← Chapters

အပိုင်း (၂၄၁)

Vol. 17 Ch. 241

အပိုင်း (၂၄၁)

Vol. 17 Ch. 241

“ကျွီး…..”

ဖီးနစ်ငှက်တစ်ကောင်၏ ဆွဲဆွဲငင်ငင်အော်ဟစ်လိုက်သံက ကောင်းကင်နှင့်မြေပြင်တစ်ခွင် ပဲ့တင်ထပ်သွားပြီးခြစ်ခြစ်တောက်နေသောအပူက ကောင်းကင်ထက်မှ ဖိနှိပ်ကျဆင်းလာသည်။

ကောင်းကင်ထက်ရှိဧရာမမီး

တောက်ငှက်ကြီးအား  ဟို့ယွင်ဂိုဏ်းမှတပည့်များမြင်

တွေ့လိုက်ရသောအခါတွင် သူတို့အားတုန်လှုပ်အံ့အားသင့်သွားကြသည်။  လင်းယွဲ့တစ်ယောက် သေဆုံးသွားခဲ့ပြီး ခြောက်သွေ့သောအလောင်းတစ်ခု

အဖြစ်သို့ပြောင်းသွားစဉ်ကထက်ပင်သူတို့ပိုမို၍ တုန်လှုပ်အံ့အားသင့်ကြသည်၊

“ဒါ….ဒါက…..ငါတို့ဟို့ယွင်ဂိုဏ်းရဲ့ အကြွင်းမဲ့သိုင်းပညာရပ်ဖြစ်တဲ့  ကောင်းကင်ဘုံကိုးခု ဖီးနစ်ငှက်  သက်ဆင်းခြင်းဆိုတဲ့ပညာရပ်မလား….စီနီယာအကိုချွီက တကယ်ကြီး  ကောင်းကင်ဘုံကိုးခု ဖီးနစ်ငှက် သက်ဆင်းခြင်းပညာရပ်ကို  တကယ်ကြီးသင်ယူထားခဲ့တာပဲ…”

ကောင်းကင်ထဲတွင်ရှိနေသော  ဧရာမမီးတောက်ငှက်ကြီးက ဖီးနှစ်ငှက်တစ်ကောင်၏ပုံသဏ္ဍန်ရှိလေသည်။

“ကောင်းကင်ဘုံကိုးခု ဖီးနစ်ငှက်သက်ဆင်းခြင်းပညာရပ်က  ငါတို့ဟို့ယွင်ဂိုဏ်းထဲမှာ မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ပညာရပ်ပဲ…မျိုးဆက်တိုင်းမှာ လူအနည်းငယ်က ပဲ အဲ့ပညာရပ်အပေါ် နားလည်သဘောပေါက်နိုင်စွမ်းရှိတယ်….

ပြီးတော့ ဒီနေ့ခေတ်မှာ ဂိုဏ်းခေါင်းဆောင်ကသာ ဒီအကြွင်းမဲ့ပညာရပ်ကိုသိုင်းပညာရပ်

ကိုသိတယ်…အကြီးအကဲတွေတောင်မှ ဒီပညာရပ်ကိုမသင်ကြားရဘူး..ဒါပေမဲ့ ….. စီနီယာအကိုချွီက တော့ တကယ်ကြီးအဲ့တာကို နားလည်သဘောပေါက်နိုင်ခဲ့တယ်… စီနီယာအကိုချွီရဲ့ပါရမီစွမ်းရည်က  ကြယ်လေးပွင့်ဘိုးဘေးနယ်ပယ်စီနီယာအကိုဝေ့ ထက်ကိုသာလွန်သွားပြီးလောက်ပြီ…”

“ကြည့်ရတာ ငါတို့ဟို့ယွင်ဂိုဏ်းရဲ့  အနာဂတ်ခေါင်းဆောင်နေရာက  စီနီယာအကိုချွီနဲ့ပဲသက်ဆိုင်တော့မဲ့ပုံပဲ”

…………………………………….

ကောင်းကင်ထဲတွင်  ဧရာမအဖြူရောင်ဓားချီကြီးက  မီးတောက်ဖီးနစ်ငှက်ကြီးဖြင့် အပြင်းအထန်ထိပ်တိုက်တွေ့ဆုံသွားသည်။

“ဝုန်း”

အပြင်းအထန်ပစ်ဆောင့်သောအသံက ပဲ့တင်ထပ်သွားသည်။ သူတို့၏အောက်တွင်ရှိနေသော သွေးနီရောင်သဲကန္တာပြင်နှင့် သူတို့ပတ်ဝန်းကျင်ရှိဟင်းလင်းပြင်နေရာ

လပ်များပင် ပြင်းထန်စွာတုန်ခါလာသည်။ သို့သော်ထို့နောက်တွင်ရုတ်ခြည်း သူတို့၏မျက်နှာများထက်၌  ပို၍တုန်လှုပ်အံ့အားသင့်မှုများနှင့်ပြည့်သွားခဲ့ကြသည်။ ဟို့ယွင်ဂိုဏ်း၏အကြွင်းမဲ့သိုင်း

ပညာရပ်ဖြစ်သော ကောင်းကင်ဘုံကိုးခု ဖီးနစ်ငှက်သက်ဆင်ခြင်းပညာရပ်ဖြင့်

ဖော်ဆောင်ထားသည့် ကောင်းကင်ထဲရှိ မီးတောက်ဖီးနစ်ငှက်ကြီးမှာ  ဧရာမအဖြူရောင်ဓားချီ၏အောက်တွင်ခေါင်းအစခြေအဆုံးပိုင်းဖြတ်ခြင်းခံလိုက်ရသည်။  ဧရာမဓားချီကြီးက မီးတောက်ဖီးနစ်ငှက်၏ကိုယ်အား

ပိုင်းခုတ်ဖြတ်သန်း၍ အောက်တွင်ရှိနေသောလူများထံသို့ဆက်လက်၍ကျဆင်းလာသည်။မီးတောက်

ဖီးနစ်ငှက်အတွက်မှာမူ ၎င်းမှာ  ကောင်းကင်ထဲ၌ပင်သုတ်သင်ရှင်း

လင်းခြင်းခံလိုက်ရသည်။

“မဟုတ်ဖူး..မဟုတ်ဖူး…မဟုတ်ဖူး”

ဟို့ယွင်ဂိုဏ်း၏လူများအားလုံး ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ သူတို့နေဖြင့် ၎င်းအားလက်သင့်ခံနိုင်ရန်ခက်ခဲနေသည်။  ဟို့ယွင်ဂိုဏ်း၏အကြွင်းမဲ့သိုင်း

ပညာရပ်ဖြစ်သော ကောင်းကင်ဘုံကိုးခု ဖီးနစ်ငှက်သက်ဆင်းခြင်းက  တကယ်ကြီးတစ်စုံတစ်ယောက်

၏ချိုးဖျက်မှုအားခံလိုက်ရခြင်းကို သူတို့ယုံကြည်နိုင်ရန်ခက်ခဲနေကြသည်။

“ဒါကဘယ်လိုဖြစ်နိုင်မှလဲ..ဒါကဘယ်လိုဖြစ်နိုင်မှာလဲ”

ကောင်းကင်ဘုံကိုးခု ဖီနစ်ငှက်သက်ဆင်းခြင်းပညာရပ်

အားအသုံးပြုခဲ့သည့် စီနီယာအကိုချွီမှာလည်း ၎င်းအားယုံကြည်လက်သင့်ခံနိုင်ရန်

ခက်ခဲနေသည်။သူအရမ်းဂုဏ်ယူရသော  သူ၏ဟို့ယွင်ဂိုဏ်းမှ နံပါတစ်အကြွင်းမဲ့သိုင်း

ပညာရပ်ဖြစ်သည့် ကောင်းကင်ဘုံကိုးခု ဖီးနစ်ငှက်သက်ဆင်းခြင်းပညာရပ်က  တကယ်ကြီးချိုးဖျက်ခံလိုက်ရသည်ဖြစ်သည်။ဤသည်က  အနာဂတ်ဂိုဏ်းခေါင်းဆောင်နေရာအားယှဉ်ပြိုင်ခြင်းပြုလုပ်နိုင်ရန်သူ့အတွက်တစ်ခုတည်းသော  အဖိုးတန်အရည်အချင်းဖြစ်သည်။

“ငါဒါကိုမယုံဘူး…စိတ်လှည့်စားတာ….

ဒါကစိတ်လှည့်စားတာပဲဖြစ်ရမယ်”

ကျန်ရှိနေသောဟို့ယွင်ဂိုဏ်း၏ လူများမှာလည်း  အားလုံးကြက်သေသေခြင်း၊တုန်လှုပ်အံ့အားသင့်ခြင်း၊မယုံကြည်နိုင်ခြင်းများဖြစ်နေကြသည်။ သို့သော်သူတို့အနေဖြင့် ဖြစ်အံ့ဆဲဖြစ်နေသော အန္တရာယ်ကို  မေ့လျော့နေပုံရသည်။ ဧရာမအဖြူရောင်ဓားစွမ်းအင်က သူတို့အားလုံးအားလွှမ်းခြုံသွားပြီးနောက် ရုတ်တရက်အောက်သို့ပိုင်းခုတ်ချလိုက်သည်။

“အား..အား..အား..အား..အား..အား..”

လက်သင့်မခံနိုင်မှု၊ကူကယ်ရာမဲ့မှု၊ နာကျင်မှုနှင့်အထိတ်တလန့်ဖြစ်မှု အော်သံများက ထွက်ပေါ်လာသည်။ မြေပြင်မှာတုန်ခါသွားပြီး ပြင်းထန်သောစွမ်းအင်များက ဦးတည်ချက်အနှံ့သို့ ထိန်းမနိုင်သိမ်းမရထွက်သွားသည်။သွေးနီရောင်သဲတို့က  မွှေ့ထသွားသော်လည်းမကြာခင်တွင် အရာအားလုံး  ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။

သွေးနီရောင်ဖုန်တို့ကပြန်

လည်ငြိမ်သက်သွားသည်။ သွေးရောင်သဲကန္တာရပြင်၏ ရှေ့တည့်တည့်တွင် အဝတ်အစားများစုတ်ပြတ်

သက်နေသည့်အလောင်းများနှင့်  ဆိုးရွားစွာရုပ်ပျက်ဆင်းပျက်ဖြစ်နေသောအသားအပိုင်းအစအနများက နေရာအနှံ့ပြန့်ကျဲနေသည်။  ၎င်းတို့ကအချို့တွင်ခြေလက်

အင်္ဂါများပျောက်ဆုံးနေကြပြီး အချို့က မည်သူမည်ဝါမှန်းမမှတ်မိနိုင်

တော့လောက်အောင်ပင် ဖြစ်နေသည်။

“အဟွတ်အဟွတ်…အဟွတ်အဟွတ်”

ပုံရိပ်တစ်ခုကဖြည်းဖြည်းဖြည်း

ချင်းလှုပ်ရှားလာသကဲ့သို့ ၎င်းထံမှပြင်းထန်သောချောင်းဆိုးသံနှစ်ချက်ကိုကြားလိုက်ရသည်။ သူ၏ဆံပင်ရှည်များက ရှုပ်ပွနေသည်။သူ့တွင်  ယခင်ကကဲ့သို့ အေးစက်သောကိုယ်နှုတ်အမူအယာတို့ထပ်ပြီးရှိမနေတော့ပေ။  သူ၏ပုံစံမှာသူတောင်းစားတစ်ယောက်နှင့်ဘာမျှကွားခြားခြင်းမရှိတော့ပေ။

စီနီယာအကိုချွီက သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းအားဖြည်းဖြည်းချင်းမတ်အောင်ထလိုက်သည်။သူ၏မျက်ဝန်းများကအသက်မဲ့နေ၏။ ယခုချိန်ထိတိုင်သူ့တွင်ဖြစ်ပျက်ခဲ့သောအရာများကအစစ်အမှန်ဖြစ်သူဟု စီနီယာအကိုချွီမယုံကြည်နိုင်ဖြစ်နေသည်။  သူကဆက်လက်တီးတိုးရေရွတ်နေ၏။

“ဒါကအစစ်အမှန်မဖြစ်နိုင်ဘူး..တစ်ခုမှအစစ်အမှန်မဖြစ်နိုင်ဘူး… စိတ််လှည့်စားတာပဲ..စိတ်လှည့်စားမှုတစ်ခုပဲ…အဲ့လိုမျိုးပဲဖြစ်ရမယ်”

ရုတ်တရက် စီနီယာအကိုချွီ၏မျက်နှာမှာ ရှုံ့မဲ့လာပြီး ရှစ်ဖုန့်အား  ကြမ်းကြုတ်ခက်ထန်သောသားရဲတစ်ကောင်ကဲ့သို့စိုက်ကြည့်လိုက်သည်။ သူကအော်ဟစ်လိုက်သည်။

“မင်း…မင်းငါ့အပေါ်မှာဘယ်လိုမျိုးမှော်အတတ်မျိုးကိုအသုံးပြုခဲ့တာလဲကွ.. မင်းမှာသာစွမ်းရည်တကယ်ရှိတယ်ဆိုရင် ..မျှမျှတတနဲ့ပြိုင်တိုက်စမ်းပါ”

“ဟမ့်”

ထိုလူ၏စကားတို့အားကြားလိုက်

ရသောအခါတွင် ရှစ်ဖုန့်၏နှုတ်ခမ်းကတွန့်ကွေးသွားပြီး အထင်သေးမှုအပြည့်ဖြင့်

သရော်ပြုံးပြုံးလိုက်သည်။  သူကထိုလူထံသို့ဖြည်းဖြည်းချင်းလျှောက်သွားလိုက်သည်။

“ဘာဖြစ်တာလဲ အမှိုက်လေး…မင်းအနေနဲ့တစ်ချက်လေးတောင် တောင့်ခံနိုင်စွမ်းမရှိခဲ့ဘူးဆိုတာကိုလက်သင့်

ခံနိုင်ဖို့ခက်ခဲနေတာလား…

မင်းကဒီသခင်လေးရဲ့ ပြိုင်ဘက်ဖြစ်ဖို့မထိုက်တန်ပါဘူးလို့ ဒီသခင်းလေးပြောခဲ့ပါတယ်”

“မဟုတ်ဖူး..မဟုတ်ဖူးကွ..အား”

စီနီယာအကိုချွီက အရူးတစ်ယောက်ကဲ့သို့အော်ဟစ်လိုက်သည်။ ရုတ်တရက်သူ၏လည်ချောင်းဝမှ ငန်ကျိကျိအရသာတစ်ခုကိုခံစားလိုက်ရပြီး ပါးစပ်အပြည့်သွေးတို့ကိုအန်ထုတ်လိုက်ရသည်။

“သွေး..သွေးတွေ”

စီနီယာအကိုချွီက  သူ၏ခန္ဓာကိုယ်ပေါ်နှင့်ပါးစပ်မှထွက်လာသောသွေးတာ့အား ဗလာနတ္ထိမျက်ဝန်းတို့ဖြင့် စိုက်ကြည့်လိုက်သည်။

“ဟင့်အင်း…ဒါကအတုအယောင်ပဲ…အားလုံးက အတုအယောင်တွေပဲကွ”

စီနီယာအကိုချွီက  လူရူးတစ်ယောက်ကဲ့သို့ထပ်မံ၍ အော်ဟစ်လိုက်သည်။  သူကသူ့ထံသို့တစ်လှမ်းချင်း  လျှောက်လှမ်းလာနေသောရှစ်ဖုန့်

အားကြည့်လိုက်သည်။သူ၏ကိုယ်မှ

နောက်တစ်ကြိမ်ထပ်မံ၍ ပြင်းထန်သောမီးတောက်များ

တောက်လောင်လာပြီး ရှစ်ဖုန့်အားကြမ်းကြုတ်သောသားရဲတစ်ကောင်ကဲ့သို့လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။

“မင်းကမင်းမသေခင်လေးမှာ ရုန်းကန်လှုပ်ရှားဖို့ကြိုးစားနေတာလား”

မီးတောက်လူသားအဖြစ်ပြောင်းလဲသွားပြီး သူ့ထံသို့ဦးတည်လာနေသည့် ချွီဆိုသည့်နမည်နှင့်လူအားကြည့်၍ ရှစ်ဖုန့်က သူ၏ဓားအား ဖြစ်သလိုလွှဲယမ်းလိုက်သည်။စီနီယာအကိုချွီ၏ကိုယ်ပေါ်ရှိ မီးတောက်တို့မှာ ရုတ်ခြည်းပျောက်ကွယ်သွားပြီး ရှစ်ဖုန့်က သူ့ထံသို့ဓားအားသာမန်ကာလျှံကာ ထိုးသွင်းလိုက်သည်။

“အား..မဟုတ်ဖူ…မလုပ်နဲ့..ငါ့ကိုမသတ်ပါနဲ့…. မင်းငါ့ကိုသတ်လို့မရဘူး… “

စီနီယာအကိုချွီက သူ့ကိုယ်ပေါ်ရှိမီးတောက်တို့ အလွယ်တူငြိမ်းသက်ခံလိုက်ရပြီး သွေးဓားအားသူ့ထံသို့ထိုးသွင်း

လာသည်အားမြင်တွေ့လိုက်ရသောအခါ ထိတ်လန့်စွာဖြင့်ဖြူဖျော့သွားသည်။

ရှေ့သို့ခုန်ဝင်လာသောသူ၏ခန္ဓာကိုယ်အား  ရုတ်တရက်နောက်သို့  ပြန်လည်၍ပျံလိုက်သည်။သို့သော် ရှစ်ဖုန့်၏ဓားကသူ့ထက်ပို၍မြန်ဆန်ပြီး  သူ၏နှလုံးအတွင်းသို့ထိုးသွင်းလိုက်သည်။

“အား..မလုပ်နဲ့”

“စွပ်”

ဓားက စီနီယာအကိုချွီ၏နှလုံးအားထိုး

ဖောက်ဝင်ရောက်သွားပြီး သူ၏နောက်ကျောဘက်မှပြန်

လည်၍ထွက်လာသည်။

“မင်း.မင်း..”

စီနီယာအကိုချွီ၏ကိုယ်က ကွေးညွှတ်သွားပြီး သူကရှစ်ဖုန့်အားကြမ်းကြုတ်သော အမူအယာဖြင့်စိုက်ကြည့်နေသည်။  ထို့နောက်တွင်သူ၏ကိုယ်အတွင်းရှိသွေးတို့က ဆူပွက်လာပြီးသူ၏နှလုံးထံသို့တလိပ်လိပ်တက်လာသည်။ ၎င်းကသွေးဓားအတွင်းသို့စီးဝင်သွားပြီး  သွေးဓားကိုဖြတ်သန်း၍  ရှစ်ဖုန်၏လက်အတွင်းသို့ရောက်ရှိသွားကာ  လျှင်မြန်စွာဖြင့်စုပ်ယူခြင်းခံလိုက်ရသည်။  စီနီယာအကိုချွီ၏ ခန္ဓာကိုယ်က လေလျော့သွားသောပူပေါင်းတစ်လုံးကဲ့သို့ လျှင်မြန်စွာရှုံ့တွခြောက်သွေ့သွားသည်။

ဤအချိန်တွင်  အခြားသောဟို့ယွင်ဂိုဏ်း၏ အလောင်းငါးခုစီမှသွေးများကလည်း ပြင်းထန်စွာပန်းထွက်လာပြီး သွေးနီရောင်လှိုင်းတစ်ခုအဖြစ်

လေထဲတွင်ဖြစ်သွာသည်။၎င်းတို့အားလုံးကရှစ်ဖုန့်၏ ကိုယ်တွင်စုစည်းသွားပြီး  လျှင်မြန်စွာဖြင့်ရှစ်ဖုန့်၏စုပ်ယူခြင်း

ကိုခံလိုက်ရသည်။

သူ့ကိုယ်အတွင်းရှိစွမ်းအင်များအားအာရုံခံကြည့်ပြီး  အကယ်၍သူသာ နောက်ထပ်ကြယ်တစ်ပွင့်ဘိုးဘေးနယ်ပယ်တစ်ယောက်အား  သတ်နိုင်ခဲ့ပြီး ၎င်းအားဝါးမျိုနိုင်ခဲ့လျှင်  သူ့အနေဖြင့် ကြယ်ခြောက်ပွင့်အင်ပါယာနယ်ပယ်သို့ချိုးဖျက်ဝင်ရောက်နိုင်လိမ့်မည်ဟု သဘောပေါက်မိသည်။

ယခင်ကသူ့အနေဖြင့် ကြယ်သုံးပွင့်ဘိုးဘေးနယ်ပယ်လင်ဟောင်အားသတ်ရန်အတွက်  သူ၏မီးတောက်အဆီအနှစ်အား  လောင်ကျွမ်းစေခဲ့ရသည်။ ထို့ကြောင့် ကြယ်ခြောက်ပွင့်အင်ပါယာနယ်ပယ်သို့ဝင်ရောက်ရန်အတွက်စွမ်းအင်တစ်ဝက်

ခန့်လိုအပ်ခဲ့သည်။  ဟို့ယွင်ဂိုဏ်များကလူများအား

သတ်ဖြတ်ပြီးနောက်ပိုင်း အထူးသဖြင့်  ကြယ်နှစ်ပွင့်ဘိုးဘေးနယ်ပယ်  စီနီယာအကိုချွီအား သတ်ပြီးသည့်နောက်တွင် သူ၏ကိုယ်အတွင်းမှစွမ်းအင်များမှာယခုအခါ၌ နှုတ်ခမ်းဝနားရောက်သည်

အထိပြည့်နှက်နေပြီဖြစ်သည်။ သူသည်ယခုအခါ၌ အဆင့်ချိုးဖျက်လုနီးနီးတွင်ရှိနေသည်ဖြစ်သည်။

ဤအချိန်တွင်လုံမုန့်က ရှစ်ဖုန့်၏နောက်ကျောဘက်သို့လျှောက်လာပြီး ရှုံတွခြောက်သွေ့နေသောအလောင်းများ

အားကြည့်၍ ပြောလိုက်သည်။

“ကိုကြီးရှစ်ဖုန့် ကိုကြီသူတို့အားလုံးကိုသတ်လိုက်တာပဲ”

“တိုက်ပွဲကအကျိုးအမြတ်တွေကိုသွားယူကြစို့”

ရှစ်ဖုန့်ကခေါင်းလှည့်လိုက်ပြီးလုံမုန့်အားပြုံးပြလိုက်သည်။

“ဟမ်..ကောင်းပြီ”

ရှစ်ဖုန့်က အကျိုးအမြတ်အားရိတ်သိမ်းရန်ပြောလိုက်သောအခါတွင်လုံမုန့်က ချက်ချင်းပဲရယ်မောလိုက်သည်။ ဤလူများအားလုံးက မီးပညရပ်များအားကျင့်ကြံကြသူ

များဖြစ်ကြသည်။ ယခင်ကသူတို့ကသူမ၏သွေးပုတီးစေ့များအားလုယူခဲ့သည်။ သူတို့၏ကျင့်ကြံမှုနှင့်သူတို့အရေအတွက်အရ သူတို့အနေဖြင့်သဲကန္တာရအတွင်းရှိသားရဲများစွာအား သတ်ဖြတ်ခဲ့သည်ဟုခန့်မှန်းရသည်။ ထို့ကြောင့်သူတို့တွင် သွေးပုတီးစေ့ပေါင်းများစွာရှိ

နေနိုင်သည်ဖြစ်သည်။

ဆက်ရန်….

ဘာသာပြန်သူ-ARISE

All Chapters