းများကို တစ်ခုပြီးတစ်ခုစဉ်းစားနေကြသည်။

သို့သော်ထို့နောက်ရုတ်ခြည်း ကောင်းကင်နှင့်မြေကြီးကိုပါတုန်ခါပဲ့တင်သွား

စေသည့် ရှင်းလင်းသော “ဖြန်း”ဆိုသည့်အသံတစ်ခုအား  လူတိုင်းကြားလိုက်ရသည်။ ဤအသံအားကြားလိုက်ရသောအခါတွင် လူတိုင်းမှာဤအချိန်၌သူတို့အနေဖြင့်နားကြားလွဲသွားသည်ဟုပင်ခံစားရသည်။ အချို့သောသူများမှာ သူတို၏မျက်နှာများထက်တွင် အလွန်အံ့အားသင့်သောအမူအယာများဖြစ်

ပေါ်နေသည်။ ကြယ်ခုနှစ်ပွင့်အင်ပါယာနယ်ပယ်ဖြစ်သော

အမျိုးသမီးကျင့်ကြံသူ လင်းယွဲ့မှာ တကယ်ကြီး ကြယ်ငါးပွင့်အင်ပါယာနယ်ပယ် တစ်ယောက်၏ပါးရိုက်မှုကိုခံလိုက်ရသည်။  ထို့ထက်ပိုသည်က သူမအနေဖြင့်ပြင်းပြင်းထန်ထန်ကို သူမ၏ပါးအားအချခံလိုက်ရခြင်းဖြစ်သည်။

လင်းယွဲ့မီးတိမ်တိုက်လက်ဝါးက ထိုလူ၏လက်ဖဝါးအားရှင်းရှင်းလင်းလင်း

ချိန်ရွယ်ခဲ့သော်လည်း  ၎င်းက ထိုလူ၏လက်အားဖြတ်ကျော်သွားသည်။ ထို့နောက်တွင် ထိုလူ၏လက်က လင်းယွဲ့၏မျက်နှာအားပြင်းထန်စွာ

ဖြတ်ရိုက်လိုက်သည်။ တိုတောင်းသောအချိန်တိုလေးအတွင်းဤကဲ့သို့သောမယုံနိုင်စရာကောင်းသည့်မြင်

ကွင်းတစ်ခုဖြစ်သွားခဲ့ခြင်းဖြစ်သည်။

“အား”

လင်းယွဲ့မှာသူမအနေဖြင့် အိမ်မက်တစ်ခုအား မက်နေသကဲ့သို့ခံစားရသည်။ရှင်းလင်းကြွပ်ဆပ်သောအသံ၊နာကျင်မှု၊အရှက်တရားတို့နှင့် အခြားသူများ၏ရှေ့တွင်ပါးရိုက်ခံလိုက်ရခြင်းမှ နိုးထလာခဲ့သည်။

သူမ၏လှပသောမျက်နှာမှာချက်ချင်းပဲ ရှုံ့မဲ့လာသည်။သူမကပြောင်းလဲခြင်းမ

ရှိသောမျက်နှာထားဖြင့် ရှစ်ဖုန့်အားခက်ထန်စွာကြည့်လိုက်ပြီး  ရူးသွပ်စွာအော်ဟစ်လိုက်သည်။

“နင့်ငါ့ကိုဘယ်လိုတောင်ရိုက်ရဲတာလဲ..ဒီနေ့နင်သေချာပေါက်သေရလိမ့်မယ်”

လင်ယွဲ့ကစကားပြောလိုက်သကဲ့သို့  သူမ၏လက်ဖဝါးတွင်မီးတောက်တို့အားတောက်လောင်စေလိုက်သည်။ သူမကရုတ်တရက်ရှစ်ဖုန့်အားတိုက်ခိုက်လိုက်သည်။ ပြင်းထန်သောမီးတောက်များက  ဂူထဲမှထွက်လာသောသားရဲတစ်ကောင်ကဲ့သို့ရှစ်ဖုန့်ထံသိမ်းကျုံးဦးတည်လာသည်။မျက်စိတ်တစ်မှိတ်အတွင်းရှစ်ဖုန့်မှ မီးတောက်ပင်လယ်အတွင်းနစ်မြုပ်သွားသည်။

“သူဒီလိုမျိုးနဲ့ပဲသေသွားရပြီလား”

ကြယ်သုံးပွင့်ဘုရင်နယ်ပယ်သိုင်းသမား

တစ်ယောက်က  ရှစ်ဖုန့်အားလွှမ်းခြုံသွားသော မီးတောက်ပင်လယ်အားကြည့်

ရင်းမေးလိုက်သည်။

“ဟမ့်…သူကကြယ်ငါးပွင့်အင်ပါယာနယ်ပယ်လေးတစ်ယောက်ပဲဟာ ……စီနီယာယွဲ့ရဲ့ မီးတိမ်တိုက်လက်ဝါးက  သေချာပေါက်သူ့ကိုသတ်လိမ့်မယ်”

နောက်ထပ်ကြယ်ခြောက်ပွင့်အင်ပါယာနယ်ပယ်သိုင်းသမားက  အထင်သေးမှုအပြည့်ဖြင့်ပြောလိုက်သည်။ ထို့နောက်သူက  သူဘေးတွင်ရှိနေသောသူအားတီးတိုးပြောလိုက်သည်။

“သူဒီလိုမျိုးသေသွားတာက သူ့အတွက်အရမ်းမလွယ်နေဘူးလား”

ကြည့်နေသည့်သူများကြားထဲတွင် အသက်နှစ်ဆယ့်ငါးနှစ်ဆယ့်ခြောက်အရွယ် လူတစ်ယောက်ကသာ သူ၏ခေါင်းအားအနည်းငယ်ခါယမ်းလိုက်သည်။

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters