အချမ်းသာဆုံးလူ
Vol. 1 Ch. 10
အခန်း(၁၀) - အချမ်းသာဆုံးလူ
ခွမ်းး!!
ပေါက်ပြားက မှန်အား တစ်ချက်တည်းနှင့် ဖောက်ထွင်းသွားပြီး ဖောက်သွားသည့်နေရာမှ မှန်ကွဲစများလည်း လွင့်စင်လာသည်။
အရေးပေါ်ပုဆိန်နှင့် ကားမှန်အား သဲကြီးမဲကြီး ရိုက်ခွဲနေခဲ့သော ဝမ်ရွှေရှန့်လည်း ရပ်တန့်သွားကာ သူ့ကိုကြည့်လိုက်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားဖြစ်သည့် ချန်ရှုလည်း ထိတ်လန့်သွား၏။
ဘေးနားမှာ ရပ်ကြည့်နေကြသူများလည်း ကြက်သေသေသွားကြလေသည်။
အရေးပေါ်ပုဆိန်က မှန်ပေါ်တွင် အက်ရာလေးတစ်ခုတောင်ထင်အောင် မလုပ်နိုင်ခဲ့ပါ။
ထို့ကြောင့် ပြဿနာရှိသည်မဟုတ်လား။
သို့သော်လည်း လူများစွာက စိတ်အေးသွားကြရသည်။ ကလေးငယ်အား ယခု ကယ်တင်နိုင်ပြီဖြစ်သည်။
ယဲ့ရှောင်ချန်းက ပေါက်ပြားကို အားစိုက်ကာ ထပ်ရိုက်လိုက်သည်။ ထို့နောက် ရုတ်တရက် မှန်တစ်ချပ်လုံး တစ်စစီကွဲထွက်သွားတော့သည်။
"တော်သေးတာပေါ့! ကလေးကို ကယ်လို့ရပြီ။"
"ကားမှန်ကွဲသွားပြီ။"
"သတင်းကောင်းပဲ။"
"ခုနကဆို ကလေးကို ကယ်လို့ မရတော့ဘူးလို့တောင်ထင်နေတာ ဒါပေမယ့် ဒီလိုဆန်းကြယ်မှု တစ်ခုတွေ့ရလိမ့်မယ်လို့လည်း မထင်ထားဘူး။"
"ပေါက်ပြားတစ်ချောင်းက ကျည်ကာမှန်ကို ဖောက်နိုင်ပြီး အရေးပေါ်ပုဆိန်က ဘာလို့ မဖောက်နိုင်တာလဲ။"
"တော်တော်ကြမ်းတဲ့ ပေါက်ပြားပါလား။"
ကယ်ဆယ်ရေး မလုပ်ခင်က လူများစွာမှာ ကလေးငယ်၏အသက်အန္တရာယ်ကို စိုးရိမ်ကာ နှလုံးခုန်မြန်နေခဲ့ကြသည်။
ဝမ်ရွှေရှန့်လည်း ကျေးဇူးတင်စကားပြောဖို့ မစောင့်နိုင်တော့ပါ။ သူအမြန်ပြေးပြီး ကားမှန်အကွဲနားသို့သွားကာ ကလေးကို အမြန်ဆုံးထုတ်ယူလိုက်ပြီးနောက် နေရိပ််သောနေရာသို့ သွားလေသည်။ ထို့နောက် အနီးအနားရှိ ဆေးရုံတစ်ခုမှ ဆရာဝန်တစ်ယောက်က အရေးပေါ်စစ်ဆေးမှုလုပ်ရန် ကလေးဆီသို့ မြန်မြန်ပြေးလာလေသည်။
လူအားလုံး၏ အာရုံစိုက်မှု ပြောင်းသွားသည်ကို မြင်သဖြင့် ယဲ့ရှောင်ချန်း တိတ်တဆိတ် လူအုပ်ထဲမှထွက်လာပြီး သူ့သုံးဘီးဆိုင်ကယ်ထားခဲ့ရာ နေရာသို့ ပြန်သွားလေသည်။
အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်ပြီးသွားသောအခါ ကလေးငယ်မှာ နောက်ဆုံးတော့ ဘေးကင်းသွားခဲ့ပြီဖြစ်သည်။ သူက တည်ငြိမ်သော အခြေအနေတစ်ခုတွင်ရှိနေပြီး နောက်ဆက်တွဲ ကုသမှုများ ခံယူရန်အတွက် ဆေးရုံတင်ရမည်ဖြစ်သည်။
ဆရာဝန်က ဝမ်ရွှေရှန့်ကို ပြောလိုက်သည်။ "ကံကောင်းလို့ ကလေးကို အချိန်မှီကယ်လိုက် နိုင်ပေတယ်။ မိနစ်နည်းနည်းလောက်သာ နောက်ကျသွားရင် အောက်ဆီဂျင် ပြတ်လတ်မှုကြောင့် သူ့ဦးနှောက်ထိခိုက်ပြီး အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေလည်း ထိခိုက်သွားနိုင်တယ်။"
ဝမ်ရွှေရှန့်က သက်ပြင်းကို လေးလံစွာချလိုက်သည်။ သူ သေလောက်အောင် ကြောက်ရွံ့သွားခဲ့သည်။ သို့သော် ယခုတော့ သူ့သား ဘေးကင်းသွားပါပြီ။
ရုတ်တရက် ပေါက်ပြားဖြင့် မှန်ကို ခွဲပေးသွားသော လူငယ်လေးအား သူသတိရသွားသည်။ သို့သော် ထိုနေရာတွင် သူ့ကို မတွေ့ရတော့ပါ။
"မစ္စတာချန်၊ အဲ့ဒီကောင်လေးကို တွေ့မိသေးလား။"
ဝမ်ရွှေရှန့်က အလျှင်စလိုမေးလိုက်သည်။
ချန်ရှုလည်း စိတ်အေးသွားရပါသည်။ အကယ်၍များ ဝမ်ရွှေရှန့်၏သား ဤနေရာတွင် မတော်တဆမှုဖြစ်သွားပါက သူနှင့်မဆိုင်သော်လည်း သူ့စားသောက်ဆိုင်အသစ်က နာမည်ပျက်သွားနိုင်သည်။
ဘေးပတ်လည်တွင် မေးကြည့်ပြီးသွားသောအခါ ကောင်လေးက သုံးဘီးဆိုင်ကယ်စီးကာ ထွက်သွားသည်ဟု လူတစ်ယောက်က ပြောလိုက်သည်။
"ထွက်သွားတယ် ဟုတ်လား။"
ဝမ်ရွှေရှန့်က အနည်းငယ် အံ့သြသွားမိသည်။ ကောင်လေးက ကားမှန်ကို ပေါက်ပြားတစ်ချောင်းဖြင့် ခွဲသွားခြင်းဖြစ်၏။ သူအလွန်ကျေးဇူးတင်ဝမ်းသာပြီး လူကိုယ်တိုင် ကျေးဇူးတင်စကား ဆိုချင််သည်။
"မစ္စတာချန် ကျုပ်ကို ဒီကောင်လေးကို ရှာဖို့ ကျေးဇူးပြုပြီး ကူညီပေးပါဦးဗျာ။"
ဝမ်ရွှေရှန့်က လူနာတင်ကားပေါ် တက်ရင်း ချန်ရှုကို တောင်းဆိုလိုက်ခြင်းဖြစ်သည်။
"မစ္စတာဝမ် သူယန်ရှစ်မြို့ထဲမှာ ရှိနေမယ်ဆိုရင် သူ့ကိုရှာတွေ့ဖို့ ကူညီပေးပါ့မယ်လို့ ကတိပေးပါတယ်။"
ချန်ရှုက ပြန်ပြောလိုက်သည်။
ချန်ရှုက လူနာတင်ကား ထွက်သွားသည့် အချိန်အထိ စောင့်ခဲ့ပြီး လုံခြုံရေး ကင်မရာများကို သွားစစ်ဆေးကြည့်လိုက်သည်။
ချန်ရှုတစ်ယောက် အံ့သြမှင်တက်သွားရသည်။
ထောက်ပံ့ပို့ဆောင်းရေးဌာနတွင် စုံစမ်းပြီးသွားသောအခါ သုံးဘီးဆိုင်ကယ်စီးလာသော ကောင်လေးက သူ့စားသောက်ဆိုင်ကို ဟင်းသီးဟင်းရွက် လာပို့သော ယဲ့ရှောင်ချန်း ဖြစ်နေမှန်း သိလိုက်ရပါသည်။
ယဲ့ရှောင်ချန်းသာ ဒီစားသောက်ဆိုင်သို့ ဟင်းသီးဟင်းရွက် လာမပို့ခဲ့လျှင် မစ္စတာဝမ်၏သားလည်း ကယ်ဆယ်ခံရမည်မဟုတ်ပါ။
ထိုသို့တွေးရင်း သူက လျှို့ဖူရှန်းကို ဖုန်းခေါ်လိုက်ကာ ယဲ့ရှောင်ချန်း၏ အခြေအနေကို မေးကြည့်လိုက်သည်။
...........
ထိုအချိန်တွင် ယဲ့ရှောင်ချန်းက သုံးဘီးဆိုင်ကယ်စီးကာဖြင့် ယန်ရှစ်မြို့မှထွက်လာပြီ ဖြစ်သည်။
အင်မော်တယ်ပေါက်ပြားအကြောင်း ဘယ်သူ့ကိုမှ သူ မသိစေလိုပါ။ ထို့ကြောင့် ကောင်းမွန်သော လုပ်ရပ်တစ်ခု လုပ်ခဲ့သော်လည်း အမည်မခံလိုဘဲ အမြန်ထွက်လာခဲ့ခြင်းဖြစ်သည်။
ယဲ့ရှောင်ချန်းသည် အိမ်သို့ တန်းမပြန်ခဲ့ပေ။ သူသည် လုံဝမ်မြို့သို့ သွားခဲ့သေးသည်။
သူ့အမေနှင့် အဖေတို့ကို တွေ့သောအခါ သူတို့ဟင်းသီးဟင်းရွက် အားလုံးနီးပါး ရောင်းကုန်နေကြပြီဖြစ်သည်။
"အရမ်းရောင်းကောင်းတယ်။ သူတို့တွေသခွားသီးကို မြည်းကြည့်ပြီးတာနဲ့ ဝယ်ကိုဝယ်ကြတာပဲ၊ ဟုတ်သားပဲ၊ ချန်းလေး မင်းလုပ်ငန်းကိစ္စကော ဘယ်လိုနေလဲ။"
ပဝါတစ်ခုဖြင့် မျက်နှာကိုသုတ်လိုက်ရင်း ယဲ့ရှောင်ချန်း ပြုံးလိုက်သည်။
ယခုတော့ သူ့တွင် ဟင်းသီးဟင်းရွက်များ ရောင်းချနိုင်ဖို့ စိတ်ပူစရာမလိုတော့ပါ။
နည်းလမ်းမရှိခဲ့လျှင်တောင် မားကတ်ပေါင်းစုံတွင် လိုက်လံရောင်းချခြင်းဖြင့် အရှုံးရှိမည် မဟုတ်ပါ။
"အဆင်ပြေသွားတယ်။"
ယဲ့ရှောင်ချန်းက ပြုံးကာပြောလိုက်သည်။ "ပူလိုက်တာဗျာ၊ ဟင်းသီးဟင်းရွက်လည်း နည်းနည်းပဲ ကျန်တော့တယ်၊ စောစောပြန်ကြရအောင်လေ။"
"အေး နောက်တစ်ခေါက်ဆို ငါတို့ ပိုများများ ယူလာရမယ်။"
သူ့အမေက ရေသောက်ပြီး ပြောလိုက်လေသည်။
ယနေ့တော့ ဟင်းသီးဟင်းရွက်များ အလွန်လျင်မြန်စွာ ရောင်းကုန်သွားသဖြင့် သူမ စိတ်မကျေနပ်ပါ။
စျေးကိုသိမ်းကာ သူတို့သုံးဦး သုံးဘီးဆိုင်ကယ်နှစ်စီးဖြင့် ပြန်လာခဲ့ကြတော့သည်။
ယဲ့ရှောင်ချန်းတစ်ယောက် အိမ်ပြန်ရောက်တာနဲ့ ပန်ကာဖွင့်ပြီး နားမည် အပြုတွင် လျှို့ဖူရှန်းက သူ့ကို ဖုန်းခေါ်လိုက်သည်။
လျှို့ဖူရှန်းက ဘာဖြစ်လို့ ငါ့ကိုခေါ်နေတာလဲ။
ယဲ့ရှောင်ချန်း အံ့သြသွားသည်။
လျှို့ဖူရှန်းကို သူ အလွန်ကျေးဇူးတင်မိသည်။ သူ့အတွက် လျှို့ဖူရှန်းက အကူအညီ ကြီးကြီးမားမား ဖြစ်ခဲ့ပါသည်။
"ညီလေးယဲ့၊ စားသောက်ဆိုင်ဝင်ပေါက်နားမှာ ကောင်လေးတစ်ယောက်ကို ကယ်ခဲ့သေးလား။" ဟု လျှို့ဖူရှန်းက မေးလိုက်သည်။
"အဲ့လိုတော့ ဖြစ်ခဲ့ပါတယ်၊ မစ္စတာလျှို့ ဘာဖြစ်လို့လဲဗျ။"
ယဲ့ရှောင်ချန်းတစ်ယောက် ကြောင်စီစီဖြစ်သွားသည်။ လျှို့ဖူရှန်းက ဘယ်လိုသိနေသနည်း။
လျှို့ဖူရှန်း၏ ရည်ရွယ်ချက်ကို သူ မသိပါ။
"ညီလေးယဲ့၊ မင်းဘယ်လောက် ကံကောင်းလဲ မသိဘူးလား။ မင်း ယန်ရှစ်မြို့ရဲ့ အချမ်းသာဆုံးလူ ဝမ်ရွှေရှန့်ရဲ့ သားကို ကယ်ခဲ့တာကွ မစ္စတာချန်ကို မစ္စတာဝမ်က သူ့ရဲ့ကယ်တင်ရှင်ကို ကျေးဇူးတင်ချင်တယ်လို့ပြောတယ်၊ ပြီးတော့ မင်းကို ကျေးဇူးတင်ဖို့ ကိုယ်တိုင်တွေ့ချင်တယ်တဲ့။ ဟားဟား ငါ့ညီယဲ့ မင်းဒီအခွင့်အရေးကို ဆုပ်ကိုင်လိုက်ရင် အရမ်းကောင်းမှာနော်။"
လျှို့ဖူရှန်းက မြို့ထဲတွင် ချမ်းသာသော်လည်း မြို့တော်ထဲက သူဌေးများလောက်တော့ မချမ်းသာပါ။ သို့သော်လည်း ဝမ်ကတော့ မြို့တော်တွင် အချမ်းသာဆုံးလူ ဖြစ်သည်။
ယခု ယဲ့ရှောင်ချန်းက ဝမ်ရွှေရှန့်သား၏ ကယ်တင်ရှင် ဖြစ်လာသောကြောင့် အခွင့်အရေးကြီးတစ်ခုဖြစ်လာလေပြီ။
သူသည် ယဲ့ရှောင်ချန်း၏ ကံကောင်းမှုကို အားကျမိရုံသာရှိတော့သည်။
ယဲ့ရှောင်ချန်းက အနည်းငယ် ဗဟုသုတ နည်းပါးသည်။
ယဲ့ရှောင်ချန်းသည် ယန်ရှစ်မြို့တော်၏ အချမ်းသာဆုံးလူ ဝမ်ရွှေရှန့်ရဲ့သားကို ကယ်တင်ခဲ့သည်တဲ့လား။
သူ လူတစ်ယောက်ကို ကယ်တင်ခဲ့ရုံသာ။ အခြား ဘာအတွေးမှ မရှိပေ။ သူရဲ့ အသက်တစ်ချောင်းကိုသာ ဖြူဖြူစင်စင် ကယ်တင်ချင်ခဲ့သည်ဖြစ်သည်။
ယဲ့ရှောင်ချန်းက ဝမ်ရွှေရှန့်အကြောင်း အနည်းငယ် ကြားလိုက်ရသည်။ သူက ကျင်းယန်အုပ်စု၏ ဥက္ကဌဖြစ်သည်။ လယ်ကွက်များစွာ၊ အိမ်ရာမြေရာများ၊ စိုက်ပျိုးရေးစက်ပစ္စည်းများ၊ အင်ဂျင်နီယာ စက်ပစ္စည်းများ စသည်တို့ကို ရောင်းချကြသော အုပ်စုဖြစ်သည်။
ကျင်းယန်အုပ်စုက အိမ်ရာမြေရာများနှင့် စိုက်ပျိုးရေးအင်ဂျင်နီယာ စက်ပစ္စည်းများက ထိုပြည်နယ်တွင် နာမည်ကြီးသည်။
ထို့နောက် ယဲ့ရှောင်ချန်း ခေါင်းခါလိုက်မိ၏။ ယဲ့ရှောင်ချန်းသည် လူတစ်ယောက်ကို ဒီအတိုင်း ကယ်ဆယ်ခဲ့ခြင်းဖြစ်သည်။ အချမ်းသာဆုံးလူတစ်ယောက်နှင့် ဆက်ဆံရေးကို မှီခိုရန် သူ မပြင်ဆင်ရသေးပါ။
သူ့လက်ရှိအခြေအနေကို သူ အလွန်ကျေနပ်ပါသည်။ ဟင်းသီးဟင်းရွက်များ ရောင်းချဖို့ကလည်း ပြဿနာမဟုတ်တော့ပေ။
သူ အခု ဆန်းကြယ်သော ရှန်းနုန်စနစ်အကြောင်း စတင်တွေးနိုင်ပြီဖြစ်သည်။
အင်မော်တယ် မုန်လာဥဝါ အပင်ပေါက်များက အလွန်လျင်မြန်စွာ ကြီးထွားနေကြသည်။ မုန်လာဥပင်များကလည်း ခြောက်လက်မနီးပါးကြီးကြသည်။ မုန်လာဥဝါအမြစ်များ စတင်ပုံပေါ်လာပြီဟု ခန့်မှန်းရသည်။
ယဲ့ရှောင်ချန်းသည် ထိုမုန်လာဥဝါများ ယူဆောင်လာနိုင်သော ပြောင်းလဲမှုများအကြောင်း စဥ်းစားကာ အလွန်သိချင်စိတ် ပြင်းပြနေမိသည်။ သူ့ဘဝတွင် ဟင်းသီးဟင်းရွက်များ အလွန်လျှင်မြန်စွာရောင်းချနိုင်ခြင်းနှင့် အင်မော်တယ်မြေအကြောင်းကိုလည်း ပိုမိသိချင်လာမိပါသည်။