အပိုင်း (၂၄၃)
Vol. 17 Ch. 243
“အဲ့လူ ….အနက်ရောင်ကျားကိုစီးနင်းထားတဲ့လူ က ထျန်းမြောင်အင်ပါယာရဲ့နမည်ကြီးစစ်သူကြီး ချင်ရှစ်ဟူပဲ…သူရဲ့ ထူးချွန်ပြောင်မြောက်တဲ့သားဖြစ်သူ ကြယ်တစ်ပွင့်ဘိုးဘေးနယ်ပယ်
ပါရမီရှင်ချင်အောင် က သွေးနီရောင်အပေါက်ထဲကိုစုပ်ယူခံလိုက်
ရပြီးတော့ အသတ်ခံလိုက်ရတယ်လို့ကြားတယ်”
“ဟူး…”
“ဟူး..”
အောက်ခြေတွင်ရှိနေသောလူအုပ်ထံမှသက်ပြင်းချသံများနှင့်ပက်သက်ရှိုက်သံများကိုကြားရနိုင်သည်ဖြစ်သည်။ ဟန်ရွှမ်း(စာရေးသူမှတ်ချက်-ရှေ့ပိုင်းများတွင် ဟန်ရှင်းမြို့ဟူ၍ စာရေးသူမှားပြန်မိခဲ့ပါသည်။ယခုမှစ၍ ဟန်ရွှမ်းမြို့ဟုပြန်ပြင်ရေးပါမည်။) မြို့၏အပြင်ဘက်၌ သွေးနီရောင်အပေါက်ပေါ်လာခဲ့ပြီးသည့်ရက်အနည်းငယ်လေးအတွင်း ပါရမီရှင်လူငယ်အားလုံးအား ၎င်းအတွင်းသို့စုပ်ယူသွားခဲ့သည်။ သို့သော်ရက်အနည်းငယ်လေးအတွင်းတွင် ပါရမီရှင်ပေါင်းများစွာထိုအတွင်း၌သေဆုံးသွားခဲ့ကြသည်။ ထိုလူများမှာ ထျန်းမြောင်အင်ပါယာအတွင်း
တွင်ရှိနေသောအင်အားစုအသီးသီး၏ အနာဂတ်အရှင်သခင်များဖြစ်ကြ၏။
“နိမိတ်ဆိုး ..သွေးရောင်အလင်းရဲ့အသွင်အပြင်ကတကယ့်ကိုနမိတ်ဆိုးပဲ”
အချို့သောသိုင်းသမားများမှာသူတို့၏အသက်အရွယ်ကြောင့်သူတို့အား သွေးရောင်တွင်းပေါက်မှစုပ်ယူမသွားခဲ့သည်ကိုပင်ဝမ်းသာနေမိကြသည်။
………………………………….
ရှစ်ဖုန့်၏ပုံရိပ်က သွေးနီရောင်ကမ္ဘာ၏ဟင်းလင်းပြင်အား မြင့်မားသောအမြန်နှုန်းဖြင့်ထိုးခွင်ပျံသန်းနေသည်။ သူ့အနေဖြင့် ဤကမ္ဘာအတွင်းတွင်သူ့စိတ်ထဲရှိတိုင်း
သတ်ဖြတ်နေခဲ့ခြင်းက ပြင်ပကမ္ဘာအားခွဲခွာခြင်းနှင့်ပေါင်းစည်းချင်း ပျော်ရွှင်ခြင်းနှင့်ပူးဆွေးသောကရောက်ခြင်း
စသည့်ဂယက်ထမှုများတွေ့ကြုံသွားစေသည်ကို ပင်ကိုအားဖြင့်သူသိရှိခြင်းမရှိချေ။ ရှစ်ဖုန့်အတွက်မူ ဤလူများမှသေခြင်းတရားအတွက် သူတို့ကိုယ်သူတို့အိမ်တိုင်ရာရောက်စနစ်လာပြီးသူ့တံခါးရှေ့၌ကိုယ်တိုင်ကိုယ်ကျ
လာပို့ကြသူများဖြစ်ကြပြီး သူကလည်း၎င်းတို့အား သူရှိနေသမျှကာလပတ်လုံး နောက်ဘဝသို့ပို့ပေးနေမည်ပင်ဖြစ်သည်။
“ကောင်လေး..မင်းလည်းအာရုံခံမိလား”
ဤအချိန်တွင်ကောင်းကင်မီးတောက်
ကရှစ်ဖုန့်အားပြောလိုက်သည်။
“ဘယ်လိုအရာမျိုးကငါ့နောက်
ကိုလိုက်နေတာလဲ”
ရှစ်ဖုန့်က ပတ်ဝန်းကျင်အားအေးစက်စွာ
ကြည့်၍မေးလိုက်သည်။ သူ့၏နောက်အားလိုက်နေသည်
ဟုခံစားရသော်လည်း တစ်ဖက်လူအားဘယ်နေရာတွင်ရှိ
နေသည်ဆိုသည်ကိုရှာမတွေ့နိုင်ခြင်း
အားသူ့သက်တောင့်သက်သာမဖြစ်
သောခံစားချက်ကိုရစေသည်။
“မင်းလိုပဲ တစ်ခုခုကမင်းနောက်ကိုလိုက်နေတာကိုငါအာရုံခံမိတယ်..ဒါပေမဲ့ ဘယ်အရာက မင်းနောက်ကိုလိုက်နေတာလဲဆိုတာကိုငါလည်းအာရုံခံလို့မရဘူး..”
ကောင်းကင်မီးတောက်ကပြေလိုက်သည်.
“ဘာလဲကွ…ဒီသခင်လေးရှေ့
ကိုထွက်လာခဲ့စမ်း”
ရှစ်ဖုန့်က ပတ်ဝနးကျင်အားကြည့်၍ အေးစက်စွာအော်ပြောလိုက်သည်။ သို့သော်ခဏမျှကြာသည်အထိ လှုပ်ရှားမှု သို့မဟုတ် စွမ်းအင်အတက်အကျများရှိမနေပေ။
“ကျွမ်းကျင်သူတစ်ယောက်များပုန်း
ကွယ်နေတာလား”
ရှစ်ဖုန့်ကကိုယ့်ဟာကိုယ်တွေ့းလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ အကယ်၍၎င်းကသူတောင် အာရုံခံနိုင်ခြင်းမရှိသောဖုံးကွယ်ခြင်းပညာရပ် တစ်ခုဖြစ်နေခဲ့လျှင် ၎င်းကတော်တော်လေးအဆင့်မြင့်မသောသူတစ်ယောက်ဖြစ်လိမ့်မည်ဖြစ်သည်။
လီရူ၏ကိုယ်အား ထိန်းချုပ်ထာခဲ့သော မိစ္ဆာသတ္တဝါကဲ့သို့ ၎င်း၌လည်း ထူးခြားသောအဆင့်အတန်းရှိသည့် ဖုံးကွယ်ခြင်းပညာရပ်တစ်ခုကိုပိုင်ဆိုင်နေသည်။
“လောင်ကျွမ်းစမ်း..အဲ့အရာထွက်မလာနိုင်တဲ့အထိငါမလောင်ကျွမ်းနိုင်ဘူးဆိုတာကိုမယုံဘူး..”
ရှစ်ဖုန့်က အော်ပြေလိုက်ပြီးနောက် သူ့ကိုယ်အတွင်းရှိ်ကောင်းကင်မီးတောက်အားအသက်သွင်းလိုက်သည်။ သူ့အားအလယ်ဗဟိုတွင်ထား၍ သွေးနီရောင်မီးတောက်တို့က ဦးတည်ချက်အနှံ့သို့ဟုန်းခဲနဲ့ပျံ့နှံ့ထွက်
သွားသည်။ သွေးရောင်ဟင်းလင်းပြင်တစ်ခုလုံးမှာ ရုတ်တရက် မီးပင်လယ်ပြင်တစ်ခုအဖြစ်သို့ပြောင်းသွားပြီး ပြင်းပြင်းထန်ထန်လောင်ကျွမ်းတော့သည်။
“အဲ့မှာပဲ… “
ပြင်းထန်သောမီးတောက်ပင်လယ်၏အောက်တွင် ရှစ်ဖုန့်တစ်ယောက် အမည်မသိသတ္တဝါ၏ တည်နေရာအားချက်ချင်းအာရုံခံမိလိုက်သည်။ မီးတောက်ပင်လယ်တစ်ခုလုံးက ချက်ချင်းထိုတည်နေရာသို့ဦးတည်သွားပြီး ပြင်းထန်စွာလောင်ကျွမ်းလိုက်သည်။
သွေးဓားမှာရှစ်ဖုန့်၏လက်အတွင်းတွင်
ရောက်နေနှင့်ပြီးဖြစ်သည်။ သူကအပေါ်စီးမှနေ၍ခုတ်ပိုင်းချလိုက်သည်။ တူညီစွာပင် သွေးနီရောင်မီးတောက်ဓားတစ်ချောင်းက ဟင်းလင်ပြင်ထဲတွင်ပေါ်လာသည်။
ရှစ်ဖုန့်၏
လှုပ်ရှားမှုနောက်သို့လိုက်ပါ၍ သွေးနီရောင်မီးတောက်များ စုစည်းရာတည်နေရာသို့ ခုတ်ပိုင်းချလိုက်သည်။
……..
ဟင်းလင်းပြင်ထဲတွင်ကောင်ကင်တစ်ခု
လုံးပေါက်ကွဲလာသကဲ့သို့ ပြင်းထန်သော ပေါက်ကွဲသံများဆက်တိုက်ဆိုသလို
ထွက်ပေါ်လာသည်။ ရှစ်ဖုန့်ကဟင်းလင်းပြင်ထဲတွင်
ဝင့်ကြွားစွာရပ်နေပြီး သူ၏လက်အတွင်း၌ သွေးဓားကိုကိုင်ဆောင်ထားသည်။ သူကတိတ်တဆိတ်စောင့်ကြည့်နေပြီး ထိုတည်နေရာသို့ရူးသွပ်စွာတလိပ်
လိပ်တက်သွားသော ပြင်းထန်သည့်စွမ်းအင်များကိုအာရုံခံနေသည်။
စွမ်းအင်များပျောက်ကွယ်သွားသကဲ့သို့ မီးတောက်များလည်းဖြည်းဖြည်း
ချင်းပျောက်ကွယ်သွားသည်။ ထို့နောက်တွင်အဖြူရောင်ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်းပေါ်လာသည်ကိုရှစ်ဖုန့်တွေ့လိုက်ရသည်။ ထို့နောက် အဖြူရောင်ဝတ်စုံနှင့် ယောက်ျားတစ်ယောက်ကိုရှစ်ဖုန့်မြင်တွေ့လိုက်ရသည်။
“မင်းကိုး”
ဤလူမှာ သေးနီရောင်ချပ်ဝတ်အတွက်မြေအောက်အခန်းထဲတွင်သူ့နှင့် အနက်ရောင်သံမဏိဓားအားကိုင်ဆောင်သည့်လူငယ်တို့အားတိုက်ခိုက်ခဲ့သည့်လူငယ်ပင်ဖြစ်သည်။ သို့သော် ဤပုဂ္ဂိုလ်၏နှုတ်ခမ်းတို့က တွန်းကွေးနေပြီး မိစ္ဆာဆန်ဆန်ပြုံးနေကာ အနည်းငယ်မိစ္ဆာဆန်သောပုံပေါက်နေသည်။
သူ၏အဖြူရောင်ဝတ်စုံတွင်ကြီးမား
သောအပေါက်ကြီးတစ်ခုရှိနေသော်လည်း ဝတ်စုံအောက်တွင်ရှိနေသောအသားတို့ကတော့ အကောင်းအတိုင်းရှိသည်ဖြစ်သည်။
“ဟားဟား”
ထိုလူကရှစ်ဖုန့်အားမြင်တွေ့ချိန်တွင်သူ၏လက်အားနောက်ပစ်ထားပြီး ဘာမှပြောကြားချင်းမရှိချေ။ ထိုအစားသူကတခစ်ခစ်ရယ်မောလိုက်သည်။ ထို့နောက်သူက သူ၏ညာလက်ကိုလှုပ်ရှားလိုက်ပြီး ရှစ်ဖုန့်အားအကွာအဝေးတစ်ခုအတွင်းမှနေ၍ လှမ်းရိုက်လိုက်သည်။အနက်ရောင်မြူများဖြင့်ဖွဲ့စည်းထားသော ကြီးမားသောလက်ဝါးပုံရိပ်ကြီးတစ်ခုသူ၏ရှေ့တွင်ဖြစ်ပေါ်လာပြီး ရှစ်ဖုန့်ထံသို့လှမ်းရိုက်လိုက်သည်။
“နတ်ဆိုးချီလား”
အနက်ရောင်မြူများဖြင့်ဖွဲ့စည်းထားသော ဧရာမလက်ဝါးကြီးမှာရင်းနီးသောစွမ်းအားတစ်ခုကိုရှစ်ဖုန့်ခံစားရသည်။ ၎င်းမှာလုံအောင်၏စွမ်းအားနှင့် အရမ်းဆင်တူသည်။သို့သော် ၎င်းကလုံအောင်ထက်ပို၍ စွမ်းအားကြီးသည်ကို လည်း ရှစ်ဖုန့်ခံစားမိသည်။
လုံအောင်သည်သာမဟုတ်ပဲ လီရူ၏ကိုယ်အားပိုင်ဆိုင်ထားသောမိစ္ဆာဝိညာဉ်နှင့်လည်းတူညီနေခြင်းဖြစ်သည်။
ရှစ်ဖုန့်အနေဖြင့်၎င်းအား လျော့တွက်ရဲခြင်းမရှိချေ။ သူကအော်ပြောလိုက်သည်။
“သတ်”
သူကသူ့လက်ထဲတွင်ရှိနေသောသွေး
ဓားအားရုတ်တရက်ရှေ့သို့လွှဲယမ်းခုတ်
လိုက်သည်။ သွေးဓားထံမှအဖြူရောင်ဓားချီတစ်ခု ပစ်လွှတ်သလိုထွက်လာပြီး သူ့ထံသို့ကျဆင်းလာသော ဧရာမနတ်ဆိုးချီလက်ဝါးနှင့်အပြင်းအထန်ပစ်ဆောင့်သွားသည်။
“ဝုန်း”
စွမ်းအာကြီးမားသောစွမ်းအင်နှစ်ခု အပြင်းအထန်ပစ်ဆောင့်မိကြပြီး ဟင်းလင်းပြင်ထဲတွင်နောက်ထပ်မြည်ဟိန်းသံတစ်ခုထွက်ပေါ်လာသည်။ ထို့နောက်တွင် နတ်ဆိုးချီလက်ဝါးနှင့် အဖြူရောင်ဓားချီတို့မှာပျက်စီးသွားကြသည်။
အဖြူရောင်ဝတ်ရုံနှင့်လူမှာ သူ၏တိုက်ခိုက်မှက ကျိုးပျက်သွားသည်ကိုတွေ့လိုက်ရသည်။ သူကသူ့လက်နှင့်ခန္ဓာကိုယ်ကိုကြည့်လိုက်ပြီး စိတ်ပျက်စွာဖြင့်ခေါင်းခါယမ်းလိုက်၍ သူ့ကိုယ်သူပြောလိုက်သည်။
“အဲ့နှစ်ယောက်ရဲဖိနှိပ်မှုကိုနှစ်ပေါင်းများစွာ
ခံခဲ့ရပြီးတဲ့နောက်မှာ ငါ့မှာကျန်တာအားလုံးကဒါပဲလား…ပြီးတော့ ဒီကိုယ်ကလည်း အရမ်းကိုအားနည်းလိုက်တာ”
ထို့နောက်တွင်အဖြူရောင်ဝတ်ရုံနှင့်လူက သူ၏ခေါင်းအားမော့ကာ ရှစ်ဖုန့်ထံသို့နောက်တစ်ကြိမ်ကြည့်လိုက်ပြီး ပြောင်းလဲမှုမရှိသောအမူအယာဖြင့်ပြောလိုက်သည်။
“မင်းရဲ့ခွန်အားက အားနည်းတယ်ဆိုပေမဲ့ ..ငါ့မှာနတ်ဆိုးအစေခံတစ်ယောက်ကင်းမဲ့နေခဲ့တာတော်တော်ကြာပြီ..ဒီတော့ငါဒါလေးနဲ့ပဲလုပ်ဆောင်ရမှာပေါ့….မင်းသာငါ့ရဲ့နတ်
ဆိုးအစေခံဖြစ်လာခဲ့ရင် ငါမင်းကို အန္တိမဂုဏ်ကျက်သရေကိုပေးမယ်”
“မင်းဖင်ကြီးပဲသွားပြီးဂုဏ်
ကျက်သရေနေလိုက်”
ရှစ်ဖုန့်ကအေးစက်စွာအော်ပြောလိုက်သည်။ သူကအဖြူရောင်နှင့်လူထံသို့
တစ်ဟုန်ထိုးဦးတည်သွားလိုက်ပြီး သူ့လက်ထဲတွင်ရှိနေသောဓားဖြင့်
ခုတ်ပိုင်းချလိုက်သည်။
နောက်တစ်ကြိမ်ထပ်မံ၍ဧရမမီး
တောက်ဓားကြီးက ဟင်းလင်းပြင်ထဲတွင်ပေါ်လာသည်။ ရှစ်ဖုန့်၏လှုပ်ရှားမှုနောက်သို့လိုက်ပါ၍ ၎င်းကအဖြူရောင်ဝတ်ရုံနှင့်လူထံသို့ ခုတ်ပိုင်းလိုက်သည်။
အဖြူရောင်ဝတ်စုံနှင့်လူကယခင်ကအဖြူရောင်ဝတ်စုံနှင့်လူမဟုတ်တော့ကြောင်းကိုရှစ်ဖုန့် သတိပြုမိပြီးဖြစ်သည်။ သူ့အနေဖြင့်တစ်စုံတစ်ခု၏ပိုင်ဆိုင်မှုအားခံခဲ့ရသည်ဖြစ်နိုင်လောက်သည်။
အဖြူရောင်ဝတ်ရုံနှင့်လူငယ်က သူ၏ညာလက်အားဓားပုံသဏ္ဍန်ပြုလုပ်လိုက်ပြီး ရုတ်တရက်ဟင်းလင်းပြင်ထဲသို့ထိုး
ညွှန်လိုက်သည်။ သူ့ထံသို့ကျဆင်းလာသော ဧရာမမီးတောက်ဓားချီမှာ ရုတ်ခြည်း ဖန်ကဲ့သို့ကွဲကြေသွားသည်။
ဤအချိန်တွင်ရှစ်ဖုန့်က အဖြူရောင်ဝတ်ရုံနှင့်လူအနားသို့နီးကပ်လာခဲ့ပြီးဖြစ်သည်။ သူကသူ၏ဓားဖြင့် အဖြူရောင်ဝတ်ရုံနှင့်လူအားထိုးသွင်းလိုက်သည်။ ရုတ်တရက်သွေးနီရောင်ဟင်းလင်းပြင်ထဲတွင် အဖြူရောင်ဓားရိပ်များ ပေါ်လာပြီး အဖြူရောင်ဝတ်ရုံနှင့်လူထံသို့သိမ်းကျုံးဦးတည်သွားသည်။
“ဟမ့်”
အဖြူရောင်ဝတ်ရုံနှင့်လူကသူ့ထံသို့
သိပ်သည်းသောဓားပုံရိပ်များလာနေသည်ကိုတွေ့ရသောအခါတွင် အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။ သူ၏ဓားပုံစံလက်ချောင်းအားထပ်မံ၍ ရှေ့သို့ထိုးသွင်းလိုက်ပြီး အဖြူရောင်ဓားချီပုံရိပ်များအား
တစ်ခုပြီးတစ်ခု ပျက်သုဉ်းသွားစေသည်။
ထို့နောက်အချိန်တိုအတွင်းသူ၏
ဓားလက်ချောင်းနှင့် သွေးဓား၏ထိပ်ဖျားတို့အပြင်း
အထန်ထိပ်တိုက်တွေ့ဆုံကြသည်။
“ထန်”
စွမ်းအားကြီးပြီးဆန်းကြယ်သောအားတစ်ခုက သွေးဓားမှလာနေသည်ကို ရှစ်ဖုန့်ချက်ချင်းအာရုံခံမိလိုက်သည်။ သူ၏တစ်ကိုယ်လုံးတုန်ခါသွားပြီး နောက်သို့လွင့်ပျံထွက်သွားသည်။
အဖြူရောင်ဝတ်ရုံနှင့်လူလည်းနောက်သို့ဆုတ်လိုက်ရသည်။ သို့သော် သူကခြေလှမ်းဒါဇင်ခန့်လှမ်းပြီး
သည့်နောက်တွင် ရပ်တန့်သွားခဲ့သည်။ သူကသူ့လက်ချောင်းကိုမြှောက်၍ ကြည့်လိုက်သည်။ ထို့နောက်အကွာအဝေးတစ်ခုအတွင်းရှိ ရှစ်ဖုန့်လက်အတွင်းရှိသွေးဓားအား ကြည့်လိုက်ပြီးရုတ်တရက်ပြောလိုက်သည်။
“ဒီဓားကိုအရမ်းရင်းနီးနေတာမအံ့ဩတော့ပါဘူး…ငါအခုမှတ်မိပြီ…မင်းကအဲ့ပုဂ္ဂိုလ်ရဲ့ အမွေဆက်ခံသူပဲ”
နောက်သို့လွင့်ပျံထွက်သွားသော
ရှစ်ဖုန့်မှာလည်း လျှင်မြန်စွာသူ့ကိုယ်သူရပ်တန့်လိုက်သည်။ ထိုလူ၏စကားများအားပင်ကိုယ်အား
ဖြင့်သူကြားနိုင်သည်ဖြစ်သည်။ရှစ်ဖုန့်အနေဖြင့်လည်းသွေးပန်းခက်မျိုးနွယ်စုအား အလိုအလျောက်တွေးမိလိုက်သည်။
“ဒီလူကသွေးနတ်ဆိုး မျိုးနွယ်စုကလား “
ရှစ်ဖုန့်က သူ၏ဝိညာဉ်ဖြင့် ဆက်သွယ်မှုပြုလုပ်၍ ကောင်းကင်မီးတောက်ကိုမေးလိုက်သည်။
ဆက်ရန်…
ဘာသာပြန်သူ- ARISE