အပိုင်း (၂၄၄)
Vol. 17 Ch. 244
“မဟုတ်ဖူး”
ဤပုဂ္ဂိုလ်က သွေးနတ်ဆိုးမျိုးနွယ်မှလားဆိုသည်အား ရှစ်ဖုန့်၏မေးမြန်းမှုကို ကောင်းကင်မီးတောက်ကကြား
လိုက်ရသောအခါတွင် သူခပ်ယဲ့ယဲ့ ငြင်းပယ်လိုက်သည်။ ထို့နောက်သူကပြောသည်။
“မင်းရဲ့ချပ်ဝတ်မှာ သွေးနတ်ဆိုးမျိုးနွယ်ရဲ့ ရောင်ဝါရှိနေသေးတယ်..ပြီးတော့ ဒီလူရဲ့ရောင်ဝါက သွေးနတ်ဆိုးမျိုးနွယ်ရဲ့ ရောင်ဝါနဲ့လုံးဝကွဲပြားတယ်”
“လုံအောင်နဲ့ မင်းအရင်ကတွေ့ခဲ့တဲ့မိန်းမတို့မှာ ဒီလူနဲ့တူညီတဲ့ရောင်ဝါတွေရှိတယ်..နောက်ထပ်တစ်ခြားသူတစ်ယောက်ကတော့ နတ်ဆိုးသားရဲတောင်တန်းမှာမင်းတွေ့ခဲ့တဲ့ လီလျိုရှင်းပဲ”
“လီလျိုရှင်း”
နတ်ဆိုးသားရဲတောင်တန်းမှ အပြာရောင်ပုံရိပ်နှင့်သူ့လက်ထဲရှိ
အနက်ရောင်မြူတို့ဖြင့်ဖွဲ့စည်းထားသော ဓားအားရှစ်ဖုန့်အမှတ်ရလိုက်သည်။ သို့သော် ၎င်းအားသတိပြုမိရန််အတွက် သူ့ဘဝ၌ ပြေးလွှားလှုပ်ရှားအလုပ်များ
နေခဲ့သည်ဖြစ်သည်။
ဤအချိန်တွင် ထိုလူဖွဲ့စည်းထားသော နောက်ထပ်အနက်ရောင်မြူလက်ဝါးတစ်ခုက ရှစ်ဖုန့်ထံသို့ ကျဆင်းလာသည်။
“သွား”
ဤအချိန်တွင် ရှစ်ဖုန့်က သူ၏သိုလှော်လက်စွပ်အတွင်းမှ သွေးနီရောင်ချပ်ဝတ်အား ထုတ်ယူလိုက်ပြီး သူ၏လက်ဝါးဖြင်၎င်းအားရိုက်လိုက်သည်။သူက၎င်းအားအသက်သွင်းရန်သူ၏ခွန်အားအားလုံးအားအသုံးပြုခဲ့ပြီး သွေးနီရောင်ချပ်ဝတ်က ရုတ်ခြည်းအလွန်တောက်ပသောသွေးနီရောင်အလင်းတို့ကိုထုတ်လွှတ်လာသည်။ သွေးနီရောင်အလင်းက ဦးတည်ချက်အနှံ့ကို ပျံ့နှံ့သွားပြီး ရှစ်ဖုန့်၏ရှေ့၌ ကာဆီးလိုက်သည်။
ထို့နောက်တွင် ဧရာမအနက်ရောင်မြူလက်ဝါးကြီးမှာ သွေးနီရောင်ချပ်ဝတ်နားသို့မကပ်နိုင်ခင် သွေးနီရောင်ချပ်ဝတ်မှထုတ်လွှတ်နေသော သွေးနီရောင်အလင်း၏သက်ရောက်မှုအောက်၌ ပျောက်ကွယ် သွားသည်။
အခြားတစ်ဖက်တွင် တစ်ချိန်လုံးတည်ငြိမ်အေးဆေးစွာရှိနေခဲ့သော အဖြူရောင်ဝတ်ရုံနှင့်လူမှာရှစ်ဖုန့်၏ရှေ့ရှိသွေးနီရောင်ချပ်ဝတ်အားမြင်တွေ့
လိုက်ရသောအခါတွင် သူ၏အမူအယာမှာ ရုတ်တရက်ပြောင်းလဲသွားသည်။
“ထပ်ပြီးတော့ဒီပစ္စည်းပဲ …ထပ်ပြီးတော့ဒီပစ္စည်းပဲကွာ….ဒီပစ္စည်းက ငါ့ကိုနှစ်ပေါင်းများစွာဖိနှိပ်ထားခဲ့တာ..
အား….မဟုတ်ဖူး…”
အဖြူရောင်ဝတ်ရုံနှင့်လူငယ်မှာ ရုတ်တရက်ရူးသွပ်သွားပုံရပြီး လက်သင့်မခံနိုင်သည့်ပုံစံဖြင့် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူကရုတ်ခြည်းလှည့်လိုက်ပြီးနောက် အကွာအဝေးတစ်ခုအတွင်းသို့ပျံသန်းသွားသည်။
ရှစ်ဖုန့်က သူ၏အသိပြန်ဝင်လာသည့်အချိန်တွင် အဖြူရောင်ဝတ်ရုံနှင့် လူမှာရုတ်တရက်ပျောက်
ကွယ်သွားပြီးဖြစ်သည်။
“ဘာတွေဖြစ်သွားတာလဲ”
ရှစ်ဖုန့်က အဖြူရောင်ပုံရိပ်ပျောက်ကွယ်သွားသော ဦးတည်ချက်ဘက်သို့ တွေဝေစွာစိုက်ကြည့်နေသည်။
ရှစ်ဖုန့်က အစက သွေးနီရောင်ချပ်ဝတ်အား အဖြူရောင်ဝတ်ရုံနှင့်လူ၏ နတ်ဆိုးချီလက်ဝါးပုံရိပ်အားခုခံရန်
အတွက်အသုံးပြုခဲ့ခြင်းဖြစ်သည်။ ယထာဘူတာကျကျပြောရမည်ဆိုလျှင် အဆင့်ခြောက် ချပ်ဝတ်အနေဖြင့် လက်ဝါးပုံရိပ်အားခုခံရန်ပင် ခက်ခဲလိမ့်မည်ဖြစ်ပြီး သူ၏ကိုယ်ပိုင်တိုက်ခိုက်မှုဖြင့်ပေါင်းမှသာ ၎င်းကပြဿနာကြီးဖြစ်မည်မဟုတ်ပေ။
သို့သော် ချပ်ဝတ်၏သွေးနီရောင် အလင်းအောက်တွင် နတ်ဆိုးလက်ဝါးချီက ၎င်း၏သက်ရောက်မှုကိုခံခဲ့ရပြီး အနားကိုပင်သီနိုင်ခဲ့ခြင်းမရှိခဲ့ချေ။ ၎င်းမှာ ချပ်ဝတ်က ဤပုဂ္ဂိုလ်အား ဖိနှိပ်ရန်မွေးဖွားလာသကဲ့သို့ပင်ဖြစ်သည်။
“ထပ်ပြီးဒီပစ္စည်းပဲလား…..နှစ်ပေါင်းများစွာ ငါ့ကိုဖိနှိပ်ခဲ့တာတဲ့လား”
ရှစ်ဖုန့်က အဖြူရောင်ဝတ်စုံနှင့်လူထွက်မသွားခင်ချန်ရစ်ထားခဲ့သောစကားအားတီးတိုး
ရေရွတ်လိုက်သည်။
“ဖိနှိပ်တာလား”
ရှစ်ဖုန့်ကအရာအားလုံးအားအ
တူတကွချိတ်ဆက်ပြီးသည့်နောက်တွင် ချက်ချင်းပဲနားလည်သွားသည်။
“ဒီတော့ မြေအောက်ခန်းမထဲမှာ ငါတို့ကြားခဲ့ရတဲ့နှလုံးခုန်သံက အဲ့အရာဆီကနေလာတာပေါ့….ကျောက်ရုပ်
ထုရော ဒီချပ်ဝတ်နဲ့ မြင့်မြတ်ဓားအပိုင်းအစရော အားလုံးကဒီအရာကိုဖိနှိပ်ထိန်းချုပ်ဖို့ သွေးနတ်ဆိုးမျိုးနွယ်တွေက အသုံးပြုခဲ့တာပဲ….ငါက မြင့်မြတ်ဓားအပိုင်းအစနဲ့ သွေးရောင်ချပ်ဝတ်ကိုယူပြီးတော့ အဲ့အရာကိုလွတ််ပေးခဲ့တယ်..အဲ့နောက် ငါတို့တွေ မြေအောက်ခန်းကနေထွက်ပြေးလာတဲအခါမှာ အဲ့အရာက ဒီလူငယ်ရဲ့ကိုယ်ကိုသိမ်းပိုက်လိုက်တာပဲ”
“အဲ့လိုပဲဖြစ်လိမ့်မယ်”
ရှစ်ဖုန့်၏စကားအားကြားလိုက်ရသောအခါတွင် ကောင်းကင်မီးတောက်ကလည်းထောက်ခံလိုက်သည်။ထို့နောက်သူကပြောလိုက်သည်။
“ပြီးတော့ဒီသွေးနီရောင်ချပ်ဝတ်က သွေးနတ်ဆိုးမျိုးနွယ်ကနေ အထူးပြုလုပ်ထားတာဖြစ်လောက်မယ်…ဒီတော့ ဒါက အဲ့အရာရဲ့စွမ်းအားကို ထိန်းချုပ်ဖို့ အထူးပြုလုပ်ထားခဲ့တာဟာပဲ”
“အင်း”
ရှစ်ဖုန့်ကလည်းခေါင်းညိမ့်လိုက်သည်။
ထို့နောက်သူကပြောလိုက်သည်။
“သွေးနတ်ဆိုးကလန်က အဲ့အချိန်တုံကအဲ့အရာကို ဖိနှိပ်နိုင်ခဲ့တာကြောင့် ကျုပ်တို့တွေ အဲ့အရာသူ့ရဲစွမ်းအားတွေ ပြန်ကောင်းမလာခင်ဖျက်ဆီးပစ်နိုင်ဖို့ ဒီသွေးနီရောင်ချပ်ဝတ်ကိုသုံးကြရမယ်…မဟုတ်ရင် အဲ့တာကပုန်းကွယ်နေတဲ့ အန္တရာယ်တစ်ခုဖြစ်လာလိမ့်မယ်”
၎င်းက သွေးနတ်ဆိုးကလန်၏ရန်သူ
တစ်ယောက်ဖြစ်နိုင်ပြီး ၎င်းက သွေးဓား၏ ယခင်ပိုင်ရှင်ကိုမှတ်မိနေသည်ဖြစ်သည်။ ၎င်း၏အထွတ်အထိပ်စွမ်းအားကိုသာပြန်လည်၍ရရှိလာပါက ဘယ်လိုစွမ်းအားမျိုးဖြစ်နေ
မည်လဲဆိုသည်အားစိတ်ကူး၍ ရနိုင်လိမ့်မည်မဟုတ်ပေ။
ယခုရှစ်ဖုန့်၌ ဤသွေးနီရောင်ချပ်ဝတ်ရှိနေခဲ့လျှင်တောင် အထဲတွင်ရှိနေသော ကန့်သတ်မှုအားလုံးအားသူမဖြေနိုင်သေးပေ။ သူ၏လက်ထဲတွင်၎င်းက တစ်ဝက်တစ်ပျက်သာပြီးမြောက်သေးသော ပစ္စည်းတစ်ခုဖြစ်ပြီး သူ့အနေဖြင့်၎င်း၏စွမ်းအားတစ်ဝက်ကိုသာ အသုံးပြုနိုင်သည်ဖြစ်သည်။ သူ့အနေဖြင့်ထိုအရာ၏ယခုလက်ရှိစွမ်းအားအား ထိန်းချုပ်နိုင်ခဲ့သော်လည်း ထိုအရာ ၎င်း၏စွမ်းအားများအားဖြည်းဖြည်းချင်း
ပြန်လည်ရရှိလာသည့်အချိန်၌ ထိန်းချုပ်နိုင်မနိုင်ကိုက ပြောရန်ခက်ခဲလေသည်။
ထို့အပြင် ထိုအရာ၎င်း၏ စွမ်းအားများအားပြန်လည်၍ရရှိလာပါက ဤသွေးနီရောင်ချပ်ဝတ်အားပိုင်
ဆိုင်ထားသည့်ရှစ်ဖုန့်ထံသို့ သေချာပေါက်လာရှာလိမ့်မည်ဖြစ်သည်။ဤပုန်းကွယ်နေသော အန္တရာယ်အားမသုတ်သင်ရှင်းလင်းခဲ့လျှင် ရှစ်ဖုန့်အနေဖြင့် သောကကင်းဝေးစွာနေနိုင်လိမ့်မည်မဟုတ်ပေ။
ချက်ချင်းပဲ ရှစ်ဖုန့်သူ့ကိုယ်အားလေကိုထိုးခွင်း
ပျံသန်းလိုက်ပြီး ထိုအရာထွက်ပြေးသွားရာဦးတည်ချက်ဘက်သိုလိုက်ဖမ်းလိုက်သည်။
ထျန်းဟန်တိုက်ကြီး၏ယွင်လိုင်အင်ပါယာ အင်ပါယာသင်္ချိုင်းတွင်ဖြစ်သည်။ကောင်းကင်နှင့်မြေကြီးကြားရှိမျှော်စင်တစ်ခုကဲ့သို့
ငွားငွားစွင့်စွင့်ရှိနေသော သင်္ချိုင်းဂူကမ္ပည်းကျောက်စာတိုင်ပေါ်တွင် ကျောက်စာတစ်ခုကိုရေးထိုးထားသည်။
“သုံးဆယ်သုံးဆက်မြောက် ယွင်လိုင်အင်ပါယာဧကရာဇ်မင်း လုံအောင်၏ ဂူသင်္ချိုင်း”
ဤအချိန်တွင်ဟင်းလင်းပြင်ထဲ၌ ရုတ်တရက် ဧရာမအနက်ရောင်ဆေဘာဓားပုံရိပ်ကြီးတစ်ခု က ကောင်းကင်ထက်မှကျဆင်းလာသည်။ “ဝုန်း”ဆိုသောအသံနှင့်အတူ ၎င်းကမြင့်မားသော ကမ္ပည်းကျောက်စာတိုင်ပေါ်သို့ကျဆင်းသွာပြိီး “ဘန်း”ဆိုသောအသံနှင့်အတူ ကမ္ပည်းကျောက်စာတိုင်ကြီးတစ်ခုလုံးပေါက်ကွဲသွားသည်။
“ဘယ်သူလဲကွ..အင်ပါယာသင်္ချိုင်းထဲကိုဘယ်လိုတောင်ကျူးကျော်ရဲတာလဲ…
ယခင်ဧကရာဇ်မင်းရဲ့ ကမ္ပည်းကျောက်စာတိုင်ကိုတောင
်ဖျက်ဆီးရဲသေးတယ်”
ဤအချိန်တွင်သင်္ချိုင်းထံမှ ဒေါသတကြီးအော်သံများထွက်ပေါ်လာသည်။ အင်ပါယာသင်္ချိုင်းအားစောင့်ကြပ်နေကြသောရွှေရောင်ချပ်ဝတ်ဝတ်အစောင့်များမှာ ရွှေရောင်လှံပုဆိန်များ၊ရွှေရောင်လှံရှည်များ၊
ရွှေရောင်ဓားများ နှင့်ရွှေရောင်လင်းလေးများကို ကိုင်ဆောင်ထားကြသည်။သူတို့ ကဦးတည်ချက်ပေါင်းစုံမှ သတ်ဖြတ်ခြင်းရောင်ဝါများဖြင့် တစ်ဟုန်ထိုးထွက်လာကြသည်။ အင်ပါယာ သင်္ချိုင်းတစ်လုံးတွင် စနစ်တကျညီညာသောခြေသံများဖြင့်ပြည့်နှက်နေသည်။
ဟင်းလင်းပြင်ထဲတွင် နှစ်လိုဖွယ်ကောင်းသောကိုယ်
နှင့်ဖြူဖျော့သောမျက်နှာရှိသည့် အမျိုးသမီးတစ်ယောက် ဝင့်ကြွားစွာရပ်နေသည်။ သူမက သားသတ်ဓားအားလက်ထဲတွင်ကိုင်ထားပြီး အောက်သို့ကြည့်နေ၏။ သူမ၏မျက်နှာထက်တွင် စိတ်မချမ်းမမြေ့ဖွယ်ကောင်းသောအပြုံးတစ်ခုကို ဆင်မြန်းထားပြီး ထူးဆန်း၍ နားစူးသော အသံဖြင့်ကျယ်လောင်စွာရယ်မောလိုက်သည်။
“ခီး..ခီး..ခီး…ခီး…ခီး…”
ဤစိတ်မချမ်းမြေ့ဖွယ်ကောင်းပြီး
ဆိုးရွားသောရယ်မောသံက ရွှေရောင်ချပ်ဝတ်အစောင့်များ၏
နားအတွင်းသို့ဂယက်ရိုက်ဝင်ရောက်လာပြီး သူတို့၏ဆံပင်များအားအဆုံထိ
ထောင်သွားစေကာ သူတို့၏ရင်ထဲတွင်မွန်းကျပ်မှုကိုခံစားလိုက်ကြရသည်။ ဤနားစူးသောအသံကြောင့် ကြည်လင်သောကောင်းကင်ကြီး
ကမှောင်ကျသွားသကဲ့သို့ခံစားလိုက်ရသည်။
“လေးသမားတွေပစ်..”
ရွှေရောင်ချပ်ဝတ်တပ်မှူးတစ်ယောက်က သူ၏ဓားရှည်အားကောင်းကင်ထဲသို့ထိုးညွှန်၍ ရွှေရောင်ချပ်ဝတ်လေးသမားများကို အော်ပြောလိုက်သည်။
“ဝှစ်ရှ်…ဝှစ်ရှ်…ဝှစ်ရှ်…ဝှစ်ရှ်….ဝှစ်ရှ်”
ယွမ်ချီအထောက်အပံ့ဖြင့်၎င်းတို့က တလက်လက်ထနေသောရွှေရောင်
အလင်းများကိုပစ်လွှတ်ကြသည်။ ကျိုင်းကောင်အစုအဝေးကဲ့သို့၎င်းတို့က သိပ်သည်းစွာစုဝေးသွားပြီးဟင်းလင်းပြင်ထဲတွင်ရှိနေသောပုံရိပ်အားဖုံးကွယ်သွားသည်။
တစ်ချိန်တည်းမှာပင်ရွှေရောင်လှံပုဆိန်များ၊ဆေဘာဓားများ၊ဓားရှည်များ က သိပ်သည်းသောရွှေရောင်မြှားများနောက်မှ နီးကပ်စွာလိုက်ပါလာပြီး ဟင်းလင်းပြင်ထဲရှိပုံရိပ်ထံသိမ်း
ကျုံးဦးတည်သွားသည်။
“ခီး..ခီး..ခီး..ခီး..ခီး”
များပြားလှသောတိုက်ခိုက်မှုများ လာနေသည်ကိုမြင်တွေ့ရသော်လည်း အမျိုးသမီးကကြောက်လန့်နေခြင်းမရှိပေ။ ထိုအစားသူနောက်ထပ်နမိတ်မကောင်းပြီးနားစူးသောရယ်သံကိုရယ်မောလိုက်သည်။သူမက လက်အတွင်းရှိသားသတ်ဓား
ကိုလွှဲယမ်းလိုက်ပြီး သိပ်သည်းသောအနက်ရောင်
ဆေဘာဓားရိပ်များက ဟင်းလင်းပြင်ထဲတွင်ရုတ်ခြည်းပေါ်လာသည်။ မုန်တိုင်းတစ်ခုနှယ်ဆေဘာဓားရိပ်များက မိုးကဲ့သို့ရွာသွန်းချလာပြီး ရွှေရောင်ဓားရိပ်များ၊ရွှေရောင်မြှားများ၊လှံပုဆိန်များနှင့်ဆေဘာဓားမျာအားလုံးမှာအနက်ရောင်ဆေဘာဓားရိပ်များအောက်တွင် အားလုံးဖျက်ဆီးခံလိုက်ရသည်။
သိပ်သည်းသောအနက်ရောင်ဆေ
ဘာဓားရိပ်များက အောက်တွင်ရှိနေသောရွှေရောင်ချပ်ဝတ်အစောင့်များထံသို့ဆက်လက်၍ကျဆင်းလာသည်။
“အား.အား..အား..အား..အား..”
အင်ပါယာသင်္ချိုင်းအတွင်းတွင် နာကျင်မှု၊အလိုမရှိမှု နှင့် စိတ်မချမ်းမြေ့ဖွယ်ကောင်းသော
ငိုကြွေးအော်ဟစ်သံလှိုင်းများဖြင့် ကောင်းကင်နှင့်မြေကြီးကြားထဲတွင်
ရုတ်ခြည်းပဲ့တင်ထပ်သွားသည်။ ၎င်းမှာတစ္ဆေသရဲများ၏ငိုကြွေးမြည်တမ်းသံကဲ့သို့ပင်ဖြစ်သည်။ သွေးများကနေရာအနှံ့ကျဲပြန့်နေပြီး ကိုယ်လက်အင်္ဂါအပိုင်းအစများ ဦးခေါင်းများက နေရာအနှံ့သို့လွင့်ပျံထွက်သွားသည်။
အနက်ရောင်ဆေဘာဓားရိပ်များက ဆက်လက်ကျဆင်းနေပြီး စိတ်မချမ်းမြေ့ဖွယ်ကောင်းသော ငိုကြွေးသံများကလည်းဆက်လက်၍ ပဲ့တင်ထွက် ပေါ်နေသည်။ရွှေရောင်ချပ်ဝတ် အစောင့်များတစ်သုတ်ပြီးတစ်သုတ် ဂျုံပင်များကဲ့သို့လဲပြိုကျကုန်သည်။ သင်္ချိုင်းနေရာတစ်ခုလုံမှာရုတ်တရက် ကမ္ဘာပေါ်ရှိငရဲတစ်ခုကဲ့သို့ဖြစ်လာပုံရသည်။ ၎င်းမှာရှုပ်ပွနေပြီး များပြားလှသောအလောင်းများက နေရာအနှံ့ပြန့်ကျဲနေ၏။ သွေးများကနေရာအနှံ့ရှိပြီး နေရာတစ်ခုလုံးတွင် သိပ်သည်းသောသွေးညှီနံ့များဖြင့် ပြည့်နှက်နေသည်။
ရွှေရောင်ချပ်ဝတ်အစောင့်ထောင်
ပေါင်းများစွာမှာ အချိန်တိုလေးအတွင်းအာလုံးကျ
ဆုံးသွားခဲ့သည်။
“အိုး”
အနက်ရောင်သားသတ်ဓားအားကိုင်ဆောင်ထားသည့် အမျိုးသမီးမှာ အောက်တွင်ရှိနေသောများပြားလှသည့်ရွှေရောင်ခန္ဓာကိုယ်များ ၊ တောက်ပနီရဲသောသွေးများကိုကြည့်လိုက်ပြီး သူမ၏နှုတ်ခမ်းကိုသပ်လိုက်ကာ သူမ၏မျက်နှာထက်တွင်စိတ်လှုပ်ရှားပျော်ရွှင်မှုများဖြင့်ပြည့်နှက်နေသည်။
ဆက်ရန်………
ဘာသာပြန်သူ-ARISE