← Chapters

ဆွဲထုတ်ခြင်း

Vol. 3 Ch. 44

ဆွဲထုတ်ခြင်း

Vol. 3 Ch. 44

အခန်း(၄၄) - ဆွဲထုတ်ခြင်း

"ပြီးပါပြီ"

ယဲ့ရှောင်ချန်းက လေအေးပေးစက်ပလပ်ကို ပလပ်ပေါက်ထဲသို့ ထိုးထည့်ကာ ရီမုပေါ်မှ ဖွင့်သည့်ခလုတ်ကို နှိပ်လိုက်သည်။ တီ ဆိုသည့် အသံနှင့်အတူ လေအေးပေးစက် စတင်လည်လာပြီး လေအေးများ တိုက်ခတ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ပူအိုက်လှသော သွပ်အိမ်လေးက အေးမြလာခဲ့သည်။

"တကယ် မလွယ်ဘူး။"

ယဲ့ရှောင်ချန်းသည် ဝါးကုလားထိုင်ပေါ်တွင် ထိုင်ကာ ခြေထောက်ချိတ်တင်ထားလိုက်သည်။ သူ့ရလဒ်တွေကို သူကျေနပ်လို့ နေပါသည်။

မကြာသေးခင်က ဒီသွပ်အိမ်လေးကို ပြန်ပြင်ဆင်နေခဲ့ပြီး နောက်ဆုံးတော့ ဒီနေ့မှာ ပြီးဆုံးသွားပြီဖြစ်သည်။

အဘိုးယဲ့၏ ဖယောင်းဖြူ ဘွန်ဆိုင်းပင်ကလည်း သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ယဲ့ရှောင်ချန်းသည်လည်း ထိုအကြောင်းကို သိပ်အာရုံမစိုက်တော့ပါ။

ကောင်းပြီ။

သူ့ရဲ့ အာရုံစူးစိုက်မှုက စိုက်ပျိုးရေးခြံတွင်သာ ရှိနေသေးသည်။ သူသည် ဘွန်ဆိုင်းပင်ကို အာရုံစိုက်ဖို့ သူ့မှာ စွမ်းအင်အများကြီး မရှိပါဘူး။

ငွေရှာတာက အရေးကြီးဆုံးပါပဲ။

ခဏလောက် အနားယူပြီးနောက် ယဲ့ရှောင်ချန်းသည် ထကာ တပ်ဆင်ရေး ပစ္စည်းအားလုံးကို သိမ်းဆည်းလိုက်ပါသည်။

ယဲ့ရှောင်ချန်းသည် လေအေးပေးစက်ကို ကိုယ်တိုင် မတပ်ဆင်ချင်ခဲ့ပါ။ သို့သော် မြို့ထဲတွင် လေအေးပေးစက် သွားဝယ်စဥ်က တပ်ဆင်စရိတ်မှာ ယွမ်၂၀၀ ဖြစ်နေသည်။

ဒေါသတကြီးနဲ့ သူကိုယ်တိုင်ပဲ တပ်ဆင်လိုက်သည်။

အဲဒါနဲ့ ပတ်သက်ပြီး ဘာအခက်အခဲရှိလဲ။

ဘယ်သူ့အကူအညီမှမပါပဲ သက်တောင့်သက်တာနေထိုင်စားသောက်နိုင်သည်။

သူ့စွမ်းရည်ကိုလည်း လေ့ကျင့်ပေးရာရောက်သည်။

အမှန်တော့ ယဲ့ရှောင်ချန်းသည် ယွမ် ၂၀၀ သုံးစွဲဖို့ တွန့်တိုနေခဲ့ခြင်းဖြစ်သည်။

သူ့ရဲ့ ငွေစုဆောင်းတတ်သည့်စရိုက်က သူ့အမေထံမှ ဆက်ခံထားခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် ငွေများကို ဘယ်တော့မှ အလကား မဖြုန်းတီးတတ်ပါ။

ဆိုရိုးစကားအတိုင်း ဆင်းရဲနွမ်းပါးသောကလေးများသည် စောစီးစွာ လူကြီးဖြစ်လာသည်။

ယဲ့ရှောင်ချန်းသည် ဖုန်းကို ကြည့်လိုက်သည်။ အချိန်က စောနေပါသေးသည်။

သူသည် ဝါးခမောက်ကို ကောက်ဆောင်းလိုက်ပြီး သွပ်မိုးအိမ်ထဲမှ ထွက်လာလိုက်သည်။

တံခါးကိုဖွင့်လိုက်သည်နှင့် အပူလှိုင်းများက ချက်ချင်းပင် အရှိန်ပြင်းပြင်းဖြင့် ကြိုဆိုနှုတ်ဆက်လာခဲ့သည်။

မနေ့မွန်းလွဲပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့သော်လည်း အပူချိန်ကတော့ လျော့နည်းမသွားသေးချေ။

ယဲ့ရှောင်ချန်းသည် ဖန်လုံအိမ်အားလုံးကို ကြည့်ရှုစစ်ဆေးခဲ့သည်။

စိုက်ပျိုးထားသည့် ပျိုးပင်အများစုက အလွန်ကောင်းမွန်စွာ ကြီးထွားနေကြပါသည်။

အထူးသဖြင့် နူးညံ့ပြီး စိမ်းလန်းသော မုန်လာဥနီပျိုးပင်များသည် မကြာသေးမီက ရောင်းအားကောင်းခဲ့သည်။

ထို့ကြောင့် ယဲ့ရှောင်ချန်းသည် ပျိုးပင်အနည်းငယ်ကို တမင်တကာ ထပ်စိုက်ထားခဲ့သည်။

ဤဟင်းသီးဟင်းရွက်များသည် အပင်ပေါက်ပြီး ပျိုးပင်အဆင့်ကိုရောက်ပြီဆိုတာနှင့် ယဲ့ရှောင်ချန်း၏ ရှန်းနုန်ပါရမီအကူအညီဖြင့် ကြီးထွားနှုန်း တိုးမြင့်သွားပြီး တစ်ပတ်အတွင်း အရွယ်ရောက်နိုင်ကြပေသည်။ ပုံမှန်ဆို မြေဆီလွှာမဲ့ စိုက်ပျိုးနည်းစနစ်ကို အသုံးပြုပါက အရွယ်ရောက်ဖို့ဆိုလျှင် အနည်းဆုံး လဝက်ခန့် အချိန်ယူရမည်ဖြစ်သည်။

မုန်လာဥပျိုးပင်ပေါက်များကလည်း သူ့အတွက် ဝင်ငွေကောင်းကောင်း ရှာပေးနိုင်ကြသည်။

မုန်လာဥနီပေါက်စျေးက မနည်းပေ။ ပျိုးထောင်ချိန်နည်းပါးပြီ အထွက်နှုန်းလည်း များပါသည်။

ယဲ့ရှောင်ချန်းသည် အမြတ်အစွန်းများသော ကောက်ပဲသီးနှံဟု သတ်မှတ်ကြသည့် ပဲစေ့များကိုလည်း စိုက်ပျိုးဖို့ စီစဥ်နေပါသည်။

ဟုတ်ပါတယ်၊ ယဲ့ရှောင်ချန်းသည် အင်မော်တယ်မုန်လာဥများကိုလည်း သေချာဂရုစိုက်ပါသည်။ အင်မော်တယ်မုန်လာဥတွေက တစ်ပတ်အတွင်း အရွယ်ရောက်ကြလိမ့်မည်ဟု ခန့်မှန်းရပါသည်။

အဝါရောင်အင်မော်တယ် ပဲပင် လေးပင်ကလည်း ကောင်းမွန်စွာ ကြီးထွားနေပြီး ထူးထူးခြားခြား ပန်းတွေနဲ့ ပြည့်နှက်နေပါသည်။

ထိုပန်းပွင့်များမှ အစိမ်းရောင်ပဲစေ့များ ဖြစ်လာမည့်အချိန်ကို စဥ်းစားကြည့်လျှင် သူ့ရင်ထဲ စိတ်လှုပ်ရှားလာရပါသည်။

အင်မော်တယ်မြေကို ကြည့်ရှုစစ်ဆေးနေသည့် ယဲ့ရှောင်ချန်းသည် တစ်နေရာအရောက်တွင် သူ့မျက်လုံး သူငယ်အိမ်များ မှေးကျဥ်းသွားခဲ့ပါသည်။ ထို့နောက် အဝါရောင်အင်မော်တယ်ပဲပင်တစ်ပင်ရှေ့သို့ လျင်မြန်စွာ လျှောက်သွားပြီး ထိုင်ချလိုက်သည်။

သူသည် ညှိုးနွမ်းနေသော အဖူးတချို့ကို မြင်ကာ အံ့အားသင့်သွားသည်။

"လခွမ်း ဘာတွေဖြစ်နေတာလဲ။"

ယဲ့ရှောင်ချန်းက တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။

သူသည် အခြား ပဲပင် သုံးပင်ကို ကြည့်လိုက်သည်။ အကုန်လုံး အဆင်ပြေကြပြီး ဒီတစ်ပင်တည်းကသာ ဖြစ်နေခြင်းဖြစ်သည်။

သူ့ရင်ထဲတစ်မျိုးဖြစ်သွားသည်။

သေချာပေါက် ဒီအဝါရောင် အင်မော်တယ် ပဲပင်က နာမကျန်းဖြစ်နေပြီ။

ဒါက ကောင်းမွန်သောအရာတော့ မဟုတ်ပါ။

သာမန်ဟင်းသီးဟင်းရွက်တွေက နေမကောင်းတဲ့အခါ လျစ်လျူရှုထားနိုင်သော်လည်း အင်မော်တယ် အပင်များကတော့ မတူပါဘူး။

အထွက်နှုန်း လျော့ကျသွားတာနဲ့ ဆုံးရှုံးမှုက ကြီးမားပါသည်။

အရည်အသွေးကိုလည်း ထိခိုက်နိုင်သည်။

သာမန် ကုသရေးနည်းလမ်းများသည် အင်မော်တယ်အပင်များအပေါ်တွင် လုံးဝသက်ရောက်မှုမရှိပါ။

ရှန်းနုန်စနစ်မိတ်ဆက်လမ်းညွှန်တွင် ကြိုတင်ကာကွယ်ခြင်းနှင့် ကုသခြင်းနည်းလမ်းများစွာရှိသည်။

သို့သော် အခု လောလောဆယ် သူ့အတွက် အနည်းငယ် ခက်ခဲနေပါသေးသည်။

"ကြည့်ရအောင်၊ ဒါက ဘာဖြစ်တာများလဲ။ ကူးစက်ရောဂါမဟုတ်ဖို့ ငါမျှော်လင့်တယ်။ မဟုတ်ရင် အခြားအပင်တွေကိုပါ ကူးသွားနိုင်တယ်။"

"ပြဿနာပဲဟေ့"

ယဲ့ရှောင်ချန်း ရင်ထဲတွင် ငြီးတွားလိုက်သည်။

ယဲ့ရှောင်ချန်းသည် အပင်ကို သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။

မူလက အဝါရောင်ရှိသော အဖူးများသည် အနည်းငယ် ညှိုးနွမ်းသွားပြီး ပန်းပွင့်ဖတ်များသည်လည်း မြေပြင်ပေါ်သို့ ကြွေကျသွားသည်။

အရွက်များမှာလည်း ရေဓာတ် အနည်းငယ် ခမ်းခြောက်နေသကဲ့သို့ အနည်းငယ် ရှုံ့တွနေပါသည်။

စိမ်းဝါရောင်ပင်စည်သည်လည်း အနည်းငယ် အနက်ရောင် သန်းနေခဲ့သည်။

ယဲ့ရှောင်ချန်းသည် အင်မော်တယ်ပေါက်ပြားကို ထုတ်ယူလိုက်ပြီး ဂရုတစိုက်ဖြင့် အပင်ဘေးက အင်မော်တယ်မြေကို တူးဆွကာ အမြစ်များ၏ အခြေအနေကို လေ့လာကြည့်ရှုခဲ့သည်။

ကံကောင်းထောက်စစွာ၊ အမြစ်တွေကတော့ ပုံမှန်အတိုင်းပင်။

အမြစ်တွေမှာသာ တစ်ခုခု ဖြစ်နေပါက ပြဿနာ အလွန်ကြီးသွားနိုင်သည်။

"ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာတွေ ရှိနေတယ်။ ပန်းပွင့်တွေက ညှိုးသွားတယ်၊ ပြီးတော့ အင်မော်တယ်မြေထဲက ရေပမာဏကလည်း မနည်းပါဘူး၊ သေချာပေါက် လုံလောက်ပါတယ်..."

ယဲ့ရှောင်ချန်းသည် သူကျွမ်းကျင်တတ်မြောက်ထားသောပညာဖြင့် ပြဿနာကို ဆန်းစစ်လိုက်သည်။

အင်မော်တယ်မြေ၏ အစိုဓာတ်စုပ်ယူခြင်းက အလွန်ထူးခြားသည်။ ရေစုပ်ယူပြီးလျှင် ပျော့ပျောင်းပြီး နူးညံ့လာတတ်သော သာမန် မြေဆီလွှာလို မဟုတ်ဘဲ အင်မော်တယ်မြေကတော့ ၎င်း၏ မာကျောသော သဘာဝကို ဆက်လက်ထိန်းသိမ်းထားနိုင်သည်။

ထို့ကြောင့် အင်မော်တယ်မြေထဲရှိ ရေများက ပြင်ပမာဏတစ်ခုအထိ ထိန်းသိမ်းထားနိုင်သည်။

"ဟုတ်ပြီ။"

ယဲ့ရှောင်ချန်းသည် သဲလွန်စတချို့ ရလိုက်ပြီဖြစ်သည်။ သို့သော် ထပ်မံ အတည်ပြုဖို့ လိုအပ်နေသေးသည်။ ထို့ကြောင့် ချက်ချင်းဆိုသလိုပင် အခြား ပဲပင် သုံးပင်ကို စစ်ဆေးလိုက်သည်။

နောက်ဆုံးတော့ နောက်ထပ် အဝါရောင် ပဲပင်တစ်ခိုင်တွင် အလွန်သေးငယ်သော လက္ခဏာများကို တွေ့သွားသည်။ အရင်တစ်ပင်နှင့် အလွန်ဆင်တူသော်လည်း ဒီတစ်ပင်က အနည်းငယ်သာ သက်ရောက်မှုရှိသေးသည်။

"ကြည့်ရတာ ဒီလိုဖြစ်တာနဲ့တူတယ်။"

ယဲ့ရှောင်ချန်း ခေါင်းခါလိုက်သည်။

လောလောဆယ်မှာတော့ ဒီပြဿနာအတွက် သူ့မှာ ဖြေရှင်းချက် ကောင်းကောင်း မရှိသေးပါ။

အဝါရောင်အင်မော်တယ် ပဲပင်၏ အရည်အသွေးက အင်မော်တယ် မုန်လာဥများထက် တစ်ဆင့် ပိုမြင့်သည်။ အဝါရောင်အဆင့် ဒုတိယအဆင့် အင်မော်တယ်အပင်ဖြစ်ပြီး စိုက်ပျိုးရန် လိုအပ်ချက်များမှာ ပိုမိုမြင့်မားသည်။

အခြား ပဲပင်များသည်လည်း အမျိုးမျိုးသော အထူးအခြေအနေရပ်များကို လိုအပ်သည်။

သို့သော် အဝါရောင်အင်မော်တယ် ပဲပင်ကတော့ အင်မော်တယ် မြေလုံလောက်ဖို့ပဲ လိုအပ်သည်။

ဧကန္တ အင်မော်တယ် မြေကို လိုအပ်မှု မြင့်မားသဖြင့် ပိုမြင့်သော အင်မော်တယ် ရောင်ဝါကို လိုအပ်ခြင်းလည်းဖြစ်နိုင်သည်။ ဟုတ်လျှင် ဒီလိုဖြစ်ရပ်မျိုး ဖြစ်လာမည်ဖြစ်သည်။

ယဲ့ရှောင်ချန်းက အဝါရောင် အင်မော်တယ် ပဲပင်များကို ပထမဆုံးအကြိမ် စိုက်ပျိုးဖူးခြင်း ဖြစ်သဖြင့် အတွေ့အကြုံဘာမှ မရှိပါ။ သူ့ပညာနှင့် ရှန်းနုန်မိတ်ဆက်လမ်းညွှန်မှ အချက်အလက်တချို့ကိုသာ ပေါင်းစပ်နိုင်သည်။ သူစစ်မှန်သော ကျွမ်းကျင်မှုကို မရရှိသေးပါ။

ဖြစ်ချင်တော့ ပေါ့ဆမှုတချို့ရှိခဲ့ပါသည်။

ဒီတစ်ခေါက် ပထမအဆင့် အင်မော်တယ် မြေပေါ်တွင် အဝါရောင်အင်မော်တယ် ပဲပင်များအတွက် နေရာအနည်းငယ် လိုအပ်သည်။ ပဲပင်တွင် ရောင်ဝါကို သိမ်းပိုက်တတ်သော လက္ခဏာရှိ၏။ နေရာက နီးကပ်လွန်းနေပါက အင်မော်တယ် ပဲပင်များသည် အင်မော်တယ် ရောင်ဝါ ရရှိရေးအတွက် ပြိုင်ဆိုင်ကြလိမ့်မည်။

အပင်တစ်ပင်ကို မယှဥ်ပြိုင်နိုင်တော့ပါက ညှိုးနွမ်းသော ဖြစ်စဥ် ဖြစ်လာလိမ့်မည်။

နောက်ဆုံးရလဒ်အနေနှင့် အထွက်နှုန်း လျော့ကျသွားပြီး လုံးဝ ရိတ်သိမ်း၍ မရနိုင်တာမျိုးပင် ဖြစ်သွားနိုင်သည်။

ယဲ့ရှောင်ချန်းသည် အခြားသော အင်မော်တယ် မုန်လာဥများကို ကြည့်ပြီး တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ကံကောင်းစွာဖြင့် အင်မော်တယ် မုန်လာဥများတွင်တော့ ထိုကဲ့သို့ ရောင်ဝါ သိမ်းပိုက်တတ်သော လက္ခဏာမရှိပါ။ ၎င်းတို့က အလွန်နူးညံ့သိမ်မွေ့ပြီး ငြိမ်းချမ်းစွာနေထိုင်နိုင်ကြသည်။

သို့သော်လည်း အင်မော်တယ်ပဲပင်များသည် တစ်ပင်နှင့် တစ်ပင် အလွန်နီးကပ်နေပါက၊ ၎င်းတို့တွင် ရောင်ဝါနှင့် အာဟာရ ထောက်ပံ့မှုများ လစ်ဟာနေနိုင်ကြောင်း နောက်ဆုံးတွင် သူ နားလည်သဘောပေါက်ခဲ့သည်။

"ကြည့်ရတာ အနာဂတ်မှာ ငါ ဒီပြဿနာကို အာရုံစိုက်ဖို့ လိုနေပုံရတယ်။ ကံမကောင်းစွာနဲ့၊ အင်မော်တယ် စမ်းရေနဲ့ အင်မော်တယ် မြေသြဇာတွေ မရှိဘူး၊ မဟုတ်ရင် အင်မော်တယ် စမ်းရေနဲ့ အင်မော်တယ် မြေသြဇာတို့နဲ့ဆိုရင် ဒီပြဿနာ ဖြစ်လာမှာ မဟုတ်ဘူး။”

ယဲ့ရှောင်ချန်းက သက်ပြင်းချလိုက်သည်။

ယဲ့ရှောင်ချန်းသည် ခြောက်သွေ့နေသော အဝါရောင် အင်မော်တယ် ပဲပင် ပျိုးပင်ပေါက်ကို ကြည့်လိုက်သည်။ သူသည် စိတ်ပိုင်းဖြတ်ပြီး အင်မော်တယ်ပေါက်ပြားကို ထုတ်ယူကာ အမြစ်များကို ချက်ချင်းတူးထုတ်ပစ်ခဲ့သည်။

ဤအဝါရောင်ပဲပင်၏ အထွက်နှုန်းသည် ရာနှုန်းပြည့် ပျက်စီးယိုယွင်းနေကြောင်း သူသိပြီး ပဲစေ့များ၏ အရည်အသွေး ဆုတ်ယုတ်ခြင်းကိုလည်း ရှောင်လွှဲ၍မရပေ။

သူသာ ဆွဲမနုတ်ဘူးဆိုလျှင် အခြားပဲပင်များကိုပါ ထိခိုက်စေလိမ့်မည်။

ညှိုးနွမ်းသွားနေသည့် လက္ခဏာ အနည်းငယ်ပြနေသော အဝါရောင် အင်မော်တယ်ပဲပင်ကိုတော့ သူ ဆုံးဖြတ်ရခက်နေကာ နောက်ဆုံးတော့ ဆွဲမနုတ်ဖြစ်ခဲ့ပါ။

အင်မော်တယ်ပဲပင်၏ တည်ရှိမှုသည် အလွန်အရေးပါခြင်းကြောင့် ဖြစ်ပါသည်။ ထို့နောက် အပင်ကို နုတ်ပြီးသွားသောအခါ ကျန်အပင်များက ရောင်ဝါများကို ပိုမိုစုပ်ယူနိုင်မည်ဖြစ်သဖြင့် ပြဿနာကြီးကြီးမားမား မရှိလောက်တော့ပါချေ။

တကယ်တော့ ယဲ့ရှောင်ချန်းသည် ကြီးမားသည့် စွန့်စားမှုနဲ့ ရင်ဆိုင်နေရဆဲဖြစ်သည်။

သူသည် ထိုအပင်ကို တကယ် တကယ်ဆွဲမနှုတ်ချင်ပါ။

ဆွဲထုတ်လိုက်သော အင်မော်တယ်ပဲပင်ကို မြင်လိုက်ရတော့ သူ့နှလုံးသွေးများ ယိုစီးကျလာသလို ခံစားလိုက်ရသည်။

ဒါ အဝါရောင် အင်မော်တယ် ပဲပင်ကြီးကွ။

မဟုတ်ဘူး။

၎င်းမှာ အင်မော်တယ်ယွမ် ၁ ယွမ် မဟုတ်ပါ။

ယဲ့ရှောင်ချန်း၏ မျက်လုံးထဲတွင် ထိုပဲပင်၏ တန်ဖိုးက အင်မော်တယ် ယွမ် များစွာထက်ပင် တန်ဖိုးရှိလှပါသည်။

All Chapters