← Chapters

အခွင့်အရေးပေးခြင်း

Vol. 3 Ch. 43

အခွင့်အရေးပေးခြင်း

Vol. 3 Ch. 43

အခန်း(၄၃) - အခွင့်အရေးပေးခြင်း

"မင်းက ဘယ်လိုလုပ်ပြီး သိတာလဲ" ဟု အဘိုးယဲ့က ပြန်မေးသည်။ "လွန်ခဲ့တဲ့လအနည်းငယ်က ငါသွေးတက်နေလို့ သာမန်ဝိုင်တွေ သောက်လို့မရဘဲ ဆေးဖက်ဝင်ဝိုင်တွေ ပြောင်းသောက်ခဲ့ရတယ်၊ ဒါပေမယ့် အဲ့တာကို မင်း ဘယ်လိုသိတာလဲ။"

အဘိုးယဲ့က အနည်းငယ် ကြောင်အသွားမိသည်။

အကယ်၍ သူသည် သူ့ပတ်ဝန်းကျင်ရှိ လျှို့ဝှက်ချက်ကို ယုံကြည်မှုမရှိပါက၊ ယဲ့ရှောင်ချန်းသည် ဒီအကြောင်းကို တစ်နေရာရာမှ ကြားလာသည်ဟု သံသယဝင်မိနိုင်သည်။

"အဲ့ဒါဆိုရင် လူကြီးမင်း ဆေးဖက်ဝင်ဝိုင်ကို ဖယောင်းဖြူဘွန်ဆိုင်းပင်ကိုလည်း လောင်းလိုက်သေးလား။"

ယဲ့ရှောင်ချန်းက ပြုံးကာ မေးလိုက်သည်။

"ပြဿနာက ငါ့ဝိုင်ကြောင့်လို့ ပြောချင်တာလားကွ။"

အဘိုးယဲ့တစ်ယောက် မယုံကြည်နိုင်သေးပေ။

ဘယ်ဝိုင်ဖြစ်ဖြစ် ဝိုင်ပဲ မဟုတ်ဘူးလား။

ဆေးဖက်ဝင်ဝိုင်ကလည်း ဝိုင်ပဲဖြစ်သည်။ ကျန်းမာရေးကောင်းဖို့အတွက် တရုတ်တိုင်းရင်းဆေး တချို့ကိုသာ ဝိုင်ထဲ ရောစပ်ထားခြင်းဖြစ်သည်။

"အဲ့လိုပြောလို့လည်းရပါတယ်၊ ဒါပေမယ့် တချိန်တည်းမှာပဲ အဲ့လိုပြောလို့လည်းမရနိုင်ဘူး။ ဝိုင်က အစိတ်အပိုင်းတစ်ခုသက်သက်ပဲ၊ ပြဿနာက ဝိုင်ထဲမှာ ပါဝင်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေထဲက တစ်ခုကြောင့်ဖြစ်နိုင်တယ်။ ကျွန်တော့်ရဲ့ အပင်သန်ဆေးကို လောင်းလိုက်တဲ့အခါမှာ ဘာကြောင့် ပိုဆိုးလာလဲ ဆိုတာကိုလည်း ကျွန်တော် နားလည်သဘောပေါက်သွားပြီ။ ဘွန်ဆိုင်းပင်ရဲ့ အသေးစိတ်အချက်အလက်ကို ကျွန်တော် မသိပေမယ့် သေချာတာ တစ်ခုတော့ ရှိတယ်။ အဲ့တာက ဒီဘွန်ဆိုင်းပင်က တချို့သော ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ဘူး ဆိုတာပဲ။ ကျွန်တော့်ရဲ့ အပင်သန်ဆေးဖြစ်ဖြစ် အဘိုးရဲ့ ဆေးဖက်ဝင်ဝိုင်ဖြစ်ဖြစ် အဲ့ဒီနှစ်မျိုးစလုံးမှာ ဒီဘွန်ဆိုင်းပင်နဲ့ ဓာတ်မတည့်တဲ့ ပါဝင်ပစ္စည်းတွေ ပါနေတယ်။"

ယဲ့ရှောင်ချန်းက ရှင်းပြသည်။

"ဒါဆို ငါ ဆေးဖက်ဝင်ဝိုင်ကို မလောင်းတော့ရင် ကောင်းသွားမှာလား။"

အဘိုးယဲ့တစ်ယောက် မယုံကြည်နိုင်သေးပေ။

"ဒါပေါ့။"

ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်လိုက်သည်။

"အလုပ်ဖြစ်မှာ သေချာလား။"

အဘိုးယဲ့မှာ မယုံနိုင်သေးပေ။

ဒါက အလွန်လွယ်လွန်းသည်။ သူ လာနောက်နေတာလား။

"ဟားဟား၊ ကျွန်တော်ပြောသလိုသာလုပ်ကြည့်လိုက်ပါ။ ပြန်ကောင်းမလာဘူးဆိုရင် ကျွန်တော်အလျော်ပေးပါ့မယ်။"

ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်သည်။

"ဟမ်း၊ မင်းက ငါ့ကို ဘယ်လို အလျော်ပေးမှာလဲ။"

အဘိုးယဲ့က နှာခေါင်းရှုံ့လိုက်၏။

ထိုကဲ့သို့သော အဖိုးတန် ဘွန်ဆိုင်းပင်မှာ အဖိုးမဖြတ်နိုင်လှပေ။ ယဲ့ရှောင်ချန်းသာ အလျော်ပေးနိုင်မည်ဆိုလျှင် ထူးဆန်းနေပေလိမ့်မည်။

"ကောင်းပြီလေ။"

အဘိုးယဲ့က ယဲ့ရှောင်ချန်းကို ယုံကြည်ဖို့ ဆုံးဖြတ်လိုက်ပါသည်။

ယဲ့ရှောင်ချန်းတစ်ယောက် ထွက်ပြေးသွားမှာကို သူ မစိုးရိမ်ပါ။

အဘိုးယဲ့၏ ခြံဝန်းထဲမှ ထွက်လာပြီးနောက် ပရော်ဖက်ဆာကျန်းနှင့် သူတို့အားလုံး အသက်ဝဝ ရှူလိုက်မိတော့သည်။

အဲဒီထဲမှာ ရှိနေရတာ အရမ်းစိတ်ဖိစီးသည်။

"ညီလေးယဲ့၊ ဒါက အလုပ်ဖြစ်မှာ သေချာရဲ့လားကွာ။"

ပရော်ဖက်ဆာကျန်းက အသံတိုးတိုးနဲ့ မနေနိုင်ဘဲ မေးလိုက်မိသည်။

ဖြေရှင်းနည်းက အရမ်းရိုးရှင်းနေသဖြင့် သူ ယုံကြည်ဖို့ ခက်ခဲနေပါသည်။

"ဟင်း၊ ကြည့်လိုက်ရုံနဲ့ လိမ်နေမှန်း သိသာတယ်။"

အဘိုးယဲ့၏ ရှေ့မှောက်တွင် လူရိုးလေးလို ပြုမူနေခဲ့သည့် ဝမ်ယွမ်တုန်းသည် နောက်ဆုံးတော့ သူ့၏ပုံမှန် စိတ်ကြီးဝင်မှုကို ပြန်ထုတ်ပြပြီး လှောင်ပြောင်လိုက်သည်။

ယဲ့ရှောင်ချန်းသည် ထိုပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်ဟု သူ မယုံကြည်ပါ။

သူ့ဆရာ ကျန်းခယ့်ချင်းအပြင် အပင်ကို လာရောက်စစ်ဆေးခဲ့သော အခြားကျွမ်းကျင်သူများစွာရှိပြီး အားလုံး မအောင်မြင်ခဲ့ကြောင်းကို သူသိထားသည်။

"ဟင်းဟင်း"

ယဲ့ရှောင်ချန်းက ပခုံးတွန့်ကာ ပြုံးသာ ပြုံးပြလိုက်သည်။ ဝမ်ယွမ်တုန်း၏ ရန်စမှုကို သိပ်ပြီး ဂရုမစိုက်တော့ပါ။

သူ ဘာပဲပြောပြော အဓိပ္ပာယ်ရှိမည်မဟုတ်ဘဲ လက်တွေ့ သက်သေပြမှ အသုံးဝင်ပေလိမ့်မည်။

ယဲ့ရှောင်ချန်းသည် ရှာရှစ်တွင် ဆက်မနေတော့ဘဲ အိမ်သို့ တန်းပြန်လာခဲ့သည်။

အစကတော့ ပရော်ဖက်ဆာကျန်းသည် သူ့ကို ညစာလိုက်ကျွေးချင်သော်လည်း ယဲ့ရှောင်ချန်းက ငြင်းဆန်ခဲ့သည်။

ညစာလိုက်စားဖို့က အဲဒီလောက် အပန်းမကြီးသော်လည်း ဝမ်ယွမ်တုန်း၏ ဆက်တိုက် လှောင်ပြောင်မှုများနှင့် အဓိပ္ပာယ်မရှိသော စကားများကို သူ သည်းခံနိုင်မည် မဟုတ်ပါ။ မျက်လုံးဖြင့် မမြင်နိုင်သောအရာကို နှလုံးသားက ဝမ်းနည်းပေးမည် မဟုတ်ပါ။

နောက်တစ်နေ့တွင် ယဲ့ရှောင်ချန်းသည် အလုပ်ကြိုးစားပြီး အလုပ်များကို တက်ကြွစွာ ဆက်လက်လုပ်ဆောင်ခဲ့ပြီး ငွေရှာရန် တွန်းအားသည် ပိုမိုအားကောင်းလာခဲ့သည်။

သံဖြူအိမ်ဆောက်လုပ်မှုလည်း စတင်နေပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင်၊ သူသည် ပရော်ဖက်ဆာကျန်းနှင့် မကြာခဏဆိုသလို ဆက်သွယ်နေပြီး အပင်များအကြောင်း ဗဟုသုတများ ဖလှယ်ခဲ့သည်။ ပရော်ဖက်ဆာကျန်းကလည်း အဘိုးကြီး၏ ဖယောင်းဖြူဘွန်ဆိုင်းပင်ရဲ့ အခြေအနေကို နေ့စဥ် ပြန်ပြောပြတတ်သည်။

အစပိုင်းရက်အနည်းငယ်တွင် အဝါရောင်အပိုင်းများက ပြောင်းလဲမှုမရှိဘဲ ဆက်လက် ပျံ့နှံ့နေဆဲဖြစ်သည်။

သို့သော် ယဲ့ရှောင်ချန်းသည် စိတ်မပူပါ။ အပင်သန်ဆေး၏ ဘေးထွက်ဆိုးကျိုးက ဆက်လက် သက်ရောက်နေခြင်းကြောင့် ထိုကဲ့သို့ ဖြစ်နေခြင်း ဖြစ်ပါသည်။

ညနေ ၈နာရီ ထိုးခါနီး အချိန်သာဖြစ်သော်လည်း အဘိုးယဲ့တစ်ယောက် အိပ်ပျော်နေလေပြီ။

ပင်စင်ယူပြီးနောက်ပိုင်း အဘိုးယဲ့သည် ပိုမို အိပ်စက်လာခဲ့သည်။

သူ့ဘဝ၏ သက်တမ်းတစ်ဝက်လောက်ကို အလုပ်များရင်း ကုန်ဆုံးမိခဲ့သည်ဟု သူတွေးမိသည်။

ကြီးရင့်နေပြီဖြစ်သော် သူ့အသက်အရွယ်တွင် ပျော်ရွှင်ချင်ပါက သူသည် ပုံမှန်အတိုင်း အိပ်စက်အနားယူကာ ပုံမှန်အတိုင်း အိပ်ရာထတော့မည်ဖြစ်သည်။

သူ့ဘဝသက်တမ်းတစ်ဝက်၏ အအိပ်ပျက်မှုများအတွက် ပြန်ဖြည့်စွက်တော့မည်။

သူ့ရဲ့ ကျန်းမာရေးဆရာဝန် မာစတာဖမ်ကတော့ သူ့ကို အိပ်ရာစောစောထဖို့ အမြဲသတိပေးတတ်သည်။

သို့သော် သူသည် စကားနားမထောင်ပါ။

အဘိုးယဲ့က မျက်လုံးကိုဖွင့်လိုက်ပြီး ထထိုင်ကာ ခန္ဓာကိုယ်ကို ဆန့်လိုက်သည်။

အား အိပ်လို့ကောင်းလိုက်တာကွာ။

ပုံမှန်အတိုင်း သူသည် ဖယောာင်းဖြူဘွန်ဆိုင်းပင် အနားသို့သွားကာ ရေစလောင်းလိုက်သည်။

"ဟ အဝါရောင်နေရာတွေ ပြန့်တာ ရပ်သွားတာလား၊ ငါပဲအမြင်မှားတာလား။"

အဘိုးယဲ့၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။

သူသည် မာစတာဖမ်နှင့် အိမ်စေကို အလျင်အမြန်ခေါ်လိုက်သည်။ မာစတာဖမ်က သူ့ဆရာဝန် ဖြစ်သဖြင့် ဘေးခန်းတွင် နေကာ တစ်ပတ်ကို သူနှင့် ၂ရက် ၃ရက်ခန့် အတူနေပါသည်။

မာစတာဖမ် မရှိပါက အဘိုးယဲ့နှင့် အတူနေရန် အထူးသူနာပြုတစ်ယောက်ကို စီစဥ်ပေးတတ်သည်။

အဘိုးယဲ့၏ နေ့စဥ်လုပ်ငန်းဆောင်တာများကို တာဝန်ယူထားသော အိမ်စေတစ်ယောက်လည်း ရှိသည်။

"အဝါရောက်တွေ ဆက်ပြီး မပြန့်တော့တဲ့ပုံပေါက်နေတယ်မလား။"

မာစတာဖမ်က မနေ့ နေ့လည်က ရိုက်ထားသော ဘွန်ဆိုင်းပင် ဓာတ်ပုံကို ထုတ်ကြည့်ကာ လက်ရှိဘွန်ဆိုင်းပင်နှင့် နှိုင်းယှဥ်ကြည့်လိုက်သည်။ ခေတ္တ တုန့်ဆိုင်းသွားပြီးနောက် သူပြောလိုက်သည်။ "လူအိုကြီးယဲ့၊ ကြည့်ရတာ အဲ့ဒီကောင်လေး တကယ်စွမ်းရည်ရှိတယ် ထင်တယ်။"

"မဟုတ်လောက်ပါဘူး၊ ငါတို့ ထပ်ကြည့်ရအောင်။"

အဘိုးယဲ့က လက်ခံဖို့ ငြင်းဆိုသည်။ "လူကြီးတောင် မဖြစ်သေးတဲ့ ကောင်လေးက ဘယ်လို စွမ်းရည်ကောင်း ရှိမှာလဲ။"

"ပရော်ဖက်ဆာကြီးလည်း လာစစ်ကြည့်သင့်တယ်၊ သူ တစ်ခုခု သိလိမ့်မယ် ထင်တယ်။"

ဆရာဝန်ဖမ်က ပြုံးသာ ပြုံးလိုက်သည်။ သူက အဘိုးယဲ့၏ ဆရာဝန်ဖြစ်နေတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ သာမန်ကျန်းမာရေး ဆရာဝန်အဖြစ်မှ ဆေးရုံကြီး၏ ဒုဥက္ကဌ ဖြစ်လာသည်အထိပင်။ သူသည် အဘိုးယဲ့၏ အကျင့်စရိုက်ကို အလွန်နားလည်ပါသည်။

ပြောရင်းဆိုရင်း ကျန်းခယ့်ချင်းက ဝမ်ယွမ်တုန်းနှင့် အတူတူ ရောက်ရှိလာခဲ့သည်။

ဖယောင်းဖြူဘွန်ဆိုင်းပင်၏ အခြေအနေကို စောင့်ကြည့်ဖို့အတွက် ပရော်ဖက်ဆာကျန်းက အဘိုးယဲ့ထံသို့ တစ်ရက်နှစ်ခါလောက် လာလည်တတ်သည်။ မနက်ပိုင်းတွင်တစ်ခါ၊ နေ့လည်ပိုင်းတွင်တစ်ခါဖြစ်ပြီး သူသည် အသေးစိတ်မှတ်တမ်းတင်နေခဲ့သည်။

"မစ္စတာယဲ့၊ ကျွန်တော် ဘွန်ဆိုင်းပင်ရဲ့ အဝါရောင်နေရာတွေကို ဂရုတစိုက် နှိုင်းယှဥ်ကြည့်ပြီးပါပြီ၊ အခု ၄နာရီမတိုင်ခင်အထိ ၁၀နာရီကျော်မှာ အဝါရောင်နေရာတွေက ၁မီလီမီတာ လောက်ပဲ ပြန့်တော့တယ်။ အရင်နှုန်းတွေထက် အများကြီးနည်းသွားပြီ။ အကွေးနေရာကနေပြီး သေချာပေါက် ကွာခြားမှုကို ပြနေတယ်။ ပြီးတော့ သစ်ရွက်ရဲ့ အရောင်ကလည်း ပြောင်းလဲနေပြီ။ သာမန်မျက်လုံးနဲ့ မြင်ဖို့တော့ ခက်ခဲပေမယ့် မှန်ဘီလူးနဲ့ကြည့်ရင်တော့ ပြောင်းလဲမှုအနည်းငယ် တွေ့နိုင်ပါတယ်"

သေသေချာချာ နှိုင်းယှဥ် ခွဲခြမ်းစိတ်ဖြာပြီးနောက် ကျန်းခယ့်ချင်းသည် နောက်ဆုံးတွင် သူ့ကို အံ့အားသင့်စေသည့် နိဂုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဖယောင်းဖြူ ဘွန်ဆိုင်းပင်၏ အခြေအနေမှာ တိုးတက်နေပြီဖြစ်သည်။

"ပရော်ဖက်ဆာကျန်း ကောက်ချက်ချဖို့ အလျင်စလို မလုပ်ပါနဲ့။ သိပ္ပံပညာက ဖြစ်နိုင်ချေဆိုတာ မတော်တဆ ပြောင်းလဲမှုနဲ့ ခန့်မှန်းလို့မရတဲ့အရာပဲလို့ ပြောထားပါတယ်။ ကိန်းသေ တည်ငြိမ်မှုရှိမှသာ စစ်မှန်တဲ့ ကောက်ချက်မှုမျိုးကို ချမှတ်နိုင်လိမ့်မယ်။"

အဘိုးယဲ့က ပြောလိုက်သည်။

"ဟုတ်တာပေါ့၊ ဟုတ်တာပေါ့၊ မစ္စတာယဲ့ပြောတာ မှန်ပါတယ်။"

ကျန်းခယ့်ချင်းသည် သဘာဝအတိုင်း မငြင်းဆန်ဝံ့ပေ။ တစ်ဖက်တွင်မူ ဝမ်ယွမ်တုန်းသည် ဖယောင်းဖြူ ဘွန်ဆိုင်းပင်၏ အခြေအနေ တိုးတက်လာပါစေဟု ဆုတောင်းနေမိသော်လည်း တစ်ချိန်တည်းမှာပင် သူ အလွန်စိတ်မချမ်းသာခဲ့ပေ။ ယဲ့ရှောင်ချန်းသည် ဘာကြောင့် ဖယောင်းဖြူ ဘွန်ဆိုင်းပင်ကို တိုးတက်အောင် လုပ်ပေးနိုင်ပြီး သူ မဟုတ်ရတာလဲ။

ရက်အနည်းငယ်ကြာသောအခါ ဖယောင်းဖြူဘွန်ဆိုင်းပင်၏ ယိုယွင်းပျက်စီးမှု ရပ်တန့်သွားပြီးနောက် ရက်အနည်းငယ်အကြာတွင် တိုးတက်မှု လက္ခဏာများ ပြသလာခဲ့သည်။

သစ်ရွက်များ၏ အဝါရောင်များက မပြောင်းလဲသော်လည်း ယခင်က မီးခိုးရောင်ဖြစ်နေသော ပင်စည်မှာ အဖြူရောင်သို့ ပြောင်းလဲလာသည့် လက္ခဏာများကို ပြသခဲ့သည်။

ထို့အပြင် ဖယောင်းဖြူ ဘွန်ဆိုင်းပင်တစ်ပင်လုံးမှာ ရောင်ဝါများ ပြန်လည်ပိုင်ဆိုင်လာခဲ့သည်။

ဘွန်ဆိုင်းပင်၏ ရောင်ဝါကို ကြည့်ခြင်းဖြင့်ပင် သိပ်မကြာခင် ဖယောင်းဖြူဘွန်ဆိုင်းပင် လုံးဝပြန်ကောင်းသွားတော့မည်ဟု ပရော်ဖက်ဆာကျန်းတစ်ယောက် သေချာပေါက် ကောက်ချက် ချနိုင်သည်။

သူသည် ယဲ့ရှောင်ချန်းကို လုံးဝ အထင်ကြီးသွားမိသည်။

ကျွမ်းကျင်သူများစွာက မဖြေရှင်းနိုင်ခဲ့သော ပြဿနာကို ယဲ့ရှောင်ချန်းက အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်။

ဒါက ဘာကို ဆိုလိုတာလဲ။

အဓိပ္ပာယ်ကတော့ ယဲ့ရှောင်ချန်းသည် အမှန်တကယ် အရည်အချင်းရှိပြီး အတုအယောင်မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။

စိတ်တိုလွယ်ပြီး အပေါက်ဆိုးသည့် အဘိုးယဲ့ကပင် သူ့ရှေ့တွင် ယဲ့ရှောင်ချန်းကို ချီးကျူးခဲ့သည်။ ယဲ့ရှောင်ချန်းဟာ အနာဂတ်မှာ တစ်ခုခုလိုအပ်ရင် သူ့ကို လာရှာနိုင်တယ်လို့တောင် ပြောခဲ့ပါသည်။

အဘိုးယဲ့သည် သူ့ဘွန်ဇိုင်းပင်အား ကုသကယ်တင်ပေးသည့် ယဲ့ရှောင်ချန်း၏ ကျေးဇူးကို အမြဲအမှတ်ရနေမည် ဖြစ်ပါသည်။

ပရော်ဖက်ဆာကျန်းသည် အဘိုးယဲ့ ပြောသမျှကို ယဲ့ရှောင်ချန်းအား အကုန်ပြန်ပြောပြခဲ့သည်။

ယဲ့ရှောင်ချန်းကတော့ သိပ်ဂရုမစိုက်ပါဘူး။ ကျေးဇူးရှိလျှင်တောင် သူ ဘာမှ မတောင်းဆိုလိုပါ။

ဖယောင်းဖြူဘွန်ဆိုင်းပင်ကို သူ ကုသပေးခဲ့ရသည့် အကြောင်းအရင်းက ပရော်ဖက်ဆာကျန်းကို ကူညီပေးရန်သာဖြစ်သည်။

ဒါအကုန်ပါပဲ။

All Chapters