← Chapters

အပိုင်း (၂၄၂)

Vol. 17 Ch. 242

အပိုင်း (၂၄၂)

Vol. 17 Ch. 242

ရှုံ့တွခြောက်သွေ့နေသောအလောင်း

ခြောက်လောင်းထံမှ သိုလှောင်လက်စွပ်ခြောက်ကွင်းက လုံမုန့်၏လျှင်မြန်စွာချွတ်ယူခြင်းကိုခံလိုက်ရသည်။ ထို့နောက် ပျော်ရွှင်နေသောလုံမုန့်တစ်ယောက် ရှစ်ဖုန့်ထံသို့လျှောက်လှမ်းလာလိုက်သည်။ သူမကသူမ၏ညာလက်အားဆန့်ထုတ်၍ ရှစ်ဖုန့်ကိုပြောလိုက်သည်။

“ကိုကြီးရှစ်ဖုန့် ..ဒီမှာကိုကြီးအတွက်”

သူမကသူမ၏လက်ဖဝါးကိုဖွင့်လိုက်ပြီး သူမ၏လက်ဖဝါးပေါ်၌ ငြိမ်သက်စွာလဲလျောင်းနေသော သိုလှောင်လက်စွပ်ခြောက်ကွင်းပေါ်လာသည်။

ရှစ်ဖုန့်က ခေါင်းခါယမ်းပြီးလုံမုန့်ကိုပြောလိုက်သည်။

“ယူထားလိုက် ..ငါ့အတွက်က ဒီပစ္စည်းတွေကိုမလိုပါဘူး’

“အိုး…”

လုံမုန့်ကသူမခေါင်းလေးအားညိမ့်ပြ၍ တုန့်ပြန်လိုက်သည်။ ထို့နောက်သူမက သွေးနီရောင်သဲပြင်ပေါ်တွင်ထိုင်ချလိုက်ပြီး သို့လှောင်လက်စွပ်များအတွင်းမှ ပစ္စည်းများကို ရေတွက်လိုက်သည်။

သိုလှောင်လက်စွပ်ခြောက်ကွင်းအတွင်း

တွင်သွေးပုတီးစေ့ စုစုပေါင်း နှစ်ရာငါးဆယ့်သုံးခု ရှိနေသည်။ ထို့အပြင် အချို့သောသက်စောင့်ဆေးများ၊မီးဓာတ်

အခြေပြု ပစ္စည်းများနှင့် မရေတွက်နိုင်လောက်သောကမ္ဘာဦးကျောက်တုံးများ ထပ်ပေါင်းပါဝင်သေးသည်။ ကောင်မလေးက ထိုအရာများအားရေတွက်လိုက်ပြီး သူမ၏မျက်နှာလေးအနည်းငယ်ပြောင်းလဲသွားသည်။ယွင်လိုင်အင်ပါယာ၏ မင်းသမီးလေးတစ်ပါးဖြစ်နေလျှက်ဆိုလျှင်

တောင် သူမအနေဖြင့် မထိန်းနိုင်ဘဲ အံ့အားသင့်စွာပြောမိလိုက်သည်။

“ဒီလူတွေ…သူတို့ကအရမ်းချမ်းသာတာပဲ”

ဟို့ယွင်ဂိုဏ်းမှာ ထျန်းမြောင်အင်ပါယာအတွင်းတွင် ဒုတိယမြောက်အင်အားအကြီးဆုံးသောဂိုဏ်း

တစ်ခုဖြစ်သည်။  ဤတပည့်များမှ ယေဘုယျအားဖြင့်ချမ်းသာကြွယ်ဝကြ၏။

ထိုထက်ပိုသည်ကား  ချွီဆိုသောနမည်နှင့်လူမှာ ကြယ်နှစ်ပွင့်ဘိုးဘေးနယ်ပယ်ပါရမီရှင်

တစ်ယောက်ဖြစ်လေသည်။

ရှစ်ဖုန့်ကလုံမုန့်၏ချစ်စဖွယ် အမူအယာလေးကိုကြည့်နေပြီးသူမ၏

အာမေဋိတ်သံအားကြားလိုက်ရသောအခါတွင် ပြုံးလိုက်သည်။

ထို့နောက် လုံမုန့်က သူမခေါင်းလေးကို

မော့၍ ရှစ်ဖုန့်ကိုပြောလိုက်သည်။

“ကိုကြီးရှစ်ဖုန့် …ညီမလေး လူသူကင်းတဲ့နေရာတစ်ခုကိုသွားချင်တယ်…

ဒီသွေးပုတီးစေ့တွေမှာ ညီမလေးစုပ်ယူဖို့အတွက်အပူစွမ်းအင်

တွေတင်ပါနေတာမဟုတ်ပဲ မီးဓာတ်အခြေပြုသိုင်းစိတ်ဆန္ဒတွေပါပါ

ဝင်နေတယ်… ညီမလေးသာ သေးပုတီးစေ့အများကြီးကို စုပ်ယူနိုင်ခဲ့ရင် ညီမလေးကြယ်ကိုးပွင့်ဘုရင်နယ်ပယ်ကို

ရောက်နိုင်လိမ့်မယ်လို့ခန့်မှန်းတယ်”

၎င်းတို့တွင် မီးဓာတ်အခြေပြု စွမ်းအင်များသာပါဝင်နေခြင်းမဟုတ်ပဲ မီးဓာတ်အခြေပြုသိုင်းစိတ်ဆန္ဒတို့ပါပါဝင်နေသည်။ဟို့ယွင်ဂိုဏ်းမှဤသဲန္တာရအတွင်းတွင် နတ်ဆိုးသားရဲများအားသတ်ဖြတ်ပြီး ဤသွေးပုတီးစေ့များကိုစုဆောင်းနေခြင်းအား အံ့ဩစရာမရှိတော့ပေ။ ကြယ်နှစ်ပွင့်ဘိုးဘေးနယ်ပယ်ဖြစ်သော စီနီယာအကိုချွီသည်ပင်၎င်းတို့အားစုဆောင်း

ထားသည်။

“ကောင်းပြီလေ..ငါ့နဲလိုက်ခဲ့”

ရှစ်ဖုန့်က သူ၏လက်ကိုလုံမုန့်ထံသို့လှမ်းလိုက်သည်။ ထို့နောက်လုံမုန့်ကလည်းသူမ၏လက်လေး

အား လှမ်းလိုက်ပြီး ရှစ်ဖုန့်၏လက်ကိုဆုပ်ကိုင်လိုက်သည်။

ထို့နောက် ရှစ်ဖုန့်ကသူမအားအပေါ်သို့ဆွဲလိုက်သည်။

ထို့နောက်ရှစ်ဖုန့်၏ညာလက်က သူ၏ခန္ဓာကိုဝန်းကျင်ကိုရောက်သွားပြီး   သူမ၏နူးညံ့ကျစ်လျစ်သေးသွယ်သောခါးလေးအား ထွေးပတ်လိုက်သည်။ လုံမုန့်အားသယ်ဆောင်ပြီး နှစ်ယောက်သားဟင်းလင်းပြင်ကိုထိုးခွင်း

ဖြတ်သန်းလိုက်သည်။

“ကိုကြီးရှစ်ဖုန့် ညီမလေးကိုဘယ်ကိုခေါ်သွားနေတာလဲ…”

ဟင်းလင်းပြင်ထဲတွင် လုံမုန့်ကသူမအားဖတ်ထားသော ရှစ်ဖုန့်ကိုကြည့်လိုက်ပြီး ပဟေဠိဆန်သောအမူအယာဖြင့်မေးလိုက်သည်။ သူမကရှက်သွေးဖြန်းသောပုံစံလေးဖြင့်မေးခြင်း

ဖြစ်သည်။

“ငါမင်းကိုလုံခြုံတဲ့နေရာတစ်ခုဆီကို

ခေါ်သွားပေးမို့……မင်းအဲ့နေရာမှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကျင့်ကြံနိုင်တယ်”

ရှစ်ဖုန့်ကပြောလိုက်သည်။

“အိုး..”

လုံမုန့်ကနာခံမှုရှိစွာဖြင့်ခေါင်းညိမ့်လိုက်ပြီး တစ်ခြားဘာကိုမျှထပ်မံပြောဆိုခြင်းမရှိပေ။ သူမ၏မျက်လုံးများက သူမမျက်လုံးအတွင်းမှလျှင်မြန်စွာ

နောက်ပြန်ကျရစ်နေခဲ့သော အောက်ဘက်ရှိ သွေးနီရောင် သဘာဝရှုခင်းများအားကြည့်ရှုနေသည်။

မကြာခင်တွင်ရှစ်ဖုန့်က လုံမုန့်အား သွေးနီရောင်တောင်ထွတ်တစ်ခုဆီသို့ခေါ်လာခဲ့သည်။သူတို့၏ရှေ့တွင် သာမန်ကျောက်သွေးရောင်ကျောက်နံရံတစ်ခုကိုသာလုံမုန့်မြင်တွေ့ရသည်။

ထို့နောက်ရှစ်ဖုန့်ကလုံမုန့်အား ခေါ်ဆောင်၍ဖြတ်သန်းလိုက်သောအခါတွင် အတွင်းနေရာတစ်ခုပေါ်လာသည်။ဤနေရာမှာ ရှစ်ဖုန့်သူ၏ဓားပညာရပ်များဖြင့်ဖန်တီးခဲ့သောဂူတစ်ခုပင်ဖြစ်လေသည်။

ဤအချိန်တွင် ဟုန်ယွဲ့နှင့်စံပယ်လေးတို့က ထောင့်တစ်ခုတွင်ထိုင်နေပြီးတိတ်တဆိတ်ကျင့်ကြံနေသည်။ ဆူညံအားသူမတိုကြားလိုက်ရသောအခါတွင် သူမတို့၏လှပသောမျက်နှာလေးထက်၌ အနည်းငယ်ပြောင်းလဲမှုဖြစ်သွားပြီး  သူတို့နှစ်ယောက်လုံး၏မျက်လုံးများ

ပွင့်လာသည်။  သို့သော်ရှစ်ဖုန့်အားမြင်တွေ့လိုက်ရသောအခါတွင် သူမတို့၏ အမူအယာများတည်ငြိမ်သွားကြသည်။ ရှစ်ဖုန့်ဘေး၌ရှိနေသောအမျိုးသမီးတစ်ယောက်အားတွေ့လိုက်ရသောအခါတွင်အများကြီးတော့ပြောင်းလဲမှုဖြစ်မသွားခဲ့ပေ။ ရှစ်ဖုန့်နှင့်လုံမုန့်တို့ထျန်းမြောင်အင်ပါယာသို့အတူတကွလာခဲ့စဉ်အချိန်က သူမတို့အနေဖြင့်ရှစ်ဖုန့်ဘေးရှိ ဤမိန်းကလေးအား မြင်တွေ့ထားခဲ့ပြီးဖြစ်သည်။

အခြားတစ်ဖက်တွင် လုံမုန့်က ဂူအတွင်း၌ အမျိုးသမီးနှစ်ယောက်ရှိနေသေးသည်ကို မြင်တွေ့ရသောအခါတွင် အံ့အားသင့်စွာပြောလိုက်သည်။

“ဒီတော့ ဒီနေရာမှာလူတွေရှိနေသေးတာပေါ့”

တကယ်တော့လုံမုန့်ပြောချင်သည်ကား ဤနေရာတွင် လှပသောအမျိုးသမီးနှစ်ယောက်ပုန်း

ကွယ်နေသေးသည်ဟုဆိုလိုခြင်းဖြစ်သည်။

လုံမုန့်ကရှစ်ဖုန့်အားထူးဆန်းသော

အမူအယာဖြင့်ကြည့်လိုက်သည်။

သို့သော်ရှစ်ဖုန့်ကတော့အားလုံးအား

ဂရုစိုက်သည့်ပုံမပေါ်ပေ။  သူကအမျိုးသမီးသုံးယောက်အား

ပြောလိုက်သည်။

“မင်းတို့သုံးယောက်အတူတူနေပြီးတော့ဒီနေရာမှာကျင့်ကြံကြပါ…”

ထို့နောက်တွင်ရှစ်ဖုန့်က သူ၏လက်အားဓားကဲ့သို့လုပ်ဆောင်

လိုက်ပြီးမြေပြင်ပေါ်တွင် ဓားအမှတ်အသားတစ်ခုကိုရေးဆွဲလိုက်သည်။ ရုတ်တရက်ဓားအမှတ်အသားတစ်ခုက

မြေပြင်ပေါ်တွင်ပေါ်လာသည်။

ရှစ်ဖုန့်ကမြေပြင်ပေါ်တွင်ရှိနေသော ဓားအမှတ်အသားအား ညွှန်ပြပြီးပြောလိုက်သည်။

“ဒီဓားအမှတ်အသားမှား ငါ့ရဲ့သိုင်းပညာနည်လမ်းဓားစိတ်ဆန္ဒပါဝင်တယ်…မင်းတို့တွေဒါကို နားလည်သဘောပေါက်အောင်ဆင်ခြင်သင့်တယ်..မင်းတို့ရဲ့ဒန်တန်ထဲမှာလုံလောက်တဲ့မူလစွမ်းအင်တွေရှိသွားတာနဲ့ အချိန်တစ်ခုအတွင်းမင်းတို့တွေ အင်ပါယာနယ်ပယ်ကိုအဆင့်ချိုးဖျက်

သွားနိုင်လိမ့်မယ်”

“ဘာ”

လုံမုန့်ကတော့၎င်းနှင့်ပက်သက်ပြီးအများကြီးတွေးမနေပေ။ သူမယွင်လိုင်အင်ပါယာအတွင်းတွင်ရှိနေစဉ်က  ရှစ်ဖုန့်၏လမ်းညွှန်ပြသမှုအောက်တွင်လူများစွာ အောင်မြင်စွာဖြင့်အဆင့်ချိုးဖျက်တက်လှမ်းနိုင်ခဲ့သည်ကိုသူမသိထားခဲ့ပြီးဖြစ်သည်။အင်ပါယာအကြံပေးဆရာသခင်ဖြစ်သူ နလန်ယွမ်ပင် ရှစ်ဖုန့်၏ဓားသိုင်းစိတ်ဆန္ဒအောက်မှနေ၍ သူနှစ်ဒါဇင်ပေါင်းများစွာဒုက္ခရောက်ပိတ်မိနေခဲ့သောတစ်ဆို့ကြန့်ကြာနေသည့်အဆင့်မှ အဆင့်ချိုးဖျက်နိုင်ခဲ့ပြီး ဘိုးဘေးနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်

ချောချောမွေ့မွေ့ဖြစ်လာခဲ့သည်။

သို့သော်ဟုန်ယွဲ့နှင့်စံပယ်လေးတို့ကတော့ တုန်လှုပ်အံ့အားသင့်နေသည်။ သူမတို့အနေဖြင့်ရှစ်ဖုန့်ဘာပြောသည်ဆိုသည်အားပင်ကိုအားဖြင့်နားလည်သည်ဖြစ်သည်။ အကယ်၍ရှစ်ဖုန့်ပြောသည်သာမှန်ကန်ခဲ့

မည်ဆိုလျှင်  ဤရိုးရှင်းပြီးသာမန်ဆန်ပုံရသောဓားအမှတ်အသားက  သူမတို့အတွက်ရတနာတစ်ခုဖြစ်လာလိမ့်

မည်ဖြစ်သည်။  ဤဓားအမှတ်အသားတွင်ပါဝင်သောဓားစိတ်ဆန္ဒကိုသာသူမတို့နားလည်သဘော

ပေါက်နိုင်ခဲ့ပါက သူမတို့အင်ပါယာနယ်ပယ်ကိုချိုး

ဖျက်တက်လှမ်းသည်အထိ သူမတို့တွင်ဘာတစ်ဆို့ကြန့်ကြာမှု

များမှုဖြစ်လာလိမ့်မည်မဟုတ်ပေ။

ရှစ်ဖုန့်ကဲ့သို့သူမတို့နှင့်အပြန်အလှန်အချိန်တစ်ခုအထိအကျိုးပြုပြီးသည်နောက်၌  သူက ကိုယ်ရည်သွေးတတ်သောသူတစ်ယောက်မဟုတ်ဟုသူမတို့ခံစားရသည်။  သူ့အတွက်သူမတို့အားလိမ်လည်၍

လိုအပ်လိမ့်မည်မဟုတ်ပေ။

ထို့နောက်တွင်ရှစ်ဖုန့်၏ပုံရိပ်ကရွေ့

လျားသွာပြီး ဂူအပြင်သို့ပျံသန်းထွက်သွားသည်။

ဂူထဲတွင်ကျန်နေခဲ့သောအမျိုး

သမီးသုံးယောက်က တစ်ယောက်ကိုယ်တစ်

ယောက်ကြည့်လိုက်ကြသည်။

“အဟမ်း.အဟမ်း..”

လုံမုန့်ကချောင်းနှစ်ကြိမ်ခန့်ဟန့်လိုက်ပြီး ဂူအတွင်းတိတ်ဆိတ်နေမှုအား

ဖြိိုခွင်းလိုက်သည်။  သူမကပြုံး၍ အနီရောင်နှင့်မိန်းမလှလေးနှစ်ဦး

အားပြောလိုက်သည်။

“မင်္ဂလာပါနော် ညီမကို လုံမုန့်လို့ခေါ်ပါတယ်”

လုံမုန့်ကသူမတို့အားနှုတ်ဆက်သည်

ကိုတွေ့ရသောအခါတွင် ဟုန်ယွဲ့ကလည်း လုံမုန့်ကိုပြုံးပြပြီးပြောလိုက်သည်။

“ငါက ဟုန်ယွဲ့ပါ”

“ငါကတော့စံပယ်လေးပါ..”

………………..

ထျန်းမြောင်အင်ပါယာ၏ ဟန်ရှင်းမြို့အပြင်ဘက်တါင် သွေးနီရောင်အပေါက်ကြီး အနီးအနား၌  သိုင်းပညာရှင်ပေါင်းများစွာစုစည်းနေကြသည်။ အများစုမှာသက်လတ်ပိုင်းအရွယ် သိုင်းပညာရှင်များဖြစ်ကြသော်လည်း  အသက်ကြီးသောသိုင်းပညာရှင်အချို့

လည်းရှိနေသည်။ ငယ်ရွယ်သောသိုင်းပညရှင်များမှာမူ  ရောက်ရောက်ချင်းပင် သူတို့အားလုံးအာ သွေးရောင်အပေါက်အတွင်းသို့စုပ်

ယူခြင်းခံလိုက်ကြရသည်ဖြစ်သည်။

မြို့၏အပြင်ဘက်တွင်  ပျားပန်းခက်မှုများနှင့်သက်ဝင်လှုပ်ရှားနေသည်။ ကောင်းကင်ထဲ၌ရှိနေသောသွေးနီ

ရောင်ကအပေါက်အားဘေးချိတ်ထားလိုက်လျှင် အခြားသော အကြောင်းပြချက်ရှိနေကြသေး

သည်ဖြစ်သည်။ရှားရှားပါးပါးထျန်းမြောင်အင်ပါယာ၏ အရေးကြီးသောသူများအားလုံးကဤနေရာ၌  စုစည်းနေကြသည်ကို တွေ့မြင်နေရသည်။ ထို့အပြင် ဤအရေးကြီးသောလူများအားလုံး၏မျက်နှာထက်၌ သူတို့၏မိသားစုမှတစ်စုံတစ်ယောက်

သေဆုံးသွားရသကဲ့သို့ဝမ်းနည်းပူဆွေးမှုများ

ဖြစ်ပေါ်နေကြသည်။

သို့သော်တစ်စုံတစ်ယောက်တော့

တကယ်သေဆုံးခဲ့သည်ဖြစ်သည်။

အောက်တွင်ရှိနေသောသိုင်းပညာရှင်

များမှာလည်း  သတင်းအချို့အားကြားထားသည်ဖြစ်သည်။သူတို့က ကောင်းကင်ထဲရှိသွေးနီရောင်တွင်းပေါက်ကြီးကိုကြည့်ပြီးသူတို့ဘေးတွင်ရှိနေသောသူများ

ကိုပြောလိုက်သည်။

“ကြည့်လိုက် အဲ့တာက ဖျောင်ရှဂိုဏ်းရဲ့ ဒုခေါင်းဆောင်ဖြစ်တဲ့ လင်ထျန်းရန်ပဲ ….သူ့ရဲ့သားနှစ်ယောက်ဖြစ်တဲ့လင်စာနဲ့လင်ဟောင်တို့ရဲ့ ဝိညာဉ်ကျော်တုံးတွေ ကွဲသွားတယ်လို့ငါကြားခဲ့တယ်…အဲ့တာကသူ့ရဲ့သားနှစ်ယောက်လုံးဟာ  သွေးနီရောင်တွင်းပေါက်ထဲကကမ္ဘာထဲမှာကျဆုံးသွားခဲ့ပြီဆိုတဲ့သဘောပဲ..သူတို့က ကြယ်နှစ်ပွင့်နဲ့ ကြယ်သုံးပွင့်ဘိုးဘေးနယ်ပယ်ပါရမီရှင်တွေပဲ”

“အဲ့လူက ဟို့ယွင်ဂိုဏ်းရဲ့ မီးတိမ်တိုက်မိစ္ဆာလို့သိကြတဲ့ဂိုဏ်းခေါင်းဆောင်ပဲ… သူ့တို့တပည့်ခုနှစ်ယောက်ရဲ့ ဝိညာဉ်ကျောက်တုံးတွေကွဲသွားတယ်လို့

ငါကြားခဲ့တာကြာသေးဘူး...သူတို့ထဲကတစ်ယောက်က ကြယ်နှစ်ပွင့်ဘိုးဘေးနယ်ပယ်ပါရမီရှင်

တပည့် ချွီလီတဲ့..”

“အဲ့လူ…အဲ့လူက ထျန်းကျန့် မဟာမိတ်အဖွဲ့က ဂိုဏ်းခေါင်းဆောင် ယွဲ့ချင်းထျန်းပဲ …..သူတို့ရဲ့ပါရမီရှင်တပည့်ဖြစ်သူ  ကူးကျန်းရဲ့ ဝိညာဉ်ကျောက်တုံးက  လည်းဖျက်ဆီးခံလိုက်ရတယ်လို့ငါကြားတယ်”

“အဲ့လူနှစ်ယောက်က လင်ရွှယ်ဂိုဏ်းရဲ့  ဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ လင်ရိထျန်းနဲ့ လက်ထောက်ခေါင်းဆောင် ယွဲ့ဟန်ချင်းတို့ပဲ… လင်ရွှယ်ဂိုဏ်းရဲ့ ပါရမီရှင်တပည့်တင်းယုရဲ့ ဝိညာဉ်ကျောက်တုံးလည်းကွဲသွားတယ်လို့ပြောတယ်… ဒါပေမဲ့တင်းယု ကျန်းချွမ်နဲ့ လင်ရွယ်ဂိုဏ်းရဲ့အခြားတပည့်တွေကိုဒီနေရာမြင်ခဲ့ရသေးတယ်… အဲ့အချိန်တုံက တင်းယုက လူငယ်လေးတစ်ယောက်နဲ့ပြင်းပြင်းထန်ထန်တိုက်နေတာ..ပြီးလည်းပြီးရောသူတို့သွေးရောင်တွင်းထဲစုပ်ယူခံလိုက်ရတယ်. အဲ့နောက်မှာမှ တင်းယုရဲဝိညာဉ်ကျောက်တုံးကထပ်ပြီးကွဲသွားတာ…သူမက အဲ့လူငယ်လေးသတ်တာကိုခံလိုက်ရတာလား ဒါမှမဟုတ် သွေးရောင်တွင်းပေါ်ကမ္ဘာထဲက  အမျှော်လင့်ထားတဲ့ အန္တရာယ်တွေနဲ့ကြုံခဲ့ရတာကြောင့်လားဆိုတာကိုတော့ငါလည်းမသိဘူး”

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters