အပိုင်း (၂၄၀)
Vol. 16 Ch. 240
သဲကန္တာရအတွင်းရှိ ကျင့်ကြံသူသိုင်းသမားခုနှစ်ယောက်၏ရှေ့တွင် မီးတောက်တို့ကပြင်းထန်စွာလောင်ကျွမ်း
နေသည်။ ထို့နောက်ရုတ်ခြည်း မီးတိမ်တိုက်မီးတောက်အားအသုံးပြုခဲ့
သည့်မိန်းကလေးဖြစ်သူလင်းယွဲ့၏
မျက်နှာထက်၌ ကြီးမားသောပြောင်းလဲမှုတို့ဖြစ်လာသည်။ပြင်းထန်သောမီးတောက်အတွင်းမှ အဖြူရောင်အလင်းတို့ဖုံးလွှမ်းနေသောလက်တစ်ဖက်က ဆန့်ထုတ်လှမ်းလာသည်ကို သူမမြင်တွေ့လိုက်ရသည်။ လင်ယွဲ့ကဤလက်အားမြင်တွေ့လိုက်ရသောအခါတွင် ၎င်းက သူမ၏လည်ပင်းအား ဆုပ်ကိုင်ညှစ်ထားပြီးဖြစ်သည်တွေ့လိုက်ရသည်။ထို့နောက်ချက်ချင်းလင်ယွဲ့၏ကိုယ်မှာ အဖြူရောင်လက်၏အပေါက်သို့ဆွဲ
မမှုကိုခံလိုက်ရသည်။
ပြင်းထန်စွာတောက်လောင်နေသောမီးတောက်အတွင်းတွင်သွေးနီရောင်မီးတောက်များက ဝဲတစ်ခုကဲ့သို့ချာလပတ်လည်နေသည်။ ပြင်းထန်သောမီးတောက်များမှာရုတ်ခြည်းကွယ်ပျောက်သွားပြီး နူးညံ့သောကိုယ်လေးအားသူ၏လက်ဖြင့်ကိုင်ထားသော ငယ်ရွယ်သည့်ပုံရိပ်တစ်ခုထွက်ပေါ်လာသည်။ဤအခိုက်အတန့်တွင် ရှစ်ဖုန့်၏ဆွဲမြှောက်ထားမှုအားခံထား
ရသည့်လင်းယွဲ့မှာ သူမတစ်ကိုယ်လုံးတွင်ရှိနေသောခွန်အားတို့က ထူးဆန်းပြီး အေးစက်သောအားတစ်ခု၏ ကန့်သတ်ခြင်းခံထားရသည်ကို သတိပြုမိလိုက်သည်။သူမအနေဖြင့်ခွန်အား
အနည်းငယ်ကိုပင်စုစည်းခြင်းမပြနိုင်ပေ။
“နင်…ငါ့ကိုလွတ်ပေးစမ်း”
ထိုသို့ဆိုလျှင်တောင်လင်းယွဲ့၏မျက်နှာထက်၌ ကြမ်းကြုတ်ခက်ထန်မှုတို့ရှိနေပြီး ရှစ်ဖုန့်အားအော်ပြောလိုက်သည်။ သူမသည်ဟို့ယွင်ဂိုဏ်း၏ မြင့်မားပြီးအရှိန်အဝါကြီးမားသော တပည့်တစ်ဦးဖြစ်သည်။ ဘယ်အချိန်ကများသူမဤကဲ့သို့အရှက်
ခွဲခံခဲ့ရဖူးပါသနည်း။ သူမအားထိန်းချုပ်ခြင်းခံထားရသည်တောင် သူမအားပေးခဲ့သောအရှက်ခွဲမှုအားဆေး
ကြောရန်အတွက်ဤပုဂ္ဂိုလ်အား မည်ကဲ့သို့နှိပ်စက်လျှင်ကောင်းမည်ဆိုသည်အားလင်းယွဲ့တစ်ယောက်ဆက်လက်စဉ်းစား
နေဆဲဖြစ်သည်။
သတ်ဖြတ်ခြင်းအားခံရရန်အတွက်မူ လင်းယွဲ့အနေဖြင့်စဉ်းပင်စဉ်းစားခြင်းမရှိချေ။
သူမသည်ဟို့ယွင်ဂိုဏ်း၏တပည့်
တစ်ဦးဖြစ်သည်။ သူမအားမည်သူကများ
သတ်ဖြတ်ရဲပါသနည်း။
“ကောင်းပြီ..ဒီလိုအဓိပ္ပါယ်မရှိတာ
တွေအဆုံးသတ်သင့်ပြီ”
ဤအချိန်တွင်တစ်ချိန်လုံးပြောင်းလဲခြင်းမရှိဘဲတိတ်ဆိတ်နေခဲ့သော ဟို့ယွင်ဂိုဏ်း၏အကြီးဆုံးတပည့်ဖြစ်သူက လျှောက်လှမ်းလာပြီး ရှစ်ဖုန့်ကိုကြည့်လိုက်သည်။
“ကြယ်နှစ်ပွင့်ဘိုးဘေးနယ်ပယ်”
ရှစ်ဖုန့်ကဤလူအားမြင်တွေ့ခဲ့သည်မှာ
ကြာပြီဖြစ်သည်။ဤလူမှာ ဤလူအုပ်စု၏ခေါင်းဆောင်ဖြစ်လိမ့်မည်ဖြစ်ပြီး သူတို့အားလုံးထဲတွင်ကျင့်ကြံမှုအမြင့်ဆုံး
လည်းဖြစ်သည်။
“စီနီယာအကိုချွီ…”
လင်းယွဲ့က သူမ၏နောက်ဘက်မှအသံကိုကြားလိုက်ပြီး ခေါင်းလှည့်ကြည့်လိုက်သည်။
သူမ၏ကြမ်းကြုတ်ခတ်ထန်သာမျက်နှာထက်တွင် မကျေနပ်ချက်များဖြင့်ပြည့်နေသကဲ့သို့ စီနီယာအကိုချွီအားကြည့်လိုက်သည်။
“အိုး”
ရှစ်ဖုန့်ကထိုလူအားကြည့်လိုက်ပြီးအေး
စက်သောအပြုံးတစ်ခုကိုပြုံးပြလိုက်သည်။
“ဒီအဓိပ္ပါယ်မရှိတာကို တော်လိုက်ကြစို့”
ထိုထူကရှစ်ဖုန့်အားကြည့်လိုက်ပြီးပြောင်း
လဲမှုမရှိဘဲပြောလိုက်သည်။ ထို့နောက်သူကထပ်ပြောသည်။
“လင်းယွဲ့ကိုလွှတ်ပေးလိုက်…ပြီးရင်မင်းရဲ့ကိုယ်ပိုင်ဒန်တန်ကို ဖျက်ဆီးပြီး လက်မောင်းတစ်ဖက်ကိုထားခဲ့..အဲ့တာပြီးရင်တော့ မင်းထွက်သွားလို့ရပြီ”
သူ၏ခြားနားမှုမရှိသောစကားလုံးများက သူ့အနေဖြင့်မည်သူ့ကိုမျှငြင်းဆန်ခွင့်မ
ပြုဟူသောသဘောကိုလှစ်ဟာပြနေသည်။
ထိုလူ၏စကားအားကြား
လိုက်ရသောအခါတွင်ရှစ်ဖုန့်က အေးစက်စွာရယ်မောလိုက်သည်။
“ခရက်”ဆိုသောအသံနှင့်အတူ ရှစ်ဖုန့်၏လက်အတွင်းမှရှင်းလင်းကြွပ်ဆပ်သောအသံတစ်ခုထွက်ပေါ်လာသည်။ လူတိုင်းက ရှစ်ဖုန့်၏လက်အတွင်းရှိနေသော လင်းယွဲ့အား ရုတ်ခြည်းတုန်လှုပ်အံ့အားသင့်စွာ
ကြည့်လိုက်ကြသည်။ လင်းယွဲ့၏မျက်လုံးများကပြူးကျယ်နေပြီး မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေသည်ကိုသူတို့တွေ့လိုက်ရသည်။သို့သော်၎င်းတို့၌
အသက်ဝင်နေမှုတို့တော့ရှိမနေတော့ချေ။ ဟို့ယွင်ဂိုဏ်း၏ တပည့်တစ်ယောက်ဖြစ်သူကြယ်ခုနှစ်ပွင့်အင်ပါယာနယ်ပယ်ပါရမီရှင် လင်းယွဲ့တစ်ယောက် သေဆုံးသွားခဲ့ပြီဖြစ်သည်။ အစောပိုင်းကလေးတင်မှအသက်ရှိနေ
သေးသောသူတစ်ယောက်မှာ ဤကဲ့သို့တကယ်ကြီးခြေမွသတ်ဖြတ်ခြင်းကိုခုံလိုက်ရသည်။
လင်းယွဲ့တစ်ယောက်ရုတ်တရက်သေဆုံးသွားသည်အားမြင်တွေိ့လိုက်ရသောအခါတွင် လူအများမှာသူတို့၏ဆံပင်မွှေးများပင်အဆုံးထိထောင်မတ်သွားကြသည်။ လူအချို့မှာသူတို့၏လည်ပင်းအားမသိလိုက်ပါပဲထိမိလိုက်ကြပြီး ထိုနေရာ၌သူတို့ဖြစ်မနေသည်
ကိုတိတ်တဆိတ်ဝမ်းသာမိသွားကြရသည်။ ကောင်းကင်နှင့်မြေကြီးကြားရှိကြီးမား
ကျယ်ပြန့်လှမှုအားမသိသော ဤပုဂ္ဂိုလ်က လင်းယွဲ့အားသတ်ဖြတ်ရဲသည်။ အကယ်၍ဤပုဂ္ဂိုလ်အားညှင်းပန်းနှိပ်စက်သတ်ဖြတ်ပစ်လျှင်တောင် ထိုအရာကဘာအသုံးကျမည်နည်း။ သူတို့သာသေဆုံးသွားခဲ့လျှင်
အရာအားလုံးကအဓိပ္ပါယ်မဲ့သွားပြီဖြစ်ပြီး လင်းယွဲ့ကဲ့သို့အသက်မဲ့သေသာအလောင်းတစ်ခုအဖြစ်သာအဖက်တင်သွားလိမ့်မည်ဖြစ်သည်။
ထို့နောက်မကြာခင် လူများက စီနီယာအကိုချွီထံလှည့်ကြည့်လိုက်သည်။ စီနီယာအကိုချွီ၏အမူအယာမှာ
တည်ငြိမ်စွာရှိနေဆဲဖြစ်သော်လည်း သူ့အားကောင်းစွာသိသူများက သူဒေါသအမျက်ခြောင်းခြောင်းထွက်
နေကြောင်းကိုသိကြသည်ဖြစ်သည်။ သူ၏စကားများအား ဥပေက္ခာပြုထားခြင်းက သူ၏မျက်နှာအားဖြတ်ရိုက်လိုက်
သည်နှင့်ညီမျှသည်ဖြစ်သည်။
ထိုထက်ပိုသည်ကား သိပ်မကြာသေးသောအချိန်လေးတွင်ကမှ စီနီယာအကိုချင်က သူအနေဖြင့် “ငြီးငွေ့”သည်ဟုပြောခဲ့ပြီး
လင်းယွဲ့ကသူနှင့်အတူမမြင်ကွယ်ရာနေရာတစ်ခုသို့လိုက်ပါသွားခဲ့သည်ဖြစ်သည်။ ၎င်းတို့နှစ်ဦးကြားဖြစ်ပျက်ခဲ့သည်များအားသူတို့အားလုံးသတိထားမိကြသည်ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ စီနီယာအကိုချွီ၌ အမျိုးသမီးများစွာရှိသည်ကိုသူတို့
သိကြသော်လည်း လင်းယွဲ့မှာ စီနီယာအကိုချွီ၏ အမျိုးသမီးတစ်ယောက်ဖြစ်နေ
သေးသည်ဖြစ်သည်။
စီနီယာအကိုချွီ၏မျက်နှာမှာ ရေခဲတစ်မျှအေးစက်နေပြီး ရှစ်ဖုန့်အားအေးစက်သောအကြည့်
များဖြင့်စိုက်ကြည့်နေသည်။ ရှစ်ဖုန့်၏ခေါင်းထက်တွင် တံခါးတစ်ချက်အရွယ်အစားရှိသော မီးတောက်လက်ဝါးတစ်ခုက တိတ်တဆိတ်ဖြစ်ပေါ်လာပြီး ရုတ်တရက်ရှစ်ဖုန့်အားခြေမွဖျက်
ဆီးရန်ကျဆင်းလာသည်။
မျှော်လင့်ထားသကဲ့သို့ စီနီယာအကိုချွီတစ်ယောက်ဒေါသ
ထွက်နေခဲ့သည်ဖြစ်သည်။ထို့ကြောင့် ဤလူအတွက်လမ်းခရီးကအဆုံး
သတ်သွားခဲ့ပြီဖြစ်၏။
ရှစ်ဖုန့်က မီးတောက်လက်ဝါးအားအေးစက
်စွာစိုက်ကြည့်လိုက်သည်။ သွေးဓားကသူ၏လက်ထဲတွင်ပေါ်လာပြီး အပေါ်သို့တည့်တည့်ထိုးသွင်းလိုက်ကာ အဖြူရောင်ဓားချီတစ်ခုကို ပို့လွှတ်လိုက်သည်။
ထို့နောက်ချက်ချင်း လူအုပ်မှာ စီနီယာအကိုချွီ၏ မီးတောက်လက်ဝါးက အဖြူရောင်ဓားချီကြောင့်ပျောက်ကွယ်သွားသည်ကို ထိတ်လန့်ဖွယ်မြင်တွေ့လိုက်ရသည်။ အဖြူရောင်ဓားချီက သွေးနီရောင်ဟင်းလင်းပြင်အား
ဆက်လက်၍ထိုးခွင်းဖြတ်သန်းနေသည်။
ဤအရာကဘာကိုဆိုလိုပါသနည်း။
ယင်းမှာ ဤပုဂ္ဂိုလ်၏ ဓားချီက စီနီယာအကိုချွီ၏တိုက်ခိုက်မှုထက် ပိုအစွမ်းထက်အားကောင်းသည်
ဟုဆိုလိုခြင်းပင်ဖြစ်သည်။
“ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
တစ်စုံတစ်ယောက်က မနေနိုင်ဘဲ အလန့်တကြားအော်ပြောလိုက်သည်။သူတို့၏နှလုံးသားထဲတွင် စီနီယာအကိုချွီက
အကြွင်းမဲ့ ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ကြယ်နှစ်ပွင့်ဘိုးဘေးနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။ ထျန်းမြောင်အင်ပါယာ၏လူ
ငယ်မျိုးဆက်များထဲတွင် စီနီယာအကိုချွီကဲ့သို့အဆင့်မျိုးသို့
ရောက်ရှိနိုင်သည့်လူအရေအတွက်မှာ
ဆယ်ယောက်ထက်ပင်နည်းလေသည်။ သို့သော်စီနီယာအကိုချွီ၏တိုက်ခိုက်မှုက လူငယ်လေးတစ်ယောက်ကြောင့်တကယ်ကြီးကျိုးပျက်သွားခဲ့ရသည်။
သူတို့အတွက်ဤရုတ်တရက်ဆန်သောအလှည့်အပြောင်းဖြစ်ရပ်အားလက်သင့်ခံနိုင်
ရန်ခက်ခဲနေသည်။
ဤအခိုက်အတန့်တွင် စီနီယာအကိုချွီက အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။
“အစတုံးကငါ့ရဲ့သာမန်ကာလျှံကာ
တိုက်ခိုက်မှုလေးလောက်နဲ့ပဲမင်းကို
သတ်လို့ရမယ်လို့ငါထင်နေခဲ့တာ…မင်းမှာမင်းရဲ့ကျင့်ကြံမှုနယ်ပယ်ကိုဖုံးကွယ်ထားနိုင်တဲ့ လျှို့ဝှက်ပညာရပ်တစ်ခုရှိနေမယ်မှန်း ငါမမျှော်လင့်ထားခဲ့မိဘူး…..ငါတောင်မှမင်းရဲ့အစစ်အမှန်အဆင့်ကို ဖြတ်ပြီးမမြင်နိုင်ဘူး.. မင်းကအရမ်းရဲရင့်နေတာကို မအံ့ဩတော့ပါဘူး…ကောင်းတယ်…
သိပ်ကောင်းတယ်…မင်းခုဏကငါ့တိုက်ခိုက်မှုကိုချိုးဖျက်ခဲ့တယ်… မင်းကငါ့ရဲ့ပြိုင်ဘက်ဖြစ်ဖို့အရည်
အချင်းပြည့်မှီတယ်”
ဤလူမှာလည်း ယခင်က တင်းယု၏ချစ်သူဖြစ်သော ကြယ်နှစ်ပွင့်ဘိုးဘေးနယ်ပယ်
ကျန်းချွမ်ကဲ့သို့ပင်ဖြစ်သည်။ သူသည်လည်းရှစ်ဖုန့်ကသူ၏ကျင့်ကြံမှုအားဖုံးကွယ်ထားသည်၏တွေးနေ၏။
ပင်ကိုအားဖြင့်အင်ပါယာနယ်ပယ်တစ်ယောက်ကသူ့အားစိန်ခေါ်နိုင်စွမ်းရှိ်လိမ့်မည်
ဟုသူမယုံကြည်ပေ။
“ဒီတော့အဲ့သလိုမျိုးပေါ့…ဒီတော့အဲ့တာက စီနီယာအကိုချွီရဲ့ သာမန်ကာလျှံကာတိုက်ခိုက်မှုတစ်ခုပေါ့……”
စီနီယာအကိုချွီ၏စကားတို့အား
ကြားပြီးသည့်နောက်တွင် အချို့လူများ၏မျက်နှာထက်၌နား
လည်သဘောပေါက်သွားသည်ဟူသော အမူအယာတစ်ခုပေါ်လာသည်။ စီနီယာအကိုချွီကသာမန်ကာလျှံကာတိုက်ခိုက်မှုတစ်ခုကိုသာအသုံးပြုခဲ့သော်လည်း ဤပုဂ္ဂိုလ်ကတော့ သူ၏စွမ်းအားအားလုံးအားအသုံးပြုခဲ့သည်ဖြစ်သည်။ ယေဘုယျအားဖြင့် သူက စီနီယာအကိုချွီ၏ မီးတိမ်တိုက်လက်ဖဝါးအား ချိုးဖျက်နိုင်စွမ်းရှိခဲ့သည်ဖြစ်သည်။
“မင်းရဲပြိုင်ဘက်ဖြစ်တဲ့လား”
စီနီယာအကိုချွီ၏ စကားအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်ကအထင်သေးမှုအပြည့်ဖြင့်
ရယ်မောလိုက်သည်။
“မင်းကိုယ်မင်းထိုက်တန်တယ်များ
ထင်နေတာလား”
စကားပြောနေရင်း ရှစ်ဖုန့်၏လက်အတွင်းရှိအမျိုးသမီးအလောင်း၏ဒွာရခုနှစ်ပေါက်တို့မှ သွေးများပန်းထွက်လာပြီး ရှစ်ဖုန့်၏လက်ကောက်ဝတ်အားစွန်းထင်းသွားသည်။ထိုမှတစ်ဆင့်ဆက်နွယ်၍ သွေးတို့မှာရှစ်ဖုန့်၏စုပ်ယူမှုကိုခံလိုက်ရသည်။ လင်းယွဲ့၏အလောင်းမှာ လေလျော့သွားသောပူဖောင်းတစ်လုံးကဲ့သို့ လျှင်မြန်စွာရှုံ့တွသွားသည်။ ထို့နောက်ရှစ်ဖုန့်က ၎င်းအား အမှိုက်တစ်ခုကဲ့သို့ သာမန်ကာလျှံကာ ပစ်ထုတ်လိုက်သည်။
“ဒါ..ဒါကဘယ်လိုမိစ္ဆာပညာရပ်အမျိုးအစားလဲ”
လင်းယွဲ့၏အလောင်းကပြောင်းလဲသွားသည်ကို မြင်လိုက်ရသောအခါတွင် လူအုပ်မှာ ပို၍တုန်လှုပ်အံ့အားသင့်သွားကြသည်။
သူတို့အနေဖြင့် လင်းယွဲ့နေရာ၌ရပ်တည်ခြင်းမပြုမိခဲ့သည်
ကိုပင် ပို၍ဝမ်းသာနေမိကြသည်။
ထို့နောက်တွင်ရှစ်ဖုန့်က သူ၏လက်ထဲရှိသွေးဓားအားမြှောက်လိုက်သည်ကိုတွေ့လိုက်ရသည်။ သူတို့၏အထက်တွင် ဧရာမအဖြူရောင်ဓားချီကြီးတစ်ခုပေါ်လာသည်။ ရှစ်ဖုန့်၏လှုပ်ရှားမှုနောက်သို့လိုက်ပါ၍ ၎င်းကရုတ်တရက်ခုတ်ပိုင်းကျဆင်းလာသည်။
“ငရဲဘုံခုတ်ပိုင်းချက်”
“ဟမ့်…ဒီလိုမျိုးအားနည်းတဲ့ပညာရပ်လေးလောက်နဲ့ငါ့ရှေ့မှာမင်းကိုယ်မင်းလာပြီး အရှက်ခွဲနေတာလား”
စီနီယာအကိုချွီမှာအပေါ်စီးမှကျဆင်းလာ
သောဓားချီကိုကြည့်၍ သရော်လိုက်သည်။
“ဝုန်း..ဝုန်း”
တစ်ချိန်တည်းမှာပင် သူ၏လက်နှစ်ဖက်လုံးရှိလက်ဖဝါးတို့မှ ပြင်းထန်သောမီးတောက်များဟုန်းခနဲ
ထွက်ပေါ်လာ၏။ စီနီ
ယာအကိုချွီက သူ၏လက်ဖဝါးနှစ်အားအတူတကွထားလိုက်ပြီး အပေါ်သို့တွန်းထုတ်လိုက်သည်။ မီးတောက်လှိုင်းတံပိုးများက သူတို့အထက်ရှိဟင်းလင်းပြင်တွင်လောင်ကျွမ်းသွားသည်။
ဤအချိန်၌ မီးတောက်ပင်လယ်တစ်ခုက ဟို့ယွင်ဂိုဏ်း၏ တပည့်များ၏ အပေါ်၌ပေါ်လာသည်။ မီးပင်လယ်တစ်ခုလုံးက ဝဲတစ်ခုကဲ့သို့ ရစ်ခွေလှည့်ပတ်နေပြီး ဧရမမီးတောက်ငှက်ကြီးတစ်ကောင်အ
ဖြစ်ဖွဲ့စည်းသွားသည်။၎င်းက ဤမီးတောက်
အောက်တွင်အရာအားလုံးအား လောင်ကျွမ်းပစ်နိုင်သကဲ့သို့ ခြစ်ခြစ်တောက်နေသောအပူနှင့် ကြောက်မက်ဖွယ်မီးရောင်ဝါတစ်ခု
ကိုထုတ်လွှတ်နေသည်။
“ကျီး…”
ရှည်လျားသောဆွဲဆွဲငင်ငင်အော်သံနှင့်အတူ ကမ္ဘာတစ်ခုလုံးအားပဲ့တင်ထပ်သွားစေသည်။ ဧရာမမီးတောက်ငှက်ကြီးက မီးတောက်တောင်ပံများအား တဖျပ်ဖျပ်ခတ်နေပြီး ကျဆင်းလာသော အဖြူရောင်ဓားချီထံသို့ပျံသန်းသွားလိုက်သည်။
ဆက်ရန်…
ဘာသာပြန်သူ-ARISE