ဈေး
Vol. 1 Ch. 8
အခန်း(၈) - စျေး
ယနေ့က ချင်းထျန်စူပါမားကတ်သို့ ဟင်းသီးဟင်းရွက် ပို့ဆောင်ရမည့် နောက်ဆုံးနေ့ဖြစ်သည်။
မနက်ခင်းတွင် လျှို့ဖူရှန်းက ယဲ့ရှောင်ချန်းကို ခေါ်လိုက်၏။ နေ့လည်ပိုင်းကျလျှင် စာရင်းရှင်းကျမယ်ဟု ပြောသည်။
ထိုအချိန်တွင် ယဲ့ရှောင်ချန်းကလည်း နေရာပေါင်းစုံကို သွားခဲ့ပြီးဖြစ်သော်လည်း ဘာမှ အောင်မြင်မှုမရခဲ့ပေ။ ယခုလျှို့ဖူရှန်းနှင့် သဘောတူစာချုပ် သက်တမ်းကုန်ဆုံးသွားပြီ ဖြစ်သဖြင့် ခြံထွက်များ ရောင်းချခြင်းက ပြဿနာကြီးကြီးမားမား တစ်ခုဖြစ်လာပြန်လေပြီ။
သို့သော် ယဲ့ရှောင်ချန်းက ဆုံးဖြတ်ချက် ချထား၏။ သူ တကယ်ပဲ စူပါမားကတ်တစ်ခုကို မရှာနိုင်ပါက သူအလုပ်ကြိုးစားမည်။ ထို့နောက် အိမ်တွင်ရှိနေသော သုံးဘီး လျှပ်စစ်ယာဥ်ဖြင့် ဟင်းသီးဟင်းရွက်များတင်ကာ မြို့တွင်းမားကတ်များတွင် ကိုယ်တိုင်ရောင်းချတော့မည်။
အလွန်ခက်ခဲမည် ဖြစ်သော်လည်း သူ့တွင် အခြား ရွေးချယ်စရာမရှိပါ။
နေ့လည်ခင်းတွင် ယဲ့ရှောင်ချန်းက ချင်းထျန်စူပါမားကတ်သို့ သွားခဲ့သည်။
အသေးစိတ် စာရင်းစစ်ပြီးသွားသည့်နောက် စုစုပေါင်းငါးရက်တွင် ယွမ် ၂၂,၅၀၀ ကျော်ရရှိခဲ့ပါသည်။
လျှို့ဖူရှန်းက ငွေကို ပျော်ပျော်ကြီး ပေးလိုက်နိုင်သည်။ ခဏကြာတော့ သူယဲ့ရှောင်ချန်းကို ပြောလိုက်သည်။ "ငါ မင်းနဲ့စာချုပ်အသစ် မချုပ်ချင်လို့မဟုတ်ပါဘူး။ ဒါပေမယ့် မတတ်နိုင်လို့ပါကွာ။ ငါခြံကြီးတစ်ခြံနဲ့ ကာလရှည် စာချုပ်တစ်ခု ချုပ်ပြီးသားဖြစ်နေတယ်။ စာချုပ်သက်တမ်းစေ့ဖို့ဆိုရင်တောင် အချိန် ခြောက်လလောက်ကြာဦးမယ်။ အဲ့တာကြောင့် စိတ်မကောင်းပါဘူး။"
ကြည့်ရတာ ဤစူပါးမားကတ်ပိုင်ရှင်က ပစ္စည်းများအပေါ် ခံစားလွယ်သူ ဖြစ်ပုံပေါ်သည်။ ယဲ့ရှောင်ချန်း၏ ဟင်းသီး ဟင်းရွက်များက အလွန်ကောင်းမွန်ခဲ့၏။ ယခုကတ်စတမ်မာများအကြား အလွန်ရေပန်းစားနေပြီး ရောင်းချရာတွင်လည်း ဟင်းသီးဟင်းရွက်အကျန်ဟူ၍ မရှိတော့ပါ။ လူအချို့က ဟင်းသီးဟင်းရွက် အများအပြားဝယ်ယူလိုသော မျှော်လင့်ချက်ဖြင့် နောက်တစ်ခေါက် ပြန်ပြန်လာလေ့ရှိသည်။
"မစ္စတာလျှို့ ဒီလိုပြောစရာမလိုပါဘူးဗျာ။ ကျွန်တော် တကယ်ကျေးဇူးတင်ပါတယ်။ ဒီလိုသာမဟုတ်ရင် ကျွန်တော့် ခြံထဲကဟင်းသီးဟင်းရွက်တွေ အခုလောက်ဆို စုပုံနေလောက်ပါပြီ။"
ယဲ့ရှောင်ချန်းက ပြောလိုက်သည်။
ယဲ့ရှောင်ချန်းသည် ယွမ် ၂၀,၀၀၀ ကျော်ရရှိခဲ့ပြီး အရှုံးများစွာ ပေါ်မည့် ဒဏ်ကို လျှော့ချနိုင်ခဲ့၏။ ယဲ့ရှောင်ချန်းက လျှို့ဖူရှန်းကို အလွန်ကျေးဇူးတင်မိပါသည်။
"ငါ့မှာ လုပ်ငန်းမိတ်ဆွေတစ်ယောက်ရှိတယ်။ သူက ယန်ရှစ်မြို့မှာ စားသောက်ဆိုင်ဖွင့်ထားတာ မကြာသေးဘူး။ သူ့စားသောက်ဆိုင် အရွယ်အစားကလည်း အရမ်းကြီးတယ်။ အဲ့တာကြောင့် ဟင်းသီးဟင်းရွက်တွေလည်း အများကြီးလိုလိမ့်မယ်။ မင်းဟင်းသီးဟင်းရွက်တွေက အရမ်းကောင်းတာ ငါသိလို့ သူနဲ့ဆက်သွယ်ရအောင် ငါကူညီပေးမယ်။ ပြဿနာမရှိဘူးဆိုရင် ငါဖုန်းဆက်လိုက်ပါ့မယ်။"
လျှို့ဖူရှန်းက ပြောလိုက်သည်။
ယဲ့ရှောင်ချန်းက သူ့ကိုအလျှင်အမြန် ကူညီပေးခဲ့သည်မဟုတ်ပါလား။ ဒီရက်ပိုင်းထဲ သူနှင့်အတူတူ အလုပ်လုပ်ကြည့်တော့ ယဲ့ရှောင်ချန်းက အလွန်ရိုးသားပြီး ဖြူစင်သည်ဟု သူခံစားရသည်။ ပြီးတော့သူ့ကို သဘောလည်း ကျမိ၏။
ယဲ့ရှောင်ချန်း မျက်လုံးများဝိုင်းစက်သွားသည်။ လျှို့ဖူရှန်းကိုယ်တိုင်က ပြောသဖြင့် အခွင့်အရေးကတော့ သေချာပေါက်နည်းမည် မဟုတ်ပေ။ သူချက်ချင်း ပြောလိုက်သည်။ "မစ္စတာလျှို့ ကျေးဇူးတင်ပါတယ်ဗျာ။"
"မလိုပါဘူးကွာ။"
လျှို့ဖူရှန်းက ရယ်မောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။"
ယဲ့ရှောင်ချန်း ရုတ်တရက် သတိထားမိသွားကာ ပြောလိုက်သည်။ "မစ္စတာလျှို့၊ ခင်ဗျား အရမ်းအလုပ်ရှုပ်နေမှာပေါ့၊ ကျွန်တော် ပြန်လိုက်ပါဦးမယ်။"
လျှို့ဖူရှန်းက ခေါင်းငြိမ့်ပြလိုက်သည်။
ယဲ့ရှောင်ချန်း စိုက်ပျိုးရေးခြံသို့ ပြန်ရောက်လာခဲ့သည်။
ပုံမှန်အတိုင်း ပူပြင်းသော နေ့တစ်နေ့ဖြစ်ပြီး နေပူထဲတွင် မတ်တပ်ရပ်နေရုံနှင့် လူတစ်ယောက်ကို ခေါင်းချောင်သွားစေလောက်သည်။
ယဲ့ရှောင်ချန်းက ဖန်လုံအိမ်ထဲမှ သခွားသီးတစ်လုံးကို ခူးဆွတ်လိုက်၏။ သန့်ရှင်းအောင် သူ့အင်္ကျီနှင့် သုတ်လိုက်ပြီး ကိုက်စားလိုက်သည်။ ကြွပ်ဆတ်ပြီး ချိုမြိန်လှပါသည်။
သူ အင်မော်တယ်မြေသို့ လာခဲ့၏။ စားသောက်ဖို့မှလွဲ၍ ထိုနေရာမှ မထွက်ချင်ကြသော ခွေးနှစ်ကောင်ကို ဆဲလိုက်သည်။
ပြီးတော့ အင်မော်တယ်မြေကြောင့်လား မသိ။ ခွေးနှစ်ကောင်၏ အမွှေးများမှာ ချောမွေ့တောက်ပနေသည်။ ယခင် ကြမ်းတမ်းသော အမွှေးတွေလို မဟုတ်တော့ဘဲ ပိုးသားလို နူးညံ့တောက်ပနေ၏။
ယဲ့ရှောင်ချန်းသည် အင်မော်တယ် မုန်လာဥဝါ အပင်ပေါက်များကို ကြည့်လိုက်သည်။ သူတို့၏ ကြီးထွားနှုန််းက ကောင်းမွန်သည့်ပုံပင်။ တစ်ပတ်တောင် မကြာသေးဘဲ ဤကဲ့သို့ ကြီးထွားနှုန်းမျိုးနှင့် ဆိုလျှင် သူ့မုန်လာဥဝါများက တစ်လအတွင်း ရိတ်သိမ်းနိုင်တော့မည် ဖြစ်သည်။
နောက်တစ်နေ့ မနက်သုံးနာရီအချိန်တွင် ယဲ့ရှောင်ချန်းနှင့် သူ့အဖေအမေတို့ သုံးယောက်စလုံး ဒီနေ့ ခြံထဲတွင် အလုပ်ရှုပ်နေကြသည်။ မြို့တော်ကုန်စည်ပြပွဲတွင် ဟင်းသီးဟင်းရွက်များ ရောင်းချကြမည်ဖြစ်သည်။
တိုက်မာ မြို့က ထိုက်ဖျင်မြို့နှင့် ကပ်လျက်ဖြစ်သည်။ သုံးဘီးစီးသွားပါက တစ်နာရီလောက် ကြာနိုင်သည်။
ထို့ကြောင့် ယဲ့ရှောင်ချန်း စောစောသွားရမည် ဖြစ်သည်။
ငါးနာရီထိုးလေပြီ။
မိုးလည်း လင်းလာပြီ။ သုံးဘီးပေါ်တွင် လတ်ဆတ်သော ဟင်းသီးဟင်းရွက်မျိုးစုံ၊ လျှပ်စစ်အလေးချိန်ကိရိယာ၊ ပလတ်စတစ်အိတ်များ၊ ထီးတစ်ချောင်း၊ ရေတစ်ပုံး၊ ရေဖြန်းဗူး၊ ဟင်းသီးဟင်းရွက်စျေးဆိုင်းဘုတ် စသည်တို့ဖြင့် ပြည့်နှက်နေပြီဖြစ်သည်။
အားလုံးအသင့်ဖြစ်သောအခါ ယဲ့ရှောင်ချန်းနှင့် သူ့အဖေတို့ ခြံမှ ထွက်လာခဲ့ကြသည်။
ဤသည်က ယဲ့ရှောင်ချန်း ကိုယ်တိုင် ဟင်းသီးဟင်းရွက် ပထမဆုံးရောင်းချခြင်း ဖြစ်သဖြင့် သူအနည်းငယ် စိတ်လှုပ်ရှားနေမိပါသည်။
ခြောက်နာရီ ထိုးလေပြီ။
ယဲ့ရှောင်ချန်းနှင့် သူ့အဖေတို့ တိုက်မာမြို့သို့ ရောက်ရှိလေသည်။
အလွန်စည်ကားလှသည်။ ဆိုင်ပိုင်ရှင်များစွာက ပစ္စည်းများစွာကို နေရာစတင်ချနေကြပြီဖြစ်သည်။
သူတို့လည်း ဆိုင်နေရာချဖို့ အတန်အသင့်ကောင်းမွန်သော နေရာတစ်ခု ရခဲ့ပါသည်။
"အဖေ ကျွန်တော် မနက်စာ သွားဝယ်လိုက်ဦးမယ်။"
ယဲ့ရှောင်ချန်းသည် သိပ်မဝေးသော ဆန်ခေါက်ဆွဲဆိုင်သို့ လမ်းလျှောက်သွားပြီး ကြက်ဥပြုတ်နှစ်လုံးနှင့် ဆန်ခေါက်ဆွဲနှစ်ပန်းကန် မှာယူလိုက်သည်။ သူ ရေမဝယ်တော့ပါ။ သူ့ယာဥ်ပေါ်တွင် ရေငါးလီတာခန့် ပါလာပြီးသားဖြစ်သည်။
"ဒီကြက်ဥပြုတ်က အရမ်းအာဟာရရှိတယ်။"
ယဲ့ရှောင်ချန်းအဖေက ဤသို့ပြောပြကာ ယဲ့ရှောင်ချန်း၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။
"အဖေ ကျွန်တော့်မှာ တစ်လုံးရှိပါတယ်ဗျ။"
ယဲ့ရှောင်ချန်း ရယ်ရမလား ငိုရမလားပင် မသိတော့ပါ။
"ကောင်လေး တစ်လုံးတည်းစားတာ မကောင်းဘူး။"
ယဲ့ရှောင်ချန်းအဖေက အတည်ပေါက်ကြီး ပြောနေခြင်းဖြစ်သည်။
ယဲ့ရှောင်ချန်းက သူ့အဖေစရိုက်ကို သိသဖြင့် ဘာမှပြန်မပြောတော့ဘဲ စားလိုက်သည်။
ခုနစ်နာရီထိုးသောအခါ နေထွက်လာပြီဖြစ်ပြီး အပူချိန်လည်း မြင့်တက်လာ၏။
ယဲ့ရှောင်ချန်းက ထီးကို မြန်မြန်ဖွင့်ပြီး သုံးဘီးတွင် တပ်လိုက်၏။ ထို့နောက် သုံးဘီးပေါ်မှ ဟင်းသီးဟင်းရွက် သေတ္တာများကို ချလိုက်သည်။
လူတွေလည်း စတင်ရောက်လာကြပြီ ဖြစ်သည်။
နောက်ဆုံးတော့ ဝယ်သူတစ်ယောက် သူ့ဆီသို့ရောက်လာပြီဖြစ်သည်။
"ဘယ်လိုဖြစ်လို့ သခွားသီးက အရမ်းစျေးကြီးနေတာတုန်း။"
ဘေးတွင် ကလေးတစ်ယောက်နှင့် အသက်ကြီးကြီး စျေးဝယ်တစ်ဦးက ပြောလိုက်သည်။
ယဲ့ရှောင်ချန်း ဆိုင်းဘုတ်တွင် ရေးသားထားသော သခွားသီးစျေးက ၁ ကျင်းစျေး ဖြစ်သည်။ သေချာပေါက် စူပါမားကတ်ထက် စျေးပိုကြီးနေသည်။
အခြားဆိုင်များကို ရည်ညွှန်းလိုက်သည်။
ယဲ့ရှောင်ချန်းက သခွားသီးတစ်လုံးကို ဆေးလိုက်ပြီး အဘိုးကြီးကို ပေးလိုက်ကာ ပြောလိုက်သည်။ "အဘိုး ဒါအိမ်ထွက် သခွားသီးပါ။ အရမ်းအရသာရှိတယ်။ အရင်စားကြည့်လိုက်ပါဦး။"
ထိုသို့ပြောပြီးသွားသောအခါ သူသခွားသီးကို သစ်သီးလှီးဓားဖြင့် နှစ်ပိုင်းလှီးလိုက်ပြီး တစ်ပိုင်းကို အဘိုးကြီးထံပေးကာ နောက်တစ်ပိုင်းကိုတော့ ကလေးထံ ပေးလိုက်သည်။
"ဒီတိုင်းသခွားသီးပဲကို၊ ဘာတွေထူးခြားလို့လဲ။"
အဘိုးကြီးက ထိုသို့ပြောလိုက်ပြီး ယူစားကြည့်လိုက်သောအခါ ထိတ်လန့်သွားရသည်။
ကလေးကလည်း သခွားသီးတစ်ဝက်ကို စားလိုက်ပြီး "ဘိုးဘိုး သား သား သခွားသီးစားချင်တယ်.."
ယဲ့ရှောင်ချန်းက နောက်ထပ်သခွားသီးတစ်ပိုင်းကို ကလေးထံပေးလိုက်ပြီး အဘိုးကြီးကိုပြုံးကာ ပြောလိုက်သည်။
"အဘိုး အဘိုးမြေးလည်း စားရတာကြိုက်တယ်။ ကျေးဇူးပြုပြီး အားပေးပါဦး။"
"အင်း ဒီသခွားသီးအရသာက တကယ်ထူးခြားတယ်၊ ငါအသက်ကြီးပြီဆိုပေမယ့် ဒီလိုအရသာရှိတဲ့ သခွားသီးမျိုး တစ်ခါမှ မစားဖူးဘူး။"
အဘိုးကြီးက ခေါင်းခါသည်။
ယဲ့ရှောင်ချန်းက အဘိုးကြီးကို အိတ်တစ်အိတ်ပေးလိုက်သည်။
အဘိုးကြီးက သခွားသီးကို စစ်ဆေးကြည့်လိုက်၏။
သခွားသီးကလှသည်။ အရောင်လည်း လတ်သည်။ ကဘေးက သခွားသီးတစ်လုံးကို ထပ်ကောက်ကာ အိတ်ထဲ ထပ်ထည့်လိုက်ပြန်သည်။
"မြေးလေး တော်ပြီလေ။"
အဘိုးကြီးက အိတ်ထဲပြည့်နေသည်ကို မြင်ကာ အလျှင်အမြန် ပြောလိုက်သည်။
"သား ထပ်လိုချင်တယ်။"
သူ့မြေးက နောက်ထပ် နည်းနည်း ထပ်ယူလိုက်ပြန်သည်။
"ဒီလောက်အများကြီး မင်းစားနိုင်ပါ့မလားကွ။"
အဘိုးကြီးက ခေါင်းခါလိုက်မိ၏။ ထို့နောက် သခွားသီးတစ်ချို့ကို ထုပ်ပိုးလိုက်သည်။ သခွားသီးကို အဘိုးကြီးလည်း သဘောကျသဖြင့် နောက်ထပ် ဟင်းသီးဟင်းရွက်တစ်ချို့လည်း ဝယ်ယူလိုက်သည်။ ၂၂ ယွမ် ကျသင့်၏။
သူတို့၏ပထမဆုံး စီးပွားရေးဖြစ်သဖြင့် ယဲ့ရှောင်ချန်းနှင့် အဖေဖြစ်သူတို့ အလွန်ပျော်ရွှင်ခဲ့ရပါသည်။