← Chapters

ပြောင်းလဲခြင်း

Vol. 1 Ch. 7

ပြောင်းလဲခြင်း

Vol. 1 Ch. 7

အခန်း(၇) - ပြောင်းလဲခြင်း

အမှန်ပင်။ အင်မော်တယ်မုန်လာဥဝါ အညှောက် ပေါက်လာလေပြီ။

ယဲ့ရှောင်ချန်း အလွန်အံ့သြသွားမိ၏။ သူစိုက်ပျိုးထားသည်မှာ တစ်ရက်သာရှိသေးသည်။

'သာမန်အခြေအနေများတွင် သုံးရက်လေးရက်လောက် အချိန်ယူရသည် မဟုတ်ပါလား။' ဟုသူတွေးလိုက်မိသည်။

အင်မော်တယ်လယ်မြေကြောင့်လား သို့မဟုတ် အင်မော်တယ်အပင်ဖြစ်သောကြောင့်လား။

ရုတ်တရက် ယဲ့ရှောင်ချန်း ရှန်းနုန်စာကွက်ထဲတွင် ဖော်ပြထားသော ဇာတ်ကောင်အချက်အလက်များကို တွေးမိသွားသည်။ ပါရမီများဟူသော အပိုင်းတွင် "အရှိန်မြှင့်ခြင်း +1" ဟူ၍ပြထားသည်။ ၎င်းက အပင်ကြီးထွားနှုန်းကို အရှိန်မြှင့်ပေးနိုင်သည် ထင်သည်။

ယခုတော့ အစေ့များအညှောက်ပေါက် မြန်ခြင်းနှင့် ဆက်နွယ်နေသည်ဟု ထင်ရသည်။

စိတ်စွမ်းအင် : အပင်၏ အသိစိတ်နှင့် ဆက်သွယ်နိုင်သည်။

ဖြစ်ထွန်းခြင်း : ထုတ်လုပ်မှုပမာဏ တိုးမြင့်ခြင်းကို ကိုယ်စားပြုသည်။

အရည်အသွေး : အရည်အသွေးတိုးမြင့်ခြင်းကို ကိုယ်စားပြုသည်။

ကပ်ရောဂါခံနိုင်ရည် : ကပ်ရောဂါများနှင့် ပိုးမွှားအန္တရာယ် ခံနိုင်ရည်ကို တိုးမြှင့်ပေးသည်။

မျိုးကွဲခြင်း : သူ့အပင်များတွင် မျိုးကွဲနိုင်ခြေများပြားသည်ဟု ဆိုလိုသည်။ ထိုမျိုးကွဲခြင်းက အန္တရာယ်မရှိပါ။

ခွန်အား : အာဟာရနှင့် အပင်ဂုဏ်သတ္တိများကဲ့သို့သော အထူးအာနိသင်များ တိုးမြင့်ခြင်းကို ကိုယ်စားပြုသည်။

အဆိပ်ပြီးသော ကိုယ်ခန္ဓာ +1 ကတော့ သူ့ကိုယ်သူ ရည်ညွှန်းခြင်းဖြစ်သည်။ ထိုပါရမီက သူ့ကို ပြင်ပအဆိပ်ဒဏ်များကို ခံနိုင်ရည်ရှိစေသည်။ ရှန်းနုန်ဆေးပင်မျိုးစုံကို အရသာခံစမ်းသပ်ရာတွင် အဆိပ်ပြီးသော ခန္ဓာကိုယ်မရှိပါက အဆိပ်ရှိသော ဆေးပင်များကို စားမိပြီး အလွယ်တကူ အဆိပ်မိကာ သေသွားနိုင်သည်။

သူ့ဖုန်းသံမြည်လာ၏။ သူ့အမေက နေ့လည်စာစားရန် ခေါ်နေခြင်းဖြစ်သည်။

နေ့လည်ခင်းတွင်လည်း သူဟင်းသီးဟင်းရွက်တစ်ချို့ ခူးဆွတ်ရသေးသည်။ မနက်ဖြန် ချင်းထျန်စူပါမားကတ်ကို ထောက်ပို့ရဦးမည် ဖြစ်သည်။

.....

လီလျန့်သည် မြို့တွင်းနေထိုင်သူများအနက် တစ်ဦးဖြစ်သည်။ သူနေ့စဥ်လိုအပ်သော ပစ္စည်းများ၊ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များကို ဝယ်ယူရန်အတွက် မားကတ်သို့ သွားလေ့ရှိသည်။

ကုန်စည်ပြပွဲတွင် စျေးများက သာမန်ထက် ချိုသာတတ်သည်။

ပင်စင်ယူပြီးသွားသောအခါ ယခု သူ့မြေးကို ပျိုးထောင်ဖို့ ကူညီပေးနေသည်။

သူ့မြေးက သုံးနှစ်အရွယ်သာရှိသေးပြီး အလွန်ဆိုးသည်။

အဘိုးဖြစ်သူ ပြန်လာသည်ကို တွေ့သောအခါ သူပြေးသွားပြီး သကြားလုံးများကို စားလိုက်သည်။

"ယွမ်လေး၊ လိမ်လိမ်မာမာနေစမ်း။ သကြားလုံးတွေ အများကြီးစားရင် သွားပိုးတွေစားကုန်မယ်။ ဒီမှာ ဘိုးဘိုး မင်းအတွက် သခွားသီးဝယ်လာတယ်။"

လီလျန့်က သူ့မြေးဆံပင်ကို ဖွလိုက်သည်။

"မစားဘူး၊ ယွမ်လေးက အချိုပဲစားချင်တာ။"

လီလျန့်က သခွားသီးကိုရေဆေး၊ အခွံခြစ်ကာ နှစ်ပိုင်းပိုင်းလိုက်ပြီး ပြောလိုက်သည်။ "ဒီသခွားသီး တစ်ပိုင်းကိုစားရင် ဘိုဘိုး မင်းကို သကြားလုံး ဆုချမယ်ကွာ ဟုတ်ပြီလား။"

သူအမြဲလိုလို ဒီလိုနည်းလမ်းဖြင့် မြေးဖြစ်သူကို ချော့ပြောတတ်သည်။

"ယွမ်လေး သခွားသီးစားမယ်၊ သကြားလုံးပိုပေး။"

ယွမ်လေးက ချက်ချင်း ပျော်ရွှင်လာ၏။

လီလျန့်က သခွားသီးကိုယူကာ စစားသည်။ ခြောက်သွေ့ပြီး ကြွပ်ဆပ်ကာ အရသာ တကယ်ကောင်းမွန်သည်။ သူအလွန်အံ့သြ သွားရ၏။ 'ဒီသခွားသီးက ဘယ်လိုလုပ်ပြီး အရသာ အရမ်းရှိနေရတာလဲ' သူတွေးမိ၏။

ယွမ်လေးကလည်း မြိန်မြိန်ရှက်ရှက် စားသုံးလိုက်သည်။

"ယွမ်လေး၊ ဒီသခွားသီးက မကောင်းဘူးလား။"

သူ့မြေး သခွားသီးမုန်းသည်ကို လီလျန့်သိသည်။ အမြဲတမ်း နည်းနည်းသာစားတတ်ပြီး ထပ်မစားချင်ပေ။

ယခုတော့ယွမ်လေး ပါးစပ် ပြည့်လျှံနေပြီး သူပြောလိုက်သည်။

"အရသာရှိတဲ့ သခွားသီး တကယ်အရသာရှိတယ်..."

ယွမ်လေး သူ့သခွားသီးတစ်ဝက်ကို စားလိုက်သည်။ သူတကယ်ပဲ ထပ်စားချင်နေမိ၏။

လီလျန့်လည်း သူ့သခွားသီးတစ်ဝက်ကို စားလို့ပြီးသွားသည်။ သို့သော်သူ့ဆန္ဒကို မပြည့်ဝစေပါ။ ထို့ကြောင့် သူချက်ချင်း နောက်တစ်လုံးရေဆေးလိုက်ပြီး သူ့မြေးနှင့် စားလိုက်သည်။

"ရှင်တို့နှစ်ယောက် ဘာဖြစ်လို့ သခွားသီးတွေ စားနေကြတာလဲ။ ခဏနေရင်ပဲ ညစာစားရတော့မယ်။"

လီလျန့်၏ ဇနီးက ချင်းထျန်စူပါမားကတ်မှ ဝယ်လာသော ဟင်းနုနွယ်ရွက်များကို ကောက်ယူလိုက်သည်။

"အဘွားကြီး ဒီသခွားသီးက တကယ် အရသာရှိတယ်! မင်းစားဖို့ သခွားသီးတစ်လုံး ရေဆေးပေးမယ်။"

လီလျန့်က အလျင်စလို ပြောလိုက်သည်။

"သခွားသီးပဲကို ဘာတွေထူးခြားလို့လဲ။"

လီလျန့်ရဲ့ ဇနီးက တစ်ကိုက်ကိုက်စားပြီးသွားသောအခါ အစားမရပ်နိုင်တော့ချေ။

"ဒီသခွားသီးက တကယ်ကောင်းတာပဲ။ ရှင် ဘယ်ကနေ ရလာတာလဲ။"

လီလျန့်ဇနီးက အံ့သြစွာ မေးလိုက်သည်။

"ချင်းထျန်စူပါမားကတ်က ဝယ်လာတာ ဒီတစ်ခေါက် ငါးလုံးပဲဝယ်ခဲ့တာ။ သူတို့အရသာကို အစကတည်းကသိရင် ပိုဝယ်ခဲ့ပါတယ်ကွာ။"

လီလျန့် ပိုဝယ်ချင်နေသေးသည်။ "ငါထပ်ဝယ်လို့ ရဦးမလား သွားကြည့်လိုက်ဦးမယ်။ တွေ့လား၊ ယွမ်လေးလည်း ဒါကိုစားရတာ ကြိုက်တယ်။"

ချက်ချင်းဆိုသလို သူ့ဆိုင်ကယ်ပေါ်တက်ကာ ချင်းထျန်စူပါမားကတ်ဆီသို့ တန်းသွားလိုက်သည်။ သူပြန်ရောက်လာသောအခါ လက်ဗလာအတိုင်း ပြန်လာရ၏။ ချင်းထျန်စူပါမားကတ်တွင် သခွားသီးအားလုံး ရောင်းကုန်သွားလေပြီ။

ညစာစားစဥ်တွင် လီလျန့်က ဟင်းနုနွယ်ရွက်ကလည်း အရသာရှိလှမှန်း သိသွားသည်။ ပုံမှန်ဆိုလျှင် အစားအစာစားချိန်များတွင် သူ့မြေးကို သူကျွေးဖို့လိုအပ်သော်လည်း ဒီနေ့တော့ သူ့မြေးက အလွန်လျှင်မြန်စွာ စားသောက်နေပြီး အစားအစာများကိုလည်း နှစ်သက်နေသည်။

ထို့အပြင် ငရုတ်ပွစိမ်းအသားကြော်ကလည်း အရသာရှိလှသည်။ အထူးသဖြင့် ငရုတ်ပွစိမ်းတွင် အလွန်ထူးခြားသော အရသာရှိနေ၏။

"မိန်းမ မင်းဘယ်တုန်းက ဒီလောက် ဟင်းချက်ကောင်းသွားတာလဲ။"

လီလျန့်က အစားအစာများ အရသာရှိနေခြင်းက သူ့ဇနီး၏ ဟင်းချက်စွမ်းရည်ကြောင့်ဟု ထင်နေသည်။

"ဘာတုန်း ကျွန်မလည်း အရင်တိုင်းချက်တာပါပဲ။ ဒါပေမယ့် ဘာဖြစ်လို့ ဒီနေ့မှဟင်းပွဲတွေက အရသာ အရမ်းရှိနေကြတာလဲ မသိပါဘူး။"

လီလျန့်ဇနီးက တွေးလိုက်မိသည်။'

ပုံမှန်ဆို လီလျန့်က သူမ၏ ဟင်းများကို မကြိုက်ဘဲ ခဏခဏအထွန့်တက်လေ့ ရှိသည်။

"ဒီဟင်းသီးဟင်းရွက်တွေကြောင့်လား။"

လီလျန့်စဥ်းစားလိုက်သည်။

ပထမတော့ သခွားသီး၊ နောက်တော့ ဟင်းနုနွယ်ရွက်က်ရွက်နှင့် ယခုတော့ ငရုတ်ပွစိမ်းပါ ပါလာပြီ။ လီလျန့်က ဟင်းသီးဟင်းရွက်များနှင့် သက်ဆိုင်နေမည်ဟု တွေးလိုက်မိသည်။ မဟုတ်လျှင် သူ့ဇနီး၏ ဟင်းချက်စွမ်းရည်က သာမန်ဟုသာ သတ်မှတ်နိုင်သည်.

ထိုကဲ့သို့ အခြေအနေမျိုးက လီလျန့်၏ အိမ်တစ်အိမ်ထဲတွင်သာ ကြုံတွေ့ရခြင်း မဟုတ်ပါ။ ချင်းထျန်စူပါမားကတ်မှ ဝယ်ယူခဲ့သော မိသားစုပေါင်းစုံတို့တွင်လည်း ကြုံတွေ့နေရသည်။ ယနေ့ဟင်းသီးဟင်းရွက်များက အလွန်အရသာရှိနေမှန်း သူတို့သိသွားခဲ့ကြသည်။

အမှန်ပင်။ လူတစ်ချို့သာ ချင်းထျန်စူပါမားကတ်က ဟင်းသီးဟင်းရွက်များကြောင့်ဟု ထင်ပြီး လူအများစုကတော့ ဂရုမစိုက်ပါ။ သူတို့အတွက် ဟင်းသီးဟင်းရွက်များက အရသာရှိသည်ဆိုတာထက် ဘာမှမပိုပေ။

သို့သော်လည်း လူများစွာက နေ့လည်ခင်းတွင် ချင်းထျန်စူပါမားကတ်သို့ ဟင်းသီးဟင်းရွက်များ ထပ်မံဝယ်ယူရန်အတွက် ထပ်သွားခဲ့ကြသည်။

ကံမကောင်းစွာဖြင့် ချင်းထျန်စူပါမားကတ်မှ ဟင်းသီးဟင်းရွက်များက ရောင်းကုန်သွားပြီဖြစ်သဖြင့် လူများစွာ စိတ်ပျက်သွားခဲ့ရသည်။

နောက်ရက်အနည်းငယ် ကြာသောအခါ ယဲ့ရှောင်ချန်းက ဟင်းသီးဟင်းရွက်များကို ကောက်ယူပြီး ချင်းထျန်စူပါမားကတ်သို့ ပို့ဆောင်လိုက်သည်။

ယဲ့ရှောင်ချန်းက အခြားရောင်းချနိုင်မည့် အခွင့်အရေးများကို လက်မလျှော့ပါ။ အချိန်ရတိုင်း မြို့တဲ့လျှောက်ပတ်ကာ ရှာဖွေလေ့ရှိသည်။

သို့သော် အလကားပင်။

ဝမ်းကွဲအစ်ကိုဘက်တွင်လည်း ဘာသတင်းမှ မထူးခြားချေ။ မျှော်လင့်ချက် မရှိတော့ဘူးဟု သူတွေးလိုက်မိသည်။

အင်မော်တယ် မုန်လာဥဝါ အစေ့များက အညှောက်ပေါက်ပြီးနောက်တွင် သာမန်ကြီးထွားနှုန်းထက် အလွန်လျှင်မြန်သောနှုန်းဖြင့် ကြီးထွားနေသည်။ ဒီတိုင်းသာဆိုလျှင် မုန်လာဥဝါများ ရင့်မှည့်ရန် အချိန်တစ်လသာ ယူရမည်ဟု ယဲ့ရှောင်ချန်း ခန့်မှန်းမိ၏။

သာမန်ကြီးထွားချိန်က ၃ - ၄ လခန့်ဖြစ်သည်။

ထိုစဥ် ယဲ့ရှောင်ချန်း ထူးဆန်းသော ဖြစ်ရပ်တစ်ခုကို သိရှိသွားရသည်။ အခြားဟင်းသီးဟင်းရွက်များလည်း ပြောင်းလဲမှုတစ်ချို့ ဖြစ်သွား၏။ ဥပမာ သခွားသီးများက ယခု အရသာရှိလာပြီး အခြားဟင်းသီးဟင်းရွက်များဖြင့် ချက်ထားသော ဟင်းပွဲများမှာလည်း အလွန်အမင်း အရသာရှိလာသည်။

ပထမတော့ သူ့ရသာဖူး(အရသာခံအာရုံ)က ပြဿနာရှိနေသည်ဟု ထင်မိသော်လည်း အမေနှင့် အဖေကိုမေးကြည့်သောအခါ သူတို့လည်း ထိုနည်းလည်းကောင်း ခံစားရမှန်း သိလိုက်ရသည်။

ထို့အပြင် ထိုဟင်းသီးဟင်းရွက်များ၏ ဖွံ့ဖြိုးနှုန်းလည်း ပြောင်းလဲသွား၏။ အသစ်ဖွံ့ဖြိုးလာသော သခွားသီးများမှာ အချိန်တိုအတွင်း ကြီးထွားလာကြသည်။ သာမန်ဖွံ့ဖြိုးနှုန်းထက် နှစ်ဆသုံးဆလောက် ပိုမြန်သော နှုန်းဖြင့် ရိတ်သိမ်းလို့ ရသည်အထိ တိုးမြင့်လာကြသည်။

သာမန်အခြေအနေဆိုလျှင် သခွားသီးတစ်လုံးကို ခူးလိုက်တိုင်း အဖူးက ပိုမိုပါးလှပ်သွားတတ်သည်။ သို့သော်ယခုတော့ ပိုပိုပြီး ထူလာ၏။ သခွားနွယ်တိုင်းက အပွင့်များဖြင့် ပြည့်နှဥ်နေပြီး သခွားသီး သေးသေးလေးများစွာလည်း ဖြစ်ထွန်းနေသည်။

အရည်အသွေးကလည်း ယခင်ထက် အများကြီး ပိုမို ကောင်းမွန်လှသည်။ ဆက်တိုက်ခူးပြီးသွားတာတောင် အရည်အသွေးက နိမ့်ကျမသွားပါ။

ထိုကဲ့သို့ ထူးဆန်းသော ပြောင်းလဲမှုများစွာကြောင့် ယဲ့ရှောင်ချန်း သိချင်စိတ်များ လွန်ကဲလာပြီး အံ့လည်းအံ့သြသွားရပါသည်။

ဆက်တိုက်ဆိုသလို ဆန်းစစ်လေ့လာပြီးသည့်နောက်တွင် ဤအခြေအနေက သူ့၏ ရှန်းနုန်ပါရမီနှင့် သက်ဆိုင်နေလိမ့်မည်ဟု ခန့်မှန်းမိသည်။ ၎င်း၏ အာနိသင်များက အင်မော်တယ် အပင်များပေါ်တွင်သာမက သာမန်အပင်များပေါ်တွင်လည်း သက်ရောက်နေသည်ကို တွေ့ရသည်။

ထိုကဲ့သို့ အရသာရှိလှသော ဟင်းသီးဟင်းရွက်များ၏ နောက်ကွယ်က အကြောင်းပြချက်ကလည်း အင်မော်တယ်မြေနှင့် သက်ဆိုင်နေလောက်ပါသည်။

All Chapters