ရိုးသားမှု
Vol. 3 Ch. 32
အခန်း(၃၂) - ရိုးသားမှု
ယဲ့ရှောင်ချန်းကော လျှို့ဖူရှန်းကော ဆရာကြီးလင် သူတို့ပြန်ကြတော့မှန်း သိသောအခါ သူကိုယ်တိုင်လိုက်လာလိမ့်မည်ဟု ထင်မထားပါ။ ဆရာကြီးလင်က တကယ် မစောင့်နိုင်တော့ဘူးဟု ဆိုကာ ယဲ့ရှောင်ချန်း၏ ခြံကိုသွားပြီး သူစိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများကို ကြည့်ချင်နေသည်။
အစကတော့ ယဲ့ရှောင်ချန်း အရမ်းနောက်ကျနေပြီး မနက်ဖြန်မှ လာသင့်သည်ဟု ပြောချင်သော်လည်း ဆရာကြီးလင်၏ စိတ်ဓာတ်တက်ကြွမှုကို မြင်သောာအခါ သူထိုစကားများ မပြောဖြစ်ခဲ့ပါ။
ဆရာကြီးလင်က အလွန်စကားများသည်။ အထူးသဖြင့် အစားအသောက်နှင့် ပတ်သက်လျှင်ပိုဆိုးသည်။ သူ့တွင်ထူးခြားသော အမြင်နှင့် အိုင်ဒီယာများလည်းရှိသည်။
"ယဲ့ရှောင်ချန်း ပြောရရင် မင်းရဲ့ ဟင်းသီးဟင်းရွက်မျိုးတွေက ပုံစံပိုင်းတော့ သိပ်မပြည့်စုံဘူး၊ ဒါပေမယ့် ပုံစံဆိုတာကလည်း အမြင်တစ်ခုသက်သက်ပါပဲ ဟိုဆိုရိုးအတိုင်းပဲလေ၊ 'စိတ်ဝိညာဥ်မရှိတဲ့ ပစ္စည်းတစ်ခု'တဲ့ အရောင်ဆိုးပြီး မအောင်မြင်ရင်လည်း ဟင်းသီးဟင်းရွက်ကောင်း ဘယ်ဟုတ်တော့မလဲ၊ အခုပတ်ဝန်းကျင် ညစ်ညမ်းမှုက အရမ်းများလာတော့ ပိုးသတ်ဆေးနဲ့ အခြားမြေသြဇာတွေကို အများကြီးအသုံးချတာက ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေရဲ့ စိတ်ဝိညာဥ်ကို ထိခိုက်စေတယ်၊ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်စေဖို့ ဆိုရင် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေက အတွင်းပိုင်း ပြောင်းလဲမှုတွေနဲ့ကြုံရပြီး သူ့ရဲ့ အရသာအမှန်ကို ဆုံးရှုံးသွားရတယ်၊ မင်းစိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေမှာတော့ ငါအဲ့ဒီအရသာာအစစ်အမှန်ကို ခံစားရတယ်ကွ။"
ဆရာကြီးလင်က အဓိကအချက်ကို ပြောလိုက်ပြီး ပြုံးကာမေးလိုက်သည်။ "မင်းဟင်းသီးဟင်းရွက်တွေရဲ့ အရသာအစစ်အမှန်ကို ဘယ်လိုထိန်းသိမ်းခဲ့တာလဲ။"
ယဲ့ရှောင်ချန်းတစ်ယောက် ဆရာကြီးလင်၏ စကားများကို နားထောင်ပြီးသွားသောအခါ ထိုအကြောင်း သူလေးလေးနက်နက် တွေးကြည့်လိုက်မိသည်။
ဆရာကြီးလင်က အပင်များ၏ အသိစိတ်အကြောင်း အတိအကျ မပြောသော်လည်း သူအချိတ်အဆက်မိလာပြီ ဖြစ်သည်။ အပင်၏ အသိစိတ်က ပြင်ပပတ်ဝန်းကျင် ပြောင်းလဲမှုများနှင့် လိုက်လျောညီထွေးဖြစ်အောင် ပြောင်းလဲတတ်သည်။ တကယ်တော့ မျိုးကွဲခြင်း ပုံမှန်မဟုတ်သည့် ပြဿနာ ၇ မျိုးထဲတွင် ပါဝင်သည်။
သူတို့ရဲ့ ကားသည် ထိုက်ဖျင်မြို့သို့ ရောက်လာပြီဖြစ်သည်။
"ညီလေးယဲ့၊ ဒီနေ့ မင်း အရက်တွေအများကြီး သောက်ထားတာပဲ။ မင်းဆိုင်ကယ် မစီးနဲ့။ ငါမင်းနဲ့ ဆရာကြီးလင်တို့ကို လိုက်ပို့ပေးမယ်။"
လျှို့ဖူရှန်းက ပြောလိုက်သည်။
"အစ်ကိုကြီးဖူ၊ ကျွန်တော့်ကို အရက်အများကြီး သောက်ထားတဲ့လူလို့ မြင်နေတာလား။"
ယဲ့ရှောင်ချန်းက ပြုံးကာမေးလိုက်သည်။
လျှို့ဖူရှန်း ခေါင်းသာခါနိုင်တော့သည်။ ယဲ့ရှောင်ချန်း၏ သောက်နိုင်စွမ်းကို အလွန်အားကျမိသည်။
အရက်တွေအများကြီး သောက်ပြီးတာတောင် သူဘာမှမဖြစ်သည့်အတိုင်းပင်။
ယဲ့ရှောင်ချန်းက သူ့လိုဝိုင်ကို ရေဖြင့်လဲပြီး မညစ်ပတ်ခဲ့ပါ။ တကယ်တော့ သူ့ရဲ့ပုံမှန်သောက်နိုင်စွမ်းနှင့် တစ်ခွက်နှစ်ခွက်လောက် သောက်လိုက်ပါက ချက်ချင်း မူးသွားနိုင်ပါသည်။
နောက်ဆုံးတော့ ယဲ့ရှောင်ချန်းက ဆရာကြီးလင်ကို ဆိုင်ကယ်ပေါ်တင်ကာ ယုဖန်ရွာသို့ မောင်းသွားသည်။
သူတို့ ခြံသို့ရောက်သောအခါ ညနေ ၇ နာရီပင် ထိုးနေပြီဖြစ်သည်။
ယဲ့ရှောင်ချန်းက စိုက်ပျိုးရေးခြံမှ မီးများအားလုံးကို ဖွင့်လိုက်သည်။
"မင်းရဲ့ စိုက်ပျိုးရေးခြံက ဒီလောက်ကြီးလိမ့်မယ်လို့ ထင်မထားဘူး။"
ဆရာကြီးလင်က အံ့အားသင့်သွားသည်။
ထိုကဲ့သို့ စစ်မှန်သော ဟင်းသီးဟင်းရွက်များကို အများအပြား စိုက်ပျိုးဖို့ မဖြစ်နိုင်ဘူးဟု သူတွေးခဲ့မိသည်။
စစ်မှန်သော ဟင်းသီးဟင်းရွက်များက မရှိတတ်သည်တော့ မဟုတ်ဘဲ ရှားပါးသည်။ အထူးသဖြင့် ထောက်ပို့ရာတွင်ဖြစ်သည်။ ထို့အပြင် စိုက်ပျိုးရသည့်ပမာဏက နည်းပါးပြီး စိုက်ပျိုးရန်အတွက် အလွန်ခက်ခဲသော အခြေအနေများလည်း ရှိသည်။
ဤမျှများပြားသော ဟင်းသီးဟင်းရွက်အစစ်အမှန်များကို စိုက်ပျိုးဖို့ဆိုလျှင် ကုန်ကျစရိတ်က သေချာပေါက် နည်းပါးမည် မဟုတ်ပါ။
ထို့ကြောင့် ဆရာကြီးလင်ကလည်း အံ့အားသင့်သွားရသည်။
သူ ဟင်းသီးဟင်းရွက်များကို သေသေချာချာ စိုက်ပျိုးသော အထူးစိုက်ပျိုးရေးခြံများသို့ ရောက်ဖူးပါသည်။ တစ်ယောက်ချင်းစီ၏ ဆက်သွယ်နိုင်သော အချက်အလက်များကိုလည်း သေသေချာချာ မှတ်သားထားသည်။
"အရမ်းကြီး မကြီးပါဘူးဗျာ။"
ဆရာကြီးလင်၏ ဆိုလိုရင်းကို ယဲ့ရှောင်ချန်းတစ်ယောက် နားမလည်ခဲ့ပါ။
သူ့စိုက်ပျိုးရေးခြံက မကြီးမားပါ။ စိုက်ပျိုးရေးခြံငယ်ဟုသာ သတ်မှတ်နိုင်သည်။ ကြီးမားသော စိုက်ပျိုးရေးခြံ တစ်ခုတွင် ဖန်လုံအိမ် ရာပေါင်းများစွာ ရှိတတ်သည်။
ကြီးမားသော စိုက်ပျိုးရေးခြံများတွင် မြေဧကထောင်နှင့်ချီပြီး ကျယ်ပြန့်သည်။
သူ့စိုက်ပျိုးရေးခြံ သည်ထိုအဆင့်ထိ ရောက်သွားပါက လူသုံးလေးငါးယောက်ဖြင့် ထိန်းသိမ်းနိုင်တော့မည်မဟုတ်ပါ။
သူစိုက်ပျိုးရေးခြံကို တိုးချဲ့ရင်ကောင်းမလား မကောင်းဘူးလားဟု ဇဝေဇဝါဖြစ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။
သူ့စိုက်ပျိုးရေးခြံတွင် လျှို့ဝှက် "အင်မော်တယ်မြေ" ရှိနေသည်။ သူသည် တကယ်တမ်းသာ အခြားသူများကို ငှားခဲ့ရလျှင် သူတို့ရိပ်မိသွားလိမ့်မည်။
ပြီးတော့ လူမငှားဘဲနဲ့လည်း စိုက်ပျိုးရေးခြံအား တို့ချဲ့၍မရပါ။
သို့သော် ဆရာကြီးလင်၏ ပုံသဏ္ဌာန်က သူ့အား မတူညီသောအဖြေတစ်ခု ရစေခဲ့သည်။ အထူးထုတ်ကုန်လမ်းကို ရွေးကြည့်ရအောင်လား။
သူစိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များကို ပုံမှန်စျေးထက် ၁၀ ဆလောက် သို့မဟုတ် အဆ ၁၀၀ လောက်ဖြင့်ပင် ရောင်းချနိုင်မည် ဆိုပါက သူငွေမရှာနိုင်မည်ကို စိုးရိမ်စရာ လိုဦးမည်လား။
ဆရာကြီးလင်က သူအထူးထုတ်ကုန်လမ်းစဥ်ကို ရွေးချယ်ဖို့အတွက် အခွင့်ကောင်းတစ်ခု ဖြစ်ပါသည်။
ယဲ့ရှောင်ချန်း၏ အဖြေအပေါ် မူတည်ပြီး ဆရာကြီးလင်က တော်ရုံသင့်ရုံ စဥ်းစားပေးမည်ဖြစ်သည်။
နောက်တစ်ခါ ဆရာကြီးလင်က ဖန်လုံအိမ်များထဲသို့ ဝင်လိုက်ထွက်လိုက် ကြည့်နေသည်။
သူသစ်သီးဝလံ ဟင်းသီးဟင်းရွက်မျိုးစုံကို ကြည့်လိုက်သည်။
"အင်း ဒီသခွားသီးက ကောင်းမယ့်ပုံပဲ၊ အရွယ်အစားကော နုပျိုမှုကော အရမ်းကောင်းပြီး အရသာကလည်း အရင်တစ်ခေါက်ကထက် ပိုကောင်းလာတယ်၊ အရောင်လည်းလှပြီး စိတ်ဝိညာဥ်လည်း ကောင်းမွန်တယ်။ ငါ ထောက်ပို့ရေးစိုက်ပျိုးရေးခြံ မျိုးစုံကို သွားဖူးရင်တောင် ဒီလိုသခွားသီးမျိုးကို မမြင်ဖူးဘူး။"
ဆရာကြီးလင်က ကျပန်း သခွားသီးတစ်လုံးကို ခူးလိုက်ပြီး ရေမဆေးဘဲ စားလိုက်သည်။
သူ အတော်လေး ချီးကျူးမိသည်။
သူ အခြားဟင်းသီးဟင်းရွက်များကိုပင် မြည်းကြည့်ခဲ့သည်။ မချက်ပြုတ်ရသေးဘဲ အစိမ်းလိုက်ဆိုရင်တောင် ပါဝင်ပစ္စည်းများစွာ မထည့်ရသေးသည့် ဟင်းသီးဟင်းရွက်များ၏ အရသာက သိသာပေါ်လွင်လွန်းလှသည်။
သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ အားလုံးကို ကြည့်ပြီးသွားသောအခါ ဆရာကြီးလင်က သက်ပြင်းသာချနိုင်တော့သည်။
ယခင်က ယဲ့ရှောင်ချန်း၏ စိုက်ပျိုးရေးခြံတွင် အရည်အသွေးကောင်းသော ဟင်းသီးဟင်းရွက်က တစ်စိတ်တစ်ပိုင်းသာ ရှိလိမ့်မည်ဟု ထင်ထားမိသည်။ သို့သော်လည်း ကြည့်ရတာ သူဒီကောင်လေးကို အထင်သေးမိသွားပြီထင်သည်။
အရည်အသွေးကောင်းမွန်သော ဟင်းသီးဟင်းရွက်များနှင့် ပြည့်နှက်နေသော စိုက်ပျိုးရေးခြံတစ်ခုပင်။ ဒီကောင်လေး ဘယ်လိုများ ပျိုးထောင်နိုင်ခဲ့သလဲဟု သူအမှန်တကယ် သိချင်နေမိသည်။
စိုက်ပျိုးရေးခြံ၏ အခြေအနေကို ကြည့်လိုက်လျှင် ရိုးရှင်းလှသည်။ အခြား သာမန်စိုက်ပျိုးရေးခြံ ဖန်လုံအိမ်များနှင့် ခြားနားမှုမရှိပါ။ သို့သော် ထိုကဲ့သို့ ခက်ခဲသောအခြေအနေမျိုးမှာပင် အရည်အသွေးကောင်းသော ဟင်းသီးဟင်းရွက်များကို သူစိုက်ပျိုးနိုင်ခဲ့သည်။
ယခုတော့ ဆရာကြီးလင်က ယဲ့ရှောင်ချန်းအကြောင်း ပိုပိုပြီး သိချင်လာမိသည်။
"ယဲ့ရှောင်ချန်း၊ မင်းစိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေက ငါထင်ထားတာထက် ပိုကောင်းနေတာပဲ၊ မင်းစျေးကို သတ်မှတ်လိုက်တော့ကွာ။ ဒီမှာ ငါနေ့တိုင်းလိုအပ်တဲ့ ဟင်းသီးဟင်းရွက်စာရင်း။"
ဆရာကြီးလင်က မတွန့်ဆုတ်ဘဲ ဆုံးဖြတ်ချက်ကို ချက်ချင်းချလိုက်သည်။ သူကြိုတင်ပြင်ဆင်ထားသော စာရင်းကို ကမ်းပေးလိုက်သည်။
ယဲ့ရှောင်ချန်းက စာရင်းကို ယူကာ တစ်ချက်ကြည့်လိုက်သည်။ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများအားလုံးကို ပေါင်းစပ်ပါက ၁၀၀ ကီလိုဂရမ်ဝန်းကျင်လောက် ရှိလိမ့်မည်။
သူ အနည်းငယ် တွက်ချက်လိုက်ပြီးနောက် ဘောပင်ကိုယူကာ စာရင်းပေါ်တွင် စျေးနှုန်းများကို ရေးသားလိုက်သည်။
ရေးပြီးသွားသောအခါ စာရင်းကို ဆရာကြီးလင်အား ပြန်ပေးလိုက်သည်။
ဆရာကြီးလင် စာရင်းပေါ်က စျေးများကို မြင်သောအခါ အလွန်အမင်း အံ့သြသွားသည်။ ယဲ့ရှောင်ချန်း ရေးလိုက်သော စျေးများက များလွန်း၍မဟုတ်၊ နည်းလွန်းနေသောကြောင့်ပင်။
"ယဲ့ရှောင်ချန်း၊ ငါမင်းရဲ့ဟင်းသီးဟင်းရွက်တွေကို ပုံမှန်စျေးထက် ၁၀ ဆ ပေးဝယ်မယ်လို့ ပြောမထားဘူးလား၊ ဒါပေမယ့် မင်း..."
ဆရာကြီးလင်မှာ မယုံကြည်နိုင်ပေ။
ဒီလို အရည်အသွေး ကောင်းမွန်လှသော ဟင်းသီးဟင်းရွက်များကို ဘာကြောင့် ဒီလိုစျေးနိမ့်နိမ့်နဲ့ ရောင်းချရတာလဲ။
"ဆရာကြီးလင်၊ ကျွန်တော် စျေးမြင့်မြင့်နဲ့ မရောင်းချင်လို့ မဟုတ်ပါဘူး။ အခုလောလောဆယ် မရောင်းနိုင်သေးလို့ပါ။"
ယဲ့ရှောင်ချန်း နာနာကျင်ကျင်ဖြင့် အမှန်တိုင်း ပြောလိုက်ရသည်။
အကြောင်းပြချက်ရှိသောကြောင့် သူဟင်းသီးဟင်းရွက်များကို ပုံမှန်စျေးဖြင့် ရောင်းချရခြင်းဖြစ်သည်။ ယခု သူ့ဟင်းသီးဟင်းရွက်များကို စူပါမားကတ်များနှင့် စားသောက်ဆိုင်များအား အဓိကပို့ဆောင်နေပြီး စျေးကလည်း မများပေ။
ထို့ကြောင့် စာချုပ်သက်တမ်းမကုန်မီ အချိန်ခဏလောက်အထိတော့ သူစျေးနှုန်းများကို မြှင့်တင်၍ မရပါ။
ယခုဟင်းသီးဟင်းရွက်များ၏ စျေးက မမြင့်ပါ။ အခြားသူများကို သူ ညီတူညီမျှ ဆက်ဆံရမည်။ လူတစ်စုကိုပဲ လျစ်လျူရှု၍မဖြစ်ပါ။ သူ စျေးနှုန်းကို မြှင့်မည်ဆိုလျှင်တော့ ဆရာကြီးလင်က သေချာပေါက် လက်ခံမည် ဖြစ်ပါသည်။
သို့သော် သူ မမြှင့်နိုင်ပါ။
သူက ရိုးသားသော စရိုက်ရှိပြီး ဉာဏ်နီဉာဏ်နက်များရသည်ကို မကြိုက်ပါ။
ထို့အပြင် အခြားအတွေးများလည်းရှိသေးသည်။ သူ့အထူးဟင်းသီးဟင်းရွက်အစီအစဥ်များက ဆရာကြီးလင်၏ အကူအညီကို လိုအပ်သည်။
ထို့ကြောင့် ဆရာကြီးလင်အား သူ့စေတနာကောင်းမှုကို ပြသနေခြင်းဖြစ်သည်။
ဆရာကြီးလင်က ယဲ့ရှောင်ချန်းတစ်ယောက် ရှင်းပြသည်ကို နားထောင်ပြီးသောအခါ သူအနည်းငယ် အံ့အားသင့်သွားမိသည်။ သူသေချာပေါက် ယဲ့ရှောင်ချန်းတွင် ရောင်းချနေရသော အခြားနေရာများရှိပြီး စျေးနှုန်းကလည်း မမြင့်လောက်မှန်း သိနေပါသည်။
သူကတန်သည်ဟုထင်လျှင် စျေးမြင့်မြင့်ဖြင့်ဝယ်ရလည်း ဂရုမစိုက်ပါ။
သို့သော်လည်း ယဲ့ရှောင်ချန်းက ရိုးသားသောလူတစ်ယောက်ဖြစ်နေမည်ဟု မထင်မိခဲ့ပေ။
ရုတ်တရက်၊ သူ့ရင်ထဲ ခံစားသွားရပြီး ယဲ့ရှောင်ချန်းကို ပိုမိုသဘောကျသွားသည်။ ဒီလို ရိုးသားသော လူငယ်တစ်ယောက်ကို တွေ့နိုင်ဖို့က ရှားပါးလွန်းလှသည်။
သူ့ရင်ထဲတွင် တွေးမိသည့်အရာရှိသည်။ ဒီလိုလူငယ်မျိုးအး အရည်အသွေးမြင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရင်းနှင့် ကွယ်ပျောက်သွားခွင့် မပြုနိုင်ပါ။
ဧကန္တ သူ ကူညီပေးနိုင်လောက်မည်။