← Chapters

ဆက်ဆံရေး

Vol. 1 Ch. 11

ဆက်ဆံရေး

Vol. 1 Ch. 11

အခန်း(၁၁) - ဆက်ဆံရေး

နောက်တစ်နေ့ စာချုပ်အရ ယဲ့ရှောင်ချန်းသည် Food Tube သို့ ဟင်းသီးဟင်းရွက်တစ်သုတ် ပို့ဆောင်လိုက်သည်။

Food Tube လိုအပ်သည့် ဟင်းသီးဟင်းရွက်များက အလွန်များပြားသည်။ ဟင်းသီးဟင်းရွက်များကို ရွေးချယ်ပြီးသည်နှင့် ရေခဲခန်းထဲ မထည့်ရပါ။ လတ်ဆတ်သော ပုံစံကို ထိန်းသိမ်းနိုင်သော်လည်း ဟင်းသီးဟင်းရွက်များ၏ အရသာအပေါ် သက်ရောက်မှုရှိသွားနိုင်သည်။

မကြာသေးခင်က ရာသီဥတုက အလွန်ပူလျက်ရှိသည်။ အပူရှိန်ကြောင့် ယဲ့ရှောင်ချန်းက သူ့ဟင်းသီးဟင်းရွက်များ အကောင်းဆုံး အနေအထားရရှိစေရန် နေမထွက်ခင်အချိန်တွင်သာ ပို့ဆောင်နိုင်သည်။

ဒီနေ့ ယဲ့ရှောင်ချန်းက အစားအသောက် ကုဗတုံး၏ ထောက်ပို့ရေးဌာနကို မသွားခဲ့ပါ။ ထို့အစား အစားအသောက်ကုဗတုံး၏ ဘော့စ် ချန်ရှုအား သွားတွေ့ရသည်။

ချန်ရှုက ရုံးခန်းထဲတွင် ယဲ့ရှောင်ချန်းအား သူ့ကိုယ်သူ မိတ်ဆက်ပေးလိုက်သည်။

"ညီလေးယဲ့ မနေ့ကကိစ္စအတွက် ငါမင်းကို တကယ်ကျေးဇူးတင်ပါတယ်။"

ချန်ရှုက ယဲ့ရှောင်ချန်းကို စီးကရက်တစ်လိပ် ကမ်းပေးလိုက်သည်။

ယဲ့ရှောင်ချန်းက ယဥ်ယဥ်ကျေးကျေး ငြင်းပယ်လိုက်၏။

သူက အရက်မသောက် ဆေးလိပ်မသောက် ကွမ်းမစားတတ်ပါ။

ထိုကိစ္စထက် အဘယ့်ကြောင့် သူ့ကို ကျေးဇူးတင်နေသနည်း။

သူက ဝမ်ရွှေရှန့်၏ သားကို ကယ်တင်ခဲ့ခြင်းဖြစ်သည်။

ယဲ့ရှောင်ချန်း စဥ်းစားနေသည်ကို ချန်ရှုမြင်ကာ ချက်ချင်းပြောလိုက်သည်။ "ဒီကိစ္စကြီးက ငါတို့ Food Tube စားသောက်ဆိုင်ရဲ့ ကားပါကင်နေရာမှာ ဖြစ်သွားတာလေ၊ တစ်ခုခုသာ မှားသွားရင် ငါတို့စားသေက်ဆိုင်ရဲ့ ထိခိုက်မှု အရမ်းများသွားလိမ့်မယ်။"

ယဲ့ရှောင်ချန်းတစ်ယောက် ချက်ချင်း နားလည်သွား၏။ တစ်စုံတစ်ယောက်သာ အသစ်ဖွင့်ထားသော ဟော်တယ်ဝင်ပေါက်ထားတွင် သေသွားပါက နာမည်ပျက်မည်ဖြစ်သည်။

ရုတ်တရက် စားပွဲပေါ်ရှိ ရုံးဖုန်းသံမြည်လာသည်။ ချန်ရှုက ကောက်ကိုင်ကာ ဖြေလိုက်သည်။ မျက်နှာပုံတွင် အပြုံးတစ်ခု ထင်ပေါ်နေပြီး ပြောလိုက်သည်။ "မစ္စတာဝမ်ရဲ့ဖုန်းပဲ။ ငါ သူ့ကိုမြန်မြန်လာခိုင်းထားတယ်။ ညီလေးဝမ်၊ မင်း ဒီမှာခဏထိုင်နေပါဦး။"

ထိုသို့ပြောပြီးနောက် သူ မတ်တပ်ထကာ တံခါးဆီသို့ လျှောက်သွားသည်။

မကြာခင် ချန်ရှုနှင့် သေသေသပ်သပ် ဝတ်စားဆင်ယင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဝင်လာသည်။

ထိုလူအား ယဲ့ရှောင်ချန်း နောက်ဆုံးတစ်ခေါက် မြင်ခဲ့ရသည်က Food Tube စားသောက်ဆိုင် အပြင်ဘက်တွင်ဖြစ်သည်။

ဤလူလတ်ပိုင်းအရွယ် အမျိုးသားသည် မြင့်မားသောနဖူးနှင့် အရပ်မြင့်မြင့်ရှိကာ သူ့ဦးခေါင်းထိပ်တွင် အနည်းငယ်ပြောင်နေပါသည်။ သူလမ်းလျှောက်သောအခါတွင် နဂါး သို့မဟုတ် ကျားကဲ့သို့ အလွန်အထင်ကြီးစရာ ကောင်းသည့် အားမန်ပါပြီး ကြီးမြတ်သော ခံစားချက်ကို ပေးစွမ်းသည်။

"ဟားဟား၊ ဒီတော့ မင်းက ယဲ့ရှောင်ချန်းပေါ့။ ညီလေး ငါ့နာမည် ဝမ်ရွှေရှန့်ပါ။ မနေ့က ငါ့သားရဲ့ အသက်ကို ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဝမ်ရွှေရှန့်ဆိုတဲ့ငါက ကြင်နာမှုကို ကြင်နာမှုနဲ့တုန့်ပြန်ပြီး ကလဲ့စားကို ကလဲ့စားနဲ့တုန့်ပြန်တတ်တယ်။ အခုချိန်က စပြီး ညီလေးယဲ့ စိတ်ရှုပ်စရာ ကိစ္စတစ်ခု ရှိတိုင်း ငါ့ကို အမြန်ဆုံးလာရှာလိုက်။"

လူလတ်ပိုင်းအရွယ် အမျိုးသားက ယဲ့ရှောင်ချန်းကို တွေ့တွေ့ချင်းမှာပဲ ယဲ့ရှောင်ချန်းရဲ့ လက်ကို အားမာန်အပြည့်ဖြင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။

ယဲ့ရှောင်ချန်းသည် မစ္စတာဝမ်၏ တက်ကြွမှုကို မြင်လိုက်ရသဖြင့် ဘာပြောရမှန်း မသိတော့ပါ။

မစ္စတာဝမ်က ပြုံးကာ ပြောလိုက်သည်။ "ညီလေးယဲ့ ငါက အရမ်းတဲ့တိုးပြောတတ်လုပ်တတ်တဲ့လူပါ။ ဒီအဘိုးကြီးဆို ငါ့ကိုနားလည်တယ်။ ငါက လူတစ်ယောက်ကို ဘယ်တော့မှ မလှည့်စားတတ်ဘူး။"

"မစ္စတာ ဝမ် ကျွန်တော်..."

ယဲ့ရှောင်ချန်းသည် စကားပြောမလို့ပင် ရှိသေးသည်။

"ဘာဖြစ်တယ် မစ္စတာဝမ်ဟုတ်လား၊ ငါက မင်းထက် အသက်ကြီးတာ ဟုတ်ပါတယ်။ ငါ့ကို အစ်ကိုကြီးဝမ်လို့ခေါ်လို့ရတယ်။ ဒါငါ့နာမည်ကတ်ပဲ၊ ကိစ္စတစ်ခုခုရှိရင် ဒီဖုန်းနံပါတ်ကို ဆက်လိုက်လို့ရတယ်။"

ဝမ်ရွှေရှန့်က လက်ရမ်းလိုက်ပြီး ငွေရောင်ကတ်ပြားတစ်ခုကို ထုတ်လိုက်သည်။

ယဲ့ရှောင်ချန်းက ဝမ်ရွှေရှန့်၏ အရှိန်အဝါကို ခံစားလိုက်ရသည်။ ထိုကဲ့သို့ လူမျိုးကို စကားပြောရလျှင် ဘယ်နေရာတွင်မဆို ကျဥ်းကြပ်မှု တစ်ခုကို ခံစားရတတ်သည်။

သို့သော်လည်း ထိုကဲ့သို့ စရိုက်လက္ခဏာမျိုးကြောင့် ယန်ရှစ်မြို့၏ အချမ်းသာဆုံးလူ ဖြစ်လာသည်မှာ အံ့သြစရာမရှိပါ။ ယဲ့ရှောင်ချန်းသည် လွန်ခဲ့သော ၁နှစ် ၂နှစ်ခန့်ကမှ ဘွဲ့ရထားသူဖြစ်သည်။ သူတို့အကြားတွင် ကွာဟချက်က အလွန်ကြီးမားပါသည်။

Food Tube၏ ဘော့စ် ချန်ရှုကပင် ဝမ်ရွှေ့ရှန်၏ ရှေ့တွင် ပမွှားမျှသာဖြစ်သည်။

"ညီလေးယဲ့ အခွင့်အရေးရှိဦးမယ်ဆိုရင် နောက်တစ်ခေါက် စကားထပ်ပြောကြတာပေါ့။ ပြီးတော့ မင်းမှာ စိုက်ပျိုးရေးခြံတစ်ခြံ ရှိတယ်မလား။ ရောင်းချဖို့အတွက်က ပြဿနာမဟုတ်ဘူး၊ ငါ့ကို အားကိုးလို့ရပါတယ်။"

ဝမ်ရွှေရှန့်က ယဲ့ရှောင်ချန်းကို ပြောလိုက်သည်။ သူ့ပခုံးကို ပုတ်လိုက်ပြီး ကုမ္ပဏီတွင် အရေးကြီးကိစ္စများ လုပ်စရာရှိသဖြင့် သူထွက်သွားတော့သည်။

ချန်ရှုက ထိုမြင်ကွင်းကိုမြင်ကာ ယဲ့ရှောင်ချန်း၏ ကံကောင်းမှုကို အလွန်မနာလို ဖြစ်မိပါသည်။

ထို့နောက် ယဲ့ရှောင်ချန်း အိမ်ပြန်လာတော့ ယန်ရှစ်မြို့တော်မှ ဒေသခံပေါင်းစုံက သူ့ကိုဖုန်းဆက်ကာ မစ္စတာဝမ်က သူ့ကိုထောက်ခံပေးကြောင်းပြောပြီး ယဲ့ရှောင်ချန်းထံမှ ဟင်းသီးဟင်းရွက်များ ဝယ်ယူရန် ဆွေးနွေးချင်ကြောင်း ပြောကြလေသည်။

ထိုလူများက စူပါမားကတ်များ၊ စားသောက်ဆိုင်များ၏ ဘော့စ်များ ဖြစ်ကြပါသည်။

သိသာပါသည်။ အားလုံး မစ္စတာဝမ်ကြောင့် ဖြစ်သည်။

ယဲ့ရှောင်ချန်းက ပျော်ပျော်ရွှင်ရွှင် အံ့သြသွားမိသည်။ သူသည် ချက်ချင်း ဆိုင်ကယ်ကို စီးကာ ယန်ရှစ်မြို့သို့ တန်းသွားခဲ့သည်။ သူသည် ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများ ရောင်းချရန် ဘော့စ်များနှင့် သဘောတူခဲ့ခြင်းကြောင့်ဖြစ်သည်။

ထိုဘော့စ်များ၏ ဝယ်စျေးများက မနည်းပါ။ သို့သော် ယဲ့ရှောင်ချန်းက ယဥ်ကျေးစွာ ဆက်ဆံခဲ့သည်။ သူတို့ ဝမ်ရွှေရှန့်အား မျက်နှာလုပ်နေသည်မှာ ရှင်းလင်းပါသည်။

ယဲ့ရှောင်ချန်း၏ နှလုံးသားထဲတွင် စိတ်ခံစားချက်ပြင်းစွာဖြင့် သက်ပြင်းချနေမိသည်။ သြော်... ဒီလိုဆက်ဆံရေးက ရလာတဲ့ အကျိုးကျေးဇူးက တယ်ကြီးပေပဲကိုး။

ဒီအခွင့်အရေးကို ယူကာ သူ့ကိုယ်ပိုင် အဆက်အသွယ်နှင့် သူ့လုပ်ငန်းကို တိုးချဲ့မည်ဟု တိတ်တဆိတ် လျှို့ဝှက်ချက် ချလိုက်သည်။

ရှန်းနုန်စနစ်နှင့်ဆိုလျှင် ဤပန်းတိုင်က ဖြစ်နိုင်ပါသည်။

ယခု ရောင်းချဖို့က ပြဿနာမရှိတော့သဖြင့် မားကတ်များတွင် ဟင်းသီးဟင်းရွက်များ ရောင်းချခြင်းကို ရပ်တန့်နိုင်ခဲ့ပြီ။

သို့သော် ဖြန့်ချီရေးပြဿနာက ပေါ်ပေါက်လာပြန်၏။

ယဲ့ရှောင်ချန်းသည် သုံးဘီးဆိုင်ကယ်ဖြင့် ဟင်းသီးဟင်းရွက်များ ဆက်ပို့၍ မရတော့ပါ။

လက်ရှိတွင် နေရာ ၅နေရာ ၆နေရာလောက် ပို့ရမည်ဖြစ်ပြီး အထူးသဖြင့် စူပါမားကတ်က နှစ်ခုပါသည်။ တောင်းဆိုသည့် ပမာဏကလည်း မနည်းပါးပေ။

နောက်ဆုံးတော့ ယဲ့ရှောင်ချန်း မြို့ထဲသို့ သွားရန် ဆုံးဖြတ်လိုက်ပြီး အအေးပေး ထရပ်ကား တစ်စီးကို ငှားလိုက်သည်။ သူ့ပို့ဆောင်ရေးများအတွက် အထူးငှားလိုက်ခြင်းဖြစ်သည်။

စိုက်ပျိုးရေးခြံတွင်

ယဲ့ရှောင်ချန်းမိသားစုမှ လူသုံးယောက်ဖြစ်သည့် သူ့ဦးလေး၊ ဒေါ်လေး၊ မရီးတို့နှင့်အတူ အခြားလူများစွာက ဟင်းသီးဟင်းရွက်များ ခူးပေးနေကြသည်။

"ရှောင်ချန်း၊ ဒီနွယ်က သခွားသီးတွေကို ခူးတာ အကြိမ်မနည်းတော့ဘူး။ ဘာဖြစ်လို့ အပင်က သေမသွားဘဲ ပိုပြီးတော့တောင် စိမ်းစိုလာတာလဲ။"

ဒေါ်လေးက သခွားသီးခြင်းကြီးကို ရွှေ့လိုက်ရင်း ယဲ့ရှောင်ချန်းကို မေးလိုက်သည်။

ယဲ့ရှောင်ချန်းက ရေသောက်နေသည်။

ပုံမှန်ဆို သခွားသီး ၇လုံး ၈လုံးခူးပြီးသွားပါက ရလဒ်များက တဖြည်းဖြည်း လျော့နည်းလာပြီး သခွားနွယ်များက အဝါရောင် စပြောင်းလာလိမ့်မည် ဖြစ်သည်။

သို့သော် ယဲ့ရှောင်ချန်း၏ နွယ်များက ပိုပြီး ကောင်းသထက် ကောင်းလာသည်။

သခွားနွယ်များသာမကဘဲ အခြားဟင်းသီးဟင်းရွက်များလည်း ထိုနည်းလည်းကောင်းပဲဖြစ်သည်။ ပဲစိမ်းများ၊ ပဲတောင့်ရှည်များ၊ ဒေါက်ခွရွက်များ အစရှိသည်တို့လည်း ပိုမိုကောင်းမွန်လာကြသည်။ ၎င်းတို့၏ ပုံပန်းအသွင်အပြင်ကလည်း ကောင်းမွန်လှသည်။

ယဲ့ရှောင်ချန်းလည်း ကြည့်လိုက်သည်။ ထိုအရာအားလုံးက သူ့ရှန်းနုန်ပါရမီနှင့် အင်မော်တယ်မြေတို့ကြောင့် ဖြစ်သည်ကို သူသိနေသည်။

အလွန်ကောင်းသောအရာဖြစ်သည်။ ပို့ဆောင်မှုများကို ပိုပြီးထိန်းထားနိုင်လေလေ အမြတ်အစွန်း ပိုရလေလေဖြစ်သည်။

ယဲ့ရှောင်ချန်းသည် နောက်ထပ် ဖန်လုံအိမ်သို့ သွားလိုက်၏။ ထိုနေရာတွင် ဖရဲသီးနွယ်များ စိုက်ပျိုးထားသည်။ ကြီးမားစူဖြိုးလှသော ဖရဲသီးကြီးများနှင့် ပြည့်နှက်နေပြီး အနည်းဆုံး ကီလိုဂရမ်များစွာ လေးလိမ့်မည်ဟု ခန့်မှန်းရသည်။ ပုံသဏ္ဌာန်များကလည်း အလွန်ကောင်းမွန်သည်။ အလွန်ရောင်းကောင်းပါလိမ့်မည်။

"သြော် ဖရဲသီးတွေလည်း ခူးလို့ရပြီ ထင်တယ်။"

ယဲ့ရှောင်ချန်းသည် သူ့သစ်သီးဝလံများ ဖြစ်ထွန်းအောင်မြင်လာသည်ကို မြင်ကာ အလွန်ပျော်နေမိသည်။

ပုံမှန်ဆို သူ့ဖရဲသီးများ အရွယ်ရောက်ကာ ခူးနိုင်ဖို့ဆိုလျှင် အနည်းဆုံး လဝက်ကျော်ကျော် ကြာလိမ့်မည်။ သို့သော် ယခု ရှန်းနုန်ပါရမီကြောင့် ကြီးထွားနှုန်းများ မြင့်တက်နေသည်။

သခွားမွှေးသီးများသာမက ဖရုံသီးနွယ်များကပါ နေရာတိုင်းတွင် အလွန်ကြီးများသော ဖရုံသီးများကို သီးပေးထားသည်။

ဖန်လုံအိမ်၏ အခြားတစ်ဖက်တွင် သခွားမွှေးသီးနှင့် ဖရဲသီးများကို ခူးပြီးပြီ ဖြစ်သည်။

ထိုအသီးများ၏ ပုံပန်းသဏ္ဌာန်မှာ အလွန်ကောင်းမွန်သည်။ အလွန်လည်း ကြီးမားသည်။

ယဲ့ရှောင်ချန်းက ဖန်လုံအိမ်ထဲသို့ ဝင်လိုက်သည်။ ဖန်လုံအိမ်ထဲရှိ အရွယ်ရောက်သော သခွားမွှေးများနှင့် ဖရဲသီးများကို ယူလိုက်ပြီး အသီးလှီးဓားနှင့် အသီးများကို လှီးလိုက်၏။

သခွားမွှေးသီးက အသားများက အနံ့ကလည်းမွှေးသည်။

ဖရဲသီးအတွင်းသားကလည်း နီရဲတောက်ပလို့နေ၏။

ယဲ့ရှောင်ချန်းက သူ့အဖေကို စောစောနားခိုင်းကာ သူနှင့်အတူ အသီးများစားလိုက်သည်။

"ဝိုး ဖရဲသီးက တကယ်ချိုတာပဲ။"

မစ္စလင်းလည်း ပါးစပ်အပြည့်စားလိုက်ကာ ပြောလိုက်သည်။ "ရှောင်ချန်း နင်ဒီဖရဲသီး စိုက်ထားတာ မကြာသေးပါဘူး။ ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် ကြီးလာတာလဲ။ လုံးဝ အရွယ်ရောက်ဖို့ဆိုရင် အနည်းဆုံး တစ်ပတ်လောက် လိုဦးမှာကို။"

"ဟားဟား ရှောင်ချန်းက စိုက်ပျိုးရေးပညာကို လေ့လာထားတယ်လေ။ သူ့မှာပိုကောင်းတဲ့ နည်းပညာတွေ ရှိလို့နေမှာပေါ့။"

ဒေါ်လေးကလည်း သခွားမွှေးသီး၏ အရသာကို ကြိုက်နှစ်သက်နေသည်။ ဒီသခွားမွှေးသီးက သာမန်သခွားမွှေးသီးများထက် ပိုမိုချိုမြသည်။ သူခုနှစ်စိပ်မျှ စားပြီးသွားပြီဖြစ်သည်။

"ကြည့်ရတာ သိပ္ပံပညာသုံးပြီး ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝလံတွေကို စိုက်ထားတာထင်တယ်နော်။"

မစ္စလင်းက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

စိုက်ပျိုးရေးခြံထဲက ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများက အလွန်ကောင်းသော သာဓကများဖြစ်ကြသည်။ ဝါရင့် လယ်သမားများတောင် ထိုကဲ့သို့ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို အလွန်ကောင်းအောင် စိုက်ပျိုးနိုင်ပါ့မလား။

All Chapters