အပိုင်း(၂၄၅)
Vol. 17 Ch. 245
“ခီး…ခီး…ခီး..ခီး.ခီး...ခီး..”
လေထဲတွင်ရှိနေသောအမျိုးသမီးက နောက်တစ်ကြိမ်ထပ်မံ၍ ထူးဆန်းစွာရယ်မောလိုက်ပြီး သူမ၏ကိုယ်အား အောက်ဘက်ရှိပျက်စီးသွားသောကမ္ပည်းတိုင်ထံသို့ တစ်ဟုန်ထိုးဦးတည်လိုက်သည်။
“ဝုန်း”
သူမ၏တစ်ကိုယ်လုံးကမြေကြီအတွင်းသို့တည့်တည့်ပင်ဝင်ရောက်သွားသည်။
“ဝုန်း”
အမျိုးသမီးမြေကြီးအတွင်းမှပြန်လည်၍ ထိုးထွက်လာသည့်အချိန်တွင် သူမ၏သေးသွယ်သောပခုံးထက်၌ လက်သည်းကိုးခု ရွှေရောင်နဂါးတစ်ကောင်ပုံအား
ထွင်းထုထားသည့် ရွှေရောင်ခေါင်းတလားတစ်ခုကို
သယ်ဆောင်လာသည်။
“ခီး..ခီး..ခီး..ခီး…”
အမျိုးသမီးက ရွှေခေါင်းတလားအား သူမ၏လက်ဖြင့် ရိုက်ချလိုက်သည်။ ရုတ်တရက်စွမ်းအားတစ်ခုထွက်ပေါ်လာပြီး ရွှေခေါင်းတလားတစ်ခုလုံးပေါက်ကွဲသွားသည်။ ထို့နောက်မကြာခင်အမျိုးသမီးက အလောင်းတစ်ခုအား သူမ၏လက်ဖြင့်ဆုပ်ကိုင်လိုက်သည်။ ဤအလောင်းက လက်သည်းကိုးခု ရွှေရောင်နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည်။ သို့သော်၎င်း၏မြင်သာသောလက်နှင့်မျက်နှာတို့က ရှုံ့တွခြောက်သွေ့နေပြီဖြစ်၏။ အလောင်း၏ကိုယ်ပေါ်တွင် များပြားလှည့်သည့်ထူးဆန်းတွန့်လိမ်နေသော
နတ်ဆိုးစာလုံးများရှိနေသည်။ အလောင်း၏ခေါင်းထက်တွင် အနက်ရောင်ချိုကွေးတစ်ခုလည်း
ရှိနေသေးသည်ဖြစ်သည်။
“ခီး..ခီး..ခီး…ငါ့ရဲ့နတ်ဆိုးဦးချိုက တကယ့်ကို ဒီနေရာမှာပဲ…ဘာမှမကောင်းတဲ့လူသား
တစ်ယောက်ကများ ငါ့နတ်ဆိုးဦးချိုကို ဘယ်လိုတောင်အသုံးချရဲတာလဲ…မင်းက
ငါ့ရဲ့နတ်ဆိုးခန္ဓာကိုယ်ကို ဂုဏ်သိက္ခာကျအောင်လုပ်နေတာပဲ..”
အမျိုးသမီးက စကားပြောရင်း သူမ၏ဘယ်လက်အား ဆန့်ထုတ်လိုက်ပြီး ရှုံ့တွနေသောအလောင်း၏ဦးခေါင်းပေါ်မှ နတ်ဆိုးဦးချိုအား ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူမ၎င်းအားအလောင်း၏ဦးခေါင်းမှ ဆွဲနှုတ်လိုက်၏။
ထို့နောက် သူမပခုံထက်ရှိရှံ့တွနေသောအလောင်း၏ကိုယ်ပေါ်မှ နတ်ဆိုးအမှတ်အသားများမှာလွင့်ပျယ်ကုန်သည်။ အမျိုးသမီးက အသုံးမဝင်တော့သည့်အလောင်းအား အမှိုက်တစ်ခုကဲ့သို့ လွှတ်ပစ်လိုက်သည်။
“ခီး…ခီး..ခီး…ခီး…ခီး..”
အမျိုးသမီးက သူမလက်ထဲရှိနတ်ဆိုးဦးချိုအားကြည့်လိုက်ပြီး စိတ်လှုပ်ရှားပျော်ရွှင်စွာဖြင့်ထူးဆန်းစွာရယ်မောလိုက်သည်။ထို့နောက် သူမက အနက်ရောင်နတ်ဆိုးဦးချိုအား သူမခေါင်းပေါ်သို့ဖိချလိုက်ပြီး သူမ၏ဦးခေါင်းထိပ်နှင့်၎င်းအား ပေါင်းစည်းလိုက်သည်။
ရုတ်တရက် လေနှင့်တိမ်တိုက်တို့က ပြောင်းလဲသွားခဲ့ပြီး ကမ္ဘာတစ်ခုလုံးမှိန်ကျသွားခဲ့သည်။
“ဂျိန်း”
ဟင်းလင်းပြင်ထဲတွင် မိုးခြိမ်းသံထွက်ပေါ်လာပြီး သိပ်သည်းထူထဲသော အနက်ရောင်လျှပ်စီးတန်းတစ်ခုက ကောင်းကင်ထက်မှ အနက်ရောင်ရောင်ခြည်တစ်ခုကဲ့သို့ကျဆင်းလာပြီး အမျိုးသမီး၏ကိုယ်ပေါ်သို့ကျဆင်းလာကာ သူမအားလွှမ်းခြုံသွားသည်။
“ခီးခီးခီး..ခီးခီးခီး…ခီးခီးခီး..”
…………………….
သွေးနီရောင်ကမ္ဘာအတွင်းတွင် ရှစ်ဖုန့်မှာတစ်ဟုန်ထိုးပျံသန်းနေသည်။ သို့သော် သူခေတ္တမျှတုန့်ဆိုင်းသွားခဲ့သည့်အချိန်တွင် အဖြူရောင်ဝတ်ရုံနှင့်လူက မြင်ကွင်းမှပျောက်ကွယ်သွားခဲ့သည်။
“သေစမ်း..အဲ့အရာက ဘာသဲလွန်စမှကျန်မနေခဲ့ ပဲနဲ့ပျောက်သွားပြီ..”
ရှစ်ဖုန့်က လက်သင့်မခံနိုင်စွာဖြင့် သွေးဓားအားသူ၏လက်အတွင်းတွင်ကိုင်ဆောင်၍ ဟင်းလင်းပြင်ထဲတွင်ရစ်သီရစ်သီလုပ်နေပြီး ပြောလိုက်သည်။ သူအနေဖြင့်ထိုအရာအားမတိုက်ခိုက်နိုင်ခဲ့ပေ။
“ထားလိုက်ပါ…အဲ့ရာက သူ့ကိုယ်သူဖုံးကွယ်တဲ့နေရာမှာတော်တယ်..အကယ်၍မင်းမှာသာသွေးချပ်ဝတ်ရှိနေတယ်ဆိုရင်…အဲ့တာကသေချာပေါက်
မင်းကို သတိထားပြီးတော့နေလိမ့်မယ်… အဲ့တာကမင်းအတွက်သူ့ကိုရှာတွေဖို့လွယ်ကူစေမှာမဟုတ်ဖူး”
ကောင်းကင်မီးတောက်ကပြောလိုက်သည်။
ကောင်းကင်မီးတောက်ပြောသည်ကားမှန်ကန်သည်ဖြစ်သည်။ ဤအရာကသူ့အား ဤတစ်ချိန်လုံးတွင်နောက်မှလိုက်နေခဲ့ပြီး သူ့အနေဖြင့်၎င်း၏တည်နေရာအားရှာမတွေ့နိုင်ခဲ့ပေ။သူ့အနေဖြင့် ၎င်းအားရှာဖွေရန်အတွက် ကောင်းကင်မီးတောက်အား ဟင်းလင်းပြင်၏ကျယ်ပြန့်သောဧရိယာကို လောင်ကျွမ်းရန်မှီခိုအားထားခဲ့ရသည်။ယခု
သူ၎င်း၏နောက်သို့လိုက်လာသည့်အချိန်တွင် သူ့အနေဖြင့်မီးတောက်ဧရိယာအားကျယ်
ကျယ်ပြန့်ပြန့်မီခိုအားထား၍အသုံးမချနိုင်ချေ။အဘယ့်ကြောင့်ဆိုသော်၎င်းက သူ့အတွက်စွမ်းအင်တော်တော်များများအားကုန်ဆုံးစေသောကြောင့်ဖြစ်သည်။
“ဟမ်”
ရုတ်တရက် သူ့နောက်ဘက်မှ စွမ်းအင််လှိုင်းတစ်ခုလာနေသည်ကိုရှစ်ဖုန့်အာရုံခံမိလိုက်သည်။ သူကလျှင်မြန်စွာလှည့်လိုက်ပြီးသူ၏ဓားဖြင့် ထိုးသွင်းလိုက်သည်။ ဤအချိန်ရှစ်ဖုန့်လှည့်လိုက်သည့်အခါတွင် အကြည်ရောင်ဓားကြီးတစ်ခုက သူ့ထံသို့တည့်တည့်လာနေသည်ကို ရှစ်ဖုန့်မြင်တွေ့လိုက်ရသည်။၎င်းကသွေးဓားနှင့်အပြင်းအထန်ပစ်ဆောင့်မိသွားသည်။ သို့သော်သွေးဓား၏အောက်တွင်အကြည်ရောင်ဓားချီမှာ ဖျက်ဆီးခံလိုက်ရသည်။
သိပ်မဝေးလှသောလေထဲတွင် ပုံရိပ်မည်းနှစ်ခုကိုရှစ်ဖုန့်မြင်တွေ့လိုက်ရသည်။ သူတို့ထဲကတစ်ယောက်တွင်ရင်းနီးသောချောမောသည့်မျက်နှာရှိပြီး လေထဲတွင်တဖျပ်ဖျပ်လွင့်နေသောအဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည်။ ထိုသူမှာ ကျန်းချွမ်မှလွဲပြီးတစ်ခြားသူမဟုတ်ပေ။ ဤအခိုက်အတန့်တွင် ကျန်းချွမ်၏အကြည့်၌ အေးစက်မှု၊သတ်ဖြတ်ချင်စိတ်
တို့ဖြင့်ပြည့်နှက်နေပြီး သူကရှစ်ဖုန့်အားစိုက်ကြည့်နေသည်။သူ့အားတစ်ခါမှမြင်တွေ့ဖူးခြင်းမရှိသောသူပင်လျှင် သူ၏မျက်လုံးအတွင်းရှိအမုန်းတရားတို့ကို မြင်တွေ့နိုင်သည်ဖြစ်သည်။
အခြားသူတစ်ယောက် က အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားသည်။ သူ၏မျက်နှာကရက်စက်သောအသွင်ရှိပြီး အနည်းငယ်မကောင်းဆိုးဝါးဆန်လေသည်။ သူသည်မိန်းမတစ်ဦးထက်ပင်ပို၍ ချောမောသောသူဖြစ်သည်။ သူကကျန်းချွမ်၏ဘေး၌ရပ်နေသည်။ သို့သော် ထိုလူ၏မျက်လုံးများကကျန်းချွမ်၏အပေါ်တွင်ကျရောက်နေပြီး သူ့မျက်လုံးအတွင်းရှိတဏှာရာဂစိတ်များ
ကိုပင်မြင်တွေ့ရနိုင်သည်ဖြစ်သည်။
“ကြယ်လေးပွင့်ဘိုးဘေးနယ်ပယ်”
ကျန်းချွမ်၏ဘေးတွင်ရှိနေသော အနီရောင်ဝတ်စုံနှင့်လူက ကြယ်လေးပွင့်ဘိုးဘေးနယ်ပယ်တစ်
ယောက်ဖြစ်သည်ကိုရှစ်ဖုန့်သိသည်ဖြစ်သည်။
“သူတောင်းစား နောက်ဆုံးတော့ငါမင်းကိုတွေ့ပြီ”
ကျန်းချွမ်က ရှစ်ဖုန့်အားစိုက်ကြည့်ကာ အေးစက်လှသောဤစကားလုံးများအား အံကိုတင်းတင်းကြိတ်၍ ပြောလိုက်သည်။
“အချိန်ကိုကွက်တိပဲ”
ဤလူနှစ်ယောက်အားကြည့်ကာရှစ်ဖုန့်
ကသရော်လိုက်သည်။ ကျန်းချွမ်နှင့် သူ့ဘေးရှိယော်ကျားလိုလိုမိန်းမလိုလိုကောင်အားသတ်ပြီးသည့်နောက်တွင် သူ့အနေဖြင့်ကြယ်နှစ်ပွင့်အဆင့်ချိုးဖြတ်တက်လှမ်းနိုင်လိမ့်မည်ဖြစ်ပြီး ကြယ်ခုနှစ်ပွင့်အင်ပါယာနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်လိမ့်မည်ဖြစ်သည်။
အနီရောင်ဝတ်ရုံနှင့်လူက ကျန်းချွမ်ထံမှသူ၏အကြည့်တို့အား
ရုတ်သိမ်းလိုက်ပြီး သူ့ရှေ့တွင်ရှိနေသောရှစ်ဖုန့်
ကိုကြည့်လိုက်သည်။
“ဟေးဂျူနီယာညီလေးကျန်း…ဒီလူငယ်လေးက ဂျူနီယာညီမလေးတင်းယုကိုသတ်လိုက်တဲ့သူလား …သူလည်းတစ်နည်းနည်းနဲ့တော့ ကြည့်ကောင်းတာပဲကွ..ဟားဟား”
“မင်းစိတ်ဝင်စားနေရင်လည်း သူနဲ့အခုသွားပြီး လိင်ဆက်ဆံနေလိုက်လေ”
ကျန်းချွမ်က ရှစ်ဖုန့်ကိုကြည့်၍ အေးစက်စွာပြောလိုက်သည်။
“အာ..ဂျူနီယာညီလေးကျနး မင်းရဲ့လေသံက အရမ်းကိုအေးစက်စက်နိုင်တာပဲ…ဘာလဲ မင်းရဲ့ စီနီယာအကိုက သူ့အပေါ်နည်းနည်းလေးစိတ်ဝင်စားပြလိုက်လို့ မင်းက မနာလိုဖြစ်နေတာများလား …ဟားဟား..ငါသိနေသားပဲ…မင်းလည်းပဲငါ့ကိုကြိုက်တယ်ဆိုတာကို ..”
အနီရောင်ဝတ်ရုံနှင့်လူကပြောလိုက်ပြီးနောက် တိတ်တဆိတ်သူ၏ညာလက်ကိုဆန့်ထုတ်၍ ကျန်းချွမ်၏ဘယ်လက်ကိုချိတ်လိုက်သည်။ျ
ကျန်းချွမ်အားဤသည်အားသဘောပေါက်
လိုက်ပြီးနောက်တုန်လှုပ်သွားသည်။ သူ၏ကိုယ်ကတုန်ယင်သွားပြီး အနီရောင်ဝတ်စုံဝတ်ထားသောလူနှင့် အကွွာအဝေးတစ်ခုထိရောက်အောင်လျှင်မြန်စွာရွေ့လျားလိုက်သည်။ ထို့နောက်သူက အနီရောင်ဝတ်စုံနှင့်လူအား ဒေါသတကြီးအော်ပြောလိုက်သည်။
“ယဲ့ရှီကျောက် …သောက်ပေါက်ကရတွေလာပြောနေတယ်…..ငါ့ရဲ့လေသံအေးစက်နေရတဲ့အကြောင့်းပြချက်က အဲ့လူက ဂျူနီယာညီမလေးတင်းယုကိုသတ်ပစ်လိုက်လို့ပဲ ….အဲ့တာကိုလာပြီးတော့ အမှတ်မှားမနေနဲ့….မင်းအဲ့လောက် ရှချင်နေရင်လည်း အဲ့တစ်ဖက်မှာရှိနေတဲ့သူတောင်းစားဆီသာသွားလိုက်”
နောက်ဆုံးစကားအားကျန်းချွမ်ကပြောသည့်အချိန်တွင်သူက ရှစ်ဖုန့်ကိုအားတိုက်ရိုက်ပင်ထိုးညွှန်
ပြလိုက်သည်။
အနီရောင်ဝတ်ရုံနှင့်လူ၏နမည်မှာ
ယဲ့ရှီကျောက်ဖြစ်ပြီး သူကကျန်းချွမ်ဒေါသတကြီးအော်ဟစ်
ပြောဆိုနေသည့်အချိန်၌ပင်စိတ်ဆိုးနေ
ခြင်းမရှိပေ။ ထိုအစားသူက ကြောက်ပေါက်လေးတစ်ကောင်ကဲ့သို့ချစ်စဖွယ်ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“ချွမ်လေး ရယ် ..မင်းဘာလို့ငါ့ကိုအရမ်းခါးခါးသီးသီးတွေဖြစ်နေရတာလဲ….နှစ်တွေအများကြီးကြာခဲ့ပြီး
တာတောင်မှငါ့ရင်ထဲကခံစားချက်တွေကို
မင်းထွင်းဖောက်မမြင်နိုင်တာများလား….ငါက သေသွားပြီဖြစ်တဲ့ ဂျူနီယာညီမလေးတင်းယုနဲ့ နှိုင်းယှဉ်လို့မရတာကြောင့်များလား”
ဤအသံ ဤနမည်နှင့် ဤစကားလုံးများအား ကြားလိုက်ရသောအခါတွင် ကျန်းချွမ်မှရုတ်တရက်အေးစိမ့်မှုနှင့်ကြက်သီးမွှေးညှင်းထမှုတို့ကိုခံစားလိုက်ရသည်။
ကျန်းချွမ်ကိုမဆိုထားဘိ ရှစ်ဖုန့်သည်ပင် ဤသောက်တလွဲကောင်အား တိုက်ခိုက်ချင်စိတ်မရှိပေ။ ယင်းကတကယ်ကို စက်ဆုပ်ဖို့ကောင်းလှသည်ဖြစ်သည်။
ထို့နောက်မကြာခင် ယဲ့ရှီကျောက်မှာ ရှက်သွေးဖြန်းနေသောမျက်နှာဖြင့်သူ့ထံသို့နောက်တစ်ကြိမ်ချဉ်းကပ်လာသည်ကို ကျန်းချွမ်သတိပြုမိလိုက်သည်။ သူက၎င်းအားရှောင်တိမ်းရန်လျှင်မြန်စွာ
လှုပ်ရှားလိုက်ပြီး ရှစ်ဖုန့်ကိုလက်ညှိုးထိုးညွှန်၍ ပြောလိုက်သည်။
“သူ့ကိုသွားပြီး အနိုင်ယူလိုက်..မင်းသူ့ကိုအနိုင်ယူနိုင်တာနဲ့ အဲ့လူက မင်းရဲအပိုင်ပဲ…မင်းသူ့ကိုမင်းကြိုက်တာလုပ်လို့ရတယ်”
ကျန်းချွမ်၏စကားအားကြားလိုက်ရသောအခါတွင် ယဲ့ရှီကျောက်က အကွာအဝေးတစ်ခု၌ရှိနေသောရှစ်ဖုန့်ကိုကြည့်လိုက်ပြီး ထို့နောက်ကျန်းချွမ်ကိုတစ်ဖန်ပြန်ကြည့်
လိုက်သည်။ သူက ထပ်မံ၍ နွဲ့နှောင်းသောအသံဖြင့် ပြောလိုက်သည်။
“သူတော့မရဘူး…သူကတစ်နည်းနည်းနဲ့ ချောမောပေမဲ့ သူကကလေးတစ်ယောက်ပဲရှိသေးတာ….ဘယ်လိုလုပ်ပြီးတော့မင်းလိုများကျားကျားလျားလျားရှိမှာလဲ ချွမ်လေးရယ်”
နှစ်ဖက်လုံးအတွက် အကောင်းဆုံးသောစကားလုံးများအားသူတွေးမိသွားသကဲ့သို့ ရုတ်တရက် ယဲ့ရှီကျောက်၏ မျက်ဝန်းများကတောက်ပလာပြီး ပျော်ရွှင်စွာဖြင့် ကျန်းချွမ်ကိုပြောလိုက်သည်။
“ဒီလိုလုပ်လေ…မင်းရဲ့စီနီယာအကိုက သူ့ကိုအနိုင်ယူနိုင်အောင်ကူညီပေးမယ်…မင်းသူ့ကိုရတာနဲ့ မင်းလေးက မင်းရဲ့ကိုယ်နဲ့ စီနီယာအကိုအတွက်ပျော်ပါးပေးရမယ်…တို့တွေအချိန်ကောင်းလေးတစ်ခုကိုအတူတ
ကွပျော်ရွှင်စွာဖြတ်သန်းကကြမယ်
လေ..ဟုတ်ပြီလား…စီနီယာအကိုရဲ့ခန္ဓာကိုယ်က မင်းစိတ်ကျေနပ်သလိုအလိုရှိတိုင်း အသုံးတော်ခံခွင့်ပေးမှာနော်”
ဆက်ရန်….
ဘာသာပြန်သူ-ARISE